CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မလေးရှား နိုင်ငံသူ/သားများကိုတွေ့ရစဉ်

ကိုဗစ်ကူးစက်မှု ပိုမို မြင့်တက်လာ၍ အထူးဂရုစိုက်ကြရန် မလေးရောက်မြန်မာများ သတိပေး

By CNI
CNI
Category: ကျန်းမာရေး
Hits: 3528

CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀

မလေးရှားနိုင်ငံတွင် ဧပြီလ ၈ ရက်နေ့မှစတင်ကာ ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှုများ ပိုမိုမြင့်တက်လာသဖြင့် မြန်မာနိုင်ငံသား အလုပ်သမားများ၊ ဒုက္ခသည်များ အထူးဂရုစိုက်ကြရန် မလေးရှားရောက် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ ဧပြီ ၈ ရက်နေ့အထိ ၁၄ ရက်တာ ကာလအတွင်း အတည်ပြုထားသော ကိုဗစ်ကူးစက်ခံရသူဦးရေသည် ၈၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ပြန်မြင့်တက် လာခဲ့သည့်အပြင် သေဆုံးမှုမှာလည်း ၂၅ ရာခိုင်နှုန်းတိုးလာကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သည့် CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ထို့အပြင် နှာခေါင်းစည်းများကို ပြန်လည်တပ်ဆင်ကြရန် ကျန်းမာရေးအာဏာပိုင်များက လူထုအား တိုက်တွန်း ထားသည့်အတွက် မလေးရှားတွင် နေထိုင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိပြု ဂရုစိုက်ကြရန် မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရှိ စက်ရုံတစ်ခုကိုတွေ့ရစဉ်

ဦးဘာဘူကြီးက “စက်ရုံတွေမှာဆိုရင်လည်း ကွက်ကြား ကွက်ကြား မြန်မာနိုင်ငံသားတွေထဲကလည်း ဖြစ်နေတာ ပဲ။ ဒီလို အနေအထားမျိုးမှာ အရင်လို mask တို့ဘာတို့ ပြန်သုံး၊ လက်တွေဘာတွေ အမြဲတမ်း ဆေးကြောပြီးတော့ social distance အရင်လို ပြန်ပြီးတော့ နေကြရင် ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ အခုက ဟိုအရင်ကလို နေ့စဉ်နဲ့အမျှ တစ်ရက် တစ်ရက် ဘယ်လောက် ကူးစက်တယ်ဆိုတာကို အတိအကျ တင်ထားတာတွေ မရှိတော့ ဘူး။ သို့ပေမယ့်လည်း ကူးစက်မှုက ပြန်မြင့်လာနေတဲ့ အနေအထားမျိုးမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်တာ အကောင်း ဆုံးပေါ့နော်။ အခု အနေအထားမျိုးမှာတော့ မလေးရှားအစိုးရ အာဏာပိုင်တွေကလည်း နည်းနည်း ပူပန်မှုတော့ ရှိတာပေါ့။ ဘာလို့ဆို ဒီရက်ပိုင်း အတွင်းမှာပဲ သူတို့ရဲ့ ဟာရီရာယဟာဂျီ(အိဒ်နေ့) နှစ်ကူးကလည်း လာတော့မယ်။ အဲဒီအတွက်ကို သူများတွေ ကလည်း ရွာပြန်တာတို့ လူအများကြီး တွေ့ပြီးတော့ ဆုတောင်းပွဲတို့ ဘာညာ လုပ်တာ တို့ ရှိတာပေါ့နော်။ အဲဒီအတွက် ဒီဟာရီရာပြီးရင် ဒီကူးစက်မှုက များလာလို့ရှိရင်တော့ ဘာတွေဖြစ်မလဲ ဆိုတာ လည်း မသိသေးဘူး။ ဒါပေမယ့် ကျနော့်စိတ်ထင်တော့ ထိန်းထိန်းသိမ်းသိမ်းတော့ ရှိမယ်လို့တော့ ထင်တာပဲ။ lockdown တို့ ဘာတို့ အနေအထားမျိုးတော့ သူတို့လည်း အဖြစ်ခံတော့မှာ မဟုတ်ပါဘူး။ သူတို့လည်း အခုမှ စပြီး တော့ စီးပွားရေး ပြန်ဦးမော့ဖို့ ဦးတည်နေတဲ့ အနေအထားမျိုးမှာ ဒီလိုမျိုး ထိခိုက်ဖို့ အတွက်တော့ သူတို့လည်း အထိအခိုက်ခံမှာ မဟုတ်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မလေးရှား ကျန်းမာရေး အာဏာပိုင်များက နှာခေါင်းစည်းများအား အများပြည်သူ သယ်ယူပို့ဆောင် ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဌာနများတွင် မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း ကျန်နေရာများတွင် တပ်သင့်သည်ဟုသာ တိုက်တွန်းထားပြီး မဖြစ်မနေ တပ်ရမည်ဟု ပြောဆို ထားခြင်း မရှိပေ။

မလေးရှားနိုင်ငံ၏ ကိုဗစ်ကူးစက်မှုသည် ယခုထက် ပို၍ မြင့်တက်လာမည်ဆိုပါက လုပ်ငန်းခွင်များသို့ ထိခိုက် မှုများ ရှိလာနိုင်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာန သို့ ပြောသည်။

မလေးရှား နိုင်ငံသူ/သားများကိုတွေ့ရစဉ်

ဦးညီညီလွင်က “ကူးစက်နှုန်းက ဘယ်လောက်များလာမလဲ၊ သေတဲ့ရာခိုင်နှုန်းက ဘယ်လောက် များလာမလဲ ဆို တဲ့ အဲဒီအပေါ်မှာ မူတည်မှာပေါ့။ အထူးသဖြင့်ကတော့ အားလပ်ရက်ဆိုတဲ့ အခါကျတော့ အစိုးရရုံးကလည်း ၃၊ ၄ ရက်ပိတ်တယ်၊ ခရီးသွားလာမှုများတယ်၊ ကျနော်တို့ဆီမှာ သင်္ကြန်လိုမျိုးပေါ့ သူတို့ဆီမှာလည်း ဥပုသ်ထွက်တဲ့ ရက်တွေဆိုတော့ လူအုပ်လိုက် သွားလာမှုတွေ များတဲ့အခါကျတော့ ကူးစက်မှုကတော့ ဒီရက်ပိုင်းအတွင်းမှာ နည်း နည်းလေး များလာနိုင်တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းတစ်ချက် စောင့်ကြည့်ရမှာပေါ့နော်။ တချို့ ကူးစက်မှုများ တဲ့ နေရာတွေကျတော့ အကွက်လိုက် အကွက်လိုက် အစိုးရကနေ ခရီးသွားလာတို့၊ ဆိုင်ဖွင့်တာ စားသောက်ဆိုင် တို့၊ နောက်လုပ်ငန်းခွင်တို့ အဲဒါတွေ ပိတ်တာတွေတော့ ရှိတာပေါ့နော်။ လောလောဆယ်တော့ အဲဒီအဆင့်ထိ တော့ မရောက်သေးပါဘူး” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ကိုဗစ် စတင်ဖြစ်ပွားသည့် အချိန်က မြန်မာနိုင်ငံသားများ အနေဖြင့် အလုပ်အကိုင် ရှားပါးခြင်း၊ အလုပ် မရရှိခြင်းများကြောင့် ဝင်ငွေမရှိသဖြင့် စားဝတ်နေရေးပိုင်းများတွင် အင်မတန် အခက်အခဲများ ဖြစ်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ ကာလများတွင် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းအလိုက် ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင် ခဲ့ရကြောင်းလည်း သိရသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

စာချုပ်နဲ့ ပတ်သက်တဲ့ သတင်းတွေက အဓိပ္ပါယ်မရှိဘူးလို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: Watch TV
Hits: 938

Share
Tweet
Share
Share
powered by social2s

လိုင်စင်အသစ် မချပေးသည့်အတွက် နယ်စပ်ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 988

Share
Tweet
Share
Share
powered by social2s

အင်းလေးရေပေါ်သင်္ကြန်လုပ်မည်၊ ခရီးသွားများအားဆွဲဆောင်ရန် အချိန်မမီ

By CNI
CNI
Category: Watch TV
Hits: 993

Share
Tweet
Share
Share
powered by social2s

လက်ရှိ ကမ္ဘာ့အခြေအနေအပေါ် ကြောက်သည်ဟု ဆားဘီးယားခေါင်းဆောင် ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 954

Share
Tweet
Share
Share
powered by social2s
ယခင်က ကျင်းပခဲ့သည့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်

အင်းလေးရေပေါ်သင်္ကြန်လုပ်မည်၊ ခရီးသွားများအားဆွဲဆောင်ရန် အချိန်မမီ

By CNI
CNI
Category: စီးပွားရေး
Hits: 1470

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရသည့် ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးရေပေါ်သင်္ကြန်အား လာမည့် သင်္ကြန် ကာလတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများအား ဆွဲဆောင်ရန် အချိန်မမီတော့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

အင်းလေးရေပေါ်သင်္ကြန်ကျင်းပပြုလုပ်မည့်အကြောင်းအား ပြည်ပခရီးသွားများ သိရှိပြီး လာရောက်လည်ပတ် နိုင်ရန် ကြော်ငြာများဖြင့် ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ရမည်ဖြစ်သော်လည်း လက်ရှိတွင် ရက်နီးကပ်မှသာ သိရှိရသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှု၌ အားနည်းကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။

“အမှန်တကယ်ဆိုရင် ဒါလုပ်မယ်ဆိုတာလည်း တိတိကျကျ Plan တွေ ဘာတွေနဲ့ သေချာသိရပြီဆိုလည်း ဟိုတယ်တွေအနေနဲ့ ဒီသင်္ကြန်package ရောင်းတာမျိုးတွေ ဘာတွေ အဲဒီလိုမျိုးတွေ သူတို့လုပ်နိုင်တာပေါ့။ အခုကလည်း အနားကပ်မှပဲ စီစဉ်ပြီးတော့လုပ်တဲ့ပုံစံမျိုး ဖြစ်တဲ့အခါကျတော့ ကြော်ငြာတဲ့ အပိုင်းလေးတွေမှာ လုပ်ငန်းရှင်တွေဘက်ကလည်း package ရောင်းတဲ့အပိုင်းလေးတွေမှာ နည်းနည်း အားနည်းသွားမယ်ထင်တယ်။ ဒီသင်္ကြန်လုပ်မယ်ဆိုတာမျိုး စောကတည်းက ကြိုပြီးတော့ announce လုပ်ထားမယ်ဆိုရင် ခရီးသွားလုပ်ငန်း ရှင်တွေဘက်ကလည်း သင်္ကြန်package တွေဘာတွေ ရောင်းတဲ့အခါမှာ ရေပေါ်သင်္ကြန် package တွေ ဘာတွေ ရောင်းလို့ရတာပေါ့။ အဓိကကတော့ သိအောင်လုပ်ရမှာပေါ့။ သိအောင်လုပ်ပြီးရင် လာဖို့လွယ်အောင် လုပ်ပေး ရမှာပေါ့။ ပြီးလို့ရှိရင် စိတ်ဝင်စားအောင် လုပ်ပေးရမှာပေါ့။ ဒါမှ ဧည့်သည်လာဖို့ဆိုတာကလည်း အရင်ဆုံး သိမှ ဖြစ်မှာပေါ့။ ဒီ သင်္ကြန်ရှိတယ်ဆိုတာ ဘယ်လိုသိအောင်လုပ်မလဲ။ အဲဒါမှ နိုင်ငံခြားသား ဧည့်သည်တွေ လာဖို့ ဆိုတာ အခြေခံအချက်လေးတွေရှိတာပေါ့။ အဲဒီလိုကျယ်ကျယ်ပြန့်ပြန့်လုပ်တဲ့အပိုင်းမှာတော့ အားနည်းတယ် ဒီရေပေါ်သင်္ကြန်က။ ဒီထက်ပိုပြီးတော့တော့ ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်တဲ့ ပုံစံမျိုးလေးတွေတော့ လုပ်သင့် တာပေါ့။ ဖြစ်သင့်တာကတော့ ကမ်ပိန်းတို့ ပရိုမိုးရှင်းတို့ အဲဒီလိုမျိုးလေးတွေ လုပ်သင့်တာပေါ့။ package ရောင်းတာမျိုးတွေ လုပ်သင့်တာပေါ့။ လုပ်ဖြစ်မလုပ်ဖြစ်ဆိုတာက အချိန်နည်းနည်းကပ်မှ သိရတာလည်း တစ်ကြောင်းပေါ့” ဟု ၎င်းက ပြောသည်။

ရေပေါ်သင်္ကြန်ပွဲတော်

အင်းလေးရေပေါ်သင်္ကြန်အား ကိုဗစ်ကာလအလွန်ပြီးနောက် ယခုနှစ်တွင် ပထမဆုံး ပြန်လည် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် မဏ္ဍပ်များ၊ ဖောင်များအား ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ညောင်ရွှေမြို့သည် ယခင်ကတည်းက ပြည်ပခရီးသွားဈေးကွက်ဖြစ်သောကြောင့် ကိုဗစ်မတိုင်ခင်ကာလများက ကျင်းပပြုလုပ်သည့် အင်းလေးရေပေါ်သင်္ကြန်များတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ သိန်းနှင့်ချီ၍ ပါဝင်ဆင်နွှဲ ခဲ့ကြကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်းများအသင်းမှ သိရသည်။

သို့သော် လက်ရှိတွင် ပြည်ပခရီးသွားများထက် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ရန်သာ မျှော်လင့် ရကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

အင်းလေးရေပေါ်သင်္ကြန်မဏ္ဍပ်

“အဓိကက ကျနော်တို့ သင်္ကြန်လအတွင်းမှာ ပြည်တွင်းခရီးသွားအတွက်က အရေးကြီးပါတယ်။ ပြည်တွင်း ခရီးသွားမှာကျတော့ ပြည်တွင်းခရီးစဉ်တွေ အကုန်လုံးက သင်္ကြန်ကာလပြီးရင် နောက်ဆုံးပေါ့။ ဒီနောက်ဆုံး မရောက်ခင်အတွင်းမှာ ခရီးစဉ်တွေ အကုန်လုံးရောင်းချရတာမျိုးတွေ အကုန်လုံးတွေရှိပါတယ်။ ဒီဘက်ကို ကျနော်တို့ ကြိုတင်ပြင်ဆင်ပြီးတော့ ခရီးစဉ်တွေလည်း အကုန်ရောင်းချပြီးပြီ။ အခုလိုမျိုး ရိုးရာသင်္ကြန်ပွဲတွေ ရှိတဲ့အတွက်ကြောင့် ပြည်တွင်းခရီးစဉ်တွေ၊ ပြည်တွင်းခရီးသွားတွေ အကုန်လုံးက ရှမ်းပြည်နယ်နဲ့ ဒီအင်းလေး ဒေသပေါ့နော် သူနဲ့ဆက်စပ်နေတဲ့ ခရီးစဉ်တွေဖြစ်တဲ့ ကလောတို့ ပင်းတယတို့ အထိပါ ခရီးသည်တွေ သွားရောက် မှု ပိုမိုများပြားလာပါလိမ့်မယ်။ ဒါကတော့ ကျနော်တို့ ခရီးသွားလုပ်ငန်းရှင်တွေတင် မကဘဲနဲ့ ဒေသအတွင်းက လူတွေရဲ့ ဒီခရီးစဉ်အတွင်းမှာ အမှတ်တရပစ္စည်းရောင်းချတာတွေက အစပေါ့ သင်္ကြန်ကာလအတွင်းမှာရှိတဲ့ ခရီးစဉ်တွေအပေါ်မှာ ဝင်ငွေတွေ အများကြီး ရရှိကြပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် သင်္ကြန်ပိတ်ရက်ကာလများ၌ ပြည်တွင်းခရီးသွားများအနေဖြင့် အပန်းဖြေခရီးသွားလာရန် ရွေးချယ် ထားကြသည့်နေရာဒေသများထဲတွင် ကမ်းခြေဒေသများ၊ ရှမ်းပြည်နယ်၊ မန္တလေးနှင့် ပုဂံခရီးစဉ်တို့ အများဆုံး ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်းများအသင်းထံမှ သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

သင်္ကြန်ရုံးပိတ်ရက်ကာလ စစ်တွေမှ ရန်ကုန်ပြန်သည့် ခရီးသွားနည်း၍ ယာဉ်စီးခတိုးမြှင့်

By CNI
CNI
Category: Watch TV
Hits: 1021

Share
Tweet
Share
Share
powered by social2s
ဆားဘီးယား သမ္မတ အလက်ဇန္ဒားဗူချိကိုတွေ့ရစဉ်

လက်ရှိ ကမ္ဘာ့အခြေအနေအပေါ် ကြောက်သည်ဟု ဆားဘီးယားခေါင်းဆောင် ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1561

CNI International News

ဘဲလ်ဂရိတ်၊ မတ်လ ၂၉

လက်ရှိ ကမ္ဘာတွင် ဖြစ်ပွားနေသည့် အရာများအပေါ် အင်မတန် ကြောက်သည်ဟု ဆားဘီးယား သမ္မတ အလက် ဇန္ဒား ဗူချိ(Aleksandar Vucic)က အင်္ဂါနေ့တွင် ပြောခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

အကောင်းမြင်ဝါဒီ တစ်ဦးမဟုတ်ဘဲ နိုင်ငံငယ်လေးတစ်ခုမှ မထင်မရှား ခေါင်းဆောင်တစ်ဦးသာ ဖြစ်ကြောင်း၊ ဥရောတွင် အရာအားလုံးကို ပိုသိသည့် အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ ရှိနေကြောင်း ဗူချိက ဂရိသမ္မတ ကာတီရီနာ ဆာကဲလ်လာရိုပိုလူး (Katerina Sakellaropoulou) နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

အကျိုးဆက်များက ယခင်က ကြုံခဲ့ဖူးသည်များထက် များစွာ ပိုမိုဆိုးရွားနေမည်ကို ထိတ်လန့်မိ သည်ဟုလည်း ၎င်းက ပြောသည်။

ဂရိသမ္မတ ကာတီရီနာ ဆာကဲလ်လာရိုပိုလူးနဲ့ ဆားဘီးယား သမ္မတ အလက်ဇန္ဒားဗူချိကိုတွေ့ရစဉ်

နိုင်ငံငယ်လေး တစ်ခုမှ မထင်မရှား ခေါင်းဆောင်တစ်ဦး အနေဖြင့် နိုင်ငံကြီးများမှ အင်အားကြီး ခေါင်းဆောင်များသည် ပိုသိကာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း၊ ဆားဘီးယား အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗူချိက အခိုင်အမာ ပြောခဲ့သည်။

ယူကရိန်းပဋိပက္ခသည် လာမည့် ငါးလမှ ခြောက်လအတွင်း ပိုမိုဆိုးရွားလာကာ ထိန်းချုပ်မရသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဟု ဗူချိက ဖေဖော်ဝါရီလတွင် ထင်မြင်ချက် ပေးခဲ့ဖူးသည်။

ယူကရိန်းသို့ တင့်ကားများ ထောက်ပံ့ပေးမည့် ဆုံးဖြတ်ချက်ပြီးလျှင် F-16 ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ ပေးမည့် အစီအစဉ်များပါ ပေါ်ပေါက်လာလိမ့်မည်ဟု သမ္မတက ယုံကြည်ထားသည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါကိုတွေ့ရစဉ်

ယူကရိန်းသို့ MiG-29 တိုက်လေယာဉ် ၁၃ စင်းပေးရန် စလိုဗက်ကီးယားအစိုးရက မတ်လ ၁၇ ရက်နေ့တွင် အတည်ပြု ပေးခဲ့သည်ဟု ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါ(Eduard Heger)က ပြောသည်။

တစ်ချိန်တည်းမှာပင် လေယာဉ်များသည် ကာကွယ်ရေးအတွက်သာ ဖြစ်ပြီး တိုက်ခိုက်ရေးအတွက် မဟုတ် ကြောင်းလည်း ၎င်းက အခိုင်အမာ ပြောခဲ့သည်။

ယူကရိန်းအား MiG-29 များပေးခြင်းဖြင့် အီးယူထံမှ ဒေါ်လာ သန်း ၉၀၀ ခန့် ပြန်ရမည်ဟု မျှော်လင့် ထားကြောင်း လည်း ဆလိုဗက်ကီးယား ကာကွယ်ရေးဌာနက ကြေညာထားသည်။

အစောပိုင်းတွင်လည်း ပိုလန်အာဏာပိုင်များက ၎င်းတို့အနေဖြင့် ယူကရိန်းသို့ MiG-29 များပို့ပေးရန် စီစဉ်နေကြောင်း ပြောဆိုထားသည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဧရာ၀တီဘဏ်မှာ ငွေထုတ်ရန် စောင့်နေသူများကိုတွေ့ရစဉ်

အနောက်နိုင်ငံဘဏ်တချို့ ပြိုလဲနေသော်လည်း မြန်မာ့ဘဏ်များ မပြိုနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1424

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄

အနောက်နိုင်ငံများဖြစ်ကြသည့် အမေရိကန်နိုင်ငံနှင့် ဆွစ်ဇလန်ဘဏ်တချို့ ပြိုလဲမှု ရှိခဲ့သော်လည်း မြန်မာနိုင်ငံ အပေါ် သက်ရောက်မှု မရှိနိုင်သလို မြန်မာနိုင်ငံရှိ ဘဏ်များအနေဖြင့် ပြိုလဲမှု မဖြစ်နိုင်ကြောင်း စီးပွားရေးလေ့လာ သူများက ပြောသည်။

မြန်မာနိုင်ငံတွင် ဘဏ်များအားလုံးအတွက် ဗဟိုဘဏ်က အာမခံချက် ပေးထားသည့်အတွက် ပြည်တွင်းဘဏ်များ ပြိုလဲတော့မည့် အချိန်တွင် ဗဟိုဘဏ်မှ ရှင်းပေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲ ဖြစ်ပွားသည့် အချိန်တွင်ပင် ပြည်တွင်းဘဏ်များ မပြိုလဲခဲ့သည့်အတွက် လက်ရှိအချိန်တွင်လည်း ဘဏ်များ မပြိုလဲနိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသက်ဇော်က “ဒါကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ basically တော့ မတူဘူးပေါ့နော်။ မြန်မာနိုင်ငံမှာတော့ ဘဏ်အားလုံးအတွက်ကို ဗဟိုဘဏ်က အာမခံချက် ပေးထားတယ်။ အကယ်လို့ ဘဏ် Crisis ဖြစ်ခဲ့ရင်တောင်မှ ဗဟိုဘဏ်က ရှင်းပေးမယ်ဆိုတဲ့ဟာက ရှိတယ်လေ။ ဘဏ်အပ်ငွေတော့ မဆုံးရှုံးစေရဘူး။ အဲဒီအတွက် ဘာမှ စိတ်ပူ စရာ မရှိဘူး။ သာမန် အနေအထားအရတော့ ဘာမှစိုးရိမ်စရာ မရှိဘူးလို့ ဆရာတို့တော့ ယူဆပါတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်အချိန်တုန်းကတောင်မှ Crisis ဖြစ်ခဲ့တာတောင်မှ ဘဏ်တွေ မပြိုလဲ အောင် ထိန်းခဲ့သေးတာပဲ။ ဒီလိုသာမန် အခြေအနေမှာ ပိုပြီးတော့တောင် မဖြစ်နိုင်ဘူးလို့ ဆရာတို့တော့ ယူဆပါ တယ်။ သတ်မှတ်ထားတဲ့ အပ်ငွေထက်စာရင် ပိုပြီးတော့ lone တွေ ချေးထားတယ် ပြန်မပေးနိုင်ဘူးဆိုတဲ့ အခြေ အနေ ဆိုရင်တော့ ဘာပဲပြောပြော အဲဒီအခြေအနေတော့ ဒါလည်း အဲဒီလိုမဖြစ်အောင် ဗဟိုဘဏ်က အနည်းဆုံး နေ့စဉ် report လုပ်ပြီး ထိန်းချုပ်နေတာပဲလေ။ ဆရာတို့ အခု ချေးထားတဲ့ ပိုက်ဆံတွေကို လုံးဝ ပြန်မဆပ်နိုင်တဲ့ တစ်နေ့ကျရင်တော့ ဒါနည်းနည်းတော့ ပြဿနာ ရှိလာနိုင်တာပေါ့” ဟု ပြောသည်။

KBZ ဘဏ်မှာ ငွေထုတ်ရန် စောင့်နေကြသူများကိုတွေ့ရစဉ်

မြန်မာပြည်ဘဏ် အနေဖြင့် လုပ်ငန်းချေးငွေ ပြဿနာကို ခေတ်အဆက်ဆက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင် ခဲ့သည့်အတွက် ဘဏ်ပြိုလဲမှုများ မဖြစ်ပွားခဲ့သော်လည်း ထိုပြဿနာကို ဖြေရှင်းရန် လိုအပ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ဦးဌေးအောင်ကြည်က “ဒီက ဘဏ်တွေက ပြဿနာက နိုင်ငံတကာက ရိုက်ခတ်မှုကတော့ ဒါက တစ်ကိစ္စ၊ သူက ပထမ မူလမှာကိုက သူ့မှာက ပြဿနာ ရှိတာပေါ့။ ဒီက မြန်မာပြည်မှာက ရှိနေတာက ဘာလဲဆိုတော့ လုပ်ငန်းနဲ့ ချေးငွေ MPL ဆိုတာ ရှိတယ်လေ ဒီပြဿနာ၊ ဒါကို ထိန်းထိန်းသိမ်းသိမ်း၊ ပါးပါးနပ်နပ်နဲ့ အဆင်ပြေအောင် စီမံ ခန့်ခွဲနေလို့သာ အခြေအနေက မဆိုးသွားတာကိုး။ ဒါက လက်ရှိ နိုင်ငံတကာကိစ္စနဲ့ မဆိုင်တဲ့ကိစ္စပဲ။ ဒီအခံက နဂိုကတည်းက ရှိနေတာပေါ့။ တစ်ခုရှိတာက နိုင်ငံတကာက ဘဏ်တွေ ပြိုလဲတာ ဒီကို ရိုက်ခတ်မလား ဆိုတာ တော့ အခုက နိုင်ငံတကာနဲ့ transition လုပ်တဲ့ကိစ္စက သိပ်မရှိဘူးလေ လောလောဆယ် အနေအထား။ ပြော ပလောက်အောင် ရှိနေတာက အခုက မရှိဘူးလေ။ အဲတော့ နိုင်ငံတကာရဲ့ ပြိုလဲမှုက ဒီကို ရိုက်ခတ်နိုင်မယ့် သက်ရောက်မှုကတော့ ဆရာထင်တာတော့ သိပ်မရှိဘူး။ ဒီက အဓိက ပြဿနာက လက်ရှိ ရှိပြီးသာပြဿနာ ကိုယ့် ပြဿနာကို ဘယ်လို ရှင်းမလဲဆိုတာတော့ ပိုအရေးကြီးတာပေါ့” ဟု ပြောသည်။

ဘဏ်တစ်ခုမှာ ငွေကြေးလည်ပတ်နေစဉ်

မြန်မာပြည် အတွင်းရှိ ဘဏ်များ ပြိုလဲမသွားစေရန်အတွက် ဗဟိုဘဏ်မှ ထိန်းသိမ်းနေမှုများ ရှိသော်လည်း မပြို လဲအောင် နောက်ခံငွေကြေး အလုံအလောက်ရှိရန် လိုအပ်ကြောင်း၊ ထို့နောက် စီးပွားရေး ပတ်ဝန်းကျင်၊ နိုင်ငံရေး နှင့် ဥပဒေပတ်ဝန်းကျင် ရေရှည်ကောင်းမွန်ရန်အတွက် ကျွမ်းကျင်သူများပေါင်း၍ နည်းစနစ်များ၊ မူဝါဒများ သေ သေချာချာ ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်တွင်းဘဏ်လုပ်ငန်း လည်ပတ်မှုများ နှောင့်နှေးခဲ့ရပြီး အပ်နှံထားသည့် ငွေများလည်း အကန့်အသတ်ဖြင့်သာ ထုတ်နေရသည့် အခြေအနေ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။

သို့သော်လည်း ယခင်ကထက် ပမာဏပို၍ များလာသည့်အတွက် ဘဏ်လည်ပတ်မှု အလားအလာ ပြန်လည် ကောင်းမွန်လာသည်ဟု သုံးသပ်၍ ရသော်လည်း ပုံမှန်အနေအထားသို့ ရောက်ရှိပြီဟု သုံးသပ်၍ မရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လမ်းခရီးကြန့်ကြာမှုကြောင့် စက်သုံးဆီပြတ်လပ်မှု ရခိုင်နှင့်မွန်မှာ ဖြစ်ပေါ်နေ

By CNI
CNI
Category: Watch TV
Hits: 997

Share
Tweet
Share
Share
powered by social2s

OWIC ကတ် နေ့ချင်းပြီး ထုတ်ပေးမှုက ပွဲစားများလျော့ကျသွားနိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 1040

Share
Tweet
Share
Share
powered by social2s

မန္တလေးပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်ကို အခွန်ဆောင်စရာမလိုဘဲ ဆောက်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 974

Share
Tweet
Share
Share
powered by social2s

ထိုင်းအစိုးရမှ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ ထပ်မံခေါ်ယူရန် စီစဉ်နေ

By CNI
CNI
Category: Watch TV
Hits: 1003

Share
Tweet
Share
Share
powered by social2s

စင်ခွန်- မောတောင်ဂိတ်တွင် ရေထွက်ကုန်တချို့ကို ကန့်သတ်မည်ဟု ထိုင်း သတိပေး

By CNI
CNI
Category: Watch TV
Hits: 993

Share
Tweet
Share
Share
powered by social2s

ဂျပန်ဝန်ကြီးချုပ်က အင်ဒို-ပစိဖိတ် စီမံကိန်းသစ်ကို အိန္ဒိယတွင် ထုတ်ပြန်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 961

Share
Tweet
Share
Share
powered by social2s

မလေးရှားတွင် ပတ်စပို့ရက်ချိန်း ၂၀၂၄ အထိ ရောက်နေ၍ မြန်မာများအခက်တွေ့

By CNI
CNI
Category: Watch TV
Hits: 1022

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 5 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar