CNI Interview

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မ တော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချလိုက်သည်။

ထို့နောက် မြန်မာ့တပ်မတော်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ပြန်လည် ဖြုတ်ချနိုင်ရေး လက်နက်ကိုင်များ၊ ဒီမိုက ရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ NLD ခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များက ကြိုးပမ်းလာခဲ့ သည်။

အဆိုပါ လက်နက်ကိုင် တော်လှန်ရေးကို ဆောင်ရွက်လာသည့်အခါမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သည် လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ စစ်သင်တန်းများပေးခြင်း၊ လက်နက်ခဲယမ်းများ တပ်ဆင်ပေး ခြင်းဖြင့် မြန်မာ့တပ်မတော် ဖြုတ်ချရေးကို ကြိုးပမ်းနေသည်။

တခြားတစ်ဖက်မှာတော့ KIA သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ တစ်လျှောက်ဖြစ်သည့် ကချင်ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးကို အကောင်အထည်ဖော်နေပြီး စစ်ကိုင်းတိုင်း အား ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

KIA ၏ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေး အဓိက အတားအဆီးဖြစ်နေသည်မှာ ရှမ်းနီလူမျိုးများနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဖြစ်နေ၍ KIA က ရှမ်းနီလူမျိုးများနှင့် ရှမ်းနီလက်နက်ကိုင်များကို စစ်ရေး ထိုးစစ်ဆင်လျက်ရှိနေသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တိုင်းလျန်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး ။        ။ အာဏာရှင် ပြုတ်ကျရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့၊ လက်ရှိအခင်းအကျင်းမှာ EAO တွေအတွက် ဘယ်ဟာက ပိုပြီးလုပ်လာ နိုင်ဖွယ်ရှိလဲ။

ဖြေ ။        ။ ဒီ EAO တွေကတော့ နှစ်ပေါင်းများစွာ လုပ်လာတဲ့ အခါကြတော့ EAO ပိုင်းကတော့ တော်လှန်ရေး ပါးဝပြီလို့ ပြောလို့ရတာပေါ့။ သူတို့အကျိုးအတွက်ပဲ အဓိက အသုံးပြုသွားပါလိမ့်မယ်။ အာဏာရှင် ပြုတ်ကျရေး ဆိုတဲ့ အနောက်မှာ လက်နက်ကိုင်နေတဲ့ EAO တွေကလည်း သူတို့ကိုယ်သူတို့ ပြန်ဆန်းစစ်ဖို့လိုတယ်။ သူတို့လည်း အာဏာရှင်တွေပါပဲ။ 

အစိုးရဆိုတာ တပ်မတော်ကနေပြီး အာဏာထိန်းခိုင်းထားတာ။ သူက ဥပဒေနဲ့အညီ ဆောင်ရွက်တာတွေရှိတယ်။ EAO ကတော့ ဘာတွေ ဥပဒေရှိလဲ။ သူတို့ကတော့ လုပ်ကောင်းလုပ်ရင်တော့ သတ်ပစ်တာက ခပ်များများဆိုတော့ အာဏာရှင်ထက် ကြောက်စရာကောင်းတဲ့ အာဏာရှင်တွေတောင် ဖြစ်နေသေးတယ်။ ဒါကတော့ ၈၈ အရေးခင်း ပြီးတဲ့နောက် ကျောင်းသားတွေကြုံခဲ့ရပြီးပြီ။ 

ယနေ့အချိန်မှာတော့ ကျောင်းသားတွေက ၈၈ က အချိုးမျိုးတွေ ၂၁ မှာ လာမချိုးနဲ့ဆိုတာ အခုဖြစ်စဉ်တွေ အားလုံးက ၈၈ က ပုံစံအတိုင်းလို ဖြစ်လာတယ်ဆိုတဲ့ အခါကြတော့ ဒီအာဏာရှင် တော်လှန်ရေးလုပ်နေတဲ့ ကျောင်းသားတွေပေါ့။ အခု PDF တွေ တစ်နေ့ကြရင်တော့ EAO တွေရဲ့ မောင်းထုတ်ခြင်းကို ခံရမှာပါ။ 

အသုံးချပြီးရင်တော့ သူတို့မလိုချင်ရင် သူတို့မောင်းထုတ်ပါလိမ့်မယ်။ ဒါကလည်း ၁၉၉၄ ခုနှစ်မှာ KIO/KIA က နိုင်ငံတော်အစိုးရနဲ့ အဲဒီတုန်းက နဝတ အစိုးရပေါ့၊ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်းမှာ ABSDF မြောက်ပိုင်းအဖွဲ့ကို မောင်းထုတ်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၆ မှာ သူတို့နယ်မြေမှာ မနေရဘူးဆိုပြီး မောင်းထုတ်ခဲ့တာ။ အခုဒီပုံစံအတိုင်းပဲ ဖြစ်လာပါလိမ့်မယ် PDF ကိစ္စတွေကလည်း။

မေး ။        ။ TNLA အခင်းအကျင်းပြီးနောက်မှာ နွေဦးတော်လှန်ရေးတွေက KIA ကို လမ်းကြောင်းပြောင်း ချိတ်ဆက်လာတာ တွေ့ရတာပေါ့။ ဆိုတော့ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် စစ်တပ်က ဘာလို့ KIA ကို ဖိဖိစီးစီး မဆောင်ရွက်နိုင်တာလို့ မြင်မိလဲ။

ဖြေ ။        ။ KIA က အခု နွေဦးတော်လှန်ရေးမှာ တော်လှန်တဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ ရခိုင် AA အဖွဲ့ ခေါင်းဆောင်ပိုင်းတွေရော၊ နောက် CNF က၊ နာဂကတွေရော၊ သူက ဖားကန့်မှာ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အပိုင်းတွေလည်း ကြားသိရတယ်။ ကျောက်တူးခိုင်းတာပေါ့။ 

ကျောက်လုပ်ပိုင်ခွင့်တွေ ပေးထားတယ်၊ အခွန်ကောက်ခွင့်တွေ ‌ပေးထားတဲ့ အခါကြတော့ KIA ကို သူတို့အနေနဲ့ ဗန်းစကားနဲ့ပြောမယ်ဆို ဖားနေရတာပေါ့။ မဖားရင် သူတို့ လုပ်ပိုင်ခွင့်တွေ အကုန်လျော့မယ်။ ဒါ စီးပွားရေးနဲ့ လုပ်ပိုင်ခွင့်အရ သူတို့ချုပ်ကိုင်ထားတယ်လို့ မြင်ပါတယ်။

မေး ။           ။ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့်ရော KIA အနေနဲ့ ပိုပြီးတော့ အင်အား မကြီးထွားလာ နိုင်ဘူးလား။

ဖြေ ။          ။ KIA က သူ့လူမျိုးတွေက သူ့တော်လှန်ရေးကို စိတ်ကုန်နေတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဗန်းမော်တိုက်ပွဲမှာဆိုရင် ကချင်လူမျိုးတွေ အများကြီး သေကြေပျက်စီးရတာကို တွေ့ရတယ်ပေါ့။ သူနဲ့ အပေါင်းအပါ အဝန်းအဝိုင်းတစ်ခုကတော့၊ သူနဲ့ ပေါင်းပြီး အကျိုးရှိနေတဲ့ လူကတော့ ဆက်ပြီးပေါင်းနေတဲ့ အပိုင်းတွေ ဘာလေးတွေ တွေ့ရတာပေါ့။ သူက အင်အား မကြီးထွားနိုင်ဘူးလားဆိုတဲ့ အပိုင်းကဏ္ဍမှာ သူအင်အား ကြီးထွားမှုကလည်း လက်ရှိအစိုးရနဲ့ နောက်တက်လာမယ့် အစိုးရအပေါ် အများကြီးမူတည်ပါတယ်။ 

ဘာကြောင့်လဲဆို KIA က အင်အားနည်းရင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲတယ်။ အင်အားစုမယ်၊ အင်အား တောင့် လာရင် အစိုးရကို ပြန်တိုက်မယ်၊ သူ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ် တစ်လျှောက်လုံးမှာ ဒီပုံစံအတိုင်း ကျင့်သုံးခဲ့ တာ။ ၅ ကြိမ်လည်းမက၊ ၆ ကြိမ်လည်း မကတော့ဘူး။ တစ်ကြိမ်နှစ်ကြိမ်လည်း မဟုတ်ဘူး။ အဲဒီအခါကြတော့ ဒီအစိုးရက ဒါတွေကို ကြည့်ပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ရင် KIA ကို အပြီးပိုင်လက်နက် ဖြုတ်သိမ်းဖို့ လုပ်လိုက်ပြီဆိုရင် မြန်မာနိုင်ငံရဲ့ တစ်ဝက်ကျော်ကျော်လောက်က ငြိမ်းချမ်းရေး ရသွားနိုင်ပါတယ်။

မေး ။        ။ လက်ရှိ အခင်းအကျင်းအရ KIA နဲ့ အပစ်ရပ် မလုပ်နိုင်ရင် စစ်တပ်အတွက်က ဘယ်လိုအခင်းအကျင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိမလဲ။

ဖြေ ။         ။ သူနဲ့အပစ်ရပ်စဲရုံနဲ့တော့ ကိစ္စတွေ အကုန်လုံးက ပြီးသွားမှာ မဟုတ်ဘူး။ အခု သူမွှေးလိုက်တဲ့မီးက ရခိုင်ပြည်နယ်လည်း လောင်နေပြီ။ သူ့ကိုပဲ အဓိကဆွေးနွေးပြီးမှ ကျနော်တို့ ဘာလုပ်ကြမယ်ဆိုတော့ စဉ်းစား ကြရမှာပေါ့။ တကယ်လို့ ဆွေးနွေးလို့ မရရင်လည်း အစိုးရအနေနဲ့ ဘယ်လို တိုက်မလဲဆိုတာ နည်းလမ်းတော့ ရှာသင့်တယ်လို့ ကျနော်မြင်တယ်။

မေး ။        ။ ဒါဆို လက်ရှိ ကချင်ဒေသဘက်မှာရော စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်း ဘယ်လိုဖြစ်နေလဲ။

ဖြေ ။       ။ ကချင်ဒေသမှာကတော့ KIA ကတော့ နိုင်ငံရေး၊ စစ်ရေးကို တွဲပြီးမှ ကစားတတ်၊ မြင်တတ်တဲ့ အဖွဲ့ အစည်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူက နိုင်ငံရေးကို စစ်ရေးနဲ့ ချိန်ကြည့်တဲ့ နေရာလေးတွေ ရှိတဲ့အခါကြတော့ သူ့ရဲ့နောက်က အဖွဲ့အစည်းတော်တော်များများ ရှိတဲ့အခါကြတော့ သူကိုယ်တိုင် လက်နက်မကိုင်ပေမယ့်လည်း မွေးထားတဲ့လူတွေနဲ့လည်း သူမကြိုက်တာလေးကို ဖိအားပေးလုပ်ကောင်း လုပ်လာနိုင်ပါတယ်။
ဥပမာဆိုရင် ကျနော်တို့ မဲဆွယ်စည်းရုံးရေးတွေ လုပ်တဲ့အခါမှာ မိုးညှင်း-မိုးကောင်း ဒေသလေးတွေ PDF တွေနဲ့ ထိတွေ့မှုတွေ၊ ပစ်ခတ်မှုလေးတွေ တော်တော်များများ စိပ်လာတာပေါ့နော်။ မဲဆွယ်စည်းရုံးရေး ကာလ တစ်လျှောက်မှာ။ ဒါလည်း KIA ရဲ့ ပရောဂမကင်းဘူးလို့ ပြောချင်တာပေါ့။ 

ဘာကြောင့်လဲဆိုတော့ ဟိုယခင်တုန်းက PDF တွေကို သူက လက်နက် မထုတ်ထားသေးဘူး။ မဲဆွယ်စည်းရုံးရေး ကာလနီးတဲ့ အခါကြတော့ PDF တွေကို လက်နက် ထုတ်ထားပေးတယ်ဆိုတဲ့ အခါကြတော့ တိုက်ပွဲလေးတွေ ဖြစ်လာတာပေါ့။ 

လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ဆိုရင်လည်း မိုးကောင်း- ၈ မိုင် လမ်းခွဲနားမှာ တိုက်ပွဲတွေ ဖြစ်ကြတယ်။ နန်းမားရှေ့မှာလည်း ဖြစ်ကြတယ်။ စိပ်စိပ် စိပ်စိပ် ဖြစ်လာတာပေါ့။ အဲဒါကလည်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင် တယ်။

အဲဒါကြောင့်မို့လို့ KIA က နောက်ကွယ် ကနေပြီးတော့မှ ပံ့ပိုးပြီးတော့မှ လုပ်ကောင်းလုပ်လာနိုင်တယ်ပေါ့။ သူကိုယ်တိုင်ကတော့ ရွေးကောက်ပွဲကို မဖျက်မဆီးဘူး။ ဒါပေမယ့် သူ့ဒေသမှာ ရွေးကောက်ပွဲ မကျင်းပဘူး။ ကျင်းပတဲ့ နေရာတွေမှာလည်း သူမွေးထားတဲ့လူတွေ တော်တော်များများ ရှိနေတယ်လေ။ အဲဒီရှိနေတဲ့ လူတွေနဲ့ သူကစားကောင်း ကစားလာနိုင်တယ်ဆိုတဲ့ အကြောင်းလေးတော့ ကျနော်ပြောချင်တယ်။

မေး ။        ။ KAI က PDF တွေကို လက်နက် တပ်ဆင်ပေးတာကရော ဘာကြောင့်ဖြစ်နိုင်မလဲ။

ဖြေ ။         ။ ရွေးကောက်ပွဲနီးမှ လက်နက်တွေ တပ်ဆင်ပေးတယ်ဆိုတဲ့ အခါကြတော့ ဒီရွေးကောက်ပွဲနဲ့ပဲ သက်ဆိုင် လိမ့်မယ်လို့ ထင်တာပေါ့။ ဘာကြောင့် ဖြစ်နိုင်တယ်ဆိုတာထက်။ ခါတိုင်းဆိုရင်တော့ သူက တိုက်ပွဲတွေ လုပ်တော့မယ်ဆိုရင် လက်နက်တပ်ဆင်ပေးတယ်။ တိုက်ပွဲပြီးသွားရင် လက်နက်တွေ ပြန်သိမ်းတယ်။ အဲဒီလိုနဲ့ နေလာခဲ့တာ။

ကုန်ခဲ့တဲ့လ ၁ ရက်နေ့က စပြီးမှ နန်းမားက PDF တွေ၊ မိုးညှင်းဘက်က PDF တွေ အရှေ့တန်းကို ခေါ်ထားပြီးမှ လက်နက်တွေ အပြည့်အစုံ တပ်ဆင်ပေးခဲ့တယ်ဆိုတဲ့ အခါကြတော့ အခုတိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်လာ ပြီလေ။

မေး ။        ။ ဒါဆို လက်ရှိမှာရော စစ်ကိုင်းဘက်က ရှမ်းနီဒေသ အခင်းအကျင်းက ဘယ်လိုမြင်တွေ့ရလဲ။

ဖြေ ။         ။ အခုဗန်းမောက်လိုမျိုး ရွေးကောက်ပွဲ မကျင်းပတဲ့ နယ်မြေတွေကတော့ ဖြစ်နေကြတာပေါ့။ အခု ဗန်းမောက်ဆိုရင်တော့ တစ်ဝက်တော့ ပြန်ရပြီ။ မြို့တစ်ဝက်တော့ ပြန်ရပြီလို့တော့ သတင်းကြားပေမယ့် မြို့က တော့ မီးလောင်နေပြီ။ တော်တော်ဆိုးဆိုးဖြစ်တယ်လို့ ပြောပါတယ်။ 

သူတို့က ဆုတ်ရင်းနဲ့ အိမ်တွေကို မီးရှို့သွားတယ်လို့ ပြောပါတယ် PDF တွေက။ SNA ကတော့ အခုဟိုတယ်တွေ ရှိထားတဲ့ နေရာတွေ အထိတော့ သူတို့သိမ်းပိုက်မိပြီလို့ ပြောပါတယ်။ ဒါပေမယ့် ဒီဘက်ကလည်း ဆုတ်လိုက်၊ မီးရှို့လိုက်ဆိုတဲ့ အခါကြတော့ ဗန်းမောက်ကတော့ ပြာပုံများ ဖြစ်မလားမသိဘူးတဲ့ သူတို့လည်း အဲဒီလိုမျိုး စိုးရိမ်နေ ကြတယ်။

မေး ။         ။ ဒါဆိုရင် ဗန်းမောက်ဒေသကို အထူးသဖြင့် ရှမ်းနီဒေသကို ဘယ်လိုမျိုးပြန်ပြီး လုပ်‌ဆောင်သင့် တယ်လို့ မြင်မိလဲ။ စစ်ရေးအရပဲဖြစ်ဖြစ်ပေါ့ အကာအကွယ်ပေါ့။

ဖြေ ။        ။ ဗန်းမောက်ဒေသ ကာကွယ်ရေးကတော့ ကျနော့် အမြင်ကတော့လေ ကျနော်တို့ ကချင်ပြည်နယ်မှာ KIA အနေနဲ့ ဆွေးနွေးညှိနှိုင်းမှု ရပြီဆိုရင်တော့ သူရဲ့မွေးထားတဲ့ ကလေးတွေလိုပဲလေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း PDF တွေ တော်တော်များများကတော့ ဒီဘက်က KIA ကိုပဲ အဓိကကိုင်ရမှာဖြစ်ပါတယ်။

အဲဒီဘက်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားအောင် ဆိုရင်လည်း ရှမ်းနီဒေသမှာရှိတဲ့ ရှမ်းနီလူမျိုးတွေကို ရှမ်းနီလူမျိုး တွေကတော့ နိုင်ငံတော်ကိုလည်း ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးဘူး။ နိုင်ငံတော်ပျက်ဆီးမယ့် အရေးကိုလည်း ဘယ်တော့မှ လုပ်ခဲ့ဖူးတဲ့ လူမျိုးမဟုတ်ဘူး။ 

အဲဒီအခါကြတော့ KIA ကို ထိန်းညှိချင်တယ်ဆိုရင် ရှမ်းနီလူမျိုးတွေက ပြည်သူ့စစ်ရှိမယ်၊ SNA ရှိမယ်။ အဲဒါလေး ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးပြီးမှ လုပ်ပေးခဲ့မယ်ဆိုရင် KIA ကို နိုင်ငံရေး၊ စစ်ရေးအရတော့ အများကြီး ထိန်းညှိသွားနိုင်မယ်လို့ ကျနော်ပြောချင်တယ်။ 

အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ် အဲဒီလိုမျိုး။ ၉၄ ငြိမ်းချမ်းရေး မယူခင်ပေါ့။ ရှမ်းနီလူမျိုးတွေကို လက်နက်တပ် ဆင်ပေးတဲ့ အတိုင်းအတာလေးတွေ လုပ်ပြီးတော့မှ KIA နဲ့ ငြိမ်းချမ်းရေး စကားပြောတဲ့ အတိုင်းအတာလည်း ရှိခဲ့ဖူးတယ်ဆိုတဲ့ အခါကြတော့ ယနေ့အချိန်မှာ ရှမ်းနီတွေလည်း သူအင်အား ရှိသင့်သလောက် ရှိလာပြီ။ 

ဒါပေမယ့် လိုအပ်တာတော့ လက်နက်ပဲ။ နိုင်ငံတော်က ရှမ်းနီကို လက်နက်တပ်ဆင် ပေးမယ်ဆိုရင်တော့ နိုင်ငံ ငြိမ်းချမ်းရေးအတွက်ကို အများကြီး အကျိုးရှိနိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်း ရန်တိုက်ပေးတာတော့ မဟုတ်ဘူး။ နိုင်ငံ ငြိမ်းချမ်းရေး အတွက်ကတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ကျနော် ပြောချင်တယ်။

မေး ။       ။ ဒါဆို လက်ရှိအနေအထားမှာ SNA နဲ့ KIA က လက်နက်မယှဉ်နိုင်တာဖြစ်နေတာပေါ့ ပြဿနာက။

ဖြေ ။        ။ မှန်ပါတယ်ဗျ။ လက်နက်ပြဿနာပါ။ နိုင်ငံရေးကတော့ ကျနော်တို့ သူတို့ကို စကားအများကြီး ပြောလို့ရပါတယ်။ လက်နက်က အပြည့်အစုံ ရှိသွားပြီဆိုရင် ပိုလို့ ပြောအားရှိတာပေါ့။

မေး ။       ။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်လို မြင်မိထားလဲ။

ဖြေ ။         ။ ဒေါ်စု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့မှ ကျနော် သိပ်ပြီးတော့မှ မဝေဖန်ချင်ဘူး။ ဘာလို့ဆို ဦးသိန်းစိန် လက်ထက်တုန်းကလည်း ပူးပေါင်း ပါဝင်မှုနဲ့ လုပ်လိုက်တဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပါဝါလည်း နည်းတဲ့ပါဝါ မဟုတ်ဘူးလေ။ 

လက်ရှိ အစိုးရကနေပြီးတော့ လွှဲပြောင်းပေးမယ် တက်လာမယ့် အစိုးရအပေါ်မှာလည်း အများကြီး မူတည်ပါလိမ့် မယ်။ သူ့အခန်းကဏ္ဍကတော့ သူ့ကိုလွတ်မြောက်ပြီးမှ လွှတ်ပေးလို့ နိုင်ငံရေးလောကထဲ ပြန်ဝင်ခဲ့ပြီဆိုရင် တစ်နိုင်ငံလုံးကို ပြောဆိုစည်းရုံးနိုင်မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံရေးပါဝါ တော်တော်ကြီးပါတယ်။

မေး ။        ။ ဦးသန်းရွှေ လက်ထက်တုန်းက ဒေါ်စုက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ပြီးတော့ ဦးသိန်းစိန် လက်ထက်မှာ ၂၀၀၈ ဥပဒေကနေ သဘောတူညီချက်ရပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြန်ဝင်ခဲ့တယ်။ အခု အခင်းအကျင်းအရရော ဒေါ်စုအနေနဲ့ ၂၀၀၈ အရ ပြန်ဝင်လာနိုင်ဖွယ်ရော ရှိပ့ါမလား။ ဒီဘက်က ကမ်းလှမ်းရင် ရော လက်ခံနိုင်ပါ့မလား ဘယ်လိုမြင်မိလဲ။

ဖြေ ။         ။ အဲဒါကလည်း ခုနကပြောသလို တက်လာတဲ့ အစိုးရအပေါ် အများကြီး မူတည်ပါလိမ့်မယ်။ တက်လာ တဲ့ အစိုးရကတော့ အရင် နဝတ၊ နအဖ လက်ထက်က ဖြစ်သွားတဲ့ ပြဿနာတွေရော၊ နောက် ဦးသိန်းစိန် လက်ထက်တုန်းက ကိစ္စတွေရော အားလုံးကို သူသင်ခန်းစာယူပြီးတော့ လုပ်လိမ့်မယ်လို့ ထင်တယ်။

မေး ။         ။ ဒါဆို ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းက အရွေ့တစ်ခုကို ရောက်နိုင် ပါ့မလား။

ဖြေ ။         ။ အဲဒါလည်း သူမရှိတဲ့ နောက်ပိုင်းလည်း တဖြေးဖြေးနဲ့တော့ ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဖြစ်သွားနိုင်တယ်ဆိုတာက ဘာလို့ဆို ဒေါ်အောင်ဆန်းစုကြည် ပါဝင် ကပြသွားတဲ့ အတိုင်းအတာ တစ်ခုကလည်း ကျနော်တို့ ၅ နှစ်တာ ကြုံခဲ့ရပြီးပြီလေ။

သူ့ရဲ့လုပ်ဆောင်ချက်တွေ အားလုံးကလည်း ပြည်သူပဲ ကြည့်ကြတာပေါ့နော်။ အဲဒီအခါကြတော့ သူမပါတော့ဘူး ဆိုရင်လည်း အရှိန်အဟုန် မပြင်းပေမယ့်လည်း တဖြေးဖြေးနဲ့တော့ ပြောင်းလဲသွားနိုင်မယ်လို့ မျှော်လင့်တယ်။

မေး ။        ။ ဒါဆို နိုင်ငံတကာကြတော့ရော ဘယ်လိုမြင်မလဲ၊ ‌‌ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ အခင်းအကျင်း အပေါ်။

ဖြေ ။        ။ နိုင်ငံတကာလည်း ဒီလိုပါပဲ။ ဟိုတုန်းက ဒေါ်အောင်ဆန်းစုကြည် မရှိခင်တုန်းကလည်း ကျနော်တို့ နိုင်ငံက ရပ်တည်ခဲ့ကြတယ်လေ။ အခု သူမရှိပြီး နောက်ပိုင်းမှာလည်း တဖြေးဖြေးနဲ့တော့ နစကကို ပြန်ကြည့်ရင် သိပါတယ်။

သူက အစတုန်းက အကုန်ပိတ်ဆို့မှု လုပ်တယ်။ တဖြေးဖြေးနဲ့တော့ နိုင်ငံတကာ သံရေးတမန်ရေး အခင်းအကျင်း တွေ အောင်မြင်လာတယ်။ နောက်နိုင်ငံရေးတွေ အောင်မြင်လာတယ်ပေါ့။ အဲဒီလိုပဲ လုပ်ရင်း လုပ်ရင်းနဲ့တော့ ဖြစ်သွားနိုင်ပါတယ်။