CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
ဘရာဇီးလ်ကွင်းလယ်လူ ပါကယ်တာဟာ သူတို့ရဲ့ ဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ဇန်နဝါရီမှာ ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
FA ရဲ့ ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေခံရတဲ့ ပါကယ်တာဟာ နွေရာသီမှာ လုပ်ပွဲစွဲချက်တွေကနေ လွတ်မြောက် ခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ပါကယ်တာကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အခုအချိန်မှာ ပါကယ်တာကို ထွက်ခွာခွင့်ပေးဖို့ လမ်းဖွင့်ထားပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ လိုချင်နေတာပါ။
ပါကယ်တာဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့ ခက်ခဲနိုင်တာဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ပါကယ်တာဟာ ပရီးမီးယားလိဂ်အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းအသင်း အတွက် ၂ ဂိုးသာ သွင်းယူထားနိုင်တာပါ။

ပါကယ်တာကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းဟာ အသင်း တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် ဇန်နဝါရီမှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
အဲ့ဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ ပါကယ်တာကို ရောင်းချပြီး ငွေကြေးရှာဖွေဖို့ စီစဉ်နေပြီး သူ့ကိုခေါ်ယူဖို့ အသင်းဟောင်း ဖလာမင်ဂိုအသင်းက စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် ဖလာမင်ဂိုအသင်းဟာ ပါကယ်တာအတွက် ဝက်စ်ဟမ်းအသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့တော့ မရှိပါဘူး။
ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်က ဆောက်သမ်တန်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ဝယ်ယူထားတဲ့ ဝါတ့်ပရောက်စ်ကိုလည်း ဇန်နဝါရီမှာ ရောင်းချနိုင်တာပါ။
နည်းပြသစ် နူနိုဆန်တို လက်ထက်မှာ နိုင်ပွဲမရသေးတဲ့ ဝက်စ်ဟမ်းအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: thesun
