CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာတွင် ဥရုချောင်းကြီးဒေသလုံးဆိုင်ရာ တိုင်းလျမ်(သျှမ်းနီ)ရိုးရာကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲနှင့် နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်ထိ ကျင်းပလျက်ရှိသည်။

အဆိုပါ ရှမ်းနီရိုးရာ ကောက်သစ်စားပွဲကို ထိန်ကုန်းကျေးရွာအုပ်စု ၁၉ အုပ်စု ပူးပေါင်း၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ရှမ်းနီတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ စုစည်းနေထိုင် ကြပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရှမ်းနီနယ်မြေများ ၂ ပိုင်းခွဲခံ လိုက်ရသည့်အတွက် တစ်စုတစ်စည်းတည်း မရှိတော့ဘဲ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ရှမ်းနီတိုင်းရင်းသားများသည် ရှမ်းပြည်နယ်ရရှိရေး တောင်းဆိုနေကြသော လူမျိုးဖြစ်သည်။
