CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

လူမဲ့တန်ဆာ တင်ခွင့်မပြုပါက ယာဉ်လိုင်းများ ရပ်နားသွားရမည်

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s

အငတ်ဘေးဆိုက်နေသော အာဖရိကအတွက် ဂျုံတင်ရန်သင်္ဘော ယူကရိန်းသို့ရောက်

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s
အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကိုတွေ့ရစဉ် (GETTY IMAGES)

လူမဲ့တန်ဆာ တင်ခွင့်မပြုပါက ယာဉ်လိုင်းများ ရပ်နားသွားရမည်

By CNI
CNI
Category: စီးပွားရေး
Hits: 1683

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီးမှ တခြားသော နေရပ်ဒေသများသို့ ပြေးဆွဲနေသာ အဝေးပြေး ယာဉ်လိုင်းများကို လူမဲ့တန် ဆာကုန်စည် တင်ခွင့်မပြုပါက ယာဉ်လိုင်းများ ရပ်နားသွားရမည့် အခြေအနေဖြစ်လာနိုင်ကြောင်း အဝေးပြေး ယာဉ် လိုင်းများ ပြေးဆွဲနေသူများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လိုင်း များကို လုံခြုံရေးအရ လူမဲ့တန်ဆာကုန်စည်များ တင်ဆောင်ခွင့် မပြုကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကန့်သတ်လာမှုများ ရှိသည်ဟု အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

လက်ရှိကာလတွင် ခရီးသည် ရရှိမှုသည် ၃ ပုံ ၁ ပုံခန့်သာ ရှိနေခြင်းကြောင့် ကုန်စည်ကိုသာ အဓိကထား အားကိုး နေရကြောင်း၊ လူမဲ့တန်ဆာများကို တင်ဆောင်ခွင့် မပြုပါက အဝေးပြေးယာဉ်လိုင်းများအားလုံး ရပ်နားသွားရမည် ဟု အောင်မင်္ဂလာအဝေးပြေးကားဝင်းမှ ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အဝေးပြေးယာဉ်လိုင်းများ တန်ဆာများစိစစ်နေစဉ် (GETTY IMAGES)

၎င်းက “အဆင်က ဘယ်လိုပြေမလဲ။ ကားဂိတ်တွေမှာ ခရီးသည်တွေက အရင်လိုမှ ပြောပြရရင် ၃ ပုံ ၁ ပုံ လောက် ပဲရှိမှာ ခရီးသွားက။ ၃ ပုံ ၁ ပုံဆိုတောင်မှ ခန့်မှန်းတာ နည်းနည်း များသွားတာပေါ့နော်။ အမှန်တကယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ၃၀ ရာခိုင်နှုန်းပဲ ရှိတော့ ဒီကားတစ်စီးက ခရီးသည် မပါဘဲနဲ့ ကားတွေ ပြေးနေရ တဲ့ အကြောင်းအရင်းက ဘာလဲဆိုတော့ တန်ဆာပေါ့။ တန်ဆာက မဖြစ်မနေ သွားကြရတဲ့ဟာဆိုတော့ သွားနေ တော့ တန်ဆာက တင်နေရတယ်။ တန်ဆာတင်မှပဲ တစ်လေတစ်ခါဆိုရင် ကားတစ်စီးလုံးမှ လူက ၃/၄ ယောက် ၄/၅ ယောက် ပါပြီး သွားရတယ်။ တန်ဆာမတင်ဘဲ သွားရော ဒီကားရဲ့ ကုန်ကျစရိတ်က အခု ဆီဈေးနဲ့ ဘာနဲ့ဆိုရင် အစ်ကိုတို့သွားတဲ့ ခရီးစဉ်ဆိုရင် အသွားအပြန် သိန်း ၂၀ လောက် ကုန်ကျတယ်။ လူမဲ့တန်ဆာနဲ့ လုံးလုံးသွားလို့ မရဘူး ထုတ်လိုက်၊ ရပ်ပြီ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအခြေပြု၍ အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးနှင့် အောင်ဆန်းကွင်း ကားဂိတ်တို့ ကနေ ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများကို မူလကပင် လူမဲ့တန်ဆာကို ခွင့်မပြုထား ကြောင်း၊ ခရီးသည်နှင့်အတူ ပါလာသည့် ကုန်စည်ကိုသာ တင်ဆောင်ခွင့် ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) ထံမှ သိရသည်။

လူမဲ့တန်ဆာ တင်ဆောင်ခြင်းများကို တရားဝင် ခွင့်ပြုပေးထားခြင်းမရှိသော်လည်း တားမြစ်ခြင်း မရှိခဲ့ကြောင်း၊ လက်ရှိတွင် လုံခြုံရေးအရ တာဝန်ရှိသူများက ကန့်သတ်ခြင်း ဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကိုတွေ့ရစဉ် (Myanmar Times)

ဦးလျန်ကျင့်မန်က “လူမဲ့ တန်ဆာ တင်ခွင့် မပြုတော့ဘူးဆိုတဲ့ ဟာကတော့ အရင်ကတည်းက အဝေးပြေး ခရီးသည်တင်ဆိုတဲ့ဟာက ခရီးသည်ပဲ တင်ဖို့ပဲလေ။ ကျနော်တို့ ပါဆယ်တွေ ပို့ဖို့မှ မဟုတ်တာ။ သူ့ကို ခွင့်ပြု ထားတာက ခရီးသည်နဲ့ သူနဲ့ပါလာတဲ့ လက်ဆွဲအိတ်တွေပဲ။ ဒါပေမယ့် ခွင့်ပြုတာ မဟုတ်ပေမယ့် အဲဒီတုန်းက မတားဘူးလေနော်။ အခုက လုံခြုံရေးအရ လုံခြုံရေးကိစ္စ လုံခြုံရေးအပိုင်းကနေ လုပ်တာလေ။ ကျနော်တို့ လုပ် တာ မဟုတ်ဘူး YRTC လုပ်တာ မဟုတ်ဘူး အဲဒါတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စစ်ဆေးရေး ဂိတ်များသို့ ဖြတ်သန်းသည့်အခါတွင် တန်ဆာပစ္စည်း တင်ဆောင်သည့်အခါ မည်သို့မည်ပုံ တင်ဆောင်ရမည်ကို စည်းကမ်းချက်၊ ကန့်သတ်ချက်များကို တိကျစွာ ထုတ်ပြန်ထားခြင်းမျိုး မရှိသည့်အတွက် အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

လူမဲ့ တန်ဆာများကို တင်ဆောင်ခွင့် မပြုတော့လျှင် ရန်ကုန်မှတဆင့် အခြားမြို့များသို့ ကုန်ပစ္စည်းတင်ပို့သည့် အခါ ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးနှင့် အခြားကုန်တင်ယာဉ်များနှင့်သာ ပို့ဆောင်ရတော့မည့် အခြေအနေ တွင် ရှိသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေခြင်းကြောင့် ရွှေဈေးနှုန်း မြင့်တက်လာ

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

မှတ်ပုံတင်ကန့်သတ်မှု ဂျပန်ဘက်မှ မရှိဘဲ မြန်မာအေဂျင်စီက ကန့်သတ်ခြင်းဖြစ်နိုင်

By CNI
CNI
Category: Watch TV
Hits: 708

Share
Tweet
Share
Share
powered by social2s
ရွှေဆိုင်တစ်ခုကိုတွေ့ရစဉ်(Xinhua)

ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေခြင်းကြောင့် ရွှေဈေးနှုန်း မြင့်တက်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 1706

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

မြန်မာနိုင်ငံအတွင်း ရွှေဈေးကွက်တွင် ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေခြင်းကြောင့် ရွှေဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင် များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ရွှေဈေးနှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းကျော်အထိ မြင့်တက် လျက် ရှိနေသည်။

ထိုသို့ ရွှေဈေးနှုန်းများ မြင့်တက်လာရခြင်းသည် ရွှေလာရောက်ဝယ်ယူမှု များပြားခြင်း၊ ရွှေကုန်ကြမ်းရရှိမှု နည်းပါးခြင်း၊ ပြည်တွင်း ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်း စသည့် အခြေအနေများကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ရွှေ အတုံးများကိုတွေ့ရစဉ်(GETTY IMAGES)

ဦးအုန်းမြင့်က “ဒီရာသီမှာ ဦးတို့နိုင်ငံမှာ ရွှေကြမ်းက ထွက်တာတွေ နည်းတယ်လေ။ နည်းတာက မိုင်းတွေဆိုလည်းပဲ ရွှေတွင်း တွေ တူးလို့ မရဘူးလေ။ တူးလို့ရှိရင် ရေဝင်တာတို့၊ တွင်းပြိုတာတို့ ဆိုတာမျိုးတွေကြောင့်လေ၊ အဲဒါကြောင့်မို့ ရွှေထွက်တာ နည်းတယ်။ နောက်တစ်ခုက ဦးတို့နိုင်ငံမှာ လှောင်ကုန်တွေပေါ့နော် ပဲတို့၊ နှမ်းတို့၊ စပါးတို့ ဒီရာသီမှာ သူတို့က ထုတ်ရောင်း ကြတယ်လေ။ ထုတ်ရောင်းတဲ့ အခါကျတော့ သူတို့ရလာတဲ့ ငွေအမောက်ကို နှစ်တိုင်းပဲ သူတို့က ရွှေကို ပြန်ဝယ်ကြတာပေါ့ နော်။ ရွှေကို ပြန်ဝယ်ပြီး ကိုင်ထားကြတယ်ဆိုတဲ့ အတွက်ကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအားမှာ ရောင်းလိုအား နည်းပြီး တော့ ဝယ်လိုအားက များနေတဲ့ သဘောရှိတယ်။ နောက်တစ်ခုက မြန်မာငွေနဲ့ ဒေါ်လာ လဲလှယ်နှုန်းမှာလည်း လောလော ဆယ် မြင့်တက်နေတာကို တွေ့နေရတယ်။ အဲဒီအတွက်ကြောင့် ရွှေဈေးက တက်သွားတာပေါ့” ဟု ပြောသည်။

လက်ရှိ ရွှေဈေးကွက်အတွင်း ရွှေလာရောက် ဝယ်ယူသူများသည် စုဆောင်းရန်အတွက် ရွှေအတုံးများကို ပို၍ ဝယ်ယူကြ ကြောင်း၊ လက်ဝတ်တန်ဆာဖြစ်သည့် လက်ဝတ်လက်စားများကို ဝယ်ယူမှုနည်းပါးပြီး လာရောက် ရောင်းချမှုသာ များပြား ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ရွှေဈေးနှုန်း မြင့်တက်နေမှုကြောင့် အသေးစားနှင့် အလတ်စား ရွှေဆိုင်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ ရွှေအတုံးများသာ ဝယ်ယူမှုရှိပြီး လက်ဝတ်လက်စား(ဉပမာ ရွှေလက်စွပ်- ဆွဲကြိုး-လက်ကောက်)များ ဝယ်ယူမှုနည်းပါးခြင်း ကြောင့် ရွှေဆိုင်တချို့သည် ရွှေထည်အသစ်များ ထပ်မံလုပ်ဆောင်မှု မလုပ်နိုင်တော့သည့်အတွက် ရပ်နားလာကြကြောင်း သိရသည်။

ရွှေဆိုင်တစ်ခုတွင် အရောင်းအ၀ယ်လုပ်နေကြစဉ် (GETTY IMAGES)

ထို့ကြောင့် ရွှေလက်ဝတ်တန်ဆာများကို ပြုလုပ်နေကြသည့် ပန်းတိမ်လုပ်သားများ အနေဖြင့် ရွှေတန်ဆာ အသစ်များကို ထပ်မံ လုပ်ဆောင်နေရခြင်းမရှိဘဲ အလုပ်လက်မဲ့ ပို၍ ဖြစ်လာကြသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးအုန်းမြင့်က ပြောသည်။

၎င်းက “ရွှေဈေးတွေကတော့ တက်တယ်။ ဒါပေမယ့်လို့ အခြေခံ လူတန်းစားတွေက ဝယ်တာထက် သူတို့က ပြန်ရောင်းနေတာ များတယ်လေ။ လက်မှုပညာသည် သမားဆိုတာက အခြေခံလူတန်းစားတွေ ဝတ်တဲ့အဖို့ပဲ အဓိကထားပြီး သူတို့က လုပ် ပြီး ရောင်းကြတာလေ။ တကယ်ချမ်းသာတဲ့ လူတွေကျတော့လည်းပဲ သူတို့က ပြည့်စုံပြီးသားဆိုတော့ သူတို့က အတုံးအခဲပဲ ဝယ်ကြမှာလေ။ အဲဒီအတွက်ကြောင့် ပန်းတိမ်လုပ်သားတွေ အနေနဲ့ကတော့ အလုပ်တွေက တော်တော်များများ အလုပ် လက်မဲ့ ဖြစ်ကုန်ကြတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ရွှေဈေးနှုန်းသည် ယခုထက်ပို၍ ဆက်လက် မြင့်တက်သွားနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း၊ ထိုအခြေအနေ များကို ထိန်းချုပ်ရန်အတွက် ရန်ကုန်နှင့် မန္တလေးရှိ ရွှေကုန်သည်များ၏ အရောင်းအဝယ် ဈေးကွက်ပေါ်တွင်သာ မူတည် ကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေဆိုင်တစ်ခုကို တွေ့ရစဉ်(GETTY IMAGES)

ကိုနေလင်းခန့် “အဓိက ကျနော်တို့ ကုန်သည်တွေကိုပဲ ကြည့်ရမှာပေါ့။ ရန်ကုန်၊ မန္တလေးက ကုန်သည်ကြီးတွေက သူတို့က အရမ်း အရောင်းအဝယ် လုပ်ချလိုက်ရင် ကျနော်တို့ ဟိုတနေ့ကဆိုရင် ၂၃ သိန်း နားနားထိ ပြန်ကျသွားသေးတယ်။ အဲတော့ မန္တလေးမှာ ကုန်သည်တွေ အရောင်း များလိုက်တာပေါ့။ အဲမှာ ၂၄ ကျော်ကနေ ၂၃ နားထိ ပြန်ကပ်လာတယ်။ အဓိကကတော့ ကုန်သည်တွေပေါ့။ မန္တလေးမှာ ရွှေရောင်းတာ အရမ်းများတယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ ကျတယ်။ သူ့ဟာနဲ့သူတော့ အချိတ်အဆက်တော့ ရှိတယ်။ အဓိက ကုန်သည်တွေကိုလည်း ကြောက်ရတယ်။ ဘာလို့လဲဆိုတော့ တချို့ကုန်သည်တွေက အရမ်းဈေးကစားတဲ့ အဲလိုမျိုးတွေ ရှိတယ်ဆိုရင် ကုန်သည်တွေအပေါ် မူတည်ပြီးတော့လည်း ဈေးကွက်က အလှုပ်အခတ် ဖြစ်တယ်။ သူတို့ကျတော့ အရောင်းအဝယ်လုပ်တာ ၁ ပိုင်း ၂ ပိုင်း မဟုတ်ဘူး။ ပိဿာကို ၁၀ နဲ့ချီပြီး လုပ်ကြတဲ့ သူတွေဆို တော့ အဲလိုမျိုး ကုန်သည်တွေက ဖွဲ့ပြီဟေ့ဆိုရင်တော့ ဈေးကွက်က အရမ်း အလှုပ်အခတ် ဖြစ်တယ်။ အဲလိုမျိုး အနေအထား တွေဆိုရင်တော့ ရွှေဈေးက အလှုပ်အခတ် ပိုများမှာပေါ့ သာမန်ထက် စာရင်တော့” ဟု ပြောသည်။

မြန်မာ့ရွှေဈေးနှုန်းများသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်း ဒေါ်လာငွေ ဈေးနှုန်းများပေါ် မူတည်၍ အပြောင်းအလဲ ဖြစ်ပေါ် သည့်အတွက် ပြည်တွင်း ဒေါ်လာဈေးနှုန်း ယခုထက်ပို၍ မြင့်တက်လာနိုင်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း ဆက်လက် မြင့်တက်လာနိုင်သည်ဟု လေ့လာသူများက ပြောသည်။

ယနေ့တွင် ပြည်တွင်း ရွှေဈေးကွက်၌ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ဈေးနှုန်းသည် ၂၅ သိန်း ၅ သောင်းကျပ် ရှိနေပြီး အမေရိကန်ဒေါ်လာကတော့ တစ်ဒေါ်လာလျှင် မြန်မာငွေ ၂၇၀၀ ကျပ်ဖြင့် တွက်ချက်ကြသည်ဟု သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျပန်စာမေးပွဲဖြေမည့်သူများ၊ မှတ်ပုံတင်နံပါတ်ပြနေသူများ၊ ဂျပန်က လုပ်ငန်းခွင် စတာတွေကိုတွေ့ရစဉ်

မှတ်ပုံတင်ကန့်သတ်မှု ဂျပန်ဘက်မှ မရှိဘဲ မြန်မာအေဂျင်စီက ကန့်သတ်ခြင်းဖြစ်နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 2324


CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

ဂျပန်ဘက်က အလုပ်ရှင်မှ လူရွေး၍ ခေါ်သည့်အတွက် ၇၊ ၉၊ ၁၁ မျဉ်းစောင်းပါ မှတ်ပုံတင်နံပါတ်များ ကိုင်ဆောင် ထားသူများသည် ခြွင်းချက် အနေဖြင့် သွားရောက် အလုပ်လုပ်ကိုင်ခွင့် မရကြောင်း လူမှုကွန်ရက် စာမျက်နှာ ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ဂျပန်ဘက်မှ အလုပ်ရှင်များသည် မြန်မာလုပ်သား ခေါ်ယူရာတွင် အထက်ပါ ၇၊ ၉၊ ၁၁ မျဉ်းစောင်းပါ မှတ်ပုံတင် နံပါတ်အချို့ ကိုင်ဆိုင်ထားသူများကို ခြွင်းချက်အနေဖြင့် မခေါ်ယူခြင်း၊ ကန့်သတ်ထားခြင်းမျိုး မရှိဘဲ မြန်မာဘက် အေဂျင်စီကသာ ကန့်သတ်ခြင်း ဖြစ်နိုင်သည်ဟု ဂျပန်အေဂျင်စီနှင့် ဂျပန်တွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူများက CNI သတင်းဌာနသို့ ပြောသည်။

Naytic Asia အေဂျင်စီမှ ဒါရိုက်တာကိုနေဦးကိုက“ဂျပန်မှာက သူက ဆိုင်မှမဆိုင်တာလေ။ သူက အဲဒါတွေ သိ လည်း မသိဘူး။ စိတ်လည်း မဝင်စားဘူး။ အဓိကကတော့ ဂျပန်ဘက်ကတော့ သူ့အလုပ်ကို လုပ်ပေးမယ့်လူကို လိုချင်တာပဲ။ အဲဒီလိုမျိုးတွေ မရှိပါဘူး။

 ဂျပန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

နိုင်ငံခြားဘက်ကလည်း အဲဒီလို မသတ်မှတ်ပါဘူး။ ဂျပန်ဘက်က ဆိုပြီး တော့ ဒီတိုင်းပဲ သူက နာမည်သုံးလိုက်တာ ဖြစ်လိမ့်မယ်။ အမှန်က ဒီဘက်က အေဂျင့်ကပဲ သူက ဒီဥစ္စာတွေ မလုပ်ချင်လို့ တမင်လုပ်လိုက်တာ။ သွားတာက ပတ်စပို့စ်နဲ့ပဲ သွားတာ၊ မှတ်ပုံတင်နဲ့ သွားတာမှ မဟုတ်တာ။ အထူးသဖြင့် CDM သမားတို့ ပံ့ပိုးတဲ့ လူတွေကျတော့ ဘယ်မှာ ပြဿနာ ဖြစ်နိုင်သလဲဆိုရင် လေဆိပ်အထွက်မှာ သူတို့က သေချာ CDM ဝင်တဲ့သူဆိုရင် ဝင်တဲ့သူရဲ့ စာရင်းတွေ လေဆိပ်က လုံခြုံရေးဌာနမှာ ရောက်ပြီးသား။ ဗီဇာ တွေ ဘာတွေကျတယ်၊ စမတ်ကတ်တွေ ဘာတွေလုပ်ပြီးတော့ နိုင်ငံခြားထွက်ခါနီး လေယာဉ်ပေါ် ရောက်ခါနီး တော့မှ အဲဒီကိစ္စငြိပြီးတော့ ပေးမသွားတော့ဘူး။ စစ်ဆေးရေးက ခေါ်သွားတာတို့ ဘာတို့ အဲဒီလို ပြဿနာတွေ ရှိတယ်။ အဲဒါကို ရှောင်ချင်လို့ တမင် ဒီဟာတွေ မရဘူးလို့ ရေးတာလို့ အစ်ကို ထင်တယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာဘက်မှ ဂျပန်သို့ Training ဖြင့် သွားရောက် အလုပ်လုပ်ကိုင်သူ အများအပြားက ထွက်ပြေးမှု များသဖြင့် အေဂျင်စီအချို့သည် ၇၊ ၉၊ ၁၁ မျဉ်းစောင်းပါ မှတ်ပုံတင်နံပါတ် ကိုင်ဆောင်ထားသူများအား ကန့်သတ် ၍ မခေါ်ခြင်းဖြစ်နိုင်ကြောင်း ဂျပန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် ကိုမြတ်သူအောင်က CNI သတင်းဌာနသို့ ပြောသည်။

 ဂျပန်က စိုက်ပျိုးရေးလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်

ယခုကဲ့သို့ မြန်မာများ ထွက်ပြေးမှုများလာခြင်းသည် ဂျပန်တွင် လုပ်ကိုင်ရမည့် အလုပ်အား မိမိ လုပ်နိုင်၊ မလုပ်နိုင် ဆိုသည်ကို သေချာမလေ့လာဘဲ ဂျပန်နိုင်ငံသို့ ရောက်လျှင်ပြီးပြီဆိုသည့် စိတ်ဖြင့် သွားကြပြီး ဂျပန်သို့ ရောက် သည့်အခါ အလုပ်လုပ်ရသည်မှာ ပင်ပန်းသည့် အတွက်ကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုမြတ်သူအောင်က “လူတွေကို ခေါ်ဖို့အတွက် သူတို့က အများကြီး ငွေကုန်ကြေးကျ ခံရတယ်။ အချိန်တွေ ပေးရ တယ်။ ရောက်လာပြီးတော့ လူက ထွက်ပြေး သွားတယ်ဆို သူတို့က နစ်နာတယ်။ အဲဒါမျိုးတွေ ခဏခဏ ကြုံလာ တဲ့ အခါကျတော့ အဲဒါ ဘယ်လိုလူမျိုးတွေလဲ ဆိုပြီးတော့ ဒီဘက် အေးဂျင့်တွေကို ပြန်မေးကောင်းမေးလိမ့်မယ် ဂျပန်က အလုပ်ရှင်က။ အခုဖြစ်နေတာက တကယ့် အရင်းခံ ပြဿနာက ဗမာတွေတောင် သိပ်မခေါ်တော့ဘူး ဆိုတဲ့ ပုံမျိုးအထိတောင် ဖြစ်သွားလာမယ် ဂျပန်က။ အဲဒါဘာလဲဆိုတော့ ဒီဘက်က Training သမားတွေနဲ့ သွားတဲ့ လူတွေ အများစုက ရှေ့က ဒီလိုမျိုး လုပ်ပြထားရင် ဘယ်သူဌေးမဆိုပဲ ဂျပန်က စဉ်းစားတာ ဗမာတွေ ခေါ်ရင် အရမ်းပြဿနာများတယ်။ သူတို့ဘက်က ဘယ်ကခေါ်ခေါ်လေ၊ ဗီယက်နမ်ကခေါ်လည်း လွယ်တာပဲ။ တရုတ်က ခေါ်လည်း လွယ်တာပဲ။ သူတို့အတွက် အဆင်ပြေမယ့်လူခေါ်တာ။ ဗမာတွေရဲ့ အားသာချက်က အလုပ်လေး ပိုကြိုးစားမလား၊ သူတို့အတွက် လုပ်ငန်းခွင်မှာ ပိုအသုံးတည့် မလားဆိုပြီးတော့ ခေါ်ကြတာလေ။ အဲဒီလို မဟုတ်ဘဲနဲ့ လုပ်ငန်းခွင်မှာ ထွက်ပြေးမှုတွေများရင် သူတို့ဘက်က ရှင်းရတာများတယ်” ဟု ပြောသည်။

လက်ရှိတွင် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူ များပြားလာပြီး ဘာသာစကား သင်တန်းကျောင်း များလည်း ပေါများလာကာ လာမည့် ဒီဇင်ဘာလတွင် ဂျပန်အစိုးရမှ ပြုလုပ်သည့် ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲ JLPT ကျင်းပမည်ဖြစ်သည်။

ဂျပန်စာမေးပွဲ ဖြေဖို့ လျှောက်လွှာထုတ်နေကြသူများ

ဂျပန်စာမေးပွဲ ဖြေဖို့ လျှောက်လွှာထုတ်နေကြသူများ
ဂျပန်ဘက်မှ အလုပ်ရှင်များသည် ၎င်းတို့၏ လိုအပ်ချက်နှင့်ကိုက်ညီသူဖြစ်ပါက ခေါ်ယူသည့်အတွက် အေဂျင်စီ အချို့၏ မှတ်ပုံတင်နံပါတ် ကန့်သတ်မှုအား လျစ်လျူရှု၍ ဂျပန်ဘာသာစကားအား သေချာ ကျွမ်းကျင်အောင် လေ့လာထားရန် ဂျပန်နိုင်ငံနှင့်ပတ်သက်၍ အသိပညာများမျှဝေနေသည့် Yamazaki Thant က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “အဓိကက ဂျပန်စကားရယ် ကိုယ်သွားမယ့် ကိုယ်လုပ်မယ့်အလုပ်ရဲ့ အကြောင်းအရာကိုပေါ့ သေသေ ချာချာ ပြင်ဆင်ထား စေချင်တယ်။ တခြားဘေးစကားတွေ အရမ်းနားထောင်ပြီးတော့ ကိုယ်သွားချင်တဲ့ Focus ပေါ့ ချော်မလွဲသွားစေချင်ဘူးပေါ့။ အဓိကကတော့ ကိုယ်ဂျပန်ကို ဘာနဲ့သွားမလဲ။ အဲဒါအတွက် ဘာတွေလိုအပ်မယ် ဆိုတာလေးပဲ အဓိကထားပြီး လုပ်သွားသင့်တယ်လို့ ထင်ပါတယ်။ ဘေးဘယ်ညာ မကြည့်ဘဲ တည့်တည့်ပဲ သွားပါ လို့ အကြံပေးချင်ပါတယ်”ဟု ပြောသည်။

လက်ရှိ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူများသည် ကိုဗစ်မတိုင်ခင် ကာလများကထက် ပို၍ များပြား လာကာ ဒီဇင်ဘာလတွင် ပြုလုပ်မည့် JLPT စာမေးပွဲအတွက် လျှောက်လွှာဝယ်ယူရာတွင် လူအများအပြား အစု လိုက် အပြုံလိုက် ဝယ်ယူကြသည်ကို တွေ့ရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ကျဆင်းနေ

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s
စားဆီရောင်းချပေးနေစဉ် (MEODA)

စားဆီ ၁ ပိဿာ ၃၇၀၀ ကျပ်ဖြင့် ဗိုလ်ဂုံးဈေးအနီးမှာ ရောင်းချပေးနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1402

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Thein Than Yadanar Co.,Ltd မှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား စားဆီ ၁ ပိဿာ ၃၇၀၀ ကျပ်ဖြင့် ဗိုလ်ဂုံးဈေးအနီးမှာ ရောင်းချပေးကြောင်း မြန်မာနိုင်ငံဆီကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။

စားဆီရောင်းချပေးနေစဉ် (MEODA)

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုနှင့်အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်လာနေခြင်းကြောင့် ပြည်သူလူထုမှာ စားဝတ်၊ နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရခိုင်နယ်စပ်ကုန်သွယ်ရေး တစ်ခုကိုတွေ့ရစဉ်

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ကျဆင်းနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1369

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေခြင်းနှင့် ကုန်စည်စီးဆင်းမှု နည်းပါးခြင်းကြောင့် ကုန်သွယ်မှု ကျဆင်းနေသည်ဟု နယ်စပ်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် ရာသီဥတု အခြေအနေ ကောင်းမွန်မှု မရှိခြင်း၊ ကုန်သွယ်ရေးစရိတ် မြင့်တက်ခြင်းတို့ကြောင့် စစ်တွေနယ်စပ် ကုန်သွယ်ရေး ရပ်နားထားသည်မှာ တစ်ပတ်နီးပါး ရှိပြီဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်အောင်က “မိုးတွင်းမှာ ကျနော်တို့ စစ်တွေဘက်မှာ ရာသီဥတု ကြမ်းရင်လည်း သွားလို့မရဘူး။ ကျနော်တို့ ရပ်ထား ရတာ တစ်ပတ်လောက် ရှိပြီ။ စစ်တွေမှာလည်း ဟိုဘက်ကို ပို့လို့မရဘူး။ တစ်ပတ်လောက်တော့ မရှိသေးပါဘူး။ ၅ ရက် လောက်တော့ ပြောလို့ရပါတယ်။ ရာသီဥတု မကောင်းဘူးဆိုတာက ပင်လယ်ပြင်မှာ ရာသီဥတုက ကြမ်းနေရင် ကျနော်တို့ လှေတွေက ထွက်လို့မရဘူးလေ။ ကုန်သွယ်လို့ မရတဲ့အခါကျတော့ မောင်တောဘက်ကိုသွား။ မောင်တော ဘက်သွားပြန် တော့ မောင်တောဘက်မှာ လမ်းခရီးတွေက မကောင်း၊ စရိတ်စကတွေက ပို။ မကိုက်ကြတဲ့ အခါကျတော့ အဲလိုလေးတွေ ရှိတာပေါ့ဗျာ”ဟု ပြောသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ဇွန်လတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၂ သန်း အထိ ကုန်သွယ်နိုင်ခဲ့ကြောင်း၊ ဇူလိုင်လမှာတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅၂ သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေး တစ်ခုကိုတွေ့ရစဉ်

ယခု ဩဂုတ်လပိုင်းတွင် လမ်းပိုင်းအခြေအနေ ဆိုးရွားနေခြင်းနှင့် ကုန်စည်ဝင်ရောက်လာမှု နည်းပါးနေခြင်းကြောင့် ကုန်သွယ်မှု ထပ်မံ ကျဆင်းနိုင်သည်ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောသည်။

ဦးအောင်စံသိန်းက “မိုးတွင်းကာလဆိုတော့ တော်တော်လေး ကျတော့ကျတယ်။ မိုးတွင်းကာလဆိုတော့ လမ်းက မကောင်း တာ တစ်ကြောင်းရယ်၊ ကုန်စည်ကလည်း စီးဆင်းမှု နည်းတယ်လေ။ မိုးတွင်းကာလ ဖြစ်လို့လေ ကုန်တွေ သိပ်မလာဘူး။ ဒီလမှာလည်း ဒီထက်တောင် ကျနိုင်တယ်လို့ ကျသွားမယ်လို့ ကျနော်ကတော့ အဲလိုပဲ တွက်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေချိုငါးမြစ်ချင်း တင်ပို့နိုင်သည့် ပမာဏပေါ် မူတည်၍ ကုန်သွယ်မှု အတက်အကျကို တွက်ချက်ရခြင်း ဖြစ်သည်။

လက်ရှိ ကာလသည် ရေချိုငါးမြစ်ချင်းများ ပေါများစွာ ထွက်ရှိသည့် ရာသီမဟုတ်ကြောင်း သိရသည်။

ထို့ကြောင့် ပွင့်လင်းရာသီနှင့် ရေချို ငါးမြစ်ချင်း ပေါများစွာ ရရှိသည့် အချိန်မှသာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် မြင့်တက် လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မလေးရှားတွင် ဖမ်းခံရသူများထဲမှ မြန်မာသီးသန့် ပြန်လွှတ်ပေးရန် မဖြစ်နိုင်

By CNI
CNI
Category: Watch TV
Hits: 834

Share
Tweet
Share
Share
powered by social2s

စပါးအထွက်နှုန်းတိုးရန် ဩဂုတ်လအတွင်း ဓာတ်မြေဩဇာ ထောက်ပံ့ရန်လို

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s
တောင်သူတစ်ဦး လယ်ယာစိုက်ပျိုးရေး ထွန်ယက်နေစဉ်

စပါးအထွက်နှုန်းတိုးရန် ဩဂုတ်လအတွင်း ဓာတ်မြေဩဇာ ထောက်ပံ့ရန်လို

By CNI
CNI
Category: စီးပွားရေး
Hits: 1435

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀

စပါးအထွက်နှုန်းတိုးရန်အတွက် ကြိုးစားရမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည့်အတွက် စပါးအထွက်နှုန်း တိုးစေလိုပါက ယခုလ(ဩဂုတ်အတွင်း) ဓာတ်မြေဩဇာ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

စပါးစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တောင်သူများကို မြေဩဇာ၊ ပိုးသတ်ဈေးနှင့် စိုက်ပျိုးရေများကို ရရှိအောင် မဖြစ် မနေ ဆောင်ရွက်ပေးမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၈ ရက်နေ့က ပြောသည်။

ထိုသို့ ထောက်ပံ့ပေးမည်ဆိုပါက ဩဂုတ်လအတွင်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ဩဂုတ်လ ကျော်လွန်သွားမည် ဆိုပါက စပါးများ ထွက်ရှိလာပြီဖြစ်သည့်အထွက် အချိန်မမှီနိုင်တော့ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းအောင်က “သူတို့က တကယ်လုပ်ရင်တော့ သူတို့ ယန္တရား ရှိတဲ့အတွက် သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ်တွေကို ဒီစီမံ ကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်ခိုင်းမယ်။ တိုင်းကနေပြီးတော့ ခရိုင်၊ ခရိုင်ကနေ မြို့နယ်၊ မြို့နယ်ကနေ ပြီးတော့ ကျေးရွာ အုပ်ချုပ်ရေးတွေအလိုက် အဲဒါတွေကို အားခြင်း လုပ်ပေးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ သူတို့မှာ ယန္တရား ရှိတာ ပဲလေ။ လည်ပတ်နေတာပဲ ရနိုင်ပါတယ်။ သို့သော် ဘာဖြစ်လဲဆိုတော့ အခု ဩဂုတ် ၁ လ အတောတွင်းမှာ လုပ်ပေးနိုင်ရင် တော့ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခု မှီနိုင်ပါသေးတယ်။ ဩဂုတ်လ ကျော်သွားလို့ စက်တင်ဘာလဆိုရင် စပါးတွေလည်း ထွက်ပြီဖြစ်တဲ့အတွက် အဲဒီလလောက်ဆိုရင်တော့ မမှီနိုင်တော့ဘူးလို့။ နွေစပါးတော့ မှီမှာပေါ့” ဟု ပြောသည်။

နစက အစည်းအဝေး

ယခုနှစ်တွင် တောင်သူများသည် စပါးစိုက်ပျိုးရာတွင် စက်သုံးဆီ၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုစရိတ်များ ဈေးနှုန်း ကြီးမြင့်နေခြင်းကြောင့် ဓာတ်မြေဩဇာများကို လျှော့ချ အသုံးပြုခဲ့ကြကြောင်း၊ ထိုသို့ ဓာတ်မြေဩဇာ လျှော့ချ အသုံး ပြုခဲ့ခြင်းကြောင့် စပါးအထွက်နှုန်း လျော့ကျမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

ထို့ကြောင့် စပါးအထွက်နှုန်း တိုးစေရန် ဩဂုတ်လအတွင်း ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးမည်ဆိုလျှင့် ရနိုင်ကြောင်း၊ သို့သော် ထောက်ပံ့မှုကို အောက်ခြေ လယ်သမားများအထိ ရရှိမှုမရှိပါက စပါးအထွက်နှုန်း တိုးမည် မဟုတ်ကြောင်း ဦးသိန်းအောင်က ပြောသည်။

၎င်းက “တောင်သူတွေဘက်ကတော့ မျိုးကောင်းမျိုးသန့် ထိုက်သင့်သလောက် ရနိုင်အောင်လို့ မျိုးကောင်းမျိုးသန့် စိုက်တဲ့သူ တွေလည်း ရှိတယ်။ သို့သော်လည်းပဲ မိုးစပါး အတွက်ကတော့ စိုက်ပြီးကြပြီပေါ့။ သို့သော် နောက်ဆုံး တစ်ရစ်အနေနဲ့ စိုက်ထားတဲ့ စပါးတွေ အထွက်ကောင်းဖို့အတွက် လုံလောက်တဲ့ မြေဩဇာ အာဟာရ ကျွေးနိုင်အောင်လို့ နောက်ကနေ ပံ့ပိုး ပေးမယ် ဆိုရင်တော့ ထွက်နိုင်ပါတယ်လို့။ သို့သော် ဉုံဖွနဲ့တော့ ရတာ မဟုတ်ဘူးလို့။ တကယ်ကို အစာထောက်ပံ့နိုင်မှ ရမယ် လို့။ အဲဒီလို လုပ်ပေးနိုင်ရင်တော့ ရပါတယ်။ အဲဒီဥစ္စာက အပေါ်က စီမံကိန်း ရှိသော်လည်းပဲ အောက်မှာ ရောက်မလာနိုင်ရင် လည်း ဘယ်တိုးနိုင်မလဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဓာတ်မြေဩဇာ လုံလောက်စွာ သုံးစွဲနိုင်မှု မရှိဘဲ လျှော့ချ သုံးစွဲခဲ့ရခြင်းကြောင့် ယခုနှစ်တွင် မိုးစပါးထွက်ရှိမှုနှုန်း ၁၀ ရာခိုင်နှုန်း အထိ လျော့ကျမည်ဟု တောင်သူလယ်သမားများက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် စပါးများကို စိုက်ပျိုးသော်လည်း ပျိုးကျဲပြီးနောက် မိုးရွာသွန်းမှုမရှိဘဲ မိုးခေါင်မှုနှင့် ကြုံတွေ့ရ ခြင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဓိကမှာ ဓာတ်မြေဩဇာများ လိုအပ်နေကြောင်း သိရသည်။

တောင်သူများ စပါးစိုက်ပျိုးနေစဉ်

ထို့ကြောင့် တောင်သူများကို အစိုးရမှ လိုအပ်သည့် အထောက်အပံ့များအား ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အတိုင်းအတာ တစ်ခုထိ အကျိုးရှိနိုင်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်ဇံက “အခု ကျနော်တို့ ဘက်မှာလည်း အစိုးရ အထောက်အပံ့နဲ့ မဟုတ်ဘဲနဲ့ ကိုယ်ထူကိုယ်ထလေး ကျနော်တို့ ပြန်ပြီး တော့ အဖက်ဆယ် နေတာလေး ရှိတယ်။ တချို့ကျတော့ လက်လွှတ်လိုက်ကြပြီဆိုတဲ့ အနေအထားတောင် ရောက်နေကြပြီ ပေါ့နော်။ တချို့ကျတော့ မျှော်လင့်ချက် တပိုင်းတစနဲ့ပေါ့ ပြန်ပြီးတော့ တချို့ဒေသတွေမှာတော့ မိုးက ပြန်ပြီးတော့ ရွာလာတဲ့ အနေအထားမှာ ရှိတယ်။ ရှိတော့ ပြန်ပြီးတော့ လုပ်နေကြတဲ့ အနေအထားတော့ တွေ့ရတယ်ပေါ့နော်။ ဒီအချိန်မှာ အစိုးရက လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးနိုင်မယ်ဆိုရင်တော့ ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ အတိုင်းအတာ တစ်ခုထိတော့ အကျိုး ရှိနိုင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးထားသည့် စပါးများ ပျက်စီးခဲ့ရခြင်းကြောင့် ပြန်လည်စိုက်ပျိုးရန် မတတ်နိုင် သည့် တောင်သူများလည်း ရှိကြောင်း၊ တချို့သော တောင်သူများသည် လယ်မြေများကို စွန့်ခွာ၍ ပြည်ပသို့ သွားရောက် အလုပ်လုပ် ကိုင်သူများလည်း ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့တွင် လယ်ယာမြေများကို ပို၍ စွန့်ခွာလာကြသည်ဟု ရခိုင်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှားမှာ ဖမ်းဆီးခံရသော အထောက်အထားမဲ့ မြန်မာများ

မလေးရှားတွင် ဖမ်းခံရသူများထဲမှ မြန်မာသီးသန့် ပြန်လွှတ်ပေးရန် မဖြစ်နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 3275

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀

မလေးရှားနိုင်ငံသည် နိုင်ငံပေါင်းစုံမှ အထောက်အထားမဲ့ အလုပ်သမားများကို ဖမ်းဆီးခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံသား သီးသန့် ပြန်လွှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း အလုပ်သမားအရေးလည်း လုပ်ဆောင်သည့် ကွာလာလမ်ပူရှိ မြန်မာလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ဥက္ကဋ္ဌ ဦးစန်းဝင်းက “ဒီမြန်မာတစ်ဂရုထဲကို သွားတောင်းဆိုလို့ မရဘူး။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံသားတွေလည်း ပါနေ တယ်။ အခုက မြန်မာသက်သက်ကိုချည်းပဲ ရွေးဖမ်းတာ မဟုတ်ဘူး။ တခြားနိုင်ငံသားတွေလည်း ဖမ်းထားတယ်။ အဲဒီ ဖမ်း ထားတဲ့ အတွက်ကြောင့် တောင်းဆိုရင်တော့ အားလုံးအတွက်မှ အဆင်ပြေနိုင်မယ်လို့ ထင်တယ်။ လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုမယ် ဆိုရင်တော့ တခြားနိုင်ငံသားတွေ အတွက်ရော တောင်းဆိုပေးမှ ကောင်းမယ်။ ကိုယ့်နိုင်ငံ တစ်ခုတည်း ဆိုရင် တော့ သူတို့က ဘယ်လိုနည်းနဲ့မဆို ဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အများနဲ့ဆိုတော့ သိပ်ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ သူတို့ကတော့ ဖမ်းရင်တော့ အားလုံးညီတူညီမျှ ဖမ်းပစ်တာ။ ဥပဒေအရ အဲဒီလိုဟာမျိုး သတ်မှတ် ထား တော့”ဟု ပြောသည်။

NUG ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့များအား နေရပ်ပြန်ခွင့်၊ နေထိုင်ခွင့်နှင့် အလုပ်ပါမစ် လုပ်ခွင့်တို့အား ၂ နှစ်ကျော် ခွင့်ပြု ပေးထားသည်ကို ဇွန်လတွင် အားလုံး ပိတ်လိုက်သည်။

ထို့နောက် ဇွန်လကုန်မှ စတင်ကာ နေ့စဉ်နှင့်အမျှ ဖမ်းဆီးနေခြင်းဖြစ်ပြီး အခုမှ ဖမ်းဆီးနေခြင်း မဟုတ်ကြောင်း၊ သို့သော် ဩဂုတ် ၉ ရက်နေ့က အထောက်အထားမဲ့ အလုပ်သမားများအား လိုက်လံဖမ်းဆီးသည့် ဗွီဒီယိုဖိုင်သည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လူပြောများခဲ့သည်။

မလေးရှားနိုင်ငံတွင် သြဂုတ် ၉ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအရေးနှင့် စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာလူမှုကူညီရေးအသင်း မလေးရှားမှ ဥက္ကဋ္ဌ ဦးစန်းဝင်းက“ဒီမလေးရှား အစိုးရအပေါ်ပဲ မူတည်တာပေါ့လေ။ မလေးရှား အစိုးရက ခွင့်ပြုရင်တော့ ပြစ်ဒဏ် လျှော့ပေါ့တာတို့၊ ဘာတို့ ဖြစ်လာနိုင်တယ်ပေါ့။ တကယ်လို့ အကြောင်းကြောင်းကြောင့် သူတို့ မလျှော့ပေါ့ဘူး။

သူတို့ သတ်မှတ်ထားတဲ့အတိုင်း ဖမ်းဆီးမယ်ဆိုပြီး ဖမ်းဆီးရင်တော့ ဒါတွေကတော့ အရေးယူခြင်း ခံရမယ်ပေါ့။ တောင်းခံလို့ ရမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံသားတွေ ပြစ်မှုသက်သာတယ်။ နောက် ပါမစ်တွေ ဘာတွေတောင် ရသွားနိုင်တယ်ပေါ့။ နေထိုင်ခွင့်အတွက် အလုပ်လုပ်ခွင့် တရားဝင် ပါမစ်တွေ ဘာတွေ ရသွားနိုင်တယ်ပေါ့။ ကျနော်တို့ကတော့ ကိုယ့်နိုင်ငံသားတွေကတော့ အားလုံးကို လွတ်စေချင်တာပေါ့။ ဥပမာ ငွေဒဏ်လောက်ရိုက်ပြီး သူတို့ ဖမ်းဆီးထားတာတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးစေချင်တယ်ပေါ့”ဟု CNI သို့ ပြောသည်။

မလေးရှား အာဏာပိုင်များက အထောက်အထားမဲ့များကို ဖမ်းဆီးနေစဉ်
မလေးရှာနိုင်ငံတွင် ဇွန်လကုန်မှ စတင်ကာ ဖမ်းဆီးခံထားရသည့် နိုင်ငံပေါင်းစုံမှ အထောက်အထားမဲ့ အလုပ်သမား ၁၀၀၀၀ (တစ်သောင်း)ကျော် ရှိကြောင်း၊ ဩဂုတ် ၉ ရက်နေ့က ဖမ်းဆီးခံရသည့် အထဲတွင် အထောက်အထားမဲ့ အလုပ်သမား ၁၁၅ ဦး သည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

တရားဝင် အထောက်အထားရှိသည့် အလုပ်သမားများ အဖမ်းခံရပါက အလုပ်ရှင်မှ လာရောက်ထုတ်ပေး၍ ရသော်လည်း အထောက်အထားမဲ့ များကိုမူ ထုတ်ပေး၍ မရကြောင်း သိရသည်။

တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရမိပါက ပြစ်မှုအပေါ် မူတည်ကာ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး အနည်းဆုံး ၆ လခန့် ပြစ်ဒဏ်ကျခံရကြောင်း သိရသည်။

မလေးရှားနိုင်ငံသည် အထောက်အထားမဲ့ အလုပ်သမားအရေးနှင့် ပတ်သက်လျှင် ဥပဒေတင်းကျပ်သဖြင့် မလေးရှားနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက တရားဝင် လမ်းကြောင်းမှသာလာကြရန် မလေးရှားရောက် မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် အဖမ်းအဆီး များနေသည့်အတွက် တရားမဝင် လမ်းကြောင်း(အောက်လမ်း)မှ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဩဂုတ်လ နောက်ပိုင်းမှသာ လာကြရန် မလေးရှားနိုင်ငံရှိ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင် အဖွဲ့ကလည်း တိုက်တွန်းထားသေးသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဗဟိုဘဏ်၏ ဒေါ်လာအပြောင်းအလဲကြောင့် ကြက်သွန်များဈေးကောင်းရပြီး အဝယ်လိုက်လာ

By CNI
CNI
Category: Watch TV
Hits: 773

Share
Tweet
Share
Share
powered by social2s

ထိုင်းနှင့် မြန်မာပွဲစားပေါင်း၍ ဘတ်ပန်းရောင်ကတ်ဖိုး ဘတ်တစ်သောင်းကျော်တောင်း

By CNI
CNI
Category: Watch TV
Hits: 749

Share
Tweet
Share
Share
powered by social2s
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33

Page 29 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar