CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅
စပါးအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့သွားပြီးကတည်းက ဖြည့်ဆည်းနိုင်ခြင်း မရှိသေးတဲ့ တိုက်စစ်မှူး နေရာအတွက် ပေါ်တိုအသင်းတိုက်စစ်မှူး ဆာမူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
စပါးအသင်းဟာ တိုက်စစ်မှူးတွေအဖြစ် ပြီးခဲ့တဲ့နှစ်မှာ ဆိုလန်ကီကို ခေါ်ယူခဲ့သလို ပြီးခဲ့တဲ့နွေရာသီမှာ PSG အသင်း တိုက်စစ်မှူး မူအာနီကို အငှားနဲ့ခေါ်ယူခဲ့ပါတယ်။
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ဟာ ရစ်ချာလီဆန်ကို အဓိကတိုက်စစ်မှူးအဖြစ်အသုံးပြုနေပေမယ့် ဟာရီကိန်းရဲ့နေရာကို အစားထိုးဖို့ သင့်တော်တဲ့သူကို သူရှာတွေ့ခြင်းမရှိသေးတာပါ။
အဲ့ဒါကြောင့် စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ ဖွင့်ချိန်မှာ ဈေးကွက်ထဲကို ဝင်ရောက်လာဖို့ရှိနေပြီး Sky Sports ကသူတို့ဟာ စပိန်ကြယ်ပွင့်ဆာမူကို ခေါ်ယူချင်နေတယ်လို့ဖော်ပြထားပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ဆာမူဟာ ပေါ်တိုအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ မနှစ်ကရာသီမှာပြိုင်ပွဲစုံ ၂၇ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ဒီရာသီမှာတော့ ဆာမူဟာ ၁၅ ပွဲ ကစားထားပြီး ၉ ဂိုးသွင်းယူကာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာပါ။

ဆာမူကို တွေ့ရစဉ်
ဆာမူဟာ ဟာရီကိန်းရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး စပါးအသင်းရဲ့တိုက်စစ်အခက်အခဲတွေကို အဆုံးသတ် ပေးနိုင်တဲ့သူအဖြစ် ဖော်ပြခြင်းလည်း ခံနေရပါတယ်။
ဆာမူဟာ ၂၀၂၄ ခုနှစ်၊နွေရာသီမှာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပြီး ဒဏ်ရာကြောင့် ဆေးစစ်မှု မအောင်မြင်ခဲ့တဲ့အတွက် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဆာမူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် စပါးအသင်းဟာ စပိန်ကြယ်ပွင့်ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လန်ဒန်မြို့ခံပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။
ဆာမူနဲ့ ပေါ်တိုအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ ပါဝင်နေတာပါ။
ပေါ်တိုအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် လာမယ့် ဇန်နဝါရီမှာ ဆာမူကို ရောင်းချဖွယ်ရှိနေပြီးယူရိုသန်း ၈၀ ရရင် ထွက်ခွာခွင့်ပေးနိုင်တယ်လို့ သိရပါတယ်။
Source: goal
