CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အမည်မဲစာရင်းကြောင့် ရွှေ့ပြောင်းလုပ်သားများ ခေါင်းပုံဖြတ်ခံရမှု ပိုဆိုးလာနိုင်

By CNI
CNI
Category: Watch TV
Hits: 647

Share
Tweet
Share
Share
powered by social2s

လှည်းကူးက ဒါးပိန်ပန်းပုရွာကို ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်သင့်

By CNI
CNI
Category: Watch TV
Hits: 666

Share
Tweet
Share
Share
powered by social2s

ကန်ပိုက်တီတွင် ငှက်ပျောများကို ကွန်တိန်နာဖြင့် ပို့ဆောင်ရန် လုပ်ဆောင်နေ

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s
ဒါးပိန်ပန်းပုရွာရှိ ပန်းပုလုပ်ငန်းများ

လှည်းကူးက ဒါးပိန်ပန်းပုရွာကို ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 2332

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ပန်းပုလုပ်ငန်း အများဆုံးလုပ်ကိုင်ကြသည့် ဒါးပိန်ပန်းပုကျေးရွာအား နိုင်ငံတော်အနေဖြင့် ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်သင့်ရုံသာမက လိုအပ်သည့် အကူအညီများလည်း ပေးသင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဒါးပိန်ပန်းပုကျေးရွာကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လေ့လာနိုင်ရန် ရည်ရွယ်၍ ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်ရန် စီစဉ်နေပြီး ထိုဒေသသည် ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

“နိုင်ငံခြားသားတွေအတွက် တခြားနိုင်ငံတွေနဲ့ယှဉ်ရင်တော့ မြန်မာနိုင်ငံက ပန်းပုဟာ ဈေးလည်း သက်သာတယ် လက်ရာလည်း မြောက်တယ်ပေါ့လေ။ အဲဒါကြောင့် တော်တော်များများ ဝယ်ယူ စုဆောင်းကြတာများပါတယ်။ တကယ်တမ်းတော့ ဒီဟာကို ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည် ဖော်မယ်ဆိုရင်တော့ လာမယ့် ခရီးသည် တွေအတွက်ရော ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက်ပါ တော်တော် အဖိုးတန်တဲ့နေရာတစ်ခု ဖြစ်တယ်။ နိုင်ငံခြားသားတွေက မြန်မာတွေရဲ့ ပန်းပုပညာကိုလည်း သူတို့စိတ်ဝင်စားတယ်။ ဘယ်လိုမျိုး ထုလုပ်တယ် ဆိုတဲ့ဟာ။ နောက်တစ်ခါ ဒီလိုမျိုး ပန်းပုတွေကို စိတ်ဝင်စားတယ် ဆိုပေမယ့် ဆိုင်မှာ ပြခန်းမှာတင်ပြီး ရောင်းတဲ့ ဟာမျိုးထက် သူတို့ကိုယ်တိုင် မျက်စိထဲမှာမြင်ပြီး ဒီဟာတွေကို ဒီလို ထုလုပ်တာပါလား ဆိုတာကို ကြည့်ချင် တာပေါ့။ ဒီလိုမျိုး ကြည့်ရဖို့ဆိုတာ အင်မတန်မှခဲယဉ်းပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင်လည်းလေ။ အဲဒါကြောင့် မို့လို့ ဒီမှာတော့ ထုလုပ်တာကြည့်နိုင်တဲ့အတွက် ဒီအခွင့်အလမ်းကောင်းတွေ ရှိတဲ့အတွက် Tourist attraction အနေနဲ့ အင်မတန်မှ ကောင်းမွန်တဲ့ နေရာဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးရော သွားရောက်လေ့လာတဲ့အခါမှာ လေ့လာကြည့်ရှုဖို့အတွက် နေရာထိုင်ခင်းတွေ အစားအသောက်တွေ စီစဉ်ပေးနိုင်တဲ့ဟာအထိ အဲဒီလိုမျိုးတွေ လုပ်ပေးနိုင်ရင်တော့ ဒီရွာမှာပဲ day return trip တွေ သွားလို့ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒါးပိန်ပန်းပုရွာတွင် ဘုရားဆင်းတုတော် ထုလုပ်နေစဉ်

ဒါးပိန်ပန်းပုကျေးရွာနှင့်ပတ်သက်၍ ခရီးသွားများ သိရှိကြမှုနည်းပါးကာ ယခင်က ထိုကျေးရွာသို့ လာရောက် လည်ပတ်သည့် ခရီးသွားမှာ အင်မတန်နည်းပါးကြောင်းနှင့် လာရောက်လည်ပတ်သူများမှာလည်း ခရီးသွား ဂိုက်များ၏ လမ်းညွှန်မှုကြောင့် ရောက်ရှိကြသူများသာ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒါးပိန်ပန်းပုကျေးရွာအား ခရီးသွားများ ပိုမိုသိရှိစေရန် ခရီးသွားနေရာသစ်အဖြစ် စနစ်တကျလုပ်ကိုင် မည်ဆိုပါက ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိကြောင်း ၎င်းက ပြောသည်။

သို့သော် လက်ရှိတွင် အဆိုပါကျေးရွာ၌ ပန်းပုလုပ်ငန်းလုပ်ကိုင်သူအများစုသည် နယ်များသို့ပြောင်းရွှေ့ကာ ပန်းပုလုပ်ငန်းကိုလုပ်ကိုင်နေကြပြီး အချို့သာ ကျေးရွာတွင် ကျန်ရှိကြကြောင်း လက်ရှိတွင် နေပြည်တော်သို့ ပြောင်းကာ ပန်းပုလုပ်ငန်းလုပ်ကိုင်နေသည့် ဒါးပိန်ပန်းပုကျေးရွာမှ မဥမ္မာလွင်က CNI သတင်းဌာနသို့ပြောသည်။

လှည်းကူးမြို့အဝင်အဆိုင်းဘုတ်

“အရင်တုန်းကတော့ ကိုယ့်ဆီမှာကိုယ် လုပ်လို့ရတယ်လေ။ အခုကျတော့ သစ်က တအားရှားလာတော့ နယ်ထွက်ပြီးလုပ်နေရတာ။ အဲဒီလိုမျိုး ကိုယ်တွေလိုမျိုး နယ်ထွက်ပြီး လုပ်နေရတဲ့လူတွေ အများကြီးပဲလေ။ ကိုယ့်ဆီမှာ သစ်တအားရှားတဲ့အခါကျတော့ နယ်တွေထွက်ပြီးလုပ်ကြတော့လေ ရွာမှာသိပ်ပြီး မရှိကြတော့ သလောက်ဖြစ်သွားတယ်။ နည်းနည်း ရှားသွားတာပေါ့။ သစ်ရှိတဲ့နေရာကို လိုက်လုပ်နေရတာပေါ့။ အရင်တုန်း ကဆိုရင်တော့ ဝယ်လို့ပြုလို့လွယ်တယ်လေ။ အခုက အဲဒီလိုလည်းမလွယ်ဘူးလေ။ မလွယ်တော့ အကုန်လုံးက ပန်းပုလုပ်ငန်း ၇၅ ရာခိုင်နှုန်းက နယ်ထွက်လုပ်နေရတယ်။ ကိုယ့်ရွာမှာလုပ်ကိုင်စားလို့ သစ်ဝယ်တို့ ဘာတို့ အဆင်ပြေတယ်ဆိုရင်တော့ ကိုယ့်ရွာပဲ ပြန်လုပ်စားမှာလေ။ လောလောဆယ် ကိုယ့်ရွာမှာ သစ်ကို ဝယ်မရတဲ့ အနေအထားဖြစ်နေတဲ့အတွက် နယ်ထွက်ပြီး လုပ်နေကြရတာ။ ကိုယ်တွေကတော့ပေါ့ ဈေးကွက်လေးပွင့် လာတယ်ဆိုရင် ကိုယ့်ရွာမှာကိုယ် အထိုင်တကျ ပန်းပုသမားအားလုံးက ကိုယ့်ရွာနဲ့ကိုယ် ဈေးကွက်ပွင့်သွား တယ်ဆိုရင် နယ်မထွက်ရတော့ရင် ပိုပြီးတော့ သဘောကျတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒါးပိန် ပန်းပုကျေးရွာအား ခရီးသွားနေရာသစ်အဖြစ် သတ်မှတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ထံ တင်ပြထားကြောင်း သိရသည်။

ဒါးပိန်ကျေးရွာတွင် အခြားလုပ်ငန်းများအား လုပ်ကိုင်ကြသော်လည်း အများစုသည် ပန်းပုပညာရှင်များနှင့် ပန်းပု လုပ်ငန်းကိုသာ လုပ်ကိုင်ကြခြင်းဖြစ်သည့်အတွက် ဒါးပိန်ပန်းပုကျေးရွာဟူ၍ လူအများက ခေါ်ဆိုကြခြင်း ဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာခရီးသွားလုပ်ငန်း ၂၀၂၃ ခုနှစ်မှသာ ပြည်ပခရီးသွားများကို မျှော်မှန်းနိုင်

By CNI
CNI
Category: Watch TV
Hits: 646

Share
Tweet
Share
Share
powered by social2s

အမည်မဲစာရင်းကနေ မြန်မာနိုင်ငံ ဘယ်လိုကျော်ဖြတ်မလဲ

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s
မြန်မာ၊ မူးယစ်ဆေး၊ ငွေကြေး၊ FATF ကိုတွေ့ရစဉ်

မြန်မာနိုင်ငံကို အမည်မဲစာရင်းသွင်းခြင်းနှင့် FATF ဆိုတာ ဘာလဲ

By CNI
CNI
Category: စီးပွားရေး
Hits: 1830

CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂

ပြင်သစ်ဘာသာဖြင့် Groupe d'action financière (GAFI) ဟုခေါ်သည့် ငွေကြေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ (ငွေကြေး ခဝါချမှုဆိုင်ရာ-FATF) အဖွဲ့သည် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ၏ အစပျိုးမျိုးမှုဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး မူဝါဒများ ချမှတ်ရန် ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အစိုးရအချင်းချင်းကြား လှုပ်ရှား ဆောင်ရွက် သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဌာနချုပ်မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် အခြေစိုက်သည်။

၂၀၀၁ ခုနှစ်တွင် အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့ခြင်းများအား တားဆီးရန်အတွက် ၎င်းအဖွဲ့၏ စီရင် လုပ်ပိုင်ခွင့် (mandate)အား တိုးချဲ့ခဲ့သည်။

FATF အစည်းအဝေး တစ်ခုကျင်းပနေသည်ကိုတွေ့ရစဉ်

FATF ၏ ရည်ရွယ်ချက်များမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက် ငွေကြေး ထောက်ပံ့မှုနှင့် နိုင်ငံတကာ ဘဏ္ဍာရေး စနစ်၏ ခိုင်မာမှုအတွက် အခြားသော ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်အတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်း လည်ပတ်ခြင်း ဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်ရေး စံနှုန်းများ ချမှတ်ရန်နှင့် မြှင့်တင်ရန် ဖြစ်သည်။

FATF သည် သက်ဆိုင်ရာ နယ်ပယ်များတွင် အမျိုးသားဥပဒေပြုရေးနှင့် စည်းမျဉ်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ဆောင်ကြဉ်းရန်အတွက် လိုအပ်သော နိုင်ငံရေး ရည်မှန်းချက်များကို ဖန်တီးရန် လုပ်ဆောင်သည့် "မူဝါဒ ချမှတ် ရေး အဖွဲ့" ဖြစ်သည်။

FATF သည် အဖွဲ့ဝင် နိုင်ငံအချင်းချင်း သုံးသပ်ချက်များ (အပြန်အလှန် အကဲဖြတ်ချက်များ) မှတစ်ဆင့် ၎င်း၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုကို စောင့်ကြည့်သည်။

၂၀၀၀ ပြည့်နှစ်မှစ၍ FATF သည် ၎င်း၏ သတ်မှတ် အမည်မဲ(Black List)စာရင်း (တရားဝင် "အရေးယူရန် တောင်းဆိုမှု" ဟုလည်း သုံးနှုန်းသည်) နှင့် FATF ၏ Grey List ("အခြားစောင့်ကြည့် စီရင်ပိုင်ခွင့်များ" ဟု သုံးနှုန်းသည်) ကို ဆက်လက် ထိန်းသိမ်းထားသည်။

မြန်မာနိုင်ငံ အလံကို လွှမ်းခြုံထားသူကို တွေ့ရစဉ် 

FATF ၏ အမည်မဲ စာရင်းအရ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို အရေးယူသည့် သဘောဖြင့် လက်လှမ်း ဝေးစေရန် နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများကို ဦးဆောင်မှုပေးသည်။

အမည်မဲစာရင်းဝင် နိုင်ငံများရှိ ပြည်တွင်း စီးပွားရေးနှင့် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူများကို ၎င်းတို့၏ အစိုးရများအပေါ် FATF မူဝါဒနှင့်ကိုက်ညီသော စည်းမျဉ်းများ ထုတ်ပြန်ရန် တွန်းအားပေးသည်။

အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ ငွေကြေးခဝါချမှု ပုံစံမျိုးစုံ ရှိနေသည့် ထောက်ပြချက်နှင့် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် မကိုက်ညီသည့် ငွေကြေးခဝါချမှုပုံစံ ကိုင်တွယ်မှု အားနည်းချက်များကို FATF ထောက်ပြ ပြောဆိုနေသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။

အဆိုပါ အားနည်းချက်များကို မကြာသေးမီ နှစ်များအတွင်း ယခင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်ကတည်းက FATF အဖွဲ့ကြီးက မကြာခဏ ထောက်ပြခဲ့သည်။

ထိုထောက်ပြချက်များတွင် ရွှေတြိဂံနယ်မြေ မူးယစ်လုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် ရာဇဝတ်မှုများကို ထိန်းချုပ်နိုင်အောင် FATF က တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံအား စောင့်ကြည့်နိုင်ငံများစာရင်း (Grey List) မှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ စတင်ထည့်သွင်းခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာနိုင်ငံနဲ့ FATF ကိုတွေ့ရစဉ်

အမည်မဲစာရင်းကနေ မြန်မာနိုင်ငံ ဘယ်လိုကျော်ဖြတ်မလဲ

By CNI
CNI
Category: စီးပွားရေး
Hits: 1426

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂

နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း သွင်းခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ ငွေကြေးတိုက်ဖျက်ရေး အဖွဲ့အစည်းများမှ အာရုံစိုက် ကိုင်တွယ် ဖြေရှင်းရန်လိုအပ်ကြောင်း မြန်မာ့စီးပွားရေး လေ့လာ သုံးသပ်သူများက ပြောသည်။

ပြည်သူလူထု ယုံကြည်မှု ကင်းမဲ့နေသည့် ဘဏ်စနစ်ကို ပြန်လည် ပြုပြင်ပြောင်းလဲ ကျင့်သုံးခြင်းဖြင့် တရားမဝင် ငွေကြေး စီးဆင်းမှုများကို တရားဝင်လမ်းကြောင်းပေါ် ရောက်လာစေရန် လုပ်ဆောင်သင့်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မြန်မာ့စီးပွားရေးလေ့လာသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဗဟိုဘဏ် တစ်ခုတည်းကနေတော့ လုပ်လို့မရဘူး။ ဗဟိုဘဏ်က သူက ဦးစီးပြီးတော့ လုပ်ရမှာ။ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတို့၊ တရားမဝင် ငွေကြေးစီးဆင်းမှု တိုက်ဖျက်ရေးတို့ အဖွဲ့တွေ ရှိတယ်။ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အောက်မှာ ရှိတယ်။ တရားမဝင် ကုန်စီးဆင်းမှု ဘာဖျက်ရေး ဘာညာ အဲဒီဟာတော့ ကုန်သွယ်ရေးဝန်ကြီးဌာန အောက်မှာပေါ့၊ စီးပွားကူးသန်းအောက်မှာ ရှိတယ်။ အဲလို အဖွဲ့ တွေနဲ့ အများကြီး ပူးပေါင်းဖွဲ့ပြီးတော့မှ သူ့ criteria တွေတော့ အများကြီးပဲ။ လူကုန်ကူးမှုကနေ ရတဲ့ငွေတို့၊ အဲဒါ တွေပါ အကုန်လုံး ပါတယ်။ ဆိုတော့ ၁ အချက်က ငွေကြေးစီးဆင်းမှုတွေရဲ့ အများစုက တရားဝင် လမ်းကြောင်း ကနေ ပြီးတော့ပဲ သွားရမယ်။ ဘဏ်စနစ်ကနေပြီးတော့ပဲ အပေးအယူတွေ ရှိရမယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအလံကို ကိုင်ထားသူတစ်ဦးကိုတွေ့ရစဉ်

FATF သည် ကာစီနို လောင်းကစားလုပ်ငန်းများနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုများ အပေါ် စိုးရိမ်မှုများကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံကို Black list စာရင်းသွင်းရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု FATF နှင့်နီးစပ်သူ အရာရှိတချို့၏ ပြောကြားချက်အား ကိုးကား၍ Nikkei Asia သတင်းဌာနက ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ တချို့ကတော့ ကုန်သွယ်ရေးလုပ်ငန်းများ တရားမဝင် လုပ်ငန်းများပေါ် ပိုမို၍ ရောက်လာရခြင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက် များ၊ နိုင်ငံခြားငွေ လဲလှယ် အသုံးပြုမှုအပေါ် ထိန်းချုပ်ထားမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်နေကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများကို ဖြေလျှော့ပေးရန် လိုအပ်သည်ဟု အထက်ပါ အမည်မဖော်လိုသော မြန်မာ့စီးပွားရေးလေ့လာသူ တစ်ဦးက ပြောသည်။

၎င်းက “အခုတိုင်းဆိုရင်တော့ သွားနေတဲ့ Trade ကို Trade အများစုကို ကုန်သွယ်မှု အများစုကို တရားဝင် လမ်းကြောင်းပေါ် တင်ပေါ့။ အခု Trade က တရားမဝင် လမ်းကြောင်းပေါ်ကို ပိုပြီးတော့ ရောက်ရောက်သွားတယ်။ ဘာလို့လဲဆိုတော့ အဓိကကတော့ သူတို့က ငွေကြေးခဝါချမှု လုပ်ချင်လို့ မဟုတ်ဘူး။ နိုင်ငံခြားငွေ ဒေါ်လာ ယူတာ သုံးတာကအစ အကုန်လုံး လိုက်ပြီးတော့ control လုပ်တော့ အဲဒီဟာတွေကို ရှောင်ချင်တော့ တရားမဝင် ကုန်သွယ်မှုဘက်ကို ရောက်သွားတာပေါ့။ အဲဒီဟာတွေကို ပြန်ပြီးတော့ လုပ်ရမယ်။ နောက်ပြီးတော့ လောင်း ကစားရုံနဲ့ ကာစီနိုရုံတွေကိုလည်း သေသေချာချာ လိုင်စင်တွေနဲ့ ထိန်းပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

Black list စာရင်း သွင်းခံရခြင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ထိုးနှက်ခံရမှုများ ဖြစ်ပေါ် လာနိုင်သည့်အပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပို့ကုန်သွင်းကုန် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အပေါ် ထိခိုက်မှု ရှိနိုင်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

FATF အစည်းအဝေး တစ်ခုကျင်းပနေသည်ကိုတွေ့ရစဉ်

တခြားတစ်ဖက်မှာတော့ Black list စာရင်းသွင်းလိုက်ခြင်းကြောင့် နစက၏ ကုန်သွယ်ရေးတွင် ဒေါ်လာ အသုံး ပြုမှု လျှော့ချရေး အပါအဝင် ရုရှားနှင့် ဆက်ဆံရေး ကြိုးပမ်းနေမှုများကို ပို၍ ခိုင်မာသွားစေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “နဂိုကတည်းကပေါ့ ဒေါ်လာနဲ့က ရေရှည်မှာ ဒီလို မကြာခဏ အရေးယူခံနေရမယ် ဘာညာဆိုတဲ့ အလားအလာတွေ ရှိနေတော့ ဒေါ်လာငွေကြေး ချိတ်ဆက်မှု ကနေပြီးတော့ ထွက်ခွာပြီးတော့ တခြားနိုင်ငံတွေနဲ့ အတူ တခြားနိုင်ငံတွေဆိုတာ ရုရှားတို့လို နိုင်ငံတွေ၊ တရုတ်တို့လို နိုင်ငံတွေနဲ့ အတူပေါ့နော်၊ ပြင်ဆင်နေတာတော့ လုပ်ထားပြီးပြီပေါ့နော်။ ပြင်ဆင်ပြီးတော့ သူတို့ စပြီး ကြိုးစားနေတဲ့ နိုင်ငံတွေထဲမှာ ပါတာပေါ့နော်။ ဆိုတော့ ဒေါ်လာကို ဗဟိုပြုပြီးတော့ ကုန်သွယ်ရေး၊ ငွေရေးကြေးရေး ဆက်ဆံတဲ့ နယ်ပယ်ကနေပြီးတော့ ရုန်းထွက်ဖို့ ကြိုးစားနေကြတာဆိုတော့ အဲဒီဟာအတွက်က အခု ဒီဟာက ပိုပြီးတော့ ခိုင်မာသွားတာပေါ့နော်။ အဲဒီခြေလှမ်းက အခု အရေးယူခံရတဲ့ black list အသွင်းခံရတဲ့ကိစ္စက ပိုပြီးတော့ နစကအနေနဲ့ ဆိုရင်တော့ ပိုပြီးတော့ ခိုင်မာသွား စေတာပေါ့နော်။ သူတို့ ဒီဟာဆုံးဖြတ်တာ ရုရှားနဲ့ ဆက်ဆံတာ ပိုပြီးတော့ ကြိုးစားတာတွေက မှန်တယ်ဆိုတာကို တော့ သူတို့ကတော့ ပိုယုံကြည်သွားမှာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ယခုကဲ့သို့ အလားတူ အမည်ညို(grey list)စာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဖြတ်သန်းခဲ့ဖူးသည်။

မြန်မာနိုင်ငံကို ထည့်သွင်းလိုက်သည့် အမည်မဲစာရင်း(Black list)တွင် အီရန်နှင့် မြောက်ကိုရီးယားတို့လည်း ရှိနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာ့မတ်ပဲ အိန္ဒိယ ဝယ်လိုအားကြောင့် ဈေးနှုန်း မြင့်တက်လာနိုင်

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s
အိန္ဒိယနဲ့မြန်မာ နယ်စပ် ထွက်ပေါက်၊ မတ်ပဲဈေးကွက်ကိုတွေ့ရစဉ်

မြန်မာ့မတ်ပဲ အိန္ဒိယ ဝယ်လိုအားကြောင့် ဈေးနှုန်း မြင့်တက်လာနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 2176

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁

အိန္ဒိယနိုင်ငံတွင် မတ်ပဲများ အရည်အသွေး ကျဆင်းနေခြင်းနှင့် ပဲလက်ကျန် နည်းနေခြင်းကြောင့် မြန်မာ့မတ်ပဲ ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း ပဲကုန်သည်များက ခန့်မှန်းနေ ကြသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံအတွင်း မတ်ပဲအသစ်များ ထွက်ပေါ်သည့် ကာလဖြစ်သော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် မတ်ပဲ အရည်အသွေးများ ကျဆင်းနေကြောင်း၊ ထို့ကြောင့် အရည်အသွေး ကောင်းမွန်သည့် မြန်မာ့မတ်ပဲ များကို အများအပြား ဝယ်ယူလာနိုင်သည်ဟု ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “သူတို့ဆီက မတ်ပဲတွေ မိုးဖျက်ထားတဲ့ အခါကျတော့ အရည်အသွေးက မကောင်းဘူးဗျ။ ဈေးကွက်ထဲကို ဝင်တယ်ဆိုပေမယ့် ပဲခွဲစက်တွေက သူတို့မတ်ပဲကို သိပ်မကြိုက်ဘူး။ သူတို့ဆီကထွက်တဲ့ မတ်ပဲကို သိပ်မကြိုက် ဘူး။ အရည်အသွေး ကောင်းတာကိုပဲ သူတို့ လိုချင်တယ်ပေါ့နော်။ ကုန်လက်ကျန်ကလည်း သူတို့ဆီမှာ တဖြည်း ဖြည်း နည်းလာပြီဆိုတော့ မြန်မာမတ်ပဲဘက်ကို လှည့်ရမယ့်သဘောပေါ့ အဲလိုဖြစ်နေတယ်။ ပြီးခဲ့တဲ့ လတွေထက် ဝယ်လာနိုင်တယ်လို့ မျှော်လင့်ရတယ်” ဟု ပြောသည်။

ထို့နောက် အိန္ဒိယနိုင်ငံ ပဲဈေးကွက်တွင် ပဲဈေးနှုန်းများ ယခုရက်ပိုင်း အနည်းငယ် ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

 နယူးဒေလီမြို့တွင်း တစ်နေရာကိုတွေ့ရစဉ်

အိန္ဒိယနိုင်ငံ၏ မတ်ပဲ ဝယ်လိုအား တက်လာနိုင်သည့် အခြေအနေကြောင့် မြန်မာ့မတ်ပဲ စျေးနှုန်းများ ဈေးတက်လာနိုင်ခြေ ရှိသည်ဟု ပဲစျေးကွက်လေ့လာသူ ဦးသန့်ဇင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်း“သူတို့ဆီမှာလည်း လက်ရှိမှာ တစ်နိုင်ငံလုံး အနေအထားနဲ့ ပဲဈေး နည်းနည်း တက်လာတယ်။ တစ်ကွမ်တယ်( အိန္ဒိယကသုံးစွဲသော အလေးချိန်ကိုရည်ညွန်း)ကို ၁၀၀ ကီလိုဂရမ်ပေါ့နော်။ တစ်ကွမ်တယ်ကို ရူပီး ၅၀ နဲ့ ၁၀၀ ကြား တက်လာတယ်။ ချန်နိုင်း (အိန္ဒိယ) ဈေးကွက်မှာလည်း ပြီးခဲ့တဲ့ တစ်ပတ်က သူတို့ ဈေးထပ်တက်လာဖို့ မှန်း တယ်။ ဘာလို့လဲဆိုတော့ ကုန် လက်ကျန် နည်းလာတယ်။ သူတို့မတ်ပဲက သူတို့ဆီက ထွက်တဲ့ မတ်ပဲက ဈေးကွက်ထဲဝင်တဲ့ မတ်ပဲက အရည် အသွေး မကောင်းဘူး။ ပဲခွဲစက်တွေကလည်း အရည်အသွေးကောင်းတဲ့ မတ်ပဲကိုပဲ လိုချင်တယ်။ အဲလိုဖြစ်နေတဲ့ အခါကျတော့ မတ်ပဲဈေး ထိပ်စ(ပဲ-အမျိုးအမည်) မြန်မာအခေါ်နဲ့ဆို ထိပ်စမတ်ပဲကလည်း ဈေးတက်လာနိုင်တဲ့ အနေအထားမျိုး ရှိတယ်” ဟု ပြောသည်။

လက်ရှိ မတ်ပဲ ဈေးနှုန်းများသည် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်ခန့်ရှိနေကြောင်း သိရသည်။

မြန်မာ့မတ်ပဲကိုတွေ့ရစဉ်

ထို့နောက် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒ အပါအဝင် မြန်မာနိုင်ငံ၏ ပို့ကုန်မူဝါဒနှင့် ပြည်တွင်းငွေကြေး လဲလှယ်သည့် နှုန်းထားများ ပြောင်းလဲမှု မရှိပါက ပဲဈေးများ ဆက်လက် မြင့်တက်လာနိုင်ကြောင်း၊ မတ်ပဲ တစ်တင်းလျှင် ၆၅၀၀၀ ကျပ်အထိ ရောက်နိုင်ကြောင်း ပဲဈေးကွက်လေ့လာသူများနှင့် ကုန်သည်များက သုံးသပ်နေကြသည်။

မြန်မာ့မတ်ပဲ ဝယ်လိုအား တက်လာနိုင်ခြေ ရှိသော်လည်း ပြည်ပပို့ကုန် ရငွေများအပေါ် ချမှတ်ထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ မူဝါဒ ကန့်သတ်ချက်ကြောင့် ပဲတင်ပို့ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ၆ လကျော်အတွင်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၈ သိန်းကျော် တင်ပို့ထားပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၅၅ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
နုတ်ထွက်သွားတဲ့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ် (AP)

ထရက်စ်နုတ်ထွက်သွားသော်လည်း ဗြိတိန်၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်သေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1111

CNI International News

လန်ဒန်၊ အောက်တိုဘာ ၂၁

စီးပွားရေး မူဝါဒများကြောင့် သမိုင်းတလျှောက် အရှုပ်အထွေးဆုံး အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် ရာထူးမှ နုတ်ထွက်သွားခဲ့ရပြီ ဖြစ်သော်လည်း ဗြိတိန်၏ နိုင်ငံရေး၊ စီးပွား ရေး မတည်ငြိမ်သေးကြောင်း အေပီသတင်းက ရေးသားထားသည်။

သူမသည် ငွေကြေးဈေးကွက် ဂယက်ရိုက်ခတ်မှုနှင့် ၎င်း၏ပါတီအတွင်း ဆန့်ကျင်သူများကို ကြုံတွေ့ခဲ့ရသည်။

ဝန်ကြီးချုပ်ရာထူးကို ၄၅ ရက်သာ ရခဲ့သူ ထရက်စ်သည် နှစ်ပေါင်းများစွာအတွင်း ဖြုတ်ချခံရသော တတိယ မြောက် ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဖြစ်ခဲ့သလို ဗြိတိန်သမိုင်းတွင် သက်တမ်းအတိုဆုံး ခေါင်းဆောင်တစ်ဦး အဖြစ်လည်း စာရင်းဝင်သွားခဲ့သည်။

၎င်း၏ နုတ်ထွက်လွှာသည် ဗြိတိန် မတည်မငြိမ် ဖြစ်နေမှုကို ပိုမိုကြာရှည်စေခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ရာထူး ယှဉ်ပြိုင်မယ့် အောက်လွှတ်တော်ခေါင်းဆောင် ပဲန်နီမောဒန့် (GETTY IMAGES)

ဗြိတိန်သည် ဥရောပသမဂ္ဂ (EU) ကို ကျောခိုင်း ထွက်ခွာပြီးကတည်းက လူနေမှုစရိတ် အကျပ်အတည်းနှင့် စတင် ရင်ဆိုင်လာခဲ့ရပြီး စီးပွားရေး ကျဆင်းမှုနှင့်အတူ လစ်ဇ်ထရက်စ်၏ ဦးဆောင်မှု အခန်းကဏ္ဍမှာလည်း ယုတ်လျော့ သွားခဲ့သည်။

“ကွန်ဆာဗေးတစ်ပါတီက ရွေးကောက်တင်မြှောက်ပြီး အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျမ မဆောင်ရွက်နိုင် တော့ဘူး” ဟု အသက် ၄၇ နှစ်ရှိ ထရက်စ်က အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ရုံးခန်းအပြင်ဘက်တွင် ပြောကြား ခဲ့သည်။

ယခုအခါ ငွေကြေး ဈေးကွက်များအပေါ် သက်ပြင်းချနိုင်သော်လည်း သဘောထား ကွဲလွဲနေသည့် အာဏာရပါတီ အတွင်း နောက်ထပ် ခေါင်းဆောင်တစ်ဦးကို အလျင်အမြန် ရှာဖွေရမည်ဖြစ်သည်။

အာဏာရ ကွန်ဆာဗေးတစ်ပါတီသည် လာမည့် သီတင်းပတ် အကုန်ပိုင်း၌ ကမ္ဘာ့စီးပွားရေး အကြီးဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်အတွက် ခေါင်းဆောင်သစ်တစ်ဦး အစားထိုး ရွေးချယ်ပြီးချိန်အထိ လက်ရှိ ဝန်ကြီးချုပ် ရာထူးကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထရက်စ်က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံသားများကိုတွေ့ရစဉ် (GETTY IMAGES)

ပါတီခေါင်းဆောင်သစ်အတွက် ဖြစ်နိုင်ခြေရှိသော ပြိုင်ဘက်များ စာရင်းတွင် ယခင်ယှဉ်ပြိုင်မှု၌ ထရက်စ်ကို ရှုံးနိမ့်ခဲ့သော ဘဏ္ဍာရေးအကြီးအကဲဟောင်း ရီရှီဆန်းနက်၊ အောက်လွှတ်တော်ခေါင်းဆောင် ပဲန်နီမောဒန့်၊ ကာကွယ်ရေးအတွင်းဝန် ဘန်ဝေါလက်နှင့် ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင့်ဝတ်ရေးရာ အရှုပ်တော်ပုံကြောင့် ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်တို့ တန်းစီပြီး ရှိနေကြသည်။

ထရက်စ်သည် အခွန်ကိစ္စနှင့် မအောင်မြင်ခဲ့သော စီးပွားရေးမူဝါဒများကြောင့် ငွေကြေးဖောင်းပွမှုနှင့် ဖွံ့ဖြိုးမှု အားနည်းခြင်း ဖြစ်ပေါ်စေခဲ့ကြောင်း ဝေဖန်အပြစ် တင်ခံခဲ့ရသည်။

သူမ တာဝန်ယူစဉ်အတွင်း ကပ်ရောဂါဒဏ်ကြောင့် ရုန်းကန်နေရသော စီးပွားရေး လုပ်ငန်းများအတွက် ထိခိုက် စေခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးဈေးကွက် ဘယ်လိုရှိလဲ

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s

ကလောကို အပန်းဖြေခရီးသွားမြို့အဖြစ် ၃ နှစ်စီမံကိန်း ဆောင်ရွက်မည်

By CNI
CNI
Category: Watch TV
Hits: 632

Share
Tweet
Share
Share
powered by social2s
ကလောမြို့ရှိ အပန်းဖြေရာ နေရာတစ်ခု

ကလောကို အပန်းဖြေခရီးသွားမြို့အဖြစ် ၃ နှစ်စီမံကိန်း ဆောင်ရွက်မည်

By CNI
CNI
Category: စီးပွားရေး
Hits: 2046

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလောမြို့အား ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ရည်ရွယ်ကာ အပန်းဖြေ ခရီးသွားမြို့အဖြစ် အဆင့်မြှင့်တင်ရန် ၃ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ CNI သတင်းဌာနသို့ ပြောသည်။

နစက ဥက္ကဋ္ဌက ရှမ်းပြည်တောင်ပိုင်းခရီးစဉ်တွင် ကလောမြို့အား အပန်းဖြေခရီးသွားမြို့ဖြစ်စေရေးအတွက် လမ်းညွှန်ချက်ပေးသွားသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဓိက အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မာစတာပလန်ဦးစွာရေးဆွဲပြီး ခရီးသွားလုပ်ငန်းနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတို့အား အဓိကထား အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။

“အရင်ဆုံးကတော့ မာစတာပလန်ဆွဲလိုက်တာပေါ့။ အဓိက ခရီးစဉ်တစ်ခု ဖွံ့ဖြိုးလာဖို့က မာစတာပလန်က အဓိကကျတော့ ဒီ Tourism မာစတာပလန်ပေါ့ ဆွဲလိုက်တယ်။ ဆွဲပြီးတော့မှ မာစတာပလန်က ၂၀၂၃ ကနေ ၂၀၂၅ အထိ ၃ နှစ်ပေါ့။ အဲဒီမှာ ပထမနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထဲမှာ အကောင်အထည်ဖော်ဖို့က မောမြေဦး ပန်းခြံကို အဆင့်မြှင့်တင်မယ် အဲဒါလေးတွေပါမယ်။ နောက်ပြီး မြို့အဝင်မှာ ရှမ်းမောင်နှမရုပ်ထု ထားဖို့ကိစ္စ၊ နောက် LED ဘုတ်ပေါ့နော်၊ LED ဘုတ်ကြီး ထောင်ပြီး အဲဒီမှာ ကလောမြို့ရဲ့ Attraction တွေကို ဗီဒီယိုရိုက်ပြီး အဲဒီ LED ဘုတ်မှာ ပြမယ်။ နောက်ပြီးတော့ လိုအပ်တဲ့မြို့နဲ့ပတ်သက်တဲ့ street light pole(လမ်းမီးတိုင်) လေးတွေပေါ့ အဲဒါမျိုးလေးတွေထားဖို့ လုပ်နေပါတယ်။ ကလောကကြတော့ local market လည်း ကြိုက်တယ်။ နောက် ရှမ်းပြည်နယ်တောင်ပိုင်းကို ဝင်ပေါက်မြို့လည်း ဖြစ်တယ်။ ရာသီဥတုလေးလည်း ကောင်းတယ်။ Tourism အငွေ့အသက်လေးတွေ အများဆုံးရှိတဲ့ နေရာလေးဆိုတော့ local လည်း ကြိုက်တယ်ပေါ့။ Foreigner market ကတော့ ဟိုးအရင်ကတည်းကရှိပြီးသားဆိုတော့ ပြန်ပြီးတော့ ဝင်လာမယ့် အနေအထားလေးတွေကို မျှော်ရမှာပေါ့” ဟု ဦးစည်သူကျော်က ပြောသည်။

၂၀၂၅ ခုနှစ်အထိ နှစ်အလိုက် ဆောင်ရွက်မည့် ကလောမြို့အား အပန်းဖြေမြို့အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လက်ရှိ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက်သာ မာစတာပလန် ရေးဆွဲရသေးခြင်းဖြစ်ကာ ဘဏ္ဍာငွေ ၁ ဘီလီယံ လျာထားကြောင်းသိရသည်။

ကလောမြို့ရှိ ဟိုတယ်တစ်ခုမြင်ကွင်း

ထို့အပြင် ၂၀၂၃-၂၀၂၄ ခုနှစ်နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှမ်းပြည်နယ် အစိုးရအနေဖြင့် ဒေသခံ၊ အဖွဲ့အစည်းများနှင့်တိုင်ပင်ဆွေးနွေးပြီးမှ မာစတာပလန် ရေးဆွဲလုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကလောမြို့သည့် ယခုလက်ရှိတွင် ခရီးသွားဝင်ရောက်မှုမှာ များပြားလျက်ရှိပြီး ထိုသို့ အပန်းဖြေခရီးသွားမြို့အဖြစ် ဆောင်ရွက်လိုက်သည့်အခါတွင် ခရီးသွားများလည်း ယခုထက် ပိုမိုများပြားလာနိုင်ပြီး ညဈေးတန်းပါ ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း၊ စည်းကမ်းပိုင်းနှင့်ပတ်သက်၍လည်း သေချာစွာဆောင်ရွက်သင့်ကြောင်း ကလောမြို့ရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“တကယ်တော့ ကလောမြို့ကို ဧည့်သည်တော်တော်များများ လာတယ်ဆိုတာက ကျနော်တို့ အတွေ့အကြုံအရ ပြောလို့ရှိရင် ကလောက သဘာဝပတ်ဝန်းကျင် မပျက်စီးသလောက်ရှိနေတာပေါ့ များသောအားဖြင့်။ နောက်ပြီးတော့ ကလောရဲ့ တောင်ပေါ်သဘာဝပေါ့။ သူ့ရဲ့ ဒေသခံသဘာဝ ဂေဟစနစ်တွေ မပျက်သေးတာ ပါတယ်။ ခရီးသွားများလာမယ်ဆို ကျနော်တို့က အဓိကလုပ်ရမယ့်အပိုင်းကတော့ စည်းကမ်းပိုင်းဗျ။ ပထမ နံပါတ်တစ် အရေးကြီးဆုံးက ခရီးသွားတွေကိုလည်း အသိပညာပေးရမှာ အမှိုက်နဲ့ပတ်သက်တဲ့ဟာပေါ့။ ကျနော်တို့ မြို့သန့်ရှင်းရေးကို ပျက်စီးစေတဲ့ဟာမျိုး။ အဲဒါကျတော့ ဌာနဆိုင်ရာဘက်ကနေ ပူးပေါင်းရမယ့်ဟာကတော့ အလွယ်တကူအမှိုက်ပစ်နိုင်တဲ့ အမှိုက်ပုံးလေးတွေ၊ အသိပညာပေးထားတဲ့ဟာမျိုးလေးတွေ၊ စည်းကမ်းထိန်းသိမ်း ရေးပိုင်းလေးတွေ။ နောက် ခရီးသွားများလာလေ ဘာတွေဖြစ်လာလဲဆိုတော့ ယာဉ်အသွားအလာတွေပေါ့။ ကား ပါကင်နေရာတွေ၊ ရပ်ဖို့နေရာတွေ။ ကျနော်တို့ ကလောရဲ့ အထင်ကရ နေရာတွေရှိတယ်။ ဥပမာ-ခရီးသွား အရမ်းများတဲ့နေရာတွေဆို အဲဒီနေရာတွေက လုံးဝပိတ်ဆို့သွားတယ်။ လူများတဲ့နေရာတွေမှာ Information စင်တာဖြစ်ဖြစ်၊ ဈေးသည်တွေလည်း ပိုစနစ်ကျအောင်ပဲဖြစ်ဖြစ် အဲဒီလို စည်းကမ်းပိုင်းလေးတွေ ပိုပြီး လုပ်ပေး နိုင်ရင်တော့ ပိုပြီးတော့ လှလှပပလေးနဲ့ အဆင်ပြေမယ်လို့ ထင်တာပဲ”ဟု ၎င်းက ပြောသည်။

မကြာခင်တွင် တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကလောမြို့ရှိ ဟိုတယ်များ၌ ယခုလက်ရှိကတည်းက ကြိုတင်ဘိုကင်များ ရရှိထားပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ပိတ်ရက်ကာလတွင်လည်း ကလောမြို့ရှိ ဟိုတယ်အားလုံးတွင် အခန်းအားလုံး ပြည့်သည် အထိ ခရီးသွားဧည့်သည်ဝင်ရောက်မှုရှိခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့တွင် ၆၀၀ နီးပါး၊ ၈ ရက်နေ့နှင့် ၉ ရက်နေ့ တွင် ၃၀၀၀ နီးပါးရှိခဲ့ပြီး ၁၀ ရက်နေ့တွင် ၁၅၀၀ ဝန်းကျင်ခန့် ခရီးသွားဝင်ရောက်ခဲ့ကြောင်း ရှမ်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်ကား အစီးရေ ၃၀ ခန့် တင်ပို့နေရ

By CNI
CNI
Category: Watch TV
Hits: 630

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်

စီးပွားရေးကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1820

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉

စီးပွားရေး မောင်းနှင်အား ကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ ၁၈ ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအား ကောင်းရန် လိုအပ်ကြောင်း၊ စီးပွားရေး မောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေး စွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အားကောင်းသည့် နိုင်ငံတစ်ခု ဖြစ်လာမည်”ဟု ပြောသည်။

တပ်မတော် ဆန့်ကျင်ရေး ဒီမိုကရေစီး တောင်းဆိုသူများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

စီးပွား‌ရေး၊ လူမှုရေးများမှာ နိုင်ငံ‌ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ နိုင်ငံရေး မကောင်းပါက စီးပွားရေး၊ လူမှုရေးများလည်း မကောင်းနိုင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ်တော့ စီးပွားရေးဆိုတာလည်းပဲ နိုင်ငံ‌ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ လူမှု‌ရေးဆိုတာလည်းပဲ နိုင်ငံ ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ နိုင်ငံရေးကောင်းမှ ကျန်တာတွေ အားလုံးကောင်းနိုင်မယ်၊ နိုင်ငံရေး မကောင်းဘဲနဲ့ ကျန်တာတွေ ကောင်းမှာ မဟုတ်ဘူး။ အဲဒီတော့ သူပြောတဲ့ စကားကိုပဲ ပြောင်းပြန် အဓိပ္ပာယ် ကောက်လို့ရှိရင် သူက ပြောတယ်၊ စီးပွားရေး မောင်းနှင်အားကောင်းရင် နိုင်ငံရေး အခြေအနေတွေ ဘာညာကောင်းလာမယ်၊ လူမှုရေး ကောင်းလာမယ်လို့ ပြောတယ်၊ အဲဒီတော့ သူပြောတဲ့ စကားထဲမှာကိုပဲ Solution (ဖြေရှင်းချက်) က အတိအကျ ပါပြီးသား ဖြစ်နေတယ်၊ စီးပွားရေးဟာ ကောင်းမှ မကောင်းတာ၊ နိုင်ငံရေးမကောင်းရင် စီးပွားရေး မကောင်းနိုင်ဘူး။ အဲဒါကြောင့် စီးပွားရေး မကောင်းရင် နိုင်ငံ‌ရေးလည်း မကောင်းနိုင်ဘူးပေါ့၊ ဒီသဘော ဖြစ်သွား တာပေါ့။ ဆရာတို့ မြင်တဲ့အရ ပြောရလို့ရှိရင် စီးပွားရေးတို့၊ လူမှုရေးတို့ဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းပဲ၊ အဲဒီ တော့ နိုင်ငံရေးအခြေအနေ မကောင်းဘဲနဲ့ ဘယ်နည်းနဲ့မှ စီးပွားရေးလည်း မကောင်းနိုင်ဘူး။ လူမှုရေးလည်း မကောင်းနိုင်ဘူး။ အဲဒီတော့ ပြောင်းပြန် သုံးသပ်ပါတယ် ဆရာတို့က” ဟု ပြောသည်။

စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စများကို အမိန့်အာဏာဖြင့် လုပ်ဆောင်၍ မရကြောင်း၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ ကောင်းမွန်လိုပါက လက်ရှိ နစက လုပ်ဆောင်နေသည့် ပုံစံများကို ပြောင်းလဲရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ အများ လက်ခံနိုင်သည့် အခြေအနေတစ်ရပ်ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ၎င်းက ပြောသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန် ပစ္စည်းများကို လေ့လာနေစဉ်

တိုင်းရင်းသား ပြည်သူလူထုများ လိုလားသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်ခွင့်များနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်နိုင်ပါက စီးပွားရေး ကိစ္စများလည်း အဆင်ပြေသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ရဲဘော်အေးလွင်က “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မှန်မှန်ကန်ကန် မဖြေရှင်းခဲ့တဲ့ အပေါ်မှာ ဒီစစ်ပွဲတွေ ကြောင့်ပဲ၊ ဒီစစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု အလွဲအမှားတွေကြောင့်ပဲ၊ တိုင်းပြည်က ဆင်းရဲတွင်းတွေ နက်နေ တာ၊ ဒီတော့ ကျနော်တို့ တိုင်းပြည်မှာက နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဖြေရှင်းဖို့လိုတယ်၊ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေ အားလုံးလိုလားနေတဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ခွင့်တွေနဲ့ ဒီမိုကရေစီကိစ္စ တွေကို ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့အညီ အကောင်အထည် ဖော်မယ်ဆိုတဲ့ နိုင်ငံရေး ဖြစ်စဉ်ရှိဖို့တော့ လို တယ်၊ အဲဒါရှိမယ်ဆိုရင်‌တော့ ကျနော်တို့ ဒီစီးပွားရေးကိစ္စတွေက အဆင်ပြေသွားမယ်လို့ ကျနော်တို့ဖက်က အဲဒီလို ယူဆတယ်ဗျ” ဟု ပြောသည်။

နစက-က လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာ လွှဲအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးမော့လာအောင်လည်း နိုင်ငံတော်က အသေးစား၊ အလတ် စားနှင့် အငယ်စား လုပ်ငန်းများတွင် ချေးငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22

Page 18 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar