CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကလောကို အပန်းဖြေခရီးသွားမြို့အဖြစ် ၃ နှစ်စီမံကိန်း ဆောင်ရွက်မည်

By CNI
CNI
Category: Watch TV
Hits: 669

Share
Tweet
Share
Share
powered by social2s
ကလောမြို့ရှိ အပန်းဖြေရာ နေရာတစ်ခု

ကလောကို အပန်းဖြေခရီးသွားမြို့အဖြစ် ၃ နှစ်စီမံကိန်း ဆောင်ရွက်မည်

By CNI
CNI
Category: စီးပွားရေး
Hits: 2129

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလောမြို့အား ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ရည်ရွယ်ကာ အပန်းဖြေ ခရီးသွားမြို့အဖြစ် အဆင့်မြှင့်တင်ရန် ၃ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ CNI သတင်းဌာနသို့ ပြောသည်။

နစက ဥက္ကဋ္ဌက ရှမ်းပြည်တောင်ပိုင်းခရီးစဉ်တွင် ကလောမြို့အား အပန်းဖြေခရီးသွားမြို့ဖြစ်စေရေးအတွက် လမ်းညွှန်ချက်ပေးသွားသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဓိက အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မာစတာပလန်ဦးစွာရေးဆွဲပြီး ခရီးသွားလုပ်ငန်းနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတို့အား အဓိကထား အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။

“အရင်ဆုံးကတော့ မာစတာပလန်ဆွဲလိုက်တာပေါ့။ အဓိက ခရီးစဉ်တစ်ခု ဖွံ့ဖြိုးလာဖို့က မာစတာပလန်က အဓိကကျတော့ ဒီ Tourism မာစတာပလန်ပေါ့ ဆွဲလိုက်တယ်။ ဆွဲပြီးတော့မှ မာစတာပလန်က ၂၀၂၃ ကနေ ၂၀၂၅ အထိ ၃ နှစ်ပေါ့။ အဲဒီမှာ ပထမနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထဲမှာ အကောင်အထည်ဖော်ဖို့က မောမြေဦး ပန်းခြံကို အဆင့်မြှင့်တင်မယ် အဲဒါလေးတွေပါမယ်။ နောက်ပြီး မြို့အဝင်မှာ ရှမ်းမောင်နှမရုပ်ထု ထားဖို့ကိစ္စ၊ နောက် LED ဘုတ်ပေါ့နော်၊ LED ဘုတ်ကြီး ထောင်ပြီး အဲဒီမှာ ကလောမြို့ရဲ့ Attraction တွေကို ဗီဒီယိုရိုက်ပြီး အဲဒီ LED ဘုတ်မှာ ပြမယ်။ နောက်ပြီးတော့ လိုအပ်တဲ့မြို့နဲ့ပတ်သက်တဲ့ street light pole(လမ်းမီးတိုင်) လေးတွေပေါ့ အဲဒါမျိုးလေးတွေထားဖို့ လုပ်နေပါတယ်။ ကလောကကြတော့ local market လည်း ကြိုက်တယ်။ နောက် ရှမ်းပြည်နယ်တောင်ပိုင်းကို ဝင်ပေါက်မြို့လည်း ဖြစ်တယ်။ ရာသီဥတုလေးလည်း ကောင်းတယ်။ Tourism အငွေ့အသက်လေးတွေ အများဆုံးရှိတဲ့ နေရာလေးဆိုတော့ local လည်း ကြိုက်တယ်ပေါ့။ Foreigner market ကတော့ ဟိုးအရင်ကတည်းကရှိပြီးသားဆိုတော့ ပြန်ပြီးတော့ ဝင်လာမယ့် အနေအထားလေးတွေကို မျှော်ရမှာပေါ့” ဟု ဦးစည်သူကျော်က ပြောသည်။

၂၀၂၅ ခုနှစ်အထိ နှစ်အလိုက် ဆောင်ရွက်မည့် ကလောမြို့အား အပန်းဖြေမြို့အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လက်ရှိ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက်သာ မာစတာပလန် ရေးဆွဲရသေးခြင်းဖြစ်ကာ ဘဏ္ဍာငွေ ၁ ဘီလီယံ လျာထားကြောင်းသိရသည်။

ကလောမြို့ရှိ ဟိုတယ်တစ်ခုမြင်ကွင်း

ထို့အပြင် ၂၀၂၃-၂၀၂၄ ခုနှစ်နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှမ်းပြည်နယ် အစိုးရအနေဖြင့် ဒေသခံ၊ အဖွဲ့အစည်းများနှင့်တိုင်ပင်ဆွေးနွေးပြီးမှ မာစတာပလန် ရေးဆွဲလုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကလောမြို့သည့် ယခုလက်ရှိတွင် ခရီးသွားဝင်ရောက်မှုမှာ များပြားလျက်ရှိပြီး ထိုသို့ အပန်းဖြေခရီးသွားမြို့အဖြစ် ဆောင်ရွက်လိုက်သည့်အခါတွင် ခရီးသွားများလည်း ယခုထက် ပိုမိုများပြားလာနိုင်ပြီး ညဈေးတန်းပါ ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း၊ စည်းကမ်းပိုင်းနှင့်ပတ်သက်၍လည်း သေချာစွာဆောင်ရွက်သင့်ကြောင်း ကလောမြို့ရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“တကယ်တော့ ကလောမြို့ကို ဧည့်သည်တော်တော်များများ လာတယ်ဆိုတာက ကျနော်တို့ အတွေ့အကြုံအရ ပြောလို့ရှိရင် ကလောက သဘာဝပတ်ဝန်းကျင် မပျက်စီးသလောက်ရှိနေတာပေါ့ များသောအားဖြင့်။ နောက်ပြီးတော့ ကလောရဲ့ တောင်ပေါ်သဘာဝပေါ့။ သူ့ရဲ့ ဒေသခံသဘာဝ ဂေဟစနစ်တွေ မပျက်သေးတာ ပါတယ်။ ခရီးသွားများလာမယ်ဆို ကျနော်တို့က အဓိကလုပ်ရမယ့်အပိုင်းကတော့ စည်းကမ်းပိုင်းဗျ။ ပထမ နံပါတ်တစ် အရေးကြီးဆုံးက ခရီးသွားတွေကိုလည်း အသိပညာပေးရမှာ အမှိုက်နဲ့ပတ်သက်တဲ့ဟာပေါ့။ ကျနော်တို့ မြို့သန့်ရှင်းရေးကို ပျက်စီးစေတဲ့ဟာမျိုး။ အဲဒါကျတော့ ဌာနဆိုင်ရာဘက်ကနေ ပူးပေါင်းရမယ့်ဟာကတော့ အလွယ်တကူအမှိုက်ပစ်နိုင်တဲ့ အမှိုက်ပုံးလေးတွေ၊ အသိပညာပေးထားတဲ့ဟာမျိုးလေးတွေ၊ စည်းကမ်းထိန်းသိမ်း ရေးပိုင်းလေးတွေ။ နောက် ခရီးသွားများလာလေ ဘာတွေဖြစ်လာလဲဆိုတော့ ယာဉ်အသွားအလာတွေပေါ့။ ကား ပါကင်နေရာတွေ၊ ရပ်ဖို့နေရာတွေ။ ကျနော်တို့ ကလောရဲ့ အထင်ကရ နေရာတွေရှိတယ်။ ဥပမာ-ခရီးသွား အရမ်းများတဲ့နေရာတွေဆို အဲဒီနေရာတွေက လုံးဝပိတ်ဆို့သွားတယ်။ လူများတဲ့နေရာတွေမှာ Information စင်တာဖြစ်ဖြစ်၊ ဈေးသည်တွေလည်း ပိုစနစ်ကျအောင်ပဲဖြစ်ဖြစ် အဲဒီလို စည်းကမ်းပိုင်းလေးတွေ ပိုပြီး လုပ်ပေး နိုင်ရင်တော့ ပိုပြီးတော့ လှလှပပလေးနဲ့ အဆင်ပြေမယ်လို့ ထင်တာပဲ”ဟု ၎င်းက ပြောသည်။

မကြာခင်တွင် တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကလောမြို့ရှိ ဟိုတယ်များ၌ ယခုလက်ရှိကတည်းက ကြိုတင်ဘိုကင်များ ရရှိထားပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ပိတ်ရက်ကာလတွင်လည်း ကလောမြို့ရှိ ဟိုတယ်အားလုံးတွင် အခန်းအားလုံး ပြည့်သည် အထိ ခရီးသွားဧည့်သည်ဝင်ရောက်မှုရှိခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့တွင် ၆၀၀ နီးပါး၊ ၈ ရက်နေ့နှင့် ၉ ရက်နေ့ တွင် ၃၀၀၀ နီးပါးရှိခဲ့ပြီး ၁၀ ရက်နေ့တွင် ၁၅၀၀ ဝန်းကျင်ခန့် ခရီးသွားဝင်ရောက်ခဲ့ကြောင်း ရှမ်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်ကား အစီးရေ ၃၀ ခန့် တင်ပို့နေရ

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်

စီးပွားရေးကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1906

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉

စီးပွားရေး မောင်းနှင်အား ကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ ၁၈ ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအား ကောင်းရန် လိုအပ်ကြောင်း၊ စီးပွားရေး မောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေး စွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အားကောင်းသည့် နိုင်ငံတစ်ခု ဖြစ်လာမည်”ဟု ပြောသည်။

တပ်မတော် ဆန့်ကျင်ရေး ဒီမိုကရေစီး တောင်းဆိုသူများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

စီးပွား‌ရေး၊ လူမှုရေးများမှာ နိုင်ငံ‌ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ နိုင်ငံရေး မကောင်းပါက စီးပွားရေး၊ လူမှုရေးများလည်း မကောင်းနိုင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ်တော့ စီးပွားရေးဆိုတာလည်းပဲ နိုင်ငံ‌ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ လူမှု‌ရေးဆိုတာလည်းပဲ နိုင်ငံ ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ နိုင်ငံရေးကောင်းမှ ကျန်တာတွေ အားလုံးကောင်းနိုင်မယ်၊ နိုင်ငံရေး မကောင်းဘဲနဲ့ ကျန်တာတွေ ကောင်းမှာ မဟုတ်ဘူး။ အဲဒီတော့ သူပြောတဲ့ စကားကိုပဲ ပြောင်းပြန် အဓိပ္ပာယ် ကောက်လို့ရှိရင် သူက ပြောတယ်၊ စီးပွားရေး မောင်းနှင်အားကောင်းရင် နိုင်ငံရေး အခြေအနေတွေ ဘာညာကောင်းလာမယ်၊ လူမှုရေး ကောင်းလာမယ်လို့ ပြောတယ်၊ အဲဒီတော့ သူပြောတဲ့ စကားထဲမှာကိုပဲ Solution (ဖြေရှင်းချက်) က အတိအကျ ပါပြီးသား ဖြစ်နေတယ်၊ စီးပွားရေးဟာ ကောင်းမှ မကောင်းတာ၊ နိုင်ငံရေးမကောင်းရင် စီးပွားရေး မကောင်းနိုင်ဘူး။ အဲဒါကြောင့် စီးပွားရေး မကောင်းရင် နိုင်ငံ‌ရေးလည်း မကောင်းနိုင်ဘူးပေါ့၊ ဒီသဘော ဖြစ်သွား တာပေါ့။ ဆရာတို့ မြင်တဲ့အရ ပြောရလို့ရှိရင် စီးပွားရေးတို့၊ လူမှုရေးတို့ဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းပဲ၊ အဲဒီ တော့ နိုင်ငံရေးအခြေအနေ မကောင်းဘဲနဲ့ ဘယ်နည်းနဲ့မှ စီးပွားရေးလည်း မကောင်းနိုင်ဘူး။ လူမှုရေးလည်း မကောင်းနိုင်ဘူး။ အဲဒီတော့ ပြောင်းပြန် သုံးသပ်ပါတယ် ဆရာတို့က” ဟု ပြောသည်။

စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စများကို အမိန့်အာဏာဖြင့် လုပ်ဆောင်၍ မရကြောင်း၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ ကောင်းမွန်လိုပါက လက်ရှိ နစက လုပ်ဆောင်နေသည့် ပုံစံများကို ပြောင်းလဲရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ အများ လက်ခံနိုင်သည့် အခြေအနေတစ်ရပ်ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ၎င်းက ပြောသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန် ပစ္စည်းများကို လေ့လာနေစဉ်

တိုင်းရင်းသား ပြည်သူလူထုများ လိုလားသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်ခွင့်များနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်နိုင်ပါက စီးပွားရေး ကိစ္စများလည်း အဆင်ပြေသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ရဲဘော်အေးလွင်က “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မှန်မှန်ကန်ကန် မဖြေရှင်းခဲ့တဲ့ အပေါ်မှာ ဒီစစ်ပွဲတွေ ကြောင့်ပဲ၊ ဒီစစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု အလွဲအမှားတွေကြောင့်ပဲ၊ တိုင်းပြည်က ဆင်းရဲတွင်းတွေ နက်နေ တာ၊ ဒီတော့ ကျနော်တို့ တိုင်းပြည်မှာက နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဖြေရှင်းဖို့လိုတယ်၊ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေ အားလုံးလိုလားနေတဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ခွင့်တွေနဲ့ ဒီမိုကရေစီကိစ္စ တွေကို ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့အညီ အကောင်အထည် ဖော်မယ်ဆိုတဲ့ နိုင်ငံရေး ဖြစ်စဉ်ရှိဖို့တော့ လို တယ်၊ အဲဒါရှိမယ်ဆိုရင်‌တော့ ကျနော်တို့ ဒီစီးပွားရေးကိစ္စတွေက အဆင်ပြေသွားမယ်လို့ ကျနော်တို့ဖက်က အဲဒီလို ယူဆတယ်ဗျ” ဟု ပြောသည်။

နစက-က လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာ လွှဲအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးမော့လာအောင်လည်း နိုင်ငံတော်က အသေးစား၊ အလတ် စားနှင့် အငယ်စား လုပ်ငန်းများတွင် ချေးငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းစစ်တပ် အရာရှိကြီးများကိုတွေ့ရစဉ် (GETTY IMAGES)

ထိုင်းစစ်တပ် ချေးငွေအမှု စုံစမ်းစစ်ဆေးနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1245

CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁၉

ထိုင်းစစ်တပ် အရာရှိတစ်ဦးကို ရန်ပုံငွေ လိမ်လည်မှုဖြင့် စွပ်စွဲပြီးနောက် ထိုင်းစစ်တပ်က ၎င်းနှင့်ပတ်သက်နေသည့် ချေးငွေစနစ်အား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

စစ်တပ်အရာရှိများအတွက် အိမ်များဆောက်ရန် ထိုင်းစစ်တပ်နှင့် စာချုပ်ချုပ်ထားသည့် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးဖြစ်သော မစ္စကွိုင် (Ms Koi) နှင့် မစ္စဘတ် (Ms Bird) တို့ကို စုံစမ်းစစ်ဆေးရန် အဆိုပြုပြီးနောက် တဆက် တည်းတွင် ထိုင်းစစ်တပ်အရာရှိ၏ ချေးငွေစနစ်သတင်း ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့ကို ထိုင်းစစ်တပ် ထိပ်တန်းအရာရှိတစ်ဦးက ခြိမ်းခြောက်မှုရှိခဲ့ကြောင်း ၎င်းတို့က ထွက်ဆိုကြသည်။

ကွိုင်နှင့်ဘတ် နှစ်ဦးစလုံးသည် စွပ်စွဲခြိမ်းခြောက်မှုများကို ထုချေရှင်းလင်းရန်အတွက် အောက်တိုဘာ ၁၈ ရက် တွင် တရားရုံးသို့ သွားရောက်ခဲ့ကြသည်။

ရှေ့နေ ပိုင်ဆန်ရူရန်ဂရစ်ကိုတွေ့ရစဉ် (GETTY IMAGES)

ချေးငွေများ၊ ရန်ပုံငွေများ လိမ်လည်ရယူကြောင်း မိမိသိရှိသွားသဖြင့် အဆိုပါ စစ်တပ်အရာရှိ၏ ခြိမ်းခြောက်ခြင်း ခံခဲ့ရကြောင်း အဆိုပါအမျိုးသမီးများက ထွက်ဆိုကြသည်။

အတိုးနည်းသည်ဟု ယူဆရသော ချေးငွေများကို စစ်တပ်သက်သာချောင်ချိရေး စနစ်အောက်တွင် အိမ်ဆောက်ရန် အတွက် ငွေကြေးလိုအပ်သော စစ်မှုထမ်းများအတွက် ထိုင်းနိုင်ငံ၌ ထုတ်ပေးလေ့ရှိသည်။

အဆိုပါ အမျိုးသမီးများနှင့်အတူ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ပိုင်ဆန်ရူရန်ဂရစ် (Paisarn Ruangrit)က “စစ်တပ် သက်သာချောင်ချိရေးဌာနမှ ရယူသည်ဟု ယူဆရသော ချေးငွေများကို ၅ ရာခိုင်နှုန်း ပေးရမည်ဟု ဆို၍ ယခုအမှုတွင် စွပ်စွဲခံရသော စစ်တပ်အရာရှိက ချေးငွေအချို့ လိမ်လည်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

ချေးငွေရယူသည် စစ်မှုထမ်းများသည် ၅ ရာခိုင်နှုန်း ပေးရမည်ဆိုသဖြင့် အထိတ်တလန့် ဖြစ်သွားခဲ့ကြောင်း ရှေ့နေ မစ္စတာ ပိုင်ဆန်က ဆက်လက် ပြောကြားခဲ့သည်။

မစ္စကွိုင်နှင့် မစ္စဘတ်တို့ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ချေးငွေအတွက် အခကြေးငွေ ကောက်ခံ ခြင်းဖြစ်သည်ဟု မှားယွင်းစွာ ထင်မြင်ခဲ့ကြသည်။

ထိုင်းတရားရေးဝန်ကြီးဌာန အစည်းအဝေးလုပ်နေစဉ် (GETTY IMAGES)

ထို့နောက် ချေးငွေလက်ခံသူများက အဆိုပါ အမျိုးသမီးများကို ဘာကြောင့် ချေးငွေအတွက် အခကြေးငွေ ကောက်ခံရသလဲဟု ရှင်းလင်းပြောကြားရန် တောင်းဆိုခဲ့ကြသည်။

ချေးငွေထဲမှ ဖြတ်တောက် ကောက်ခံခြင်းသည် အကျင့်ပျက် ခြစားမှုတစ်ခုဖြစ်ကြောင်း သတိပြုမိခဲ့သည်ဟု ထို အမျိုးသမီးက အခိုင်အမာ ပြောကြားခဲ့ကြောင်း ၎င်းတို့ရှေ့နေက ရှင်းပြသည်။

စစ်သား အများအပြား၏ ချေးငွေများသည် ထိုင်းစစ်တပ် ထိပ်တန်းအရာရှိ၏ အိတ်ကပ်ထဲသို့ အများဆုံး ဝင်သွား ခဲ့ပြီး တရားမဝင် ဖြတ်တောက် ကောက်ခံခြင်းသာဖြစ်ကြောင်း ရှေ့နေက စွပ်စွဲခဲ့သည်။

ယခုအတောအတွင်း တရားရေးဝန်ကြီး၏ အတွင်းရေးမှူး သနာရစ်ဂျီတားရက်က ၎င်းတို့ဝန်ကြီးဌာန အနေဖြင့် ယခုအမှုကို စုံစမ်းစစ်ဆေးနေသည့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ပြီးပြီဟု ပြောကြား ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၌ လူ ၂၉ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့သော နခွန်ရက်ချာစီ ချေးငွေစနစ် အရေးအခင်းတွင် အကျင့်ပျက် ခြစားမှု ရှိနေနိုင်ကြောင်း သဘောထား မှတ်ချက်ကို ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်ချုပ်ကြီး နီရန်ဒွန်စရိကာချာက အောက်တိုဘာ ၁၈ ရက်မှာ ငြင်းဆိုခဲ့သည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆန်အိတ်များ တင်ချနေစဉ်(ဓါတ်ပုံ- CNI)

တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်ကား အစီးရေ ၃၀ ခန့် တင်ပို့နေရ

By CNI
CNI
Category: စီးပွားရေး
Hits: 1553

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံသို့ နေ့စဉ် ဆန်နှင့် ဆန်ကွဲ ကုန်တင်ကား အစီးရေ ၂၀ မှ ၃၀ ကြား တင်ပို့နေရကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်ထံမှ သိရသည်။

လက်ရှိတွင် ပွင့်လင်းရာသီရောက်ရှိလာပြီး ဆန်စပါးများ အသစ်ထွက်ပေါ်သည့်ကာလဖြစ်သည့်အတွက် ဆန် တင်ပို့မှုသည် ယခင်ထက် ပိုမိုကောင်းမွန်နေခြင်း ဖြစ်သည်ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“သီတင်းကျွတ်နောက်ပိုင်းမှာပေါ့လေ ဆန်အသစ်တွေက အောက်မြန်မာပြည်မှာ အားလုံးဖြိုင်ဖြိုင်ပေါ်လာပြီ။ နေရာအနှံ့ပေါ်လာပြီ။ ဒီအချိန်မှာ အန်ကယ်တို့ တရုတ်ပြည်ကလည်း အခြေအနေ ပြန်ကောင်းတယ်။ ဒီ့အတွက် ဆန်တို့ ဆန်ကွဲတို့ကတော့ ပြီးခဲ့တဲ့ သီတင်းကျွတ်မတိုင်ခင်ထက် အောက်တိုဘာ ၁၀ ရက် အရင်ထက် နောက်ပိုင်းမှာ ပိုသွားလာတာ တွေ့ရပါတယ်။ ဆန်နဲ့ ဆန်ကွဲက တစ်နေ့ကို အိတ် ၁၀၀၀ လောက်ဆန့်တဲ့ တန် ၅၀ ဆန့် တွဲကား အစီး ၂၀ နဲ့ ၃၀ ကြား ပုံမှန်သွားနေတာကို တွေ့ရှိရပါတယ်။ ဈေးနှုန်းအရဆိုလည်း ဆန်ကွဲတစ်အိတ် ကို မူဆယ်အထိုင်ဈေးပေါ့ ယွမ်ငွေ ၁၂၀ ဝယ်ရတယ်။ ဆန်တစ်အိတ် ၁၄၀ ကနေ ၁၅၀ ကြားကို ရပါတယ်။ ဒါ့ ကြောင့် အခုလို ဆန်အသစ်ပေါ်တဲ့အချိန်ခါမှာ တရုတ်လိုင်းက အခက်အခဲမရှိတဲ့အတွက် အန်ကယ်တို့လို့ တရုတ် ပြည်ကို ပို့နေတဲ့ တရုတ်ကုန်သည်တွေအနေနဲ့ကတော့ ဆန်နဲ့ဆန်ကွဲက တရုတ်ပြည်ကို ပို့ရတာ အကျိုး ရှိတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် သီတင်းကျွတ်မတိုင်ခင်ကာလတွင် တရုတ်နိုင်ငံသို့ တစ်နေ့လျှင် ဆန်နှင့် ဆန်ကွဲ ကားအစီးရေ ၅ စီးမှ ၁၀ စီးသာ ဝင်ရောက်နိုင်ပြီး လက်ရှိတွင် အစီး ၃၀ ခန့် ဝင်ရောက်နိုင်ကြောင်း သိရသည်။

ပြည်တွင်းတွင် ဆန်အသစ်များ ပေါ်ချိန်၌ ဆန်ဈေးနှုန်းများ ကျဆင်းလေ့ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်းခန့် တင်ပို့ရန်ရှိသည့်အတွက် ဆန်ဈေးနှုန်းသည် ကျသင့်သလောက်မကျဘဲ ဈေးတန်းတစ်ခု၌ ရပ်တန့်နေခြင်းဖြစ်ကြောင်း ဦးမင်းသိန်းက ဆက်ပြောသည်။

ဆန်ရောင်းဝယ်ရေး(ဓါတ်ပုံ-CNI)

“ဆန်အသစ်ပေါ်တဲ့အချိန်ဆို ဈေးကျရမှာ။ ဒါပေသိ ဘင်္ဂလားဒေ့ရှ်ကို Export ထွက်နေတဲ့အတွက် ဆန်ဈေးကျ ရမည့်ကိစ္စက မကျဘဲ တန်းနေတယ်လို့ ခေါ်ရမှာပေါ့။ ကျလည်း မကျသေးဘူး ဘာလို့လဲဆိုတော့ ဆန်အသစ် ပေါ်တဲ့အချိန် ဆန်စပါးတွေ ဖြိုင်ဖြိုင်ထွက်လာတယ်။ ဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို တန်ချိန် ၂ သိန်း ပို့ရမယ်။ အိတ်ရေ သိန်း ၄၀ လောက် ပို့ရမယ်။ အဲဒီကိစ္စအတွက် ဆန်နဲ့ ဆန်ကွဲ မကျဘူး။ အခုလို ဆန်နဲ့ ဆန်ကွဲ ဆန်အသစ် ပေါ်တဲ့အချိန်မှာ ဆန်နဲ့ ဆန်ကွဲ ဈေးမကျတဲ့အတွက်၊ ဆန်ဈေးမကျတဲ့အတွက်၊ စပါးဈေး မကျတဲ့အတွက် လယ်သမားတွေ အဖို့တော့ ပေါ်ဦးပေါ်ဖျားမှာ အကျိုးရှိ ခံစားရတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါသိပ်ကောင်းတဲ့ အချိန်ပဲ။ ဆန်ကတော့ ဆန်သား ၉၀ တစ်အိတ်ကို ၄၅၀၀၀ လောက်တော့ ရှိတယ်။ ဆန်ကွဲ တစ်အိတ်ကို ၄၀၀၀၀ ဝန်းကျင်လောက် ရှိပါတယ်” ဟု CNI သို့ ပြောသည်။

ပြည်ပသို့ တင်ပို့သည့် ရက် ၉၀ ဆန်၊ ဧည့်မထ ၂၅ မတ်ဆန်စသည့် ဆန်ကြမ်းများ ဈေးနှုန်းကျဆင်းမှု မရှိသကဲ့သို့ ပြည်တွင်းတွင် စားသုံးနေသည့် ပေါ်ဆန်းမွှေးဆန်များသည်လည်း ဈေးနှုန်းကျဆင်းမှု မရှိသေးကြောင်း ဆန်ရောင်း ဝယ်သူများထံမှ သိရသည်။

ယခုအချိန်တွင် ဧရာဝတီတိုင်းမှ ဆန်များပေါ်နေပြီဖြစ်သော်လည်း စားသုံးမှုများသည့် ရွှေဘိုဆန်မှာ မပေါ်သေး ကြောင်း ဆန်ရွှေဘိုရောင်းဝယ်ရေးမှ ကိုရှိုင်းဝင်းလတ်က CNI သတင်းဌာနသို့ ပြောသည်။

“မပေါ်သေးဘူးဗျ ကျနော်တို့ ဆန်ကကျတော့လေ။ ဧရာဝတီလောက်သာ ပေါ်တာ။ ကျနော်တို့ ရွှေဘိုမြို့ကတော့ မပေါ်သေးဘူး။ ဈေးနှုန်း ခုတလောကလေ။ အရမ်းကြီး အတက်အကျ မရှိဘူး။ ဧရာဝတီဆန်ရော၊ ရွှေဘိုဆန်ရော ပဲ” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ဆန်များသည် လက်ရှိ၌ ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်သို့ နေ့စဉ် ဝင်ရောက်နေပြီဖြစ်သော်လည်း ဝင်ရောက်သည့် ပမာဏနှင့် အခြေအနေများကို သိရှိရန် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြန်လည် ဖြေကြားခြင်း မရှိပေ။

ယခုနှစ် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးမှုတွင် ဓာတ်မြေဩဇာ၊ မြေဆီ၊ စက်သုံးဆီ စသည့် သွင်းအားစုစရိတ်များ ကြီးမြင့်ခြင်းနှင့် တချို့သော နယ်မြေများတွင် တည်ငြိမ်မှု မရှိခြင်းတို့ကြောင့် စပါးစိုက်ပျိုးမှု လျော့ကျခဲ့ကြောင်း တောင်သူများထံမှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(ဓါတ်ပုံ-Getty Images)

OPEC ဖြတ်တောက်မှုကို တုံ့ပြန်သည့်အနေဖြင့် အရန်ရေနံစိမ်းထုတ်သုံးရန် ဘိုင်ဒန်ခွင့်ပြု

By CNI
CNI
Category: စီးပွားရေး
Hits: 1776


CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၉

OPEC+ အဖွဲ့က မကြာသေးမီက ကြေညာခဲ့သော ထုတ်လုပ်မှုလျှော့ချရေးကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် အောက်တိုဘာ ၁၉ ရက် (ယနေ့)တွင် အမေရိကန်၏မဟာဗျူဟာအရ ဖယ်ချန်ထားသည့် အရန်ရေနံစည်ပေါင်း ၁၅ သန်းကို ထုတ်ပြန်ကြေညာရန်ရှိသည်ဟု South China Morning သတင်းစာက ရေးသားဖော်ပြသည်။

ထို့ပြင် လာမည့်လ ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီ ၎င်းအစိုးရအဖွဲ့၏ ရပ်နားထားသမျှကို ပြန်လည် စတင် South China Morning က ဆက်လက်ရေးသားသည်။

ဘိုင်ဒန်သည် မဟာဗျူဟာမြောက် အရန်ရေနံစိမ်းများကို ထုတ်သုံးရန် ကြေညာချက်အတွက် အောက်တိုဘာ ၁၉ ရက်တွင် သဘောထားမှတ်ချက်များ ပေးပို့လိမ့်မည်ဟု အမည်မဖော်လိုသူ အမေရိကန်အဆင့်မြင့်အရာရှိများက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် တက္ကဆက်စီးတီးရှိ ရေနံစိမ်းသိုလှောင်ကန်များကို တွေ့ရစဉ်(ဓါတ်ပုံ-The Newyork Times)

ပြီးခဲ့သည့်မတ်လတွင်လည်း ဘိုင်ဒန်၏ခွင့်ပြုချက်ဖြင့် ၆ လတွင်း ရေနံစည် သန်း ၁၈၀ ကို ဖြန့်ဝေပေးခဲ့သည်။ ထို ပမာဏသည် ၁၉၈၄ ခုနှစ်မှ သမ္မတဟောင်းထရမ့်လက်ထက်အထိ ပေါင်းကူးတံတားဟုခေါ်သည့် မဟာဗျူဟာ မြောက်အရန်ရေနံစိမ်းကို ပြည်တွင်းထုတ်လုပ်မှုအနေဖြင့် လျှော့ချခဲ့သည်။

ယခုအခါ အမေရိကန်တွင် အရန်ရေနံစိမ်းစည် သန်း ၄၀၀ ခန့်ရှိသည်။

ဘိုင်ဒန်သည် ယခုနှစ်ဆောင်းရာသီတွင် လောင်စာဆီဈေးနှုန်းများ ကျဆင်းစေရန် ကြိုးပမ်းမှုတွင် ထပ်လောင်း ထုတ်လုပ်ခြင်းများကို တံခါးဖွင့်ပေးမည်ဖြစ်သည်။ သို့သော် အစိုးရတာဝန်ရှိသူများကတော့ ၎င်းတို့ လုပ်ဆောင် ရမည့်အခြေအနေများကို အသေးစိတ်ထုတ်ဖော်ခြင်းမရှိပေ။

ရေနံဈေး တစ်စည်လျှင် ၆၇ ဒေါ်လာမှ ၇၂ ဒေါ်လာအောက် (သို့မဟုတ်) ယင်းထက်ကျဆင်းလာသည့်အချိန်ကျမှ မဟာဗျူဟာမြောက် အရန်သိုလှောင်ခြင်း ပြန်လည်စတင်မည်ဟု ဘိုင်ဒန်က ပြောကြားထားပြီးဖြစ်သည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားဆေးမျိုးစုံ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာ

By CNI
CNI
Category: Watch TV
Hits: 666

Share
Tweet
Share
Share
powered by social2s
ရန်ကုန်က ဆေးဆိုင် တစ်ဆိုင်မှာ ဆေးဝယ်ယူနေကြသူများကိုတွေ့ရစဉ်

နိုင်ငံခြားဆေးမျိုးစုံ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာ

By CNI
CNI
Category: စီးပွားရေး
Hits: 2313

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

အိမ်သုံးအခြေခံ ဆေးဝါးများအပြင် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် ရေရှည် သောက်သုံးနေရသော ဆေးဝါးများ၏ ဈေးနှုန်းများသည် လက်ရှိတွင် အနည်းငယ် ကျဆင်းလာကြောင်း နိုင်ငံခြားဆေးမျိုးစုံ ရောင်းချသည့် ဆိုင်များထံမှ သိရသည်။

ဆေးကုမ္ပဏီထံမှ ဝယ်ယူသည့်အခါတွင် လက်ရှိ၌ ဆေးမျိုးစုံသည် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေမင်္ဂလာဈေးမှ နိုင်ငံခြားဆေးမျိုးစုံ လက္ကားရောင်းချသည့် ဆေးဆိုင် မန်နေဂျာတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆေးဈေးက ကျတယ်ညီမ။ ကျတယ်ဆိုတာက အစ်ကိုက ဒီကမန်နေဂျာပါ။ ကျတယ်ဆိုတာက ကုမ္ပဏီ ဈေးတွေက ကျတာပါ။ ၁၀ ရာခိုင်နှုန်းလောက်တော့ အားလုံး ကျကြတယ်။ အကုန်လုံးကျတာ ကုမ္ပဏီတိုင်း ကျတာပါ။ သွေးတိုး၊ ကျောက်ကပ် ဘာညာ လေးဘက်နာပေါ့။ နှစ်ခုလုံးကျတာ အားလုံးကျတာ။ ဒီမနက် ဈေး လည်း ကျတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးများ၏ ရာခိုင်နှုန်း ထက်ဝက်ကျော်သည် ပြည်ပမှ တင်သွင်းလျက်ရှိ ကြောင်း၊ ဆေးနှင့် ဆေးပစ္စည်း တင်သွင်းရာတွင် ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရသည့်အတွက် ဒေါ်လာဈေး မငြိမ်မသက်ဖြစ်မှုသည် ဆေးဈေးနှုန်းများကို အဆမတန် ကြီးမြင့်စေခဲ့ကြောင်း ဆေးကုန်သည်များက ပြောသည်။

ဆေးများ ရောင်းချနေစဉ် 

လက်ရှိတွင် ဆေးဝါးများ ဈေးနှုန်းကျဆင်းလာသော်လည်း ဈေးနှုန်း မြင့်တက်ချိန်တွင် အများအပြား ဝယ်ယူထားမိ ခဲ့ကြသည့်အတွက် လက်ရှိ၌ ဝယ်ယူမှု နည်းပါးကြောင်း ရွှေပြည့်စုံဈေးမှ ဆေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်ဝတ်ရည်သွယ်က ပြောသည်။

၎င်းက “ကျတာက နည်းနည်းပဲ ကျတာပါ။ အရင် ၆၀ ရာခိုင်နှုန်းလောက် တက်ထားလို့ရှိရင် အခုက ၁၀ ရာခိုင်နှုန်း လောက်ကိုပဲ ချပေးတာ။ သိပ်အများကြီး မကျသေးဘူး။ ကျတာတော့ ကျတယ်။ တခြား ပြတ်နေတဲ့ ပစ္စည်းတွေက တော့ မကျဘူးပေါ့နော်။ ဆေးပြန် ထပ်မဝင်တဲ့ ဟာတွေကတော့ မကျဘူး။ အရောင်းအဝယ်တွေကတော့ ပါးနေ တယ်။ ဈေးကျတယ်ဆိုတော့ သိပ်မဝယ်ချင်ကြဘူး။ ဈေးတက်တဲ့ အချိန်မှာသာ လူတွေက ဝယ်ချင်ကြတာ။ ပထမ ပိုင်းတုန်းကလည်း ပစ္စည်းပြတ်မှာစိုးလို့ ဝယ်ထားတာတွေက များတော့လေ မဝယ်နိုင်ကြတော့ဘူး။ အရောင်း အဝယ်တွေကတော့ ပါးတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဈေးနှုန်း ထပ်ကျမည်ကို စိုးရိမ်ကြသည့်အတွက် လက်ရှိတွင် ဆေးဝါးရောင်းချသူများက အမြန် ရောင်းချလိုသော် လည်း ဝယ်ယူသူများသည့် ဈေးနှုန်း ထပ်ကျမည့်အချိန်ကို စောင့်ဆိုင်းနေကြကြောင်း သိရသည်။

ဆေးဝါးလက္ကားရောင်းချသည့် ဆိုင်များနှင့် ကုမ္ပဏီများမှ ဆေးဝါးဈေးနှုန်းများသည် ကျဆင်းလာနေသော်လည်း ရပ်ကွက်အတွင်းရှိ လက်လီ ပြန်လည်ရောင်းချသော ဆေးဝါးအရောင်းဆိုင်များ၏ ဈေးနှုန်းများမှာမူ ကျဆင်းမှု မရှိသေးသလို တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းများလည်း ကွာခြားလျက်ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အပန်းဖြေစခန်းနှင့် စားသောက်ဆိုင်တို့မှ ဝါးအိမ်တဲ ဝယ်ယူမှု များနေ

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s

ပစ်ခတ်မှုဖြစ်ပြီးနောက် ကျိုက်ထီးရိုး ခရီးစဉ်များ ဖျက်သိမ်းလာကြ

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s
ဝါးနဲ့ လုပ်ထားသော လုပ်မှုပစ္စည်းများကိုတွေ့ရစဉ်

အပန်းဖြေစခန်းနှင့် စားသောက်ဆိုင်တို့မှ ဝါးအိမ်တဲ ဝယ်ယူမှု များနေ

By CNI
CNI
Category: စီးပွားရေး
Hits: 2294

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

အချောထည်ပြုလုပ်ပြီးသား ဝါးအိမ်တဲများအား အပန်းဖြေစခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းတို့မှ ဝယ်ယူမှု များပြားနေသည်ဟု ဝါးကုန်ထုတ် သမဝါယမအသင်းမှ ဒုတိယဥက္ကဌ ဦးကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဝယ်ယူကြရာတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ အများဆုံး ဝယ်ယူကြကြောင်း ၎င်းက ပြောသည်။

ဦးကျော်ဝင်းက "ဝါးက အခုနောက်ပိုင်းမှာ ကျနော်တို့ ဝါးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ မြင့်တက်လာတယ်။ စားသောက်ဆိုင်ရယ်၊ အပန်းဖြေ ဥယျာဉ်တွေမှာ သုံးဖို့ ပိုများတယ်။ နောက် ကိုယ့်ရဲ့စိုက်ပျိုးရေး ခြံတွေမှာ နားနေ ဖို့အတွက် အပန်းဖြေဖို့အတွက် ကိုယ်ပိုင်ခြံတွေထဲမှာ ထည့်ကြတာလည်း များပါတယ်။ လုပ်ပြီးသား သယ်တာ တော့ ပိုများတယ်။ ဝါးအလုံးလိုက်လည်း ဝယ်ကြတယ်။ နောက် လုပ်တဲ့ လူတိုင်း လူတိုင်းမှာလည်း အလုပ်ဖြစ် တယ်ပေါ့။ လက်မှုသမားဆိုလည်း သူသေသေချာချာလုပ် မှာတဲ့လူက အပြည့်ပဲ။ ကျနော်တို့ဆိုရင် ပရိဘောဂနဲ့ ဝါးနားနေဆောင်လေးတွေရယ် ဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်တယ်။ အဲဒါလည်း သူ့အော်ဒါနဲ့ သူတော့ အပြည့်ပဲ။ ဆိုတော့ လူတွေစိတ်ဝင်စားမှု အပိုင်းကတော့ ပိုပြီးမြင့်တက်လာတယ်။ အရင်ထက်စာရင် လူတွေက ဈေးနှုန်း သိပ်မကြည့်တော့ပဲနဲ့ လက်ရာ သေသပ်တာတို့ကို ပိုပြီး ကြည့်လာတဲ့ သဘောတော့ရှိတယ်။ သူက ပုံမှန် အားဖြင့်တော့ ထိုင်ရင် ခန္စာကိုယ်ရဲ့ အပူတွေကို ဆွဲစုပ်တဲ့အတွက် အညောင်းအညာပြေတယ်။ နေလို့ ထိုင်လို့ ပိုကောင်းတယ်။ ကျန်းမာရေးအရ အဆင်ပြေတယ်ဆိုပြီးမှ လူတွေက ပိုကြိုက်လာတာလည်း ပါတယ်" ဟု CNI သတင်းဌာနသို့ ပြောသည်။

ဝါးနဲ့ လုပ်ထားသော လုပ်မှုပစ္စည်းများကိုတွေ့ရစဉ်

ဝါးအိမ်တဲတစ်လုံးလျှင် အကျယ်အဝန်း၊ ဝါးအမျိုးအစားနှင့် လိုချင်သည့် ပုံစံပေါ် မူတည်ကာ ဈေးနှုန်းကွာခြားချက်ရှိပြီး ပုံမှန်အားဖြင့် ဝါးအိမ်တဲတစ်လုံးအား ငွေကျပ် ၁ သိန်းခွဲမှ ၁၈ သိန်းခန့်အထိ ရှိကြောင်းနှင့် တစ်ပတ်လျှင် အနည်းဆုံး တစ်လုံးမှစတင်ကာ မှာယူ၊ ဝယ်ယူနေကြကြောင်း သိရသည်။

ဝါးအိမ်တဲများအား ဝယ်ယူမှု များပြားလာသကဲ့သို့ ဝါးဖြင့်ပြုလုပ်ထားသည့် လက်မှုပစ္စည်းများဖြစ်သော စုဘူး၊ မီး အိမ်၊ နာရီ၊ ရေနွေးကရား အစရှိသည်တို့ကိုလည်း စိတ်ဝင်စားမှုရှိကြကာ ဝယ်ယူမှု များပြားကြောင်း သိရသည်။

ဝါးကုန်ကြမ်းရောင်းချသူတစ်ဦးက "ကုန်ကြမ်းမှာတာတော့ ကျနော်တို့က ဝါးအမျိုးအစား ၄၊ ၅၊ ၆ မျိုးလောက် ရှိတော့ ကျနော့်ဆီက မရနိုင်တဲ့ အရာကျတော့ တခြားဆီက မှာတာပေါ့။ အခု ကျနော့်ဆီက မှာတာကြတော့ ကျနော်က အမိုး၊ အကာ သုံးတဲ့ကုန်ကြမ်း ပို့ပေးရတာ များတယ်။ ပြီးခဲ့တဲ့ လကတော့ ကျနော် အဲဒီအမိုးအတွက် သုံးတဲ့ ဆိုဒ်က ၂၀၀၀ လောက်တော့ ပို့ဖြစ်ပါတယ်။ သူ့အချောအထည်ပိုင်း ဖြစ်သွားရင်တော့ မဆိုးဘူးပေါ့ (ဈေးကွက်က)။ ကျနော်တို့ဘက်က ကြည့်ရင်တော့ လုပ်ငန်းဖြစ်မြောက်ရေး လောက်ပဲ ရှိပါတယ်။ ကျနော်တို့ အခုလက်ရှိ ကုန်ကြမ်းတွေဝယ်တဲ့ အချိန်မှာ ဈေးတော့ နည်းနည်းလေး မြောက်လာတာရှိတာပေါ့။ ပွဲစားတွေရဲ့ ဆီဈေး၊ ကားခနဲ့ လမ်းကြောတွေနဲ့ဆိုတော့ အရင်ထက်စာရင် ဈေးနှုန်း နည်းနည်းလေး ပိုလာတာပေါ့။ ဈေး နည်းနည်း မြောက်တယ်ဆိုတာက ဝါးတစ်လုံးပေါ်မှာ ၃၀ (ကျပ်) တက်တာမျိုး၊ ၄၀ (ကျပ်) တက်တာမျိုး အဲဒီလို တစ်ခေါက်နဲ့ တစ်ခေါက် နည်းနည်းလေး တက်တက်လာတာ။ ကျနော်တို့ကလည်း တဆင့်ခံ ဝယ်ရတာ ဆိုတော့ လေ" ဟု CNI သတင်းဌာနသို့ ပြောသည်။

ဝါးနဲ့ လုပ်ထားသော အပန်းဖြေစခန်းကိုတွေ့ရစဉ်

ဝါးကုန်ကြမ်းများကို သဘာဝတောများမှ ထုတ်လုပ်လျက်ရှိကြောင်း၊ နှစ်စဉ်ပျမ်းမျှ ဝါးအလုံးရေ ၁၄၇ သန်း ထုတ်လုပ်ရန် လျာထားခဲ့သော်လည်း နှစ်စဉ်ပျမ်းမျှ ဝါးအလုံးရေ ၁၂၇ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဝါးများကို နေရာအနှံ့မှာ စိုက်ပျိုးကြကြောင်း၊ ဝါးအစိမ်း အလုံးလိုက်များလည်း ဝယ်ယူမှု ရှိကြကြောင်း၊ နေရာဒေသနှင့် ဝါးအမျိုးအစားပေါ် မူတည်ပြီး တစ်လုံးလျှင် ၅၅၀၊ ၆၀၀ ကျပ်ခန့် ပေါက်ဈေး ရှိကြောင်း‌ ဝါးကုန်ထုတ် သမဝါယမအသင်းမှ သိရသည်။

ထို့နောက် ပြုလုပ်ပြီးသား ဝါးလက်မှုပစ္စည်းများကို ဝယ်ယူကြသကဲ့သို့ သင်တန်းလာတက်ရောက်ပြီး မိမိ ကိုယ်တိုင် ပြုလုပ်ကြသူများလည်း ရှိကြောင်း၊ လက်ရှိ၌ ဝါးနှင့်ပြုလုပ်သည့် လက်မှုပညာ အချောထည် သင်တန်းများတွင် လာရောက်သင်ကြားသည့် သင်တန်းသားများလည်း များလာကြောင်း ဝါးကုန်ထုတ် သမဝါယမအသင်းမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ငါးမြစ်ချင်းကို ဘင်္ဂလားဒေ့ရှ် ဝယ်လိုအားများလာ၊ တင်ပို့ရန် နှောင့်နှေးနေ

By CNI
CNI
Category: Watch TV
Hits: 725

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာများကိုတွေ့ရစဉ်

ထိုင်းတွင် အဖမ်းအဆီးများ၊ အဖမ်းခံရသူများထဲတွင် မြန်မာအများဆုံးဖြစ်

By CNI
CNI
Category: စီးပွားရေး
Hits: 1537

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို ယခု ရက်ပိုင်း၌ ထိုင်းအာဏာပိုင်များက အဖမ်းအဆီး ပိုမိုများပြားလာကြောင်း၊ အဖမ်းခံရသူများထဲမှာ အထောက် အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သို့ ပြောသည်။

ထိုင်းနိုင်ငံတွင် နေရာအနှံမှာ စီမံချက်တစ်ခုသဖွယ် အဖမ်းအဆီးများ ပြုလုပ်နေကြောင်း၊ အဖမ်းအဆီးမှာ ယခုထက် ပိုမို များပြားလာနိုင်ဖွယ် ရှိသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက “အခုက လွန်ခဲ့တဲ့ ၄ ရက် ၅ ရက်ကနေ ပြီးတော့မှ တောက်လျှောက် ဖမ်းတယ်။ ဒီတာ့ခ်ခရိုင် ထဲမှာဆိုလည်း တော်တော်ဖမ်းတယ်။ လွန်ခဲ့တဲ့ ၄ ရက် ကတည်းကနေ ဒီနေ့အထိပေါ့။ အဖမ်းအဆီးက အထောက်အထားမဲ့တွေကို ပိုမိုဖမ်းတာတွေ ရှိတယ်။ နောက် အထောက်အထား မပြည့်စုံတဲ့ မြန်မာတွေ အဖမ်းခံရတာတွေ ရှိတယ်။ နိုင်ငံခြားသား အလုပ်သမားတွေကို အထောက်အထား တစ်စုံတစ်ရာ ထုတ်ပေးပြီဆိုရင် သူ သတ်မှတ်ထားတဲ့ ဒိတ်ကုန်သွားပြီပေါ့။ ဘယ်နေ့မှာ ပိတ် မလဲ အဲဒီပိတ်လိုက်တဲ့ နောက်ပိုင်းမှာ သူတို့ အဖမ်းအဆီးတွေ ရှိပြီ။ ဖမ်းပြီပေါ့ ဘယ်သူ အထောက်အထားတွေ လုပ်ထားလဲ။ မလုပ်ထားဘူးလဲဆိုတာ အဲဒါကိုဖမ်းတယ်။ မလုပ်ထားဘူးဆိုရင်တော့ ဖမ်းပြီးတော့ ပြန်ပို့တာပေါ့ သက်ဆိုင်ရာ နိုင်ငံကို။ ဘာကြောင့်လဲဆိုတော့ ထိုင်းမှာလည်း လက်ရှိသူတို့ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အရှုပ် အထွေးတွေ ရှိတဲ့အခါကျတော့ ဒီနေရာမှာ လုံခြုံရေးအရ ကိုဗစ်ကလည်း သက်သာလာတယ်လို့ ပြောတဲ့အချိန်မှာ တစ်နယ်နဲ့ တစ်နယ် သွားလာတာတွေလည်း များလာတယ်။ များလာတဲ့အခါကျတော့ အဲဒီမှာ စစ်ဆေးမှုတွေပို များမယ်။ ရှေ့မှာ ပိုပြီးတော့မှ အဖမ်းအဆီးတွေ ပိုများမယ်။ နောက်တစ်ခုက နှစ်ကုန်ကာစလည်း ဖြစ်တာပေါ့။ အခုဆိုရင် ဒါ နှစ်ကုန်ခါနီးလည်း ဖြစ်တဲ့အခါကျတော့ နောက်ပိုင်းမှာ နိုင်ငံခြားသား အထာက်အထားမဲ့တွေကို ပိုမိုပြီးတော့မှ ဖမ်းဆီးလာနိုင်စရာ အကြောင်းရှိတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံက ထုတ်ပေးသည့် ဘတ်ပန်းရောင်ကတ်ကိုတွေ့ရစဉ်

လက်ရှိတွင် ထိုင်းအာဏာပိုင်းများက ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် တရားမဝင် နိုင်ငံ ခြားသား ရွှေ့ပြောင်းလုပ်သားများအား ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်(ဘတ်ပန်းရောင်ကတ်)အားထုတ်ပေး လျက်ရှိသည်။

သို့သော်လည်း ယခုလထဲတွင် အဖမ်းအဆီး များလာကြောင်း၊ ဘတ်ပန်းရောင်ကတ် မပြုလုပ်ရသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာများနှင့် အထောက်အထား မပြည့်စုံသည့် မြန်မာများအနေဖြင့် ယခုကာလအတွင်း သတိပြုကြရန် လိုအပ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေက ရှိတယ်။ အဲဒါက နံပါတ်တစ် က တော့ အထောက်အထားမဲ့ဆိုတာ တစ်မျိုးပေါ့။ အထောက်အထားမဲ့ဆိုတာ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင် နေထိုင်တယ်ဆိုတဲ့ အမှုနဲ့ပေါ့။ လ.ဝ.က အမှုပေါ့ ဗမာလိုပြောရရင်။ အဖမ်းခံရရင် ထောင်ထဲပို့ပြီး အချုပ်ထဲမှာ သူ့သတ်မှတ်တဲ့ ကာလနေပြီးတော့ ပြန်ပို့ခံရမယ်။ ဒါပေမယ့် ဖမ်းမိတဲ့နေရာမှာ သူက အပြင်မှာ ဖမ်းမိတာ၊ အိမ် မှာ နေတုန်း ဖမ်းမိတာ အစရှိသဖြင့် အဲဒါမျိုးနဲ့ လုပ်ငန်းခွင်မှာ ဖမ်းမိတာမျိုးနဲ့က ကွာတယ်။ လုပ်ငန်းခွင်မှာ ဖမ်းမိ တယ်ဆိုရင် အမှုက ပိုပြီး ဆိုးတယ်။ ပိုဆိုးတယ်ဆိုတာက တရားမဝင်လည်း ဖြစ်နေတာတစ်မှု၊ တရားမဝင်ဘဲနဲ့ အလုပ်လုပ်ခွင့် မရှိဘဲနဲ့ အလုပ်လုပ်တယ်ဆိုတဲ့ အမှုပါ ပါလာရော။ အဲဒါဆိုရင် သူက ၂ နှစ်အနည်းဆုံး နေရပ် ပြန် ပို့ ခံရပြီးတော့ ထိုင်းနိုင်ငံထဲကို ဝင်ခွင့် အပိတ်ခံရတာပေါ့နော်။ နောက်တစ်ခုက မြန်မာနိုင်ငံသား အပါအဝင် ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်လို့မရတဲ့အလုပ် လုပ်ငန်း အမျိုးအစားဆိုတာ ရှိတယ်။ အဲဒီလို အလုပ်မျိုးမှာ သွားလုပ်တယ်ဆိုရင် သူက သုံးမှုဖြစ်သွားရော။ တရားမဝင် ဝင်ရောက်မှု၊ အလုပ်လုပ်ခွင့် မရှိဘဲနဲ့ လုပ်တဲ့အမှုရယ်၊ နောက် လုပ်ငန်းခွင်က ခွင့်ပြုထားတဲ့ လုပ်ငန်းခွင် မဟုတ်တဲ့ဟာကို လုပ်တဲ့အမှု အဲဒါမျိုးတွေ ဖြစ်နိုင်တယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာများကိုတွေ့ရစဉ်

ထို့ကြောင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ထားတဲ့ ဥပဒေများအား သိရှိထားပါက မိမိအတွက် ကောင်းမွန်ကြောင်းလည်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ကိုင်နေသည့် တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားများအား အဖမ်းအဆီး များနေသည့်အတွက် တရားမဝင် ခိုးဝင်မည့်သူများ အနေဖြင့် မလာသင့်သေး ကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရားမဝင် အလုပ်သမားတွေအနေနဲ့ အခု ထိုင်းကို ဝင်တာတော့ အဆင်မပြေဘူးပေါ့။ ဘတ် (ဘတ်ပန်းရောင်ကတ်) ပိတ်ထားပြီ ဆိုရင် ဒုက္ခဖြစ်တယ်။ ရောက်လာပေမယ့်လည်း အလုပ်အကိုင် အခွင့်အလမ်း တွေ မရကြဘူး။ ဘတ်လုပ်လည်း မမီတော့ဘူးပေါ့နော်။ တကယ်လို့ လူမလာခင်ကတည်းက ပွဲစားတွေကနေ ဘတ်လုပ်ဖို့ ပေးထားတဲ့သူတွေ အတွက်ဆိုရင်တော့ အဆင်ပြေတယ်။ ဘတ် မလုပ်ရသေးဘူးဆိုရင်တော့ အဆင် မပြေဘူး။ ရောက်လာပေမယ့် လည်း တချို့ကျတော့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ မရနိုင်ကြဘူး။ တကယ်လို့ ဘတ် မတင်ရသေးဘူး ဆိုရင်တော့ အခုလက်ရှိကာလမှာ ထိုင်းကို မဝင်လာကြဖို့အတွက် သတိပေးပြီး တော့ ပြောချင်တယ်”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိကြောင်း၊ ထိုအထဲမှ တရားမဝင် အထောက်အထားမဲ့များ နှင့် တရားဝင် အထောက်အထား အပြည့်အစုံဖြင့် နေထိုင်လုပ်ကိုင်နေသူ စုစုပေါင်း လူဦးရေ ၄၀၀၀၀၀(လေးသိန်း) ကျော် ဘတ်ပန်းရောင်ကတ် ကိုင်ဆောင်ထားကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘင်္ဂလားဒေ့ရှ်သို့ ရခိုင်က ဆန်အပါအဝင် ဆန်တန်ချိန် ၂ သိန်းပို့မည်

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

သီတင်းကျွတ်ပိတ်ရက် ချောင်းသာနှင့်ငပလီသို့ ခရီးသွား တစ်သောင်းကျော်ဝင်ခဲ့

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23

Page 19 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar