CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မတ်လမှစတင်၍ ရုရှားဘက်က ရေနံထုတ်လုပ်မှုကို စည် ၅ သိန်းလျှော့ချမည်

By CNI
CNI
Category: Watch TV
Hits: 992

Share
Tweet
Share
Share
powered by social2s

ကြံတစ်တန်ကို ကျပ် ၁ သိန်းအထိ ဈေးကောင်းရနေ

By CNI
CNI
Category: Watch TV
Hits: 1041

Share
Tweet
Share
Share
powered by social2s
အောင်ဘာလေသိန်းဆုဌာနခွဲကိုတွေ့ရစဉ်

အောင်ဘာလေထီလက်မှတ် အက္ခရာ ၇ လုံးအထိ လျှော့ချ

By CNI
CNI
Category: စီးပွားရေး
Hits: 1383

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

အောင်ဘာလေထီရောင်းအား ကျဆင်းနေသည့်အတွက် ထီလက်မှတ်များ အလေအလွင့် မဖြစ်စေရန်အတွက် ထီလက်မှတ် အက္ခရာ ၁၀ လုံးအစား ၇ လုံးအထိ လျှော့ချလိုက်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

ထီလက်မှတ် အက္ခရာ ၁၀ လုံး ထုတ်ရာတွင် အက္ခရာ ၆ လုံးခန့်သာ ရောင်းသည့်အတွက် မရောင်းရဘဲ ကျန်ရှိနေ သည့် အက္ခရာ ၄ လုံး၏ ထီလက်မှတ်များကို လစဉ် မီးရှို့နေရခြင်းကြောင့် နိုင်ငံတော် ဘဏ္ဍာငွေ လစဉ် သိန်း ၃၀၀ ကျော် ဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ဟု ထီလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ ထီအက္ခရာကို ၇ လုံးအထိ လျှော့ချလိုက်ခြင်းကြောင့် ထီလက်ကျန်သည် အစောင်ရေ ၅ သောင်းခန့်သာ ကျန်ရှိတော့မည် ဖြစ်ရာ ထီကံစမ်းသူများအတွက် ထီပေါက်ရန် အခွင့်အလမ်း ပိုများသွားသည်ဟု မဟာလာဘံ ထီဆိုင်ပိုင်ရှင် ဦးအောင်ထွန်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ထီပေါက်စဉ် ဖွင့်လှစ်နေစဉ်

၎င်းက “အခုဆိုလို့ရှိရင် လက်ကျန်ထီ နည်းသွားတဲ့အတွက်ကို ရောင်းရတဲ့အထဲမှာ များတယ်။ ရောင်းရတဲ့အထဲမှာ များနေတာကြောင့် ထီထိုးကံစမ်းတဲ့ သူတွေရဲ့ လက်ထဲမှာ ဆုမဲတွေ အများကြီး ရောက်သွားမှာ။ အဲသာ ထီထိုးသူ တွေအတွက် အားသာချက်ပေါ့။ ပေါက်ဖို့ နီးစပ်သွားတာပေါ့။ အက္ခရာ ၁၀ လုံး ထိုးတဲ့အချိန်နဲ့ အက္ခရာ ၇ လုံး ထိုး တဲ့အချိန်မှာ ဟိုကောင်က အုပ်ရေနည်းသွားတဲ့အတွက်ကို ထီထိုးတဲ့သူတွေအတွက် ပေါက်ဖို့ အခွင့်အရေး ပိုများ သွားတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ရပါတယ်။ အက္ခရာ ၁၀ လုံး ထုတ်တဲ့အချိန်မှာ အုပ်ရေ ၄ သိန်းကျော်က မရောင်းရတဲ့အထဲ ပါသွားတယ်။ အခုဆိုလို့ရှိရင် ၁ သိန်းတောင် ကျန်မှာ မဟုတ်တော့ဘူး” ဟု ပြောသည်။

ထီအက္ခရာ တစ်လုံးတွင် ထီလက်မှတ် အစောင်ရေ ၈၁၈၁၈ အုပ်ရှိပြီး ထီတစ်အုပ်၏ ကုန်ကျစရိတ်သည် လက်ရှိ တွင် ၁၀၀ ကျပ် ကျော်နေကြောင်း၊ ယခု ထီအက္ခရာ ၇ လုံးသာ ထုတ်ဝေလိုက်သည့်အတွက် ထီအုပ်ရေ ၅ သိန်း ကျော်ခန့်သာ ဖြစ်သွားသည်ဟု သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိသည့် ၄၇ ကြိမ်မြောက်တွင် ထီစာအုပ်ပေါင်း ၄၇၀၀၀၀ ကျော် ရောင်းချခဲ့ရပြီး ငွေကျပ်သန်းပေါင်း ၄၇၀၀ ကျော် ရရှိခဲ့သည်။

ထို့နောက် ရောင်းချငွေ၏ ၇၀ ရာခိုင်နှုန်းကို ထီဆုမဲအဖြစ် ချီမြှင့်ပေးခဲ့ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲထံမှ သိရသည်။

နိုင်ငံရေး အပြောင်းအလဲ မဖြစ်ပွားခင် ကာလတွင် အောင်ဘာလေ ထီရောင်းအားသည် အက္ခရာ ၄၂ လုံး ထုတ်ဝေ ပြီး အုပ်ရေ ၃,၄၀၆,၃၅၆(သုံးဆယ့်လေးသိန်း ခြောက်ထောင် သုံးရာ ငါးဆယ့်ခြောက်)အုပ် ရောင်းချလျက်ရှိသည်။

ထို့နောက် အမြင့်ဆုံး ဆုငွေ ကျပ်သိန်း ၁ သောင်းခွဲအထိ ချီးမြှင့်နိုင်ခဲ့သော်လည်း လက်ရှိတွင် ဆုငွေ သိန်း ၅ ထောင်သာ အမြင့်ဆုံးအဖြစ် ချီးမြှင့်လျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆန်စပါးစိုက်ပျိုးမှုတွင် လုပ်ငန်းရှင်နှင့် နည်းပညာများ ပူးပေါင်းပါဝင်ရန် လိုအပ်

By CNI
CNI
Category: Watch TV
Hits: 1028

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းကြက်သွန်ဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေ

By CNI
CNI
Category: Watch TV
Hits: 991

Share
Tweet
Share
Share
powered by social2s

ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရေး MOU ထိုး

By CNI
CNI
Category: Watch TV
Hits: 1043

Share
Tweet
Share
Share
powered by social2s

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် ကုန်စည်စီးဆင်းမှု အခက်အခဲ မရှိသေး

By CNI
CNI
Category: Watch TV
Hits: 1067

Share
Tweet
Share
Share
powered by social2s

ဆန်တစ်အိတ်လျှင် ၅ ထောင်မှ ၁ သောင်းအထိ မြင့်တက်နေ

By CNI
CNI
Category: Watch TV
Hits: 992

Share
Tweet
Share
Share
powered by social2s
MOU ဖြင့်စေလွှတ်ခံရသည့် မြန်မာလုပ်သားများ၊ ထိုင်းနိုင်ငံရှိ စက်ရုံလုပ်သားများနှင့် လုပ်ငန်းခွင်တစ်ခု

MOU လေးနှစ်နှင့် ခြောက်နှစ်ပြည့်များ work permit ကို သတ်မှတ်ကာလအတွင်း လုပ်ရန်လို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1335

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃

ထိုင်းနိုင်ငံတွင် ကိုဗစ်မတိုင်ခင်က ရောက်ရှိလုပ်ကိုင်နေသည့် MOU သက်တမ်း လေးနှစ်နှင့် ခြောက်နှစ်ပြည့်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit အား သတ်မှတ်ကာလအတွင်း ပြုလုပ်ရန် လိုအပ်ကြောင်း ထိုင်းရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ Work Permit ပြုလုပ်ခြင်းအား မေလ ၁၅ ရက်နေ့အထိ အချိန်ကာလ ရွှေ့ဆိုင်းပေးထား သဖြင့် ထိုကာလအတွင်း မဖြစ်မနေ လုပ်ရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ကိုသားကြီးက “သူ့ရဲ့ နိုင်ငံကူးလက်မှတ်အပေါ်မှာ မူတည်တယ်ပေါ့။ နိုင်ငံကူးလက်မှတ်သက်တမ်းရှိနေတယ်ဆိုရင် Visa ရဲ့ Law အရက သူ့ကို Visa သက်တမ်းအပြည့် ပေးကိုပေးရ မယ်။ ဘာလို့ဆို သူက အလုပ်သမား Visa ဖြစ်တဲ့အတွက်။ MOU က ၄ နှစ်ပြည့်ရော ၆ နှစ်ပြည့်ရော ဥပဒေ တစ်ခုတည်း သွားမှာပဲ။ တချို့ MOU အလုပ်သမားတွေက စာအုပ်လုပ်ထားပြီးသား တစ်နှစ်လောက်နေမှ ထိုင်းကို ထွက်လာတယ် MOUနဲ့။ အဲဒီလိုလူတွေဆိုရင် နိုင်ငံကူးလက်မှတ်က သက်တမ်းကုန်သွားပြီ။ Visa လေးနှစ်ပြည့် တာနဲ့အတူ ကုန်သွားပြီ။ ကုန်သွားတဲ့လူတွေကို စာအုပ်သက်တမ်း ပြန်လည်ချိန်းဖို့အတွက် နောက်ထပ် ၆ လ ထိုင်းအစိုးရက ရွှေ့ပေးတယ်ဆိုပါတော့။ ဒါပေမယ့် သေချာတာတစ်ခုက နိုင်ငံကူးလက်မှတ်ကို ပြန်လည် သက်တမ်းတိုးရန်အတွက်သာ သက်တမ်းရွှေ့ပေးတာဖြစ်တယ်။ Work Permit ပြောတဲ့ ယာယီ အလုပ်သမား လက်မှတ်ကို သတ်မှတ်ထားတဲ့အချိန်မှာ လုပ်ကိုလုပ်ရမယ်။ ၆ နှစ်ပြည့်လို့ပြောတဲ့နေရာမှာ MOU အလုပ်သမား တစ်ယောက်က သူကစာအုပ်က ၂ အုပ် ဖြစ်နေပြီ။ နိုင်ငံကူးလက်မှတ်တစ်အုပ်ရဲ့ သက်တမ်းက ၅ နှစ်ပဲရှိတာ။ တကယ်လို့ သူက ဗီဇာ ၆ နှစ် ပြည့်သွားပြီဆိုရင် သေချာတာတစ်ခုက စာအုပ်သက်တမ်းတိုးထားပြီးသားဖြစ်တဲ့ အတွက် ၆ နှစ်ကို သူသုံးလို့ ရတာပေါ့။ ၆ နှစ်ပြည့်သွားပြီဆိုရင်ရော သူ့အလုပ်ရှင်သူဋ္ဌေးက လက်ခံတယ် ဆိုရင်တော့ အလုပ်ရှင်သူဋ္ဌေးကပဲ သူ့နည်းသူ့ဟန်နဲ့ Work Permit သက်တမ်းဆက်ပေးမှာ။ ဗီဇာသက်တမ်း ဆက်ပေးမှာ သေချာတယ်”ဟု ၎င်းက ပြောသည်။

MOU  ဖြင့်စေလွှတ်ခံရသည့် မြန်မာလုပ်သားများ

ထိုင်းနိုင်ငံရှိ အလုပ်သမားများ၏ ပါမစ်သက်တမ်းအား ဖေဖော်ဝါရီ ၁၃ ရက်နေ့မတိုင်ခင်အထိ သက်တမ်းတိုးရန်မှာ အချိန်မလုံလောက်သဖြင့် မေလအထိ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သက်တမ်းလေးနှစ်ပြည့် MOU အလုပ်သမား ၆၀၀၀၀(ခြောက်သောင်း)ခန့်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ သက်တမ်း လေးနှစ်ပြည့် MOU အလုပ်သမား ၅၀၀၀၀(ငါးသောင်း) ခန့်တို့အား အထူးအစီအစဉ်အဖြစ် မူလပါမစ်သက်တမ်း ကုန်ဆုံးသည့်နေ့မှစ၍ ခြောက်လထက် မပိုသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုပေးထားသည်။

ထိုသို့ ခြောက်လထက် မပိုသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပေးခြင်းသည် နိုင်ငံကူးလက်မှတ်များအား သက်တမ်းတိုးပြုလုပ်ရန်အတွက် အချိန်ပေးခြင်းဖြစ်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

MOU ခြောက်နှစ်ပြည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းရှိပါက သက်တမ်း ပြန်ဆက်ရန် လုပ်ဆောင်ရာတွင် Work Permit၊ Visa သက်တမ်း ၂ နှစ် ရရှိမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

ကိုဗစ်ကာလ ထိုင်းနိုင်ငံရှိ စက်ရုံလုပ်ငန်းခွင်တစ်ခုကို သက်ဆိုင်ရာက လာရောက်စစ်ဆေးနေစဉ်

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အဲဒီ ၆ နှစ်ပြည့် အုပ်စုကကြတော့ နောက်ထပ် ၂ နှစ်သက်တမ်းကို တိုးဖို့ကိစ္စအတွက်လုပ်မလား၊ ဒါမှမဟုတ်ရင်တော့လည်း ကိုယ့်အေဂျင်စီတွေပေါ့။ MOU တွေက သူတို့ အေဂျင်စီ တွေနဲ့လာကြတယ်။ လာကြတဲ့အခါကျတော့ အဲဒီ အေဂျင်စီတွေကနေပြီးတော့ ဒီဘက်မှာရှိတဲ့ အေဂျင်စီနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို ပြန်ပြီးတော့ အလုပ်သမားတွေက ဒီစက်ရုံတွေမှာပဲ အလုပ် ဆက်လုပ်နေမယ် ဆိုရင် ပြန်ပြီးတော့ သက်တမ်းတိုးဖို့အတွက်ကို ညှိရတာပေါ့။ ဒီဘက်ကို ဗမာပြည်ထဲမပြန်ဘဲနဲ့ ဥပမာဆိုရင် အရင်တုန်းက နယ်စပ်နေရာတွေကနေ လုပ်တာတွေရှိတယ်။ အဲဒါတွေဟာ အေဂျင်စီတွေနဲ့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ရင်တော့ ရနိုင်တဲ့သဘောရှိတယ်။ သို့သော် အဲဒီလူတွေ အများစုက ရောက်လာတဲ့အလုပ်မှာပဲ ဆက်ရှိသေးလား၊ မရှိသေးလား အဲဒီအပေါ်လည်း မူတည်သေးတယ်။ လောလောဆယ် ၄ နှစ်ပြည့်အုပ်စုကို စက်ရုံ၊ အလုပ်ရုံတွေမှာလုပ်တဲ့ အလုပ်သမားတွေ ဒီမှာ အများကြီး ရှိနေတယ်လေ။ မဟာချိုင်တို့ဘာတို့မှာ အများကြီးပဲ ဆိုတော့ အဲဒါတွေက လုပ်နေရမှာပေါ့” ဟု ပြောသည်။

ထို့အပြင် လက်ရှိ၌ Work Permit၊ နိုင်ငံကူးလက်မှတ်၊ Visa သက်တမ်းများအား အချိန်မီ ရရှိနိုင်ရေး လုပ်ဆောင် ရာတွင် ဘတ်ငွေ သောင်းဂဏန်းအထိ အကုန်အကျခံကာ ပွဲစားများဖြင့် ဆောင်ရွက်နေရကြောင်းလည်း အလုပ် သမားအရေးဆောင်ရွက်နေသူများထံက သိရသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၃ တွင် မြန်မာ့ GDP သည် ၃ ရာခိုင်နှုန်း တိုးလာမည်ဟု ကမ္ဘာ့ဘဏ်ပြော

By CNI
CNI
Category: Watch TV
Hits: 1099

Share
Tweet
Share
Share
powered by social2s

အလုပ်သမားများ မနစ်နာစေရန် ပတ်စပို့ထုတ်ပေးရေး ပြည်ထဲရေးနှင့် ညှိနှိုင်းမည်

By CNI
CNI
Category: Watch TV
Hits: 1026

Share
Tweet
Share
Share
powered by social2s

မလေးရှိ မြန်မာသံရုံးတွင် ပတ်စပို့ထုတ်ပေးမှု ရပ်နားခြင်းက ပါမစ်လျှောက်ရန် အခက်ဖြစ်စေ

By CNI
CNI
Category: Watch TV
Hits: 990

Share
Tweet
Share
Share
powered by social2s

တရုတ်နှစ်သစ်ကူးပြီးနောက် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်နေ

By CNI
CNI
Category: Watch TV
Hits: 1018

Share
Tweet
Share
Share
powered by social2s

ယခုနှစ် ဥရောပသို ထောပတ်သီး တန်ချိန် ၅၀ တင်ပိုခဲ့နိုင်

By CNI
CNI
Category: Watch TV
Hits: 1015

Share
Tweet
Share
Share
powered by social2s

ထိုင်းက မြန်မာအပါ MOU လေးနှစ်ပြည့်သူများကို ခြောက်လ ယာယီနေထိုင်လုပ်ကိုင်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 1019

Share
Tweet
Share
Share
powered by social2s

ဆန်ကြမ်း တင်း ၁၀၀ လျှင် ၁၆ သိန်းအထိ ဈေးနှုန်းရနေ

By CNI
CNI
Category: Watch TV
Hits: 1010

Share
Tweet
Share
Share
powered by social2s
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13

Page 9 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar