CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မွန်ပြည်နယ်တွင် ရော်ဘာထွက်ရှိမှု ယခင်နှစ်ထက် လျော့ကျနေ

By CNI
CNI
Category: Watch TV
Hits: 912

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင် CI စာအုပ်ထုတ်ပေးခြင်းက ပွဲစားများအတွက် ဖြစ်နေဟု ဆို

By CNI
CNI
Category: Watch TV
Hits: 938

Share
Tweet
Share
Share
powered by social2s

ကန်ပိုက်တီကုန်သွယ်ရေးတွင် ငှက်ပျောတင် ကွန်တိန်နာကားများ တန်ဆာခလျှော့ခံရ

By CNI
CNI
Category: Watch TV
Hits: 855

Share
Tweet
Share
Share
powered by social2s
ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတွင် ကုန်ကားများကိုတွေ့ရစဉ်

ကန်ပိုက်တီကုန်သွယ်ရေးတွင် ငှက်ပျောတင် ကွန်တိန်နာကားများ တန်ဆာခလျှော့ခံရ

By CNI
CNI
Category: စီးပွားရေး
Hits: 1550

ကန်ပိုက်တီကုန်သွယ်ရေးတွင် ငှက်ပျောတင် ကွန်တိန်နာကားများ တန်ဆာခလျှော့ခံရ

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခု ဖြစ်သည့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် တစ်သျှူးငှက်ပျော တင်ပို့နေသည့် ကွန်တိန်နာ တွဲကားများသည် တန်ဆာခများ ယခင်နှစ်ကထက် လျှော့ယူနေရသည်ဟု ကန်ပိုက်တီ ကုန်ကားမောင်းနှင်သူများထံမှ သိရသည်။

ထိုသို့ တန်ဆာခ ဈေးနှုန်းများ ရရှိမှု လျော့ကျသွားသည့်အတွက် ကုန်ကားသမားများနှင့် ကားပိုင်ရှင်များအတွက် အကျိုးအမြတ်ရရှိမှုမှာ နည်းပါးသွားကြောင်း၊ ကားပြင်ဆင်ရမည်ဆိုပါက ဆုံးရှုံးမှု ရှိနိုင်ကြောင်း ကုန်ကားပိုင်ရှင် တစ်ဦးဖြစ်သည့် ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကုန်ကားများကိုတွေ့ရစဉ်

၎င်းက “ဘယ်လောက် ဖြစ်သွားလဲဆိုရင် ၇၀၀၀(ယွမ်)တို့၊ ၇၃၀၀ တို့ အဲလောက် ဖြစ်သွားတယ်။ ခြင်းတွဲကတော့ ၈၀၀၀ ပါပဲ။ အရင်တုန်းကတော့ ၈၀၀၀၊ ၈၅၀၀၊ ၉၀၀၀ အဲလိုရတယ်၊ ၁ သောင်း သူ့နေရာနဲ့ သူလေ။ ၁၃၀၀၀ အခု နှစ်ကတော့ နည်းတယ်။ ဈေးကတော့ အရင်နှစ်ကထက်စာရင် တော်တော်လေးကို ပြုတ်ကျတယ်။ ရှုံးတာတော့ မရှုံးဘူး အကျန်နည်းသွားတာပေါ့နော်။ အရင်တုန်းက ၁၂ သိန်း(ကျပ်)၊ ၁၃ သိန်း အဲလိုကျန်မယ်ဆို အခုကတော့ ၈ သိန်း၊ ၈ သိန်းခွဲ အဲလိုပေါ့။ ကားဘာမှမဖြစ်ဘူးဆိုရင်တော့ ကောင်းတာပေါ့။ ကားတစ်ခုခုဖြစ်ပြီး လုပ်လိုက်ရတယ် ဆိုရင်တော့ အရှုူံးပေါ်သွားပြီလေ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြည်နယ်အစိုးရအဖွဲ့များနှင့် တစ်သျှူးငှက်ပျောကုမ္ပဏီများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ် သူများအသင်းတို့ ညှိနှိုင်းအစည်းအဝေး၌ ကုန်စည်ပို့ဆောင်ရေး တန်ဆာခများကို လျှော့ချ သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ကုန်ကားသမားများက ပြောသည်။

အဆိုပါ တန်ဆာခဈေးနှုန်းများ လျော့ကျသွားခြင်းသည် လက်ရှိတွင် ငှက်ပျောထွက်ရှိမှု နည်းပါးနေသည့်အတွက် ကုန်ကားလိုအပ်ချက် နည်းပါးနေခြင်းကြောင့်လည်း ပါဝင်နိုင်ကြောင်း၊ တရုတ် နှစ်သစ်ကူးအလွန် ကာလတွင် ငှက်ပျောများ လှိုင်လှိုင်ပေါ်မည် ဖြစ်သည့်အတွက် တန်ဆာခများ ဈေးနှုန်း တိုးလာနိုင်ကြောင်း ကုန်ကားသမား တစ်ဦးဖြစ်သည့် ကိုသော်တာအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကုန်ကားများကိုတွေ့ရစဉ်

၎င်းက “မနှစ်တုန်းက သူတို့က ကျနော်တို့ ကားလိုအားများတော့ ဈေးခေါ်တာပေါ့ဗျာ။ အခု ဒီနှစ်က ငှက်ပျောက လည်း ထွက်တာ သိပ်မများသေးဘူးဆိုတော့ ကျနော်တို့ဘက်က လိုအား ဖြစ်သွားတာပေါ့။ ခြံရှင်ဘက်က လိုအား မဟုတ်တော့ဘဲ ကျနော်တို့ဘက်က လိုအားဖြစ်သွားတော့ သူတို့ပေးတဲ့ဈေးနဲ့ လိုက်တင်ရသလို ဖြစ်သွားတာ ပေါ့ဗျာ။ မနှစ်တုန်းက ကျနော်တို့ ကုန်ကားသမားတွေဘက်က နည်းနည်း သူတို့လိုအားများတော့ နည်းနည်း မာလို့ ရတာပေါ့။ အဲအခါကျတော့ အဲလိုရတာပေါ့။ ဒီနှစ်သစ်ကူး ပြီးရင်တော့ အများကြီး ထွက်လာမယ် အဲလိုမျိုး ဆိုရင် တော့ ကားတွေလည်း အခေါက်ရေတွေ ရလာမှာပေါ့။ အဲဒီအခါကျ သူတို့လိုအား များလာရင် ကားခတွေ တိုးပေး လာနိုင်ခြေတော့ ရှိတာပေါ့ဗျာ” ဟု ပြောသည်။

လက်ရှိတွင် ငှက်ပျောထွက်ရှိမှု နည်းပါးနေသည့်အတွက် ကုန်ကားသမားများ အနေဖြင့် တစ်လလျှင် ၂ ခေါက်သာ ပြေးဆွဲနေရကြောင်း၊ ကိုဗစ် ကန့်သတ်ချက်များ မရှိတော့သည့်အတွက် ငှက်ပျောလှိုင်လှိုင် ပေါ်ချိန်တွင် အခေါက် ရေများ တိုးလာနိုင်ပြီး ဝင်ငွေများလည်း ကောင်းမွန်လာမည်ဖြစ်သည်ဟု ကုန်ကားသမားများက ပြောသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် ကွန်တိန်နာ တွဲကားများဖြင့် ကုန်သွယ်နေပြီး ကုန်ကားအားလုံး၏ ၆၀ ရာခိုင်နှုန်းသည့် ကွန်တိန်နာဖြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်တွေ ဆိပ်ကမ်းသစ်တွင် ကုန်စည်တင်ပို့နေပြီ

By CNI
CNI
Category: Watch TV
Hits: 869

Share
Tweet
Share
Share
powered by social2s
မြဝတီ-မဲဆောက် အမှတ်(၁)တံတားမြင်ကွင်း

မြဝတီ-မဲဆောက်တံတားဖွင့်ခြင်းက ထိုင်းအတွက်သာ အကျိုးအမြတ်ပိုရဟု ဆို

By CNI
CNI
Category: စီးပွားရေး
Hits: 1560

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈

ကိုဗစ်ကြောင့် ပိတ်ထားသည့် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည် ဖွင့်လှစ်လိုက် ခြင်းသည် မြန်မာများထက် ထိုင်းနိုင်ငံအတွက်သာ အကျိုးအမြတ်ပို၍ ရရှိခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် လိုက်သော်လည်း လက်ရှိတွင် နေ့ချင်းပြန်သွားလာသည့် မြန်မာနိုင်ငံသား အနည်းငယ်သာရှိသေးပြီး ထိုင်းဘက်မှ နေရပ်ပြန်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာလည်း နည်းပါးသေးကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “မြန်မာဘက်က အဲဒီလောက် မရဘူး။ ထိုင်းဘက်ကပိုရတယ်။ ဘာကြောင့် ထိုင်းဘက်ပိုရလဲဆိုတော့ ထိုင်းထဲကို ဝင်လာတဲ့ အခု နယ်ခြား ဖြတ်သန်းခွင့်လက်မှတ်ကိုတောင်မှ အရင်တုန်းက ဘတ်ငွေ ၂၀ ပေးရတာကို အခုက ဘတ် ၆၀ ပေးရတယ်။ နောက်တစ်ခုက ဒုတိယတစ်ခုက မြန်မာနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ပြန်ရင် ထိုင်းအစိုးရ ရဲ့ဝင်ငွေက ဗီဇာ section အရ တုံးကြီးထုရတာပေါ့။ တုံးထုပြီးတော့ပြန် အဲဒီတံဆိပ်တုံး ထုလို့ရှိရင် ဘတ် ၁၀၀၀(မြန်မာငွေ ၈သောင်းကျော်) ပေးရတယ်။ ၁၀ ယောက်ပြန်ရင် ဘတ် ၁၀၀၀၀ (မြန်မာငွေ ၈ သိန်းကျော်) ပေးရတယ်။ ဒါဟာ ထိုင်းအစိုးရရဲ့ အခွန်ဝင်ငွေပဲ။ ဒီနေရာမှာ လ.ဝ.က လူဝင်မှုကြီးကြပ်ရေးကနေ ပြီးတော့ တံတားပေါ်မှာတောင်းတာတွေက တရားမဝင်ဘူးဆိုပေမယ့် အထွက်တုံး တစ်တုံးထုရင် ဘတ် ၁၀၀ တောင်းတာ တွေ၊ ၂၀၀ တောင်းတာတွေ ရှိတယ်ပေါ့နော် အဝင်၊ အထွက်ဆိုရင်။ မြန်မာနိုင်ငံသားဟာ ထိုင်းနိုင်ငံထဲမှာ တရားဝင်ဗီဇာ ကိုင်ထားတဲ့သူက ၅ သန်းကျော်ရှိတယ်လေ။ အဲဒီတော့ ဒီတံတား (၁) ရုတ်တရက် ပြန်ဖွင့်ခြင်းဟာ အခြေခံလူတန်းစားတွေအတွက် ကောင်းသလားမေးရင် အရမ်းကောင်းတယ်။ နှစ်နိုင်ငံအကျိုးစီးပွားနဲ့ လတ် တလော အမြင်မှာလည်းကောင်းတယ်ဆိုပေမယ့် လက်ရှိ အကျိုးအမြတ် ပိုမိုရရှိစေတာကတော့ ထိုင်းအစိုးရပဲ ဖြစ်တယ်” ဟု ပြောသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမြင်ကွင်း

ယခုကဲ့သို့ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် တရားဝင် နေရပ်ပြန်ချင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင်ပြေသကဲ့သို့ နေ့စား အလုပ်လာရောက် လုပ်ကိုင်ချင်သူများအတွက်လည်း အဆင်ပြေကြောင်းသိရသည်။

ထိုင်းနိုင်ငံထဲ၌ တရားဝင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယခင် တံတားမပိတ်ခင် ကာလက နေရပ်ပြန်သည့်အခါတွင် လူရာနှင့်ချီ၍ ပြန်ကြခြင်းဖြစ်သော်လည်း လက်ရှိတွင် လုံခြုံရေး စိုးရိမ်မှု ကြောင့် နေရပ်ပြန်သူဦးရေ ဆယ်ကဏန်းခန့်သာ ရှိကြောင်းလည်း သိရသည်။

MWRN မှ အကြံပေး ဦးအောင်ကျော်က “ဒီတံတားဖွင့်တယ်ဆိုတာက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိကTarget ထားပြီး ဖွင့်တာ မဟုတ်ပါဘူး။ ဒါက နိုင်ငံတစ်နိုင်ငံမှာ သူ့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကသာလျှင် တိုင်းပြည်အတွက် အကျိုးအမြတ် အများကြီး ရတဲ့အတွက်ကြောင့် သူတို့ ဒီ ၃ နှစ်လောက် ရပ်တန့်ထားရတဲ့အတွက်ကြောင့် သူ့နိုင်ငံရဲ့ စီးပွားထုတ်ကုန်တွေ အားလုံးကို အင်နဲ့အားနဲ့ သန်းနဲ့ချီပြီး ရောင်းချနိုင်စွမ်းမရှိလို့ ဖြစ်သွားတဲ့အနေအထားမှာ အခုလိုတံတားကြီးကို ဖွင့်ပြီးမှ လက်ရှိအနေအထားမှာ သူတို့ စီးပွားရေးကို အရှိန်အဟုန်နဲ့ မြှင့်တင်ချင်လို့သာဖြစ်လို့ နှစ်ဘက် ကြိုးစား ပြီးဖွင့်လိုက်ကြတာ။ တချို့တချို့သော အလုပ်သမားတွေလည်း တရားဝင်လမ်းကြောင်းကနေ မြန်မာပြည်ကို ပြန်ချင်နေတဲ့ လုပ်သားလေးတွေလည်း ရှိတယ်။ အဲဒါကတော့ သူတို့ မိဘ၊ ဆွေမျိုးနဲ့ တွေ့ချင်ကြတာတွေ။ သို့သော် အဲဒီလိုတံတားကို တရားဝင်မဖွင့်တဲ့အခါမှာတော့ ပြန်ခွင့်မရဘူးပေါ့။ အဓိကကတော့ တံတားကို တရားဝင်ဖွင့်လိုက်ပြီဆိုတော့ သွားလာလို့ရတဲ့ အနေအထားတော့ ဖြစ်ပါပြီ။ အဲဒီအတွက်တော့ အလုပ်သမား တွေက ကျေနပ်အားရ ဖြစ်ပါတယ်။ သို့သော် အလုပ်သမားတွေက တံတားဖွင့်လိုက်လို့ ကျေနပ်တယ်ဆိုပေမယ့် သူတို့စိတ်ထဲမှာ သံသယစိတ်နဲ့ စိုးရိမ်နေတာက နေ့စဉ်ရက်ဆက် အဲဒီအနားမှာလည်း တိုက်ပွဲဖြစ်ပေါ်မှုတွေရှိတော့ သူတို့အတွက် လုံခြုံမှုရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေတော့ရှိနေဆဲပါ။လမ်းကြီးဖွင့်လို့ သူတို့ပျော်နေ ပေမယ့် ဟိုဘက်မှာ ဝုန်းဒိုင်းဆိုတဲ့ အသံတွေ ကြားနေတော့ သူတို့ စိုးရိမ်စိတ်ရှိနေပါသေးတယ်” ဟု ပြောသည်။

လုံခြုံရေးနှင့်ပတ်သက်၍ ကြည့်ပါက မဲဆောက်ဘက်အခြမ်းတွင် ထိုင်းနိုင်ငံမှ လုံခြုံရေးအား သေချာစွာ ချမှတ် ထားခြင်းဖြစ်ပြီး မြန်မာဘက်တွင်လည်း လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ သေချာလုပ်ဆောင်သင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။

လက်ရှိတွင် တံတားပြန်ဖွင့်သည်မှာ ရက်ပိုင်းသာရှိသေးသည့်အပြင် ယာဉ်ငယ်နှင့် ခရီးသွားမည့်သူများကိုသာ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များအား ခွင့်ပြုခြင်းမရှိသေးကြောင်း သိရသည်။

ထို့ကြောင့် အချိန်ကာလ အနည်းငယ်ကြာမြင့်ပါက ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ပါ ကောင်းမွန်ကြောင်းနှင့် တံတားပြန်ဖွင့်လိုက်သည့် အကျိုးဆက်အနေဖြင့် ထိုင်းဘတ်ငွေဈေးများလည်း တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် တံတားမပိတ်မီ ၂၀၁၉ ခုနှစ်အထိ တစ်လလျှင် ထိုင်းဘတ်ငွေ သန်းပေါင်း ၁ သိန်းအထိ ရှိခဲ့ကြောင်း စီးပွားကူးသန်း၏စာရင်းများအရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်သို့ သွားမည့် ကုန်ကားများကိုတွေ့ရစဉ်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အစားထိုးယာဉ်မောင်းစနစ် ဖျက်သိမ်း

By CNI
CNI
Category: စီးပွားရေး
Hits: 1378

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်သည့် မူဆယ်-ကျင်စန်းကျော့ဂိတ်၌ ကျင့်သုံးနေသည့် အစား ထိုးယာဉ်မောင်းစနစ်(ရှန်တိန်) ၃ ဆင့်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ သိရ သည်။

ထိုသို့ အစားထိုးယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ကုန်သည်များအနေဖြင့် အစားထိုးယာဉ်မောင်း ငှားရမ်းခစရိတ် ၁ သိန်းခွဲခန့် သက်သာသွားကြောင်း၊ ထို့နောက် ကုန်သွယ်ရေးလည်း ရေရှည်တွင် မြန်ဆန်လာမည် ဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစားထိုးယာဉ်မောင်းက အရင်တုန်းက အဆင့် ၃ ဆင့်လောက် ရှိတယ်။ ၁၀၅ မိုင်ကနေ ရွှေလွယ်အင်ကို တစ်ကြောင်း၊ ၁၀၅ မိုင်ကနေပြီးတော့ ရွှေလီရေးဗားကို တစ်ခု၊ ရွှေလီရေးဗားကနေ အခွန်လွတ်ကွင်းကို တစ်ခု၊ ရွှေလွယ်အင်ကို သွားတဲ့အထိက ဖွင့်လိုက်ပြီ။ ရွှေလွယ်အင်မှာ တစ်ခုပဲ ကျန်တော့တယ်။ ၁၀၅ မိုင်ကနေ ရွှေလွယ်အင်ကိုသွားတဲ့ အစားထိုးယာဉ်မောင်း၊ ၁၀၅ မိုင်ကနေပြီးတော့ ရွှေလီရေးဗားကို သွားတဲ့ အစားထိုး ယာဉ် မောင်းက ဖျက်သိမ်းလိုက်ပြီ။ အဆင့် တစ်ခုပဲ ကျန်တော့တယ်။ ဒီအတွက် ကားသမားတွေ အနေနဲ့ကတော့ စရိတ် ၁ သိန်းခွဲလောက် သက်သာသွားတာကို တွေ့ရတယ်။ လောလောဆယ် နံပါတ် ၁ က စရိတ် သက်သာသွားတယ်။ နံပါတ် ၂ က အဆင့်ဆင့် ပြောင်းစရာမလို၊ အဆင့်ဆင့် စောင့်ဆိုင်းစရာ မလိုတဲ့အတွက် အရင်လို ကြန့်ကြာမှုတွေ မရှိတော့ဘူး။ ဒါပေမယ့် အစားထိုးယာဉ်မောင်းက တစ်ခု ကျန်သေးတယ်နော်။ တရုတ်ပြည်ကိုဝင်တဲ့ နောက်ဆုံး ဂိတ်က ကျန်သေးတယ်။ အဲဂိတ်က မဖျက်သေးဘူး။ အဲဒီဂိတ်ကိုပါ ဖျက်သိမ်းလိုက်လို့ရှိရင် အစားထိုးယာဉ်မောင်း စရိတ်က ၂ သိန်းလောက် သက်သာသွားမယ်” ဟု ပြောသည်။

တရုတ်သို့ သွားမည့် ကုန်ကားများကိုတွေ့ရစဉ်

လက်ရှိ အစားထိုးယာဉ်မောင်းစနစ်သည် တရုတ်နိုင်ငံနှင့် ကပ်လျက်ဖြစ်သည့် ရွှေလွယ်အင်မှ တစ်ဆင့်သာ ကျန်ရှိတော့မည် ဖြစ်သည်။

အစားထိုးယာဉ်မောင်းစနစ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှု များပြားခဲ့သည့် အချိန်တွင် စတင် ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစနစ်ကြောင့် ကုန်သည်များ ကုန်ကျစရိတ် မြင့်တက်ခဲ့ကြောင်း၊ အစားထိုး ယာဉ်မောင်းသူများသည် တရုတ်နိုင်ငံမှ ယာဉ်မောင်းများ ဖြစ်သည့်အတွက် မြန်မာကုန်ကားသမားများအတွက် ဝင်ငွေများလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှန်တိန်ကွင်းများတွင် ကုန်ကားများ ညအိပ်ရခြင်းကြောင့် ကုန်သွယ်ရေးတွင် ကြန့်ကြာမှုများနှင့် ကုန်ကား ရှားပါးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ဖရဲသခွားစိုက်တောင်သူ ကိုသစ္စာက “ကြိုဆိုပါတယ် အခုလက်ရှိ အဆင့်တွေ ဖျက်သွားတာကို ကြိုဆိုပါတယ်။ နည်းနည်းလေး မြန်ဆန်မှု ရှိလာတာ မှန်ပါတယ်။ ဒါပေမယ့်လို့ မြန်ဆန်မှု ဘာကြောင့် ဒီလိုဖြစ်လာတာလဲဆိုတော့ ဒီနှစ်သည် နိုင်ငံရေး အခြေအနေကြောင့်၊ နယ်မြေမအေးချမ်းမှု အခြေအနေကြောင့် ဖရဲသခွား စိုက်တဲ့အားသည် ၆၀ ရာခိုင်နှုန်းလောက် ကျတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အဲကျတော့ ကားဝင်တာလည်း တစ်နေ့ကို အစီး ၅၀၊ ၁၀၀ ထက် ပိုမဝင်ဘူး။ ခါတိုင်းသည် တစ်ရက်ကို အစီး ၃၀၀၊ ၄၀၀၊ ၅၀၀၊ ၆၀၀ ဝင်နေရင် ဒီအခင်းအကျင်းသည် နောက်ထပ် Traffic ဖြစ်မယ့် အနေအထားပါ။ အခုဟာကတော့ သူ့အိုးနဲ့ သူ့ဆန်နဲ့မို့လို့ ဒါလေးသည် အဆင်ပြေနေ တယ်လို့ ပြောလို့ရပါတယ်။ တကယ်တမ်း စိုက်လာကြပြီ၊ လုပ်လာကြပြီဆိုရင် တစ်ရက်ကို အစီး ၃၀၀၊ ၄၀၀၊ ၅၀၀ ဝင်လာကြပြီဆိုရင် ရှေ့မှာဝင်သွားတဲ့ကားသည် တရုတ်ပြည်ကို ဝင်သွားတဲ့ကားသည် အစီး ၁၀၀၊ အစီး ၁၅၀ ဖြစ်ရင်လည်း ဖြစ်မယ်။ နောက်မှာ တက်လာတဲ့ကားသည် တစ်ရက်ကို အစီး ၃၅၀၊ ၄၀၀ တက်လာရင် ဒီယာဉ် ကြော ပိတ်ဆို့မှုသည် အချိန်ကြန့်ကြာမှုသည် ၅ ရက်၊ ၁ ပိတ်လည်း မပြေပါဘူး။ လက်ရှိ အနေအထားသည် ပြေလည်တယ်လို့ ပြောလို့ရပေမယ့် ရေရှည်အတွက်သည် ပြေလည်တယ်လို့တော့ ပြောလို့မရပါဘူး” ဟု ပြော သည်။

ဖရဲကားများကိုတွေ့ရစဉ် 

ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်သည့် အနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အစားထိုး ယာဉ်မောင်း ရှန်တိန်စနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဘက်ခြမ်းတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြေလျှော့ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကျင်စန်းကျော့ - ဝမ်တိန် လမ်းကြောင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်ပြီး ရှန်တိန် အဆင့် ၃ ခုကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကျန်ရှိနေသည့် ရှန်တိန် အဆင့်တစ်ခုသည် တရုတ်နိုင်ငံကို ဝင်ရောက်သည့် နေရာတွင်သာ ရှိနေပြီး တရုတ်နိုင်ငံ၏ ကိုဗစ်ကူးစက်မှု အခြေအနေပေါ် မူတည်ပြီး ထိုတစ်ခုကိုလည်း ဖျက်သိမ်းလာမည်ဟု ကုန်သည် များ၊ ကုန်ကားပိုင်ရှင်များနှင့် ကုန်ကားသမားများက ပြောသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆင်းရဲချမ်းသာကွာဟမှု နည်းပါးစေရန် ဈေးကွက်နှင့်အခွင့်အလမ်းကို ဖန်တီးပေးသင့်

By CNI
CNI
Category: Watch TV
Hits: 974

Share
Tweet
Share
Share
powered by social2s

စီးပွားရေး ၈ ရာခိုင်နှုန်း တိုးတက်လာဟု နစကဥက္ကဋ္ဌပြော

By CNI
CNI
Category: Watch TV
Hits: 973

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

စီးပွားရေး ၈ ရာခိုင်နှုန်း တိုးတက်လာဟု နစကဥက္ကဋ္ဌပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1967

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁

၂၀၂၁ - ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ စီးပွားရေးသည် ၈ ရာခိုင်နှုန်း တိုးတက်လာသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌ များနှင့် ဇန်နဝါရီ ၆ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် စီးပွားရေးသည် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ သော်လည်း လက်ရှိ ၂၀၂၁ - ၂၀၂၂ ခုနှစ် ပထမ ၆ လတာကာလတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ပြီး ဒုတိယ ၆ လတာကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တိုင်းပြည်၏ စီးပွားရေး တွက်ချက်ရာတွင် ကုန်ထုတ်လုပ်ငန်း အကြီး-အသေး အားလုံးကိုပေါင်း၍ တွက်ချက်ခြင်း ဖြစ်သည့်အတွက် တိုင်းပြည်စီးပွားရေး တိုးတက်လာသည်ဆိုသော်လည်း လက်ရှိ၌ ဖြစ်ပေါ်နေသော စီးပွားရေး အကျပ်အတည်းကြောင့် ပြည်သူများရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်သည်ကို မတွေ့ရသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံသို့ ကုန်များတင်ပို့နေသည့် ကားများကိုတွေ့ရစဉ်

၎င်းက “GDP ကတော့ တက်ချင်လည်း တက်မှာပေါ့။ ဘာလို့လဲဆိုတော့ ဒေတာတွေက မထုတ်ပြန်ဘူး။ အရင် တုန်းကတော့ စီမံကိန်းတို့ ဘာတို့ကတော့ ထုတ်ပြန်တယ်။ စီမံ/ဘဏ္ဍာက ထုတ်ပြန်တယ်၊ အချက်အလက်တွေ သိရတယ်။ အခုကတော့ မထုတ်ပြန်တော့ မသိရဘူး။ သူတို့တက်တယ်ဆို တက်တယ် လုပ်လိုက်ရတာ။ ဆိုတော့ တက်နိုင်ခြေ မရှိဘူးလားဆိုတော့ ရှိရင်လည်း ရှိမယ်။ ဘာလို့လဲဆိုတော့ GDP ဆိုတာက တစ်နိုင်ငံလုံးကို ပေါင်း လိုက်တာကိုး။ တစ်နိုင်ငံလုံး ပေါင်းလိုက်တာဆိုတော့ အပေါ်ကလူတွေ ပိုပြီးတော့ ချမ်းသာရင် ချမ်းသာလာမှာပေါ့။ ဒါမှမဟုတ် နိုင်ငံပိုင်လုပ်ငန်းတွေ ကနေပြီးတော့ တက်ရင်တက်လာမယ် ဥပမာ ဂတ်စ်လိုဟာမျိုး။ သူက အစိုးရရဲ့ ထုတ်လုပ်မှုတွေရော၊ ပုဂ္ဂလိကရဲ့ ကုန်ထုတ်လုပ်ငန်းတွေရော၊ အကြီးတွေရော အသေးတွေရော အကုန်လုံးကို ပေါင်းပြီးတော့မှ တွက်တာကိုး။ GDP တက်လားဆိုတာကိုတော့ အပြင်လူတွေအနေနဲ့ တိတိကျကျ မသိနိုင်ဘူး။ ဘာလို့ဆို ဒေတာတွေ မရှိဘူး။ ဒါပေမယ့် welfares (သက်သာချောင်ချိရေး) အနေနဲ့ကတော့ ကျသွားတယ်။ welfares ကျသွားတယ်။ welfares က သူက General public ကို ကြည့်ရတာကိုး။ General public အနေနဲ့ကျ တော့ ဘယ်သူမှ အဆင်ပြေမနေဘူး ကြီးတာလည်း ကြီးတဲ့အလျောက်၊ ငယ်တာလည်း ငယ်တဲ့အလျောက် အဆင်ပြေ မနေတော့။ အထူးသဖြင့်ကတော့ အောက်ခြေလူတန်းစားတွေ အဆင်မပြေတော့ welfares က မတက် ဘူးလို့ ပြောလို့ရတယ်။ အဲတော့ GDP တက်ရင်တက် ဒါက အများပြည်သူကို သိပ်ပြီးတော့ support မဖြစ်ဘူးပေါ့ လေ။ General public ကို support မဖြစ်ဘူး အဲလိုပဲ ပြောလို့ရမယ်” ဟု ပြောသည်။

တိုင်းပြည်၏ စီးပွားရေး တိုးတက်လာခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေး ဆောင်ရွက်နေခြင်း၊ ပြည်တွင်းရှိ ရေသယံဇာတ၊ မြေသယံဇာတ၊ လယ်ယာ၊ သားငါးကဏ္ဍများ၊ သစ်တောကဏ္ဍများနှင့် လူသား အရင်း အမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်မှုတို့ကြောင့် ဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဆန်နှင့် ရေထွက်ကုန် တင်ပို့မှု စသည့် ကုန်သွယ်မှုကဏ္ဍများနှင့် တွက်ချက်ပါ က စီးပွားရေး တိုးတက်မှု ရှိသော်လည်း ပြည်တွင်းထုတ်ကုန် ထုတ်လုပ်နိုင်မှုများနှင့် ပတ်သက်၍ တိုးတက်လာသည်ကို မတွေ့ရကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးသက်ဇော်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နစက တာ၀န်ရှိသူများတွေ့ဆုံစဉ်

ဦးသက်ဇော်က “သူတို့ကတော့ Trade ပေါ်မှာပဲ စကားပြောနေတာလားတော့ မသိဘူးပေါ့နော်။ တကယ် အမှန် တကယ် production က တကယ်တိုးတက်လာဖို့ လိုတာကိုး။ သူကတော့ အဓိကကတော့ စိုက်ပျိုးရေး၊ မွေးမြူ ရေး sector မှာပဲ အဓိကထားနေပုံ ရပါတယ်။ ဘာလို့လဲဆိုတော့ ကုန်သွယ်မှု ပိုငွေကတော့ ပြတာပေါ့နော်။ ဒါပေမယ့် ကုန်သွယ်မှုက အရင် ဦးသိန်းစိန် လက်ထက်ကရှိတဲ့ ကုန်သွယ်မှုနှုန်းတော့ မရောက်သေးဘူးဗျ။ ကျနော်တို့က ဆန်တင်ပို့မှုက ပိုလာပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ ရောက်လာတာ မရှိသေးဘူးပေါ့နော်။ အဓိကကတော့ စွမ်းအင်ကနေ သဘာဝဓာတ်ငွေ့ ရောင်းတဲ့ ကိစ္စတွေလည်း ပါမှာပေါ့နော်။ ပိုငွေကတော့ ဆန်စပါး နဲ့ ရေထွက်ကုန်တွေပေါ့။ ကျွန်းတွေကတော့ ဒီလောက်ကြီး ရတော့တာ မဟုတ်ဘူးလေ။ သဘာ၀သယံဇာတက ဒီလောက်ကြီးရှိတာမဟုတ်ဘူးလေ။သဘာ၀သယံဇာတရောသဘာဝဓာတ်ငွေ့တို့ ပါမှာပေါ့ဗျာ။ အဲလောက်ပဲ တက်လာမယ့်ကိစ္စပဲ ရှိပါတယ်။ ကျန်တာတော့ ပြည်တွင်းထုတ်ကုန်က ကျနော်တို့ မှန်း သလောက်ကတော့ CMP ကတော့ အတိုင်းအတာ တစ်ခုတော့ သွားနေတာပေါ့နော်။ ကျန်တာတော့ တိုးတက်လာ တာ မတွေ့သေးဘူးဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်ပေါ်နေခြင်းကြောင့် အခြေခံကုန်ဈေးနှုန်း၊ စက်သုံးဆီ ဈေးနှုန်း များ ကြီးမြင့်နေသည့်အပြင် အလုပ်အကိုင် ရှားပါးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့နောက် လျှပ်စစ်မီးကြောင့် အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေသလို တချို့မှာ ရပ်နားနေရကြောင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အလားတူ လက်ရှိ စီးပွားရေး တိုးတက်မှုသည် ကိုဗစ်ဖြစ်ပွားသည့် ကာလနှင့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွား သော ၂၀၂၁ ခုနှစ်၏ စီးပွားရေး အခြေအနေနှင့် နှိုင်းယှဉ်ပြထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုဗစ် မဖြစ်ခင် ကာလ တိုင်းပြည် စီးပွားရေးနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုများစွာ လိုအပ်နေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင် များနှင့် ပညာရှင်များက မှတ်ချက်ပြုကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကြက်သွန်များ ပြည်ပမှ အဝယ်လိုက်နေ

By CNI
CNI
Category: Watch TV
Hits: 881

Share
Tweet
Share
Share
powered by social2s
ကြက်သွန်နီအိတ်များကို ကားပေါ်တင်နေသူ တစ်ဦးကိုတွေ့ရစဉ်

ကြက်သွန်များ ပြည်ပမှ အဝယ်လိုက်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1731

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉

မြန်မာ့ကြက်သွန်နီများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ဝယ်ယူမှုများ ယခုရက်ပိုင်းအတွင်း ပိုမို များပြားလာနေကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။

ယခုကဲ့သို့ ဝယ်ယူမှု များပြားလာခြင်းသည် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်ရှိ နယ်စပ် ကုန် သွယ်ရေးဂိတ်များကို ဖွင့်လှစ်ခြင်း အပြင် ထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်နေသည့် မြဝတီ - ကော့ကရိတ် လမ်းကြောင်းတွင် ကုန်ကားများ ပြန်လည်သွားလာနိုင်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ပခုက္ကူမြို့ကုန်သည်ပွဲစားများ အသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြက်သွန်က တရုတ်လိုင်း ဖွင့်တယ်။ မြဝတီကလည်း ဖွင့်တော့မှာလို့ ပြောတော့ ကြိုစုနေကြတာပေါ့။ ဟိုက မှာတဲ့အချိန် ကိုယ်က အဆင်သင့်ဖြစ်အောင်လို့ ဆိုပြီးတော့။ တရုတ်ကလည်း လိုချင်ပုံရတယ် တရုတ်လိုင်း ကလည်း ဖွင့်တော့လေ။ တရုတ်သမားတွေပါ နည်းနည်းလေး ဟိုဟာ (အဝယ်လိုက်) ဖြစ်လာတယ်။ တရုတ်လိုင်း က ဖွင့်လိုက်တော့ အဲဒါအတွက်ပါ မျှော်ကိုးပြီး ဝယ်ကြသလား မသိပါဘူး” ဟု ပြောသည်။

ကြက်သွန်နီများ အိတ်ထဲထည့်နေကြစဉ်

လက်ရှိ ကြက်သွန်ဈေးကွက်တွင် ရောင်းလိုအားထက် ဝယ်လိုအား များပြားနေခြင်းကြောင့် ကြက်သွန်များသည် လက်ရှိ ဈေးနှုန်းတွင်သာ တည်ငြိမ်နေနိုင်ကြောင်း ကြက်သွန်ပွဲရုံများထံမှ သိရသည်။

ထို့အပြင် ပြည်ပဈေးကွက်ကို မျှော်ကိုးနေမှုများ ရှိသည့်အတွက် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၂၀၀၀ ကျပ် တွင် ဆက်လက် ရှိနေနိုင်ကြောင်း ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

၎င်းက “၂၀၀၀ နား ပတ်ချာလည်တော့ နေလင့်အုံးမယ်နဲ့ တူတယ်။ ဒီကနေ့ ပြတ်တာတွေတောင်မှ ဦးဆီကို ၂၂၀၀။ ၂၁၀၀၊ ၂၁၅၀ ဦးပွဲရုံ ပြတ်တာတွေဆိုရင် အဲလိုတွေ။ ၂၀၀၀ နား ပတ်ချာလည်တော့ နေအုံးမယ်နဲ့ တူတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကြက်သွန်နီ ပွဲရုံတစ်ခုကိုတွေ့ရစဉ်

ထို့နောက် ပြီးခဲ့သည့်နှစ် ကြက်သွန်စိုက် ရာသီတွင် ကြက်သွန်စိုက် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ သယ်ယူခွင့် မရရှိခဲ့သည့်အတွက် အထွက်နှုန်းများ ကျဆင်းခဲ့ကြသည်။

သို့သော်လည်း လက်ရှိ ကြက်သွန်စိုက် ရာသီ၌ ဓာတ်မြေဩဇာများကို သယ်ယူခွင့် ရရှိခဲ့ပြီဖြစ်သည့်အတွက် စိုက်ပျိုးမှုနှုန်းနှင့် စိုက်ဧကများ တိုးမြှင့်လာနိုင်ကြောင်း ကြက်သွန်ကုန်သည်များက သုံးသပ်နေကြသည်။

ဓာတ်မြေဩဇာများ သယ်ယူခွင့်ရလာသော်လည်း လက်ရှိ ဓာတ်မြေဩဇာ ဈေးနှုန်းများသည် ယခင်နှစ်ထက် ငွေကျပ် ၃၀၀၀၀ မြင့်တက်နေပြီး တစ်အိတ် လျှင် ၁၈၀၀၀၀ ကျပ်အထိ ဝယ်ယူနေရသည်ဟု ပခုက္ကူမြို့နယ်မှ ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂတ်စ်တန်းစီသည့် ယာဉ်များလာ၍ CNG ဆိုင်များ ညဘက်အချိန် တိုးမြှင့်ရောင်းချပေး

By CNI
CNI
Category: Watch TV
Hits: 976

Share
Tweet
Share
Share
powered by social2s

မလေးရှားက မြန်မာများ သွားရောက် အလုပ်လုပ်သင့်သည့် နိုင်ငံလား

By CNI
CNI
Category: Watch TV
Hits: 886

Share
Tweet
Share
Share
powered by social2s

မြဝတီနှင့်ကော့ကရိတ်လမ်း ပြန်ဖွင့်၊ ကုန်စိမ်းသီးနှံ ပို့ဆောင်မှု အခက်အခဲရှိနေသေး

By CNI
CNI
Category: Watch TV
Hits: 874

Share
Tweet
Share
Share
powered by social2s
မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်

မြဝတီနှင့်ကော့ကရိတ်လမ်း ပြန်ဖွင့်၊ ကုန်စိမ်းသီးနှံ ပို့ဆောင်မှု အခက်အခဲရှိနေသေး

By CNI
CNI
Category: စီးပွားရေး
Hits: 1761

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

ထိုင်းနိုင်ငံသို့ အဓိက ကုန်စည်ပို့ဆောင်ပေးနေသည့် လမ်းကြောင်းတစ်ခု ဖြစ်သည့် မြဝတီ - ကော့ကရိတ် လမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် မကြာခဏ ပိတ်ထားရာကနေ ယခု ပြန်ဖွင့်လိုက်ပြီဖြစ်သော်လည်း မီးဖိုချောင်သုံး ကုန်စိမ်းသီးနှံများ ပို့ဆောင်ရာတွင် အခက်အခဲ ရှိနေသေးသည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

တိုက်ပွဲများကြောင့် မိုင်းခွဲခံထားရသည့် ကော့ကရိတ်မြို့နယ်ရှိ တောနော်ရေတံခွန်အနီးရှိ တံတားကို ပြုပြင်ပြီးနောက် ပိတ်ထားသည့် မြဝတီ - ကော့ကရိတ် လမ်းပိုင်းတွင် ကုန်တင်ယာဉ်များ ဖြတ်သန်း၍ ရပြီဆိုသော်လည်း မကြာခဏ အဖွင့်အပိတ် ဖြစ်နေခြင်းကြောင့် ကုန်စည်ပို့ဆောင်ရာတွင် အခက်အခဲ ရှိနေခြင်း ဖြစ်သည်ဟု အဝေး ပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “လမ်းတွေကတော့ ဖွင့်လိုက် ပိတ်လိုက်ပဲ။ ကျနော်တို့ရဲ့ သွားလာတာက ကိုယ့်ကားကျမှ ဖြစ်သွားရင်တော့ မတတ်နိုင်ဘူး။ ကျနော်တို့ ယာဉ်ပိုင်ရှင်တွေရော၊ ယာဉ်မောင်းတွေပါ စားဝတ်နေရေး အခက်အခဲ ရှိတယ်။ ရှိတော့ နောက်ပြီးတော့ လမ်းမှာ ပိတ်နေတယ်ပေါ့နော်။ နောက်ပြီးတော့ တစ်ခါ မြဝတီကို ကျနော်တို့ ကုန်စိမ်းတွေပေါ့ နော် မီးဖိုချောင်သုံး ကုန်စိမ်းတွေ ဂေါ်ဖီတို့ ပို့ရတာပေါ့နော်။ ပန်းဂေါ်ဖီတို့၊ ဂေါ်ဖီထုပ်၊ အာလူးတို့ ဘာတို့ ညာတို့ပေါ့ နော်။ မီးဖိုချောင်သုံး ပစ္စည်းတွေကလည်း ဟိုကို သွားရတာ အခက်အခဲ ရှိတယ်ပေါ့နော်။ အဲတော့ ပြန်ဖွင့်တော့ အကုန်လုံး အဆင်ပြေတာပေါ့။ ဒါပေမယ့် အခုကလည်း ဖွင့်လိုက်ပိတ်လိုက်ပါပဲ” ဟု ပြောသည်။

မြဝတီ-ကော့ကရိတ်လမ်း ဖြတ်သန်းမှု ပိတ်ထားစဉ်

ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်အနီးရှိ တံတား မိုင်းခွဲခံရပြီးနောက် တံတားပေါ်သို့ ကားများကို တစ်စီးပြီး မှ တစ်စီးပုံစံဖြင့် ဖြတ်သန်းနေရခြင်းကြောင့် ကားလမ်းများ ပိတ်ဆို့မှု ဖြစ်ပေါပြီး ကုန်တင်ယာဉ်များနှင့် အိမ်စီး မော်တော်ယာဉ် အမြောက်အများ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် လက်ရှိ အချိန်ကာလသည် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်မှုကောင်းမွန်သည့် အချိန်ကာလ ဖြစ်သော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်သာ ကောင်းမွန်နေသည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်စည်ပို့ဆောင်ရေးကတော့ သူ့ဟာနဲ့သူတွေ တခြားနယ်တွေကိုပေါ့နော် ပုံမှန်လေးပဲ သွားနေပါတယ်။ ဒီရက်တွေက ကုန်စည်စီးဆင်းမှု အားကောင်းတဲ့ အချိန်ပဲ ဖြစ်တယ်။ ဒါပေမယ့် ပုံမှန်လေးပေါ့နော် သူ့ဟာနဲ့သူ ဒါပေမယ့် အရင်လို အင်နဲ့ အားနဲ့ မသွားနိုင်ဘူးပေါ့နော် ပုံမှန်လေးတော့ သွားနေပါတယ်။ ရှမ်းတောင်နဲ့ ရန်ကုန်၊ မန္တလေး ဒီတကြောကတော့ ကောင်းနေပါတယ်။ ကျန်တဲ့နယ်တွေကတော့ သူ့ဟာနဲ့သူ ပုံမှန်လေးတော့ စီးနေ တာပေါ့နော်။ နယ်စပ်ကုန်သွယ်ရေးကျတော့ နည်းနည်းလေးတော့ အခက်အခဲ ရှိတာပေါ့နော်” ဟု ပြောသည်။

မြဝတီ-ကော့ကရိတ်လမ်းပေါ်မှာ ဖြတ်သန်းနေတဲ့ ကုန်ကားများကိုတွေ့ရစဉ်

မြဝတီနှင့် ကော့ကရိတ် လမ်းကြောင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ PDF ပူးပေါင်း တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ကုန်စည်ပို့ဆောင်ရေး ကုန်တင် ယာဉ်များလည်း မကြာခဏ ပိတ်ဆို့မှု ဖြစ်ပေါ်လျက် ရှိသည်။

ထို့အပြင် ကုန်စည်ပို့ဆောင်ရာတွင် လမ်းကြောင်းတလျှောက် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ကုန်စည် ပို့ဆောင်ရာတွင် တန်ဆာခများကို ပုံမှန်ထက်တိုး၍ ကောက်ခံမှုများ ရှိခြင်းကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ လည်း ဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

မြဝတီ - ကော့ကရိတ် လမ်းပိုင်းမှတဆင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းဖြစ်သည့် အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နှင့် ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းများကို အဓိကထား တင်သွင်းနေရခြင်း ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14

Page 10 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar