CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆

၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်း ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်မှာ မြန်မာအသင်း နောက်ခံလူရဲ့ အမှားကနေ ထိုင်းအသင်း ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့တာပါ။

ဒါပေမယ့် အသင်း‌ခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာကြောင့် ၁ ဂိုးစီ သရေရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ထိုင်းအသင်း နောက်ခံလူ ဂိုးဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပါတယ်။ 

ဒီပင်နယ်တီကို ဝင်းသိင်္ဂီထွန်းက အမှားအယွင်းမရှိ ကန်သွင်းကာ မြန်မာအသင်းကို ဦးဆောင်ဂိုး ရရှိစေခဲ့တာပါ။
 
ဒီနောက်ပိုင်းမှာ ၂ သင်းစလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် မြန်မာအသင်းဟာ ၂ ဂိုး-၁ ဂိုးနဲ့ ထိုင်းအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ၂၀၁၅ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။