CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုဟာ အိုင်ယာလန်အသင်းနဲ့ ခြေစစ်ပွဲမှာ အနီကတ် ပြသခံခဲ့ရပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းက အိုင်ယာလန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစစ်ပွဲမှာ ပြိုင်ဘက် နောက်ခံလူရဲ့ နောက်ကျောကို တံတောင်နဲ့ တွတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြသခြင်း ခံခဲ့ရတာပါ။
ရော်နယ်လ်ဒိုဟာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘ၀ ပွဲပေါင်း ၂၂၆ ပွဲမှာ ပထမဆုံး အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။
ကြမ်းတမ်းတဲ့အပြုအမူဟာ ပုံမှန်ဆိုရင် ၃ ပွဲ ပယ်ခံရမှာဖြစ်ပေမယ့် ရော်နယ်လ်ဒိုဟာ အာမေးနီးယားအသင်းနဲ့ ခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲကိုသာ ပွဲပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ကျန်တဲ့ ၂ ပွဲကိုတော့ တစ်နှစ်အတွင်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး အလားတူ ဖြစ်ရပ် ထပ်ပြီး ပြုလုပ်မယ်ဆိုရင်တော့ ၂ ပွဲပယ်ကို ချက်ချင်းကျခံရမှာပါ။
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်း ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ခြေစစ်ပွဲမှာ ၅ ဂိုး သွင်းယူ နိုင်ခဲ့ပါ တယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပြီး ၆ ကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုတွေကို ဒီဇင်ဘာ ၅ ရက်ကျရင် ပြုလုပ်သွားမှာပါ။
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နောက်ဆုံး ခြေစမ်းပွဲတွေအဖြစ် မတ်လထဲမှာ မက္ကဆီကို၊ အမေရိကန် အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC
