- By CNI
- Category: Watch TV
- Hits: 628
- By CNI
- Category: နိုင်ငံရေး
- Hits: 791
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ထိုင်းနိုင်ငံတွင် ကိုဗစ်မတိုင်ခင်က ရောက်ရှိလုပ်ကိုင်နေသည့် MOU သက်တမ်း လေးနှစ်နှင့် ခြောက်နှစ်ပြည့်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် Work Permit အား သတ်မှတ်ကာလအတွင်း ပြုလုပ်ရန် လိုအပ်ကြောင်း ထိုင်းရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ Work Permit ပြုလုပ်ခြင်းအား မေလ ၁၅ ရက်နေ့အထိ အချိန်ကာလ ရွှေ့ဆိုင်းပေးထား သဖြင့် ထိုကာလအတွင်း မဖြစ်မနေ လုပ်ရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ကိုသားကြီးက “သူ့ရဲ့ နိုင်ငံကူးလက်မှတ်အပေါ်မှာ မူတည်တယ်ပေါ့။ နိုင်ငံကူးလက်မှတ်သက်တမ်းရှိနေတယ်ဆိုရင် Visa ရဲ့ Law အရက သူ့ကို Visa သက်တမ်းအပြည့် ပေးကိုပေးရ မယ်။ ဘာလို့ဆို သူက အလုပ်သမား Visa ဖြစ်တဲ့အတွက်။ MOU က ၄ နှစ်ပြည့်ရော ၆ နှစ်ပြည့်ရော ဥပဒေ တစ်ခုတည်း သွားမှာပဲ။ တချို့ MOU အလုပ်သမားတွေက စာအုပ်လုပ်ထားပြီးသား တစ်နှစ်လောက်နေမှ ထိုင်းကို ထွက်လာတယ် MOUနဲ့။ အဲဒီလိုလူတွေဆိုရင် နိုင်ငံကူးလက်မှတ်က သက်တမ်းကုန်သွားပြီ။ Visa လေးနှစ်ပြည့် တာနဲ့အတူ ကုန်သွားပြီ။ ကုန်သွားတဲ့လူတွေကို စာအုပ်သက်တမ်း ပြန်လည်ချိန်းဖို့အတွက် နောက်ထပ် ၆ လ ထိုင်းအစိုးရက ရွှေ့ပေးတယ်ဆိုပါတော့။ ဒါပေမယ့် သေချာတာတစ်ခုက နိုင်ငံကူးလက်မှတ်ကို ပြန်လည် သက်တမ်းတိုးရန်အတွက်သာ သက်တမ်းရွှေ့ပေးတာဖြစ်တယ်။ Work Permit ပြောတဲ့ ယာယီ အလုပ်သမား လက်မှတ်ကို သတ်မှတ်ထားတဲ့အချိန်မှာ လုပ်ကိုလုပ်ရမယ်။ ၆ နှစ်ပြည့်လို့ပြောတဲ့နေရာမှာ MOU အလုပ်သမား တစ်ယောက်က သူကစာအုပ်က ၂ အုပ် ဖြစ်နေပြီ။ နိုင်ငံကူးလက်မှတ်တစ်အုပ်ရဲ့ သက်တမ်းက ၅ နှစ်ပဲရှိတာ။ တကယ်လို့ သူက ဗီဇာ ၆ နှစ် ပြည့်သွားပြီဆိုရင် သေချာတာတစ်ခုက စာအုပ်သက်တမ်းတိုးထားပြီးသားဖြစ်တဲ့ အတွက် ၆ နှစ်ကို သူသုံးလို့ ရတာပေါ့။ ၆ နှစ်ပြည့်သွားပြီဆိုရင်ရော သူ့အလုပ်ရှင်သူဋ္ဌေးက လက်ခံတယ် ဆိုရင်တော့ အလုပ်ရှင်သူဋ္ဌေးကပဲ သူ့နည်းသူ့ဟန်နဲ့ Work Permit သက်တမ်းဆက်ပေးမှာ။ ဗီဇာသက်တမ်း ဆက်ပေးမှာ သေချာတယ်”ဟု ၎င်းက ပြောသည်။
MOU ဖြင့်စေလွှတ်ခံရသည့် မြန်မာလုပ်သားများ
ထိုင်းနိုင်ငံရှိ အလုပ်သမားများ၏ ပါမစ်သက်တမ်းအား ဖေဖော်ဝါရီ ၁၃ ရက်နေ့မတိုင်ခင်အထိ သက်တမ်းတိုးရန်မှာ အချိန်မလုံလောက်သဖြင့် မေလအထိ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သက်တမ်းလေးနှစ်ပြည့် MOU အလုပ်သမား ၆၀၀၀၀(ခြောက်သောင်း)ခန့်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ သက်တမ်း လေးနှစ်ပြည့် MOU အလုပ်သမား ၅၀၀၀၀(ငါးသောင်း) ခန့်တို့အား အထူးအစီအစဉ်အဖြစ် မူလပါမစ်သက်တမ်း ကုန်ဆုံးသည့်နေ့မှစ၍ ခြောက်လထက် မပိုသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုပေးထားသည်။
ထိုသို့ ခြောက်လထက် မပိုသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပေးခြင်းသည် နိုင်ငံကူးလက်မှတ်များအား သက်တမ်းတိုးပြုလုပ်ရန်အတွက် အချိန်ပေးခြင်းဖြစ်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
MOU ခြောက်နှစ်ပြည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းရှိပါက သက်တမ်း ပြန်ဆက်ရန် လုပ်ဆောင်ရာတွင် Work Permit၊ Visa သက်တမ်း ၂ နှစ် ရရှိမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။
ကိုဗစ်ကာလ ထိုင်းနိုင်ငံရှိ စက်ရုံလုပ်ငန်းခွင်တစ်ခုကို သက်ဆိုင်ရာက လာရောက်စစ်ဆေးနေစဉ်
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အဲဒီ ၆ နှစ်ပြည့် အုပ်စုကကြတော့ နောက်ထပ် ၂ နှစ်သက်တမ်းကို တိုးဖို့ကိစ္စအတွက်လုပ်မလား၊ ဒါမှမဟုတ်ရင်တော့လည်း ကိုယ့်အေဂျင်စီတွေပေါ့။ MOU တွေက သူတို့ အေဂျင်စီ တွေနဲ့လာကြတယ်။ လာကြတဲ့အခါကျတော့ အဲဒီ အေဂျင်စီတွေကနေပြီးတော့ ဒီဘက်မှာရှိတဲ့ အေဂျင်စီနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို ပြန်ပြီးတော့ အလုပ်သမားတွေက ဒီစက်ရုံတွေမှာပဲ အလုပ် ဆက်လုပ်နေမယ် ဆိုရင် ပြန်ပြီးတော့ သက်တမ်းတိုးဖို့အတွက်ကို ညှိရတာပေါ့။ ဒီဘက်ကို ဗမာပြည်ထဲမပြန်ဘဲနဲ့ ဥပမာဆိုရင် အရင်တုန်းက နယ်စပ်နေရာတွေကနေ လုပ်တာတွေရှိတယ်။ အဲဒါတွေဟာ အေဂျင်စီတွေနဲ့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ရင်တော့ ရနိုင်တဲ့သဘောရှိတယ်။ သို့သော် အဲဒီလူတွေ အများစုက ရောက်လာတဲ့အလုပ်မှာပဲ ဆက်ရှိသေးလား၊ မရှိသေးလား အဲဒီအပေါ်လည်း မူတည်သေးတယ်။ လောလောဆယ် ၄ နှစ်ပြည့်အုပ်စုကို စက်ရုံ၊ အလုပ်ရုံတွေမှာလုပ်တဲ့ အလုပ်သမားတွေ ဒီမှာ အများကြီး ရှိနေတယ်လေ။ မဟာချိုင်တို့ဘာတို့မှာ အများကြီးပဲ ဆိုတော့ အဲဒါတွေက လုပ်နေရမှာပေါ့” ဟု ပြောသည်။
ထို့အပြင် လက်ရှိ၌ Work Permit၊ နိုင်ငံကူးလက်မှတ်၊ Visa သက်တမ်းများအား အချိန်မီ ရရှိနိုင်ရေး လုပ်ဆောင် ရာတွင် ဘတ်ငွေ သောင်းဂဏန်းအထိ အကုန်အကျခံကာ ပွဲစားများဖြင့် ဆောင်ရွက်နေရကြောင်းလည်း အလုပ် သမားအရေးဆောင်ရွက်နေသူများထံက သိရသည်။
- By CNI
- Category: Watch TV
- Hits: 642
- By CNI
- Category: Watch TV
- Hits: 599
- By CNI
- Category: Watch TV
- Hits: 563
- By CNI
- Category: Watch TV
- Hits: 565
- By CNI
- Category: Watch TV
- Hits: 588

- By CNI
- Category: စီးပွားရေး
- Hits: 864
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈
လက်ရှိ မြန်မာနိုင်ငံတွင် စပါးဈေးနှုန်းများသည် စပါးပေါ်ချိန်ကထက် ဈေးနှုန်းများ အဆမတန် မြင့်တက်လာနေပြီး ဆန်ကြမ်းစပါး တင်း ၁၀၀ လျှင် ၁၆ သိန်းအထိ ဈေးနှုန်းရရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် စပါးစိုက်ပျိုးမှုနှုန်း လျော့ကျနေခြင်းနှင့် ရာသီဥတုကြောင့် စပါးပင် ပျက်စီးမှုများ ကြုံတွေ့ ခဲ့ရသည့်အတွက် စပါးအထွက်နှုန်း လျော့ကျနေကြောင်း တောင်သူလယ်သမားများက ပြောသည်။
လက်ရှိတွင် စပါးဈေးနှုန်းများသည် ဆန်ကြမ်းစပါး တင်း ၁၀၀ လျှင် ၁၆ သိန်းအထိ ဈေးနှုန်း ရရှိနေပြီး ဆန်ချော တင်း ၁၀၀ သည် ငွေကျပ် သိန်း ၂၀ ကျော်နေပြီဖြစ်သည်ဟု တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စပါးစပေါ်ချိန်တုန်းက ၁၀ သိန်း ဝန်းကျင်လောက်က စတယ်လေ။ ၁၀ သိန်း ဝန်းကျင်ကနေ စလိုက်တာ အခုတော့ ပြည်တွင်း စားဆန်ပေါ့ သုခတို့၊ ပခမ်းတို့ အဲဒီလို ပြည်တွင်း အခြေခံလူတန်းစား စားတဲ့ ဆန်ထဲက လူကြိုက်များတဲ့ ဆန်တွေပေါ့။ အဲဒီ လူကြိုက်များတဲ့ ဆန်တွေက ၁၀ သိန်း ကျော်ကျော်လောက်ကနေ အခုတော့ အခုချိန်မှာ သုခတို့ဆို ၁၄ သိန်းလောက် ဖြစ်နေပြီ စပါး ၁၀၀ ကိုလေ။ ဆန်ဈေးကလည်း ၄ သောင်းကနေ အခု တော့ ၅ သောင်းဝန်းကျင် ဖြစ်သွားပြီပေါ့။ ပေါ်ဆန်းက စပေါ်ခါစမှာတုန်းက စပါးဈေးက ၁၆ သိန်းလောက် ရှိ တယ်။ ဆန်ဈေးက ၅ သောင်း ဝန်းကျင်လောက် ရှိတယ်။ အခုတော့ စပါးဈေးကလည်း ၁၈ သိန်း၊ ၁၉ သိန်း၊ သိန်း ၂၀ ဖြစ်သွားတယ်။ အထွက်နှုန်း လျော့သွားတဲ့အတွက် Export စာချုပ် ချုပ်ထားတဲ့ လူတွေကလည်း သူတို့ အရေ အတွက် ပြည့်အောင် ဝယ်ရမှာပဲလေ။ အဲတော့ အခု မိုးစပါးထွက်တဲ့ အထွက်နဲ့ သူတို့ဟိုကို ပြန်သွင်းရမှာနဲ့ ပြည်တွင်း စားသုံးမှုနဲ့ စသည်ဖြင့်ပေါ့။ အဲတော့ သူတို့ခါတိုင်းလို ဈေးချပြီးတော့ အစ်ပြီးဝယ်ရင် သူတို့မရရုံပဲ ရှိ မယ်။ အဲတော့ သူတို့ ဈေးချိုလို့ မရတော့ဘူး။ အဲဒါကြောင့်လည်း ပါမယ်” ဟု ပြောသည်။
တောင်သူများကိုတွေ့ရစဉ် (GETTY IMAGES)
စပါးဈေးနှုန်း မြင့်တက်သော်လည်း တဖက်တွင် စပါးစိုက် တောင်သူများသည် သွင်းအားစုစရိတ်များ ၄ ဆလောက် ပိုကုန်ကျခဲ့ရကြောင်း တောင်သူများက ပြောသည်။
ထို့အပြင် အလုပ်သမားစရိတ်၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များကလည်း ယခင်ကထက် ပိုမိုများပြား နေခြင်း ကြောင့် အကျိုးအမြတ်ရရှိမှု အနည်းငယ်သာရှိသည်ဟု တောင်သူများက ပြောသည်။
ထို့နောက် သွင်းအားစုစရိတ် ကြီးမြင့်ခြင်းကြောင့် မြေဩဇာ၊ ပိုးသတ်ဈေး၊ ပေါင်းသတ်ဆေး၊ အပင်အားဆေး စသည် တို့ကို လုံလုံလောက်လောက် မထည့်နိုင်ကြောင်း၊ ထို့ကြောင့် စပါးအထွက်နှုန်း လျော့ကျမှုများနှင့် ရင်ဆိုင် ခဲ့ရကြောင်း၊ ယခင်က လယ်တစ်ဧကလျှင် စပါးတင်း ၁၀၀ ရရှိသော်လည်း ယခုနှစ် မိုးစပါးသည် နှစ်ဧကမှသာ စပါးတင်း ၁၀၀ ရရှိကြောင်း သိရသည်။
စပါးစိုက်ပျိုးမှု ၃ ပုံ ၂ ပုံ လျော့ကျခဲ့သည့် ရွှေဘိုမြို့နယ်တွင် စပါးဈေးနှုန်းများ ကောင်းမွန်လျက်ရှိသော်လည်း နယ်မြေ မတည်ငြိမ်မှုကြောင့် စပါးဝယ်ယူရန် အခက်အခဲရှိကြောင်း၊ လယ်သမားများက နယ်မြေတည်ငြိမ်သည့် နေ့ရက်များတွင် ဆန်စက်များသို့ ကိုယ်တိုင်လာရောက် ပို့ဆောင်ကြရကြောင်း ဆန်စက်ပိုင်ရှင်များက ပြောသည်။
စပါးများ ပုံနေစဉ် (AFP)
လက်ရှိတွင် ရွှေဘိုမြို့နယ်၌ စပါးလှောင်သမားများနှင့် ကြိတ်ခွဲမည့် သူများသည် ဆန်ဈေးနှုန်း မြင့်တက်နေမှုကြောင့် ဝယ်ယူမှုများ ရပ်တန့်နေကြောင်း၊ သို့သော် စပါးဈေးနှုန်းများသည် အမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု ရွှေဘိုမြို့မှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။
၎င်းက “အခုလက်ရှိက ခက်ခဲတယ်လေ ဝယ်လို့ မလွယ်ဘူး။ သူတို့ဟာသူတို့ နယ်မြေအေးချမ်းတဲ့ နည်းနည်းပါးပါး တစ်ရက်၊ နှစ်ရက် အေးချမ်းတယ်ဆိုရင် သူတို့ထွက်လာကြတာရှိတာ။ လူတွေကတော့ ဒီဘက်က မြို့ပေါ်က သွား မတိုက်ရဲကြဘူး။ သူတို့ တစ်ခါတလေ အေးချမ်းတယ်ထင်ရင် ထွက်လာလိုက်တာပေါ့။ မအေးချမ်းတော့ မလာပြန် ဘူးပေါ့။ သူတို့ဟာ သူတို့ အဆင်ပြေတာလေ။ ဒီကလူတွေကတော့ နယ်မြေ မအေးချမ်းဘူး၊ အေးချမ်းတယ်ဆိုတာ မသိဘူးလေ။ အဲဒီအခါကျတော့ သွားတိုက်လို့ အဆင်မပြေဘူးလေ။ သူတို့ကတော့ လာပြီးတော့ အရောက်ပို့တယ် ဆိုတာ ပို့တဲ့နေ့ ပို့တယ် သူတို့အဆင်ပြေတဲ့နေ့။ စစ်ကြောင်းရှိတဲ့နေ့ ကျတော့လည်း မလာရဲဘူးပေါ့လေ။ သူတို့ နယ်မြေပေါ် သူတို့ကြည့်ပြီးတော့ လာကြတယ်။ စပါးဈေးနှုန်းတွေကတော့ ရွှေဘို ပေါ်ဆန်းတွေကတော့ လော လောဆယ် သိန်း ၂၀ ဝန်းကျင်၊ ၂၀ အထက်။ အခုကတော့ မတက်တော့ပါဘူး အတက်ရပ်သွားပါပြီ။ စပါးဈေးတွေ က မြင့်သွားပြီလေ မြင့်သွားတဲ့ အခါကျတော့ လှောင်လက်သမားတွေက ဒီဈေးနဲ့ကျတော့ မလှောင်တော့ဘူးလေ။ ရလည်း ရသွားပြီလေ။ ဒီအချိန်ကျ လှောင်သမားတွေက ပြည့်သွားပြီလေ။ ကြိတ်ခွဲသမားက လက်ရှိ ဆန်ဈေးနဲ့ ကျတော့ ဆန်က အရောင်းနှေးသွားတာလေ။ အဲတော့ တအားကြီး အင်တိုက်အားတိုက် မဝယ်ကြတော့ဘူးပေါ့။ ဝယ်တဲ့နေရာတော့ ဝယ်သေးတာပေါ့။ ခါတိုင်းလောက်ကြီး တအားမဆိုးတော့ဘူးပေါ့။ ခါတိုင်းကတော့ တစ်ရက် တစ်ဈေးဖြစ်နေတော့ နေ့တိုင်း တောက်လျောက် တန်းဝယ်နေကြတာ။ အခုတော့ လောလောဆယ်တော့ အမြင့် ဆုံးဈေး ရောက်သွားပြီပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
တောင်သူလယ်သမားများကိုတွေ့ရစဉ်(GETTY IMAGES)
တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ် လိုက်သည့်အတွက် မူဆယ်နယ်စပ်တွင် ဆန်ဝယ်လိုအား မြင့်တက်နေသည်။
ထို့အပြင် ပင်လယ်ရေကြောင်းမှ တဆင့် ပြည်ပသို့ ဆန်တင်ပို့မှုများ ပုံမှန်ရှိနေခြင်းနှင့် စပါးအထွက်နှုန်းအပေါ် စိုးရိမ်ပြီး ဝယ်ယူသိုလှောင်မှုများ မြင့်တက်နေခြင်းတို့ကြောင့် စပါးဈေးများ စံချိန်တင် မြင့်တက်လာခြင်း ဖြစ် သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
စပါးဈေးနှုန်း မြင့်တက်မှုနှင့်အတူ ဆန်ဈေးနှုန်းများ လိုက်ပါ မြင့်တက်လာခြင်းကြောင့် တောင်သူလယ်သမားများနှင့် ကုန်သည် ပွဲစားများအတွက် အဆင်ပြေသော်လည်း ဈေးနှုန်းမြင့်တက်လာမည်ကို ပြည်သူများက စိုးရိမ် နေကြသည်။
- By CNI
- Category: Watch TV
- Hits: 632
- By CNI
- Category: Watch TV
- Hits: 577
- By CNI
- Category: Watch TV
- Hits: 606
- By CNI
- Category: စီးပွားရေး
- Hits: 842
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅
ကုမ္ပဏီများတွင် အမည်ခံဒါရိုက်တာနှင့် အမည်ခံ အစုရှယ်ယာရှင် ခန့်အပ်ခြင်းကို ခွင့်မပြုတော့ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ခဲ့သော်လည်း အမည်ခံဒါရိုက်တာများ ပပျောက်မည် မဟုတ်ဟု စီးပွားရေးပညာရှင်များက ပြောသည်။
အမည်ခံဒါရိုက်တာ ခံယူထားသူသည် ငွေကြေးအရနှင့် တာဝန်အရ လုပ်ဆောင်မှုများ ရှိသည့်အတွက် ကုမ္ပဏီ တစ်ခု၏ အမည်ခံ ဟုတ်မဟုတ်ကို စိစစ်ရန် ခဲယဉ်းနိုင်သည်ဟု စီးပွားရေးပညာရှင် ဦးသက်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “အမှန်မှာတော့ ဒါက ဖြစ်သင့်တဲ့ကိစ္စကို ဥပဒေ ထုတ်တာပေါ့။ ဖြစ်သင့်တဲ့ ကိစ္စကို ဒါကတော့ အမည်ခံ ဒါရိုက်တာ အနေနဲ့တော့ မဟုတ်ဘဲနဲ့ နာမည်ရောင်းစားတာပေါ့၊ ရှင်းရှင်းပြောရင်တော့ နာမည်ရောင်းစားတဲ့ ကိစ္စကို ခွင့်မပြုသင့်ဘူးပေါ့နော်။ တကယ် အစစ်အမှန် ဖြစ်တဲ့ကိစ္စ ဖြစ်တာပေါ့နော်။ တကယ်တမ်း ပြောရရင် ပြဿနာတစ်ခုခု ဖြစ်လို့ရှိရင် ထိုးကျွေးလို့ရတဲ့ဟာတွေပေါ့နော်၊ အမည်ခံဆိုတာတော့ အဲဒါလေးလည်း သုံးသပ်လို့ ရတာပေါ့နော်။ သူ့ရဲ့ လုပ်ငန်းရဲ့ အတိမ်အနက်ပေါ် မူတည်ပြီးတော့ ဘာတွေလုပ်တယ်၊ ဘယ်လိုဖြစ်လို့ ရှိရင်တော့ အမည်ခံ ဒါရိုက်တာတွေက ဆိုးကျိုးတွေ အများကြီးပေါ့နော်။ ဒါကြောင့်မို့လို့လည်း ထုတ်တာနဲ့ တူပါတယ်။ အမည်ခံဆိုတာတော့ နေရာတကာတော့ မကောင်းဘူးလေ။ တကယ်အဖြစ်မှန်နဲ့ သွားရမယ့် ကိစ္စတွေကို လူတွေ က ခုန်ပျံကျော်လွှား သွားခြင်းအားဖြင့် ဖြတ်ညှပ်ကပ် လုပ်တာပေါ့နော်။ ဖြတ်ညှပ်ကပ် လုပ်တဲ့အခါကျတော့ တကယ် ရွှေ့လိုက်တဲ့ အခါကျတော့ ပြဿနာ ရှိတယ်ပေါ့နော်။ ဖြစ်သင့်တာတော့ အမှန်တကယ် နာမည်ခံပေါ့။ ဒါပေမယ့်လည်း ဒါကြီးက မပပျောက်သွားပါဘူး။ ဘယ်လိုစိစစ် သွားမလဲဆိုတာလည်း ပြဿနာတစ်ခု ရှိတယ် လေ။ ဘာလို့လဲဆိုတော့ အမည်ခံကို သွားမေးလည်း အမည်ခံက ဟုတ်ပါတယ် ကျနော်လုပ်ပါတယ်လို့ ပြောရင် ဘယ်လိုလုပ်မလဲ။ ဒါတွေက ဘယ်လောက် အမည်ခံလဲပေါ့နော်။ တချို့ကျတော့လည်း ပိုက်ဆံရပြီးတော့ လုပ်တဲ့ အမည်ခံလည်း ရှိသလို တချို့ကျတော့ တာဝန်အရ လုပ်ပေးရတဲ့ အမည်ခံလည်း ရှိတာပေါ့နော်။ အဲဒါကို ဖော်ထုတ်ဖို့က တော်တော်တော့ ခဲယဉ်းပါမယ်” ဟု ပြောသည်။
အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အခန်း ၁၈ တွင် ဒါရိုက်တာများ၏ ရပိုင်ခွင့်၊ တာဝန်ရှိမူများ စပ်လျဉ်းပြီး ဒါရိုက်တာ ရာထူး ခန့်အပ်ထားခြင်း မရှိစေကာမူ ကုမ္ပဏီ ကိစ္စများကို ညွှန်ကြားသူ၊ ထိန်းချုပ်သူများကိုလည်း ဒါရိုက်တာ အဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည့်အပြင် ဥပဒေနှင့်အညီ အလှည့်ကျ ဒါရိုက်တာခန့်အပ်ရန်လည်း ခွင့်ပြုထားသည့်အတွက် ဥပဒေနဲ့မညီညွတ်သော အမည်ခံ ဒါရိုက်တာများ ခန့်အပ်ခြင်းကို လုံးဝ ခွင့်ပြုမည် မဟုတ် ကြောင်း DICA က ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အမည်ခံဒါရိုက်တာများ ခွင့်မပြုတော့သည့်အတွက် အခွန်ကိစ္စနှင့် ငွေဖြူငွေမည်းကိစ္စ ရှင်းသွားမည်ဖြစ်သည်ဟု အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
၎င်းက “အရှုပ်အရှင်းတော့ နည်းနည်း နည်းသွားမှာပေါ့။ အရှုပ်အရှင်းဆိုတာက အခွန်ကိစ္စတွေ၊ ငွေဖြူငွေမည်း ကိစ္စတွေ အဲဒါမျိုးတွေတော့ ရှင်းသွားမှာပေါ့။ ဒါကတော့ လုပ်ငန်းရှင်ဘက်က ကြည့်တဲ့ regulation တော့ မဟုတ် ဘူး။ အဓိက နိုင်ငံဘက်က၊ အစိုးရဘက်ကနေပြီးတော့ Security အရ ကာဗာလုပ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်မြို့ပြကိုတွေ့ရစဉ်
နိုင်ငံခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် ကုမ္ပဏီကို ပြည်တွင်းကုမ္ပဏီဟု သတ်မှတ်သော်လည်း ၃၅ ရာခိုင်နှုန်း ကျော်လွန်သော ကုမ္ပဏီကို နိုင်ငံခြားသားပိုင်ကုမ္ပဏီဟု သတ်မှတ်ထားကြောင်း၊ သို့သော်လည်း နိုင်ငံ ခြားသားများ အနေဖြင့် ရှယ်ယာ ၃၅ ရာခိုင်နှုန်းထက် ကျော်လွန်၍ ထည့်ဝင်လိုသည့်အတွက် အမည်ခံ ဒါရိုက်တာ အနေဖြင့် ဝင်ရောက်နေမှုများလည်း ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ထို့ကြောင့် ပြည်တွင်းရှိ နိုင်ငံသားများ၏ ရပိုင်ခွင့်ကို ကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ အမည်ခံဒါရိုက်တာ ခန့်အပ်ခြင်းကို ခွင့်မပြုခြင်း ဖြစ်နိုင်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
သို့သော်လည်း DICA အနေဖြင့် အမှန်တကယ် အရေးယူမှုများ လုပ်ဆောင်မည်ဆိုပါက အမည်ခံ ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် စစ်ဆေးပြီး အရေးမှုများ လုပ်မှသာလျှင် သက်ရောက်မှု ရှိနိုင်ကြောင်း၊ ထုတ်ပြန် ကြေညာရုံဖြင့် သာလျှင် ကုမ္ပဏီများအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း စီးပွားရေး ပညာရှင်များက ပြောသည်။
Page 8 of 46