
- By CNI
- Category: အားကစား
- Hits: 475
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၆
ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံး အသင်းကို နိုင်ငံတော်က အမေရိကန်ဒေါ်လာ ၁ သိန်း ထပ်ဆောင်းချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က မြန်မာအမျိုးသမီး အသင်း တည်းခိုရာ ဟိုတယ်ကို လာရောက်ပြီး နိုင်ငံတော်က ထပ်ဆောင်းချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၁ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။မြန်မာအသင်းဟာ ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အိမ်ရှင် ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးဘောလုံး အသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မေလ ၁၅ ရက်က စင်ကာပူ အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ မြန်မာ အသင်းဟာ ဒီပွဲချိန် တစ်လျှောက်လုံး စင်ကာပူ အသင်းဘက်ကို ဖိအားပေး တိုက်စစ်ဆင် ခဲ့ပေ မယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့တဲ့အတွက် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ရောက်မှသာ အဖိုးတန် အနိုင်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းအတွက် အနိုင်ဂိုးကို ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့တာပါ။
မြန်မာ အသင်းဟာ ဒီပွဲ အနိုင်ရခဲ့တဲ့အတွက် အုပ်စုထိပ်ဆုံးနေရာက ထိုင်းအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြား ချက်ကြောင့် ဒုတိယ နဲ့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အုပ်စု ဒုတိယရခဲ့တဲ့အတွက် တစ်ဖက်အုပ်စုက ထိပ်ဆုံး နေရာမှာ ရပ်တည်ခဲ့တဲ့ အိမ်ရှင် ဗီယက်နမ်နဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာပါ။
မြန်မာအမျိုးသမီးအသင်းကိုတွေ့ရစဉ်(MFF)
နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် ထိုင်းအသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးဘောလုံး အသင်းနည်းပြချုပ် ဦးတင်မြင့်အောင်က “ စင်ကာပူ အသင်းက ခံစစ် ဦးစားပေး ကစားခဲ့သလို ကျနော်တို့ အသင်း တိုက်စစ်သွားတဲ့ နေရာမှာလည်း အားနည်းချက်တွေရှိခဲ့လို့ ဂိုးရဖို့အတွက် ခက်ခဲခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင် ရလဒ်ရတဲ့အထိ ကြိုးစားခဲ့လို့ ကစားသမားတွေကို ချီးကျူးချင်ပါတယ်။ ဆီမီးဖိုင်နယ် ပွဲအဆင့်မှာ အကောင်းဆုံး ယှဉ်ပြိုင် သွားမှာပါ” လို့ ပြောခဲ့တာပါ။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို မေလ ၁၈ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဗီယက်နမ် အသင်းနဲ့ မြန်မာ အသင်းတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အမျိုးသမီး အာရှဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ တွေ့ခဲ့ကြပြီး အဲ့ဒီတုန်းက ၂ ဂိုးစီ သရေကျခဲ့တာပါ။
မြန်မာ အမျိုးသမီး အသင်းဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲ (၅)ကြိမ်လုံး ကြေးတံဆိပ် ဆုတွေနဲ့သာ ကျေနပ်ခဲ့ ရတာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 319
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၁
လက်ရှိ ကျင်းပနေတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို Kurash အားကစားနည်းကနေ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
မအေးအေးအောင် Kurash အားကစားနည်း ယှဉ်ပြိုင်နေစဉ်
အမျိုးသမီး 87Kg မှာ မအေးအေးအောင်က မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးနိုင်ခဲ့တာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့ဟာ လက်ရှိအချိန်မှာ ရွှေ(၁)ခု၊ ကြေးတံဆိပ်(၁) ခုရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆုတံဆိပ် (၂) ခုလုံးကို Kurash အားကစားနည်းကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။
ကြေးတံဆိပ်ဆုကိုတော့ မခင်ခင်စုက ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 706
CNI Sport News
၂၀၂၂ ခုနှစ်၊ မေ ၉
ဗီရူဂျီရဝမ် နာမည်နဲ့ Thai Fight မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဘရော်နီကာဟာ မေလ(၈) ရက်က ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ဖြစ်သူ အီရန်နိုင်ငံသူကို ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့ တာဖြစ်ပါတယ်။
မြန်မာ့လက်ဝှေ့မယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာရဲ့ထိုးချက်တွေကြောင့် ပြိုင်ဘက်ဖြစ်သူဟာ လဲကျသွားပြီး ဆက်မထိုးနိုင်တော့ဘဲ အလဲထိုးနဲ့ နိုင်ပွဲရရှိခဲ့တာပါ။တိုက်ဂါးမွေထိုင်းကလပ်ရဲ့ ဒါရိုက်တာဖြစ်သူ ဗီဝတ်က အလွန် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အလဲထိုးနိုင်ခဲ့တဲ့ ဘရော်နီကာကို ချီးကျုးကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။
ဗီဝက်က ဘရော်နီကာကို အနာဂတ် UFC မှာ ချန်ပီယံဖြစ်မယ့် မိန်းကလေးဆိုပြီး မကြာသေးခင်က ချီးကျူး ထားတာပါ။ ဘရော်နီကာကလည်း ဒါဟာ သူမရဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြန်ပြောထားပါတယ်။ ဘရော်နီကာ ဟာ Thai Fight နဲ့ (၃) နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ထိုးသတ်ထားတဲ့ ပွဲတွေအားလုံးမှာ (၁)ပွဲသာ ရှုံးနိမ့်ထားပြီး ကျန်တဲ့ ပွဲတိုင်းအနိုင်ရရှိအောင် ထိုးသတ်ထားတာဖြစ်ပါတယ်။
ဘရော်နီကာဟာ ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ အမျိုးသမီး မွေထိုင်းအဆင့်သတ်မှတ်ချက်မှာလည်း အဆင့်(၁)နေရာမှာ ရပ်တည်နေတာပါ။ဘရော်နီကာ ကိုယ်တိုင်ကလည်း သူ့ရဲ့ဝိတ်တန်းမှာ နံပတ် (၁) ဖြစ်အောင် လုပ်ချင်ပြီး ပြိုင်ဘက်ကင်း ကစားသမားတစ်ဦးဖြစ်ချင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ ဘရော်နီကာဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ချန်ပီယံဆုရှင်လည်း ဖြစ်တာပါ။
ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ (၂၀၁၅)ခုနှစ်က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

- By CNI News
- Category: အားကစား
- Hits: 442
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၅
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ (၃၁)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၄ ခုအထိ ရယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ မေလ ၁၄ ရက်ထိ ရွှေတံဆိပ် ၃ ခု ရယူထား နိုင်ခဲ့တာဖြစ်ပြီး ယနေ့(မေလ ၁၅ ရက်) မနက်ပိုင်းမှာ နောက်ထပ် ရွှေတံဆိပ်တစ်ခု ထပ်မံရယူနိုင်ခဲ့တာပါ။ မေလ ၁၅ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ဝူရှူး ထောက်လု(နန်းချွန်) ပြိုင်ပွဲမှာ သိန်းသန်းဦးက ရွှေတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကာယအလှအားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့တဲ့ ရဲထွန်းနောင်
မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးထားတဲ့ သူတွေကတော့ ကာယဗလ ကာယအလှအားကစားပြိုင်ပွဲက ရဲထွန်းနောင်၊ ပီတန်း အားကစားမယ် ခင်ချယ်ရီသက်နဲ့ Kurash အားကစားမယ် အေးအေးအောင်တို့ ဖြစ်ပါတယ်။
ပီတန်း အားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့သူ ခင်ချယ်ရီသက်
မြန်မာအားကစားအဖွဲ့ဟာ လက်ရှိအချိန်ထိ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၉ ခု စုစုပေါင်း ၁၇ ခု ရရှိထားတာ ဖြစ်ပါတယ်။
Kurash အားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့သူ အေးအေးအောင်

- By CNI
- Category: အားကစား
- Hits: 463
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၁
ဗီယက်နမ်မှာ ကျင်းပနေပြီဖြစ်တဲ့ ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ်ကို Kurash အားကစား နည်းကနေ စတင်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
မေလ ၁၀ ရက်က ကျင်းပခဲ့တဲ့ Kurash အားကစားနည်းရဲ့ 48kg ပြိုင်ပွဲမှာ ခင်ခင်စုက ကြေးတံဆိပ် ရယူပေးနိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ အိမ်ရှင် ဗီယက်နမ်က ရွှေတံဆိပ်၊ ဖိလစ်ပိုင်က ငွေတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
52kg ပြိုင်ပွဲမှာ အိအိဝင်းက မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ် မရရှိခဲ့ပါဘူး။ မေလ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ Kurash အားကစားနည်းမှာ အိမ်ရှင် ဗီယက်နမ်က ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ Kurash အားကစားနည်းကနေ မြန်မာနိုင်ငံအတွက် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်နေတာပါ။ ကျင်းပနေတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲဟာ မေလ ၂၃ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အားကစားသမား ၂၉၃ ဦးက အားကစားနည်း ၂၀ မှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
နိုင်ငံတကာက ကစားသမားများနဲ့အတူ ဆုတံဆိပ်ရယူနေတဲ့ ခင်ခင်စု
မေလ ၁၀ ရက်နေ့ထိ ယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းစ် အားကစားပွဲတွေ အပြီးမှာ မလေးရှားက ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၅ ခု စုစုပေါင်း ၁၄ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၁ နေရာမှာ ရပ်တည်နေတာပါ။
အိမ်ရှင် ဗီယက်နမ်က ရွှေ ၆ ခု၊ ငွေ ၅ ခု၊ ကြေး ၃ ခု စုစုပေါင်း ၁၄ ခုနဲ့ ဒုတိယ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့က ရွှေ တံဆိပ် ၁ ခုစီနဲ့ နိုင်ငံအလိုက် အဆင့် ၃ ၊ ၄ နဲ့ ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ထိုင်းက အဆင့် ၆ ၊ မြန်မာက အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 498
CNI Sport News
၂၀၂၂ ခုနှစ်၊ မေ ၉
မြန်မာယူ(၂၃) အသင်းနည်းပြချုပ် ပိုပေါ့ဗ် က တီမောနဲ့ကစားခဲ့တဲ့ ပွဲက အမှားတွေကို သင်ခန်းစာယူပြီး ဖိလစ်ပိုင်နဲ့ ပွဲကို ပြင်ဆင်မယ်လို့ ပြောလိုက်ပါတယ်။
မြန်မာအသင်းဟာ မေလ (၈) ရက်က ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် တီမောအသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ပထမပိုင်းမှာ ဝင်းနိုင်ထွန်း၊ထက်ဖြိုးဝေတို့ရဲ့ သွင်းဂိုးတွေနဲ့ မြန်မာအသင်း ဦးဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ ကစားသမားအပြောင်းအလဲပြုလုပ်ခဲ့တာကြောင့် ရုန်းကန်ခဲ့ရပြီး တီမောအသင်းကို ချေပဂိုး (၂) ဂိုးပြန်ပေးခဲ့ရတာပါ။အဲဒါကြောင့် မြန်မာအသင်းဟာ အနိုင်ဂိုးရဖို့ နောက်ဆုံးမိနစ် အထိ အသည်းအသန်ကြိုးစားခဲ့ရတာဖြစ်ပါတယ်။အနိုင်ဂိုးကို နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ အောင်ဝဏ္ဏစိုးက သွင်းယူသွားခဲ့တာပါ။
မြန်မာအသင်းနည်းပြ ပိုပေါ့ဗ်က “ပြိုင်ပွဲတစ်ပွဲရဲ့ အဖွင့်ပွဲစဉ်တိုင်းဟာ ခက်ခဲတတ်ပါတယ်။ပထမပိုင်းမှာ အသာစီး ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။တီမောအသင်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးချင်ပါတယ်။ သူတို့အကောင်းဆုံးတုန့်ပြန်ကစားနိုင်ခဲ့တာပါ။ဘယ်လိုပဲဖြစ်ဖြစ် အနိုင် ၃ မှတ်ရရှိခဲ့လို့ ကျေနပ်ပါတယ်။ဒီပွဲက အမှားတွေကို သင်ခန်းစာယူပြီး ဖိလစ်ပိုင်နဲ့ ပွဲကို ဆက်လက်ပြင်ဆင်သွားပါမယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။