CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၁
ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ အက်စတွန်ဗီလာအသင်း တိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူနိုင်ဖို့ ပေါင် ၅၇ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။
ကိုလံဘီယာ ကစားသမား ဒူရမ်ဟာ အက်စတွန်ဗီလာ အသင်းနဲ့အတူ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်း နေပြီး ဒီရာသီမှာ အသင်းအတွက် ၁၂ ဂိုး သွင်းယူထားတာပါ။
ဒူရမ်ဟာ အက်စတွန်ဗီလာအသင်းမှာ အင်္ဂလန်တိုက်စစ်မှူး ဝက်ကင်စ်ရဲ့အနောက်မှာ ဒုတိယတိုက်စစ်မှူးအဖြစ် ရှိနေပေမယ့် ပါဝင်ခွင့်ရတဲ့ပွဲတိုင်း အကောင်းဆုံး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဝက်ကင်စ်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို ဆွဲဆောင်မှုတွေ ပြုလုပ် နိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒူရမ်ကို ကာလရှည်ကြာ ချိတ်ဆက်ခဲ့ပြီး နွေရာသီက ပေါင် ၄၂ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်ခဲ့ သေးပါတယ်။
အာဆင်နယ်အသင်းကလည်း ဒူရမ်အတွက် အက်စတွန်ဗီလာအသင်းကို ချဉ်းကပ်မှု ပြုလုပ်ခဲ့ပြီး ဝက်စ်ဟမ်း အသင်းရဲ့ နွေရာသီမှာ ပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းမှုကတော့ ပယ်ချခံခဲ့ရတာပါ။
The Athletic က ဝက်စ်ဟမ်းအသင်းဟာ ဒူရမ်ကို ခေါ်ယူနိုင်ဖို့ အလွန်စိတ်အား ထက်သန်နေပြီး နောက်ထပ် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒူရမ်ကိုတွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းရဲ့ ပေါင် ၅၇ သန်းနဲ့ ကမ်းလှမ်းမှုဟာ ပြီးခဲ့တဲ့ ကမ်းလှမ်းမှုထက် ၂ ဆနီးပါး ဖြစ်ပေမယ့် အက်စတွန်ဗီလာအသင်းက သတ်မှတ်ထားတဲ့ ပေါင် ၇၅ သန်းထက် နည်းပါးနေတာကြောင့် ပယ်ချခံရဖို့ ရှိနေတာပါ။
ဝက်စ်ဟမ်းအသင်းဟာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေကာ မကြာသေးခင်ကမှ ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပါတယ်။
ဝက်စ်ဟမ်းအသင်းရဲ့ နွေရာသီက ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဖူလ်ကုဟာ တံကောက်ကြောဒဏ်ရာ ရရှိနေပြီး အသင်းခေါင်းဆောင် ဘိုဝင်ဟာ ဒဏ်ရာကြောင့် အနားယူနေရတာပါ။
ဒါအပြင် ဝါရင့်တိုက်စစ်မှူး အန်တိုနီယိုဟာ ကားတိုက်မှုကြောင့် လာမယ့်ရာသီမှသာ ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။
အဲဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး တစ်ဦးခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ဘရိုက်တန်အသင်း တိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Source: Metro