CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၁
ဘုန်းမောက်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းဟာ ပယ်နယ်တီ မမျှတမှုကို ခံစားခဲ့ရပြီးနောက် နည်းပြမိုက်ကယ်ကာရစ်က ကွင်းလယ် ဒိုင်လူကြီး အက်ဒ်ဝဲလ်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန် ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်က “တူညီတဲ့ဖြစ်ရပ်မှာ ကျနော်တို့ကို တစ်ခု ပယ်နယ်တီပေးပြီး နောက်တစ်ခု မပေးတာက ဒိုင်လူကြီး အမှားအယွင်း ပြုလုပ်ခဲ့တာပါ။ ဂိုးဧရိယာထဲမှာ တစ်ဦးဦးက လက်နှစ်ဖက်နဲ့ ဖိထားတဲ့ ဒီဖြစ်ရပ်တွေ ကနေ ကျနော်တို့ ပယ်နယ်တီရရမှာပါ။ ဒါတွေကို
နားလည်ဖို့က ရှုပ်ထွေးပြီး သူတို့ဘက်က ဂိုးသွင်းနိုင်ခဲ့တာ ကြောင့် ပွဲက အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ဟာ ၁၀ ဦးနဲ့ခံစစ်ကို ကောင်းမွန်စွာ ကစားနိုင်ခဲ့ တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ကွန်ညာရဲ့ အင်္ကျီကို ဂိုးဧရိယာထဲမှာ ဘုန်းမောက်အသင်း နောက်ခံလူ ဂျီမီနက်ဇ် က ဆွဲခဲ့တာကြောင့် ပယ်နယ်တီရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အာမက်ကို ဘုန်းမောက်အသင်း ကစားသမားတစ်ဦးက ဂိုးဧရိယာထဲ လဲကျအောင် ပြုလုပ်တဲ့ဖြစ်ရပ်မှာ ယူနိုက်တက်အသင်း ပယ်နယ်တီ မရခဲ့တာပါ။
VAR က ဒီဖြစ်ရပ်ဟာ ပြစ်ဒဏ်ပေးဖို့ လုံလောက်မှု မရှိဘူးလို့ ဆုံးဖြတ်ခဲ့သလို ဘုန်းမောက်အသင်း နည်းပြ အီရာအိုလာကလည်း အာမက်လဲကျမှုဟာ ပယ်နယ်တီ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ကွန်ညာနဲ့အာမက်တို့ဟာ ဖြစ်ရပ်တူပေမယ့် တစ်ခုကို ပယ်နယ်တီပေးပြီး နောက်တစ်ခုကို မပေးခဲ့တာကို ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အာမက်ရဲ့ဖြစ်ရပ်ကို ပယ်နယ်တီ မပေးခဲ့တာဟာ ပွဲကို အပြောင်းအလဲ ဖြစ်သွားစေခဲ့တယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ပွဲချိန် ၇၇ မိနစ်အထိ ၂ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၇၈ မိနစ်မှာ ဘုန်းမောက် အသင်း တိုက်စစ်မှူး အီဗာနီလ်ဆန်ကို မက်ဂွဲယားက ဂိုးဧရိယာထဲ ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် အနီကတ် ပြသ ခံခဲ့ရပြီး ပယ်နယ်တီပေးခဲ့ရတာပါ။
ဘုန်းမောက်အသင်းဟာ ဒီပယ်နယ်တီကနေ ချေပဂိုး သွင်းယူခဲ့တဲ့အတွက် ယူနိုက်တက်အသင်းနိုင်ပွဲနဲ့ ဝေးခဲ့ရပါ တယ်။
ယူနိုက်တက်အသင်းဟာ သရေကျခဲ့ပေမယ့် အဆင့် ၃ နေရာမှာ ဆက်ရပ်တည်နေပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းကို ၄ မှတ် အသာရထားတာ ဖြစ်ပါတယ်။
Source: ESPN
