CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇

မြန်မာနိုင်ငံတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဖိတ် ခေါ်ချက်၌ နာဂနှင့် ရှမ်းနီ လက်နက်ကိုင်များအား မည်သို့ စဥ်းစားမလဲ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက မေးခွန်းထုတ်လာသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA ထိုးထားပြီးတော့ ၂၀၂၁-၂၀၂၅အတွင်း တွေ့ဆုံဆွေးနွေးမှု မလုပ်ရသေးသော KNU,CNF,ABSDF တို့အနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေးဆွေးနွေး ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင် စီ(NSCN)တို့ကို မည်ကဲ့သို့ သဘောထားမလဲ မေးခွန်းရှိလာကြောင်း၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်မှာ ရှမ်းနီနှင့် နာဂ အကျုံးဝင်သလား မဝင်ဘူးလား၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်မှာ ရှမ်းနီနှင့် နာဂကို ချန်ထားသင့်လား လက်ခံသင့် လား စဉ်းစားရမည့် အခြေအနေများ ရှိလာကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွင် ရှမ်းနီအား EAO အဖြစ် အသိမှတ်ပြုသလားဆိုသည့် ကိစ္စကရှိနေ ကြောင်း၊ ယခု ဖိတ်ခေါ်ချက်ထဲတွင် အကျုံးဝင်/မဝင် ပြော၍မရကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို တွေ့ရစဉ်

၎င်းက “သူတို့ အဆင့် သတ်မှတ်ချက်ထဲမှာ ဘယ်လိုပုံစံနဲ့ သတ်မှတ်ထားတယ်ဆိုတာတော့ ရှိနေတဲ့အတွက် ကြောင့်မို့ ရှမ်းနီကတော့ သိပ်ပြောလို့တော့ မရဘူး။ နာဂကျတော့ သူ တိုင်းဒေသကြီးအဆင့်ထိကို လက်မှတ် ထိုးထားပြီးသား ဖြစ်တယ်လေ။ ဆိုတဲ့အခါကြတော့ နာဂကတော့ ပါကောင်းပါနိုင်တာပေါ့ ဒီဖိတ်ခေါ်ချက်ထဲမှာ။ အဲဒီရှမ်းနီကတော့ တိုင်း‌ဒေသကြီး၊ ပြည်နယ်အဆင့်မှာလည်း လက်မှတ်ထိုးထားခြင်း မရှိသေးဘူး၊ နောက်တစ်ခု က လက်ရှိ အစိုးရက သူ့ကို EAO အဖြစ်ရော အသိမှတ်ပြုရဲ့လား ဆိုတာလဲ ရှိသေးတယ်လေ။ အဲဒီအခါကြတော့ သူ့ကို ဖိတ်ခေါ်ချက်ထဲမှာ ပါဝင်မဝင်ဆိုတာကတော့ ဒါပြောလို့တော့ မရဘူး။ အမှန်တကယ်ကျတော့ ငြိမ်းချမ်းရေး လို့ ပြောပြီဆိုရင်တော့ ဒီလက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်း အကုန်လုံးရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို သုံး သပ်ပြီးမှသာ ဖိတ်ခေါ်သင့်တယ်ပေါ့နော်။ အခုကတော့ မူဝါဒ တစ်မျိုးပြောင်းပြီးမှ ပြန်များဖိတ်ခေါ်ခဲ့ရင်တော့ ကောင်းတာပေါ့။ ဖိတ်ခေါ်ခဲ့မယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးအတွက်ကို တစ်ဖက်တစ်လှမ်းကတော့ အကျိုးရှိသွား သလို၊ တစ်ဖက်ကလည်း အဖွဲ့တွေ များလာခြင်းအားဖြင့် ဘယ်လိုရှင်းရမလဲဆိုတဲ့ ဥစ္စာတွေတော့ ပိုများလာမယ်လို့ တော့ မြင်တာပေါ့။ ရှမ်းနီဆိုတာ ဒီ SNA ပေါ့လေ။ သူရဲ့မူဝါဒက ၅ ရပ်ရှိတယ် အဲဒီလမ်းကြောင်းနဲ့တော့ သူသွား မယ်လို့ မြင်ပါတယ်။ သူရဲ့ ရှမ်းနီပြည်လည် ရရှိရေးဆိုတဲ့ ရည်မှန်းချက်ကတော့ အများကြီး ကြိုးစားရအုံးမှာပါ။ ဘာကြောင့်မို့လဲဆိုတော့ ဒီဖွဲ့စည်းပုံကို ကျော်လွန်ပြီးမှ လက်ရှိအစိုးရက ဘာမှမပေးဘူးဆိုတာတော့ သိထားသင့် တယ်ပေါ့နော်။ အခု ဆိုရင်တော့ “ဝ” ဆိုရင်လည်း ပညာရပ်အားလုံး ပြည့်စုံပေမယ့်လည်း ဖွဲ့စည်းပုံထဲမှာ မပါတဲ့ အတွက်ကြောင့် “ဝ” ကလည်း ပြည်နယ်မရသေးဘူး။ ရှမ်းနီဆိုလို့ရှိရင် ပိုလို့ကြိုးစားရအုံးမှာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို အဖွဲ့ အရေအတွက်အလိုက် အမျိုးမျိုး သတ်မှတ်ခဲ့ကြပြီး၊ အထူးသဖြင့် NCA လက်မှတ်ထိုးရေး ကာလနှင့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၁၇ ဖွဲ့မှ ၂၁ ဖွဲ့အထိ ပါဝင်ပတ်သက်ခဲ့သည့် သမိုင်းကြောင်း ရှိသည်။

လက်ရှိတွင် တိုက်ပွဲဝင်နေဆဲ လက်နက်ကိုင်အဖွဲ့များမှာ ပြည်ထောင်စုနိုင်ငံ ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များနှင့် အခြားအဖွဲ့အစည်းများစွာ ရှိနေပြီး၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်လည်း ရာနှင့်ချီသော လက်နက်ကိုင်အဖွဲ့များ ထွက်ပေါ်လာခဲ့သည်။

အစိုးရသစ် ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်

လက်ရှိ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွင် ပါသင့်၊ မပါသင့်ဆိုသည်က နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအာဏာအတွင်း ပြဿနာဖြစ်နေသည့် အဖွဲ့အစည်းမျိုးများက NCA ဆိုသည့် စာချုပ်တစ်ခုအောက်ထဲက သွားမည်ဆိုလျှင် ညှိနှိုင်း ဆွေးနွေးရန် လိုအပ်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ ပါသင့်တာ မပါသင့်တာဆိုတာ ကျနော်တို့ ဟိုတုန်းကတည်းက ပြောထားပြီးသားလေ။ ဖိတ် ခေါ်ချက်သည် အကုန်လုံးအတွက် ထည့်ထားပြီးသား။ ဒါပေမယ့် အဲဒီနေရာမှာမှ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှု ရှိသလဲဆိုတာ Bilateral (အပြန်အလှန်) ရေးထားတာတွေလည်း ရှိတယ်။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ ဆွေးနွေးခြင်း၊ မဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ မပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း ဒါမျိုးတွေလာမှာပေါ့။ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှု အာဏာဆက်အတွင်းမှာ ပြဿနာဖြစ်နေတဲ့ အဖွဲ့အစည်းမျိုးတွေက လက်ရှိမှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်မနေဘူး၊ ဖြစ်မနေတဲ့ နေရာမျိုး က လူတွေကတော့ တစ်ဖွဲ့တစ်စည်းထဲ ဒီ NCA ဆိုတဲ့ စာချုပ်တစ်ခုအောက်ထဲ သွားမယ်ဆိုရင်တော့ ဒါကို ညှိနှိုင်း ဆွေးနွေး လိုအပ်တယ်။ သို့သော် လက်ရှိ အခြေအနေမှာ တကယ်တမ်း ပြဿနာဖြစ်နေတဲ့ နေရာတွေကို လုပ်တဲ့ ကိစ္စမှာ တကယ့် ထိတွေ့မှုဖြစ်နေတဲ့ နေရာမျိုးက အဖွဲ့တွေနဲ့ ဆွေးနွေးတာတော့ တော်တော်လေး အဆင်ပြေမှာ ပေါ့။ ပါသင့်တာ၊ မပါသင့်တာ ဆိုတာကတော့ သီအိုရီအရ ကြည့်မယ်ဆိုရင်တော့ ဒါစာရွက်ပေါ်မှာတော့ ဒါပါသင့် တယ်လို့ ယူဆရတာမျိုးရှိမယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်ချိန်မှာ ဒါက NCA အောက်ထဲကနေ အကုန်လုံး သွားကြမှာကို”ဟု ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)သည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွင်း နေထိုင်ကြသော နာဂလူမျိုးများ ကို စုစည်း၍ လွတ်လပ်သော နာဂပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ထိုလက်နက်ကိုင် ၂ ဖွဲ့ကို ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်တွင် ထည့်သွင်း စဉ်းစားချက်များ မရှိဘဲ ပြစ်ပယ်ထားပါက တချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်အတွက် စစ်မျက်နှာအသစ် များ ထွက်ပေါ်လာနိုင်ကြောင်း၊ AA-TNLA-MNDAA တို့ကို ၂၀၁၅ ခုနှစ်က NCA ထိုးခွင့်မပြုဘဲ ပြစ်ပယ်ခဲ့ခြင်း ကြောင့် ယနေ့ စစ်ပွဲများ ဖြစ်ပွားနေသည့် အခြေအနေဖြင့် နှိုင်းယှဉ်စဉ်းစားသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။