CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ထိုင်ဝမ်သို့ လက်နက်ရောင်းသည့် Lockheed Martin နှင့် Raytheon ကို တရုတ်ကပိတ်ဆို့

By CNI
CNI
Category: Watch TV
Hits: 874

Share
Tweet
Share
Share
powered by social2s

Work permit သက်တမ်းကုန်သည့် မြန်မာများကို မေလအထိ ထိုင်းက နေခွင့်ပေး

By CNI
CNI
Category: Watch TV
Hits: 970

Share
Tweet
Share
Share
powered by social2s

မြန်မာမှ လူအများအပြား ပြည်ပကိုထွက်ခွာရတဲ့ အကြောင်းအရင်းက ဘာလဲ

By CNI
CNI
Category: Watch TV
Hits: 868

Share
Tweet
Share
Share
powered by social2s

ကန်ပိုက်တီဂိတ်တွင် ကုန်တင်ကားများ တရုတ်သို့ ကိုယ်တိုင်မောင်းဝင်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 952

Share
Tweet
Share
Share
powered by social2s

နယ်စပ် ဆန်၊ ဆန်ကွဲ တင်ပို့မှု ပို့ကုန်ရငွေအပေါ် မူဝါဒ ပြောင်းလဲသတ်မှတ်

By CNI
CNI
Category: Watch TV
Hits: 915

Share
Tweet
Share
Share
powered by social2s

ဗုဒ္ဓဂါယာဘုရားဖူးအတွက် ပတ်စပို့ထုတ်ပေးခြင်းအား မတ်လကုန်ခန့်တွင် ပြန်ရပ်မည်

By CNI
CNI
Category: Watch TV
Hits: 963

Share
Tweet
Share
Share
powered by social2s
ဆန်အိတ်တွေ စီနေစဉ်

နယ်စပ် ဆန်၊ ဆန်ကွဲ တင်ပို့မှု ပို့ကုန်ရငွေအပေါ် မူဝါဒ ပြောင်းလဲသတ်မှတ်

By CNI
CNI
Category: စီးပွားရေး
Hits: 1829

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

နယ်စပ်မှတဆင့် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေအပေါ် မူဝါဒ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ် ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးဖြင့် တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် မဖြစ်မနေ လဲလှယ်ကြရမည်ဖြစ်ပြီး ကျန်ရှိသည့် ၃၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း သုံးစွဲခွင့်ပြုကြောင်း သတ်မှတ်လိုက်သည်ဟု ဆန်ကုန်သည်များက ပြောသည်။

ယခင် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုကိုသာ သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးတွင်ပါ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် နယ်စပ်မှတဆင့် ဆန်တင်ပို့မှု လျော့ကျသွားနိုင်ကြောင်း၊ ဆန်ကုန်သည်များအနေဖြင့် အကျိုးအမြတ် ရရှိမှုအပေါ် တွက်ချက်ပြီး ရောင်းချကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန် ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နယ်စပ်သမားတွေကတော့ အရင် ယွမ်တို့၊ ဘတ်တို့နဲ့ ရောင်းတာပေါ့။ သူက ၁၀၀ ရာခိုင်နှုန်း ရနေတော့ နည်းနည်း တွက်ခြေကိုက်တာပေါ့။ ၆၅ ကို သူတို့သတ်မှတ်တဲ့ နှုန်းနဲ့ဆိုရင်တော့ နယ်စပ်သမားလည်း သိပ်တွက်ခြေမကိုက်တော့ဘူး ထင်ပါတယ်။ နယ်စပ်ကတော့ ဆန်ထွက်တာ လျော့သွားနိုင်တာပေါ့။ ပင်လယ်ရေကြောင်း ကတော့ ဒီဟာမျိုးကို သတ်မှတ်ထားတာတော့ ကြာပြီဗျ ပြီးခဲ့တဲ့ ၅ လပိုင်း၊ ၆ လပိုင်းကတည်းက။ ဒီဘက် နယ်စပ် ကိုလည်း ပြောင်းမယ် ပြောင်းမယ် လုပ်နေတယ်။ အခုကတော့ တကယ်ပြောင်းတဲ့ သဘောမျိုး အခုကတော့ စာထွက်တယ်ဆိုတာ။ ကုန်သည်ကတော့ တွက်ပြီး ပြန်ရောင်းရမှာပေါ့။ ၆၅ ကို ၂၁၀၀ နဲ့ရမယ်။ ၃၅ ကို အပြင် ပေါက်ဈေးနဲ့ ရမယ်ဆိုရင် ဘယ်ဈေးနဲ့ ကိုက်နိုင်မလဲဆိုတာက တွက်ချက်ပြီး ရောင်းရမှာပေါ့။ ဒေါ်လာ ၁၀၀ ကို ကျနော်တို့က ၆၅ဒေါ်လာကို သူတို့သတ်မှတ်နှုန်းထားနဲ့ ရောင်းပေးရတယ်။ ကျန်တဲ့ ၃၅ ဒေါ်လာကို ကျနော်တို့ အပြင်ပေါက်ဈေးနဲ့ ရောင်းလို့ရတယ်” ဟု ပြောသည်။

 ဆန်ဆိုင်တစ်ခုကိုတွေ့ရစဉ်

နယ်စပ်ကုန်သွယ်ရေးတွင် ယခင်က ဆန်နှင့် ဆန်ကွဲမှလွဲပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ၊ ရေထွက် ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေအပေါ်တွင်သာ ဗဟိုဘဏ်မှ မူဝါဒ သတ်မှတ်ထားသည်ကို တွေ့ရသည်။

မတ်လ ၁ ရက်နေ့တွင် နယ်စပ်မှတဆင့် ဆန်နှင့် ဆန်ကွဲတင်ပို့မှု ပို့ကုန်ရငွေအပေါ် မူဝါဒ သတ်မှတ်မည် ဖြစ်သည့် အတွက် နယ်စပ်ကုန်သည်များအနေဖြင့် ယင်းကာလမတိုင်ခင် ဆန်များကို အချိန်မှီ တင်ပို့နေရကြောင်း၊ ဆန်နှင့် ဆန်ကွဲများ အဝယ်ရပ်တန့်နေပြီး ချင့်ချိန်နေကြရသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။

တရုတ်နယ်စပ် ကုန်သွယ်ရေး၌ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ ရရှိသည့် ယွမ်ငွေများကို လဲလှယ်ရာတွင် ပြင်ပ ပေါက် ဈေးသည် တရုတ်ယွမ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၄၂၆ ကျပ်ရှိကြောင်း၊ ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးနှုန်း သည် ၃၀၈ ကျပ်သာ ရှိသည့်အတွက် ကုန်သည်များအနေဖြင့် ဆန်တစ်အိတ်လျှင် ၁ သောင်းကျပ်ခန့် နစ်နာဆုံးရှုံး သွားမည် ဖြစ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိမှာ ဖေဖော်ဝါရီလကုန်မှ ၆၅၊ ၃၅ ကို ငွေကြေးမူဝါဒ ပြောင်းမယ်။ လက်ရှိမှာတော့ ယခင်အတိုင်းပဲ ၁၀၀ ရာခိုင်နှုန်းအပြည့် လွတ်လွတ်လပ်လပ် သုံးစွဲခွင့် ပေးတယ်။ ၁၀၀ ရာခိုင်နှုန်းအပြည့် လွတ်လွတ်လပ်လပ် သုံးစွဲခွင့် ပေးတယ်ဆိုတာက ဥပမာပြောရရင် အန်ကယ်တို့က တရုတ်ပြည်ကို ဆန်ရောင်းရင် ယွမ်ငွေ ၁၀၀ ရ တယ်။ အဲဒီ ၁၀၀ ကို လိုင်စင်ရ ပုဂ္ဂလိက ဘဏ်တွေမှာ သွားလဲမယ်ဆိုရင် ဒီကနေ့ဈေး ၄၂၆ ကျပ်ရမယ်။ ၆၅၊ ၃၅ သတ်မှတ်လိုက်တဲ့ အချိန်ဆိုရင် အန်ကယ်တို့က တရုတ်ပြည်ကို ဆန်ရောင်းလိုက်တယ်။ ယွမ်ငွေ ၁၀၀ ရတယ်။ ယွမ်ငွေ ၁၀၀ ရရင် ယွမ်ငွေ ၆၅ ယွမ်ကို ဗဟိုဘဏ် သတ်မှတ်ဈေးက ၃၀၈ ယွမ်ပဲ ရှိတယ်။ ၃၅ ရာခိုင်နှုန်းကတော့ ၄၂၆ နဲ့ ရမှာပေါ့နော် လွတ်လွတ်လပ်လပ် ပေါက်ဈေးအတိုင်း။ ဒါကြောင့် ၆၅ ရာခိုင်နှုန်းဟာ ၄၂၆ ကျပ် ရမယ့်အစား ၃၀၈ ကျပ်ပဲ ရတဲ့အတွက် ဆန်တစ်အိတ်မှာ ၁၀၀ ရာခိုင်နှုန်းအပြည့် လဲရတုန်းကနဲ့စာရင် ဆန်တစ်အိတ်ကို မြန်မာ ငွေ ၁ သောင်းကျော်လောက် နစ်နာတယ်။ ဆုံးရှုံးသွားတာကို တွေ့ရတယ်။ ချင့်ချိန်နေရတာပေါ့ လမကုန်မီ အမှီ ပို့ရတာပေါ့ ဆန်တွေကို။ ဒါပေမယ့် လောလောဆယ် ဝယ်စရာရှိတာတွေတော့ ရပ်တန့်သွားတယ်။ ရှိတာတွေကိုပဲ ပို့နေတယ်။ ဝယ်တာက အရင်လို အားကောင်းမောင်းသန်နဲ့ မဝယ်နိုင်တော့ဘူး။ ချင့်ချိန်ပြီးတော့ ဝယ်ရတယ်” ဟု ပြောသည်။

ဆန်အိတ်သယ်ရန် အလုပ်သမားများ ပြင်ဆင်နေစဉ်

ထို့နောက် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ရငွေများ အပေါ်တွင် မူဝါဒ ပြောင်းလဲ ချမှတ်သည့်အတွက် နယ်စပ်ကုန် သည်များက ဆန်များကို ဈေးနှုန်းလျှော့ပြီး ဝယ်ယူမှု ပြုလာနိုင်ကြောင်း၊ ဈေးလျှော့ဝယ်သည့် အခါတွင် တောင်သူ များ ရောင်းချနိုင်၊ မနိုင်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး က ပြောသည်။

၎င်းက “၆၅၊ ၃၅ သတ်မှတ်လိုက်ရင်တော့ သူတို့ရတဲ့ ပိုက်ဆံ နည်းသွားရင် ဆန်ဈေးက သူတို့ လျှော့ဝယ်ရမှာပေါ့။ လျှော့ဝယ်လို့ ဒီဘက်က တောင်သူဘက်က ရောင်းနိုင်သလား၊ မရောင်းနိုင်သလား ဆိုတာတော့ ဒါကတော့ အခြေ အနေတွေ စောင့်ကြည့်ရမှာပေါ့နော်။ ဟိုဘက်က ပို့ကုန်ရငွေက နည်းသွားရင် သူတို့မကိုက်ရင် ဈေးလျှော့ဝယ်မှာ ပဲ။ ဒါပေမယ့် ပစ္စည်းက ဒီဘက်မှာတော့ စပါးပေါ်တဲ့ ရာသီတော့ မဟုတ်သေးဘူး။ စပါးပေါ်တဲ့ ရာသီက ၄ လပိုင်း လောက်မှ နွေစပါးတွေ လှိုင်လှိုင်ပေါ်မှာဆိုတော့လေ။ ဒီကြားထဲမှာ စပ်ကူးမတ်ကူး ဖြစ်နေတာကိုး” ဟု CNI သတင်း ဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒေါ်လာ သတ်မှတ်နှုန်းထားသည် ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြစ်ပြီး လက်ရှိ ပြင်ပ စျေးကွက် ၁ ဒေါ်လာ ၂၈၀၀ ကျပ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

ဗဟိုဘဏ်စျေးနှင့် ပြင်ပပေါက်စျေး ၁ ဒေါ်လာကို ကျပ် ၇၀၀ အထက် ကွာဟချက် ရှိနေခြင်းကြောင့် ကုန်သည်များ ပြည်ပတင်ပို့ရာတွင် တွက်ခြေကိုက်ရန်အတွက် ဈေးချဝယ်ယူလာနိုင်ကြောင်း၊ ထို့ကြောင့် နယ်စပ်ပို့ကုန် ဆန်၊ ဆန်ကွဲ စျေးကျဆင်းနိုင်သည်ဟု ကုန်သည်တချို့က သုံးသပ်ကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆားဈေးနှုန်း တစ်ပိဿာ ၂၃၀ ကျပ်မှ ၁၁၀ ကျပ်သို့ ရောက်ရှိနေ

By CNI
CNI
Category: Watch TV
Hits: 931

Share
Tweet
Share
Share
powered by social2s
Nok Air လေကြောင်းလိုင်းကိုတွေ့ရစဉ်

Nok Air လေကြောင်းလိုင်း မတ် ၂၆ ရက်တွင် ရန်ကုန်-ဘန်ကောက် ပြန်ပြေးဆွဲမည်

By CNI
CNI
Category: စီးပွားရေး
Hits: 1712

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

Nok Air လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက်တိုက်ရိုက် ပြေးဆွဲခြင်းအား မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း Nok Air Myanmar မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Nok Air လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက် တိုက်ရိုက်ပြေးဆွဲခြင်းအား ရပ်နားလိုက်ပြီဆိုသော ပျံ့နှံ့နေမှုများနှင့် ပတ်သက်၍ Nok Air Myanmar မှ တာဝန်ရှိသူတစ်ဦးအား CNI သတင်းဌာနမှ ဆက်သွယ် မေးမြန်းလိုက်သည့်အခါတွင် ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

၎င်းက “ပိတ်လိုက်တာတော့ မဟုတ်ဘူး။ အစ်မတို့ လောလောဆယ်တော့ cancelation တော့ ပြန်လုပ်ထား တယ်။ Flight schedule အပြောင်းအလဲလေး ရှိတာကြောင့်မို့လို့။ ဖေဖော်ဝါရီ ၁၂ ကနေ စရပ်တာ။ မတ်လ ၂၆ on work က ပြန်ပြီးတော့ ပြန်ရှိမှာပေါ့။ Flight က ပြန်ရှိမှာပါ။ Flight schedule အပြောင်းအလဲ ရှိတာကြောင့်မို့လို့ ကြားထဲက ရက်တွေကို ယာယီ ရပ်နားထားတယ်နော်။ မတ် ၂၆ ကနေစပြီးတော့ ပြောရရင်တော့ schedule အသစ်ပေါ့လေ။ Operation Date အသစ်တွေနဲ့ ပြန်ဆွဲမှာဖြစ်တဲ့အတွက်။ ဟိုလိုရပ်လိုက်တာ မဟုတ်တဲ့ အတွက် အစ်မတို့က တစ်စုံတစ်ရာ ထုတ်ပြန်မှာ မဟုတ်ဘူးပေါ့။ ဘာလို့လဲဆိုတော့ ရောင်းချဝယ်ယူလို့ ရနေတာတွေက ရပ်တန့်သွားတာမျိုးတွေ မရှိဘူး။ တစ်ခုပဲ ဒီဖေဖော်ဝါရီလ ကျန်ရှိလဝက်နဲ့ ဟိုဘက် မတ်လ လဝက်လောက် အထိကတော့ အစ်မတို့ Flight တွေ ရှိနေမှာ မဟုတ်ဘူးပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

Nok Air လေကြောင်းလိုင်းကိုတွေ့ရစဉ်

ထို့ကြောင့် ထိုင်းနိုင်ငံသို့ Nok Air လေကြောင်းလိုင်းဖြင့် သွားရောက်ချင်သည့် ခရီးသွားများ အနေဖြင့် လက်မှတ် ဝယ်ယူခြင်းအား ပြန်လည်ပြေးဆွဲမည့် မတ်လ ၂၆ ရက်နေ့မှ စတင်ကာ ရွေးချယ်၍ ဝယ်ယူနိုင်ကြောင်းလည်း Nok Air Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Nok Air လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ အခြေစိုက်ဖြစ်ပြီး ဈေးနှုန်းသက်သာသည့် လေကြောင်းလိုင်း တစ်ခုလည်း ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆားများသယ်နေကြစဉ်

ဆားဈေးနှုန်း တစ်ပိဿာ ၂၃၀ ကျပ်မှ ၁၁၀ ကျပ်သို့ ရောက်ရှိနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1487

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

ပြီးခဲ့သည့်လက ဆားကြမ်း တစ်ပိဿာလျှင် ၂၃၀ ကျပ် ရရှိသော်လည်း လက်ရှိမှာတော့ ဆားထွက်ရှိမှု များပြားလာခြင်းကြောင့် တစ်ပိဿာ ၁၁၀ ကျပ်သာ ရရှိတော့ကြောင်း ဆားတောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ဆားအသစ် ထွက်ပေါ်ချိန်တွင် ဆားဈေးနှုန်း ဆက်တိုက် ကျဆင်းနေသည့် အခြေအနေကို မြန်မာနိုင်ငံ အတွင်းရှိ နေလှန်းဆားတောင်သူများ ရင်ဆိုင်နေရကြောင်း ဆားတောင်သူများထံမှ သိရသည်

မွန်ပြည်နယ်မှ ဆားတောင်သူ ဦးလှတင်က “ ဆားဈေးနှုန်းက အခု ၁၁၀။ ဆားဈေးနှုန်း ကျတာက ဆားဖိုတွေက ဆားထွက်တာက ရာသီဥတု အခြေအနေ ကောင်းတဲ့အခါကျ ဆားထွက်တာပေါ့။ ဆားထွက်တော့ ဆားဈေးက မတည်ငြိမ်ဘူး ကျတာပေါ့။ အခုလက ဆားတွေက ထွက်တဲ့အခါကျတော့ ဆားဈေးက ပွဲစားသမားတွေက တက် တယ်။ ကြိတ်စက်သမားတွေက သူတို့မကိုက်ဘူး။ လျှော့ဝယ်တယ်ပေါ့။ လျှော့ဝယ်တဲ့ အခါကျတော့ အဝယ် နည်း သွားတာပေါ့။ နောက်ပြီး ဈေးက ဆားတောင်သူတွေက မရောင်းနိုင်တော့ အဲဒါကြောင့် ဆားတောင်သူတွေ အတွက် နည်းနည်း အခက်အခဲဖြစ်ပြီး ဈေးကွက် မတည်ငြိမ်ဘူးလေ။ ကျနော်တို့က အခုဆိုလို့ရှိရင် ၂၀၀ တော့ မမှန်းဘူးလေ။ ၁၅၀ လောက် ပုံမှန်ရနေတယ်ဆိုလို့ရှိရင်တော့ မဆိုးဘူးပေါ့။ ၁၅၀ အောက် ကျသွားရင် ကျနော်တို့ တောင်သူတွေက အကျိုးအမြတ် နည်းသွားတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆားကန်များကိုတွေ့ရစဉ်

ထို့အပြင် ဆားဈေးနှုန်း ကျဆင်းနေသော်လည်း စက်သုံးဆီ၊ အလုပ်သမားစရိတ်၊ အထွေထွေကုန်ကျစရိတ်များ သည် မြင့်တက်နေခြင်းနှင့် ဆားများကို သိုလှောင်ထားရန် ဂိုဒေါင်များ မရှိသည့်အတွက် ရသည့်ဈေးဖြင့် ရောင်းချ နေရသည်ဟု ဆားတောင်သူများက ပြောသည်။

နေလှန်းဆား တစ်ဧက ထုတ်လုပ်ပါက ဆားပိဿာချိန် ၉ ထောင်ခန့် ထွက်ရှိပြီး တစ်ဧကအတွက် ကုန်ကျစရိတ် သည် ၉ သိန်းဝန်းကျင် ရှိကြောင်း၊ ထို့ကြောင့် လက်ရှိ ဖြစ်ပေါ်နေသည့် ဆားဈေးနှုန်းသည် ဆားတောင်သူများ အတွက် အကျိုးအမြတ် ရရှိမှု မရှိသလောက်ဖြစ်နေပြီး အရင်းမျှသာ ရှိနေသည်ဟု ဆားတောင်သူများထံမှ သိရ သည်။

ဆားဈေးနှုန်း ကျဆင်းခြင်းသည် စားသုံးသူအတွက် ကုန်ကျစရိတ် သက်သာစေသော်လည်း ဆားတောင်သူများက တော့ ထိခိုက်စေနိုင်ခြင်းကြောင့် ဈေးနှုန်းတည်ငြိမ်စေရေး ပြည်ပမှ ဆားတင်သွင်းနေမှုများကို ကြီးကြပ်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။

၎င်းက “ဆားထွက်တဲ့ရာသီမှာ ဈေးကျတယ်ဆိုတာက အတိုင်းအတာ တစ်ခုပဲ ကျရပါမယ်။ ဥပမာ တစ်ပိဿာကို ၄၀၀ နှုန်းဖြစ်တဲ့ဟာမှာ ၃၀၀ နှုန်း ဖြစ်ရပါမယ်။ အခုက ၄၀၀ နှုန်း ဖြစ်တဲ့ဟာမှာ ၁၀၀ နှုန်းကို ဆွဲချလိုက်တယ် ဆိုတော့ ဆားအရောင်းအဝယ် လုပ်တဲ့သူ ဆားပွဲစားတွေရဲ့ ပြောစကားကို ဆားတောင်သူတွေက ဂိုဒေါင်မရှိတော့ မိုးရွာမှာစိုးလို့ သူတို့က ရောင်းရတာ ရှိတယ်။ နိုင်ငံခြားက ဆားတွေ ပစ်စလက်ခတ် ဝင်နေတဲ့ဟာကို ကြပ်မတ်ပေး ဖို့ လိုပါတယ်။ အစိုးရရဲ့ သဘောကောင်းမှု အားနည်းချက်ကို ယူပြီးတော့ ဆားကို မှောင်ခိုသွင်းနေတဲ့သူ၊ ဆားကို တာဝန်ခံပြီးတော့ အကာအကွယ် ယူပြီးတော့ ဆားသမားတွေကို ပစ်စလက်ခတ် လုပ်ထားတဲ့သူတွေ ရှိနေသမျှ ကာလပတ်လုံး ကျနော်တို့ရဲ့ ဒေသခံ မြန်မာပြည်မှာရှိတဲ့ ဆားတောင်သူတွေ ဒုက္ခဖြစ်တာပေါ့ဗျာ။ နံပါတ် ၂ အချက်က ကျနော်တို့ တောင်သူတွေ ဆားထုတ်လာတဲ့ဟာတွေကို ယာယီဂိုဒေါင်လေးတွေ ဆောက်ပေးဖို့ လိုပါ တယ်။ နံပါတ် ၃ က အဲဒီထွက်ရှိလာတဲ့ ဆားကောင်း၊ ဆားခဲတွေ၊ ဆားကြမ်းတွေကို ကျနော်တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ တခြားနိုင်ငံတွေကို Export ပို့နိုင်အောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆားများသယ်နေကြစဉ်

ဆားတောင်သူများသည် မကြာခဏ ဆားကွင်းဖျက်မိုးနှင့် ကြုံနေရသောကြောင့် ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရသည်။

ဆားတောင်သူများက ဆုံးရှုံးမှု ရှိနေသော်လည်း ဆားပွဲစားများနှင့် ဆားကြိတ်သည့် လုပ်ငန်းရှင်များက အကျိုး အမြတ် ရရှိနေသည်ဟု ဆားတောင်သူများက ပြောသည်။

မြန်မာနိုင်ငံတွင် ဆားကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆားလုပ်ငန်းကို လုပ်ကိုင်ကြပြီး နှစ်စဉ် ဆားတန်ချိန် ၄ သိန်းကျော် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျပန်နိုင်ငံသို့ ရွှေထည်ပစ္စည်း ပြန်လည်တင်ပို့ရန် ရွှေလုပ်ငန်းရှင်အသင်း ပြင်ဆင်နေ

By CNI
CNI
Category: Watch TV
Hits: 920

Share
Tweet
Share
Share
powered by social2s

မတ်လမှစတင်၍ ရုရှားဘက်က ရေနံထုတ်လုပ်မှုကို စည် ၅ သိန်းလျှော့ချမည်

By CNI
CNI
Category: Watch TV
Hits: 904

Share
Tweet
Share
Share
powered by social2s

ကြံတစ်တန်ကို ကျပ် ၁ သိန်းအထိ ဈေးကောင်းရနေ

By CNI
CNI
Category: Watch TV
Hits: 962

Share
Tweet
Share
Share
powered by social2s
အောင်ဘာလေသိန်းဆုဌာနခွဲကိုတွေ့ရစဉ်

အောင်ဘာလေထီလက်မှတ် အက္ခရာ ၇ လုံးအထိ လျှော့ချ

By CNI
CNI
Category: စီးပွားရေး
Hits: 1258

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

အောင်ဘာလေထီရောင်းအား ကျဆင်းနေသည့်အတွက် ထီလက်မှတ်များ အလေအလွင့် မဖြစ်စေရန်အတွက် ထီလက်မှတ် အက္ခရာ ၁၀ လုံးအစား ၇ လုံးအထိ လျှော့ချလိုက်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

ထီလက်မှတ် အက္ခရာ ၁၀ လုံး ထုတ်ရာတွင် အက္ခရာ ၆ လုံးခန့်သာ ရောင်းသည့်အတွက် မရောင်းရဘဲ ကျန်ရှိနေ သည့် အက္ခရာ ၄ လုံး၏ ထီလက်မှတ်များကို လစဉ် မီးရှို့နေရခြင်းကြောင့် နိုင်ငံတော် ဘဏ္ဍာငွေ လစဉ် သိန်း ၃၀၀ ကျော် ဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ဟု ထီလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ ထီအက္ခရာကို ၇ လုံးအထိ လျှော့ချလိုက်ခြင်းကြောင့် ထီလက်ကျန်သည် အစောင်ရေ ၅ သောင်းခန့်သာ ကျန်ရှိတော့မည် ဖြစ်ရာ ထီကံစမ်းသူများအတွက် ထီပေါက်ရန် အခွင့်အလမ်း ပိုများသွားသည်ဟု မဟာလာဘံ ထီဆိုင်ပိုင်ရှင် ဦးအောင်ထွန်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ထီပေါက်စဉ် ဖွင့်လှစ်နေစဉ်

၎င်းက “အခုဆိုလို့ရှိရင် လက်ကျန်ထီ နည်းသွားတဲ့အတွက်ကို ရောင်းရတဲ့အထဲမှာ များတယ်။ ရောင်းရတဲ့အထဲမှာ များနေတာကြောင့် ထီထိုးကံစမ်းတဲ့ သူတွေရဲ့ လက်ထဲမှာ ဆုမဲတွေ အများကြီး ရောက်သွားမှာ။ အဲသာ ထီထိုးသူ တွေအတွက် အားသာချက်ပေါ့။ ပေါက်ဖို့ နီးစပ်သွားတာပေါ့။ အက္ခရာ ၁၀ လုံး ထိုးတဲ့အချိန်နဲ့ အက္ခရာ ၇ လုံး ထိုး တဲ့အချိန်မှာ ဟိုကောင်က အုပ်ရေနည်းသွားတဲ့အတွက်ကို ထီထိုးတဲ့သူတွေအတွက် ပေါက်ဖို့ အခွင့်အရေး ပိုများ သွားတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ရပါတယ်။ အက္ခရာ ၁၀ လုံး ထုတ်တဲ့အချိန်မှာ အုပ်ရေ ၄ သိန်းကျော်က မရောင်းရတဲ့အထဲ ပါသွားတယ်။ အခုဆိုလို့ရှိရင် ၁ သိန်းတောင် ကျန်မှာ မဟုတ်တော့ဘူး” ဟု ပြောသည်။

ထီအက္ခရာ တစ်လုံးတွင် ထီလက်မှတ် အစောင်ရေ ၈၁၈၁၈ အုပ်ရှိပြီး ထီတစ်အုပ်၏ ကုန်ကျစရိတ်သည် လက်ရှိ တွင် ၁၀၀ ကျပ် ကျော်နေကြောင်း၊ ယခု ထီအက္ခရာ ၇ လုံးသာ ထုတ်ဝေလိုက်သည့်အတွက် ထီအုပ်ရေ ၅ သိန်း ကျော်ခန့်သာ ဖြစ်သွားသည်ဟု သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ရှိသည့် ၄၇ ကြိမ်မြောက်တွင် ထီစာအုပ်ပေါင်း ၄၇၀၀၀၀ ကျော် ရောင်းချခဲ့ရပြီး ငွေကျပ်သန်းပေါင်း ၄၇၀၀ ကျော် ရရှိခဲ့သည်။

ထို့နောက် ရောင်းချငွေ၏ ၇၀ ရာခိုင်နှုန်းကို ထီဆုမဲအဖြစ် ချီမြှင့်ပေးခဲ့ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲထံမှ သိရသည်။

နိုင်ငံရေး အပြောင်းအလဲ မဖြစ်ပွားခင် ကာလတွင် အောင်ဘာလေ ထီရောင်းအားသည် အက္ခရာ ၄၂ လုံး ထုတ်ဝေ ပြီး အုပ်ရေ ၃,၄၀၆,၃၅၆(သုံးဆယ့်လေးသိန်း ခြောက်ထောင် သုံးရာ ငါးဆယ့်ခြောက်)အုပ် ရောင်းချလျက်ရှိသည်။

ထို့နောက် အမြင့်ဆုံး ဆုငွေ ကျပ်သိန်း ၁ သောင်းခွဲအထိ ချီးမြှင့်နိုင်ခဲ့သော်လည်း လက်ရှိတွင် ဆုငွေ သိန်း ၅ ထောင်သာ အမြင့်ဆုံးအဖြစ် ချီးမြှင့်လျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆန်စပါးစိုက်ပျိုးမှုတွင် လုပ်ငန်းရှင်နှင့် နည်းပညာများ ပူးပေါင်းပါဝင်ရန် လိုအပ်

By CNI
CNI
Category: Watch TV
Hits: 940

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းကြက်သွန်ဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေ

By CNI
CNI
Category: Watch TV
Hits: 917

Share
Tweet
Share
Share
powered by social2s
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12

Page 8 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar