CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ တော်မီနေးအတွက် ဖူလ်ဟမ်အသင်းရဲ့ ပေါင်သန်း ၂၀ နဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုကို ရရှိခဲ့တဲ့အတွက် အပြောင်းအရွှေ့ဘယ်လိုဖြစ်လာမလဲ အားလုံးက စိတ်ဝင်စားနေကြတယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ တော်မီနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ အလိုရှိနေတာကြောင့် ဖူလ်ဟမ် အသင်းရဲ့ ဒီကမ်းလှမ်းမှုကို ပယ်ချဖို့ရှိနေပါတယ်။ 

တော်မီနေးဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းရဲ့ ခေါ်ယူဖို့ ကြိုးပမ်းခြင်းခံခဲ့ရပေမယ့် ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေတာ ဖြစ်ပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိ ယူနိုက်တက်အကယ်ဒမီထွက် တော်မီနေးဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာ ဖြစ်နေကာ ဒီနွေရာသီမှာ ရောင်းချခံရဖွယ်ရှိနေတာပါ။ 

ယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေ ဝယ်ယူဖို့အတွက် တော်မီနေး အပါအဝင် ကစားသမားအချို့ကို ရောင်းချမယ့် စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 

စကော့တလန် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ၃၂ ပွဲ ပါဝင် ကစားခဲ့ပေမယ့် ၁၄ ပွဲကတော့ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။ 

တော်မီနေးကို တွေ့ရစဉ်

တော်မီနေးဟာ ပြီးခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် နံပါတ် ၁၀ နေရာမှာ ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်၊ မေဆန်မောင့်၊ ကိုဘီမိုင်နူးနဲ့ ကတ်စမဲရိုးတို့ရှိနေတဲ့ ကွင်းလယ်မှာ တော်မီနေးဟာ ရောင်းချခံရဖို့ ရှိနေတာပါ။

တော်မီနေးဟာ ယူနိုက်တက်အသင်းကြီးမှာ ၂၀၁၇ ခုနှစ်က စတင် ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၂၅၂ ပွဲ ပါဝင် ကစားထားကာ ၂၉ ဂိုးသွင်းယူပြီး FA ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ တော်မီနေးကို ရောင်းချမယ့် စာရင်းထဲ ထည့်ထားပေမယ့် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး မရရင်တော့ လက်လွှတ်ဖွယ်မရှိတာပါ။ 

တော်မီနေးဟာ စကော့တလန် လက်ရွေးစင်အသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

Source: BBC