CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉
၂၀၂၆ AFC အမျိုးသမီးအာရှဖလား ခြေစစ်ပွဲအုပ်စု C အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၂၉ ရက်က ကစားခဲ့တဲ့ မြန်မာနဲ့ တာခ့်မင်နစ္စတန်အသင်းတို့ပွဲစဉ်မှာ မြန်မာအသင်းက ၈ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲစဉ်မှာ ပထမပိုင်းသွင်းဂိုး ၄ ဂိုး၊ ဒုတိယပိုင်းမှာ သွင်းဂိုး ၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
မြန်မာအသင်းအတွက် သွင်းဂိုးတွေကို ဝင်းဝင်းက ၃ ဂိုး၊ ခင်မိုမိုထွန်းက ၂ ဂိုး၊ စန်းသော်သော်၊ မေထက်လူနဲ့ ရွှေရည်ထွန်းတို့က ၁ ဂိုးစီ သွင်းယူခဲ့ပါတယ်။
တာခ့်မင်နစ္စတန်အသင်းဟာ ဒီပွဲမှာ သွင်းဂိုး ရရှိစေမယ့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် မြန်မာအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။
ဒါအပြင် တာခ့်မင်နစ္စတန်အသင်းဟာ ဂိုးသမားဖြစ်သူ လက်စွမ်းပြသမှုတွေကြောင့် မြန်မာအသင်းကို ဒီထက်ပိုပြီး သွင်းဂိုးတွေခွင့် မပြုခဲ့ရတာပါ။
မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင် ၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်အသင်း၊ တာခ့်မင်နစ္စတန်အသင်းက ဘာရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။