CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၂၅ နိုင်ငံတကာအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး အသင်းဟာ ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာ အိမ်ရှင် နီပေါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာပါ။
ဗိုလ်လုပွဲမှာ မြန်မာအသင်းအတွက် ဂိုးတွေကို ဝင်းသိင်္ဂီထွန်းနဲ့ ရူပါခိုင်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင် နီပေါ၊ မြန်မာ၊ လက်ဘနွန်နဲ့ ကာဂျစ္စတန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ၄ နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအသင်းနဲ့ နီပေါအသင်းတို့ဟာ အုပ်စုတွင်း ရမှတ်အများဆုံး ရရှိခဲ့တဲ့အသင်းတွေ ဖြစ်တာကြောင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ရတာပါ။
ဗိုလ်လုပွဲမှာတော့ မြန်မာအသင်းဟာ အုပ်စုတွင်း သရေကစားနိုင်ခဲ့တဲ့ နီပေါအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
နိုင်ငံတကာ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၆ ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။