CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူဟာ မဝေးတော့တဲ့အနာဂတ်မှာ နိုင်ငံတကာ ကစားသမားဘဝကို အဆုံးသတ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချခဲ့ပြီး ယူရိုပြိုင်ပွဲအလွန် ဝေဖန်မှုတွေက သူ့ကို စိတ်ပူစရာမရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ကျနော်ဟာ ပေါ်တူဂီ ကစားသမားဘဝကို အဆုံးသတ်ဖို့ စိတ်ထဲမှာတောင် မတွေးပါဘူး။ ဒါတွေက ဆန့်ကျင်ဘက်တွေဖြစ်ပြီး ကျနော့်ကို ဆက်ပြီးရိုးသားစေဖို့ တွန်းအားတွေ ပိုပြီးပေးပါတယ်။ အခုအချိန်မှာ ကျနော် ဟာ နေးရှင်းလိဂ်ဖလား ရယူနိုင်ဖို့ နိုင်ငံအသင်းဆီ ရောက်လာခဲ့တာပါ။ ကျနော်တို့ တစ်ကြိမ်ရယူပြီး ဖြစ်ပေမယ့် ထပ်ပြီး ရယူချင်ပါတယ်။ ကျနော်ဟာ နိုင်ငံအသင်းအတွက် ဘာမှ မကူညီပေးနိုင်တော့ဘူးလို့ ခံစားရရင် ပထမဆုံး ထွက်ခွာသွားမယ့်သူပါ”လို့ မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ခရိုးအေးရှား၊ စကော့တလန်အသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲတွေ ကစားမယ့် ပေါ်တူဂီအသင်း လူစာရင်း မှာ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကို ယူရိုချန်ပီယံဆုနဲ့ နေးရှင်းလိဂ်ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေဟာ အဆုံးသတ်ခြင်းမရှိသေးတာပါ။

 ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုက “ဝေဖန်မှုတွေက အလွန်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် ဝေဖန်မှုမရှိရင် တိုးတက်မှုလည်းရှိမှာ မဟုတ်ပါဘူး။ အမြဲတမ်း ဒီလိုပဲဖြစ်ပြီး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျနော်ဟာ ကျနော်သွားနေ တဲ့ လမ်းကြောင်းကိုပဲ ဆက်လျှောက်ဖို့ ကြိုးစားပါတယ်။ ကျနော့်အတွက်တော့ ဝေဖန်မှုတွေက ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၁၂ ပွဲ ကစားထားပြီး ၁၃၀ ဂိုး သွင်းယူကာ စံချိန်တင်ထားတာပါ။ 

ပေါ်တူဂီအသင်းဟာ စက်တင်ဘာ ၅ ရက်မှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN