CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၁
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ တံကောက်ကြော ဒဏ်ရာကနေ အပြည့်အဝ သက်သာမှု မရှိသေးတာကြောင့် မက္ကဆီကို၊ အမေရိကန်အသင်းတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေကို လွဲချော်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက အယ်လ်နာဆာအသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာ ရရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ ၂ ပတ်က မက်ဒရစ်မှာ ကုသမှုခံယူခဲ့ရတာပါ။
ဒါပေမယ့် ရော်နယ်လ်ဒိုဟာ မတ်လ ၂၈ ရက်မှာ ကစားမယ့် မက္ကဆီကို၊ ၃၁ ရက်မှာ ကစားမယ့် အမေရိကန် အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ပေါ်တူဂီအသင်းနည်းပြ ရော်ဘတ်တို မာတီနက်ဇ်က ရော်နယ်လ်ဒိုဟာ အသေးစား ကြွက်သားဒဏ်ရာ ရရှိနေ တာဖြစ်ပြီး လာမယ့် ၁ ပတ် ဒါမှမဟုတ် ၂ ပတ်အတွင်းမှာ ပြန်ကောင်းလာနိုင်တယ်လို့ ထင်ကြောင်း ပြောခဲ့ပါ တယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ပေါ်တူဂီအသင်းအတွက် ၁၄၃ ဂိုး သွင်းယူကာ အမျိုးသားဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ရော်နယ်လ်ဒိုဟာ ပွဲပယ်ကြောင့် ၂၀၂၅ ခုနှစ်မှာ ကစားခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ နောက်ဆုံးပွဲကို လွဲချော်ထားတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ မာတီးယက်စ် ဖာနန်ဒက်စ်ဟာ ပေါ်တူဂီအသင်း လူစာရင်းထဲ ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။
ဒါ့အပြင် ဆိုစီဒက်အသင်း တောင်ပံကစားသမား ဂွီဒက်စ်လည်း ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပေါ်တူဂီ အသင်း လူစာရင်းထဲ ပြန်လည်ပါဝင်ခဲ့တာပါ။
ပေါ်တူဂီအသင်းနည်းပြ ရော်ဘတ်တို မာတီနက်ဇ်က ဂွီဒက်စ်ဟာ နေရာစုံ ကစားနိုင်တဲ့ ကစားသမားဖြစ်ပြီး လူစာရင်းထဲ ခေါ်ယူဖို့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသနေတယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
