CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
စပါးစိုက်ပျိုးနိုင်ရန် ကျွဲတစ်ကောင်ဖြင့် ထွန်ယက်နေသော တောင်သူတစ်ဦးကိုတွေ့ရစဉ် (စိုက်ပျိုးရေးဦးစီးဌာန)

ချေးငွေမဆပ်နိုင်သည့် တောင်သူများကို အရေးယူမှုများမလုပ်ရန် မေတ္တာရပ်ခံထား

By CNI
CNI
Category: စီးပွားရေး
Hits: 2219

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

အစိုးရဘဏ်များမှ ချေးငွေယူထားပြီး ပြန်မဆပ်နိုင်ဘဲ ဖြစ်နေသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူ တချို့ကို အရေးယူမှုများ မပြုလုပ်ရန် မေတ္တာရပ်ခံထားကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရာသီဥတု မမှန်မှု၊ ပိုးမွှား အန္တရာယ်များနှင့် ဓာတ်မြေဩဇာဈေးများ တက်နေခြင်း စသည့် အထွေထွေ အကျပ် အတည်းများကြောင့် တောင်သူလယ်သမား အချို့သည် အခက်အခဲများ ဖြစ်နေသလို ချေးငွေပြန်မဆပ်နိုင်ပဲ ဖြစ်နေကြောင်း သိရသည်။

လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က “အကြွေးပြန်ဆပ်တဲ့ တောင်သူတွေကိုလည်းပဲ ချေးငွေထပ်ပြီး အမြန်ဆုံး ထပ်ချေးပေးဖို့ မကျသေးတဲ့ တောင်သူတွေကိုလည်းပဲ အရေးယူခြင်းတွေ မလုပ်ဖို့ အဲ့ဒါ အန်ကယ်တို့ အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနမှာ သွားပြီးတော့ စာလည်းတင်တယ်၊ လူချင်းလည်း တွေ့ဆုံပြီး တော့ ဆွေးနွေးတင်ပြထားတယ်၊ အဲ့ဒါကြောင့်မို့လည်း အခုနှစ်တွေလည်း မနည်းတော့ပါဘူး။ တချို့လည်းပဲ အခုထိ မဆပ်နိုင်ပေမယ့် အရေးယူခြင်းတော့ မခံရပါဘူး။ သို့သော် တစ်ခုတော့ရှိတယ်၊ ပထမကြွေး မကျေတဲ့ အတွက် နောက်ကြွေးတော့ ထပ်ချေးပိုင်ခွင့် မရဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

နေ့လယ်ခင်း တွင် စပါးပျိုးကြဲနေသော အမျိုးသမီးနှစ်ဦး(စိုက်ပျိုးရေးဦးစီးဌာန)

ယခုလို မေတ္တာရပ်ခံမှုကြောင့် အကြွေးကျေအောင် ဆပ်နိုင်ခဲ့သော တောင်သူတချို့သည် တစ်လအတွင်းတွင် နောက်ထပ် ချေးငွေယူခွင့် ရရှိခဲ့ကြောင်း သိရသည်။

လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းရွေ့လာသည်နှင့် တပြိုင် နက် သွင်းအားစုများစရိတ်များလည်း ဈေးကြီးမှုများဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

တောင်သူများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တစ်ခုထဲမဟုတ်ဘဲ တခြားသော လုပ်ငန်းများပါ လုပ်နိုင်မှသာ ချေးငွေများ ပြန်ဆပ်နိုင်မည်ဟု တောင်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်ကျော်မြက “အခုကတော့ ကျနော်ထင်တာကတော့ တောင်သူ ၂၀ ရာခိုင်နှုန်းလောက်ပဲ ဆပ်နိုင်ကြတာ ၈၀ ရာခိုင်နှုန်းလောက်က မဆပ်နိုင်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ အခက်အခဲတွေ အများကြီး ရှိနေကြတယ်လေ။ အဲ့ဒါကြောင့် ၂၀ ရာခိုင်နှုန်းလောက်ပဲ ဆပ်လိမ့်မယ်လို့ ကျနော်တို့ထင်တယ်။ ၈၀ ရာခိုင်နှုန်းလောက်က မဆပ်နိုင် ဘူး။ ၂၀ ရာခိုင်နှုန်းလောက် ဆိုတာက တောင်သူလယ်သမားတွေမှာ လယ်တစ်ခုထဲ မဟုတ်ဘဲနဲ့ အခြား တွဲဖက်လို့ လုပ်တဲ့ ငါးကန်တွေရှိတယ်။ တခြားလုပ်ငန်းတွေ ရှိတဲ့လူက ဆပ်နိုင်တယ်။ လယ်တစ်ခုထဲကို လုပ်နေတဲ့သူက တော့ အခက်အခဲရှိလို့ မဆပ်နိုင်တာရှိတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သွင်းအားစု(ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဈေး၊ မျိုးစပါး)စရိတ်များ ဈေးနှုန်း မြင့် တက်နေခြင်းနှင့် စိုက်ပျိုးရေ မရရှိခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ စိုက်ဧက လျှော့စိုက်ပျိုး ခြင်း၊ အထွက်နှုန်း လျော့နည်းခြင်း စသည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ့ထောပတ်သီးနဲ့ ဒူဘိုင်းမြို့

စင်္ကာပူနှင့် ဒူဘိုင်းတို့မှ ထောပတ်သီးအမှာစာများ ရောက်ရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 1207

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ထောပတ်သီးကို ဝယ်ယူလိုကြောင်း စင်္ကာပူနိုင်ငံနှင့် ဒူဘိုင်းတို့မှ အမှာစာများ ရောက်ရှိနေပြီး တင်ပို့ရန် အတွက် ဆွေးနွေးနေသည်ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

စင်ကာပူနိုင်ငံက တန်ချိန် ၂၀ စမ်းသပ်တင်ပို့ရန်နှင့် ဒူဘိုင်းက တပတ်လျှင် ၁၅ တန် တင်ပို့ရန် အမှာစာများ ရရှိထားပြီး လက်ရှိ ဒေါ်လာလဲလှယ်နှုန်းနှင့် ပို့ဆောင်ရေး ကဏ္ဍအပိုင်းတွင် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ကိုကျော်စိုးမင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အမှာစာကတော့ စင်္ကာပူက တန် ၂၀ စမ်းသပ်ပို့ဖို့ လှမ်းအော်ဒါပေးတယ်။ ဒူဘိုင်းကတော့ တစ်ပတ်ကို ၁၅ တန်လောက် လိုချင်တယ်ဆိုပြီးတော့ အော်ဒါပေးတယ်။ ဒါပေမယ့် ကျနော်တို့ ဒီဘက်က ဆွေးနွေးတဲ့အပိုင်းနဲ့ ကျနော်တို့ Logistic အပိုင်းနဲ့ ငွေလဲလှယ်တဲ့အပိုင်းတွေက ကျနော်တို့အတွက် အဆင်မပြေဘူး။ အဲဒါလေးတွေက အတားအဆီး ဖြစ်နေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် အင်္ဂလန်နိုင်ငံသို့ မြန်မာ့ထောပတ်သီးကို စမ်းသပ်တင်ပို့ခဲ့ပြီး အောင်မြင်မှု ရလဒ်ကောင်း ထွက်ရှိ ခဲ့ခြင်းကြောင့် ဒူဘိုင်းသည် မြန်မာ့ထောပတ်သီးအား ဝယ်ယူရန် ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မြန်မာ့ထောပတ်သီးများကိုတွေ့ရစဉ်

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန် မူဝါဒသည် ပြည်ပမှ ဝင်ရောက်လာ သည့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းဖြင့် လဲလှယ်ရမည်ဆိုခြင်းကြောင့် ပြင်ပ ပေါက်ဈေးနှင့် ကွာဟနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ထောပတ်သီး တင်ပို့ရာတွင်လည်း ပို့ကုန်ရငွေများကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် လဲလှယ်ရမည် ဖြစ်သည့်အတွက် တောင်သူများ ရသင့်ရထိုက်သည့် ဈေးနှုန်း မရနိုင် ဖြစ်သွားမည်ဟု ဦးကျော်စိုးမင်းက ဆက် ပြောသည်။

၎င်းက “ဟိုကနေ ငွေတွေ ဘဏ်ထဲ ဝင်သွားပြီဆိုရင်တော့ ကျနော်တို့ ဒေါ်လာနဲ့ ပြန်ဖြတ်တော့မှာလေ။ ဒါဆို တောင်သူတွေက ကျနော်တို့ ပေးထားတဲ့ဈေး မရတော့ဘူးပေါ့။ ဒါဆိုရင် ကျနော်တို့က အလုပ်ဆက်လုပ်လို့ မရ တော့ဘူးလေ။ အဲဒါကြောင့် ကျနော်တို့က အခြေအနေတွေကို ပြောလို့မရဘူး ပြောတာ။ ဒါပေမယ့် အမှာစာ ကတော့ လက်ခံရရှိထားတယ်။ ငွေလဲလှယ်တဲ့ rate က ပြန်ဝင်လာရင် ဘယ်လိုနဲ့ ကျနော်တို့ ၂၁၀၀ နဲ့ပဲ ဆိုရင် တော့ ကျနော်တို့ အဆင်မပြေပြန်ဘူး။ အဲလိုမျိုးတွေပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထောပတ်သီး စိုက်ခင်းကိုတွေ့ရစဉ်

မြန်မာ့ထောပတ်သီးကို ထိုင်းနိုင်ငံသို့ နှစ်စဉ်ထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်း တင်ပို့လျှက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံကို တော့ ဒေသရင်း အသီးများကို တင်ပို့လျှက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် စိုက်ပျိုးကြပြီး စိုက်ဧက ၁ သောင်းကျော်နှင့် နှစ်စဉ် တန်ချိန် ၂၀၀၀ ထွက်ရှိကြောင်း၊ ဧကအများအပြား ထပ်တိုး၍ ထောပတ်သီးကို စိုက် ပျိုးလာကြကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့ရာတွင် ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးများကို တင်ပို့ကြပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအထိ တင်ပို့ကြခြင်း ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

CCTV တပ်ဆင်ရပါက နယ်ဘက်ရှိ Wave Money ဆိုင်များ အခက်တွေ့နိုင်

By CNI
CNI
Category: Watch TV
Hits: 596

Share
Tweet
Share
Share
powered by social2s

မလေးရှားက UNHCR ရုံးပိတ်လျှင် မြန်မာဒုက္ခသည်များ အခက်အခဲ ပိုရှိလာနိုင်

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s
Wave Money ဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ် (GETTY IMAGES)

CCTV တပ်ဆင်ရပါက နယ်ဘက်ရှိ Wave Money ဆိုင်များ အခက်တွေ့နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1161

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းမဟုတ်သော တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသများတွင် လျှပ်စစ်မီး မရှိခြင်း အပြင် လျှပ်စစ်မီး ပုံမှန် မရရှိခြင်းတို့ကြောင့် CCTV တပ်ဆင်ရန် အဆင်မပြေမှုများရှိကြောင်း ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ရှိ Wave Money အေးဂျင့်ဆိုင်မှ ကိုအောင်ဖြိုးပိုင်က CNI သတင်းဌာနသို့ ပြောသည်။

Wave Money မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို ငွေလွှဲ၊ ငွေထုတ်သူများ၏ မှတ်တမ်းကို တင်ထားနိုင်ရန် အေးဂျင့်ဆိုင်များမှာ CCTV တပ်ဆင်ခြင်း (သို့မဟုတ်) ငွေလွှဲ၊ ငွေထုတ်သူများအား လျှို့ဝှက် ဓာတ်ပုံ ရိုက်ယူထားကြရန် ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်တွင် အသိပေး ကြေညာခဲ့သည်။

ထို့ကြောင့် လျှပ်စစ်မီး မရရှိသည့် ဒေသများမှ Wave Money နှင့် ချိတ်ဆက်ထားသော အေးဂျင့်ဆိုင်များ ရပ်နား ရမည့် အခြေအနေများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

Wave Money အေးဂျင့်ဆိုင်မှ ကိုအောင်ဖြိုးပိုင်က "မှတ်ပုံတင်တွေနဲ့ သူတို့က အဆင်မပြေဘူး၊ CCTV တပ်မယ်ဆို ရင် မီးမှ မရတာ၊ သူတို့က လာထုတ်တယ်ဆိုရင် သိတဲ့လူတွေကချည်းများနေတာကို တစ်ယောက်အကြောင်း တစ် ယောက်သိနေတာ တခြား တစိမ်းတွေတော့ မရှိဘူး။ အရမ်းကြီး အဆင်ပြေတာလည်း မဟုတ်ဘူး မပြေတာလည်း မဟုတ်ဘူး။ ကျနော်တို့ဆီက တောဆိုတော့ လာထုတ်တဲ့ သူမှန်သမျှကို သူတို့မပြေဘူးဆိုတောင် ကိုယ့်ဘက်က ပြေအောင်ပဲ လုပ်ပေးရတယ်။ သူတို့လွှဲမယ့် မှတ်ပုံတင် အဆင်မပြေဘူးဆိုလည်း ကိုယ့် မှတ်ပုံတင်နဲ့ အသိထဲက ဆိုရင်တော့ အဲ့လိုလွှဲပေးတယ်။ တခြားတစိမ်းဆိုရင်တော့ လွှဲမပေးဘူးပေါ့" ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗဟိုဘဏ်၏ Wave Money ဆိုင်များ သတ်မှတ်ချက် (GETTY IMAGES)

Wave Money နှင့် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များသည် အသေးစား ငွေလွှဲငွေထုတ်သူများ၊ ရပ်ကွက်အတွင်း အိမ်ဆိုင်ဖွင့်၍ Wave Money ငွေလွဲလုပ်ကိုင်သူများအတွက် အခက်အခဲရှိသည့်အတွက် ရန်ကုန်မြို့အတွင်းက Wave Money အေးဂျင့်ဆိုင်အချို့လည်း ရပ်နားသွားကြောင်း သိရသည်။

Wave Money Call Center က "ညီမတို့ဘက်က ဒီဗားရှင်းလေးကို သုံးရတဲ့ အကြောင်းကလေ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လမ်းညွှန်ချက်ပေါ့နော် အဲ့ဒီမှာ လိုအပ်တဲ့ သုံးစွဲသူ အချက်အလက်တွေကို ရယူနိုင်ဖို့အတွက် ဒီဗားရှင်း လေးကို သုံးစွဲရခြင်း ဖြစ်တယ်။ ငွေ အေးဂျင့်ဆိုင်တွေအတွက် ပိုပြီးလုံခြုံမှု ရှိစေရန်ပေါ့နော်။ အခု wave ဗားရှင်းကို သုံးစွဲဖို့အတွက် အသားမကျသေးဘူးဆိုပေမယ့် တစ်နေ့နေ့ အသားကျပြီးတော့ အဆင်ပြေနိုင်အောင် ညီမတို့ဘက် က လုပ်ဆောင်ပေးနေပါတယ်" ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းများအရ ငွေလွှဲ၊ငွေထုတ် လုပ်ငန်းစဥ်များ ပိုမို လုံခြုံ စိတ်ချရစေရန် Wave Money မှ လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း wave Money က စက်တင်ဘာ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှား UNHCR ရုံးအတွင်း လုပ်ငန်းဆောင်ရွက်နေမှု

မလေးရှားက UNHCR ရုံးပိတ်လျှင် မြန်မာဒုက္ခသည်များ အခက်အခဲ ပိုရှိလာနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 4203

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

မလေးရှားနိုင်ငံရှိ UNHCR ရုံးအား ပိတ်ရန်အတွက် မလေးရှားအာဏာပိုင်များက အဆိုပြုထားခြင်းကြောင့် UNHCR ရုံး ပိတ်လိုက်ပါက ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည့် မြန်မာများ အခက်အခဲ ပိုရှိလာနိုင်သည်ဟု မလေးရှားတွင် ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များသည် UNHCR အပါအဝင် ၎င်းနှင့်ချိတ်ဆက်ထားသည့် အဖွဲ့ အစည်းများကိုသာ အားကိုးနေရခြင်းဖြစ်ကြောင်း Arakanese Community Malaysia (ARRC) မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်း ဌာနသို့ ပြောသည်။

ကိုအောင်မင်းသူက “တုန်လှုပ်စရာကိစ္စ တစ်ခုဖြစ်တယ်။ အဲဒီလိုမျိုး UN ရုံးကို ပိတ်သွားတယ်ဆိုရင်တော့ ကျနော် တို့ အတွက်တော့ တော်တော်လေ ဆိုးဆိုးရွားရွား ကြုံရနိုင်တာပေါ့။ အဖမ်းအဆီးတွေ ဘာတွေဆိုရင် အခုက UN ရဲ့ အကာအကွယ် ပေးမှုအောက်မှာ နေတယ်ဆိုတော့ ရဲအဖမ်းခံရတာတို့၊ သူ့ရဲ့ မိခင်နိုင်ငံကို ပြန်ပို့ခံရတာတို့ ဆိုတာ မရှိသလောက် နည်းတယ်လေ၊ UN ကိုင်ထားတဲ့ လူတွေ အတွက်ကြတော့။ အဲဒီလိုမျိုး UN က အကာ အကွယ် မရှိဘူးဆိုတဲ့ အခါမှာတော့ သူတို့တွေ လုံးဝ တရားမဝင် အဆင့်ကို ရောက်သွားပြီးတော့ အဖမ်းခံ ရရင် လည်း သူ့ရဲ့ မိခင်နိုင်ငံ လာတဲ့နိုင်ငံကို ဘယ်လိုပဲ လာတဲ့နိုင်ငံမှာ ဒုက္ခတွေ ကြုံနေနေ အဲဒီနိုင်ငံကိုပဲ ပြန်ရောက် သွားနိုင်တဲ့ အခြေအနေ ရှိတာပေါ့။ အမျိုးမျိုးတော့ ဖြစ်သွားနိုင်တာပေါ့။ ဥပမာ UN ကို ပိတ်တယ်ဆိုရင်လည်း လုံးလုံးပိတ်တာလား။ မဟုတ်ဘဲ ဒုက္ခသည်တွေကို နေရာတစ်ခုခုမှာ နေခိုင်းတာလားပေါ့။ Camp တွေ ဘာတွေ ဆောက်ပြီးတော့ အဲဒီလိုပဲ ထားမလားပေါ့” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံရှိ UN ရုံးအား ပိတ်သိမ်းရန် အဆိုပြုခြင်းသည် တခြားနိုင်ငံများ၏ ကြားဝင်ရှုပ်ခြင်းကြောင့် မဟုတ်ဘဲ မလေးရှားအစိုးရမှ ကိုင်တွယ်လိုခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၁၅-၁၆ ခုနှစ် ဝန်းကျင်လောက် တုန်းကလည်း UNHCR ရုံးအား ပိတ်သိမ်းရန် လုပ်ဆောင်ဖူးသေးကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ UNHCR ရုံး

မလေးရှားအစိုးရသည် အထောက်အထားမဲ့ ဒုက္ခသည်များအား အလုပ်အကိုင် အခွင့်အရေး ပေးရန်အတွက် စီစဉ်နေပြီး ၎င်းတို့အတွက် သင်တန်းများပေးရန် လုပ်ဆောင်နေကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို(CAR) မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်ကြားသည်။

ဆရာတော် ဦးဥတ္တရက “အကယ်၍ UNHCR လုံးလုံး မထားနိုင်ဘူးဆိုရင်လည်း မလေးရှား အစိုးရအနေနဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဒုက္ခသည်များကို work permit ထုတ်ပေးထားရင်တော့ ပိုပြီးတော့ ကောင်းမယ်ပေါ့နော်။ အဲဒါဆိုရင် ဘာပဲပြောပြော အစိုးရနဲ့ ဒီဘက်က မြန်မာဒုက္ခသည်တွေရဲ့ community တွေ ပူးပေါင်းပြီးတော့ အလုပ်လုပ် လိုက် ရင် သူ့ဟာနဲ့သူ အဆင်ပြေသွားတာပဲ။ မလေးရှားအစိုးရလည်းပဲ တစ်ဖက်က work permit ထုတ်ရင် သူတို့နိုင်ငံရဲ့ အလုပ်ရုံတွေ၊ စက်ရုံတွေမှာ အလုပ်သမားအားဖြင့် မရှိဘူးပေါ့။ အဲဒီတော့ အဲဒီလူတွေကို work permit ထုတ်ပေး သောအားဖြင့် အလုပ်ရုံတွေ၊ စက်ရုံတွေ၊ ရော်ဘာခြံတွေ၊ စားသောက်ဆိုင်တွေမှာ သူတို့ကို ထည့်ပေးလိုက်ရင် မလေးရှား အစိုးရအတွက်လည်း အကျိုးရှိသွားမယ်၊ ဒုက္ခသည်တွေအတွက်လည်း အကျိုးရှိသွားမယ်” ဟု မိန့်ကြား သည်။

ထို့နောက် မလေးရှားအစိုးရနှင့် UNHCR တို့အကြား မည်သို့သော ကိစ္စရပ်များ၊ ပြဿနာများရှိသည်ကို မသိရှိ သော်လည်း မလေးရှားအစိုးရ၊ UNHCR နှင့် မလေးရှားရှိ အဖွဲ့အစည်းများ ပူးပေါင်းကာ ဆွေးနွေး အဖြေရှာသင့် ကြောင်း ၎င်းက ဆက်လက် မိန့်ကြားပြောသည်။

၂၀၁၈ ခုနှစ်က မလေးရှား UNHCR ရုံးကို မြန်မာများ ဆန္ဒပြနေစဉ်

မလေးရှားအစိုးရအနေဖြင့် နိုင်ငံ၏ အမျိုးသားလုံခြုံရေးအရ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ဒုက္ခသည် အရေးကိုလည်း ပြန်ကြည့်သင့်ကြောင်း၊ UNHCR ရုံးအား ပိတ်သိမ်းရန်မှာ မလွယ်ကူလှကြောင်း ရခိုင်ဒုက္ခသည် များ ဗဟို(CAR) မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်သည်။

၎င်းက “ကိုဗစ်ကာလတုန်းက အလွန့်အလွန် အခက်အခဲကြတယ်။ တစ်နိုင်ငံလုံး lockdown ချလိုက်တယ်။ ချ လိုက်တော့ သူတို့နိုင်ငံသားတွေကိုတော့ အစိုးရက ထောက်ပံ့ကြေး ပေးထားတယ်။ ဦးဇင်းတို့ ဒုက္ခသည်တွေ ရှိ တယ်။ သူတို့ကို ဘယ်သူမှ မသိကြဘူး။ အလုပ်လည်း မရှိကြတော့ ဒုက္ခအရမ်းကျရောက်တယ်။ တိုင်းရင်းသား community အဖွဲ့တွေရှိတဲ့ အခါကျတော့ သူတို့ အဖွဲ့အစည်းတွေနဲ့ သူတို့လူတွေကို သူတို့ဟာ သူတို့ ထောက်ပံ့ပြီး တော့ စားနပ်ရိက္ခာတွေချပေး၊ ဆေးဝါးတွေချပေး။ နောက်တစ်ခုက ကိုဗစ်ကာလတုန်းက ဒုက္ခသည်သမားတွေ “O” သမားတွေကို ဆေးမထိုးပေးဘူးဆိုပြီး ပြောပါတယ်။ ပြောတဲ့အခါကျတော့ UNHCR ကတ် ကိုင်ထားတဲ့ သူရယ်၊ ပတ်စပို့စ် ရှိတဲ့သူ၊ သူတို့နိုင်ငံသားပဲ ဆေးထိုးပေးမယ်ဆိုတော့ ဦးဇင်းတို့နဲ့ တစ်ခေါက် အငြင်းပွားကြပါ တယ်။ ၃ ရက် ၄ ရက် လောက်ကြာတော့ ဦးဇင်းတို့ ဆွေးနွေးပြီးတော့ အဲဒါထွက်လာတယ်။ တစ်နိုင်ငံလုံးရှိသမျှ လူတွေအားလုံး နိုင်ငံခြားသား “O” သမားများ အကုန်လုံးဆေးထိုးဆိုပြီးတော့”ဟု မိန့်သည်။

မလေးရှားနိုင်ငံတွင် UNHCR ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည့် မြန်မာ ၂ သိန်းနီးပါး ရှိကြောင်း၊ ဒုက္ခသည် ကတ် မရှိသည့် မြန်မာ အများအပြား ရှိကြောင်း၊ UNHCR ရုံး အမှန်တကယ် ပိတ်လိုက်ပါက ထို ၂ သိန်း နီးပါးသည် ဒုက္ခရောက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

Wave Money အသုံးပြုမှု မှတ်ပုံတင်ယူခိုင်းခြင်းက လုံခြုံမှုအတွက်ကောင်းဟုပြော

By CNI
CNI
Category: Watch TV
Hits: 632

Share
Tweet
Share
Share
powered by social2s

စစ်တွေမှတဆင့် ကုန်သွယ်နေရ၍ ရေထွက်ကုန်များ ဈေးကောင်းမရ

By CNI
CNI
Category: Watch TV
Hits: 532

Share
Tweet
Share
Share
powered by social2s

ကြံတစ်တန်ကို ကျပ် ၉၀၀၀၀ အထိ ပေးဝယ်လာ

By CNI
CNI
Category: Watch TV
Hits: 644

Share
Tweet
Share
Share
powered by social2s

စာချုပ်ပါ အလုပ်မဟုတ်၍ ထွက်မည်ဆိုသဖြင့် အလုပ်ရှင်မှ ဘတ် ၄ ထောင်တောင်း

By CNI
CNI
Category: Watch TV
Hits: 554

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်

စစ်တွေမှတဆင့် ကုန်သွယ်နေရ၍ ရေထွက်ကုန်များ ဈေးကောင်းမရ

By CNI
CNI
Category: စီးပွားရေး
Hits: 1589

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉

မောင်တောနယ်စပ် ကုန်သွယ်ရေးသို့ သွားရာလမ်းကြောင်းကို ကန့်သတ် ပိတ်ပင်ထားသည့်အတွက် မောင်တော ကုန်သည်များသည် စစ်တွေနယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်ပို့နေရခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေ သည်ဟု ကုန်သည်များထံမှ သိရသည်။

မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရာတွင် အချိန် ၁ နာရီခန့်သာ ကြာမြင့်သော်လည်း စစ်တွေမှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရာ၌ ၁၀ နာရီခန့် ကြာမြင့်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများသည် ပျက်စီးမှု၊ အရည်အသွေး ကျဆင်းမှုများနှင့် ကြုံတွေ့နေရပြီး ဈေးကောင်းမရဘဲ ဖြစ်နေသည်ဟု မောင်တောကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တွေကနေသွားရင် ၁၀ နာရီလောက် ကြာတာပေါ့၊ စစ်တွေကနေ ဘင်္ဂလားကို။ မောင်တောနဲ့ကျတော့ ၁ နာရီ ပတ်ချာလည်ပေါ့။ အချိန်အများကြီး ပေးလိုက်ရတဲ့အတွက် ကြားထဲမှာ ရေခဲရိုက်ထားတဲ့ ငါးတွေ ဖြစ်တဲ့ အတွက် ရေခဲပျော်တာတို့၊ ငါးကွာလတီ ကျသွားတာပေါ့ အဓိကကလေ။ ကုန်တွေ ကွာလတီကျပြီးတော့ ဟိုဘက် မှာ ဈေးမရတာတို့ ဖြစ်တာပေါ့။ အဲဒါလေးတွေ ဖြစ်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွင် ရေချိုငါး တစ်မျိုးဖြစ်သည့် ငါးမြစ်ချင်းသည် အဓိကကုန်စည် ဖြစ်ပြီး အများဆုံး တင်ပို့မှုရှိနေကြောင်း သိရသည်။

ပြီးခဲ့သည် ဇူလိုင်လတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးမှတဆင့် ငါးမြစ်ချင်း တန်ချိန် ၉၀၀ ကျော် တင်ပို့ ထားနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိကုန်သည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်

လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်၍ မရခြင်းကြောင့် စစ်တွေမှတဆင့် ငါးမြစ်ချင်းများ ကို တင်ပို့နေရပြီး အရည်အသွေး ကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း၊ သို့သော်လည်း ကုန်သည်များသည် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သည်နှင့် စာချုပ်ချုပ်ဆိုထားပြီ ဖြစ်သည့်အတွက် မဖြစ်မနေ တင်ပို့နေရခြင်း ဖြစ်သည်ဟု ကုန်သည်ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သက်ရောက်မှုကတော့ အရှုံးပေါ်ကြတာပေါ့နော်။ မဖြစ်မနေနဲ့ ဟိုဘက်က ကုန်အမှာစာ ရောက်တာနဲ့ မပို့မဖြစ် ပို့နေရတာပေါ့။ ပို့နေရတော့ အကျိုးအမြတ် မရှိဘူးပေါ့။ ဒီလမှာ ကုန်သည်တစ်ယောက် တန်ချိန် ၅၀၀ စာချုပ် ချုပ်ထားတယ်။ ဟိုဘက်မှာ ၅၀၀ ပြည့်အောင်တော့ ပို့ပေးရတာပဲလေ။ မကိုက်ရင်လည်းပို့၊ ကိုက်ရင်လည်း ပို့။ ကွာလတီကျပြီး ဟိုဘက်ရောက်ရင် ဈေးနှိမ်တာတို့၊ အရင်တုန်းက ဘယ်ဈေးနဲ့ ပြောထားတယ်၊ ဒါပေမယ့် ဘယ်လောက်ကြာသွားလို့ ငါးနာသွားလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ ဒီပုံစံတွေနဲ့ ဈေးချတာတို့ ကြုံရတာပေါ့” ဟု ပြောသည်။

မောင်တောကုန်သည်များ အနေဖြင့် စစ်တွေမှတဆင့် ကုန်သွယ်ရာတွင် အကျိုးအမြတ် နည်းပါးနေခြင်းကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းကြောင်းကို ယခုအတိုင်း ဆက်လက် ကန့်သတ်ထားမည် ဆိုပါက ကုန်သွယ်မှု ရပ်တန့်ထားရတော့မည်ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ထိုသို့ ကုန်သွယ်ရာတွင် မောင်တောကုန်သွယ်ရေး၌ စက်လှေငယ်များဖြင့် ကုန်သွယ်နေကြသော်လည်း စစ်တွေ နယ်စပ် ကုန်သွယ်ရေးမှာတော့ စက်လှေကြီးများနှင့် သင်္ဘောကြီးများကို အသုံးပြု၍ လုပ်ဆောင်နေခြင်းကြောင့် အဆိုပါ စက်လှေနှင့် သင်္ဘောအတွင်း ကုန်စည်မပြည့်မချင်း စောင့်ဆိုင်းနေရသည်။

ထို့အပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍လည်း ကုန်သွယ်နေရခြင်းကြောင့် ရာသီဥတု ဆိုးရွားသည့် ရက်များ တွင် ၁ ရက်၊ ၂ ရက်ခန့် စောင့်ဆိုင်းပြီးမှသာ ကုန်သွယ်ကြရသည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်း ချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ဘက်က အခက်အခဲကတော့ သင်္ဘောနဲ့ သွားရတယ်။ စက်လှေတွေနဲ့ သွားရတယ်ဆိုတော့ စက်လှေက သေးသေးနဲ့ မရဘူး။ အနည်းဆုံး တန် ၅၀၊ ၁၀၀။ စက်လှေအကြီးကြီးတွေ လိုတာပေါ့နော်။ စက်လှေ သေးတယ်ဆိုရင် ပင်လယ်ပြင်မှာ ဖြတ်လို့မရဘူးလေ။ မောင်တော နယ်စပ်ဘက်ကျတော့ စက်လှေအသေးနဲ့ တန် ၅၀ ပါပါ ဘယ်လောက်ပါပါ ပို့လိုက်လို့ ရတယ်လေ။ ကျနော်တို့ ဘက်ကျတော့ သင်္ဘော တန် ၁၀၀ လောက်မှ မပါ ဘူးဆိုရင် သွားလို့မရဘူး စက်လှေတွေကလေ။ ဆိုတော့ ကျနော်တို့ဘက်က အခက်အခဲက ဒီနေ့ဆိုရင် ရာသီဥတု က မကောင်းဘူး။ ရာသီဥတု မကောင်းတော့ ပင်လယ်ပြင်မှာ လှိုင်းတွေ၊ လေတွေ ကြီးတယ်။ လှိုင်းတွေကြီးတော့ ကျနော်တို့ဘက်က သွားလို့မရဘူး။ တစ်ရက်၊ နှစ်ရက်လောက် စောင့်ရဦးမယ်။ လှိုင်းလေတွေ ငြိမ်သက်တဲ့အခါမှ ဖြတ်ရမယ် ကျနော်တို့အနေနဲ့။ အဲလိုအခက်အခဲတွေတော့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ ခြင်းကြောင့် မောင်တောနယ်စပ်သို့ ကုန်တင်ပို့ရာ လမ်းကြောင်းကို စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး အကန့် အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။

လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးသို့ ကုန်စည်များ ဝင်ရောက်မှု ရပ်တန့်နေပြီး ရောက်နှင့်ပြီးသား ကုန်စည်များကိုသာ တင်ပို့နေရကြောင်း၊ စစ်တွေနယ်စပ် ကုန်သွယ်ရေးတွင် ငါးမြစ်ချင်း၊ ကွမ်းသီး၊ ငါးခြောက်၊ ဇီးယို စသည်တို့ကို တင်ပို့လျက်ရှိပြီး ငွေလွှဲရာတွင် အခက်အခဲရှိနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်တင်သွင်းသည့်ကုန်သည် မရှိသလောက် ဖြစ်နေကြောင်း ကုန်သည်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်ကိုင်းနှင့် မကွေးတို့တွင် နယ်မြေမတည်ငြိမ်၍ မြန်မာ့သနပ်ခါးအတုံး ဈေးကွက်ပျက်

By CNI
CNI
Category: Watch TV
Hits: 595

Share
Tweet
Share
Share
powered by social2s
မြစ်ဆုံဒေသက ရွှေတူးဖော်နေမှုကို မြင်တွေ့ရစဉ်

ကချင်ပြည်နယ်တွင် တရားမဝင် ရွှေတူးနေသူများကို အရေးယူဆောင်ရွက်မည်ဟုပြော

By CNI
CNI
Category: စီးပွားရေး
Hits: 913

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈

ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရားမဝင် ရွှေတူးဖော်နေသူများကို တရားဥပဒေအရ ဖမ်းဆီးအရေးယူ သွားမည်ဟု ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ လုပ်ကွက်များကို တရားဝင် တူးဖော်ခွင့် မပေးထားကြောင်း၊ ၎င်းကိစ္စများကို အစိုးရမူဝါဒအတိုင်း သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက “ကျနော်တို့ဘက်ကတော့ မပေးပါဘူးဗျ၊ အစိုးရအနေနဲ့ကတော့ တရားဝင် လုပ်ကွက်ကလွဲရင် ကျနော်တို့မပေးဘူး။ အဲ့ကိစ္စတွေကလေ နိုင်ငံတော်ရဲ့မူဝါဒ အတိုင်းပဲ သွားပါတယ်။ ခိုးပြီး တူးနေတဲ့ ခိုးပြီးကျင်နေတဲ့ ကိစ္စတွေတော့ရှိတာပေါ့၊ အဲဒါမျိုးကြတော့ ဒီတရားဥပဒေအရ အရေးယူဖို့ ဖမ်းဖို့ လုပ်ပါတယ်” ဟုပြောသည်။

လက်ရှိ မြစ်ဆုံဒေသတွင် တနိုင်တပိုင်ဖြင့် ရွှေတူးဖော်နေခြင်းမျိုးမဟုတ်တော့ဘဲ စက်ယန္တရားများဖြင့် ရွှေတူးဖော် နေကြောင်း တန်ဖဲမြစ်ဆုံဒေသခံကန့်ကွက်သူများအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြစ်ဆုံဒေသက ရွှေတူးဖော်နေမှုကို မြင်တွေ့ရစဉ်

၎င်းက “အခုနောက်ပိုင်းကျတော့ သူတို့ အဲ့မှာ တစ်ခါတည်း လုံခြုံရေးတွေထားပြီးတော့ ခြံခတ်ထားတာပေါ့နော်၊ အကာအရံတွေ လုပ်ထားတယ်ဆိုတော့ အဲ့မှာဘယ်သူမှ မေးလို့လည်းမရဘူး၊ ဝင်လို့လည်း မရဘူးဆိုတော့ အဲ့ဒီ အထဲမှာက ဘယ်လောက် အခြေအနေ ဆိုးသွားပြီလဲ၊ ဘယ်လောက်ထိ ရောက်သွားပြီလဲ ဆိုတာကြတော့ ဘယ်သူ မှ မသိနိုင်ဘူး။ သူတို့က ဘတ်ဖိုးတွေ အများကြီးနဲ့ တူးနေတယ်ဆိုတာတော့ ဒါတော့ သေချာတယ်” ဟု ပြောသည်။

ယခင်က ရွှေတူးဖော်မှုကို ရှေးနည်းအတိုင်း လက်ဖြင့်သာ တပိုင်တနိုင် ရွှေကျင်ကြသော်လည်း ယခုနောက်ပိုင်း မှာတော့ လောပန်း (လုပ်ငန်းရှင်သူဌေး) အချို့သည် မြေနေရာများကို အခကြွေးငွေပေး ငှားရမ်းကာ စက်ယန္တရား များအသုံးပြု၍ စီးပွားဖြစ် ရွှေတူးဖော်နေကြောင်း သိရသည်။

ထို့ကြောင့် ကန့်ကွက်စာများ တင်သော်လည်း ထိရောက်မှု သိပ်မရှိကြောင်း၊ ရေရှည်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သလို စားဝတ်နေရေးအတွက်ပါ စိုးရိမ်စရာများ ဖြစ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မချမ်းဘောမြို့နယ် ၊ဆွမ်ဘရာဘွမ်မြို့နယ်၊ ရှင်ဗွေယန်မြို့နယ်၊ မိုးမောက်မြို့ နယ်၊ ရွှေကူမြို့နယ် စသည့် မြို့နယ် ၆ ခုတွင်းမှာ ကုမ္ပဏီ ၁၈ ခုကို အသေးစားလုပ်ကွက် ၅၈ ကွက်နှင့် လက်လုပ် လက်စား လုပ်ကွက် ၂ ကွက်အား ရွှေတူးဖော်နိုင်ရေး ၂၀၁၉ ခုနစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လုပ်ကွက် မည်မျှ ချပေးထားကြောင်းနှင့် မည်သည့် ကုမ္ပဏီများ လုပ်ကိုင်ခွင့် ရရှိနေသည်ကိုတော့ မသိရဘဲ ဖြစ်နေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ့သနပ်ခါး

စစ်ကိုင်းနှင့် မကွေးတို့တွင် နယ်မြေမတည်ငြိမ်၍ မြန်မာ့သနပ်ခါးအတုံး ဈေးကွက်ပျက်

By CNI
CNI
Category: စီးပွားရေး
Hits: 1480


CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈

မြန်မာ့သနပ်ခါး အများဆုံး စိုက်ပျိုးထွက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နယ်မြေ မတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် သနပ်ခါးအတုံး ဈေးကွက်ပျက်နေကြောင်း မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း ရောင်းအားနှင့် ဝယ်အားများမှာ သိသိသာသာ ကျဆင်းနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် သနပ်ခါးအတုံးများအား ဈေးလျှော့ရောင်းသည်ကိုပင် ဝယ်ယူမှု နည်းပါးကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဗဟိုပြန်ကြားရေးမှူး ဦးမျိုးဝင်းသန့်က CNI သို့ ပြောသည်။

၎င်းက “စစ်ကိုင်းဘက်မှာလည်း ခက်ခက်ခဲခဲနဲ့ ဈေးကွက်ကို ရုန်းထွက်နေရတဲ့ အပိုင်းတွေ တွေ့ရတယ်။ မကွေး လည်း မအေးချမ်းဘူးပေါ့။ ၂ တိုင်းလုံးပဲ ပြောပါတော့။ ခေတ်ကောင်းစဉ်ကာလလိုတော့ မဟုတ်ဘူးပေါ့။ ခေတ် ကာလအရ ဈေးကွက်ကို အနှောင့်အယှက် ဖြစ်သွားတဲ့ဟာလေးတွေ အတားအဆီး ဖြစ်သွားတဲ့ဟာလေးတွေ ရှိတဲ့အတွက် ဈေးကွက်ပျောက်သွားတာမျိုးလည်း ဖြစ်နေတာပေါ့လေ။ သနပ်ခါးထမ်းပြီးတော့ သွားရောင်းချင်တဲ့ လူလည်း သိပ်မလုံခြုံတဲ့ အပိုင်းတွေရှိတယ်။ နောက်ခါကျ မသွားရဲ မလာရဲတာလေးတွေ ရှိတယ်။ ဈေးကွက် ချဲ့ထွင်ဖို့အတွက်ကို အနေအထားက တိုင်း ၂ တိုင်းလုံးမှာ နည်းနည်းလေး ဈေးကွက်ပျက်နေတဲ့ အနေအထားလေး တွေ တွေ့ရတယ်ပေါ့။ အရင်တုန်းကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဈေးကွက်တွေ တော်တော်ကောင်းခဲ့ တယ်။ တော်တော်ကောင်းခဲ့တယ်ဆိုတာက ၉၅၊ ၉၀ ရာခိုင်နှုန်းလောက်ကို ဈေးကွက်အနေအထား ခိုင်မာခဲ့တယ်။ နောက်တစ်ခုကကျ ပွဲတော်တွေလည်း အများကြီးရှိတယ်။ သနပ်ခါး ဈေးကွက်က စစ်ကိုင်းနဲ့မကွေးမှာ ထွက် မရောင်းဘဲနဲ့တောင်မှ ဝယ်လိုအားအရ အဓိက ရေစကြိုတို့၊ ပခုက္ကူတို့၊ မြိုင်တို့၊ အရာတော်တို့ အဲဒီလိုတွေ အထိကို နယ်ပွဲစားတွေကိုယ်တိုင် တက်ပြီးတော့ လာဝယ်ရတဲ့ အနေအထားတွေ ရှိတာပေါ့။ အခု အဲဒီလို ပွဲစားတွေ ကိုယ်တိုင်က လာဝယ်ဖို့ နေနေသာသာ လှမ်းမှာတာတောင်မှ ရာခိုင်နှုန်းတော်တော်ကျသွားတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်းတွင် မြန်မာ့သနပ်ခါးအတုံးအစား သနပ်ခါးဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများကိုသာ ဝယ်ယူ အသုံးပြု လာကြခြင်း၊ သနပ်ခါးတစ်တုံးလျှင် အချိန်ကာလအားဖြင့် ကြာမြင့်စွာ အသုံးခံခြင်းတို့ကြောင့် ဝယ်ယူသူ နည်းပါး လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့သနပ်ခါးအတုံးများသည် ဈေးတွင် ရောင်းချမှုမှာ နည်းပါးပြီး ပွဲတော်ရက်များနှင့် ခရီးသွားများကိုသာ အဓိက မှီခိုအားထားနေရသည့် လုပ်ငန်းတစ်ခုဖြစ်ကာ လက်ရှိတွင် ပွဲတော်များမှာလည်း မရှိသည့်အတွက်ကြောင့် မြန်မာ့သနပ်ခါးရောင်းချသူများမှာ ဈေးကွက်ပျောက်နေကြကြောင်း သိရသည်။

ရွှေဘိုတွင် သနပ်ခါးရောင်းချသူ မမိုး(အမည်လွှဲ)က “ဝယ်ရတာလည်း ခက်တယ်ရှင့်။ သနပ်ခါးက နယ်က အများဆုံးထွက်တာ‌လေ။ အခု အဲဒီဘက်တွေက မအေးချမ်းဘူးဆိုတော့ ဝယ်ဖို့ဘာညာကြလည်း သွားလာရတာက အခြေအနေကြည့်ပြီးမှ သွားရတာ။ တစ်ခါတစ်လေဆိုရင် သွားပြီးမှ လမ်းအခြေအနေ မကောင်းလို့ ပြန်လာရ တဲ့ဟာတွေ အဲဒီလိုမျိုးလည်း ရှိတယ်။ညီမတို့ဆီကျတော့ ဈေးကွက်က အခုလောလောဆယ်တော့ လမ်းပန်း ဆက်သွယ်ရေးမကောင်းတာတွေကြောင့် တအားကြီး ထင်သလောက်တော့ မရောင်းရဘူးပေါ့။ အရင်တုန်းက ကျတော့ သူ့ဟာနဲ့သူ ရောင်းရတယ်။ အရောင်းအဝယ်ပါးတာ ကြာပြီ။ ခါတိုင်းဆို ဒီရက်တွေဆိုရင် ပွဲတော်တွေ လည်း ရှိတယ်လေ။ ပွဲတော်တွေရှိတဲ့အခါကျတော့ ဘုရားဖူးတွေဘာတွေက ဝင်ဝယ်ကြပေါ့ အဲဒီလို။ အခုကျ ဘုရားဖူးလည်းမလာဘူး။ ခရီးအသွားအလာနည်းတယ်ပေါ့။ အဲဒီတော့ အရောင်းအဝယ ပါးတယ်”ဟု သူက ပြောသည်။

မြန်မာ့သနပ်ခါးအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်

စစ်ကိုင်းနှင့် မကွေးတို့မှ ထွက်ရှိသည့် မြန်မာ့သနပ်ခါးအတုံးများအား ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင် ပြည်နယ်တို့မှ အဓိကဝယ်ယူကာ ပြန်လည်ရောင်းချခြင်းဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့က ဝယ်ယူမှု ပိုမိုများပြားကာ လက်ရှိမှာ အဆိုပါဒေသများမှ ဝယ်ယူမှုမှာ ယခင်ပုံမှန်ကာလများထက် ပိုမိုနည်းပါးသွားသည့် အတွက် ဈေးကွက်ပျက်နေခြင်းဖြစ်ကြောင်း ဗဟိုပြန်ကြားရေးမှူး ဦးမျိုးဝင်း သန့်က CNI သတင်းဌာနသို့ ပြောသည်။

“ရခိုင်မှာဆိုရင် အနည်းဆုံး ၄၀ ရာခိုင်နှုန်းလောက် ပြုတ်ကျသွားပြီ။ အရင်တုန်းက ရခိုင်မှာဆိုရင် ၁၀၀ ရောင်းရ တယ်ဆိုရင် အခု ၆၀ လောက်ပဲ ရောင်းရတော့တယ်။ ၆၀ ရာခိုင်နှုန်းလောက်ပဲ ရခိုင်မှာရှိတော့တဲ့ အနေအထား ဖြစ်သွားတယ်။

ဧရာဝတီလည်း မကွာဘူး။ အနေအထားကတော့ ၇၀ ရခိုင်နှုန်းလောက်ပဲရှိမယ်။ ရန်ကုန်တိုင်းဆို ၅၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ဈေးကွက်အနေနဲ့က ဒီသနပ်ခါးအနေနဲ့ ခိုင်မာတဲ့ ဈေးကွက်တစ်ခုတော့ ရှိသင့်တာ ပေါ့။ ဒါပေမယ့် အခုအနေအထားက နည်းနည်းလေး ငွေသုံးနိုင်တဲ့အားက နည်းနည်းလေး နည်းနေကြတဲ့ အပိုင်း တွေလည်း ပါတာပေါ့။ အရင်တုန်းကရောင်းချသူအပိုင်းမှာ တော်တော်များများက အုန်းအုန်းကျွက်ကျွက်နဲ့ ဘုရား တန်ဆောင်း၊ ကျောင်းတန်ဆောင်း၊ ဈေးကြီး၊ ဈေးလေးကမကျန်၊ ပျံကျဈေးတွေပါအပါပေါ့။ အဲဒီလို အုန်းအုန်း ကျွက်ကျွက်နဲ့ပဲ အရောင်းအဝယ်တွေ ကောင်းခဲ့ကြတယ်။ အခုမှာကကျ ဘာတွေနည်းနည်းလေးရှိလဲဆိုတော့ အဲဒီလောက်ကြီး ရောင်းနိုင်တဲ့ အနေအထား မတွေ့ရဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ အဓိကက ဝယ်လိုမှုမရှိလို့ ပေါ့”ဟု ၎င်းကပြောသည်။

နယ်မြေအနေအထားအရ အေးချမ်းစပြုလာပါက မြန်မာ့သနပ်ခါးအတုံးဈေးကွက်သည် ပြန်လည် ဦးမော့လာ နိုင်ပြီး ဆက်လက်၍ နယ်မြေအနေအထား မအေးချမ်းပါက ပြန်လည်ဦးမော့ရန်မလွယ်ကူကြောင်း ရောင်းချသူ များက ပြောသည်။

လက်ရှိတွင် အရှည် ၆ လက်မ အကျယ် ၂ လက်မရှိသည့် သနပ်ခါးတစ်တုံးလျှင် ၂၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဈေး ပေါက်သော်လည်း သနပ်ခါးအတုံးအမျိုးအစားပေါ်မူတည်ကာ ဈေးနှုန်းကွာခြားချက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် သနပ်ခါးစိုက်ဧကမှာ သုံးသိန်းဝန်းကျင်ခန့်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း စိုက်ဧက အများအပြား ရှိကြောင်း သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ့ကြံချောင်းများကို‌ တွေ့ရစဉ်(ပုံ-Getty Images)

ကြံတစ်တန်ကို ကျပ် ၉၀၀၀၀ အထိ ပေးဝယ်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 1331

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈

၂၀၂၂ -၂၀၂၃ ခုနှစ် ကြံခုတ်ရာသီအတွက် ကြံတန်ချိန် တစ်တန်လျှင် ငွေကျပ် ၉၀,၀၀၀(ကိုးသောင်း) အထိ သကြား စက်ရုံများက ဈေးပေး၍ ဝယ်ယူလာကြကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လက ကြံတစ်တန်လျှင် ၈၀၀၀၀(ရှစ်သောင်း)ကျပ်ဖြင့် ဝယ်ယူမည်ဟု သကြားစက်ရုံများမှ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိ ပြည်တွင်းသကြားဈေးနှုန်း မြင့်တက်မှုနှင့် ကြံစိုက်တောင်သူများ ကြံစိုက်ပျိုးမှု တိုးမြင့်လာစေရန်အတွက် ကြံဈေးနှုန်းကို တိုးမြှင့်ဝယ်ယူခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက် တောင်သူ ဦးမောင်ဆွေ က CNI သတင်းဌာနသို့ ပြောသည်။
ဦးမောင်ဆွေက “ကြံတစ်တန်ကို ၉၀၀၀၀(ကိုးသောင်း)။ ၁၀၀၀၀(တစ်သောင်း) ထပ်တက်တာပေါ့နော်။ လက်ရှိ သကြားဈေး အခြေအနေရယ်၊ သကြားဈေးရဲ့ ဈေးကွက် အနေအထားရယ်၊ လက်ရှိ ကြံထွက်နှုန်းရယ်၊ ကြံ တောင်သူတွေ ထပ်တိုးအောင်၊ ကြံတောင်သူလည်း ကိုက်အောင်လို့ ပေးနိုင်သလောက် ပေးတာပေါ့နော်။ တခြားစက်ရုံတွေကလည်း ပေးမှာလို့ ပြောတယ်။ တရားဝင်တော့ မကြေညာသေးဘူးပေါ့နော်” ဟု သူက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းရယ်သကြားစက်ရုံနှင့် ငွေရည်ပုလဲသကြားစက်ရုံများက ကြံတစ်တန်လျှင် ကျပ် ၉၀,၀၀၀(ကိုးသောင်း) ဈေးနှုန်းဖြင့် ဝယ်ယူမည်ဟု အသိပေးလာသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂရိတ်ဝေါ - ဝေမာ သကြားစက်ရုံတွင် တရားဝင်ကြေညာလာခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကြံစိုက်တောင်သူများအနေဖြင့် ကြံတစ်တန် ၈၀၀၀၀(ရှစ်သောင်း)ဈေးနှုန်း ဖြစ်သည့် အချိန်တွင် ဂရိတ်ဝေါ - ဝေမာ သကြားစက်ရုံဖြင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သော်လည်း လက်ရှိ ကြံဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ကြံတစ်တန် ၉၀၀၀၀(ကိုးသောင်း) ရရှိရန်အတွက် တောင်းဆိုသွားမည်ဖြစ်သည်ဟု ကသာမြို့မှ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

လုပ်သားများမှ ကြံများကို သယ်ဆောင်လာစဉ်(ပုံ- Getty Images)

“ဝေမာနဲ့လည်း စာချုပ်ချုပ်ပြီးပြီ။ စာချုပ်က ၈၀၀၀၀(ရှစ်သောင်း) ဆိုတော့ တောင်သူတွေကလည်း တခြားစက်ရုံ က ၉၀၀၀၀(ကိုးသောင်း)ပေးတဲ့အတွက် ကျနော်တို့ ၉၀၀၀၀(ကိုးသောင်း) ပေးဖို့အတွက် တောင်းဆိုနေတယ် ပေးမယ်လို့တော့ ယုံကြည်တာပေါ့နော်။ ပေးလည်း ပေးမယ်လို့တော့ ကြားနေတာပေါ့နော်။ ဝေမာကတော့ နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့အတွက် တရားဝင်တော့ အကြောင်းမပြန်သေးဘူးပေါ့နော်။ တရားဝင်တော့ မထုတ်ပြန် သေးဘူး။ တောင်သူကတော့ ၉၀၀၀၀(ကိုးသောင်း) ဖြစ်တဲ့အတွက် ၉၀၀၀၀(ကိုးသောင်း) ပြန်တောင်းဆိုမှာ ပေါ့နော်” ဟု CNI သို့ ပြောသည်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် ကြံရာသီတွင် ကြံတစ်တန်ကို ၆၅၀၀၀(ခြောက်သောင်းငါးထောင်)ကျပ်သာ ရရှိခဲ့သော် လည်း ယခုနှစ်တွင် သကြားဈေးနှုန်း မြင့်တက်နေခြင်းနှင့် သွင်းအားစုစရိတ် မြင့်တက်နေခြင်းကြောင့် ကြံဈေးနှုန်း သည်လည်း မြင့်တက်လာခြင်းဖြစ်သည်။

ထို့နောက် သကြားစက်ရုံများအနေဖြင့် ကြံစိုက်မျိုးမှု ပို၍တိုးပွားလာစေရန်အတွက် ကြံစိုက်တောင်သူများကို ကြိုတင်ငွေများ ထုတ်ပေးသည့်အစီအစဉ်များ လုပ်ဆောင်နေသည်ဟု ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

“ကြိုထုတ်ပေးမယ် ကြိုထုတ်ဖို့ အစီအစဉ်ဆွဲနေကြတယ်။ ပေးဖို့ရှိတယ် ပိုက်ဆံ ၃ သိန်း၊ မြေဆီက တစ်သိန်းဖိုး ပေါ့။ တစ်ဧကရဲ့ ဈေးနှုန်းပေါ့။ ဝေမာလည်း ပေးမယ်ပြောတယ်။ အဲဒါမှလည်း ပိုစိုက်ကြမှာပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှာ ကြံကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အနည်းငယ်စိုက်ပျိုးကာ တစ်နှစ်လျှင် ကြံတန်ချိန် ၅ သိန်း ဝန်းကျင် ထွက်ရှိလျက်ရှိကြောင်း၊ ယခုနှစ်တွင် ပြည်တွင်းသကြားလက်ကျန်နည်းပါးနေခြင်းနှင့် ပြည်ပနိုင်ငံမှ သကြားဝင်ရောက်မှုမရှိခြင်းကြောင့် ပြည်တွင်းသကြားဈေးနှုန်းသည် စံချိန်တင် မြင့်တက်လျက် ရှိသည်။

သကြား ၁ ပိဿာဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် ၁၀၀၀ ကျပ်ဝန်းကျင်သာ ဈေးနှုန်းရရှိခဲ့သော်လည်း လက်ရှိတွင် ၁ ပိဿာလျှင် ၂၂၀၀ ကျပ်ထိ ဈေးနှုန်းရရှိသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ငွေဈေးနှုန်း မြင့်တက်မှုကြောင့် Online Shop လုပ်ငန်းများ ခက်ခဲနေ

By CNI
CNI
Category: Watch TV
Hits: 562

Share
Tweet
Share
Share
powered by social2s
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27

Page 23 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar