- By CNI News
- Category: စီးပွားရေး
- Hits: 1605
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁
စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည် ဈေးနှုန်းကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားငွေကြေး ဈေးကွက်မှတဆင့် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထောက်ပံ့မှုကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှ မြန်မာနိုင်ှုံတွင် ဒေါ်လာ ဝယ်ယူရ ခက်ခဲခြင်းနှင့် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၃၀၀၀ ကျော် ဈေးပေါက်နေသည်။
အလားတူ စက်သုံးဆီတွင်လည်း ၉၂ တစ်လီတာလျှင် ၂၆၀၅ ကျပ်ရှိပြီး ၉၅ တစ်လီတာလျှင် ၂၆၇၀ ကျပ် ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1423
CNI International News
ကိုလံဘို၊ ဩဂုတ် ၃၁
ဒေဝါလီခံခဲ့ရသည့် သီရိလင်္ကာစီးပွားရေးကို ကယ်တင်နိုင်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) နှင့် မိမိတို့အစိုးရအဖွဲ့ ဆွေးနွေးနေမှု အခြေအနေမှာ အောင်မြင်လုနီးပါးရှိပြီဟု သီရိလင်္ကာသမ္မတက ထုတ်ဖော်ပြော ကြားလိုက်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ငွေကြေးဖောင်းပွမှုနှုန်းနှင့် အခွန်တိုးမြှင့် ကောက်ခံရန် ကြိုးပမ်းချက်အဖြစ် ပြင်ဆင်ထားသော ဘတ်ဂျက် အနေအထားကို တိုင်းပြည်သို့ တင်ပြစဉ် သမ္မတက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်၊ သမ္မတလည်းဖြစ်သူ ရာနေးလ်ဝီကရီမီဆင်က “၎င်းအစိုးရအနေဖြင့် သီရိလင်္ကာ ချေးငွေ ပြန်ဆပ်ရမည့် နိုင်ငံများနှင့် မကြာခင်မှာ ကြွေးမြီကိစ္စ ညှိနှိုင်းရေး စတင်တော့မည်”ဟု လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။
သီရိလင်္ကာ ပြန်လည်ထူထောင်ရေးအတွက် အချိန်တိုအတွင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီဟု ကြေညာ လိုက်ခြင်းဖြင့် ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်ကို ၎င်းက အာရုံစိုက်၍ ပြောကြားခဲ့သည်။
အမျိုးသားစီးပွားရေး မူဝါဒတစ်ရပ် ချမှတ်နိုင်ဖို့ အနည်းဆုံး ၂၅ နှစ် ကြိုတင်ပြင်ဆင် ရမည်ဖြစ်ကြောင်း ဝီကရီမီဆင်က သတိပေးခဲ့သည်။

သီရိလင်္ကာပြည်သူများ (AP)
IMF အဖွဲ့သည် သီရိလင်္ကာသို့ ရောက်ရှိနေကြပြီး လက်ရှိ ညှိနှိုင်းဆွေးနွေးနေမှုများကို ဩဂုတ် ၃၁ ရက် အဆုံး သတ်ရန် မျှော်လင့်ထားသည်။
IMF ၏ အမှုဆောင်ဘုတ်အဖွဲ့ အနေဖြင့် သီရိလင်္ကာ ကြွေးမြီရှင်များ၏ အာမခံချက် လိုအပ်ကြောင်း၊ ချေးငွေသစ် အစီအစဉ် မစတင်မီ ယခင်ကြွေးမြီဟောင်း ရေရှည်တည်တံ့မှု ပြန်လည်ရရှိဖို့ ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ သီရိလင်္ကာ၏ ပြည်သူ့ကြွေးမြီ ရေရှည်မတည်တံ့ နိုင်တော့သည့် အခြေအနေရှိနေ၍ ဖြစ်ကြောင်း IMF က ပြော ကြားခဲ့သည်။
သီရိလင်္ကာ၏ စုစုပေါင်း ပြည်ပကြွေးမြီသည် ဒေါ်လာ ၅၁ ဘီလီယံကျော်ရှိပြီး ယင်းတို့အထဲမှ ဒေါ်လာ ၂၈ ဘီလီယံ ကို ၂၀၂၇ ခုနှစ်တွင် ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် အလွန်အမင်း နိုင်ငံခြားငွေကြေး ပြတ်လပ်ခဲ့သဖြင့် လောင်စာဆီ၊ ဆေးဝါးနှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ကဲ့သို့ မရှိမဖြစ် အသုံးအဆောင်များ လအတန်ကြာ မရရှိနိုင်ခဲ့ဘဲ စီးပွားရေး အကျပ်အတည်း အဆိုးရွား ဆုံး ရင်ဆိုင်ခဲ့ရသည်။
ယခုနောက်ပိုင်း ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ ပြန်လည်ရရှိခဲ့သော်လည်း လောင်စာဆီ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ ဆက်လက် ပြတ်တောက်နေခဲ့သည်။
Source: AP
- By CNI
- Category: စီးပွားရေး
- Hits: 1150
CNI International News
လန်ဒန်၊ ဩဂုတ် ၃၁
မော်စကိုနှင့် ဘရပ်ဆဲလ် (ဥရောပသမဂ္ဂ-EU) တို့အကြား စီးပွားရေးတိုက်ပွဲ ပိုမိုပြင်းထန်လာခဲ့ပြီး ဥရောပဒေသ တွင်း အချမ်းသာဆုံး နိုင်ငံအချို့တွင် စွမ်းအင်ခွဲတမ်းနှင့် ဆုတ်ယုတ်မှု အလားအလာ များလာခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရသည်။
ထို့နောက် နော့စတွန်းဝမ်း ( Nord Stream 1) ဓာတ်ငွေ့ပိုက်လိုင်း ပြတ်တောက်မှုကြောင့် ဂျာမနီသို့ ဓာတ်ငွေ့ ပို့လွှတ်၍ မရသေးဟု ရုရှားအစိုးရပိုင် ဂက်ပရွမ် (Gazprom) စွမ်းအင်ကုမ္ပဏီက ပြောကြားခဲ့သည်။
Nord Stream 1 ပြုပြင်ထိန်းသိမ်းရေးအတွက် ဓာတ်ငွေ့ ဖြတ်တောက်ထားခြင်းကြောင့် ဩဂုတ် ၃၁ ရက်နေ့ ဂရင်းနစ် စံတော်ချိန် နံနက် ၁ နာရီမှ လာမည့် စက်တင်ဘာ ၃ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၁ နာရီအထိ ဂျာမနီနိုင်ငံသို့ ဓာတ်ငွေ့ပို့လွှတ်နိုင်မည် မဟုတ်ကြောင်း ဂက်ပရွမ်ကုမ္ပဏီ၏ အဆိုအရ သိရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် (GETTY IMAGES)
ဩဂုတ် ၃၁ ရက်တွင် ဥရောပအလယ်ပိုင်း စံတော်ချိန် နံနက် ၄ နာရီမှ ၅ နာရီအထိ Nord Stream 1 ဓာတ်ငွေ့ ပို့ လွှတ်မှု လုပ်ငန်း၏ ဝက်ဘ်ဆိုက်တွင် စီးဆင်းနှုန်းကို သုညအမှတ် ပြသခဲ့သည်။
မော်စကိုသည် အနောက်အုပ်စုနိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လက်တုံ့ပြန်သည့် အနေဖြင့် စွမ်းအင်ရပ်တန့် လိုက်မည်ကို ဥရောပနိုင်ငံများမှ အစိုးရများက စိုးရိမ်နေကြသည်။
ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စွမ်းအင်ထောက်ပံ့ရေး လုပ်ငန်းကို လက်နက် တစ်ခုသဖွယ် အသုံးချနေသည်ဟု အနောက်နိုင်ငံများက စွပ်စွဲခဲ့ကြသည်။ ထိုစွပ်စွဲချက်ကို မော်စကို ကလည်း ငြင်းဆန်ခဲ့သည်။
ဥရောပ ဓာတ်ငွေ့ ရရှိရေးအတွက် ကန့်သတ်ချက်များသည် ယမန်နှစ် ဩဂုတ်လမှ စတင်၍ လက်ကား ဓာတ်ငွေ့ ဈေး ၄၀၀ ရာခိုင်နှုန်းကျော် တက်နေခဲ့သဖြင့် စွမ်းအင်အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာခဲ့သည်။

ရုရှားအစိုးရပိုင် ဂက်ပရွမ် (Gazprom) စွမ်းအင်ကုမ္ပဏီ (GETTY IMAGES)
စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ထိခိုက်နာကျင်စရာ လူနေမှုစရိတ် အကျပ်အတည်း ဖြစ်ပေါ်ခဲ့၍ အဆိုပါ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ရန် အစိုးရများက ငွေကြေးဘီလီယံနှင့်ချီ၍ သုံးစွဲခဲ့ရသည်။
ဂျာမနီနိုင်ငံတွင် ယခု ဩဂုတ်လအတွင်း နှစ်ပေါင်း ၅၀ နီးပါး၌ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးအဆင့် တဟုန် ထိုးတက်သွားခဲ့ရာ အိမ်ထောင်စုအသီးသီးမှာ စွမ်းအင်စရိတ် ဖိစီးလာခဲ့သည်။
ယခု Nord Stream 1 ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းမှု အခြေအနေသည် ယခင်လ၌ ၁၀ ရက်ကြာ ပြုပြင်ထိန်းသိမ်းမှု နှင့် မတူဘဲ လာမည့် သီတင်းနှစ်ပတ်ထက် လျှော့ချ ပို့လွှတ်မည်ဟု ကြေညာထားသည်။ အဆိုပါ ပြုပြင် ထိန်းသိမ်း ရေး လုပ်ငန်းကို ဂက်ပရွမ်ကုမ္ပဏီက မလုပ်ကိုင်ဘဲ Nord Stream AG က ကိုင်တွယ် ဆောင်ရွက်လျက်ရှိသည်။
Nord Stream 1 မှတဆင့် ဓာတ်ငွေ့ပို့လွှတ်နေခဲ့သည့် မော်စကိုသည် ပြီးခဲ့သည့်ဇွန်လတွင် စွမ်းဆောင်ရည်၏ ၄၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်လတွင် ၂၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ၎င်းအနေဖြင့် ပြုပြင်ထိန်းသိမ်းရေး ပြဿနာ များ၊ စက်ပစ္စည်း တပ်ဆင်ရေး အခက်အခဲများက ကြုံနေရကြောင်း အကြောင်းပြခဲ့သည်။
Source: Reuters
- By CNI
- Category: စီးပွားရေး
- Hits: 1226
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၁
ကြက်သွန်စိုက်တောင်သူများ၏ ပုံမှန် ကြမ်းခင်းဈေးမှာ ၄၅၀၊ ၅၀၀ ကျပ်ဝန်းကျင်သာရှိသော်လည်း လာမည့် ဒီဇင်ဘာလ မိုးကြက်သွန်ဈေးကွက်တွင် တောင်သူများ၏ ကြမ်းခင်းဈေးမှာ အနည်းဆုံး ၁၀၀၀ ကျပ်ဝန်းကျင် အထိ ရှိလာနိုင်ကြောင်း ကြက်သွန်အသင်းနှင့် တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မိုးကြက်သွန် စိုက်ပျိုးသည့်အခါတွင် အသုံးပြုရသော သွင်းအားစုနှင့် စက်သုံးဆီတို့ ဈေး အဆမတန် မြင့်တက်မှုတို့ကြောင့် တောင်သူများ၏ ကြမ်းခင်ဈေးမှာ မြင့်လာနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ ပြောသည်။
“အနည်းဆုံးတော့ ၈၀၀၊ ၉၀၀၊ ၁၀၀၀ ကတော့ ဝယ်ရမှာပဲ နယ်မှာ။ လက်ရှိအနေအထားအရ အကုန်လုံးဈေးကြီး နေတာ။ ဒီဇယ်ရော ဓာတ်မြေဩဇာရော ပိုးသတ်ဆေးရော အကုန်ဈေးကြီးနေတာလေ။ဈေးကြီးနေတော့ သူတို့ရဲ့ စိုက်ပျိုးစရိတ်ကလည်း မြင့်မှာပဲ။ အခုဟာက လက်ဖက်ရည်တောင်မှ ၈၀၀၊ ၁၀၀၀ ဖြစ်နေတာ တစ်ခွက်ကို။ ကြက်သွန်ဈေး ဒါလည်း အရမ်းများတယ်လို့ ပြောလို့မရဘူး။ အခုလို နှစ်ဆတက်တာတို့၊ သုံးဆတက်တာတို့၊ ဓာတ်ဆီဆို ငါးဆရှိတယ်။ ကျန်တဲ့ဟာတွေ တက်တာတွေက တချို့ဆို နှစ်ဆရှိတယ်။ တချို့ဆို သုံးဆရှိတယ်။ ဘတ်စ်ကားခကအစ နှစ်ဆလောက်ဖြစ်နေတာ။ အားလုံးကမဖြစ်လို့ တက်ကြတာချည်းပဲ ဖြစ်တာလေ။ ငွေ ဖောင်းပွမှုကြောင့် အဓိကဖြစ်တာပေါ့။ နောက် သယ်ယူပို့ဆောင်ရေး စရိတ်တွေ အကုန်ဈေးကြီးတယ်။ အနေ အထားအရ ရှိသမျှအကုန်တက်နေတာ။ ဒီဟာတစ်ခုတည်း မဟုတ်ဘူး။ အဲဒီလိုအနေအထားအရ အခြေခံ လူတန်းစားခက်မှာပဲ” ဟု ၎င်းက ပြောသည်။
ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များသည် ကိုဗစ်နှင့်ရာသီဥတုအခြေအနေတို့ကြောင့် ၂၀၂၀၊ ၂၀၂၁ ခုနှစ်တို့တွင် ၂ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့ကြသဖြင့် ယခုနှစ် နွေကြက်သွန်စိုက်ပျိုးမှုတွင် စိုက်ဧကလျော့၍ စိုက်ပျိုး ခဲ့ကြပြီးနောက် ဈေးကောင်းရရှိလာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကြက်သွန်များ ပြည်တွင်းလက်ကျန်နည်းနေသဖြင့် ဈေးကွက်ထဲတွင် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိ ပေါက်ဈေးများရှိနေပြီး အချို့နယ်မြေဒေသများတွင် ၄၀၀၀ နီးပါး ဈေးရှိကြောင်းနှင့် ဈေးကျသွားပါက တောင်သူ များ ထပ်မံအရှုံးပေါ်နိုင်ကြောင်း ကြက်သွန်စိုက်တောင်သူ ဦးကိုကိုလေးက CNI သတင်းဌာနသို့ ပြောသည်။
“အခြေခံတောဈေးက ၃၀၀၀ လောက်ဖြစ်သွားပြီကို။ ပြန်ရောင်းတော့ ၃၅၀၀ လောက်နဲ့ ရောင်းတာဆိုတော့။ ကျနော်တို့ တောင်သူသုံးရတဲ့ ကုန်ဈေးနှုန်းကကိုက မြင့်နေတာဆိုတော့ လက်ရှိဈေးနှုန်းထက် ကျသွားပြီဆိုရင် တောင်သူက ထပ်ရှုံးဦးမှာပဲ။ လက်ရှိဖြစ်နေတဲ့ အနေအထားနဲ့ဆို ဒီထက်များမှာပဲ။ များဖို့ပဲသေချာတယ်။ ကြက်သွန်အဟောင်းက ရှေ့နှစ်လဆိုရင် လုံးလုံးပြတ်သွားမယ့်အနေအထားဖြစ်တာကိုး။ ခါတိုင်းက ကြက်သွန် အဟောင်းက ၁၂ လပိုင်းအထိတောင်နေတာကိုး။ ဒီနှစ်ကျတော့ ၁၁ လပိုင်းဆိုရင် တော်တော် အဟောင်း ကြက်သွန်က မကျန်သလောက်ဖြစ်မှာ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်တိုင်းမှာက အဟောင်း ကြက်သွန်က သိန်း ၆၀ လောက်ကျန်မယ်ဆိုရင် ဒီနှစ်မှာက ၂၀ လောက်ပဲ ကျန်မယ်။ ဒါယှဉ်ထိုးပြီး ပြတာပေါ့။ အတိအကျ ရယ်လို့တော့မဟုတ်ဘူးပေါ့”ဟု ၎င်းက ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်ကားအစီးရေ ၂၀ ခန့်ဝင်ရောက်သော်လည်း လက်ရှိ တွင် ကြက်သွန်သည် ပြည်တွင်းလက်ကျန်နည်းသဖြင့် ဈေးကောင်းရရှိနေသည့်အတွက် ပြည်တွင်း ဝယ်လိုအားနှင့် စားသုံးမှုတို့မှာ နည်းပါးလာကြောင်း သိရသည်။
ဈေးကွက်၌ နွေကြက်သွန်များ ဈေးကောင်းရရှိသဖြင့် လက်ရှိ မိုးကြက်သွန်စိုက်ပျိုးနေမှုတွင် စိုက်ဧက ပိုမိုများလာ နိုင်ကြောင်းနှင့် တောင်သူများအနေဖြင့် ပြည်တွင်းရာသီဥတု၊ အိမ်နီးချင်းနိုင်ငံတို့၏ ရာသီဥတုအခြေအနေတို့အား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကြက်သွန်အသင်းနှင့် တောင်သူများက ပြောသည်။
လက်ရှိတွင် ကြက်သွန်များအား ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို တင်ပို့နေကာ နိုင်ငံခြား သုံးငွေများ ဈေးမြင့်တက်မှုကြောင့် ဈေးကောင်းရရှိနေကြောင်းလည်း သိရသည်။
- By CNI
- Category: Watch TV
- Hits: 741
- By CNI
- Category: Watch TV
- Hits: 777
- By CNI
- Category: Watch TV
- Hits: 742
- By CNI
- Category: Watch TV
- Hits: 707
- By CNI
- Category: Watch TV
- Hits: 702
- By CNI
- Category: စီးပွားရေး
- Hits: 1614
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉
ထိုင်းနိုင်ငံတွင် တစ်ရက်အတွက် အနိမ့်ဆုံး အခြေခံလုပ်ခလစာကို ၃၂၈ ဘတ်သို့ တိုးပေးလိုက်ခြင်းသည် ထိုင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအတွက် ထူးခြားမှုမရှိကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ အနိမ့်ဆုံး အခြေခံလုပ်ခလစာမှာ ၃၁၅ မှ ၃၂၀ ဘတ်သာ ရရှိခဲ့ပြီး လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ခရိုင်အလိုက် အနိမ့်ဆုံးအခြေခံလုပ်ခလစာအား ၃၂၈ ဘတ်သို့ တိုးပေးမည်ဖြစ်ကြောင်းသိရသည်။
အလုပ်သမားအရေးဆောင်ရွက်နေသည့် ကိုသားကြီးက “မြန်မာတွေရဲ့ အခြေခံလုပ်အားခက လက်ရှိ သူ့နိုင်ငံက အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတာက ၃၀၀ ကျော်ပဲ ဆိုတော့ ဒီ ၃၀၀ ကျော်နဲ့ပဲ သွားနေတယ်။ အဲဒီ ၃၀၀ ကျော်ထဲမှာ တိတိကျကျ နားလည်ထားရမှာက ခရိုင်အလိုက် ကွဲလွဲတယ်။ ၃၁၅ ဘတ်တို့ ၃၃၀ တို့၊ ၃၂၅ ဘတ်တို့ အဲဒီလိုတွေပဲ ရှိတယ်။ အခု ၃၅၀ ပြောင်းလဲသွားရင်လည်း သိပ်ပြီးတော့ ဘာမှ ကွာခြားမှုမရှိဘူး။ ဘာမှ သက်ရောက်မှုမရှိဘူး လုပ်အားခက။ ဘာကြောင့်လဲဆိုတော့ အရင်ကလည်း ဒီလောက်ပဲ ပေးထားတာ။ အခု ၃၅၀ တိုးလည်း ၃၃၀ နဲ့ ၃၅၀ ဟာ ဘာမှ ကွာခြားမှုမရှိဘူး။ ဘာမှ သိပ်ထူးခြားမှုမရှိဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့် လဲဆိုတော့ ၃၂၈ ဘတ်ဆိုရင် သူက အရင်အတိုင်းပဲပေါ့ အဲဒီလိုပြောလို့ရတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ကုန်ဈေးနှုန်း တွေက အကုန်လုံးတက်တယ်။ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေအတွက် သူတို့ ငှားနေရတဲ့ အခန်းခတွေ၊ ရေခ မီးခတွေပေးရတာနဲ့။ တနေ့တနေ့ ထိုင်းနိုင်ငံမှာ ယာယီအလုပ်သမားလက်မှတ်ခတွေ၊ visa section အတွက် ကုန်တဲ့ ကုန်ကျစရိတ်တွေက တစ်နှစ်ကို ဘတ် တစ်သောင်းခွဲ နှစ်သောင်း အဲဒီလိုကုန်တာတွေရှိတယ်”ဟု ပြော သည်။
ထိုင်းအစိုးရသည် ခရိုင် ၇၇ ခုတွင် အခြေခံလုပ်ခလစာအား အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်ပေးမည် ဖြစ်ပြီး အမြင့်ဆုံး အခြေခံလုပ်ခလစာမှာ ၃၅၄ ဘတ်နှင့် အနိမ့်ဆုံးအခြေခံလုပ်ခလစာမှာ ၃၂၈ ဘတ် ဖြစ်သည်။
ထိုင်းနိုင်ငံသည် ခရိုင်အလိုက် လုပ်ကိုင်ရသည့် အလုပ်အကိုင်နှင့် ပညာအရည်အချင်းတို့ပေါ်မူတည်ကာ အခြေခံ လုပ်ခလစာအား သတ်မှတ်ခြင်းဖြစ်ကာ ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံ လုပ်ခလစာအား မတိုးမြှင့်ပေးသည် မှာ နှစ်နှင့်ချီ၍ ကြာနေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ စက်ရုံလုပ်ငန်းခွင်တစ်ခု
အနိမ့်ဆုံးအခြေခံလုပ်ခလစာနှင့်ပတ်သက်၍ မြန်မာအလုပ်သမားအဖွဲ့အစည်းများနှင့် ထိုင်းမှ အလုပ်သမားအဖွဲ့ အစည်းတို့သည် ၄၅၀ ဘတ် (သို့မဟုတ်) ၄၉၂ ဘတ် တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသေးသည်။
သို့သော် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခရိုင်ဒေသအသီးသီးတွင် စီးပွားရေးလည်ပတ်မှုပုံစံ မတူညီကြသဖြင့် ရွှေ့ပြောင်းလုပ်သားများအားလုံး တန်းတူ ၄၉၂ ဘတ် သတ်မှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ၃၂၈ ဘတ် နှင့် ၃၅၄ ဘတ် တိုးပေးလိုက်ခြင်းဖြစ်သည်။
MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “ဒီလိုတောင်းဆိုထားတဲ့အထဲက သူတို့က ၁၀ ဘတ် တိုးပေးတယ်၊ ၁၅ ဘတ် တိုးပေးတယ်။ ဒီလိုအတိုင်းအတာလောက်နဲ့ကတော့ ဘာမှ ရေရေရာရာ အလုပ်သမားတွေအတွက် ဝမ်းသာ စရာတွေဖြစ်မလာဘူး။ အခွင့်အရေးရရင် ရသလို ကျနော်တို့အဖွဲ့အစည်းတွေအနေနဲ့ ထိုင်းအစိုးရကို တင်ပြ တောင်းဆိုပေးဖို့ အစီအစဉ်တော့ရှိပါတယ်။ အနိမ့်ဆုံးကတော့ တစ်နေ့ကို ၃၅၀ အထက်ပေါ့။ ၃၆၀၊ ၃၇၀ လောက် တော့ ပေးသင့်တယ်။ အနည်းဆုံးပေါ့နော်။ ၄၀၀ လောက်ဆိုရင်တော့ အဆင်ပြေတယ်။ တစ်နေ့ကို နေ့စားခ အလုပ်သမားတစ်ယောက်ကို ၄၀၀ ပတ်ဝန်းကျင်လောက်ဆို ပိုပြီးတော့ အဆင်ပြေတာပေါ့နော်”ဟု ပြောသည်။
ထိုင်းအစိုးရမှ လက်ရှိတွင် အနိမ့်ဆုံးအခြေခံလုပ်ခလစာအဖြစ် ၃၁၅ ဘတ်နှင့် ၃၂၀ ဘတ်တို့ သတ်မှတ်ထားသော် လည်း အချို့စက်ရုံ၊ အလုပ်ရုံနှင့် အခြားသောလုပ်ငန်းခွင်များမှ အလုပ်သမားများမှာ အခြေခံလုပ်ခလစာ အပြည့် အဝ မရရှိခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းတို့ ကြုံတွေ့နေရသည်။
ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် ရွှေ့ပြောင်းလုပ်သားတို့၏ အခြေခံလုပ်ခလစာနှင့် ပတ်သက်၍ ပြည့်ပြည့်ဝဝ ရရှိစေရန် ကြပ်မတ်သင့်ကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။
လက်ရှိတွင် ထိုင်းအစိုးရမှ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအား တရားဝင် ဖြစ်စေရန် အတွက် ယာယီ အလုပ်သမားလက်မှတ်(ဘတ်-ပန်းရောင်ကတ်)တို့အား လုပ်ဆောင်ပေးလျက်ရှိပြီး လုပ်သားများ လည်း ခေါ်ယူဖို့ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1772
CNI International News
မော်စကို၊ ဩဂုတ် ၂၉
အနောက်အုပ်စု၏ပိတ်ဆို့အရေးယူမှု မခံရမီကာလမှ ပမာဏနီးပါးအထိ ရုရှားသတ္တုနှင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းဖြစ်သည့် အော်ရိုစာ(Alrosa)ကုမ္ပဏီသည် ပို့ကုန်များကို တိတ်တဆိတ် ပြန်လည်၍ အရောင်းအဝယ် ကောင်းလာခဲ့ကြောင်း၊ ကုမ္ပဏီသည် တစ်လလျှင် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးအထိ ရောင်းဝယ်ဖောက်ကားနေ ကြောင်း Bloomberg သတင်းတွင် ဩဂုတ် ၂၃ ရက်တွင် ဖော်ပြခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားထား သည်။
အဆိုပါကုမ္ပဏီနှင့် နီးစပ်သူများကို ကိုးကား၍ Bloomberg က ဆက်လက်ရေးသားရာတွင် ရုရှားကုမ္ပဏီ၏ ရောင်းအားသည် လက်ရှိ ပိတ်ဆို့အရေးယူမှု မခံရမီကပင် တစ်လလျှင် ဒေါ်လာ သန်း ၅၀ မှ သန်း ၁၀၀ ဝန်းကျင် သာ ရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယဘဏ်အချို့သည် အမေရိကန် ဒေါ်လာမှအပ အခြားငွေကြေးဖြင့် အရောင်းအဝယ် လုပ်ရာတွင် ပိုမို အဆင် ပြေလာသဖြင့် အရောင်းအဝယ်ကိစ္စများကို ဟန်ချက်ညီညီဖြင့် ပြန်လည် စတင်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များ က Bloomberg သို့ ပြောကြားခဲ့ ကြသည်။

ရုရှားက ကျောက်မျက်ရတနာဆိုင် တစ်ခုကိုတွေ့ရစဉ် (GETTY IMAGES)
ရုရှားကျောက်မျက် အများစုသည် အိန္ဒိယနိုင်ငံရှိ လုပ်ငန်းရှင်များထံသို့ ဦးတည်နေကြောင်း၊ ရာနှင့်ချီသော မိသားစု ပိုင် စီးပွားရေး လုပ်ငန်းအများစုသည် စိန် အပါအဝင် ကျောက်မျက်များကို စေ့စပ်ခြင်း၊ လက်ထပ် ထိမ်းမြားခြင်း တို့၌ အချောထည် လက်ဝတ်ရတနာများအဖြစ် အသင့်ဝတ်ဆင်နိုင်အောင် ထုတ်လုပ်ပေး နေကြကြောင်း သိရသည်။
အော်ရိုစာကုမ္ပဏီသည် အိန္ဒိယနှင့် ဥရောပတို့ရှိ ဝယ်လက်များထံသို့ စိန်များကို တင်ပို့ရောင်းချနေပြီး အများစုကို အိန္ဒိယရူပီးငွေကြေးဖြင့် လဲလှယ်နေကြောင်း သတင်းရင်းမြစ်များက ပြောကြသည်။
မည်သည့် အရောင်းအဝယ်မဆို ပိတ်ဆို့ဒဏ်ခတ်ခြင်း (သို့မဟုတ်) ဥပဒေချိုးဖောက်ခြင်း စသည့် အရိပ်အယောင် မတွေ့ရသေးသော်လည်း ရုရှားကုန်ပစ္စည်းများ အရောင်းအဝယ် ကောင်းနေခြင်းအပေါ် မကျေမနပ် ဖြစ်မှုအချို့ တော့ တွေ့နေရကြောင်း အဆိုပါ သတင်းရင်းမြစ်များက ကောက်ချက်ချကြသည်။

အော်ရိုစာကုမ္ပဏီနဲ့စိန် (GETTY IMAGES)
“အရောင်းအဝယ် ကိစ္စတွေ တိုးတိုးတိတ်တိတ်ပဲ လုပ်ကြတယ်” ဟု သတင်းရင်းမြစ်များက ပြောကြသည်။
အော်ရိုစာကုမ္ပဏီသည် ၎င်း၏ရောင်းချမှု (သို့မဟုတ်) ဘဏ္ဍရေး စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များ ထုတ်ဖော်ခြင်းကိုတော့ လတ်တလော ကန့်သတ်၍ ရပ်တန့်ထားသည်။
ပြီးခဲ့သည့် ဧပြီလ၌ အမေရိကန်သည် နိုင်ငံအသီးသီးတွင် ဝင်ရောက် လုပ်ကိုင်နေသော ရုရှားကုမ္ပဏီများကို ပိတ်ဆို့ ဒဏ်ခတ်မှု ချမှတ်ခဲ့ရာ အော်ရိုစာကုမ္ပဏီလည်း ပါဝင်ခဲ့သည်။
အော်ရိုစာသည် ကမ္ဘာ့အကြီးဆုံး စိန်ကုန်ကြမ်း ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့ဈေးကွက်၏ သုံးပုံ တစ်ပုံခန့်အထိ တင်သွင်းပေးနိုင်သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: စီးပွားရေး
- Hits: 1362
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉
စပါးစိုက်တောင်သူများအတွက် လက်ရှိတွင် စိုက်ပျိုးစရိတ် အဆမတန် ကြီးမြင့်နေခြင်းကြောင့် ဓာတ်မြေဩဇာ များကို သက်သာသည့်နှုန်းထားတစ်ခုဖြင့် တစ်ဧက တစ်အိတ်နှုန်းဖြင့် ရောင်းချပေးမည်ဆိုပါက တောင်သူများ အတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ CNI သတင်းဌာနသို့ ပြောသည်။
ဓာတ်မြေဩဇာ တစ်အိတ်လျှင် ယခင်က ၆ သောင်းကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် တစ်အိတ်လျှင် ၁ သိန်း ၂ သောင်းဝန်းကျင်ဖြင့် ဝယ်ယူနေရခြင်းကြောင့် သက်သာသည့်နှုန်းထားတစ်ခုအဖြစ် တစ်အိတ်လျှင် ၈ သောင်း ကျပ်နှုန်းဖြင့် ရောင်းချပေးရန် တောင်သူများက မျှော်လင့်နေကြသည်။
လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “တစ်ဧကတစ်အိတ်နဲ့က ဘယ်လယ်မှလုံလောက်တဲ့ အနေအထား မဟုတ်ပါဘူး။ သို့သော် တစ်နှစ်လုံးမှာမှ ရေနစ်ကွင်းတွေမှာ စိုက်တဲ့ဥစ္စာကတော့ တစ်ဧကကို အနည်းဆုံး ၂ အိတ် သုံးရတယ်။ နောက်တစ်ခုက စပါးပြီး စပါးပေါ့ ဧရာဝတီအောက်ပိုင်း၊ ရန်ကုန်တိုင်း အောက် ပိုင်းတွေပေါ့။ ဧရာဝတီအောက်ပိုင်းဆို ဖျာပုံခရိုင်ရှိမယ်၊ လပွတ္တာခရိုင်ရှိမယ်၊ မြောင်းမြခရိုင်ရှိမယ် အဲဒါတွေကျ တော့ စပါးပြီး စပါး ပြန်စိုက်ကြတာ။ စပါးပင်နေရာမှာ စပါးပြန်စိုက်တဲ့နေရာတွေကတော့ အနည်းဆုံး တစ်ဧကကို ၄ အိတ် လိုအပ်တယ်။ ဒါပေမယ့် တစ်ဧကကို ၁ အိတ်လောက် ရထားရင် ကျန်တဲ့ဥစ္စာတွေကလည်း သဘာဝ မြေဩဇာတွေ၊ သဘာဝဖန်တီးမှုတွေနဲ့ နောက်ပြီးတော့ ဒီ့ပြင် ကွန်ပေါင်းမြေဩဇာတွေနဲ့ ရောနှောပြီး သုံးမယ် ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဧက တစ်အိတ်လောက်ကို သတ်မှတ်ထားတဲ့ ဈေးတန်းတစ်ခုနဲ့ အခိုင်အမာ လေး ရရှိမယ်ဆိုရင်တော့ လယ်သမားတွေအတွက် အထောက်အကူဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများ ဓါတ်မြေဩဇာ ရောစပ်နေစဉ်
ထိုသို့ တောင်သူများကို သက်သာသည့်နှုန်းထားဖြင့် ဓာတ်မြေဩဇာများကို ရောင်းချပေးမည်ဆိုပါကလည်း တောင်သူများထံ အမှန်တကယ် ရောက်ရှိရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စနစ်တကျလုပ်ဆောင်သင့်ကြောင်း တောင်သူများက ပြောသည်။
ဒါ့အပြင် မရရှိသည့် တောင်သူများအနေဖြင့် အချိန်မရွေး တိုင်ကြားနိုင်သည့်စနစ်ဖြင့် ထိန်းချုပ်ပေးစေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“လက်သင့်ရာ ခေါ်သလိုမျိုးမဟုတ်ဘဲနဲ့ တကယ်စနစ်တကျပဲ ဥပမာဆိုပါစို့ မြို့နယ်အလိုက် အုပ်စုအလိုက် နွေစပါး စိုက်တဲ့ဧကတွေကို သက်ဆိုင်ရာ စိုက်ပျိုးဌာနတွေနဲ့ မြေစာရင်းဌာနတွေနဲ့ စနစ်တကျ ကောက်ယူပြီးတော့ အဲဒီကောက်ယူတဲ့အတိုင်း တစ်ဧကကို တစ်အိတ်နှုန်း ပေးမယ်ဆိုပြီးတော့ အဲဒီ တစ်ဧက တစ်အိတ် မရပါက တကယ်စိုက်ပျိုးပါက ဥပမာ မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာနတွေကို စာရင်းပေးပါလျက် တကယ်မရဘူးဆိုရင် အချိန်မရွေး တိုင်ကြားနိုင်သည်။ အဲဒီလိုပုံစံမျိုးနဲ့ ထိန်းချုပ်ပေးပါမှ တောင်သူတိုင်း ရနိုင်မယ်။ သို့မဟုတ်ရင် ပေးတယ်ဆိုသော်လည်း ပေးသာပေး၏ မရဆိုတဲ့ စကားလို ဖြစ်မှာပေါ့” ဟု ပြောသည်။
စိုက်ပျိုးရေးစရိတ် ကြီးမြင့်နေချိန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယူရီးယား မြေဩဇာတန်ချိန် ၁၇၇၀၀၀ (တစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်)ခန့်ကို ပြည်ပမှတင်သွင်းပြီး နွေစပါးနှင့် ဆောင်းသီးနှံအတွက် အချိန်မီ သက်သာသည့်နှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူကို ဆက်သွယ်သော်လည်း ဖြေကြားပေးခြင်း မရှိပေ။
- By CNI News
- Category: စီးပွားရေး
- Hits: 1852
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇
နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများနှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး မြန်မာနိုင်ငံ တော် ဗဟိုဘဏ်မှ ဘဏ်များနှင့် စက်သုံးဆီ လုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တိုင်းပြည် စီးပွားရေးကို အဓိက ထိန်းကျောင်းပံ့ပိုးပေးနေသော အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင် ရွက်လျက်ရှိကြောင်း ဆိုထားသည်။
ထို့နောက် နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများ အပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူ ဆောင် ရွက်သွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၂၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ကျပ် ၃၁၂၀ ရှိပြီး ရောင်းဈေးအနေဖြင့် တစ်ဒေါ် လာ ကျပ် ၃၁၆၀ ဈေးနှုန်းရှိသည်။ ဗဟိုဘဏ်ကမူ အမေရိကန် တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေးနှုန်းသတ်မှတ် ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်လာ ဝယ်ယူရ ခက်ခဲနေခြင်းနှင့်အတူ ဒေါ်လာဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ အတက်ဘက်ကို ရောက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1183
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၇
စက်သုံးဆီစျေးနှုန်း မြင့်တက်မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးကို ပြေးဆွဲနေသည့် ခရီးသည်တင် အဝေးပြေး ယာဥ်လိုင်းများအနေဖြင့် ကားလက်မှတ်ဈေးနှုန်းအား တိုးမြှင့်ကောက်ခံလာကြသည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်းရှိ ယာဉ်လိုင်းများထံမှ သိရသည်။
ခရီးသည်တင် အဝေးပြေးယာဉ်လိုင်း တချို့သည် ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့် အကြောင်းကို တရားဝင် အသိပေး ကြေညာထားကြကြောင်း၊ လက်မှတ် နှုန်းထားအနေဖြင့် မူလထက် ၇၀၀၀ ကျပ် တိုးမြှင့် ကောက်ခံလာကြ သည်ဟု အောင်မင်္ဂလာအဝေးပြေးကွင်းမှ ယာဉ်လိုင်းဂိတ်မှူးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့ယာဉ်လိုင်းတွေ ကောက်နေကြပါပြီခင်ဗျ၊ ဆီဈေးပေါ် မူတည်ပြီးတော့လေ။ တချို့ယာဉ်လိုင်းတွေဆို ကောက်နေကြတယ်ဆိုတာ အတိအလင်းလည်း လှမ်းပြီးတော့ ပြောသံတွေ ကြားပါတယ်ဗျ။ အရင်တုန်းက ၂ သောင်း လောက်ရှိတဲ့ မြင်းခြံဂိတ်ကို အခု ၂ သောင်း ၇ ထောင်ဆိုတော့ ၇ ထောင်လောက် တက်သွားတာပေါ့ ခရီးသည် တစ်ယောက်ကိုလေ” ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ခရီးသွား ကားလက်မှတ်များ သည် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံနေကြကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

အောင်မင်္ဂလာအဝေးပြေးကားအ၀င်ကိုတွေ့ရစဉ် (GETTY IMAGES)
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ယာဉ်လိုင်းများအနေဖြင့် လက်မှတ်ခ တိုးမြှင့် ကောက်ခံနေသော်လည်း ခရီးသည် နည်းပါးနေခြင်းကြောင့် ယာဉ်လိုင်းများ ပုံမှန်ထွက်နိုင်ရေးကိုသာ ကြိုးစားနေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အဝေးပြေး ယာဉ်လိုင်းတစ်ခု၏ တာဝန်ခံဂိတ်မှူးက CNI သို့ ပြောသည်။
၎င်းက “ကျနော်တို့ ယာဉ်လိုင်းကတော့ ကုမ္ပဏီ အစည်းအဝေးအဖွဲ့တော့ ခေါ်ထားတယ်ဗျ။ အဲဒါ ဒီနေ့မှ သိရမှာ ပေါ့။ ညနေလောက်မှ သိရမှာပေါ့။ ဆီဈေးတွေ တက်တဲ့အတွက် လောလောဆယ် ဆီဈေးတက်တာကလေ ဈေးနှုန်းတက်ဖို့ထက် ကားထွက်နိုင်ဖို့ကို ကျနော်တို့ ကြိုးစားနေရတယ်ဗျ။ ခရီးသွားလာမှုတွေလည်း နည်းပါး သွားတဲ့ အတွက်။ ခရီးသွားလာ ပါးတာက တစ်ကြောင်း။ စက်သုံးဆီ ဈေးနှုန်းကလည်း အရမ်းကြီး မြင့်တက်လာ တဲ့ အခါမှာ တစ်ခေါက်ထွက်တဲ့ အရင်းက ၁၅ သိန်းလောက် ရှိနေတယ်။ ရတဲ့ပိုက်ဆံက ၁၀ သိန်းကျော်ကျော်ဆို တော့ ၅ သိန်းဝန်းကျင်လောက် စိုက်နေရတာ ဂိတ်တွေ တော်တော်များများက။ ခရီးဝေးရင် ဝေးသလောက် စိုက်ရ တယ်ဗျာ အဲဒီလို ဖြစ်နေတာ” ဟု ပြောသည်။
ထို့အပြင် တချို့သော ယာဉ်လိုင်းများမှာ ခရီးသည်ရရှိမှု နည်းပါးသည့်အတွက် နေ့စဉ်ပုံမှန် ပြေးဆွဲပေးနိုင်ခြင်း မရှိဘဲ ၂ ရက် တစ်ခါ သို့မဟုတ် ၃ ရက် တစ်ခါနှုန်းဖြင့် ပြေးဆွဲနေရကြောင်း ယာဉ်လိုင်းတစ်ခု၏ ဂိတ်မှူးက CNI သတင်းဌာနသို့ ပြောသည်။

အောင်မင်္ဂလာအဝေးပြေးကား၀င် မြင်ကွင်း (EPA)
၎င်းက “ခရီးသည် ရရှိမှုကတော့ ဒီရက် ပါးတာပေါ့။ ခရီးသွားတွေကလည်း အမှန်တကယ် အရေးကြီးကြမှ သွား ကြတဲ့အခါမှာ ယာဉ်လိုင်းတွေ ရပ်တည်ဖို့တောင် တော်တော်ခက်လာတယ်။ တချို့ ရပ်တဲ့ဂိတ်တွေ ရပ်ကုန်ကြပြီ အဲလိုမျိုးပေါ့နော်။ ၂ ရက် ၁ စီး၊ ၃ ရက် ၁ စီး ထွက်တဲ့ဂိတ်တွေလည်း များလာပြီ။ ရပ်တယ်ဆိုတာတော့ သေချာ တယ်ဗျာ ဒီနေ့မထွက်ဘူး မနက်ဖြန်မှ ပေါင်းထွက်တာမျိုးတွေ။ ယာဉ်လိုင်းအချင်းချင်း နားလည်မှုတွေ ယူပြီးတော့ မင်းဒီနေ့ထွက်တယ်။ သူ့ခရီးသည်ကိုယ်ပေး ကိုယ့်ခရီးသည် သူပေး အဲလိုမျိုးတွေပေါ့နော်။ ၂ ရက် ၁ စီး၊ ၃ ရက် ၁ စီး အဲလိုမျိုး ထွက်ကြတာတော့ သေချာတယ်ဗျ” ဟု ပြောသည်။
အောင်မင်္ဂလာ အဝေးပြေး ကားဝင်းရှိ ယာဉ်လိုင်းဂိတ်တချို့မှ ယခုကာလတွင် ခရီးသည်ရရှိမှု နည်းပါးနေခြင်း ကြောင့် ဝန်ထမ်းစရိတ်၊ ယာဉ်ပြင်ဆင်စရိတ်များကို စိုက်နေရကြောင်း၊ အဝေးပြေးယာဉ်လိုင်း ပြေးဆွဲမှုများကို ရပ်နားထားရသည့် ဂိတ်များလည်း ရှိကြောင်း၊ အစီးရေ လျှော့ချ ပြေးဆွဲလာကြသည့် ယာဉ်လိုင်းများလည်း ရှိ ကြောင်း သိရသည်။
- By CNI
- Category: Watch TV
- Hits: 682
Page 26 of 47
