CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ထိုင်းတွင် မြန်မာများ ကွန်ဒိုငှားနေခြင်းနှင့် ဝယ်ယူခြင်း ပိုမိုများလာ

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

မြန်မာ့သကြား တစ်လလျှင် တန် ၃၀၀၀ ဝယ်ယူရန် တရုတ်ကမ်းလှမ်း

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

ကမ်းခြေဒေသ ဟိုတယ်လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းအထိ ပြန်၍လည်ပတ်လာ

By CNI
CNI
Category: Watch TV
Hits: 685

Share
Tweet
Share
Share
powered by social2s

တရုတ်အစိုးရက ပတ်စ်ပို့နှင့်ဗီဇာများ ပြန်ထုတ်ပေးမည်ဟု ကြေညာ

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s
မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

အလုပ်မရသေးသည့် MOU အလုပ်သမားများကို စေလွှတ်ခဲ့သော အေဂျင်စီများကို အရေးယူသင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1452

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ထိုင်းနိုင်ငံတွင် MOU ဖြင့် ရောက်ရှိနေသော်လည်း အလုပ်မရရှိသေးသော မြန်မာများအတွက် ၎င်းတို့ကို စေလွှတ် ခဲ့သည့် အေဂျင်စီများအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့် အရေးယူ ဆောင်ရွက်သင့်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ် မတိုင်ခင် ကာလက MOU ဖြင့် စေလွှတ်သည့်အခါ ထိုင်းသို့ ရောက်ရှိပါက အလုပ်မရရှိသည့် အလုပ်သမား အရေးမှာ အနည်းငယ်သာရှိခဲ့ကြောင်း၊ ကိုဗစ်ကာလအလွန် MOU ဖြင့် စတင်စေလွှတ်ချိန်မှ လက်ရှိအချိန်အထိ အလုပ်မရရှိသည့် MOU အလုပ်သမားအရေးကိစ္စမှာ အများအပြားရှိလာကြောင်း ၎င်းတို့က ပြောသည်။

ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “မြန်မာနိုင်ငံက အလုပ်သမားအရေး တည်ဆဲဥပဒေအရက MOU စနစ်နဲ့ ပြည်ပကို အလုပ်သမား ပို့တော့မယ်ဆိုရင် ထိုင်းပဲဖြစ်ဖြစ်၊ မလေးရှားပဲဖြစ်ဖြစ်၊ စင်ကာပူပဲဖြစ်ဖြစ် စာချုပ်ပါအတိုင်း အလုပ်လွဲပြီဆိုရင် နံပါတ်တစ် အဲဒီ အေဂျင်စီကို ထိ ရောက်စွာ အရေးယူရမှာ အ.လ.ည(အလုပ်သမားညွှန်ကြားမှုဦးစီးဌာန) ရဲ့ တာဝန်။ နံပါတ်နှစ် အလုပ်သမား တစ်ယောက်ရဲ့ ကုန်တဲ့ ကုန်ကျစရိတ်တွေကို စာချုပ်ပါအတိုင်း အလုပ်မပေးနိုင်ဘူးဆိုရင် လိုင်စင် ကိုင်ထားပြီး တော့မှ ဒါ လူရောင်းစားတာလို့ ခေါ်တယ်။ အဲဒီတော့ ဒီဟာကို ဥပဒေအရ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ အ.လ.ည ဟာ ဒီအေဂျင်စီကို ထိရောက်စွာ အရေးယူရမယ်။ ပြီးတော့ ဒီကလေးတွေ ကုန်သွားတဲ့ ကုန်ကျစရိတ်ကို တစ်ကျပ် မကျန် ပြန်ပေးရမယ်။ ပြီးရင် သူတို့ရဲ့ ပေးဆပ်လိုက်ရတဲ့ အချိန်တွေ၊ နယ်မှာ သူတို့တွေ ငွေတိုးတွေနဲ့ ချေးပြီးတော့ လာတယ်။ ဒီအပေါ်မှာ ထိုက်သင့်တဲ့ နစ်နာကြေးတစ်ခု အချိန်ကုန်ခတွေ သူတို့ကို ပြန်လည် ပေးဆပ် ရမယ်။ အ.လ.ညက ဒီလိုပုံစံ အလုပ်လုပ်လာတဲ့ အခါကျရင် ဒီအေဂျင်စီတွေဟာ အလုပ်သမားတွေ အပေါ်မှာ မသမာတဲ့ နည်းလမ်းတွေနဲ့ စာချုပ်ပါအတိုင်း အလုပ်မပေးနိုင်တာကို တရားဝင် ထွက်စာခ ဆိုပြီးကို လူ တစ် ယောက်ကို ဘတ် ၃၊ ၄၊ ၅ ပြန်တောင်းတဲ့ ပြဿနာတွေ ပျောက်သွားမယ်။ ပြီးတော့ စာချုပ်ပါအတိုင်း သူတို့ အလုပ်ပေးလာမယ်” ဟု ပြောသည်။

ထိုင်းရှိ မြန်မာသံရုံးရှေ့မှာ MOU သမားများ အလုပ်မရ၍ ဆန္ဒပြနေကြစဉ်

MOU ဖြင့် ရောက်ရှိပြီး အလုပ် မရသေးသည့် မြန်မာအလုပ်သမားများထဲကမှ ၈၀ ခန့်သည် အလုပ်မရသည်မှာ ၄ လခန့် ရှိပြီဖြစ်သည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် အလုပ်ရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ကြသေးသည်။

ထိုသို့ ဆန္ဒပြ တောင်းဆိုမှုကြောင့် သံအရာရှိမှ စာထုတ်၍ သံရုံးတာဝန်ရှိသူများက အေဂျင်စီဘက်ကို ခေါ်ယူ ဖြေရှင်းစေခဲ့သည်။

ထို့နောက် အေဂျင်စီဘက်မှ လာရောက်ခဲ့ပြီး အလုပ်မရသေးခင် ကြားကာလ၌ ထိုင်းနိုင်ငံက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းကို အလုပ်သမားများအား လစဉ်ပေးရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

MOU အလုပ်သမားများ ထိုင်းကို စေလွှတ်ခံရသော်လည်း အလုပ်မရရှိသည့် ကိစ္စနှင့်ပတ်သက်၍ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ယခုကဲ့သို့ ကိစ္စမျိုး မဖြစ်ပွားစေရန်အတွက် အလုပ်သမားများအား MOU ဖြင့် တစ်ဖက်နိုင်ငံသို့ မစေလွှတ်မီ အေဂျင်စီဘက်မှ အလုပ်ခေါ်စာများအား အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် သေချာစွာ စိစစ်ပြီးမှသာ အလုပ်သမားများကို စာချုပ်ချုပ်ဆို ခိုင်းသင့်ကြောင်းလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ပြောသည်။

ထိုင်းကို အလုပ်သွားမယ့် MOU အလုပ်သမားများကိုတွေ့ရစဉ် 

FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “အဲဒီအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီပေါ့နော်။ တရားဝင် ထိုင်းနိုင်ငံ ကို အလုပ်သမား ပို့လို့ရတဲ့ အေဂျင်စီကို စနစ်တကျ ကြီးကြပ်သင့်တယ်။ ကျနော်တို့ အမြဲတမ်း ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ MOU နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရဆိုရင် MOU နဲ့ လာတဲ့ အလုပ်သမားတွေက ထိုင်းကို ရောက်တာနဲ့ကို အလုပ်က အဆင်သင့်ဖြစ်ရမှာ။ အလုပ်အဆင်သင့် ဖြစ်လို့ပဲ သူတို့ကို လက်မှတ်ထိုးပြီး ဗမာပြည်ကနေ လာခေါ်သွားတာ။ အခုက ထိုင်းနိုင်ငံမှာ အလုပ်လည်း သေချာမရှိပဲနဲ့ အေဂျင်စီတွေက သူတို့ရဲ့ အေဂျင်စီ အကျိုးအမြတ် ရလိုမှုနဲ့ အလုပ်သမားတွေကို ထိုင်းထဲကို ခေါ်ခေါ်လာတယ်။ ခေါ်ပြီးတော့ ဒီမှာလည်း အလုပ် မပေးနိုင်ဘူး။ အစိုးရတွေ အနေနဲ့ကတော့ ဒီအေဂျင်စီတွေကို စနစ်တကျ ကိုင်တွယ်ရမယ်။ သူတို့ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေနဲ့ မညီလို့ရှိရင် ထိထိရောက်ရောက် အရေးယူရမယ်။ နောက် တစ်ချိန်တည်းမှာပဲ အစိုးရတွေက ခန့်ထားတဲ့ အလုပ်သမား သံအရာရှိတွေကလည်း အဲဒီအေဂျင်စီတွေရဲ့ လုပ်ငန်းတွေကို စောင့်ကြည့်ပြီးတော့မှ အလုပ်သမားတွေအတွက် အကူအညီပေးရမယ်။ အခုကျတော့ တစ်ချို့ အလုပ်သမား သံအရာရှိတွေနဲ့ အေဂျင်စီ တွေနဲ့ ပေါင်းပြီးတော့ အကျိုးအမြတ်ယူပြီး လုပ်နေကြတော့ အလုပ်သမားတွေ အတွက်က အများကြီး ထိခိုက် တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းကို MOU ဖြင့် စေလွှတ်ခြင်းအား ကိုဗစ်ကြောင့် ရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကိုဗစ်ကာလ အလွန်၌ ပြန်လည် စေလွှတ်ရာတွင် စာချုပ်ပါအတိုင်း အလုပ်မရရှိသည့် MOU မြန်မာ အလုပ်သမား ဦးရေမှာလည်း အများအပြား ရှိနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရာသီဥတု ဖောက်ပြန်မှုကြောင့် မွန်ပြည်နယ်တွင် ဆားထွက်ရှိမှု နောက်ကျ

By CNI
CNI
Category: Watch TV
Hits: 666

Share
Tweet
Share
Share
powered by social2s

မလေးငွေတန်ဖိုး ကျဆင်းနေ၍ မြန်မာများ လုပ်ငန်းခွင်အပြောင်းအလဲ မလုပ်သင့်သေး

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s
ဆားလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ရာသီဥတု ဖောက်ပြန်မှုကြောင့် မွန်ပြည်နယ်တွင် ဆားထွက်ရှိမှု နောက်ကျ

By CNI
CNI
Category: စီးပွားရေး
Hits: 1850

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားလုပ်ငန်းများသည် ဆားရာသီပြန်စပြီး ၂ လနီးပါးကြာသည်အထိ ဆားမထုတ်လုပ်နိုင်သေးဘဲ အခက်အခဲမျိုးဆုံနှင့် ရင်ဆိုင်နေရသည်ဟု ဆားတောင်သူ များက CNI သတင်းဌာနသို့ ပြောသည်။

နေလှန်းဆားလုပ်ငန်းများတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဝဲကလောင်းကျေးရွာမှ ဆားတောင်သူ ဦးလှတင်က “အလုပ်ကတော့ အောက်တို ဘာလ ထွက်ထားတယ်။ ကွင်းပြင်တယ်။ ကွင်းပြင်တဲ့အခါကျ မိုးကလည်း မိုးရွာလိုက်၊ ခါတိုင်း နေ့ဆိုရင် နေပူတယ်ပေါ့ဗျာ။ ညဆိုရင် မိုးအေးတာနဲ့ဆိုရင် မိုးရွာတယ်။ မိုးရွာတော့ နေ့မှာ အလုပ်လုပ်တယ်။ ညကျတော့ မိုးရွာချလိုက်ပြန်။ နောက်နေ့ကျလို့ရှိရင် ကျနော်တို့လုပ်ငန်းက ဆားက နေနဲ့ပဲ လှန်းရတာဆိုတော့ တခြားလုပ်ငန်းနဲ့လည်း မတူဘူး။ အုတ်လုပ်ငန်းနဲ့လည်း မတူဘူး။ ရော်ဘာခြစ်တဲ့လုပ်ငန်းနဲ့လည်း မတူဘူး။ ရော်ဘာခြစ်တာက အပင်ခြောက်သွားရင် ထပ်ခြစ်လို့ရတယ် တစ်ရက်လောက်ပဲ ကြာတယ်။ ကျနော်တို့က တစ်ရက်လောက်နဲ့ မရဘူး။ အဲလိုမျိုး မိုးကလည်း ဆက်တိုက် ဆက်တိုက်ဖြစ်နေတော့ နေ့ဆိုပူတယ်ပေါ့။ ညဆိုရင် မိုးပြန်ရွာချတယ်။ အဲလိုမျိုး ရာသီဥတုက ဖောက်ပြန်နေတော့ ကျနော်တို့က လုပ်ရကိုင်ရတာ နည်းနည်း ကြန့်ကြာတယ်ပေါ့။ ကျနော်တို့ ဆားထွက်နောက်ကျတာကတော့ အဲဒီရာသီဥတုကြောင့် ကျနော်တို့ ဆားထွက်နောက်ကျတယ်ဆိုလို့ရှိရင် ကျနော်တို့ ကုန်ကျစရိတ် များတာပေါ့။ ကုန်ကျစရိတ် များပြီးတော့ ကျနော်တို့က ဒီထွက်တဲ့ ဆားဈေးနှုန်းနဲ့ မူတည်ပြီးတော့ ဆားဈေးနှုန်းက နည်းနည်းလိုက်လာပေးလို့ရှိရင် ကျနော်တို့ နည်းနည်းခံသာတာပေါ့။ ဆားအသစ်ထွက်လို့ရှိရင် ဈေးထိုးကျသွားရော” ဟု CNI သတင်းဌာနသို့ ပြောသည်။

မွန်ပြည်နယ်တွင် နေလှန်းဆားလုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှ မေလအထိ လုပ်ကိုင်ကြခြင်းဖြစ်ပြီး ယခုနှစ် ဆားရာသီအချိန်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဆက်တိုက်ရှိနေခြင်းကြောင့် လက်ရှိ ဒီဇင်ဘာလအထိပင် ဆားမထုတ်လုပ်နိုင်သေးကြောင်း သိရသည်။

 နေလှန်းဆားများ ထုတ်လုပ်နေစဉ်

ဆားအသစ်ထုတ်လုပ်နိုင်မှု နောက်ကျခြင်းကြောင့် ဆားလက်ကျန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ ဆားထွက်ရှိမှု နောက်ကျခြင်းကြောင့် ဆားတောင်သူများအနေဖြင့် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာမည်ဖြစ်သော ကြောင့် ဆားအသစ် ထွက်ပေါ်ချိန်တွင် ဆားတစ်ပိဿာ ၃၀၀ ကျပ်အထက် ရရှိမှသာ ဆားတောင်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဆားတောင်သူ ဦးမြင့်မင်းက CNI သို့ ပြောသည်။

“ဈေးကွက်ပေါ်မှာက ဆားထွက်နောက်ကျလို့ရှိရင် တချို့ကုန်သည်တွေက၊ ကြိတ်စက်သမားတွေကတော့ ဝယ်ဖို့ ဆားမရှိတော့ ဈေးနည်းနည်း ပိုတက်သွားမှာပေါ့။ ၂၀၀ လောက်၊ ၂၅၀ လောက် ရှိတဲ့ဆားက ၃၀၀ လောက် ဖြစ်သွားမှာပေါ့။ ကျနော်တို့ဆားက တောင်သူတွေအနေနဲ့ဆိုရင် ကျနော်တို့ ရင်းနှီးမြှုပ်နှံထားတာနဲ့ ပြန်တွက်မယ် ဆိုလို့ရှိရင် ဆားဈေးက ကျနော်တို့ ၃၀၀ အထက်မှာ ရှိလို့ရှိရင် ကျနော်တို့ နည်းနည်းကာမိတယ်ပေါ့လေ အဆင်ပြေတာပေါ့။ ၃၀၀ အောက် ကျသွားလို့ရှိရင် ကျနော်တို့ အရှုံးပေါ်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဆားရာသီပြန်စနေပြီဖြစ်သော်လည်း ဆားမထုတ်လုပ်နိုင်သေးသည့်အတွက် ဆားဈေးနှုန်းများသည် တစ်ပိဿာ ၂၀၀ ကျပ်မှ ၂၇၀ ကျပ်သို့ မြင့်တက်လာနေကြောင်း သိရသည်။

သို့သော် ဆားအသစ်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ ကျဆင်းလေ့ရှိသည့်အတွက် ဆားဈေးနှုန်းများ ထပ်ကျမည်ကို လည်း တောင်သူများက စိုးရိမ်နေကြသည်။

မွန်ပြည်နယ်တွင် နေလှန်းဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် အဓိက လုပ်ကိုင်လျက်ရှိပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြန့်ဖြူးရောင်းချလျက်ရှိကာ နှစ်စဉ် ဆားတန်ချိန် ၄၂၅၀၀၀ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာသို့ ယခုနှစ် ပြည်ပခရီးသွားဝင်ရောက်မှု တရုတ်ထက် ထိုင်းက အများဆုံးဖြစ်

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင် မြန်မာအပါ တရားမဝင် အလုပ်သမားများအတွက် အလုပ်ရှားပါးနေ

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s

မုံရွာ - နမ့်တော(ဟုမ္မလင်း) ကားငှားရမ်းခ ၉ သိန်းမှ ၂၅ သိန်းအထိ ရှိနေ

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s
နမ့်တောနှင့် မုံရွာသွား ကားများကိုတွေ့ရစဉ်

မုံရွာ - နမ့်တော(ဟုမ္မလင်း) ကားငှားရမ်းခ ၉ သိန်းမှ ၂၅ သိန်းအထိ ရှိနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1352

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နှင့် ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာသို့ သွားရောက်ရာတွင် ကားစင်းလုံးငှားရမ်းခ ဈေးနှုန်းသည် ၉ သိန်းမှ ၂၅ သိန်းအထိ ဖြစ်ပေါ်နေကြောင်း နမ့်တောဒေသခံများထံမှ သိရသည်။

နမ့်တော(ဟုမ္မလင်း)မှ မုံရွာသို့ သွားရောက်မည်ဆိုပါက ၁၅ သိန်းမှ ၂၅ သိန်းအထိ ရှိပြီး မုံရွာမှ နမ့်တော (ဟုမ္မလင်း)သို့ သွားရောက်ရာတွင် ၉ သိန်းအထိ ရှိသည်ဟု နမ့်တောဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နမ့်တောကနေ ငှားလို့ရှိရင်တော့ ၂၀/၂၅ မှ လိုက်တာလို့ အနည်းဆုံး။ အခု မုံရွာကနေမို့လို့ ဈေးချိုတာ။ မုံရွာကနေ နမ့်တောကို တက်မှာမို့လို့ ဈေးချိုတာ။ နမ့်တောကနေ ကိုယ်ပိုင်ငှားရင်တော့ အဲလောက်ပေးရတာ ၁၅/၂၀/၂၅ လောက် ပေးရတာ။ ဘယ်သူနေနေ အဲဒီအတိုင်းပဲ အခုငှားလို့ရှိရင် နမ့်တောကနေ ငှားခဲ့ရင်တော့ ၁၅ သိန်း အနည်းဆုံးပဲ ၂၀/၂၅ အဲလိုပေးရတာ။ အခုက မုံရွာကနေ ငှားတာကြောင့်မို့လို့ ၉ သိန်း အဲလို ”ဟု CNI သတင်းဌာနသို့ ပြောသည်။

မဟာမြိုင်လမ်းကြောင်းကိုတွေ့ရစဉ်

ထို့နောက် ကားစင်းလုံး ငှားရာတွင် လူဦးရေပေါ် မူတည်ပြီး ဈေးနှုန်း တိုးကောက်လေ့ရှိကြောင်း ကားစင်းလုံးငှား ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကိုထက်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုထက်အောင်က “ရှိတော့ ရှိပါတယ်၊ သူတို့က အဖွဲ့များတာကိုး။ ၁၄ ယောက်၊ ၁၅ ယောက် အဖွဲ့တွေတို့၊ တချို့ ကျတော့ မန္တလေးရဲ့ ဟိုဘက် ဒီဘက်တွေတို့ အဲလိုပို့ရတာကိုး။ မုံရွာကကျတော့ ကျနော်တို့ သွားနေကျ မဟုတ် လည်း မုံရွာ ပြန်နေရတာကိုး။ အဆင်းက ၁၅ သိန်းဖိုးလောက် ပါတယ်။ အခုက အစ်မတို့က အပြန် ၈ သိန်း လောက်နဲ့ဆို သူတို့ ဆီဖိုးရပြီပေါ့ဗျာ၊ အဲလိုဆို သူတို့ ဆင်းတော့မှာ ကျနော်တို့က မုံရွာကားတွေ၊ တချို့ကျတော့ အဲလိုမျိုး ရှိတာကိုး။ တခြား ကိုယ်မရောက်တဲ့နေရာ သွားရရင် ဈေးပိုပေးရတာပေါ့ဗျာ။ ဥပမာ ကျနော်တို့က မုံရွာပဲ ရောက်တယ်ဆိုရင် မန္တလေး သွားချင်တယ်ဆိုရင် မန္တလေးကျ နည်းနည်း ပိုပေးရတာပေါ့ဗျာ။ အဲလို လမ်းကြေး တွေ ဘာတွေနဲ့လေ။ ဂိတ်မှာလည်း ကျနော်တို့ ပေးရတယ်လေဗျာ။ လမ်းမှာလည်း ဂိတ်တွေ ရှိတယ်လေ။ အဲဒါက ခရီးသည်နဲ့ မဆိုင်ဘူးလေ။ ကားသမား သူ့ဟာသူ ရှင်းသွားလိမ့်မယ်လေ” ဟု ပြောသည်။

လက်ရှိတွင် မုံရွာမှ ဟုမ္မလင်းမြို့၊ နမ်တောစံပြကျေးရွာသို့ သွားရောက်သည့် ကားစင်းလုံး ငှားရမ်းခများ ဈေးကြီး နေခြင်းနှင့်အတူ မုံရွာမှ ဟုမ္မလင်းမြို့(နမ့်တော)သို့ ပြေးဆွဲသည့် လိုင်းကားခများလည်း ယခင်က တစ်ဦးလျှင် ၃၀၀၀၀ ကျပ်သာရှိသော်လည်း လက်ရှိ၌ တစ်ဦးလျှင် ၉၀၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။

မုံရွာမှ ဟုမ္မလင်း(နမ့်တော)သို့ သွားရောက်သည့် ချင်းတွင်းမြစ်ကြောင်းကိုတွေ့ရစဉ်

ထို့နောက် ရေလမ်းကြောင်းဖြင့် ကုန်စည်များ တင်၍သွားမည်ဆိုပါကလည်း တစ်ဦးလျှင် ၅ သိန်းအထိ ကုန်ကျ သည်ဟု ဒေသခံများက ပြောသည်။

မုံရွာမှ နမ့်တောအထိ ကားလမ်းကြောင်း တစ်လျှောက်တွင် ဒေသခံကာကွယ်ရေးတပ် (LDF)နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များ၏ စစ်ဆေးရေးဂိတ်များ အပါအဝင် မြန်မာ့တပ်မတော်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၏ စစ်ဆေးရေးဂိတ် စုစုပေါင်း ဂိတ် ၃၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ဂိတ်များကို ဂိတ်ကြေးပေးနေရခြင်းကြောင့် ကားခဈေးနှုန်းများလည်း ယခုလို မြင့်တက်လာခြင်း ဖြစ်ကြောင်း ကားပြေးဆွဲနေသူများက ပြောသည်။

ဟုမ္မလင်းနှင့် အောက်မြန်မာပြည်သို့ ဆက်သွယ်ရေးတွင် လေကြောင်းလမ်း၊ ရေလမ်း၊ ကုန်လမ်းရှိသော်လည်း လက်ရှိ တိုက်ပွဲ အခြေအနေများကြောင့် ရေလမ်းကြောင်းကို အသုံးပြုရန် ခက်ခဲနေသည်ဟု ဟုမ္မလင်းဒေသခံ များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ငွေကြေးခဝါချမှု တိုက်ဖျက်ဖို့ အိမ်ခြံမြေအကျိုးဆောင် မှတ်ပုံတင်ထုတ်ပေးမည်

By CNI
CNI
Category: Watch TV
Hits: 680

Share
Tweet
Share
Share
powered by social2s
အိမ်ခြံမြေနဲ့ ငွေကြေးဈေးကွက်ကို တွေ့ရစဉ်

ငွေကြေးခဝါချမှု တိုက်ဖျက်ဖို့ အိမ်ခြံမြေအကျိုးဆောင် မှတ်ပုံတင်ထုတ်ပေးမည်

By CNI
CNI
Category: စီးပွားရေး
Hits: 1229

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄

နိုင်ငံတစ်ဝှမ်း ငွေကြေးခဝါချမှုများကို တားဆီးရန်အတွက် ပြည်တွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အနေ ဖြင့် မှတ်ပုံတင်ရမည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။

အဆိုပါ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဌာနဆိုင်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရာတွင် ငွေကျပ် သိန်း ၁၀၀၀ အထက် အရောင်းအဝယ်များကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရမည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ ထုတ်တာ။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်ပြီးလုပ်တာ။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက်ကို သတင်းပို့ခြင်း မရှိတဲ့အတွက် သတင်းပို့ရမယ်ဆို တဲ့ကိစ္စကို ကိုင်တွယ်တာ။ ၁၀၀၀ အထက်ကို သတင်းပို့ခိုင်းတာ။ ဒါကတော့ သတင်းပို့ရမယ်လို့ ညွှန်ကြားတာ ပေါ့ ဗျာ” ဟု ပြောသည်။

မှတ်ပုံလက်မှတ် မရှိဘဲ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများသည် သက်ဆိုင်ရာ မြို့နယ်များတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုဆိုင်ရာ သင်တန်းများသို့ တက်ရောက်ပြီးမှသာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခု ဆောင်ရွက်လိုက်သည့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင် လက်မှတ်သည် အိမ်ခြံမြေ လုပ်ငန်းရှင် များ ယခင်ကတည်းက လိုလားနေသည့် အခြေအနေတစ်ခု ဖြစ်သည်ဟု ရတနာဂီရိ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ CEO ကိုဇေယျက CNI သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေနဲ့ ငွေကြေးစနစ်အကြောင်း အသိပေးခြင်းကိုတွေ့ရစဉ်

ကိုဇေယျက “ကျနော်တို့ လိုချင်တာက နဂိုကတည်းကိုက အိမ်ခြံမြေ လုပ်ငန်းရှင်တွေအတွက်ကို သီးသန့်လိုင်စင် မှတ်ပုံတင် ရမယ်။ အခုမှလည်း မဟုတ်ဘူး ကျနော်တို့က လျှောက်ခဲ့တာ ကြာပြီ။ အခုမှ နိုင်ငံတော်က အသိ အမှတ် ပြုတယ်၊ ခွင့်ပြုတယ်ဆိုတော့ အဲဒီ အသိအမှတ်ပြု လိုင်စင်က လိုကိုလိုတယ် လုပ်ကို လုပ်ရလိမ့်မယ်။ ပိုကောင်းတာပေါ့ စည်းကမ်းနဲ့ ဘောင်နဲ့ လုပ်ရတဲ့အခါကျတော့ ကိုယ့်ဘက်ကလည်း လိုချင်တဲ့ဟာတွေ တောင်းဆိုလို့ရတယ်။ သူတို့ကလည်း ပေးနိုင်တဲ့ဟာ တောင်းဆိုလို့ရတယ်။ ဒီအပေါ်မှာ အကျိုးဆောင်တွေ ဘက် က ရောင်းတဲ့ဘက်နဲ့ ဝယ်တဲ့ဘက် အဓိက ယုံကြည်မှု ရှိလာမယ်။ ဒီအကျိုးဆောင်ကို အပ်တဲ့အခါမှာ ဒီအကျိုး ဆောင်က ဝန်ဆောင်မှု ပေးနိုင်တဲ့အပြင် အဲဒါမျိုးတွေ ပါလာမယ်။ အဓိက Ethics တွေ၊ ထားရှိရတဲ့ သဘောထား တွေ အကုန်လုံး ပါလာလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှု များစွာရှိနေကြောင်း၊ ထိုအထဲမှ အိမ်ခြံမြေလုပ်ငန်းသည် ငွေကြေးလည်ပတ်မှု အများဆုံး ဖြစ်ကြောင်း၊ ယခုလို လုပ်ဆောင်ခြင်းသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

ရန်ကုန်မြို့ပြ အဆောက်အအုံများကိုတွေ့ရစဉ်

သို့သော် ငွေကြေးခဝါချမှုနှင့် ပတ်သက်ပြီး သတင်းပို့မှု ရှိ/မရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုချမှတ်လိုက်သည့် မူဝါဒနှင့် ပတ်သက်ပြီး ထိရောက်စွာ လုပ်ဆောင်ခြင်း ရှိ/မရှိကိုလည်း ဆက်လက် စောင့်ကြည့်ရမည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ဒါက ငွေကြေးခဝါချမှု နည်းလမ်းတွေ အများကြီးထဲက အပေါက်တွေ အများကြီးထဲက အပေါက် တစ်ပေါက်ကို ပိတ်လိုက်တဲ့ သဘောပေါ့။ မြန်မာပြည်မှာ အဓိကက အိမ်ခြံမြေဈေးကွက်က လည်ပတ်နေတဲ့ ငွေကြေးက ကြီးတယ်။ နောက် အထူးသဖြင့်ကတော့ နေဖို့ထက် အမြတ်တင်ရောင်းဖို့၊ ဈေးကစားဖို့ လုပ်တဲ့ ဟာတွေ ရှိနေတော့ အဲဒီဟာတွေအပေါ်မှာ အခွန်လိုက်လို့ မရဘူး။ အခွန်လိုက်လို့ မရတော့ အဲဒီကရတဲ့ အကျိုးအ မြတ်တွေက ငွေမည်းသဘောမျိုး ဖြစ်နေတာပေါ့။ အဲဒီဟာတွေကို ပိတ်ချင်လို့ တစ်နည်းတစ်လမ်းနဲ့ လုပ်တဲ့ သဘောတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီဟာလည်း paper ပေါ်က ပေါ်လစီပဲရှိတာ။ တကယ် လက်တွေ့ လိုက် လုပ်နိုင်လား မလုပ်နိုင်လားဆိုတာတော့ တစ်ချက်ကြည့်ရမှာပေါ့။ ဘာလို့လဲဆိုတော့ အိမ်ခြံမြေ အကျိုးဆောင် တွေကလည်း သူတို့က အကုန်လုံး ဘယ် Report လုပ်မလဲ။ ဆိုတော့ သူလုပ်တဲ့ ပေါ်လစီကတော့ ကောင်းပါတယ် ဒါပေမယ့် ဘယ်လောက်ထိ ထိရောက်အောင် လုပ်မလဲ အဲဒါတော့ တစ်ချက်စောင့်ကြည့်ရမှာပေါ့”ဟု ပြောသည်
မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် အာရှအိမ်ခြံမြေ လုပ်ငန်းအသင်းတွင် ပါဝင်သည့်အတွက် နိုင်ငံတကာ အိမ်ခြံမြေ အဖွဲ့အစည်းများနှင့် အချိတ်အဆက် ရှိထားခြင်းကြောင့် ယခုကဲ့သို့ တရားဝင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းသည် ဈေးကွက်များ ပိုမိုကျယ်ပြန့် လာနိုင်စေသည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက သုံးသပ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်ဒေသခံများ၏ နွားများကို ခိုးယူနေ

By CNI
CNI
Category: Watch TV
Hits: 641

Share
Tweet
Share
Share
powered by social2s

ပတ်စ်ပို့အသစ် မရသေးသည့် မြန်မာများကို ထိုင်းနှင့်ညှိနှိုင်းပြီး တစ်ခုခုလုပ်ပေးသင့်

By CNI
CNI
Category: Watch TV
Hits: 652

Share
Tweet
Share
Share
powered by social2s
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15

Page 11 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar