CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရုရှား သမ္မတ ပူတင်နဲ့ ရုရှားစိန်ကိုတွေ့ရစဉ် (GETTY IMAGES)

ပိတ်ဆို့မှုခံရသော်လည်း ရုရှားစိန်များ ကမ္ဘာ့ဈေးကွက်ထဲ ပုံမှန်နီးပါး ဝင်ရောက်နေဆဲ

By CNI
CNI
Category: စီးပွားရေး
Hits: 1376

CNI International News

မော်စကို၊ ဩဂုတ် ၂၉

အနောက်အုပ်စု၏ပိတ်ဆို့အရေးယူမှု မခံရမီကာလမှ ပမာဏနီးပါးအထိ ရုရှားသတ္တုနှင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းဖြစ်သည့် အော်ရိုစာ(Alrosa)ကုမ္ပဏီသည် ပို့ကုန်များကို တိတ်တဆိတ် ပြန်လည်၍ အရောင်းအဝယ် ကောင်းလာခဲ့ကြောင်း၊ ကုမ္ပဏီသည် တစ်လလျှင် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးအထိ ရောင်းဝယ်ဖောက်ကားနေ ကြောင်း Bloomberg သတင်းတွင် ဩဂုတ် ၂၃ ရက်တွင် ဖော်ပြခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားထား သည်။

အဆိုပါကုမ္ပဏီနှင့် နီးစပ်သူများကို ကိုးကား၍ Bloomberg က ဆက်လက်ရေးသားရာတွင် ရုရှားကုမ္ပဏီ၏ ရောင်းအားသည် လက်ရှိ ပိတ်ဆို့အရေးယူမှု မခံရမီကပင် တစ်လလျှင် ဒေါ်လာ သန်း ၅၀ မှ သန်း ၁၀၀ ဝန်းကျင် သာ ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယဘဏ်အချို့သည် အမေရိကန် ဒေါ်လာမှအပ အခြားငွေကြေးဖြင့် အရောင်းအဝယ် လုပ်ရာတွင် ပိုမို အဆင် ပြေလာသဖြင့် အရောင်းအဝယ်ကိစ္စများကို ဟန်ချက်ညီညီဖြင့် ပြန်လည် စတင်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များ က Bloomberg သို့ ပြောကြားခဲ့ ကြသည်။

ရုရှားက ကျောက်မျက်ရတနာဆိုင် တစ်ခုကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားကျောက်မျက် အများစုသည် အိန္ဒိယနိုင်ငံရှိ လုပ်ငန်းရှင်များထံသို့ ဦးတည်နေကြောင်း၊ ရာနှင့်ချီသော မိသားစု ပိုင် စီးပွားရေး လုပ်ငန်းအများစုသည် စိန် အပါအဝင် ကျောက်မျက်များကို စေ့စပ်ခြင်း၊ လက်ထပ် ထိမ်းမြားခြင်း တို့၌ အချောထည် လက်ဝတ်ရတနာများအဖြစ် အသင့်ဝတ်ဆင်နိုင်အောင် ထုတ်လုပ်ပေး နေကြကြောင်း သိရသည်။
အော်ရိုစာကုမ္ပဏီသည် အိန္ဒိယနှင့် ဥရောပတို့ရှိ ဝယ်လက်များထံသို့ စိန်များကို တင်ပို့ရောင်းချနေပြီး အများစုကို အိန္ဒိယရူပီးငွေကြေးဖြင့် လဲလှယ်နေကြောင်း သတင်းရင်းမြစ်များက ပြောကြသည်။

မည်သည့် အရောင်းအဝယ်မဆို ပိတ်ဆို့ဒဏ်ခတ်ခြင်း (သို့မဟုတ်) ဥပဒေချိုးဖောက်ခြင်း စသည့် အရိပ်အယောင် မတွေ့ရသေးသော်လည်း ရုရှားကုန်ပစ္စည်းများ အရောင်းအဝယ် ကောင်းနေခြင်းအပေါ် မကျေမနပ် ဖြစ်မှုအချို့ တော့ တွေ့နေရကြောင်း အဆိုပါ သတင်းရင်းမြစ်များက ကောက်ချက်ချကြသည်။

အော်ရိုစာကုမ္ပဏီနဲ့စိန် (GETTY IMAGES)

“အရောင်းအဝယ် ကိစ္စတွေ တိုးတိုးတိတ်တိတ်ပဲ လုပ်ကြတယ်” ဟု သတင်းရင်းမြစ်များက ပြောကြသည်။

အော်ရိုစာကုမ္ပဏီသည် ၎င်း၏ရောင်းချမှု (သို့မဟုတ်) ဘဏ္ဍရေး စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များ ထုတ်ဖော်ခြင်းကိုတော့ လတ်တလော ကန့်သတ်၍ ရပ်တန့်ထားသည်။

ပြီးခဲ့သည့် ဧပြီလ၌ အမေရိကန်သည် နိုင်ငံအသီးသီးတွင် ဝင်ရောက် လုပ်ကိုင်နေသော ရုရှားကုမ္ပဏီများကို ပိတ်ဆို့ ဒဏ်ခတ်မှု ချမှတ်ခဲ့ရာ အော်ရိုစာကုမ္ပဏီလည်း ပါဝင်ခဲ့သည်။

အော်ရိုစာသည် ကမ္ဘာ့အကြီးဆုံး စိန်ကုန်ကြမ်း ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့ဈေးကွက်၏ သုံးပုံ တစ်ပုံခန့်အထိ တင်သွင်းပေးနိုင်သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
တောင်သူများ စပါးစိုက်ပျိုးနေစဉ်

သက်သာနှုန်းထားဖြင့် ဓာတ်မြေဩဇာများ တစ်ဧက တစ်အိတ်နှုန်း ရောင်းပေးစေလို

By CNI
CNI
Category: စီးပွားရေး
Hits: 1065

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉

စပါးစိုက်တောင်သူများအတွက် လက်ရှိတွင် စိုက်ပျိုးစရိတ် အဆမတန် ကြီးမြင့်နေခြင်းကြောင့် ဓာတ်မြေဩဇာ များကို သက်သာသည့်နှုန်းထားတစ်ခုဖြင့် တစ်ဧက တစ်အိတ်နှုန်းဖြင့် ရောင်းချပေးမည်ဆိုပါက တောင်သူများ အတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှ CNI သတင်းဌာနသို့ ပြောသည်။

ဓာတ်မြေဩဇာ တစ်အိတ်လျှင် ယခင်က ၆ သောင်းကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် တစ်အိတ်လျှင် ၁ သိန်း ၂ သောင်းဝန်းကျင်ဖြင့် ဝယ်ယူနေရခြင်းကြောင့် သက်သာသည့်နှုန်းထားတစ်ခုအဖြစ် တစ်အိတ်လျှင် ၈ သောင်း ကျပ်နှုန်းဖြင့် ရောင်းချပေးရန် တောင်သူများက မျှော်လင့်နေကြသည်။

လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “တစ်ဧကတစ်အိတ်နဲ့က ဘယ်လယ်မှလုံလောက်တဲ့ အနေအထား မဟုတ်ပါဘူး။ သို့သော် တစ်နှစ်လုံးမှာမှ ရေနစ်ကွင်းတွေမှာ စိုက်တဲ့ဥစ္စာကတော့ တစ်ဧကကို အနည်းဆုံး ၂ အိတ် သုံးရတယ်။ နောက်တစ်ခုက စပါးပြီး စပါးပေါ့ ဧရာဝတီအောက်ပိုင်း၊ ရန်ကုန်တိုင်း အောက် ပိုင်းတွေပေါ့။ ဧရာဝတီအောက်ပိုင်းဆို ဖျာပုံခရိုင်ရှိမယ်၊ လပွတ္တာခရိုင်ရှိမယ်၊ မြောင်းမြခရိုင်ရှိမယ် အဲဒါတွေကျ တော့ စပါးပြီး စပါး ပြန်စိုက်ကြတာ။ စပါးပင်နေရာမှာ စပါးပြန်စိုက်တဲ့နေရာတွေကတော့ အနည်းဆုံး တစ်ဧကကို ၄ အိတ် လိုအပ်တယ်။ ဒါပေမယ့် တစ်ဧကကို ၁ အိတ်လောက် ရထားရင် ကျန်တဲ့ဥစ္စာတွေကလည်း သဘာဝ မြေဩဇာတွေ၊ သဘာဝဖန်တီးမှုတွေနဲ့ နောက်ပြီးတော့ ဒီ့ပြင် ကွန်ပေါင်းမြေဩဇာတွေနဲ့ ရောနှောပြီး သုံးမယ် ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဧက တစ်အိတ်လောက်ကို သတ်မှတ်ထားတဲ့ ဈေးတန်းတစ်ခုနဲ့ အခိုင်အမာ လေး ရရှိမယ်ဆိုရင်တော့ လယ်သမားတွေအတွက် အထောက်အကူဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများ ဓါတ်မြေဩဇာ ရောစပ်နေစဉ် 

ထိုသို့ တောင်သူများကို သက်သာသည့်နှုန်းထားဖြင့် ဓာတ်မြေဩဇာများကို ရောင်းချပေးမည်ဆိုပါကလည်း တောင်သူများထံ အမှန်တကယ် ရောက်ရှိရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စနစ်တကျလုပ်ဆောင်သင့်ကြောင်း တောင်သူများက ပြောသည်။

ဒါ့အပြင် မရရှိသည့် တောင်သူများအနေဖြင့် အချိန်မရွေး တိုင်ကြားနိုင်သည့်စနစ်ဖြင့် ထိန်းချုပ်ပေးစေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“လက်သင့်ရာ ခေါ်သလိုမျိုးမဟုတ်ဘဲနဲ့ တကယ်စနစ်တကျပဲ ဥပမာဆိုပါစို့ မြို့နယ်အလိုက် အုပ်စုအလိုက် နွေစပါး စိုက်တဲ့ဧကတွေကို သက်ဆိုင်ရာ စိုက်ပျိုးဌာနတွေနဲ့ မြေစာရင်းဌာနတွေနဲ့ စနစ်တကျ ကောက်ယူပြီးတော့ အဲဒီကောက်ယူတဲ့အတိုင်း တစ်ဧကကို တစ်အိတ်နှုန်း ပေးမယ်ဆိုပြီးတော့ အဲဒီ တစ်ဧက တစ်အိတ် မရပါက တကယ်စိုက်ပျိုးပါက ဥပမာ မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာနတွေကို စာရင်းပေးပါလျက် တကယ်မရဘူးဆိုရင် အချိန်မရွေး တိုင်ကြားနိုင်သည်။ အဲဒီလိုပုံစံမျိုးနဲ့ ထိန်းချုပ်ပေးပါမှ တောင်သူတိုင်း ရနိုင်မယ်။ သို့မဟုတ်ရင် ပေးတယ်ဆိုသော်လည်း ပေးသာပေး၏ မရဆိုတဲ့ စကားလို ဖြစ်မှာပေါ့” ဟု ပြောသည်။

စိုက်ပျိုးရေးစရိတ် ကြီးမြင့်နေချိန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယူရီးယား မြေဩဇာတန်ချိန် ၁၇၇၀၀၀ (တစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်)ခန့်ကို ပြည်ပမှတင်သွင်းပြီး နွေစပါးနှင့် ဆောင်းသီးနှံအတွက် အချိန်မီ သက်သာသည့်နှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူကို ဆက်သွယ်သော်လည်း ဖြေကြားပေးခြင်း မရှိပေ။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားငွေ ဈေးဆွဲတင်သူနှင့် တရားမဝင် ရောင်းဝယ်သူကို အရေးယူမည်

By CNI News
CNI News
Category: စီးပွားရေး
Hits: 1395

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၇

နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများနှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေးလွယ်ကူစွာ ရရှိနိုင်ရေး မြန်မာနိုင်ငံ တော် ဗဟိုဘဏ်မှ ဘဏ်များနှင့် စက်သုံးဆီ လုပ်ငန်းရှင်ကြီးများ ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး တိုင်းပြည် စီးပွားရေးကို အဓိက ထိန်းကျောင်းပံ့ပိုးပေးနေသော အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင် ရွက်လျက်ရှိကြောင်း ဆိုထားသည်။

ထို့နောက် နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်သူများ အပေါ် ယုံကြည်ဆောင်ရွက်ခြင်း မပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူ ဆောင် ရွက်သွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ကျပ် ၃၁၂၀ ရှိပြီး ရောင်းဈေးအနေဖြင့် တစ်ဒေါ် လာ ကျပ် ၃၁၆၀ ဈေးနှုန်းရှိသည်။ ဗဟိုဘဏ်ကမူ အမေရိကန် တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေးနှုန်းသတ်မှတ် ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဒေါ်လာ ဝယ်ယူရ ခက်ခဲနေခြင်းနှင့်အတူ ဒေါ်လာဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ အတက်ဘက်ကို ရောက်ရှိနေသည်။

 

Share
Tweet
Share
Share
powered by social2s
အောင်မင်္ဂလာ အဝေးပြေးကားဂိတ်များကိုတွေ့ရစဉ်

စက်သုံးဆီဈေးမြင့်၍ အဝေးပြေးယာဉ်လိုင်း လက်မှတ်ဈေးများ တိုးမြှင့်ကောက်ခံလာ

By CNI
CNI
Category: စီးပွားရေး
Hits: 856

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၇

စက်သုံးဆီစျေးနှုန်း မြင့်တက်မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးကို ပြေးဆွဲနေသည့် ခရီးသည်တင် အဝေးပြေး ယာဥ်လိုင်းများအနေဖြင့် ကားလက်မှတ်ဈေးနှုန်းအား တိုးမြှင့်ကောက်ခံလာကြသည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်းရှိ ယာဉ်လိုင်းများထံမှ သိရသည်။

ခရီးသည်တင် အဝေးပြေးယာဉ်လိုင်း တချို့သည် ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့် အကြောင်းကို တရားဝင် အသိပေး ကြေညာထားကြကြောင်း၊ လက်မှတ် နှုန်းထားအနေဖြင့် မူလထက် ၇၀၀၀ ကျပ် တိုးမြှင့် ကောက်ခံလာကြ သည်ဟု အောင်မင်္ဂလာအဝေးပြေးကွင်းမှ ယာဉ်လိုင်းဂိတ်မှူးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့ယာဉ်လိုင်းတွေ ကောက်နေကြပါပြီခင်ဗျ၊ ဆီဈေးပေါ် မူတည်ပြီးတော့လေ။ တချို့ယာဉ်လိုင်းတွေဆို ကောက်နေကြတယ်ဆိုတာ အတိအလင်းလည်း လှမ်းပြီးတော့ ပြောသံတွေ ကြားပါတယ်ဗျ။ အရင်တုန်းက ၂ သောင်း လောက်ရှိတဲ့ မြင်းခြံဂိတ်ကို အခု ၂ သောင်း ၇ ထောင်ဆိုတော့ ၇ ထောင်လောက် တက်သွားတာပေါ့ ခရီးသည် တစ်ယောက်ကိုလေ” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ခရီးသွား ကားလက်မှတ်များ သည် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံနေကြကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

 အောင်မင်္ဂလာအဝေးပြေးကားအ၀င်ကိုတွေ့ရစဉ် (GETTY IMAGES)

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ယာဉ်လိုင်းများအနေဖြင့် လက်မှတ်ခ တိုးမြှင့် ကောက်ခံနေသော်လည်း ခရီးသည် နည်းပါးနေခြင်းကြောင့် ယာဉ်လိုင်းများ ပုံမှန်ထွက်နိုင်ရေးကိုသာ ကြိုးစားနေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အဝေးပြေး ယာဉ်လိုင်းတစ်ခု၏ တာဝန်ခံဂိတ်မှူးက CNI သို့ ပြောသည်။

၎င်းက “ကျနော်တို့ ယာဉ်လိုင်းကတော့ ကုမ္ပဏီ အစည်းအဝေးအဖွဲ့တော့ ခေါ်ထားတယ်ဗျ။ အဲဒါ ဒီနေ့မှ သိရမှာ ပေါ့။ ညနေလောက်မှ သိရမှာပေါ့။ ဆီဈေးတွေ တက်တဲ့အတွက် လောလောဆယ် ဆီဈေးတက်တာကလေ ဈေးနှုန်းတက်ဖို့ထက် ကားထွက်နိုင်ဖို့ကို ကျနော်တို့ ကြိုးစားနေရတယ်ဗျ။ ခရီးသွားလာမှုတွေလည်း နည်းပါး သွားတဲ့ အတွက်။ ခရီးသွားလာ ပါးတာက တစ်ကြောင်း။ စက်သုံးဆီ ဈေးနှုန်းကလည်း အရမ်းကြီး မြင့်တက်လာ တဲ့ အခါမှာ တစ်ခေါက်ထွက်တဲ့ အရင်းက ၁၅ သိန်းလောက် ရှိနေတယ်။ ရတဲ့ပိုက်ဆံက ၁၀ သိန်းကျော်ကျော်ဆို တော့ ၅ သိန်းဝန်းကျင်လောက် စိုက်နေရတာ ဂိတ်တွေ တော်တော်များများက။ ခရီးဝေးရင် ဝေးသလောက် စိုက်ရ တယ်ဗျာ အဲဒီလို ဖြစ်နေတာ” ဟု ပြောသည်။

ထို့အပြင် တချို့သော ယာဉ်လိုင်းများမှာ ခရီးသည်ရရှိမှု နည်းပါးသည့်အတွက် နေ့စဉ်ပုံမှန် ပြေးဆွဲပေးနိုင်ခြင်း မရှိဘဲ ၂ ရက် တစ်ခါ သို့မဟုတ် ၃ ရက် တစ်ခါနှုန်းဖြင့် ပြေးဆွဲနေရကြောင်း ယာဉ်လိုင်းတစ်ခု၏ ဂိတ်မှူးက CNI သတင်းဌာနသို့ ပြောသည်။

အောင်မင်္ဂလာအဝေးပြေးကား၀င် မြင်ကွင်း (EPA)

၎င်းက “ခရီးသည် ရရှိမှုကတော့ ဒီရက် ပါးတာပေါ့။ ခရီးသွားတွေကလည်း အမှန်တကယ် အရေးကြီးကြမှ သွား ကြတဲ့အခါမှာ ယာဉ်လိုင်းတွေ ရပ်တည်ဖို့တောင် တော်တော်ခက်လာတယ်။ တချို့ ရပ်တဲ့ဂိတ်တွေ ရပ်ကုန်ကြပြီ အဲလိုမျိုးပေါ့နော်။ ၂ ရက် ၁ စီး၊ ၃ ရက် ၁ စီး ထွက်တဲ့ဂိတ်တွေလည်း များလာပြီ။ ရပ်တယ်ဆိုတာတော့ သေချာ တယ်ဗျာ ဒီနေ့မထွက်ဘူး မနက်ဖြန်မှ ပေါင်းထွက်တာမျိုးတွေ။ ယာဉ်လိုင်းအချင်းချင်း နားလည်မှုတွေ ယူပြီးတော့ မင်းဒီနေ့ထွက်တယ်။ သူ့ခရီးသည်ကိုယ်ပေး ကိုယ့်ခရီးသည် သူပေး အဲလိုမျိုးတွေပေါ့နော်။ ၂ ရက် ၁ စီး၊ ၃ ရက် ၁ စီး အဲလိုမျိုး ထွက်ကြတာတော့ သေချာတယ်ဗျ” ဟု ပြောသည်။

အောင်မင်္ဂလာ အဝေးပြေး ကားဝင်းရှိ ယာဉ်လိုင်းဂိတ်တချို့မှ ယခုကာလတွင် ခရီးသည်ရရှိမှု နည်းပါးနေခြင်း ကြောင့် ဝန်ထမ်းစရိတ်၊ ယာဉ်ပြင်ဆင်စရိတ်များကို စိုက်နေရကြောင်း၊ အဝေးပြေးယာဉ်လိုင်း ပြေးဆွဲမှုများကို ရပ်နားထားရသည့် ဂိတ်များလည်း ရှိကြောင်း၊ အစီးရေ လျှော့ချ ပြေးဆွဲလာကြသည့် ယာဉ်လိုင်းများလည်း ရှိ ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းညှိရန် အရန်ဆန်စီမံကိန်း ဆောင်ရွက်မည်

By CNI
CNI
Category: Watch TV
Hits: 527

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းကြက်သွန်ဈေး ထိန်းချုပ်ရန် အိန္ဒိယမှတင်သွင်းမှု ယခုနှစ်တွင် ပြုလုပ်မည်မဟုတ်

By CNI
CNI
Category: Watch TV
Hits: 526

Share
Tweet
Share
Share
powered by social2s
ပြည်တွင်းဖြစ် ကြက်သွန်ဖြူ/နီများကို တွေ့ရစဉ်(ဓါတ်ပုံ-CNI)

ပြည်တွင်းကြက်သွန်ဈေး ထိန်းချုပ်ရန် အိန္ဒိယမှတင်သွင်းမှု ယခုနှစ်တွင် ပြုလုပ်မည်မဟုတ်

By CNI
CNI
Category: စီးပွားရေး
Hits: 1144

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆

ပြည်တွင်းကြက်သွန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် အိန္ဒိယနိုင်ငံမှတဆင့် ကြက်သွန်များကို ယခင်နှစ်တွေက တင်သွင်းလေ့ရှိသော်လည်း ယခုနှစ်တွင် တင်သွင်းမည်မဟုတ်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ပြည်တွင်းကြက်သွန်ဈေးနှုန်း တစ်ပိဿာ ၃၀၀၀ ဖြစ်သည့်အချိန်များတွင် ဈေးနှုန်းကျဆင်းစေရန်အတွက် အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်များကို တင်သွင်းလေ့ရှိသော်လည်း ယခုအချိန်တွင် တင်သွင်းမည်ဆိုပါက ကြက်သွန်များ အပင်ထွက်လာမည်ဖြစ်သည့်အပြင် ပြည်တွင်းစိုက်ပျိုးမှုနှုန်းကို ထိခိုက်နိုင်သည့်အတွက် တင်သွင်း မည်မဟုတ်တော့ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ ပြောသည်။

“ဒီအတိုင်းတော့ သွင်းရင်တော့ နောက်ကျသွားပြီ။ ၉ လပိုင်း၊ ၁၀ လပိုင်းဆို ကျနော်တို့က အပင်ထွက်တဲ့အချိန် ရောက်သွားပြီ။ အဲတော့ သူတို့ပစ္စည်းကလည်း ကျနော်တို့နဲ့ ထွက်တာတူတယ်။ သူ့ဟာသွားဝယ်လည်း အပင်တွေ ထွက်မှာပဲ။ နောက် ကျနော်တို့ဆီ ရောက်ဖို့အတွက် နည်းနည်း အချိန်ယူရမယ်။ နောက် ဒေါ်လာဈေးကလည်း မြင့်နေတော့ အဲဒီအပေါ်မှာ သွင်းလိုက်ရင် တောင်သူတွေ အခက်အခဲ ဖြစ်သွားမယ်။ စိုက်အားလျော့သွားမယ်ပေါ့။ အဲဒီ အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ မသွင်းတော့ဘူး အကြမ်းဖျင်း မသွင်းဖြစ်ဘူးလို့ပဲ ဆုံးဖြတ်တယ်” ဟု ပြောသည်။

ကြက်သွန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်(ဓါတ်ပုံ-CNI) 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကြက်သွန်နီ သိုလှောင်ထားသော ကုန်သည်ကြီးအချို့၏ စျေးဆွဲ တင်မှုကြောင့် ပြည်တွင်းစျေးကွက်တွင် စျေးနှုန်းများစံချိန်တင် မြင့်တက်လာခဲ့ကာ စားသုံးသူများ အခက်အခဲ ဖြစ်လာသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကြက်သွန်များကို ပြည်တွင်းသို့ တင်သွင်းရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဆုံးဖြတ်ခဲ့သည်။

ပြည်ပမှ ကြက်သွန်နီ ပြန်လည်တင်သွင်းရာတွင်လည်း ကုမ္ပဏီအချို့ကိုသာ ခွင့်ပြုပေးပြီး တန်ချိန်ရှစ်ရာခန့် တင်သွင်းကြကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ကြက်သွန်ကို အသင်းအနေဖြင့် တင်သွင်းမည်မဟုတ်သော်လည်း မြန်မာ့ကြက်သွန် ဈေးနှုန်း မြင့်တက်နေသည့်အတွက် အိန္ဒိယနိုင်ငံမှကုန်သည်များက မြန်မာနိုင်ငံသို့တင်ပို့မှု ပြုလုပ်ချင်ကြကြောင်း မြန်မာကြက်သွန်ကုန်သည်များထံမှ သိရသည်။

အိန္ဒိယနိုင်ငံမှ ကြက်သွန်များကို တင်သွင်းမည်ဆိုပါက ပြည်တွင်းကြက်သွန်ဈေးနှုန်း အပြောင်းအလဲ ဖြစ်သွားနိုင်ပြီး တစ်ပိဿာ ကျပ် ၂၀၀၀ ခန့်အထိ ကျဆင်းသွားနိုင်သည်ဟု ကြက်သွန်ကုန်သည်များထံမှ သိရသည်။

လက်ရှိ မြန်မာ့ကြက်သွန်များကို ထိုင်းနိုင်ငံသို့ တင်ပို့နေကြပြီး ထိုင်းငွေဈေးနှုန်း မြင့်မားနေမှုကြောင့် အကျိုး အမြတ်ရရှိမှု များပြားသည်ဟု ကုန်သည်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

သင်္ဘောဖြင့် တိုက်ရိုက်ကုန်သွယ်မှု စစ်တွေ-စစ်တကောင်းကို ဦးစွာ ကုန်သွယ်ကြည့်သင့်

By CNI
CNI
Category: Watch TV
Hits: 559

Share
Tweet
Share
Share
powered by social2s

ရွှေဈေးနှုန်း တစ်ကျပ်သား ၂၈ သိန်းကျော်ပါက သိန်း ၃၀ အထိ ရောက်ရှိနိုင်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 545

Share
Tweet
Share
Share
powered by social2s
မြန်မာကျပ်ငွေနဲ့ ရွှေဆိုင်တစ်ဆိုင် (ဖရွန်တီးယားမြန်မာ၊GETTY IMAGES)

ရွှေဈေးနှုန်း တစ်ကျပ်သား ၂၈ သိန်းကျော်ပါက သိန်း ၃၀ အထိ ရောက်ရှိနိုင်ဟုပြော

By CNI
CNI
Category: စီးပွားရေး
Hits: 3194

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

ပြည်တွင်း ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်လာပါက သိန်း ၃၀ အထိ ရောက်ရှိသွားနိုင်ကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းနှင့် ၂၇ သိန်းဝန်းကျင်၌ ဈေးနှုန်း တည်ငြိမ်နေသော် လည်း ယနေ့ (ဩဂုတ် ၂၅ ရက်)တွင် တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်း ၅ ထောင်အထိ ဈေးပေါက်လာကြောင်း ရွေဈေးကွက်အတွင်းမှ သိရသည်။

ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က “၂၆ အောက်လည်း ပြန်ပြီးတော့ မကျ၊ ကျရင်လည်း ၂၅ သိန်း ၇ သောင်း အဲလောက်ပါပဲ။ အရမ်းကြီးတော့ ပြန်မကျပါဘူး။ တက်ရင်လည်း ၂၇ သိန်း ၇ သောင်း ၈ သောင်း။ တကယ်လို့ အရင် သူအမြင့်ဆုံး တက်ခဲ့တဲ့ ၂၈ သိန်းကျော် ဈေးကို ပြန်ဖောက် တက်တယ်ဆိုရင်တော့ သူထပ် တက်နိုင်သေးတယ်။ အဲဒါဆိုရင်တော့ ၃၀ လောက်အထိ သူပြန်သွားနိုင်သေးတယ်။ အဲလိုမဟုတ်ဘူး ဆိုရင်တော့ ဒီလအတွင်းမှာပဲ ကျနော့်အမြင်ကတော့ ၂၆ သိန်းနဲ့ ၂၇ သိန်းခွဲကြားမှာပဲ မြင်တယ်။ ၂၈ ကပ်ကပ်လေးပေါ့။ ၂၈ လည်း ကျော်ဖို့တော့ သိပ်မမြင်ပါဘူး လောလောဆယ်။ ဘာလို့လဲဆိုတော့ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှခြေ ဖြစ်နေတဲ့ အနေအထားမှာဆိုတော့” ဟု CNI သို့ ပြောသည်။

ရွှေဆိုင် တစ်ဆိုင်က လက်ကောက်ကွင်းများကို တွေ့ရစဉ် (ET)

လက်ရှိ ရွှေဈေးနှုန်း မြင့်တက်နေခြင်းမှာ မိုးတွင်းကာလ ပြည်တွင်း ရွှေတူးမှုများ ပိတ်ထားသည့်အတွက် ပြည်တွင်း ရွှေကုန်ကြမ်း နည်းပါးနေခြင်းနှင့် ဝယ်လိုအား များပြားနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပြည်တွင်း ဒေါ်လာဈေးနှုန်း မြင့်မားနေခြင်းကြောင့်လည်း ရွှေဈေးနှုန်း မြင့်တက်နေရခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ထို့ကြောင့် ပွင့်လင်းရာသီ ရောက်ရှိသည့်အခါတွင် ပိတ်ထားသော ရွှေတူးဖော်သည့် လုပ်ငန်းများ ပြန်လည် စတင် လုပ်ကိုင်ကြမည် ဖြစ်သည့်အတွက် ရွှေကုန်ကြမ်းများ ပြန်လည်ရရှိလာမည်ကြောင်း၊ ထိုအချိန်တွင် ရွှေဈေးနှုန်း လည်း ပြန်လည် ကျဆင်းလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြင့် က CNI သို့ ပြောသည်။

 အောင်သမာဓိရွှေဆိုင်ကို တွေ့ရစဉ် (GETTY IMAGES)

၎င်းက “ဦးကတော့ ၂၅ သိန်း ထိအောင်ကို နောက် ၃ လဆို ပြန်ဖြစ်သွားမယ်လို့ မှန်းပါတယ်။ အခုကတော့ ပြည်တွင်းမှာ မိုင်းတွေကလည်း ပိတ်ထားတယ်လေ။ ဘာလို့ဆို တွင်းပြိုတာတွေ ဘာတွေ ရှိတဲ့အတွက်ကြောင့် ပိတ်ထားတာလေ။ ပွင့်လင်းရာသီပေါ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင် ဒါတွေက အကုန်လုံး ပြန်လုပ်ကြပြီဆို လို့ရှိရင် ပြည်တွင်း ရွှေထွက်အားလည်းပဲ ရသွားပြီ။ နောက်တစ်ခုက ဒီအချိန်မှာ ရွှေရှားရတဲ့ အကြောင်းရင်းက အခု လှောင်ကုန်သမားတွေပေါ့နော် သူတို့က ပဲ၊ နှမ်း အတိုင်းပဲ ရောင်းပြီး ဝယ်ကြတာလေ။ ပဲ၊ နှမ်းတွေကလည်း ပြန်ရောင်းကြတဲ့ အချိန်ပေါ့။ လှောင်ကုန်တွေ ပြန်ထုတ် သူတို့က ရွှေတို့ ပြန်ဝယ်တယ်ပေါ့။ ဒီလိုမျိုး ဆိုတဲ့အတွက် ကြောင့်လည်း ဈေးကွက်မှာ ဝယ်လိုအားက များသွားတာပေါ့။ ဒါပေမယ့် နောက် ပဲ အသစ်ပေါ့နော်၊ နှမ်း အသစ်၊ စပါး စသဖြင့် ပေါ်လာပြီဆိုရင် သူတို့က ဒါတွေရောင်းပြီး ပဲ၊ နှမ်း၊ စပါးကို သူတို့က ပြန်လှောင်ကြတာလေ။ ဆိုတဲ့ အခါကျတော့ အဲလိုအချိန်မှာ ပြန်ရောင်းပြီလေ။ အဲဒီအတွက်ကြောင့် ဈေးကွက်မှာ သူတို့ ဝယ်နေတဲ့ ဆိုက်က အရောင်း ဖြစ်သွားလို့ရှိရင် အကုန်လုံး ဈေးက ပြန်အေးသွားမယ်လို့ ဦးကထင်တာလေ” ဟု ပြောသည်။

 

 ရွှေဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ် (GETTY IMAGES)

ပြည်တွင်း ရွှေဈေးနှုန်းများကို ယခင်က နာမည်ကြီး ရွှေဆိုင်များဖြစ်သည့် ဇွဲထက်၊ ဝိန့်စိန်၊ အောင်သမာဓိ စသည့် ရွှေဆိုင်များက နေ့စဉ် လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသား၍ အများပြည်သူ သိရှိနိုင်အောင် လုပ်ဆောင်ပေး လေ့ရှိသော်လည်း ရွှေဈေးနှုန်း ၂၃ သိန်းကျော်လာသည့် နောက်ပိုင်းမှာတော့ ရေးသားခြင်း မရှိတော့ပေ။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ နေ့စဉ်ထုတ်ပြန်သည့် ဈေးနှုန်းများသည် ပြင်ပတွင် ရောင်းဝယ်နေကြသော ဈေးနှုန်းနှင့် ၇ သိန်းကျပ်ခန့် ကွာဟနေကြောင်း၊ YGEA ၏ ဈေးနှုန်းသည် ၂၁ သိန်းပင် မရှိသည်ကို တွေ့ရှိရပြီး ပြင်ပတွင် ၂၈ သိန်းခန့် ဈေးနှုန်းရှိနေကြောင်း ရွှေဈေးကွက် လေ့လာသူများက ပြောသည်။

ယနေ့ (ဩဂုတ် ၂၅ ရက်)တွင် ရွှေဈေးနှုန်းသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၈ သိန်း ၅ ထောင်ကျပ် ဈေးနှုန်း ဖြစ်ပြီး လာမည့်အပတ်တွင် ရွှေဈေးနှုန်းသည် သိန်း ၃၀ အထိ ဖြစ်သွားနိုင်ကြောင်း ရွှေဈေးကွက် လေ့လာသူများက ခန့်မှန်းနေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောဖြင့် ကုန်သွယ်မှု

သင်္ဘောဖြင့် တိုက်ရိုက်ကုန်သွယ်မှု စစ်တွေ-စစ်တကောင်းကို ဦးစွာ ကုန်သွယ်ကြည့်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1237

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

မြန်မာ-ဘင်္ဂလားဒေ့ရှ် တိုက်ရိုက်ကုန်သွယ်ရေးအတွက် ရန်ကုန်-စစ်တွေ- စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ)မြို့ ကို ရေလမ်းကြောင်းမှတဆင့် ကမ်းရိုးတန်းသွား ကုန်သင်္ဘောပြေးဆွဲရန် စီစဉ်နေသည့်အတွက် အရင်ဦးဆုံး စစ်တွေ- စစ်တကောင်းကို ကုန်သွယ်ကြည့်သင့်သည်ဟု ရခိုင်ပြည်နယ်ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

အဆိုပါ ကုန်သွယ်မှုကို မြန်မာနိုင်ငံမှ ဆိပ်ကမ်း လေးခုနှင့် ဘင်္ဂလားဒေ့ရှ်မှ ဆိပ်ကမ်း ၄ ခုတွင် ဆိုက်ကပ်နိုင်ရန် ညှိနှိုင်း ဆွေးနွေးနေ ကြသည်။

ကုန်တင်သင်္ဘောများဖြင့် တိုက်ရိုက်ကုန်သွယ်ခြင်းကို ထိုဆိပ်ကမ်းအားလုံးတွင် တစ်ပြိုင်နက် စတင်မည့်အစား စစ်တွေ-စစ်တကောင်းကို ဦးစွာ ကုန်သွယ်ကြည့်သင့်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်အောင်က “ကျနော်တို့ဘက်က ပြောတာကတော့ စစ်တကောင်း-စစ်တွေကိုတော့ ပထမဆုံး ကုန်သွယ် ကြည့်ပါပေါ့လေ။ ကုန်သွယ်ကြည့်လို့ အောင်မြင်တဲ့အခါမှာ တစ်ခုချင်း တစ်ခုချင်း တိုးသွားလိုက်ပေါ့။ ဒါကပိုပြီး တော့ အလုပ်ဖြစ်ရာ ရောက်ပါလိမ့်မယ်။ တခါတည်းနဲ့ စီမံကိန်းတစ်ခုလုံးကို ချက်ချင်း အကောင်အထည် ဖော်ဖို့ဆို ရင် အခက်အခဲတွေ များနေပါလိမ့်မယ်။ ဘာလို့ဆို အစကတည်းကနေ ကုန်သွယ်မှုက ကုန်သွယ်ရတဲ့ အချိန်မှာ အစဆုံး ကုန်သွယ်မှုမှာ ကုန်ပစ္စည်းတွေ မရမှာတွေ ရှိတယ်။ ဒီဘက်က ကုန်သွယ်မှုတွေ နှောင့်နှေးနိုင်တာ ရှိတယ်၊ ဟိုဘက်က ကုန်သွယ်မှုတွေ နှောင့်နှေးနိုင်တာ ရှိမယ်။ အဲဒီအပိုင်းတွေမှာ နေပြီးတော့ မတွင်ကျယ်သေးခင် စစ်တွေနဲ့ စစ်တကောင်းတော့ အရင်ဆုံး ကုန်သွယ်ကြည့်ပေါ့။ ကုန်သွယ်ကြည့်လို့ အဆင်ပြေတဲ့ အခါကျရင် နောက်ထပ် ဆိပ်ကမ်းတွေ တိုးသွားပေါ့။ အဲဒီလိုမျိုးဆိုရင်တော့ အဆင်ပြေလောက်ပါတယ်” ဟု ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်  ကုန်တင်သင်္ဘောဖြင့် ကုန်သွယ်မှု

ထိုကုန်တင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် မြန်မာနိုင်ငံမှ မော်လမြိုင်၊ ရန်ကုန်၊ ပုသိမ် နှင့် စစ်တွေ ဆိပ်ကမ်း မြို့များကို ရွေးချယ်ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ စစ်တကောင်း အပါအဝင် ဆိပ်ကမ်း ၄ ခုကို ရွေးချယ်ထားကြောင်း သိရသည်။

ထိုသို့ ကုန်တင်သင်္ဘောဖြင့် တိုက်ရိုက် ကုန်သွယ်မှု ပြုလုပ်မည်ဆိုပါက တိကျသည့် ပေါ်လစီ လိုအပ်ပြီး ငွေပေး ချေရာတွင် မည်ကဲ့သို့ ပေးချေကြမည်ဆိုသည်ကို သတ်မှတ်ရမည် ဖြစ်သည့်အတွက် အမြန်ဆုံး ကုန်သွယ်နိုင်ရန်မှာ မလွယ်ကူလှကြောင်း မောင်တောကုန်သည် ကိုသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုသန်းနိုင်က “အဓိကက ဘာကုန်တွေ ပို့ကျမလဲပေါ့။ တို့ဘက်က ထွက်ကုန်က ဘာရှိလဲ။ ဟိုဘက်က ဝယ်လက် က ဘာကြိုက်တယ်ပေါ့။ အဲဒါတွေကအစ အသေးစိတ် ညှိနှိုင်းတာတို့ ဆွေးနွေးတာတို့ရှိမှ။ ဒီတိုင်း စိတ်ကူးယဉ်ပြီး ကုန်သွယ်မယ် ကုန်သွယ်မယ် ပြောနေလို့ကတော့ ဒီကုန်သွယ်ရေးက တက်လာမှာ မဟုတ်ဘူး။ အဓိကက စိုက်ပျိုး ရေး ထွက်ကုန်တို့ ဘာတို့ကျတော့ shipping လိုင်းနဲ့ သွားရင်တော့ ပိုကောင်း လာမယ်။ ပိုသက်သာမယ်။ ဒီ အခု ရေချိုငါးပို့တဲ့ လုပ်ငန်းကတော့ တအားကြီး မထူးခြားလောက်ပါဘူး။ ကြက်သွန်တို့ ငရုတ်သီးတို့ ငါးခြောက်တို့ တိုက်ရိုက်သွားရင်တော့ cost ခ သက်သာသွားမှာပေါ့။ အဲဒီ အတွက်တော့ နည်းနည်း အကျိုး ရှိလာနိုင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်း အငူမော်နယ်ခြားစောင့်စခန်း

ထို့နောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောဖြင့် တိုက်ရိုက် ကုန်သွယ်ရာတွင် ရေချိုငါးလုပ်ငန်းများကိုပါ လုပ်ဆောင်ပါက အချိန်ကြန့်ကြာနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောကုန်သည် ကိုသန်းနိုင်က “ရေချိုငါးလုပ်ငန်းကျတော့ တခြားနိုင်ငံကိုပို့သလို အေးခဲပြီး သွားတာ မဟုတ်တဲ့ အတွက် အဲဒီလိုသင်္ဘောနဲ့သွားရင် အချိန်ကြန့်ကြာတာတွေ၊ ကုန်တင်တဲ့အချိန်မှာ ကြာတာ တွေနဲ့ဆို တအားကြီးတော့ မထူးလောက်ဘူး ထင်ပါတယ်။ ရေချိုငါး လုပ်ငန်းကတော့ အခုပုံစံအတိုင်းပဲ ခြောက် ဘီး ကားတွေ၊ ဆယ်ဘီးကားတွေနဲ့ သွားပြီး နယ်စပ်တွေက ချတာပဲ ဖြစ်ဖို့ ပိုများပါတယ်”ဟု CNI သို့ ပြောသည်။

နှစ်နိုင်ငံ တိုက်ရိုက် ကုန်သွယ်ရန်အတွက် MOU ရေးထိုးထားပြီးသား ဖြစ်သော်လည်း လက်ရှိတွင် နှစ်ဖက် ပြေးဆွဲ မည့် သင်္ဘောလိုင်းများနှင့် စတင်ပြေးဆွဲမည့် နေရာများကို အတိအကျ မသိရသေးကြောင်း ရခိုင်ပြည်နယ် ကုန် သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

၎င်းက “ကျနော်တို့က နောက်တစ်ခုတောင် အကြံပြုထားပါတယ်။ ကုန်သွယ်တဲ့အခါမှာ schedule သင်္ဘောပေါ့။ တစ်လမှာ တစ်ကြိမ်သွားမလား၊ ဟိုဘက်တစ်စီး ဒီဘက်တစ်စီးပေါ့။ တစ်ပတ်မှာတစ်ကြိမ် သွားမလား။ နှစ်ပတ်မှာ တစ်ကြိမ်သွားမလား။ အဲဒီလိုမျိုးပေါ့လေ schedule သင်္ဘောလေး ပြေးဆွဲကြည့်ပေါ့။ ပြေးဆွဲကြည့်တဲ့ အခါကျရင် အဲဒီကတဆင့်မှ တွင်ကျယ်အောင် လုပ်သင့်တယ်လို့ ကျနော်တို့ အကြံပြုထားပါတယ်။ schedule သင်္ဘောရှိတယ် ဆိုတော့ ကျနော်တို့ ကုန်တင်ရမယ့်ရက်ကို သိထားတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်က ပြင်ဆင်ရတာ လွယ် တယ်။ အဲဒီလိုပဲ ဟိုဘက်က ကုန်သည်ကလည်း schedule သင်္ဘောက ဘယ်အချိန်ထွက်မယ်၊ ဘယ်နေ့ရောက် မယ်ဆိုတာ သိထားတဲ့အတွက်ကြောင့် ကုန်တင်ကုန်ချ လုပ်ဖို့ဟာရော ပစ္စည်းအရောင်းအဝယ် လုပ်ဖို့ဟာရော အဆင်ပြေသွားလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ဆိုရင် ကြန့်ကြာမှုတွေ ရှိနိုင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာ

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ULA/AA တို့၏ တိုက်ပွဲ အခြေအနေကြောင့် အချို့ ကားလမ်းများကို ပိတ်ထားသဖြင့် ကုန်ပစ္စည်းများ လမ်း၌ အချိန်ကြန့်ကြာမှုရှိနေကြောင်း၊ ထိုသို့ အချိန်ကြန့်ကြာမှုများကြောင့် ကုန် ပစ္စည်း အရည်အသွေးကျဆင်းကာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသည့်အခါတွင် ဈေးကောင်းမရကြောင်း သိရသည်။

ထိုနောက် ဈေးကောင်း မရရှိသည့်အပြင် တိုက်ပွဲ အခြေအနေကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်မှုသည် သုံးပုံ တစ်ပုံသာ ရှိသည့်အတွက် ကုန်သွယ်မှု ကျဆင်းနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မလေးရှားမှ မြန်မာအပါအဝင် အလုပ်သမားအသစ်ခေါ်ယူရန် လျှောက်ထားမှု ရပ်နား

By CNI
CNI
Category: Watch TV
Hits: 506

Share
Tweet
Share
Share
powered by social2s

လျှပ်စစ်ဓာတ်အားချွေတာရန် ဘင်္ဂလားဒေ့ရှ်ရှိ ကျောင်းချိန်နှင့်ရုံးချိန် လျှော့ချ

By CNI
CNI
Category: Watch TV
Hits: 545

Share
Tweet
Share
Share
powered by social2s
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Pilkhana ဒေသရှိ နေအိမ်တစ်ခုတွင် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ဘတ္ထရီမီးဖြင့် စာလေ့လာနေသည့် မိခင်နှင့် သမီး(ဓါတ်ပုံ- အေပီ)

လျှပ်စစ်ဓာတ်အားချွေတာရန် ဘင်္ဂလားဒေ့ရှ်ရှိ ကျောင်းချိန်နှင့်ရုံးချိန် လျှော့ချ

By CNI
CNI
Category: စီးပွားရေး
Hits: 934

CNI International News

ဒါကာ၊ ဩဂုတ် ၂၄

လျှပ်စစ်ဓာတ်အားသုံးစွဲမှု ချွေတာရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စာသင်ကျောင်းကို ရက်သတ္တတစ်ပတ်လျှင် တစ်ရက်ထပ်မံပိတ်မည်ဖြစ်ပြီး အစိုးရရုံးများနှင့်ဘဏ်များတွင်လည်း အလုပ်ချိန်တစ်နာရီ လျှော့ချသွားမည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

လောင်စာဆီဈေး တက်လာမှုနှင့် ယူကရိန်းစစ်ပွဲ သက်ရောက်မှုများအပေါ် စိုးရိမ်နေချိန်တွင် ယင်းကဲ့သို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လျှပ်စစ်ဓာတ်အား ချွေတာလာခြင်းဖြစ်သည်။

အဆိုပါအစီအမံသည် ဩဂုတ် ၂၅ ရက်မှစ၍ သက်ရောက်မည်ဖြစ်ပြီး ကျောင်းအများစုကို ယခင်က သောကြာ နေ့တိုင်း ပိတ်ခဲ့သော်လည်း ယခုအခါ စနေနေ့အထိ ထပ်မံပိတ်ထားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ အတွင်းဝန်ဖြစ်သူ ခန်ဒကာအန်နဝါအစ္စလာမ်က ဩဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အလားတူ အစိုးရရုံးများနှင့်ဘဏ်များတွင်လည်း အလုပ်ချိန်ကို ယခင် ၈ နာရီသတ်မှတ်ထားရာက ယခု ၇ နာရီ အထိသာ ထားရှိရန် လျှော့ချခဲ့ကြောင်း၊ သို့သော် ပုဂ္ဂလိကုမ္ပဏီရုံးများတွင် ၎င်းတို့ကိုယ်ပိုင်အချိန်ဇယားအတိုင်း သတ်မှတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းစစ်ကြောင့် ကုန်စည်ပို့ဆောင်ရေးယန္တရားပြတ်တောက်ခဲ့၍ စွမ်းအင်နှင့်စားနပ်ရိက္ခာအတွက် ကမ္ဘာ့ ဈေးကွက်ထဲတွင် ဈေးနှုန်းများ တက်လာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လောင်စာဆီပြတ်လပ်မှု ပြဿနာကြောင့် ဆီဆိုင်တွင် စက်သုံးဆီရရှိဖို့ရန် လာရောက်စောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးကိုတွေ့ရစဉ်(ဓါတ်ပုံ-credit)

မကြာသေးမီ သီတင်းပတ်များအတွင်း ကျဆင်းလာနေသည့် နိုင်ငံခြားအရန်ငွေကြေးကြောင့် ဖိအားများ လျှော့ချ နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်မည့်အစီအမံများ ချမှတ်ခဲ့သည်။

ယခင်လ၌ စက်သုံးဆီဈေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းကျော်အထိ တဟုန်ထိုးတက်ခဲ့သည်။

အစိုးရ၏အထူးအစီအစဉ်ဖြင့် ရုရှားနိုင်ငံထံမှ ဈေးနှုန်းသက်သာသော လောင်စာဆီ တင်သွင်းနိုင်ရေး ရွေးချယ်စရာ များကို ရှာဖွေနေကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ဝေဖန်သံများ ထွက်ပေါ်လာသော်လည်း နိုင်ငံတကာ စက်သုံးဆီဈေးနှုန်း တက်နေ ချိန်တွင် ဆုံးရှုံးနစ်နာမှုများ လျော့ပါးအောင် ဆောင်ရွက်ရန်လိုသည်ဟု အစိုးရက အကြောင်းပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ပြည်တွင်း၌ ကုန်ဈေးနှုန်း ကြီးလာခြင်းကို ဆန့်ကျင်သည့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ အနည်း အကျဉ်းရှိခဲ့ပြီး နိုင်ငံတကာဈေးနှုန်း ပြန်လည်လျော့ကျလာလျှင် ပြည်တွင်းနှုန်းထားများကိုလည်း ပြောင်းလဲ ပြင်ဆင်ပေးမည်ဟု အစိုးရက နှစ်သိမ့်ခဲ့သည်။

ဒီဇယ်သုံးဓာတ်အားပေးစက်ရုံများ လည်ပတ်မှုကို အစိုးရက ရပ်ဆိုင်းထားပြီး နေ့စဉ်လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၀၀ ခန့်အထိ လျှော့ချထုတ်လုပ်ခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မကြာခဏ ဓာတ်အားပြတ်တောက်မှု ရှိနေ သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှားနိုင်ငံမှ စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

မလေးရှားမှ မြန်မာအပါအဝင် အလုပ်သမားအသစ်ခေါ်ယူရန် လျှောက်ထားမှု ရပ်နား

By CNI
CNI
Category: လူမှုဘဝ
Hits: 2623

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄

မလေးရှားနိုင်ငံမှ အလုပ်ရှင်များအနေဖြင့် မြန်မာအပါအဝင် အလုပ်သမား အသစ်ခေါ်ယူရန်အတွက် ဩဂုတ် ၁၅ ရက်မှ ၃၁ ရက်နေ့အထိ လျှောက်ထားမှုအား ရပ်နားထားကြောင်း မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေး အသင်းမှ ဥက္ကဋ္ဌ ဦးစန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လကတည်းက ကိုဗစ်ကြောင့် ရပ်နားထား ခြင်းဖြစ်ကာ လက်ရှိတွင် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မတိုင်ခင်အထိ ခေါ်ယူထားသည့် အလုပ်ခေါ်စာ အဟောင်းများမှ အလုပ်သမားများကို ဦးစားပေးခေါ်ယူနေခြင်းဖြစ်သည်။

မြန်မာလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးစန်းဝင်းက “ဘာလို့ဆို မလေးရှားနိုင်ငံမှာလည်း နိုင်ငံရေးတွေက သိပ်မတည်ငြိမ်တဲ့ အနေအထား နည်းနည်းပါးပါးလေးတွေ ရှိတယ်။ နောက်တစ်ခုက အလုပ်သမားတွေကလည်း တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးနေတဲ့ကာလ ဖြစ်နေတယ်။ တရားမဝင်နေထိုင်တဲ့ အလုပ်သမား ကာလ ပြီးသွားတာနဲ့ အလုပ်သမားတွေ ဘယ်လောက် လျော့သွားပြီလဲဆိုတာ အဲဒီကျရင် အလုပ်သမား ခေါ်ယူခွင့်တွေ ချပေးမှာပါ။ ဖမ်းဆီးပြီးတဲ့အခါကျရင် အလုပ်သမားတွေကို သူတို့ ယေဘုယျတွက်လိုက်မယ် လက်ရှိ ဘယ်နှစ် ယောက်ရှိတယ်၊ လျော့သွားတာ ဘယ်နှစ်ယောက်၊ အခု ခန့်မှန်းခြေအားဖြင့် ကျန်နေတာ ဘယ်နှစ်ယောက်၊ ဒါဆိုရင် ဘယ်နိုင်ငံတွေကိုပေါ့လေ၊ ဘယ် sector တွေကို အဓိကထားသင့်တယ်ပေါ့လေ။ အဲဒါမျိုးတွေ သူတို့က ခေါ်ခွင့်ပေးတာ” ဟု ပြောသည်။

မလေးရှားအစိုးရအနေဖြင့် အလုပ်ရှင်များအတွက် အလုပ်သမားအသစ်ခေါ်ယူရန် လျှောက်ထားခွင့်အား မည်သည့် အချိန်တွင် ပြန်လည်လုပ်ဆောင်ခွင့်ပြုမည်အား မသိရသေးကြောင်းနှင့် ထိုသို့လျှောက်ထားရာတွင် အစိုးရဌာန ဆိုင်ရာပိုင်းသို့ အဆင့်ဆင့်တင်ပြရသည့်အတွက် အလုပ်သမားအသစ်ခေါ်ယူခြင်းမှာ ၂၀၂၃ ခုနှစ်သို့ ကူးသွားနိုင် ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များသည် ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ တရားဝင်လမ်းကြောင်းဖြင့် သာမက တရားမဝင်လမ်းကြောင်းများဖြင့်ပါ အများအပြား သွားရောက်နေကြခြင်းဖြစ်ပြီး မလေးရှားနိုင်ငံ၌ ယခုကာလ အဖမ်းအဆီးများနေကာ အောက်လမ်းမှ ဝင်ရောက်သည့်သူများသာမက မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့များကိုပါ ဖမ်းဆီးနေခြင်းဖြစ်သည်။

မလေးရှားနိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ထို့ကြောင့် ယခုကဲ့သို့ အလုပ်သမားအသစ်ခေါ်ယူရန် လျှောက်ထားမှုအား ရပ်နားလိုက်သည့်အတွက် မလေးရှား နိုင်ငံသို့ တရားမဝင် အောက်လမ်းမှဝင်ရောက်မှု ပိုမိုများပြားလာနိုင်ကြောင်း မလေးရှားနိုင်ငံရှိ Arakanese Community Malaysia (ARRC) မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်းဌာနသို့ပြောသည်။

“အကြမ်းဖျဉ်းတော့ အဲဒီလိုပြောလို့ရတာပေါ့။ မြန်မာနိုင်ငံအခြေအနေကလည်း တဖြေးဖြေး ဆိုးဆိုးလာတာပေါ့။ ဆိုးလာတော့ လူတွေရဲ့ အခက်အခဲအကျပ်အတည်းကြောင့် ဒီဘက်ကို ထွက်လာတဲ့လူတွေ အရင်ထက်တော့ များလာမှာပေါ့ အောက်လမ်းကနေ လာတဲ့လူတွေက။ ဒါပေမယ့် တစ်ခုခုဖြစ်ရင်တော့ UN ကို အကူအညီ တောင်းတာပဲလေ။ ဒါပေမယ့် UN ကလည်း အဲဒီ အောက်လမ်းကနေ ဆင်းလာတဲ့အပိုင်းကိုတော့ သိပ် မစီစဉ်၊ မဆောင်ရွက်ပေးနိုင်ဘူး”ဟု ပြောသည်။

ထို့အပြင် မလေးရှားနိုင်ငံတွင် ပြည်ပအလုပ်သမားခေါ်ယူသည့် မူဝါဒအသစ်အား လာမည့်နှစ်တွင် ပြောင်းလဲ ကျင့်သုံးရန် ပြင်ဆင်ရေးဆွဲနေကာ လက်ရှိတွင် အစိုးရဌာနဆိုင်ရာ ညှိနှိုင်းနေဆဲဖြစ်ပြီး အတည်ပြုထုတ်ပြန် ခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးစန်းဝင်းက “စိုက်ပျိုးရေးပေါ့ ဒီ culture မှာက လုပ်တဲ့ အလုပ်သမားဦးရေ က တအားနည်းတယ်။နည်းတဲ့အခါကျတော့ ဆီအုန်းတို့၊ ရော်ဘာတို့စတဲ့ လုပ်ငန်းစဉ်တွေမှာ တအားနည်းတယ်။ နည်းတော့ နိုင်ငံခြားကို မပို့နိုင်တာတွေ အများကြီးရှိတယ်။ ကုန်ထုတ်လုပ်မှုကျတဲ့အခါကျတော့ ပြည်ပကို နည်းတယ်ပေါ့။ အဲဒီအပိုင်းတွေမှာ သူတို့အဓိကခေါ်လိမ့်မယ်။ စိုက်ပျိုးရေးတို့ ဆောက်လုပ်ရေးပိုင်းတွေပေါ့။ အဲဒီဒေသတွေမှာရှိတဲ့ ကျန်ခဲ့တဲ့လူတွေကလည်း တရားမဝင် နိုင်ငံခြားသားတွေဖြစ်နေတယ်။ အဲဒီတရားမဝင် နိုင်ငံခြားသားတွေကို သူတို့ တရားဝင်အောင်လုပ်မယ်ပေါ့လေ”ဟု ပြောသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် ပထမအများဆုံးမှာ ထိုင်းနိုင်ငံ သို့ ဖြစ်ပြီး ဒုတိယအများဆုံးမှာ မလေးရှားနိုင်ငံဖြစ်ကာ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား အများစုသည် စက်ရုံလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတို့တွင် အဓိက လုပ်ကိုင်နေကြခြင်းဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ အနည်းငယ်သာရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရန်ကုန်တွင် တိုက်ခန်းများထက် မြေကွက်များ ပိုမိုဝယ်ယူလာ

By CNI
CNI
Category: Watch TV
Hits: 547

Share
Tweet
Share
Share
powered by social2s
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30

Page 26 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar