CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁၉

ထိုင်းစစ်တပ် အရာရှိတစ်ဦးကို ရန်ပုံငွေ လိမ်လည်မှုဖြင့် စွပ်စွဲပြီးနောက် ထိုင်းစစ်တပ်က ၎င်းနှင့်ပတ်သက်နေသည့် ချေးငွေစနစ်အား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

စစ်တပ်အရာရှိများအတွက် အိမ်များဆောက်ရန် ထိုင်းစစ်တပ်နှင့် စာချုပ်ချုပ်ထားသည့် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးဖြစ်သော မစ္စကွိုင် (Ms Koi) နှင့် မစ္စဘတ် (Ms Bird) တို့ကို စုံစမ်းစစ်ဆေးရန် အဆိုပြုပြီးနောက် တဆက် တည်းတွင် ထိုင်းစစ်တပ်အရာရှိ၏ ချေးငွေစနစ်သတင်း ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့ကို ထိုင်းစစ်တပ် ထိပ်တန်းအရာရှိတစ်ဦးက ခြိမ်းခြောက်မှုရှိခဲ့ကြောင်း ၎င်းတို့က ထွက်ဆိုကြသည်။

ကွိုင်နှင့်ဘတ် နှစ်ဦးစလုံးသည် စွပ်စွဲခြိမ်းခြောက်မှုများကို ထုချေရှင်းလင်းရန်အတွက် အောက်တိုဘာ ၁၈ ရက် တွင် တရားရုံးသို့ သွားရောက်ခဲ့ကြသည်။

ရှေ့နေ ပိုင်ဆန်ရူရန်ဂရစ်ကိုတွေ့ရစဉ် (GETTY IMAGES)

ချေးငွေများ၊ ရန်ပုံငွေများ လိမ်လည်ရယူကြောင်း မိမိသိရှိသွားသဖြင့် အဆိုပါ စစ်တပ်အရာရှိ၏ ခြိမ်းခြောက်ခြင်း ခံခဲ့ရကြောင်း အဆိုပါအမျိုးသမီးများက ထွက်ဆိုကြသည်။

အတိုးနည်းသည်ဟု ယူဆရသော ချေးငွေများကို စစ်တပ်သက်သာချောင်ချိရေး စနစ်အောက်တွင် အိမ်ဆောက်ရန် အတွက် ငွေကြေးလိုအပ်သော စစ်မှုထမ်းများအတွက် ထိုင်းနိုင်ငံ၌ ထုတ်ပေးလေ့ရှိသည်။

အဆိုပါ အမျိုးသမီးများနှင့်အတူ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ပိုင်ဆန်ရူရန်ဂရစ် (Paisarn Ruangrit)က “စစ်တပ် သက်သာချောင်ချိရေးဌာနမှ ရယူသည်ဟု ယူဆရသော ချေးငွေများကို ၅ ရာခိုင်နှုန်း ပေးရမည်ဟု ဆို၍ ယခုအမှုတွင် စွပ်စွဲခံရသော စစ်တပ်အရာရှိက ချေးငွေအချို့ လိမ်လည်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

ချေးငွေရယူသည် စစ်မှုထမ်းများသည် ၅ ရာခိုင်နှုန်း ပေးရမည်ဆိုသဖြင့် အထိတ်တလန့် ဖြစ်သွားခဲ့ကြောင်း ရှေ့နေ မစ္စတာ ပိုင်ဆန်က ဆက်လက် ပြောကြားခဲ့သည်။

မစ္စကွိုင်နှင့် မစ္စဘတ်တို့ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ချေးငွေအတွက် အခကြေးငွေ ကောက်ခံ ခြင်းဖြစ်သည်ဟု မှားယွင်းစွာ ထင်မြင်ခဲ့ကြသည်။

ထိုင်းတရားရေးဝန်ကြီးဌာန အစည်းအဝေးလုပ်နေစဉ် (GETTY IMAGES)

ထို့နောက် ချေးငွေလက်ခံသူများက အဆိုပါ အမျိုးသမီးများကို ဘာကြောင့် ချေးငွေအတွက် အခကြေးငွေ ကောက်ခံရသလဲဟု ရှင်းလင်းပြောကြားရန် တောင်းဆိုခဲ့ကြသည်။

ချေးငွေထဲမှ ဖြတ်တောက် ကောက်ခံခြင်းသည် အကျင့်ပျက် ခြစားမှုတစ်ခုဖြစ်ကြောင်း သတိပြုမိခဲ့သည်ဟု ထို အမျိုးသမီးက အခိုင်အမာ ပြောကြားခဲ့ကြောင်း ၎င်းတို့ရှေ့နေက ရှင်းပြသည်။

စစ်သား အများအပြား၏ ချေးငွေများသည် ထိုင်းစစ်တပ် ထိပ်တန်းအရာရှိ၏ အိတ်ကပ်ထဲသို့ အများဆုံး ဝင်သွား ခဲ့ပြီး တရားမဝင် ဖြတ်တောက် ကောက်ခံခြင်းသာဖြစ်ကြောင်း ရှေ့နေက စွပ်စွဲခဲ့သည်။

ယခုအတောအတွင်း တရားရေးဝန်ကြီး၏ အတွင်းရေးမှူး သနာရစ်ဂျီတားရက်က ၎င်းတို့ဝန်ကြီးဌာန အနေဖြင့် ယခုအမှုကို စုံစမ်းစစ်ဆေးနေသည့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ပြီးပြီဟု ပြောကြား ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၌ လူ ၂၉ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့သော နခွန်ရက်ချာစီ ချေးငွေစနစ် အရေးအခင်းတွင် အကျင့်ပျက် ခြစားမှု ရှိနေနိုင်ကြောင်း သဘောထား မှတ်ချက်ကို ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်ချုပ်ကြီး နီရန်ဒွန်စရိကာချာက အောက်တိုဘာ ၁၈ ရက်မှာ ငြင်းဆိုခဲ့သည်။

Source: Bangkok Post