CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂

အိုလံပစ်ပြိုင်ပွဲမှာ အငြင်းပွားမှုတွေဖြစ်ခဲ့တဲ့ လက်ဝှေ့ပွဲစဉ်မှာ အီတလီနိုင်ငံသူ ကာရီနီဟာ အယ်လ်ဂျီးရီးယား နိုင်ငံသူ ခီလစ်ဖ်နဲ့ ၄၆ စက္ကန့်သာ ထိုးသတ်ပြီးနောက် ပွဲကိုဆက်မထိုးတော့ဘဲ ငိုကြွေးပြီး အရှုံးပေးခဲ့ပါတယ်။

ခီလစ်ဖ်ဟာ ကျား/မ စစ်ဆေးမှု ပျက်ကွက်ခဲ့လို့ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် မရခဲ့ပေမယ့် အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပြုခြင်းခံထားရတဲ့ လက်ဝှေ့သမား ၂ ဦးထဲက ၁ ဦးဖြစ်ပါတယ်။ 

ကာရီနီဟာ ဒီပွဲစဉ်မှာ ခီလစ်ဖ်ရဲ့ ထိုးချက်တွေကို ခံရပြီးနောက် ပွဲကိုဆက် မထိုးတော့ဘဲ အရှုံးပေးသွားခဲ့တာ ဖြစ်ပါတယ်။

ကာရီနီဟာ ပွဲအပြီးမှာ ငိုကြွေးနေခဲ့ပြီး အနိုင်ရခဲ့တဲ့ ခီလစ်ဖ်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တာပါ။ ကာရီနီက သူမဟာ ပြင်းထန်စွာ ထိုးခံခဲ့ရတာကြောင့် ဒီပွဲကနေ ထွက်ခွာခဲ့တာလို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကာရီနီနဲ့ခီလစ်ဖ် ထိုးသတ်နေကြစဉ်

ကာရီနီက “အလွန်နာကျင်ရပါတယ်။ ဒီလိုမျိုး ထိုးချက်တွေကို တစ်ခါမှ မခံစားခဲ့ရဖူးပါဘူး။ ဒုတိယအကြိမ် ထိုးခံခဲ့ရအပြီးမှာ နာကျင်တဲ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ ဒီထက်ဆိုးရွားနိုင်တဲ့ အခြေအနေကြောင့် ပွဲကို အဆုံးသတ်လိုက်တာက ပိုပြီးကောင်းပါတယ်။ ဆက်မလုပ်နိုင်တဲ့အချိန်မှာ အရှုံးပေးလိုက်တာက သိက္ခာရှိရှိနဲ့ လုံလောက်မှုရှိပါတယ်”လို့ ပြောခဲ့တာပါ။ 

ခီလစ်ဖ်ကတော့ သူဟာ ရွှေတံဆိပ်ရယူဖို့ ဒီကိုလာတာဖြစ်ပြီး ဘယ်သူနဲ့မဆို ထိုးသတ်သွားမယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

ဒီပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေပြီး အီတလီဝန်ကြီးချုပ် မယ်လိုနီက အမျိုးသားဗီဇလက္ခဏာရှိတဲ့ အားကစားသမားတွေကို အမျိုးသမီးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုသင့်ဘူးလို့ ဝေဖန်မှုပြုလုပ်ခဲ့ပါ တယ်။ 

နိုင်ငံတကာအိုလံပစ်ကော်မတီကတော့ အိုလံပစ်ပြိုင်ပွဲ မတိုင်ခင်ကတည်းက ခီလစ်ဖ်နဲ့ ထိုင်ဝမ်က လင်ယူတင် တို့ကို အမျိုးသမီးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ပြုခဲ့တာပါ။ 

IOC ကတော့ လက်ဝှေ့သမား ၂ ဦးအပေါ် ခွဲခြားမှုတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

Source: The Guardian