CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၉

OPEC+ အဖွဲ့က မကြာသေးမီက ကြေညာခဲ့သော ထုတ်လုပ်မှုလျှော့ချရေးကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် အောက်တိုဘာ ၁၉ ရက် (ယနေ့)တွင် အမေရိကန်၏မဟာဗျူဟာအရ ဖယ်ချန်ထားသည့် အရန်ရေနံစည်ပေါင်း ၁၅ သန်းကို ထုတ်ပြန်ကြေညာရန်ရှိသည်ဟု South China Morning သတင်းစာက ရေးသားဖော်ပြသည်။

ထို့ပြင် လာမည့်လ ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီ ၎င်းအစိုးရအဖွဲ့၏ ရပ်နားထားသမျှကို ပြန်လည် စတင် South China Morning က ဆက်လက်ရေးသားသည်။

ဘိုင်ဒန်သည် မဟာဗျူဟာမြောက် အရန်ရေနံစိမ်းများကို ထုတ်သုံးရန် ကြေညာချက်အတွက် အောက်တိုဘာ ၁၉ ရက်တွင် သဘောထားမှတ်ချက်များ ပေးပို့လိမ့်မည်ဟု အမည်မဖော်လိုသူ အမေရိကန်အဆင့်မြင့်အရာရှိများက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် တက္ကဆက်စီးတီးရှိ ရေနံစိမ်းသိုလှောင်ကန်များကို တွေ့ရစဉ်(ဓါတ်ပုံ-The Newyork Times)

ပြီးခဲ့သည့်မတ်လတွင်လည်း ဘိုင်ဒန်၏ခွင့်ပြုချက်ဖြင့် ၆ လတွင်း ရေနံစည် သန်း ၁၈၀ ကို ဖြန့်ဝေပေးခဲ့သည်။ ထို ပမာဏသည် ၁၉၈၄ ခုနှစ်မှ သမ္မတဟောင်းထရမ့်လက်ထက်အထိ ပေါင်းကူးတံတားဟုခေါ်သည့် မဟာဗျူဟာ မြောက်အရန်ရေနံစိမ်းကို ပြည်တွင်းထုတ်လုပ်မှုအနေဖြင့် လျှော့ချခဲ့သည်။

ယခုအခါ အမေရိကန်တွင် အရန်ရေနံစိမ်းစည် သန်း ၄၀၀ ခန့်ရှိသည်။

ဘိုင်ဒန်သည် ယခုနှစ်ဆောင်းရာသီတွင် လောင်စာဆီဈေးနှုန်းများ ကျဆင်းစေရန် ကြိုးပမ်းမှုတွင် ထပ်လောင်း ထုတ်လုပ်ခြင်းများကို တံခါးဖွင့်ပေးမည်ဖြစ်သည်။ သို့သော် အစိုးရတာဝန်ရှိသူများကတော့ ၎င်းတို့ လုပ်ဆောင် ရမည့်အခြေအနေများကို အသေးစိတ်ထုတ်ဖော်ခြင်းမရှိပေ။

ရေနံဈေး တစ်စည်လျှင် ၆၇ ဒေါ်လာမှ ၇၂ ဒေါ်လာအောက် (သို့မဟုတ်) ယင်းထက်ကျဆင်းလာသည့်အချိန်ကျမှ မဟာဗျူဟာမြောက် အရန်သိုလှောင်ခြင်း ပြန်လည်စတင်မည်ဟု ဘိုင်ဒန်က ပြောကြားထားပြီးဖြစ်သည်။

Source: South China Morning Post