CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

SWIFT မသုံးဘဲ ငွေပေးချေနိုင်အောင် ရုရှားနှင့်တရုတ် စီစဉ်နေ

By CNI
CNI
Category: Watch TV
Hits: 654

Share
Tweet
Share
Share
powered by social2s

ယခင်လထက် အောင်ဘာလေထီရောင်းအား အုပ်ရေ ၅ သောင်းကျော် မြင့်တက်

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s
မဟာဗန္ဓုလမ်းလမ်းပေါ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ(ဓါတ်ပုံ-CNI)

ယခင်လထက် အောင်ဘာလေထီရောင်းအား အုပ်ရေ ၅ သောင်းကျော် မြင့်တက်

By CNI
CNI
Category: စီးပွားရေး
Hits: 1448

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

(၄၅)ကြိမ်မြောက် အောင်ဘာလေ ထီရောင်းချရမှုသည် ပြီးခဲ့သည့်လထက် အုပ်ရေ ၅ သောင်းခန့် ပိုမို ရောင်းချခဲ့ ရတယ်လို့ အောင်ဘာလေထီရုံးမှ သိရသည်။

နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အောင်ဘာလေ ထီရောင်းအားသည် ကျဆင်းခဲ့ပြီး အုပ်ရေ ၂ သိန်းကျော်သာ ရောင်းချခဲ့ရပြီး လက်ရှိတွင် အုပ်ရေ ၃ သိန်း ၉ သောင်းအထိ ရောင်းချ ထားရသည်ဟု ထီကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် (၄၄) ကြိမ်မြောက် အောင်ဘာလေထီ ရောင်းချရမှုသည် အုပ်ရေ ၃ သိန်း ၄ သောင်းခန့်သာရှိခဲ့သည်။

အဲဒီနောက် သိန်း ၅၀၀၀ ဆုမဲကို ဘဏ်တွင် ငွေသားထုတ်ယူ၍ လွယ်ကူသွားခြင်းနှင့် အက္ခရာနှင့် ကဏန်းတစ်လုံး တူ အတွက် ဆုမဲတစ်သောင်း သတ်မှတ်ပြီးနောက် ထီရောင်းအား တိုးတက်လာခြင်းဖြစ်သည်ဟု ထီ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်စန်းက CNI သတင်းဌာနသို့ ပြောသည်။

“အောင်ဘာလေထီ လက်မှတ်တွေမှာ သိန်း ၅၀၀၀ ဆုမဲမှာ အကုန်လုံး ပြန်ထုတ်ပေးတာမှာ စတယ်။ ဆုမဲတွေက ခါတိုင်းဆိုလို့ရှိရင် ဘဏ်မှာက မထုတ်ပေးဘူး ဘာညာနဲ့ ထွက်နေတာလေ။ အခုက သိန်း ၅၀၀၀ ပေါက်လို့ရှိရင် လည်း ၅၀၀၀ လုံး အကုန်ထုတ်လို့ရတယ် ဘဏ်ကနေ အောင်ဘာလေဆုမဲဆိုလို့ရှိရင်။ ငွေသားကို ထုတ်လို့ရ တယ်။ ဆုမဲ ဆုငွေထုတ်မှုအပိုင်းမှာ အားလုံးအဆင်ပြေသွားတယ်လေ အဲဒါက တစ်ကြောင်း။ နောက်တစ်ကြောင်း ကကျတော့ ဘာဖြစ်လဲဆိုတော့ တစ်လုံးတူကို အက္ခရာနဲ့ တစ်လုံးတူကို ၁၀၀၀၀ ပေးတဲ့အခါကျတော့ နည်းနည်း အရင်းမရှုံးထီ ခေါ်တာပေါ့။ အက္ခရာစုံ မင်္ဂလာစုံတွဲ ၁၀ စောင်ထိုးမယ် ထိပ်စီးတူရင်တောင် အရင်းပြန်ရတဲ့ အနေအထားလေ။ အဲဒါကျတော့ ထိုးတဲ့သူတွေက ပေါက်တဲ့သူ များတာပေါ့ကွာ။ လူအယောက် တစ်သိန်းလောက် ပိုရောင်းလိုက်တဲ့အခါကျတော့ ပေါက်တဲ့အခါကျတော့ အဲဒီပေါက်တဲ့သူက ထီပြန်ထိုးတာ။ ထီပြန်ထိုးတော့ ရောင်းအားပြန်တက်သွားတာ။ အဲဒီတစ်လုံးတူ မထွက်ခင်တုန်းက ၃၄ ကျော်ကျော်လောက်ပဲ ရှိတာပါ။ ၃၄ ပတ်ချာလည်ပဲ။ ၃ သိန်း ၄ သောင်းကျော်။ ၃ သိန်း ၄ သောင်းကျော်လောက်ပဲ ရှိတာ။ အဲဒီ တစ်လုံးတူ နှစ်လုံးတူတွေ ထွက်တော့ ဘယ်လောက် တက်သွားလဲဆိုတော့ ၃၉ နည်းနည်းစွန်းလိမ့်မယ်။ ၃၉ ပဲ ထားပါ။ ဆိုတော့ အုပ် ၅ သောင်းလောက် တက်သွားတယ်” ဟု ပြောသည်။

အောင်ဘာလေထီဆိုင်တွင် ထီးလာထိုးသူများနှင့် တွေ့ရစဉ်

နိုင်ငံရေး အပြောင်းအလဲ မဖြစ်ပွားခင်ကာလတွင် အောင်ဘာလေ ထီရောင်းအားသည် အက္ခရာ ၄၂ လုံး ထုတ်ဝေ ပြီး အုပ်ရေ သုံးဆယ့်လေးသိန်းခြောက်ထောင့်သုံးရာငါးဆယ်ခြောက်အုပ် ရောင်းချလျက်ရှိပြီး လက်ရှိတွင် အက္ခရာ ၁၀ လုံးသာ ထုတ်ဝေလျက်ရှိသည်။

လက်ရှိတွင် ထီရောင်းအား အနည်းငယ် ပြန်လည်မြင့်တက်လာပြီဖြစ်သည့်အတွက် လာမည့်လများတွင် ထီ ရောင်းအားဆက်လက်မြင့်တက်လာနိုင်ပြီး မကြာမီ သိန်းတစ်သောင်းဆု ပြန်လည်ပေးလာနိုင်သည်ဟု ထီ ကိုယ်စားလှယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခု ဒီလမှာ အုပ်နည်းနည်းများများ ရောင်းရတော့ ဆုမဲ နည်းနည်းပိုလာမှာပေါ့။ ဆုမဲပိုလာမယ်ဆိုလို့ရှိရင် ပေါက်တဲ့သူက ဆိုပါတော့ အယောက် ၁၀၀၀ လောက်ပေါက်မယ်။ ခါတိုင်း ပြီးခဲ့တဲ့လတွေထက်စာရင် ဒီလက အယောက် တစ်ထောင်၊ နှစ်ထောင် ပိုပေါက်တယ်ဆိုလို့ရှိရင် အဲဒီ တစ်ထောင်၊ နှစ်ထောင်က ပြန်ထိုးတဲ့အခါ ကျတော့ နည်းနည်းလေးတော့ တက်မယ်ထင်တာပဲ။ ထီရောင်းအားများလေ ထီဆုမဲများလေပဲလေ။ နောက်ပြီး တော့ အဲလိုနည်းနည်းလေး ဆုမဲများလာလို့ရှိရင် သိန်း တစ်သောင်းဆုက ပြန်လာလိမ့်မယ်။ သူတို့ သိန်း တစ်သောင်းကို ပုံမှန်ပေးတဲ့ အနေအထားရောက်လို့ရှိရင် လာလိမ့်မယ်။ ဒီအတိုင်းသွားရင် ထင်ပါတယ် သိန်းတစ်သောင်း လာလိမ့်မယ် နောက် တစ်လ၊ နှစ်လနေရင်တော့ လာဖို့ များတယ်။ ၄ သိန်းခွဲလောက် ဆိုရင်တော့ လာလိမ့်မယ်။ ၄ သိန်းခွဲ ပတ်ချာလည် အခုက ၄ သိန်းနားကပ်နေပြီလေ” ဟု ၎င်းကပြောသည်။

အောင်ဘာလေထီကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် အများဆုံးထိုးလျက်ရှိသည်ဟု ထီရောင်းချသူများထံမှ သိရသည်။

အောင်ဘာလေမှ ချီးမြှင့်ပေးနေသည့် လက်ရှိ ထီဆုမဲသည် ကျပ်သိန်း ၅၀၀၀ အမြင့်ဆုံးဖြစ်ပြီး ယခုလ ထီရောင်း အား မြင့်တက်လာသောကြောင့် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် ထီဆုမဲများကိုလည်း ထပ်တိုးထားကြောင်း အောင်ဘာလေထီရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ကို တွေ့ရစဉ် (TASS)

SWIFT မသုံးဘဲ ငွေပေးချေနိုင်အောင် ရုရှားနှင့်တရုတ် စီစဉ်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1433

CNI International News

မော်စကို၊ နိုဝင်ဘာ ၃၀

ရုရှားနှင့်တရုတ်တို့သည် ၎င်းတို့ဘဏ္ဍာရေးစနစ် အသီးသီးအတွက် SWIFT သုံးစွဲခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် အပြန်အလှန် ကုမ္ပဏီ account များ ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားမှ တရုတ်သို့ ဓာတ်ငွေ့ပို့လွှတ်ရောင်းချရေး စာချုပ်များအရ ငွေပေးချေမှုများ၌ မိမိတို့နှစ်နိုင်ငံ၏ ရူဘယ်နှင့် ယွမ် ငွေကြေးများဖြင့် ပေးချေရန် ပြောင်းလဲစီစဉ်နေပြီဟု နိုဗက်က ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် ရေနံ၊ ရေနံထွက်ပစ္စည်းများနှင့် ကျောက်မီးသွေးတို့ကိုလည်း မိမိတို့ငွေကြေးကိုယ်စီဖြင့် လွှဲပြောင်းပေး ချေနေပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီလိုလုပ်ဆောင်မှုက အန္တရာယ်တွေကို ကာကွယ်နိုင်ပြီး ရူဘယ်နဲ့ယွမ်ကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် အခြေအနေ အသွင်ကူးပြောင်းမှု မြှင့်တင်ပေးနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှားဗဟိုဘဏ်နဲ့ တရုတ်ဘဏ် လုပ်ငန်းတွေမှာ ရုရှားအတွက် account ဖွင့်နိုင်ဖို့ အလားအလာတွေ မြှင့်တင်လုပ်ဆောင်နေပါတယ်။ တရုတ်ပြည်တွင်း ကုမ္ပဏီ တွေ၊ ရုရှားရှိ တရုတ်ကုမ္ပဏီတွေနဲ့ SWIFT မသုံးဘဲ ငွေပေးချေနိုင်အောင် ဖန်တီးတာလည်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးချုပ်နိုဗက်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားကို SWIFT ကနေ ထုတ်ဖို့ တောင်းဆိုနေကြစဉ် (GETTY IMAGES)

ရုရှားနှင့်တရုတ်တို့သည် စွမ်းအင်ကဏ္ဍအတွက် စက်ကိရိယာများ ပူးပေါင်းထုတ်လုပ်နိုင်အောင် စီစဉ်နေကြောင်း ၎င်း၏အဆိုအရ သိရသည်။

“ဒီကနေ့ တရုတ်ဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍအတွက် စက်ပစ္စည်းကိရိယာ တန်ဆာပလာတွေ အဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေပါပြီ။ ရုရှားက စီမံကိန်း လုပ်ငန်းတွေအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ကိရိယာ တွေကို ကျနော်တို့နှစ်နိုင်ငံ အနီးကပ် ပူးပေါင်းလုပ်ကိုင်နေပြီလို့ အသိပေးလိုပါတယ်” ဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။

SWIFT (Society for Worldwide Interbank Financial Telecommunication) သည် နိုင်ငံတကာသုံး အီလက်ထရောနစ် စနစ်ဖြင့် ငွေပေးချေမှုဖြစ်ပြီး ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် အနောက်အုပ်စုက အဆိုပါ စနစ်ထဲမှ ရုရှားဘဏ်များကို ဖယ်ရှားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်သို့ ဆေးဝါးတင်သွင်းခွင့် မရသေး

By CNI
CNI
Category: Watch TV
Hits: 1009

Share
Tweet
Share
Share
powered by social2s

ကျပ်ငွေကို လက်မခံဘဲ ရူဘယ်ကိုသာ အသုံးပြုလျှင် ကျပ်ငွေတန်ဖိုး မြင့်နိုင်ဖွယ်မရှိ

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s
ဆေးဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်(ဓါတ်ပုံ-CNI)

ရခိုင်သို့ ဆေးဝါးတင်သွင်းခွင့် မရသေး

By CNI
CNI
Category: စီးပွားရေး
Hits: 1591

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား အပစ်အခတ် ရပ်စဲထားပြီဖြစ်သော်လည်း တိုက်ပွဲများ ဖြစ်ပွား ချိန်၌ သယ်ယူတင်သွင်းခွင့် ပိတ်ထားခံရသည့် ဆေးဝါးများမှာ ပြန်လည်တင်သွင်းခွင့်မရသေးကြောင်း ရခိုင် ပြည်နယ်ရှိ ဆေးကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများကို ဖွင့်လိုက်ပြီ ဖြစ်သော်လည်း ရန်ကုန် - စစ်တွေ လမ်းကြောင်းကို ဖွင့်လှစ်ထားခြင်း မရှိသည့်အတွက် ဆေးဝါးများလည်း တင်သွင်းခွင့် မရသေးကြောင်း စစ်တွေမြို့မှ ဆေးကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“တရားဝင်တော့ မထုတ်သေးဘူး။ သူတို့က ကားဂိတ်ပဲ ဖွင့်တယ်လို့ ပြောတာပါ ကားလမ်းနဲ့။ ဒီဘက်က စစ်တွေကားလမ်းကတော့ မဖွင့်သေးဘူး အခုထိတော့။ ဘူးသီးတောင် - မောင်တောဘက်ပဲ ကားရော ရေကြောင်းရော ဖွင့်တာ။ ရန်ကုန် - စစ်တွေကတော့ မရသေးဘူး။ ရရင်လည်း သူတို့ လမ်းပဲ ဖွင့်တာနေမှာပါ။ သူတို့ ဆေးတင်သွင်းခွင့် ပေးချင်မှပေးမှာ အရင်ကတည်းက မရဘူးလေ။ အရင် ကားလမ်းမပိတ်ခင်တုန်း ကတည်းက ဆေးက မတင်ရဘူး။ ပြီးတော့ အဲဒီကြားထဲမှာ ကားလမ်းပိတ်သွားတာ။ အခု ပြန်ဖွင့်ပြီလို့ ပြောတာပဲ ရှိသေးတယ်။ လမ်းကြောင်းဖွင့်ပေးရင်တော့ အကောင်းဆုံးပေါ့ သယ်ယူခွင့် ရရင်တော့။ ဒီဘက်မှာ ဆေးက ရန်ကုန်ကနေလည်း သယ်လို့မရ၊ စစ်တွေကနေလည်း ဘာမှပို့လို့မရဘူး ဆေးဆို၊ ဆေးတိုင်း။ အကုန်လုံးကို ပိတ်ထားတယ်။ စစ်တွေကနေလည်း ပို့လို့ မရသေးဘူးပေါ့ အဲလိုဖြစ်နေကြတယ်။ သယ်ရင်လည်း ခိုးပြီးဝှက်ပြီး သယ်နေကြတာပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။

ဒါ့အပြင် ရခိုင်ပြည်နယ် ကုန်သည်များအသင်းချုပ်မှတဆင့် ဆေးဝါးများ တင်သွင်းခွင့်ပြုရန်အတွက် ရခိုင် ပြည်နယ် အစိုးရအဖွဲ့ထံသို့ တင်ပြထားသော်လည်း အကြောင်းပြန်လာခြင်း မရှိသေးကြောင်း၊ ရန်ကုန် - စစ်တွေ လမ်းကြောင်း ပြန်လည်ဖွင့်လှစ်မှသာ ဆေးဝါးတင်သွင်းမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်ကာလ အိမ်သုံးဆေးဝါးများ ရောင်းချပွဲ ပြုလုပ်စဉ်(ဓါတ်ပုံ-CNI)

“လက်ရှိကတော့ တော်တော်လေး ပြတ်တောက်နေတဲ့ အနေအထားတော့ ရှိသေးတယ်။ ဘာလို့လဲဆိုတော့ ကားလမ်းတွေ အဓိက ဆေးပစ္စည်းတွေ အကုန်လုံးက ကားနဲ့ပဲ လာတာဆိုတော့လေ။ ကားနဲ့လာတာဆိုတော့ ကားလမ်းတွေ ပွင့်ရင်တောင်မှ ဆေးပစ္စည်းကို ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးမယ်ဆိုတဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဖွင့်ပေးမယ် ဆိုတဲ့ဟာလေးတစ်ခုကတော့ ကျနော်တို့လည်း ကားလမ်းလည်း မဖွင့်သေးတော့ ကျနော်တို့လည်း သွားပြီးတော့ ထပ်ပြီးတော့ ကျနော်တို့လည်း တင်ပြထားတာ မရှိသေးဘူးပေါ့လေ။ ကားလမ်းပွင့်ပြီဆိုတော့မှ ကျနော်တို့က ဆေးပစ္စည်းတွေကို ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတဲ့ဟာကို ကျနော်တို့က သွားပြီးတော့ ဆွေးနွေးရမှာကို။ လက်ရှိ ကတော့ ကားလမ်းတွေက ကျောက်တော်တို့ ဘာတို့တော့ နည်းနည်း သွားလာလို့ ရတယ်လို့ ကျနော်တို့ သတင်း တော့ ကြားပါတယ်။ ဒါပေမယ့် အတိအကျတော့ မဟုတ်ဘူး။ သေချာတာတော့ စစ်တွေကိုတော့ ကုန်ကားကြီး တွေ ဘာမှ မဝင်သေးဘူးဗျ။ ရန်ကုန် - စစ်တွေ လမ်းကြောင်းကြီး ပွင့်တော့မှပဲ ကျနော်တို့ကတော့ ဆေးကတော့ အရင်တုန်းကတော့ ကျနော်တို့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သွားနေတာ ရှိတယ်လေ။ ဆိုတော့ အဲဒီပုံစံအတိုင်း သွားရမှာလား။ လွတ်လွတ်လပ်လပ် သွားရမှာလား ဆိုတဲ့ဟာတွေကတော့ ပြန်ပြီးတော့ ညှိနှိုင်းရအုံးမှာပါခင်ဗျ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆေးဝါးတင်သွင်းခွင့်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့မှစတင်၍ ပိတ်ထားခြင်း ကြောင့် လက်ရှိတွင် ဆေးဝါးလက်ကျန် နည်းပါးနေပြီး တချို့သော ဆေးဝါးများသည် ပြတ်လပ်နေပြီဖြစ်ကြောင်း၊ သိရသည်။
တချို့သော ဆေးဝါးများမှာ ပြတ်လပ်မှု မရှိသော်လည်း အလွယ်တကူ ဝယ်ယူ၍ မရသည့်အခြေအနေ ဖြစ်နေ သည်ဟု မြောက်ဦးမြို့နယ်မှ ဒေသခံ ဦးစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

“ဆေးဝါးကတော့ အရင်လို အဆင်ပြေတာတော့ မရှိဘူး။ ပြတ်လပ်တာတော့ မဟုတ်ဘူးပေါ့။ နည်းနည်း ဈေးတက်တာတို့၊ အရင်လို ပေါပေါသီသီ မရနိုင်တာတို့၊ အရေးကြီးတဲ့ ဆေးတွေကတော့ ခက်ခက်ခဲခဲ ဝယ်ရတာ ရှိပါတယ်။ ဒါပေမယ့် အရင်လို ပေါပေါသီသီ၊ သေသေချာချာ ဝယ်လို့မရတာ။ အရေးကြီးတဲ့ဆေးဆိုတာက တချို့ နှလုံးဆေးတွေပေါ့၊ တချို့ အသက်ကယ်ဆေးတို့လို အဲလိုပေါ့ ဆေးတွေက တော်တော်ကို ဝယ်ရခက်ပါတယ်ခင်ဗျ။ ရေလမ်းကိုတော့ ဖွင့်ပေးတယ်။ ကုန်းလမ်းကိုတော့ အခုထိ စစ်ဆေးတာတွေ ရှိသေးတယ်ခင်ဗျ။ အချိန်ပိုင်းပေါ့ ကျောက်တော်တပ်မဆိုရင် ၁၀ နာရီမှ စဖွင့်တာတို့၊ စစ်တွေဆိုလည်း သွားရေးလာရေး တော်တော်အခက်အခဲ ဖြစ်တယ်” ဟု သူက ပြောသည်။

ရက္ခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အပစ်အခတ် ရပ်စဲပြီးနောက် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရေလမ်းကြောင်းတချို့နှင့် ကုန်းလမ်းကြောင်းများကို ပြန်လည် ဖွင့်ပေးလိုက်သော်လည်း စစ်ဆေးမှုများ ရှိနေသေးကြောင်း၊ ကျောက်တော်မြို့သို့ သွားရောက်သည့် လမ်းကြောင်း မှာ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိသာ ဖွင့်ပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်သို့ ကုန်စည်စီးဆင်းမှုအတွက် ရန်ကုန် - စစ်တွေလမ်းကြောင်း ဖွင့်ရန်လို

By CNI
CNI
Category: Watch TV
Hits: 639

Share
Tweet
Share
Share
powered by social2s
ရန်ကုန်-စစ်တွေ လမ်းကြောင်း လမ်းညွန်ဆိုင်းဘုတ်ကိုတွေ့ရစဉ်

ရခိုင်သို့ ကုန်စည်စီးဆင်းမှုအတွက် ရန်ကုန် - စစ်တွေလမ်းကြောင်း ဖွင့်ရန်လို

By CNI
CNI
Category: စီးပွားရေး
Hits: 1672

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးသည့်အတွက် ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှု ပြုလုပ်နိုင်ရန် ရန်ကုန်-စစ်တွေလမ်းကြောင်းအား ဖွင့်ပေးရန် လိုအပ်ကြောင်း မောင်တောမြို့မှ ကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းတွင် AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ပိတ်ဆို့ထားသည့် ရေလမ်းကြောင်းနှင့် ကုန်လမ်းကြောင်း တချို့ကို ပြန်လည် ဖြတ်သန်းခွင့် ပြုလိုက်ကြောင်း သိရသည်။

မောင်တောမြို့မှ ကုန်သည် ဦးသန်းနိုင်က “ရန်ကုန် - စစ်တွေလမ်းကို ဖွင့်ပေးမှ ကုန်စည်စီးဆင်းမှုကို လုပ်လို့ရမှာလေ။ ရခိုင်မှာ အဓိက အရေးကြီးဆုံးက ဒီလမ်းပဲ ရှိတာလေနော့်။ အဲဒီလမ်းကို ဖြတ်ပြီးမှ စစ်တွေရောက်၊ စစ်တွေ ရောက်ပြီးမှ ဘူးသီးတောင်၊ မောင်တောကို သွားလို့ရမှာလေ။ အဲဒီလို မဟုတ်ဘဲနဲ့ ဘူးသီးတောင်၊ မောင်တော ဖွင့်မယ်၊ စစ်တွေကို မဖွင့်ဘူးဆိုရင် ဘာမှတော့ ထူးလာစရာ မရှိပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

 အဝေးပြေး လိုင်းကားတစ်စီးကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးနေစဉ်

မြန်မာ့တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ပြေးဆွဲနေသည့် ကုန်းလမ်းနှင့် ရေလမ်းကြောင်းများကို ပိတ်ထားသည်မှာ ၃ လခန့် ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် တချို့သော လမ်းကြောင်းများကို ပြန်လည် ဖွင့်ပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသော ရေလမ်းကြောင်းများအနက် စစ်တွေ - ရသေ့တောင် - ဘူးသီးတောင် ရေလမ်းကြောင်းကို လက်ရှိတွင် ဖွင့်လှစ်ပေးထားကြောင်း ရွှေပြည်တန် ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

၎င်းက “လောလောဆယ်တော့ ကျနော်တို့ ဒီဘက် ပိတ်ထားတဲ့ လမ်းကြောင်းတွေထဲကဆိုရင် စစ်တွေကနေ ရသေ့တောင် - ဘူးသီးတောင် သွားတဲ့လမ်းကြောင်းကို စဖွင့်ပေးထားတယ်ခင်ဗျ။ နဂိုတုန်းကတော့ စစ်တွေ - ကျောက်ဖြူ - ရမ်းဗြဲ - တောင်ကုတ်ဆိုတဲ့ လမ်းကြောင်း ရှိပါတယ်။ အဲဒါကတော့ မပိတ်ခဲ့ပါဘူး။ ကျန်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ စစ်တွေ - မြောက်ဦးတို့၊ စစ်တွေ - ရသေ့တောင် - ဘူးသီးတောင်ရယ်၊ စစ်တွေ - ပေါက်တော - မင်းပြားရယ် အဲဒါကို ပိတ်ပါတယ်။ အခုကျတော့ အဲဒီပိတ်ထားတဲ့ထဲက စစ်တွေ - ဘူးသီးတောင် - ရသေ့တောင်ကို ဖွင့်ပေးပါတယ်။ ဒီလမ်းကြောင်းကျတော့ မောင်တောဘက်ကို သွားတဲ့လမ်းကြောင်းပေါ့နော်။ မောင်တော ဆိုတာက ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိတာကို။ ကျနော်တို့က ရသေ့တောင် - ဘူးသီးတောင်ကို ဖြတ်ပြီးမှ မောင်တောကို သွားကြတာ။ ဆိုတော့ အရေးကြီးတဲ့ လမ်းကြောင်းပါပဲခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် မင်းပြား ပေါက်တော၊ မြေပုံ၊ မြောက်ဦးဖက်သို့ မည်သည့်နေ့တွင် ပြေးဆွဲခွင့်ရမည်ကို မသိရသေး ကြောင်း ရွှေပြည်တန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း သားငါးများ ရောင်း-ဝယ်နေကြစဉ်

ရခိုင်ပြည်နယ်အတွင်း ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများကို ပိတ်ခြင်း/ ပြန်လည် ဖွင့်လှစ်ခြင်းတို့ကို တရားဝင် ကြေညာခြင်း မရှိသည့်အတွက် ကုန်ကားများ သွားလာရန်အတွက် စုံစမ်း၍ စောင့်ကြည့်နေကြောင်း
မောင်တောမြို့မှကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် လမ်းကြောင်းတွေကတော့ ဖွင့်တယ်လို့ ပြောလို့ မရသေးပါဘူး။ ဖွင့်တယ်လို့တော့ ကြားတယ်ပေါ့နော်။ သို့ပေမယ့်လည်း ဘာမှကို သွားလို့မရသေးပါဘူး။ အဲဒါကြောင့် စောင့်ကြည့်နေဆဲ အခြေအနေပေါ့။ အလုပ်လုပ်ဖို့က ကုန်ကားတွေ ဆင်းဖို့က စုံးစမ်းနေတုန်း။ ဒါပေမယ့် သွားရတယ် မရဘူးဆို တာကလည်း စာတရားဝင်ဆိုတာ မရှိဘူး။ ပိတ်တုန်းကလည်း သူတို့ တရားဝင် ပိတ်ထားတာမှ မဟုတ်တာ။ တားချင်တားတယ်။ သွားချင် သွားလို့ရတဲ့ ပုံစံဆိုတော့ ပြောရခက်တယ်။ အခုကတော့ စောင့်ကြည့်နေဆဲပါပဲ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲကြောင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခဲ့ရပြီး ကုန်စည် များ ပြတ်လပ်မှုဖြင့် ကြုံတွေ့ခဲ့ကြရကြောင်း၊ ထို့နောက် ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာ့ပဲတီစိမ်း အီးယူသို့ တင်ပို့လျက်ရှိ

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s

မလေးဝန်ကြီးချုပ်အသစ်မှ မြန်မာအပါ တရားမဝင်များကို နေထိုင်ခွင့်ပေးရန် မျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s
မလေးရှား ဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ အန်ဝါအီဘရာဟင်နဲ့ မလေးမှ ပြန်ပို့လိုက်သော မြန်မာများကိုတွေ့ရစဉ်

မလေးဝန်ကြီးချုပ်အသစ်မှ မြန်မာအပါ တရားမဝင်များကို နေထိုင်ခွင့်ပေးရန် မျှော်လင့်

By CNI
CNI
Category: စီးပွားရေး
Hits: 2854

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အသစ် လက်ထက်တွင် မြန်မာ အပါအဝင် တရားမဝင်များအား နေထိုင်ခွင့်ပေးရန် မျှော်လင့်ကြောင်း မလေးရှားတွင် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာန သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် နိုဝင်ဘာ ၁၉ ရက်နေ့က အထွေထွေညီလာခံ ကျင်းပခဲ့ပြီးနောက် ဝါရင့်နိုင်ငံရေးသမား အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim(အန်ဝါအီဘရာဟင်)သည် ဝန်ကြီးချုပ်အသစ် ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ်အသစ်သည် မဲဆွယ်စဉ်ကာလတွင် နိုင်ငံခြားသားများနှင့်ပတ်သက်၍ ကတိပေးခဲ့သည့်အတွက် ယခုကဲ့သို့ မျှော်လင့်ရခြင်းဖြစ်ကြောင်း မလေးရှား၌ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “စက်ရုံ အလုပ်ရုံတွေမှာ အခုလက်ရှိ လုပ်ငန်းရှင်တွေ အလုပ်သမား လိုအပ်ချက်တွေ အများကြီးရှိတာပေါ့။ လက်ရှိ အခြေအနေမှာ အလုပ်သမား မလုံ လောက်မှုတွေ ရှိတယ်။ ပြောရမယ်ဆို လုံလောက်ပါတယ်။ ဒါပေမယ့် တရားဝင်နဲ့ ရှိနေတဲ့ အလုပ်သမား တွေချည်းပဲ လုပ်မယ်ဆို မလုံလောက်ဘူး။ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေ ကြတော့လည်း လုပ်ငန်းရှင် တွေက မခေါ်ခိုင်းဘူးလေ။ ဘာလို့ဆို သူတို့ကို ဖမ်းဆီးလို့ရှိရင် ဒီလုပ်ငန်းရှင်တွေကလည်း ဒဏ်ငွေတွေ ဘာတွေ ဆောင်ရတာရှိတော့ သူတို့လည်း မခိုင်းရဲဘူး။ အဲဒီအတွက် ကျနော်မျှော်လင့်တာကတော့ ပထမဦးဆုံး မလေးရှား နိုင်ငံ အတွင်းမှာပဲရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို သူက တစ်ခုခု နေထိုင်ခွင့် ပေးဖို့အတွက် ကျနော်ကတော့ အရမ်းမျှော်လင့်တယ်။ လုပ်လာလိမ့်မယ်လို့လည်း ကျနော်ထင်ပါတယ်။ အဲဒီ အတွက်ဆိုရင်တော့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အများကြီး အဆင်ပြေမယ်ပေါ့။ လုပ်ငန်းခွင်မှာ အရမ်းကောင်းသွားမှာပေါ့။ အခုက တော့ တရားမဝင် နေထိုင်နေတဲ့ ကျနော်တို့ အလုပ်သမားတွေ အများကြီးပါ။ ဒီလိုမျိုး အခွင့်အရေး ပေးလိုက်မယ် ဆိုရင် သူတို့က တက်လာတဲ့အစိုးရသစ် ချမှတ်ထားတဲ့ နည်းလမ်း ဥပဒေအတိုင်း သူတို့လုပ်ကြမယ်ဆိုရင် လုပ်ငန်းခွင်မှာ အများကြီး အဆင်ပြေသွားမှာပေါ့နော်။ သူတို့လည်း ဘာမှ ပူပင် ကြောက်စရာ မလိုဘဲနဲ့ လုပ်ငန်း ကိုင်ငန်း အလုပ်တွေ ကောင်းကောင်းမွန်မွန် လုပ်ရမှာပေါ့နော်” ဟု ပြောသည်။

 မလေးရှား ဝန်ကြီးချုပ်အသစ် အန်ဝါအီဘရာဟင်ကို တွေ့ရစဉ် (AFP)

မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် အစိုးရသစ် တက်လာတိုင်း ရွှေ့ပြောင်း အလုပ်သမားများ အတွက် တစ်ခုမဟုတ် တစ်ခု လုပ်ပေးနေကြဖြစ်သည့်အတွက် ယခုအခါမှာတော့ ပြုပြင်ပြောင်းလဲရေးသမား ဖြစ်သူ တက်လာခြင်းကြောင့် ပို၍ ကောင်းမွန်မည်ဟု မလေးရှား၌ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက် ပေး နေသူများက မျှော်လင့်ကြသည်။

ထို့အပြင် ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍လည်း အကောင်းဆုံး မျှော်လင့်ထားကြောင်း Alliance of Chin Refugees မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခုတက်လာတဲ့ ဝန်ကြီးချုပ်အသစ်က မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အမြင်ကို ပြောပြတာ။ ဒီဝန်ကြီးချုပ်က ထောင်နန်းစံတဲ့ ဘဝကနေမှ အခု ဝန်ကြီးချုပ် ဖြစ်လာတာ။ ဒီဝန်ကြီးချုပ် ဟာဆိုရင် တကယ့်ကို နိုင်ငံအတွက် ဒီမလေးရှားနိုင်ငံအတွက် အကောင်းအမွန်ဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ်လို့တော့ မျှော်လင့်တယ်။ နောက်ပြီးတော့ နိုင်ငံခြားသားတွေဖြစ်တဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အတွက်လည်း တစ်နည်းတစ်ဖုံနဲ့ သူက တော့ ဒေသအတွင်းမှာ နိုင်ငံခြားသားတွေအတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်မယ်လို့တော့ ကျနော် တို့က မျှော်လင့်ပါတယ်။ ဒုက္ခသည် အရေးကတော့ ဒီအစိုးရနဲ့ UNHCR တို့ လုပ်ဆောင်နေတာ နှစ်ပေါင်းကြာနေ ပြီပေါ့။ လွန်ခဲ့တဲ့ အပတ်လေးတင်ကပဲ ဒေသဆိုင်ရာ ဒုက္ခသည် အဖွဲ့အစည်းကပေါ့နော်။ အစိုးရပိုင်းတွေနဲ့ တွေ့ဆုံ ပြီး သွားတယ်။ ဒီမလေးရှား အစိုးရရယ် မလေးရှားမှာရှိတဲ့ UNHCR ရုံးရယ် အကောင်းဆုံး ဖြစ်အောင်လို့တော့ သူ တို့ လုပ်ပေးနေတယ်လို့တော့ ကျနော်က ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

 ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

လက်ရှိတွင် ဝန်ကြီးချုပ်အသစ် ရွေးချယ်လိုက်ပြီ ဖြစ်သော်လည်း အစိုးရဖွဲ့စည်းရန်မှာ အဆင်မပြေမှုများ ရှိနေ သေးသည့်အတွက် ကြန့်ကြာနိုင်သေးကြောင်း၊ လုံခြုံရေးများအားလည်း တင်းကြပ်ထားကာ တိုးမြှင့်ချထား ကြောင်း မလေးရှားတွင် မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်း ဌာနသို့ ပြောသည်။

“ဒါကတော့ သူတို့ဘာတွေ ကြားထားလို့လဲတော့ မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ ဝန်ကြီးချုပ် ကတော့ ဘုရင်က ရွေးတယ်ဆိုပေမယ့်လည်း သူနဲ့ယှဉ်မယ့် တစ်ယောက်ကလည်း ရှိနေသေးတော့ ဘာတွေ ဖြစ်လာမလဲဆိုတာ အခုလောလောဆယ် ဝန်ကြီးချုပ်ပဲ ရွေးရပါသေးတယ်။ သူ့အောက်က ဝန်ကြီးတို့၊ ဒုဝန်ကြီးတို့ ဘာညာ သူ့ရဲ့ အစိုးရအဖွဲ့အစည်းကို ရွေးချယ်မှု မရှိသေးဘူးပေါ့လေ။ ဒီနေ့တော့ ဝန်ကြီးချုပ်ရုံးမှာသွားပြီး ရုံး စထိုင်နေပါပြီ။ ဒါပေမယ့်လည်း ဒီ သူ့အစိုးရအဖွဲ့ကို ဘယ်တော့ချပြမလဲ၊ ဘယ်လိုနည်း ဘယ်လိုပုံနဲ့ သူရွေးမလဲဆို တာ ကျနော်တို့ မသိရသေးတဲ့အတွက် ဒီလိုမျိုး သူရွေးတင်လိုက်တဲ့ အချိန်မှာ နားလည်မှု ကွဲလွဲတာမျိုး၊ အထင်မှား တာမျိုး၊ စိတ်သဘောမတူညီဘဲ အဲဒီလိုမျိုး တစ်ခု မထင်မှတ်တဲ့ အရာတွေ ဖြစ်လာနိုင်မလားဆိုတာ ကျနော်တို့ ကြိုပြောလို့ မရပါဘူး။ အတိုက်အခံ တစ်ယောက်ကလည်း သူ့ကို အားပေးထောက်ခံတဲ့ လူထုကနည်းတာ မဟုတ် ဘူးလေ။ အဲဒါကြောင့်မို့လို့ ရွှေ့ပြောင်းလုပ်သား ဘာအထောက်အထားမှ မရှိတဲ့လူတွေကို မသွားဖို့ မလာဖို့ တတ် နိုင်တဲ့ ဘက်ကနေ မှာထားပါတယ်” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်သည် ရွေးကောက်ပွဲ မကျင်းပမီ ပြည်သူလူထုအား မဲဆွယ်စည်းရုံးစဉ်က ကတိကဝတ် ပြုလုပ်ခဲ့သည့်အထဲတွင် နိုင်ငံခြားသားများနှင့်ပတ်သက်၍ အချက်နှစ်ချက်သာ ပါရှိကြောင်း သိရသည်။

ထိုအချက်တို့မှာ အရှေ့မလေးရှားရှိ စာဘားပြည်နယ်မှ နိုင်ငံခြားသားများအရေး ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံ ခြားသား အလုပ်သမား ခေါ်ယူရန် ပိုမိုမြန်ဆန်ပြီး နည်းစနစ် ပိုမိုကောင်းမွန် လာစေရန် ဆောင်ရွက်သွားမည်တို့ ဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်ပခရီးသွားများကို ငွေကြေးပိုကောက်ခံနေသရွေ့ ခရီးသွားကဏ္ဍမတိုးတက်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 653

Share
Tweet
Share
Share
powered by social2s

ဘိန်းအစားထိုး ပြောင်းဆံများကို တရုတ်သို့ တခြားနည်းလမ်းများဖြင့် တင်ပို့ခွင့်ရသေး

By CNI
CNI
Category: Watch TV
Hits: 649

Share
Tweet
Share
Share
powered by social2s

တမူးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေ

By CNI
CNI
Category: Watch TV
Hits: 633

Share
Tweet
Share
Share
powered by social2s
တမူးမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် ရရှိသည့် စက်သုံးဆီအမျိုးအစားများကို ပြသထားစဉ်(ပုံဟောင်း)

တမူးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1385

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ရောင်းချပေးသည့် ဆီဆိုင်တွင် တန်းစီ ဝယ်ယူနေရသည်ဟု တမူးမြို့ဒေသခံများထံမှ သိရသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တမူးမြို့သို့ စက်သုံးဆီများ ရောက်ရှိနိုင်ခြင်း မရှိဘဲ ပြတ်လပ်နေသည် မှာ ၁၀ ရက်ဝန်းကျင်ရှိပြီဖြစ်ကြောင်း တမူးဒေသခံ ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

“ဆီက လောလောဆယ် ဝယ်လို့ ခက်တယ် ဝယ်လို့မရဘူးပေါ့နော်။ ပြတ်နေတယ် ရောင်းချပေးတဲ့ ဆိုင်တစ်ဆိုင် ရှိတယ် အဲဒီဆိုင်မှာ တန်းစီပြီး တိုးရတာပေါ့။ အဲလိုအနေအထားပေါ့။ ဆိုင်တွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့ဆိုင်ပဲ ဆီကားက လောလောဆယ် သူတို့ဆီမှာပဲ ရှိသွားတဲ့သဘောပေါ့နော် ဆီရောက်သွားတဲ့သဘောပေါ့။ ကျန်တဲ့နေရာတွေမှာ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဖြစ်နေတာပေါ့။ ၁ ပတ်၊ ၁၀ ရက် ကျော်လောက် ရှိပြီပေါ့၊ တမူးမှာ လောလောဆယ် ဆီဝယ်လို့မရတာ” ဟု ၎င်းကပြောသည်။

တမူးမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီဝယ်ယူနေကြစဉ်(ပုံဟောင်း)

စက်သုံးဆီ ပြတ်လပ်နေခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိနေပြီး ယခင်က အောက်တိန်း ၉၂ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိတွင် ၂၀၀၀၀ ကျော်ဖြစ်ပေါ်နေသည်ဟု တမူးဒေသခံ ကိုခန့်သူက CNI သို့ ပြောသည်။

“အရင်တုန်းကတော့ ကျနော်တို့ စက်သုံးဆီ ဝယ်ရတာက ၁ ဂါလံဆိုလို့ရှိရင် ၄၅၀၀ ပဲရှိတယ်ပေါ့နော်။ အခုဆိုရင် ၁ ဂါလံကို ၂၂၅၀၀ ဖြစ်သွားပြီ၊ ၉၂ တစ်ဂါလံဆိုလို့ရှိရင် အဲလို ဖြစ်သွားပြီပေါ့နော်။ နောက်တစ်ခုက ၉၅ ဆိုရင်တော့ အရင်တုန်းက ဝယ်ရတာက ၅၀၀၀ လောက် ဝယ်ရတာပေါ့နော်။ အခုဆိုရင် ၂၇၀၀၀ လောက် ဖြစ်သွားပြီ၊ ဈေးနှုန်းက” ဟု ၎င်းက ပြောသည်။

တမူးမြို့သည် အိန္ဒိယ - မြန်မာ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယအစိုးရက လက်ရှိတွင် ပိတ်ထားကြောင်း သိရသည်။

စက်သုံးဆီပြတ်လပ်နေခြင်းကြောင့် ဒေသခံများသည် သွားရေးလာရေးတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ဒါ့အပြင် ကုန်ဈေးနှုန်းများမြင့်တက်နေပြီး ကုန်ပစ္စည်းများလည်းပြတ်လပ်နေသည့် အခြေအနေဖြစ်ပေါ်နေကြောင်း ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

တမူးမြို့အဝင်ဆိုင်းဘုတ်

“ကုန်ဈေးနှုန်းတွေကလည်း တက်တာတော့ တက်တယ်။ ဈေးနှုန်းတွေကလည်း ကြက်ဥတို့ ဘာတို့ဆိုလို့ရှိရင် ဝယ်လို့မရတာတို့၊ ဘာတို့ပေါ့။ ဈေးပဲရှိတယ် ပစ္စည်းပြတ်သွားတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့နော်။ တချို့ပစ္စည်းတွေက ကျနော်တို့ဒေသမှာ မရှိတဲ့ပစ္စည်းတွေ၊ တခြား အနယ်နယ်အရပ်ရပ်ကနေ တမူးကို လာရတဲ့ ပစ္စည်းတွေကျတော့ ခက်ခဲသွားတာပေါ့။ ကိုယ့်ဒေသကထွက်တဲ့ပစ္စည်းတွေ ပြဿနာမတက်ပေမယ့် ကျန်တဲ့နယ်ကနေ သွင်းရတဲ့ ပစ္စည်းတွေကျတော့ အခက်အခဲ ဖြစ်နေတာပေါ့ အဲလိုမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေး - တမူးလမ်းမကြီးကို ဒေသတွင်း စစ်ရေးတင်းမာမှုအခြေအနေများကြောင့် နိုဝင်ဘာ ၁၂ ရက်မှစတင်ပြီး အသုံးမပြုကြရန် ဒေသခံကာကွယ်ရေးတပ်များက သတိပေးထုတ်ပြန်ထားပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် နောက်ထပ် ရက်သတ္တပတ် ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19

Page 15 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar