CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃

ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ကတ်စီမီရို ရာသီကုန်မှာ ထွက်ခွာမယ့်အကြောင်း အတည်ပြုပြီးနောက် ကြယ်ပွင့်ကစားသမား ကိုဘီမေနူးနဲ့ စာချုပ်ဆွေးနွေးမှုတွေ ပြန်ပြုလုပ်ဖို့ အသင့်ရှိနေပါတယ်။ 

ကိုဘီမေနူးဟာ နည်းပြဟောင်း အာမိုရင် လက်ထက်မှာ ပွဲကစားခွင့် မရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စီစဉ်ထားတာပါ။ 

ဒါပေမယ့် ယာယီနည်းပြ မိုက်ကယ်ကာရစ်က သူ့ကို မန်စီးတီးအသင်းနဲ့ပွဲမှာ ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့ပြီး နောက် ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေနိုင်တာ ဖြစ်ပါတယ်။ 

ကိုဘီမေနူးနဲ့ ယူနိုက်တက်အသင်းရဲ့ စာချုပ်ဟာ ၁၈ လ ကျန်ရှိနေသလို နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် လည်း ရှိနေပါတယ်။ 

ကိုဘီမေနူးကို တွေ့ရစဉ်

အင်္ဂလန်ကွင်းလယ်လူဟာ နည်းပြဟောင်း အာမိုရင် လက်ထက်တုန်းက ယူနိုက်တက်အသင်းမှာ သူ့ရဲ့အနာဂတ် မရေမရာဖြစ်ခဲ့ပြီး သူ့ကိုအသုံးမပြုတဲ့ အာမိုရင်ဟာ မကြာခဏဆိုသလို မီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာပါ။ 

မိုက်ကယ်ကာရစ်ဟာ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုဘီမေနူးကို ကတ်စီမီရို၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့အတူ တွဲဖက်အသုံးပြုခဲ့ပြီး သူကလည်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ စကားပြော ခဲ့ချိန်မှာ ယူနိုက်တက်အသင်းဟာ ကိုဘီမေနူးကို အခြေခံပြီး တည်ဆောက်သင့်တယ်လို့ အကြံပြုခဲ့တာပါ။ 

ကိုဘီမေနူးဟာ နည်းပြဟောင်း အဲရစ်တန်ဟတ် လက်ထက်မှာ အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်းကို FA ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ကိုဘီမေနူး အနေနဲ့ စာချုပ်သစ် ချုပ်ခဲ့ရင် သူ့အသင်းဖော်တွေရဲ့ လုပ်ခလစာနဲ့ညီမျှတဲ့ လစာပမာဏကို တိုးမြှင့်ပြီး ရရှိမယ်လို့ Sky Sports က ဖော်ပြထားပါတယ်။ 

Source: Dailymail