CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရခိုင်သို့ ကုန်စည်စီးဆင်းမှုအတွက် ရန်ကုန် - စစ်တွေလမ်းကြောင်း ဖွင့်ရန်လို

By CNI
CNI
Category: Watch TV
Hits: 583

Share
Tweet
Share
Share
powered by social2s
ရန်ကုန်-စစ်တွေ လမ်းကြောင်း လမ်းညွန်ဆိုင်းဘုတ်ကိုတွေ့ရစဉ်

ရခိုင်သို့ ကုန်စည်စီးဆင်းမှုအတွက် ရန်ကုန် - စစ်တွေလမ်းကြောင်း ဖွင့်ရန်လို

By CNI
CNI
Category: စီးပွားရေး
Hits: 1529

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးသည့်အတွက် ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှု ပြုလုပ်နိုင်ရန် ရန်ကုန်-စစ်တွေလမ်းကြောင်းအား ဖွင့်ပေးရန် လိုအပ်ကြောင်း မောင်တောမြို့မှ ကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းတွင် AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ပိတ်ဆို့ထားသည့် ရေလမ်းကြောင်းနှင့် ကုန်လမ်းကြောင်း တချို့ကို ပြန်လည် ဖြတ်သန်းခွင့် ပြုလိုက်ကြောင်း သိရသည်။

မောင်တောမြို့မှ ကုန်သည် ဦးသန်းနိုင်က “ရန်ကုန် - စစ်တွေလမ်းကို ဖွင့်ပေးမှ ကုန်စည်စီးဆင်းမှုကို လုပ်လို့ရမှာလေ။ ရခိုင်မှာ အဓိက အရေးကြီးဆုံးက ဒီလမ်းပဲ ရှိတာလေနော့်။ အဲဒီလမ်းကို ဖြတ်ပြီးမှ စစ်တွေရောက်၊ စစ်တွေ ရောက်ပြီးမှ ဘူးသီးတောင်၊ မောင်တောကို သွားလို့ရမှာလေ။ အဲဒီလို မဟုတ်ဘဲနဲ့ ဘူးသီးတောင်၊ မောင်တော ဖွင့်မယ်၊ စစ်တွေကို မဖွင့်ဘူးဆိုရင် ဘာမှတော့ ထူးလာစရာ မရှိပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

 အဝေးပြေး လိုင်းကားတစ်စီးကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးနေစဉ်

မြန်မာ့တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ပြေးဆွဲနေသည့် ကုန်းလမ်းနှင့် ရေလမ်းကြောင်းများကို ပိတ်ထားသည်မှာ ၃ လခန့် ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် တချို့သော လမ်းကြောင်းများကို ပြန်လည် ဖွင့်ပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသော ရေလမ်းကြောင်းများအနက် စစ်တွေ - ရသေ့တောင် - ဘူးသီးတောင် ရေလမ်းကြောင်းကို လက်ရှိတွင် ဖွင့်လှစ်ပေးထားကြောင်း ရွှေပြည်တန် ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

၎င်းက “လောလောဆယ်တော့ ကျနော်တို့ ဒီဘက် ပိတ်ထားတဲ့ လမ်းကြောင်းတွေထဲကဆိုရင် စစ်တွေကနေ ရသေ့တောင် - ဘူးသီးတောင် သွားတဲ့လမ်းကြောင်းကို စဖွင့်ပေးထားတယ်ခင်ဗျ။ နဂိုတုန်းကတော့ စစ်တွေ - ကျောက်ဖြူ - ရမ်းဗြဲ - တောင်ကုတ်ဆိုတဲ့ လမ်းကြောင်း ရှိပါတယ်။ အဲဒါကတော့ မပိတ်ခဲ့ပါဘူး။ ကျန်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ စစ်တွေ - မြောက်ဦးတို့၊ စစ်တွေ - ရသေ့တောင် - ဘူးသီးတောင်ရယ်၊ စစ်တွေ - ပေါက်တော - မင်းပြားရယ် အဲဒါကို ပိတ်ပါတယ်။ အခုကျတော့ အဲဒီပိတ်ထားတဲ့ထဲက စစ်တွေ - ဘူးသီးတောင် - ရသေ့တောင်ကို ဖွင့်ပေးပါတယ်။ ဒီလမ်းကြောင်းကျတော့ မောင်တောဘက်ကို သွားတဲ့လမ်းကြောင်းပေါ့နော်။ မောင်တော ဆိုတာက ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိတာကို။ ကျနော်တို့က ရသေ့တောင် - ဘူးသီးတောင်ကို ဖြတ်ပြီးမှ မောင်တောကို သွားကြတာ။ ဆိုတော့ အရေးကြီးတဲ့ လမ်းကြောင်းပါပဲခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် မင်းပြား ပေါက်တော၊ မြေပုံ၊ မြောက်ဦးဖက်သို့ မည်သည့်နေ့တွင် ပြေးဆွဲခွင့်ရမည်ကို မသိရသေး ကြောင်း ရွှေပြည်တန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း သားငါးများ ရောင်း-ဝယ်နေကြစဉ်

ရခိုင်ပြည်နယ်အတွင်း ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများကို ပိတ်ခြင်း/ ပြန်လည် ဖွင့်လှစ်ခြင်းတို့ကို တရားဝင် ကြေညာခြင်း မရှိသည့်အတွက် ကုန်ကားများ သွားလာရန်အတွက် စုံစမ်း၍ စောင့်ကြည့်နေကြောင်း
မောင်တောမြို့မှကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် လမ်းကြောင်းတွေကတော့ ဖွင့်တယ်လို့ ပြောလို့ မရသေးပါဘူး။ ဖွင့်တယ်လို့တော့ ကြားတယ်ပေါ့နော်။ သို့ပေမယ့်လည်း ဘာမှကို သွားလို့မရသေးပါဘူး။ အဲဒါကြောင့် စောင့်ကြည့်နေဆဲ အခြေအနေပေါ့။ အလုပ်လုပ်ဖို့က ကုန်ကားတွေ ဆင်းဖို့က စုံးစမ်းနေတုန်း။ ဒါပေမယ့် သွားရတယ် မရဘူးဆို တာကလည်း စာတရားဝင်ဆိုတာ မရှိဘူး။ ပိတ်တုန်းကလည်း သူတို့ တရားဝင် ပိတ်ထားတာမှ မဟုတ်တာ။ တားချင်တားတယ်။ သွားချင် သွားလို့ရတဲ့ ပုံစံဆိုတော့ ပြောရခက်တယ်။ အခုကတော့ စောင့်ကြည့်နေဆဲပါပဲ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲကြောင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခဲ့ရပြီး ကုန်စည် များ ပြတ်လပ်မှုဖြင့် ကြုံတွေ့ခဲ့ကြရကြောင်း၊ ထို့နောက် ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာ့ပဲတီစိမ်း အီးယူသို့ တင်ပို့လျက်ရှိ

By CNI
CNI
Category: Watch TV
Hits: 622

Share
Tweet
Share
Share
powered by social2s

မလေးဝန်ကြီးချုပ်အသစ်မှ မြန်မာအပါ တရားမဝင်များကို နေထိုင်ခွင့်ပေးရန် မျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 589

Share
Tweet
Share
Share
powered by social2s
မလေးရှား ဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ အန်ဝါအီဘရာဟင်နဲ့ မလေးမှ ပြန်ပို့လိုက်သော မြန်မာများကိုတွေ့ရစဉ်

မလေးဝန်ကြီးချုပ်အသစ်မှ မြန်မာအပါ တရားမဝင်များကို နေထိုင်ခွင့်ပေးရန် မျှော်လင့်

By CNI
CNI
Category: စီးပွားရေး
Hits: 2674

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အသစ် လက်ထက်တွင် မြန်မာ အပါအဝင် တရားမဝင်များအား နေထိုင်ခွင့်ပေးရန် မျှော်လင့်ကြောင်း မလေးရှားတွင် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာန သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် နိုဝင်ဘာ ၁၉ ရက်နေ့က အထွေထွေညီလာခံ ကျင်းပခဲ့ပြီးနောက် ဝါရင့်နိုင်ငံရေးသမား အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim(အန်ဝါအီဘရာဟင်)သည် ဝန်ကြီးချုပ်အသစ် ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ်အသစ်သည် မဲဆွယ်စဉ်ကာလတွင် နိုင်ငံခြားသားများနှင့်ပတ်သက်၍ ကတိပေးခဲ့သည့်အတွက် ယခုကဲ့သို့ မျှော်လင့်ရခြင်းဖြစ်ကြောင်း မလေးရှား၌ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “စက်ရုံ အလုပ်ရုံတွေမှာ အခုလက်ရှိ လုပ်ငန်းရှင်တွေ အလုပ်သမား လိုအပ်ချက်တွေ အများကြီးရှိတာပေါ့။ လက်ရှိ အခြေအနေမှာ အလုပ်သမား မလုံ လောက်မှုတွေ ရှိတယ်။ ပြောရမယ်ဆို လုံလောက်ပါတယ်။ ဒါပေမယ့် တရားဝင်နဲ့ ရှိနေတဲ့ အလုပ်သမား တွေချည်းပဲ လုပ်မယ်ဆို မလုံလောက်ဘူး။ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေ ကြတော့လည်း လုပ်ငန်းရှင် တွေက မခေါ်ခိုင်းဘူးလေ။ ဘာလို့ဆို သူတို့ကို ဖမ်းဆီးလို့ရှိရင် ဒီလုပ်ငန်းရှင်တွေကလည်း ဒဏ်ငွေတွေ ဘာတွေ ဆောင်ရတာရှိတော့ သူတို့လည်း မခိုင်းရဲဘူး။ အဲဒီအတွက် ကျနော်မျှော်လင့်တာကတော့ ပထမဦးဆုံး မလေးရှား နိုင်ငံ အတွင်းမှာပဲရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို သူက တစ်ခုခု နေထိုင်ခွင့် ပေးဖို့အတွက် ကျနော်ကတော့ အရမ်းမျှော်လင့်တယ်။ လုပ်လာလိမ့်မယ်လို့လည်း ကျနော်ထင်ပါတယ်။ အဲဒီ အတွက်ဆိုရင်တော့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အများကြီး အဆင်ပြေမယ်ပေါ့။ လုပ်ငန်းခွင်မှာ အရမ်းကောင်းသွားမှာပေါ့။ အခုက တော့ တရားမဝင် နေထိုင်နေတဲ့ ကျနော်တို့ အလုပ်သမားတွေ အများကြီးပါ။ ဒီလိုမျိုး အခွင့်အရေး ပေးလိုက်မယ် ဆိုရင် သူတို့က တက်လာတဲ့အစိုးရသစ် ချမှတ်ထားတဲ့ နည်းလမ်း ဥပဒေအတိုင်း သူတို့လုပ်ကြမယ်ဆိုရင် လုပ်ငန်းခွင်မှာ အများကြီး အဆင်ပြေသွားမှာပေါ့နော်။ သူတို့လည်း ဘာမှ ပူပင် ကြောက်စရာ မလိုဘဲနဲ့ လုပ်ငန်း ကိုင်ငန်း အလုပ်တွေ ကောင်းကောင်းမွန်မွန် လုပ်ရမှာပေါ့နော်” ဟု ပြောသည်။

 မလေးရှား ဝန်ကြီးချုပ်အသစ် အန်ဝါအီဘရာဟင်ကို တွေ့ရစဉ် (AFP)

မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် အစိုးရသစ် တက်လာတိုင်း ရွှေ့ပြောင်း အလုပ်သမားများ အတွက် တစ်ခုမဟုတ် တစ်ခု လုပ်ပေးနေကြဖြစ်သည့်အတွက် ယခုအခါမှာတော့ ပြုပြင်ပြောင်းလဲရေးသမား ဖြစ်သူ တက်လာခြင်းကြောင့် ပို၍ ကောင်းမွန်မည်ဟု မလေးရှား၌ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက် ပေး နေသူများက မျှော်လင့်ကြသည်။

ထို့အပြင် ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍လည်း အကောင်းဆုံး မျှော်လင့်ထားကြောင်း Alliance of Chin Refugees မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခုတက်လာတဲ့ ဝန်ကြီးချုပ်အသစ်က မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အမြင်ကို ပြောပြတာ။ ဒီဝန်ကြီးချုပ်က ထောင်နန်းစံတဲ့ ဘဝကနေမှ အခု ဝန်ကြီးချုပ် ဖြစ်လာတာ။ ဒီဝန်ကြီးချုပ် ဟာဆိုရင် တကယ့်ကို နိုင်ငံအတွက် ဒီမလေးရှားနိုင်ငံအတွက် အကောင်းအမွန်ဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ်လို့တော့ မျှော်လင့်တယ်။ နောက်ပြီးတော့ နိုင်ငံခြားသားတွေဖြစ်တဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အတွက်လည်း တစ်နည်းတစ်ဖုံနဲ့ သူက တော့ ဒေသအတွင်းမှာ နိုင်ငံခြားသားတွေအတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်မယ်လို့တော့ ကျနော် တို့က မျှော်လင့်ပါတယ်။ ဒုက္ခသည် အရေးကတော့ ဒီအစိုးရနဲ့ UNHCR တို့ လုပ်ဆောင်နေတာ နှစ်ပေါင်းကြာနေ ပြီပေါ့။ လွန်ခဲ့တဲ့ အပတ်လေးတင်ကပဲ ဒေသဆိုင်ရာ ဒုက္ခသည် အဖွဲ့အစည်းကပေါ့နော်။ အစိုးရပိုင်းတွေနဲ့ တွေ့ဆုံ ပြီး သွားတယ်။ ဒီမလေးရှား အစိုးရရယ် မလေးရှားမှာရှိတဲ့ UNHCR ရုံးရယ် အကောင်းဆုံး ဖြစ်အောင်လို့တော့ သူ တို့ လုပ်ပေးနေတယ်လို့တော့ ကျနော်က ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

 ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

လက်ရှိတွင် ဝန်ကြီးချုပ်အသစ် ရွေးချယ်လိုက်ပြီ ဖြစ်သော်လည်း အစိုးရဖွဲ့စည်းရန်မှာ အဆင်မပြေမှုများ ရှိနေ သေးသည့်အတွက် ကြန့်ကြာနိုင်သေးကြောင်း၊ လုံခြုံရေးများအားလည်း တင်းကြပ်ထားကာ တိုးမြှင့်ချထား ကြောင်း မလေးရှားတွင် မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်း ဌာနသို့ ပြောသည်။

“ဒါကတော့ သူတို့ဘာတွေ ကြားထားလို့လဲတော့ မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ ဝန်ကြီးချုပ် ကတော့ ဘုရင်က ရွေးတယ်ဆိုပေမယ့်လည်း သူနဲ့ယှဉ်မယ့် တစ်ယောက်ကလည်း ရှိနေသေးတော့ ဘာတွေ ဖြစ်လာမလဲဆိုတာ အခုလောလောဆယ် ဝန်ကြီးချုပ်ပဲ ရွေးရပါသေးတယ်။ သူ့အောက်က ဝန်ကြီးတို့၊ ဒုဝန်ကြီးတို့ ဘာညာ သူ့ရဲ့ အစိုးရအဖွဲ့အစည်းကို ရွေးချယ်မှု မရှိသေးဘူးပေါ့လေ။ ဒီနေ့တော့ ဝန်ကြီးချုပ်ရုံးမှာသွားပြီး ရုံး စထိုင်နေပါပြီ။ ဒါပေမယ့်လည်း ဒီ သူ့အစိုးရအဖွဲ့ကို ဘယ်တော့ချပြမလဲ၊ ဘယ်လိုနည်း ဘယ်လိုပုံနဲ့ သူရွေးမလဲဆို တာ ကျနော်တို့ မသိရသေးတဲ့အတွက် ဒီလိုမျိုး သူရွေးတင်လိုက်တဲ့ အချိန်မှာ နားလည်မှု ကွဲလွဲတာမျိုး၊ အထင်မှား တာမျိုး၊ စိတ်သဘောမတူညီဘဲ အဲဒီလိုမျိုး တစ်ခု မထင်မှတ်တဲ့ အရာတွေ ဖြစ်လာနိုင်မလားဆိုတာ ကျနော်တို့ ကြိုပြောလို့ မရပါဘူး။ အတိုက်အခံ တစ်ယောက်ကလည်း သူ့ကို အားပေးထောက်ခံတဲ့ လူထုကနည်းတာ မဟုတ် ဘူးလေ။ အဲဒါကြောင့်မို့လို့ ရွှေ့ပြောင်းလုပ်သား ဘာအထောက်အထားမှ မရှိတဲ့လူတွေကို မသွားဖို့ မလာဖို့ တတ် နိုင်တဲ့ ဘက်ကနေ မှာထားပါတယ်” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်သည် ရွေးကောက်ပွဲ မကျင်းပမီ ပြည်သူလူထုအား မဲဆွယ်စည်းရုံးစဉ်က ကတိကဝတ် ပြုလုပ်ခဲ့သည့်အထဲတွင် နိုင်ငံခြားသားများနှင့်ပတ်သက်၍ အချက်နှစ်ချက်သာ ပါရှိကြောင်း သိရသည်။

ထိုအချက်တို့မှာ အရှေ့မလေးရှားရှိ စာဘားပြည်နယ်မှ နိုင်ငံခြားသားများအရေး ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံ ခြားသား အလုပ်သမား ခေါ်ယူရန် ပိုမိုမြန်ဆန်ပြီး နည်းစနစ် ပိုမိုကောင်းမွန် လာစေရန် ဆောင်ရွက်သွားမည်တို့ ဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်ပခရီးသွားများကို ငွေကြေးပိုကောက်ခံနေသရွေ့ ခရီးသွားကဏ္ဍမတိုးတက်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 593

Share
Tweet
Share
Share
powered by social2s

ဘိန်းအစားထိုး ပြောင်းဆံများကို တရုတ်သို့ တခြားနည်းလမ်းများဖြင့် တင်ပို့ခွင့်ရသေး

By CNI
CNI
Category: Watch TV
Hits: 589

Share
Tweet
Share
Share
powered by social2s

တမူးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေ

By CNI
CNI
Category: Watch TV
Hits: 581

Share
Tweet
Share
Share
powered by social2s
တမူးမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် ရရှိသည့် စက်သုံးဆီအမျိုးအစားများကို ပြသထားစဉ်(ပုံဟောင်း)

တမူးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1298

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ရောင်းချပေးသည့် ဆီဆိုင်တွင် တန်းစီ ဝယ်ယူနေရသည်ဟု တမူးမြို့ဒေသခံများထံမှ သိရသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တမူးမြို့သို့ စက်သုံးဆီများ ရောက်ရှိနိုင်ခြင်း မရှိဘဲ ပြတ်လပ်နေသည် မှာ ၁၀ ရက်ဝန်းကျင်ရှိပြီဖြစ်ကြောင်း တမူးဒေသခံ ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

“ဆီက လောလောဆယ် ဝယ်လို့ ခက်တယ် ဝယ်လို့မရဘူးပေါ့နော်။ ပြတ်နေတယ် ရောင်းချပေးတဲ့ ဆိုင်တစ်ဆိုင် ရှိတယ် အဲဒီဆိုင်မှာ တန်းစီပြီး တိုးရတာပေါ့။ အဲလိုအနေအထားပေါ့။ ဆိုင်တွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့ဆိုင်ပဲ ဆီကားက လောလောဆယ် သူတို့ဆီမှာပဲ ရှိသွားတဲ့သဘောပေါ့နော် ဆီရောက်သွားတဲ့သဘောပေါ့။ ကျန်တဲ့နေရာတွေမှာ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဖြစ်နေတာပေါ့။ ၁ ပတ်၊ ၁၀ ရက် ကျော်လောက် ရှိပြီပေါ့၊ တမူးမှာ လောလောဆယ် ဆီဝယ်လို့မရတာ” ဟု ၎င်းကပြောသည်။

တမူးမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီဝယ်ယူနေကြစဉ်(ပုံဟောင်း)

စက်သုံးဆီ ပြတ်လပ်နေခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိနေပြီး ယခင်က အောက်တိန်း ၉၂ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိတွင် ၂၀၀၀၀ ကျော်ဖြစ်ပေါ်နေသည်ဟု တမူးဒေသခံ ကိုခန့်သူက CNI သို့ ပြောသည်။

“အရင်တုန်းကတော့ ကျနော်တို့ စက်သုံးဆီ ဝယ်ရတာက ၁ ဂါလံဆိုလို့ရှိရင် ၄၅၀၀ ပဲရှိတယ်ပေါ့နော်။ အခုဆိုရင် ၁ ဂါလံကို ၂၂၅၀၀ ဖြစ်သွားပြီ၊ ၉၂ တစ်ဂါလံဆိုလို့ရှိရင် အဲလို ဖြစ်သွားပြီပေါ့နော်။ နောက်တစ်ခုက ၉၅ ဆိုရင်တော့ အရင်တုန်းက ဝယ်ရတာက ၅၀၀၀ လောက် ဝယ်ရတာပေါ့နော်။ အခုဆိုရင် ၂၇၀၀၀ လောက် ဖြစ်သွားပြီ၊ ဈေးနှုန်းက” ဟု ၎င်းက ပြောသည်။

တမူးမြို့သည် အိန္ဒိယ - မြန်မာ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယအစိုးရက လက်ရှိတွင် ပိတ်ထားကြောင်း သိရသည်။

စက်သုံးဆီပြတ်လပ်နေခြင်းကြောင့် ဒေသခံများသည် သွားရေးလာရေးတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ဒါ့အပြင် ကုန်ဈေးနှုန်းများမြင့်တက်နေပြီး ကုန်ပစ္စည်းများလည်းပြတ်လပ်နေသည့် အခြေအနေဖြစ်ပေါ်နေကြောင်း ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

တမူးမြို့အဝင်ဆိုင်းဘုတ်

“ကုန်ဈေးနှုန်းတွေကလည်း တက်တာတော့ တက်တယ်။ ဈေးနှုန်းတွေကလည်း ကြက်ဥတို့ ဘာတို့ဆိုလို့ရှိရင် ဝယ်လို့မရတာတို့၊ ဘာတို့ပေါ့။ ဈေးပဲရှိတယ် ပစ္စည်းပြတ်သွားတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့နော်။ တချို့ပစ္စည်းတွေက ကျနော်တို့ဒေသမှာ မရှိတဲ့ပစ္စည်းတွေ၊ တခြား အနယ်နယ်အရပ်ရပ်ကနေ တမူးကို လာရတဲ့ ပစ္စည်းတွေကျတော့ ခက်ခဲသွားတာပေါ့။ ကိုယ့်ဒေသကထွက်တဲ့ပစ္စည်းတွေ ပြဿနာမတက်ပေမယ့် ကျန်တဲ့နယ်ကနေ သွင်းရတဲ့ ပစ္စည်းတွေကျတော့ အခက်အခဲ ဖြစ်နေတာပေါ့ အဲလိုမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေး - တမူးလမ်းမကြီးကို ဒေသတွင်း စစ်ရေးတင်းမာမှုအခြေအနေများကြောင့် နိုဝင်ဘာ ၁၂ ရက်မှစတင်ပြီး အသုံးမပြုကြရန် ဒေသခံကာကွယ်ရေးတပ်များက သတိပေးထုတ်ပြန်ထားပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် နောက်ထပ် ရက်သတ္တပတ် ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရားမဝင်အေဂျင်စီအဖြစ် လုပ်ကိုင်နေပါက တိုင်ကြားလာလျှင် အရေးယူမည်

By CNI
CNI
Category: Watch TV
Hits: 581

Share
Tweet
Share
Share
powered by social2s

ရုရှားနိုင်ငံမှ ခရီးသွားကိုယ်စားလှယ်များကို မြန်မာနိုင်ငံသို့ ဦးစွာ ဖိတ်ခေါ်သင့်

By CNI
CNI
Category: Watch TV
Hits: 582

Share
Tweet
Share
Share
powered by social2s

ဒေသတွင်းကုန်သွယ်ရေး သက်တမ်းတိုးရန် အာရှ-ပစိဖိတ်ခေါင်းဆောင်များ ကတိပြု

By CNI
CNI
Category: Watch TV
Hits: 574

Share
Tweet
Share
Share
powered by social2s

ပို့ကုန်ရငွေများကို ဒေါ်လာအပြင် ယွမ်နှင့် ဘတ်ဖြင့် ပြန်လည်ပေးသွင်းခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 585

Share
Tweet
Share
Share
powered by social2s
ပုဂံမှာ နိုင်ငံခြားသား ခရီးသွားများကိုတွေ့ရစဉ်

ရုရှားနိုင်ငံမှ ခရီးသွားကိုယ်စားလှယ်များကို မြန်မာနိုင်ငံသို့ ဦးစွာ ဖိတ်ခေါ်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1431

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေးအတွက် ရုရှားနိုင်ငံမှ ခရီးသွား ကိုယ်စားလှယ်များအား မြန်မာနိုင်ငံသို့ ဦးစွာ ဖိတ်ခေါ်သင့်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်း ဌာနသို့ ပြောသည်။

“ကျနော်တို့ကတော့ တင်ပြထားတာ ရှိတယ်။ ရုရှားနိုင်ငံမှာရှိတဲ့ ခရီးသွား ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံထဲကို လာရောက်ပြီး သူတို့ကိုယ်တိုင် လေ့လာကြည့်တဲ့ဟာမျိုး လုပ်မှသာ အဆင်ပြေမယ်ဆိုပြီး တင်ပြထားတာ ရှိပါ တယ်။ ဒီအတွက်ကြောင့် နိုင်ငံတော်က ပူးပေါင်းဆောင်ရွက်ပေးမှရမယ့် အခြေအနေရှိပါတယ် ဒါကလေ။ ကိုယ်က ကိုယ့်နိုင်ငံထဲကို လာပါ၊ လာပါလို့ ပြောနေပေမယ့်လည်း တစ်ဖက်မှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေက သူတို့ ကိုယ် တိုင် မရောက်ဖူးဘူး၊ မသိဘူးဆိုရင် ရောင်းချရတာ ခက်တယ်လေ။ ဒါကြောင့်မို့လို့ သူတို့ကို familiarization trip ဆိုတဲ့ဟာ ရှိပါတယ်။ ကျနော်တို့ကတော့ ခရီးသွားလောကမှာ FAM trip လို့ ပြောကြတယ်။ အဲဒီ FAM trip တွေ ကျနော်တို့ စီစဉ်မှ သူတို့က သိမယ်ပေါ့နော်။ အဲဒီလိုမျိုး ဆောင်ရွက်ဖို့အတွက်ကို ဒါနိုင်ငံတော်ကလည်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ပေးမယ်၊ သက်ဆိုင်ရာ ဟိုတယ်တွေ၊ ခရီးသွား ကုမ္ပဏီတွေကလည်း ဒါ ဝိုင်းဝန်းပြီးတော့ ပူးပေါင်း ဆောင်ရွက်လိုက်ရင် ဒီဟာက ရုရှားနိုင်ငံ ခရီးသွားကုမ္ပဏီ တော်တော်များများက သိလာမယ်။ ဒီတော့မှ သာ ခရီးစဉ်တွေကို ရေးဆွဲပြီး ရောင်းချနိုင်မှာပေါ့” ဟု ၎င်းက ပြောသည်။

ရုရှားခရီးသွားများကို လွှတ်တော်ရုံးရှေ့မှာတွေ့ရစဉ် (Russian)

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကလည်း ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ရပ် အနေ ဖြင့် ချစ်ကြည်ရေး ခရီးစဉ်များအား ပုဂ္ဂလိက အသင်း၊ အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများအကြောင်း ရုရှားပြည်သူများ ပိုမိုသိရှိစေရန် ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် ကြော်ငြာနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ရုရှားခရီးသွားများ ပိုမိုဝင်ရောက် စေရန်အတွက် လာမည့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရုရှားနိုင်ငံ၌ ပြုလုပ်မည့် ခရီးသွားပြပွဲ၌ ပြခန်းဖွင့်လှစ်၍ သွားရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဓိက အလည်အပတ် များပြားနေသည့် ခရီးသွားနေရာ ဒေသများအား ၎င်းတို့ သိရှိရန် ဆွဲဆောင်မှု တစ်ခုအဖြစ် ပြုလုပ်ပေးနိုင်မှသာ ရုရှားခရီးသွားများသာမက နိုင်ငံခြားသား ခရီးသွားများပါ ဝင်ရောက် လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

မင်းကွန်းခေါင်းလောင်ကြီးသို့ သွားရာကို လမ်းညွန်ထားသည်ကိုတွေ့ရစဉ်

၎င်းက “အဲဒီတော့ major destination ဖြစ်တဲ့ ပုဂံတို့လို အင်းလေးတို့လို၊ မန္တလေးတို့လို နေရာတွေပေါ့လေ။ ဖြစ် နိုင်မယ်ဆိုရင်တော့ အခုလောလောဆယ်တော့ မကောင်းသေးဘူး။ ကျိုက်ထီးရိုးလို နေရာမျိုးပေါ့။ major destination ဖြစ်တဲ့ နေရာတွေရယ်၊ နောက်တစ်ခါ အင်မတန်မှ နာမည်ကျော်ကြားတဲ့ Beach တွေပေါ့၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာတို့လိုဟာမျိုးပေါ့။ ဒီလိုဟာမျိုးတွေ အကြောင်းကို သူတို့ Tourism နဲ့ပတ်သက်တဲ့ လာတဲ့လူ တွေ သေသေချာချာ သိအောင် ဒါတွေ လုပ်ပေးသင့်တာပေါ့။ ပုဂံဆို ဘုရားတွေ အများကြီးနဲ့ ပြပေးတာ မျိုးတွေ၊ ပုဂံရဲ့ လက်ရာမြောက်တဲ့ ပန်းချီတွေ၊ စဉ့်ကွင်းအုတ်ချပ်တွေ အဲဒါမျိုးလေးတွေကအစ သူတို့ သိအောင်ပေါ့လေ။ ဒါမှသာလျှင် Tourist attraction က ဖြစ်သွားမှာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် နိုင်ငံခြားသားသာ ပြောနေတာ မြန်မာတွေကိုက ဒီ attraction ကို နားမလည်ဘူး။ ပုဂံလာရင် ရွှေစည်းခုံ၊ အာနန္ဒာ၊ သဗ္ဗညုနဲ့ ပြီးသွားကြတာ။ အင်မတန်မှ နာမည်ကြီးနေတဲ့ နံရံပန်းချီ အကောင်းဆုံးဖြစ်တဲ့ ဘုရားသုံးဆူတို့၊ လောကထိပ်ပန်တို့ ဘုရားတွေ အများကြီးရှိတယ်။ ဗမာပြည်ကလူတွေ ၁၀ ယောက်မှာ ၁ ယောက်မှ မသိပဲနဲ့။ နိုင်ငံခြားသား မှာလည်း ပုဂံလာရင် ဘုရားသုံးဆူ၊ နန္ဒာမည၊ နံရံပန်းချီ ဒါမျိုးရှိပါတယ်လို့ ပြောလိုက်ရင် This is not find in Thailand, Cambodia, Vietnam. There no painting like this. လုံးဝမှမရှိဘဲ။ It is only in Myanmar/ only in Bagan ဒါမျိုးတွေ ပြောပေးလို့ ရတယ်လေ။ Tourist attraction အနေနဲ့ လုပ်ပေးရမှာက ဒါတွေကို လုပ်ပေးရမှာ” ဟု ပြောသည်။

ထို့အပြင် အခြားနိုင်ငံများတွင် ၎င်းတို့နိုင်ငံသို့ လေကြောင်းလိုင်းမှ ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများ အား ကိုဗစ်စစ်ခြင်းကို မပြုလုပ်ကြတော့သော်လည်း မြန်မာနိုင်ငံ၌ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာပါက RDT ဖြင့် ကိုဗစ် စစ်ခြင်းများ ပြုလုပ်နေသေးသည့်အတွက် ထိုအချက်အား ဖြေလျှော့လိုက်ပါက ခရီးသွားကဏ္ဍ တိုးတက် ရေးမှာ အထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည်ဟု ဦးဇော်ဝိတ်က ပြောသည်။

မန္တလေးမြို့အဝင်ကိုတွေ့ရစဉ်

ရုရှားနိုင်ငံသား ခရီးသွားများအား မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်စေရန် ခရီးသွားကဏ္ဍများဖြင့် ဆွဲဆောင်သကဲ့သို့ လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲနိုင်ရန်လည်း လုပ်ဆောင်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြော သည်။

ဦးနောင်းနောင်းဟန်က“လေကြောင်းလိုင်းကတော့ သက်ဆိုင်ရာ ပုဂ္ဂလိက လေကြောင်းလိုင်းတွေရဲ့ ခရီးသည်ရရှိ မှု အခြေအနေကို တွက်ချက်ပြီးမှ လေကြောင်းလိုင်းက ဆွဲရတာ ဖြစ်တယ်လေ။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ နိုင်ငံ ကနေပြီးတော့ ရုရှားကနေပြီးတော့ မြန်မာပြည်ကို လာမယ့် ခရီးသည်တွေ ရှိတယ်ဆိုရင် ဒါလေကြောင်းလိုင်း တွေ က ပြေးဆွဲမှာပဲ။ အခုလောလောဆယ်ကြတော့ ရုရှားကနေ လာမယ့် ခရီးသည်က နည်းနည်း နည်းနေသေးတယ်။ တိုက်ရိုက် ပျံသန်းဖို့အတွက်လည်း ကျနော်တို့နိုင်ငံမှာက လေယာဉ်ပျံတွေက မော်စကိုအထိအောင် ပျံသန်းဖို့ အတွက်က ၉ နာရီကျော် ပျံသန်းတက်တာ။ အဲဒီတော့ ၉ နာရီကျော် လောက်ထိအောင် ပျံသန်းနိုင်တဲ့ လေယာဉ်ပျံ မျိုးက မရှိသေးဘူး ဒီမှာလေ။ ဆိုတော့ တစ်ထောက်နားပြီးမှ လာရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကလည်း များ တယ်။ ဒါကြောင့်မို့လို့ လေကြောင်းလိုင်းတွေကလည်း ဒါ စဉ်းစားနေသေးတာပေါ့။ လုံလောက်တဲ့ အချက်အလက် တွေ ပြည့်စုံသွားတယ်၊ ဥပမာ လေယာဉ်တွေမှာ ခရီးသည်တွေ အပြည့် ပါလာ နိုင်တယ်။ အဲဒီလို အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုရင်တော့ စိတ်ဝင်စားမှုတွေ မြင့်တက်လာတယ် ဆိုရင် လေကြောင်းလိုင်းတွေကလည်း တိုက် ရိုက် ပျံဆွဲကြပါလိမ့်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင်ကတည်းက မြန်မာနိုင်ငံသို့ ရုရှားခရီးသွား ဝင်ရောက်မှုမှာ အနည်းငယ်သာ ရှိခဲ့ကြောင်း၊ တစ်နှစ်လျှင် ရုရှား ခရီးသွား ၅၀၀၀ ဦးသာ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမို လာရောက်လည်ပတ်စေရန် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ တစ်နှစ် ဗီဇာကင်းလွတ်ခွင့် ပြုပေးထားကြောင်း၊ သို့သော်လည်း လက်ရှိတွင် ရုရှားခရီးသွား ဝင်ရောက်မှုမှာ နည်း ပါး နေဆဲဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင်နဲ့ ပရာယွတ်ကိုတွေ့ရစဉ် (AP)

ဒေသတွင်းကုန်သွယ်ရေး သက်တမ်းတိုးရန် အာရှ-ပစိဖိတ်ခေါင်းဆောင်များ ကတိပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1496

CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၁

အာရှ-ပစိဖိတ်ဒေသ ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၉ ရက် အေပက် (APEC) ထိပ်သီး အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သွားကြဖို့ ကတိပြုခဲ့ ကြကြောင်း အေပီက ရေးသားဖော်ပြသည်။

ထို့နောက် ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် အဆုံးသတ်ဖို့ကိုလည်း တောင်းဆိုခဲ့ကြသည်။

အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်‌ရေးဖိုရမ်(APEC)တွင် အဖွဲ့ဝင်နိုင်ငံ အများစုသည် စစ်ပွဲကို ရှုတ်ချ ကြောင်း၊ အဖွဲ့ဝင် ၂၁ နိုင်ငံကြား သဘောထား ကွဲလွဲမှုများကို ပေါင်းစည်းရန် အိမ်ရှင်ထိုင်းနိုင်ငံ၏ သံတမန်ရေး အရ လွှမ်းမိုးမှုကို ခံယူခဲ့ကြောင်း အေပီက ဆက်လက် ရေးသားသည်။

ရုရှားသည် အေပက်အဖွဲ့ဝင် တစ်နိုင်ငံဖြစ်ပြီး မော်စကိုအစိုးရအပေါ် ယေဘုယျအားဖြင့် ဝေဖန်ရှုတ်ချခြင်းမှ ရှောင်ကြဉ်လေ့ရှိသော တရုတ်နိုင်ငံလည်း အေပက်ထဲတွင် ပါဝင်သည်။

အေပက် ခေါင်းဆောင်များသည် စစ်ပွဲအပေါ် မတူကွဲပြားသည့် သဘောထား အမြင်များကို အသိအမှတ်ပြု ကြောင်း၊ ကုန်သွယ်ရေးနှင့် ပိုမိုနီးကပ်သည့် စီးပွားရေးအရ ဆက်ဆံမှုများကို မြှင့်တင့်ပေးရသော ယခုဖိုရမ်တွင် ထိုကဲ့သို့ စစ်ရေးပဋိပက္ခများအား ဖြေရှင်းရန် နေရာမဟုတ်ကြောင်း ၎င်းတို့၏ စုပေါင်း ထုတ်ပြန်သည့် ကြေညာ ချက်ထဲတွင် ဖော်ပြထားသည်။

အမေရိကန် ဒုသမ္မတ နဲ့ ပရာယွတ်ကိုတွေ့ရစဉ် (AP)

သို့သော် ပဋိပက္ခနှင့် အခြား လုံခြုံရေးပြဿနာများသည် ကမ္ဘာ့စီးပွားရေးအတွက် သိသိသာသာ အကျိုး သက် ရောက်မှုများ ရှိနိုင်ကြောင်း ၎င်းတို့က မှတ်ချက် ချခဲ့ကြသည်။

အေပက် အဖွဲ့ဝင် အများစုသည် ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာ ချက်ထဲတွင် အတိအလင်း ဖော်ပြခဲ့ကြသည်။

၎င်းစစ်ပွဲသည် လူသားများကို ကြီးမားသော ဒုက္ခရောက်စေပြီး ငွေကြေးဖောင်းပွမှု၊ ကုန်စည်ထောက်ပံ့ ပို့ဆောင် ရေး ကွင်းဆက် ပြဿနာများ၊ စားနပ်ရိက္ခာ မဖူလုံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များ ပေါ်ပေါက်စေခဲ့ကြောင်း ကြေညာချက်ထဲ၌ အလေးပေး ရေးသားထားသည်။

ယခုအေပက် ကြေညာချက်သည်လည်း အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြီးစီးခဲ့သော G-20 ထိပ်သီး အစည်းအဝေး ကြေညာချက်နှင့် ပြီးခဲ့သည့် မတ်လ ၂ ရက်ကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တို့က စကားလုံး အသုံးအနှုန်းများအတိုင်း ထပ်မံ ထင်ဟပ်ဖော်ပြခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်မှာ “ယူကရိန်းအား ရုရှား၏ ရန်လိုမှုအပေါ် အပြင်းထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချ ကြောင်း၊ ယူကရိန်း ပိုင်နက်အတွင်းမှ ရုရှား လုံးဝ ခြွင်းချက်မရှိ ဆုတ်ခွာပေးဖို့ တောင်းဆိုကြောင်း” ဟူ၍ ဖြစ်သည်။

Source: AP

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ မကောင်းသေး

By CNI
CNI
Category: Watch TV
Hits: 585

Share
Tweet
Share
Share
powered by social2s
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19

Page 15 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar