- By CNI
- Category: Travel
- Hits: 4226
CNI International News
ချင်းမိုင်၊ နိုဝင်ဘာ ၁၂
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုနှစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ပြုလုပ်ခဲ့သည့် Yi Peng မီးပုံးပျံ ပွဲတော်ကာလအတွင်း ပြည်တွင်း စီးပွားရေးအတွက် ဝင်ငွေ ဘတ် ၂ ဒသမ ၇၆၅ ဘီလျံ ရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုငွေကြေးများကို ပွဲတော်သို့ လာရောက်သည့် ခရီးသွား ၁၈၄,၈၀၀ ကျော်က သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ချင်းမိုင် ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ဗီရာပွန် ရတ်ဟာရော့ (Veerapong Rittharod)က နိုဝင်ဘာ ၁၁ ရက် တွင် ပြောကြားခဲ့သည်။
ယခုနှစ် ပွဲတော်ကာလအတွင်း သယ်ယူပို့ဆောင်ရေး၊ မော်တော်ယာဉ်ငှားရမ်းမှု၊ တည်းခိုရန်နေရာ ငှားရမ်းမှုများ အပါအဝင် ခရီးသွားလုပ်ငန်းထဲတွင် အကျုံးဝင်သည့် ကဏ္ဍအားလုံးသည် ၂၀၂၄ ခုနှစ်ကထက် ပိုမိုသာလွန်ခဲ့ပြီး ပွဲတော်သို့ လာရောက် တည်းခိုနေထိုင်မှုနှုန်းသည် ၉၀ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ဆိုသည်။

ချင်းမိုင်မြို့မှာ ကျင်းပသည့် မီးပုံးပျံပွဲတော်ကို တွေ့ရစဉ်
ထိုအချက်အလက် အသေးစိတ်ကို စိစစ်သုံးသပ်နေပြီး နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။
Yi Peng မီးပုံးပျံ ပွဲတော်သည် ပြည်တွင်း၊ ပြည်ပ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ဒေသခံများ၏ ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးတက်စေခဲ့သည်ဟု ဆိုသည်။
အာဏာပိုင်များက ခရီးသွားများ အများအပြား ဝင်ရောက်မှုကို ထိန်းသိမ်းစောင့်ကြပ်ပေးရန် လုံခြုံရေးအင်အား တိုးမြှင့်ချထားခဲ့ပြီး လူအုပ် ကသောင်းကနင်း ဖြစ်ပွားမှုများ၊ ထိခိုက်ဒဏ်ရာ ရမှုများ မရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: Travel
- Hits: 3489
CNI International News
ဟနွိုင်း၊ နိုဝင်ဘာ ၈
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ခရီးသွား ၂၂ သန်းကျော် ဝင်ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားပြီး ထိုအရေအတွက်သည် COVID-19 ကပ်ရောဂါ မတိုင်မီ ခရီးသွားဝင်ရောက်မှု အရေအတွက်ထက် ပိုမိုများပြား ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ခရီးသွား ဝင်ရောက်မှု များပြားခြင်း၏ အဓိက တွန်းအားတစ်ခုမှာ တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက် မှု များပြားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဗီယက်နမ်အစိုးရသည် ယခုနှစ်အတွင်း ခရီးသွား ၂၅ သန်း ဝင်ရောက်ရန် မျှော်မှန်းထားပြီး BMI (Fitch Solutions) ကုမ္ပဏီကမူ ခရီးသွား ၂၂ သန်း ဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။
၂၀၂၈ ခုနှစ်တွင် ဗီယက်နမ်၏ ခရီးသွား ဝင်ရောက်မှုသည် ကပ်ရောဂါ ကာလမတိုင်မီ ၂၀၁၉ ခုနှစ်က စံချိန်ဖြစ် သည့် ခရီးသွား ဝင်ရောက်မှု ၁၈ သန်း စံချိန်ကို ကျော်ဖြတ်သွားလိမ့်မည်ဖြစ်ကြောင်း BMI ခန့်မှန်းခဲ့သဖြင့် ဗီယက်နမ်၏ ခရီးသွားကဏ္ဍသည် အပြည့်အဝနီးပါး ပြန်လည်နာလန်ထူလာနိုင်သည့် အခြေအနေကို ညွှန်ပြနေ သည်။
ထို့ပြင် ဒေသတွင်း စိန်ခေါ်မှုများ ရှိနေချိန်တွင် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုကလည်း ခရီးသွားများကို ဆွဲဆောင်ရာ ရောက်ခဲ့သည်။

ဗီယက်နမ်အတွင်းက တံတားတစ်စင်းကို တွေ့ရစဉ်
ခရီးသွားများသည် ဗီယက်နမ်သို့ သွားရောက်ရန် ရွေးချယ်ရသည့် အဓိက အကြောင်းအရင်းများထဲတွင် နိုင်ငံရေး တည်ငြိမ်မှုကြောင့် ပါဝင်နေပြီး နယ်စပ်ပြဿနာ တက်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားကဲ့သို့ ဒေသတွင်း နိုင်ငံ များ၏ နိုင်ငံရေးအခြေအနေနှင့် ဗီယက်နမ်၏ နိုင်ငံရေးတည်ငြိမ်မှု အခြေအနေသည် သိသာထင်ရှားစွာ ကွဲလွဲနေ သည်။
ထိုအချိန်အတောအတွင်း အင်ဒိုနီးရှား နိုင်ငံတွင်လည်း ဆန္ဒပြမှုများ၏ နောက်ဆက်တွဲ ဂယက်များနှင့် လုံးလည် ချာလည် လိုက်နေသည်။
ဗီယက်နမ်သို့ လာရောက်သည့် ခရီးသွားများအနက် အများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အောက်တိုဘာလ အထိ ရရှိသည့် စာရင်းများအရ ဗီယက်နမ်သို့ ခရီးသွား ၁၇ သန်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၄ သန်းမှာ တရုတ် နိုင်ငံသားများ ဖြစ်သည်။
ထိုအချိန်အတောအတွင်း ထိုင်းနိုင်ငံတွင်မူ ကမ္ဘောဒီးယားနှင့် နယ်စပ်ပြဿနာဖြစ်ပွားမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကျားဖြန့်လုပ်ငန်းများက ခရီးသွားကဏ္ဍအပေါ် ဆိုးရွားစွာ သက်ရောက်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: Travel
- Hits: 910
CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၇
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်မှ စတင်ကျင်းပခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို သွားရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များ အလွန်များပြားသော်လည်း စီစဉ်မှုများ အားနည်းသည့် အတွက် ကျေနပ်အားရမှု မရှိဘဲ ဖြစ်ကြကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို ၁၉၅၀ ပြည့်နှစ်မှစ၍ ကျင်းပခဲ့ရာ ယခုနှစ်တွင် ၇၅ နှစ်ပြည့် ပွဲတော်အား စည်စည်ကားကား ကျင်းပခဲ့သည်။
အဆိုပါ တန်ဆောင်တိုင် ပွဲတော်သို့ ပြည်တွင်း/ပြည်ပမှ ခရီးသွားများ ပြည့်နှက်ခဲ့ပြီး အလွန်စည်ကားခဲ့သော်လည်း မိုးရွာသွန်းမှုကြောင့် ပွဲတော်၏ စည်ကားမှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ပွဲတော်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ အနေဖြင့် စိတ်ကျေနပ်မှု အပြည့်အဝ မရရှိခဲ့ ကြောင်း၊ ခရီးသွား ဧည့်သည်များ ချောမွေ့စွာ လည်ပတ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ မရှိခဲ့ကြောင်း၊ လုံခြုံရေး လိုအပ်ချက်များ၊ စီမံဆောင်ရွက်မှု လိုအပ်ချက်များရှိသည်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပစဉ်
၎င်းက “ဧည့်သည်တွေ လာဖို့အတွက်ပဲ သက်ဆိုင်ရာကို ကြိုပြီး အကြောင်းကြားထားတယ်။ လုံခြုံရေးကိစ္စရော၊ ဝင်ထွက်ချောမွေ့ရေးကိစ္စရော လုပ်ပေမယ့် သူတို့ ဒါကို ဟိုဟာပေါ့၊ စွမ်းစွမ်းတမံ မလုပ်နိုင်ခဲ့ဘူးပေါ့။ ကျနော်တို့ သက်ဆိုင်ရာတွေကပေါ့။ သက်ဆိုင်ရာဆိုတော့ သိတဲ့အတိုင်း အဲ့တော့ နောက်ဆုံးတော့ ကျနော်တို့က လုံခြုံရေး အဖွဲ့တွေနဲ့ပဲ အဆင်ပြေအောင် လုပ်ပြီးတော့ ဧည့်သည်တွေကို သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် မိုးဖြတ်တယ်ပေါ့။ နောက်ပြီးတော့ တကယ်လို့ လာတဲ့ ဧည့်သည်တွေ အပေါ်မှာ Feedback ပေါ့နော်၊ အဆင်မပြေတာ ဘာတွေရှိလဲ ဘာလို့အဆင်မပြေလဲ၊ နောင်ပြေအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ Monitoring လုပ်တာတွေတို့ Review လုပ်တာ တွေလည်း မရှိဘူး။ အဲတော့ ဧည့်သည်တွေ သာလာဖို့ ပိုက်ဆံတွေ အများကြီးသုံးပြီးတော့ ခေါ်နေကြတယ်၊ လာ တဲ့ ဧည့်သည်တွေကိုတော့ ဧည့်ဝတ်မကျေပွန်ကြဘူး။ ပုဂ္ဂလိက ကုမ္ပဏီတွေမို့လို့ပဲ လုပ်နိုင်တာ ဒါကျနော်တို့ ရှင်းရှင်းပြောရရင် အမြတ်မပြောနဲ့ အရင်းတောင်မရှုံးရင် ကံကောင်း ကျနော်တို့ အိတ်စိုက်တွေကြီးပဲ လုပ်ပေးရ။ ပေးရကမ်းရ လမ်းမှာလည်း ဂိတ်တွေဘာတွေ အဆင်ပြေချောမွေ့အောင် လုပ်ရတာတွေရှိတယ်။ အဲတော့ ဒါတွေ က ခုနက ပြောသလိုပေါ့။ System တွေ မှားနေတာတွေပေါ့။ လက်ရှိ ခရီးသွားလုပ်ငန်းကြီး mechanism ကြီး တစ်ခုလုံးက အားနည်းချက်တွေများတယ်။ capacity တွေနည်းတယ် အဲ့တာမျိုးတွေပေါ့။ ရေများရာ မိုးရွာဆိုတဲ့ ပုံစံမျိုးတွေတော့ရှိနေတယ်။ အဲ့တာလေးတော့ ကျနော် ပြောချင်ပါတယ်”ဟု ပြောသည်။
ယခုနှစ်တွင် လာရောက် လည်ပတ်သည့် ခရီးသွား ဧည့်သည်များသည် ၂၀၂၄ ခုနှစ် ခရီးသွား ဧည့်သည်များထက် ပိုမိုများပြားလာကြောင်း၊ ဟိုတယ်ဝင်ငွေ အနေဖြင့် ယခင်နှစ်ထက် ၁၅% ဝင်ငွေ တိုးတက်လာသော်လည်း လိုအပ် သည့် အသုံးစရိတ်များမှာ ယခင်နှစ်များထက် ပိုမိုများပြားနေသည်ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုက CNI သတင်းဌာနသို့ ပြောသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပစဉ်
၎င်းက “ပြီးခဲ့တဲ့နှစ်ထက်တော့ ပြည်တွင်း ခရီးသွား ဧည့်သည်တွေကတော့ ပိုမိုဝင်ရောက်လာတဲ့ အခြေအနေမှာ ရှိတယ်ပေါ့နော်။ လက်ရှိ ကျနော်တို့ ဟိုတယ်အသင်းနဲ့ ပတ်သက်လို့ကတော့ တောင်ကြီး၊ ကလောမှာရှိတဲ့ ဟိုတယ် တွေကတော့ ဒီတန်ဆောင်တိုင် ပွဲတော်ကာလမှာ ဟိုတယ်တွေ အခန်းပြည့်နီးနီး ဒါ ဟိုတယ် အခန်း ရောင်းရတယ်ပေါ့။ ဧည့်သည် ဝင်ရောက်မှုများတယ်ပေါ့။ လာတဲ့ဧည့်သည်တွေကတော့ ပြည်တွင်းဧည့်သည်တွေပဲ အဓိကထားပြီးတော့ ပြည်တွင်းဧည့်သည်မှာလည်း ကျနော်တို့ ဒီဘက် မန္တလေးကတက်လာတဲ့ ဧည့်သည်တွေ ရှိသလို ရန်ကုန်ဘက်ကနေပြီးတော့မှ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို လာရောက်လည်ပတ်တဲ့ ဧည့်သည် တွေလည်းပဲ တော်တော်များများပဲ၊ ဒီရက်ပိုင်းမှာတော့ အပြည့်လာရောက်ကြပါတယ်။ လက်ရှိ အနေအထား တစ်ခုမှာဆိုရင်တော့ ဒီဘက် ညောင်ရွှေတို့ ဘာတို့မှာလည်းပဲ ဧည့်သည် ဝင်ရောက်မှုက ဒီရက်ပိုင်းတွင်းမှာတော့ ဘာကြောင့်လဲဆိုတော့ တခြား တောင်ကြီးမြို့ပေါ်မှာရှိတဲ့ ဟိုတယ်တွေ၊ ကလောမြို့ပေါ်မှာရှိတဲ့ ဟိုတယ်တွေ လည်းပဲ ဧည့်သည်တွေနဲ့ ဟိုတယ်အခန်းတွေ ပြည့်နေတာ ဖြစ်တဲ့အတွက် ဒီဒေသမှာရှိတဲ့ ဟိုတယ်ကိုလည်းပဲ သွားရောက်တည်းခိုတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါကတော့ လက်ရှိ ပွဲတော်ကာလမှာ ဖြစ်နေတဲ့ အနေအထား ပေါ့” ဟု ပြောသည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မူလက အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိသာ ကျင်းပရန် စီစဉ်ထားသော်လည်း ရာသီဥတု အခြေအနေများကြောင့် ပွဲတော်ရက်အား ၃ ရက်တိုး၍ နိုဝင်ဘာ ၈ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: Travel
- Hits: 3245
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၄
ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ပြည်ပခရီးသွား ၂၄ ဒသမ ၁၁ သန်း ရောက်ရှိခဲ့ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုပမာဏအရ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်ပခရီးသွား ဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၁ ဒသမ ၁၁ ထရီလျံ ရရှိခဲ့သည်ဟု ဆိုသည်။
ယခုနှစ် ပထမ ၉ လတာ ကာလဖြစ်သည့် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ၂၄,၁၁၅,၃၂၈ ဦး ရောက်ရှိခဲ့ပြီး ထိုအရေအတွက်သည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း ထိုင်းတွင် ပြည်ပခရီးသွားများထံမှ ဘတ် ၁,၁၁၃,၇၅၅ သန်း ရရှိခဲ့သော်လည်း ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၈၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
ယခုနှစ် ပထမ ၉ လတာ ကာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မှု အများဆုံး ထိပ်သီး ၁၀ နိုင်ငံမှ ပြည်ပခရီးသွား များမှာ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်၊ ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံ တို့မှ ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ခရီးသွားများကို တွေ့ရစဉ်
ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ကျဆင်းသွားသော်လည်း ခရီးစဉ်တစ်ခုလျှင် ခရီးသွားများ၏ ပျမ်းမျှ အသုံးစရိတ်သည် တိုးလာခဲ့သည်။
ယခုနှစ်အတွင်း ခရီးစဉ် တစ်ခုချင်းစီတွင် လူတစ်ဦးအလိုက် ပျမ်းမျှ အသုံးစရိတ်မှာ ဘတ်ငွေ ၄၆,၀၀၀ ရှိပြီး ခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်လာသည်။
ပြည်ပခရီးသွား လုပ်ငန်းအပြင် ပြည်တွင်းခရီးသွား လုပ်ငန်းမှာမူ တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ပြည်တွင်းခရီးသွား ၁၄၈ ဒသမ ၇ သန်း ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ကာလတူက ပြည်တွင်းခရီးသွား အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ထို့ကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် ဘတ် ၈၅၄,၃၅၁ သန်းရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၄ ဒသမ ၃၃ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: The Nation
- By CNI
- Category: Travel
- Hits: 2260
CNI International News
တိုကျို၊ အောက်တိုဘာ ၁
ဂျပန်နိုင်ငံ၏မြို့တော်ဟောင်း ကျိုတို(Kyoto)မြို့တွင် ပြည်ပခရီးသွားများ အများအပြား လာရောက်နေမှုနှင့်အတူ အချို့ ဂျပန်စာသင်ကျောင်းများသည် ကျောင်းသားကလေးငယ်များအတွက် လေ့လာရေးခရီးစဉ်များအဖြစ် ရှေးဟောင်း မြို့တော်ဖြစ်သည့် ကျိုတိုသို့ သွားရောက်လေ့ရှိသော လေ့လာရေးခရီးစဉ်များကို စွန့်လွှတ်ခဲ့ကြသည် ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ပြည်ပခရီးသွားများ အလွန်အကျွံ ဝင်ရောက်လာမှုသည် ဒေသခံများအတွက် လူနေမှုဘဝပုံစံကို ပြန်လည် ပုံသွင်းရာ ရောက်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
လက်ရှိတွင် ရှေးဟောင်း ဂူဗိမ္မာန်များနှင့် ဘုရားကျောင်းများ၌ လူများထူထပ်နေခြင်း၊ မီးရထားများနှင့် ဘတ်စကား များပေါ်တွင် လူများပြည့်ကြပ်နေခြင်း၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် စျေးနှုန်းများ ၃ ဆခန့် မြင့်တက် နေခြင်း အစရှိသည့် ပြဿနာများကြောင့် ကျောင်းဆရာများ၊ ကျောင်းသား ကလေးငယ်များကို စိတ်ပျက်စေခဲ့ သည်။
ထို့ပြင် ယခင်ကတည်းက ကျိုတိုမြို့တော်ကို စာသင်ကျောင်းများ၏ လေ့လာရေးခရီး ဆုံမှတ်အဖြစ် သတ်မှတ် ထားသည့် ကျောင်းသားမိဘများနှင့် လေ့လာရေးခရီးစဉ် စီစဉ်သူများကလည်း ထိုအခြေအနေကို စိတ်ပျက်နေ ကြသည်။

ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ ပြည်ပခရီးသွားများ ပြည့်နှက်နေစဉ်
“ကျိုတိုမြို့အနီးက ကန်တို (Kanto) ဒေသက စာသင်ကျောင်း အများစုက ကျောင်းသားတွေဟာ ကျိုတိုကို လေ့လာရေးခရီးစဉ် သွားချင်ကြပေမယ့် ပြဿနာတွေက တစ်ခုထက်တစ်ခု ပိုပြီး များလာခဲ့ပါတယ်” ဟု ဂျပန် စာသင်ကျောင်း လေ့လာရေးခရီးစဉ် အဖွဲ့ချုပ်၏ အရာရှိဖြစ်သူ မီချီုယို နာကာဒီ (Michiyo Nakade) က ပြော ကြားခဲ့သည်။
ပြည်ပခရီးသွားများ အလွန်အကျွံ ဝင်ရောက်လာခဲ့သဖြင့် ကျောင်းလေ့လာရေး ခရီးစဉ်များ စီစဉ်ရာတွင် ကုန်ကျစရိတ် မြင့်တက်မှုများနှင့် အခက်အခဲများ ရှိလာခဲ့သည်ဟု ၎င်းက ဆိုသည်။
“တချို့နေရာတွေဆိုရင် လူတွေ အရမ်းများလွန်းလို့ ကျောင်းသားတွေဟာ လေ့လာရေးခရီးစဉ်မှာ ဘာကိုမှ သိပ်မမြင်ခဲ့ရပါဘူး။ အဲဒါကြောင့် သူတို့ စိတ်ပျက်ခဲ့ကြပါတယ်။ ပြီးတော့ ဂျပန်မိဘ အများစုကလည်း သူတို့ သားသမီးတွေကို ငယ်တုန်းရွယ်တုန်းမှာ ကျောင်းလေ့လာရေးခရီးစဉ်အဖြစ် ကျိုတိုကို သွားစေချင်နေကြပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်”ဟု နာကာဒီက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: Travel
- Hits: 2597
CNI International News
တာလျန်၊ ဇွန်လ ၂၃
မြောက်ကိုရီးယားအာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် တရုတ်သို့ သွားရောက် လည်ပတ်ခွင့် ရရှိခဲ့သည့် မြောက်ကိုရီးယား နိုင်ငံသားများသည် နှစ်နိုင်ငံကြား နယ်စပ်တစ်ခုကဲ့သို့ ပိုင်းခြားထားသော ယာလူမြစ် (Yalu River) ပေါ်ကို ဖြတ်ပြီး တရုတ်သို့ လေ့လာရေးခရီး သွားရောက်နေကြကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဇွန်လ အစောပိုင်းက ထို့ကဲ့သို့ မြောက်ကိုရီးယား ခရီးသွားများ တင်ဆောင်ထားသည့် သင်္ဘောများသည် တရုတ်နိုင်ငံသို့ အပျော်ခရီး ထွက်နေကြပုံကို Nikkei Asia သတင်းဌာနက မြင်တွေ့ခဲ့ရသည်။
ထိုကဲ့သို့ အပျော်ခရီး ထွက်မှုများသည် ကမ္ဘာပေါ်တွင် နိုင်ငံသားများကို တင်းကျပ်စွာ ထိန်းချုပ်မှုကြောင့် မကောင်းသတင်းဖြင့် ကျော်ကြားနေသည့် ကင်မ်ဂျုံအန် (Kim Jong Un) အစိုးရအဖွဲ့၏ မကြုံစဖူး ထူးခြားသည့် ခွင့်ပြုချက်ဖြစ်သည်။
ဧပြီလကတည်းက ကင်မ်သည် မြောက်ကိုရီးယား နိုင်ငံသားအချို့ကို ချမ်းသာကြွယ်ဝသည့် တရုတ်နိုင်ငံသို့ အပျော်ခရီးများ ထွက်ခွင့်ပြုရန် ယုံကြည်ချက်ရှိခဲ့ပုံပေါ်သည်။

မြောက်ကိုရီးယား ခရီးသွား သင်္ဘောကို တွေ့ရစဉ်
ပုံမှန်အားဖြင့် မြောက်ကိုရီးယား နိုင်ငံသားများသည် ပြည်ပနိုင်ငံများသို့ လွတ်လပ်စွာ သွားရောက်ခွင့်မရှိပေ။
ပြည်ပခရီးစဉ်အားလုံးကို အစိုးရက ထိန်းချုပ်ထားပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံသားများ၊ ကုန်သည်များနှင့် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် နိုင်ငံသားများကိုသာ ပြည်ပထွက်ခွင့်ပြုခဲ့သည်။
တရုတ်သည် မြောက်ကိုရီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် မဟာမိတ်နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယား ကုန်သည်များနှင့် ခရီးသွားများသည် တန်တုန် (Dandong) ကဲ့သို့ တရုတ်နယ်စပ်မြို့များကို အခါအားလျော်စွာ ဝင်ရောက်လေ့ရှိသည်။
သို့သော် မြောက်ကိုရီးယား ခရီးသွားအုပ်စုများကို အစိုးရ၏ တာဝန်ရှိသူများက လိုက်ပါစောင့်ကြပ်ခဲ့ပြီး ဝါဒမှိုင်း စိမ့်ဝင်မှုမရှိစေရန် တရုတ်နိုင်ငံသားများနှင့် ထိတွေ့ဆက်ဆံမှု၊ အင်တာနက် အသုံးပြုမှုများကို တားမြစ် ပိတ်ပင်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: Travel
- Hits: 2025
CNI International News
တိုကျို၊ မေလ ၂၈
ယခုနှစ် ပထမလေးလတာ ကာလအတွင်း ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု မြင့်တက်ခဲ့ပြီး ခရီးသွားအရေအတွက် စုစုပေါင်း ၁၄ ဒသမ ၄၅ သန်းအထိ ရှိခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ဂျပန်သို့ လာရောက်သည့် တောင်ကိုရီးယား ခရီးသွား အရေအတွက်သည် ၃ ဒသမ ၂၂ သန်းဖြင့် ပထမနေရာတွင် ရှိနေခဲ့ပြီး တရုတ်ခရီးသွား အရေအတွက်သည် ၃ ဒသမ ၁၃ သန်းရှိခဲ့ကာ ဒုတိယနေရာတွင် ရှိခဲ့သည်။
ထိုင်းနိုင်ငံသားများကမူ ပုံမှန်အနေအထားဖြစ်ပြီး ဂျပန်သို့ သွားရောက်သည့် ထိုင်းခရီးသွား ၅၂၀,၀၀၀ ရှိခဲ့သည်။
ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့ (JNTO) ၏ ထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ဂျပန်သို့ ဝင်ရောက်သည့် ပြည်ပခရီးသွား အရေအတွက် ၁၄,၄၄၆,၆၀၀(၁၄ သန်းကျော်)ဦးရှိခဲ့သည်။
ထိုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဂျပန်နိုင်ငံအတွင်း တစ်နေရာကိုတွေ့ရစဉ်
ဧပြီ တစ်လတည်းမှာပင် ပြည်ပခရီးသွား ၃,၉၀၈,၉၀၀(၃ သန်းကျော်)ဦး ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဧပြီလကထက် ပြည်ပခရီးသွား ဝင်ရောက်မှုနှုန်း ၂၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဂျပန်သို့ အများဆုံး လာရောက်သည့် ပြည်ပနိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ အမေရိကန်၊ ဟောင်ကောင်၊ ထိုင်း၊ ဩစတြေးလျ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။
ဧပြီလသည် ဂျပန်တွင် ချယ်ရီပန်းများပွင့်သည့် ပွဲတော်ကာလ ဖြစ်သဖြင့် ဧပြီလအတွင်း ဂျပန်သို့ အများဆုံး ဝင်ရောက်သည့် ပြည်ပခရီးသွားများသည် တရုတ်နိုင်ငံသားများဖြစ်ကာ တောင်ကိုရီးယားခရီးသွားများက ဒုတိယအများဆုံးဖြစ်ကြောင်း JNTO က ထုတ်ပြန်ခဲ့သည်။
ဥရောပနှင့်အမေရိကန် ခရီးသွားများသည်လည်း ဂျပန်သို့ လာရောက်မှု များပြားခဲ့ပြီး အမေရိကန်သည် ဂျပန်သို့ ဝင်ရောက်သည့် ထိပ်သီး ၅ နိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ကာ ကနေဒါနှင့် ဗြိတိန်တို့သည်လည်း ဧပြီလအတွင်း ဂျပန်သို့ ဝင်ရောက်သည့် ထိပ်သီး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့သည်။
Source: The Nation
- By CNI
- Category: Travel
- Hits: 1533
CNI International News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် နေရာတစ်ခုတွင် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၆ ဦး သေဆုံးခဲ့သည်။

အဆိုပါ သေနတ်သမားများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေကြောင်း လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
သေဆုံးသူများမှာ ကမ္ဘာလှည့်ခရီးသွားများ ဖြစ်ကြသည်။
