CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီတိုင်းရင်းသားများ၏ အမွေအနှစ်များထဲက တစ်ခုဖြစ် သည့် လွိုင်စန့်လုံ(ခေါ်) ဇလုံတောင် တောင်တက်ခရီးစဉ်ကားများ ပြန်လည် ပြေးဆွဲခွင့်ပြုလိုက်ကြောင်း ဒေသခံ များက ပြောသည်။
ဗန်းမောက်မြို့ကနေ ဇလုံတောင်သို့ ပြေးဆွဲသည့် တောင်တက်ခရီးစဉ်ကားလိုင်းကို ၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှ ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ဇလုံတောင် တောင်တက်ကားလိုင်းပြေးဆွဲခွင့် ဖွင့်ပွဲလုပ်နေစဉ်
ဗန်းမောက်ဒေသခံက “ဗန်းမောက်မြို့နယ်က ရှမ်းနီတို့ရဲ့ အထင်ကရ သမိုင်းဝင် လွိုင်စန့်လုံတောင် (ဇလုံတောင်) တောင်ပေါ် ဘုရားကြီး ဖူးမျှော်နိုင်ဖို့အတွက် တောင်တက်ကားလိုင်း ပြေးဆွဲခွင့်ကို ဒီနေ့ မနက်ပိုင်းက ဖွင့်လှစ် လိုက်တယ်”ဟု ပြောသည်။
အဆိုပါ တောင်တက်ခရီးစဉ် ပြေးဆွဲမည့် ကားဂိတ်ဖွင့်ပွဲကို ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ဇလုံတောင် ဘုရားကြီး ဩဝါဒါစရိယအဖွဲ့၊ နာယကအဖွဲ့နှင့် ဂေါပကအဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်များက ပြုလုပ်ခဲ့သည်။