CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပြည်တွင်းပြောင်းလက်ကျန် တန်ချိန် ၂ သိန်းခွဲနီးပါး ကျန်ရှိနေ

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s

Wave-Flexi ချိတ်ဆက်မှုကနေ ငွေအကန့်အသတ်မရှိ ထုတ်နိုင်ဟုပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1466

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၉

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Wave Money သည် ရိုးမဘဏ်နှင့်ပူးပေါင်း ၍ Wave-Flexi ချိတ်ဆက်မှုကနေ ငွေလွှဲခြင်း အပါအဝင် နီးစပ်ရာ ရိုးမဘဏ်ခွဲ သို့မဟုတ် ATM စက်များကနေ အကန့်အသတ် မရှိ ငွေသား ထုတ်ယူနိုင်ကြောင်း Wave Money ကုမ္ပဏီ၏ ထုတ်ပြန်ခဲ့သည်။

Wave Money အသုံးပြုသူများသည် ၎င်းတို့၏ Wave Pay ကို ရိုးမဘဏ် Flexi Everyday အကောင့်နှင့်ချိတ်ဆက်ကာ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှုများကို အသုံးပြနိုင်ကြောင်း သိရသည်။

Wave Money ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Brad Jones က “လတ်တလော ပြောင်းလဲမှု အခြေအနေများကြောင့် ကျနော်တို့ရဲ့ သုံးစွဲသူတွေ၊ ကိုယ်စားလှယ်တွေနဲ့ မိတ်ဖက်တွေဟာ ငွေသားထုတ်ယူမှုအတွက် အကျပ်အတည်း၊ စိန်ခေါ် မှုများကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ကောင်းစွာသိရှိပါတယ်။ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ပေးစွမ်း ရန်ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ Wave Money အသုံးပြုသူများက စိုးရိမ်ပူပင်မှု ကင်းစွာဖြင့် ငွေသားထုတ်ယူနိုင်စေဖို့နဲ့ ငွေပေး ချေမှု ဝန်ဆောင်မှုများကို ရယူနိုင်ဖို့ ရိုးမဘဏ်နဲ့ ပူးပေါင်းပြီး Wave-Flexi ချိတ်ဆက်မှုကို ယူဆောင်လာပါပြီ။ ဒီဝန်ဆောင်မှု အသစ်ဟာ ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့နဲ့ လက်တွဲလုပ်ကိုင်သူတွေအနေနဲ့ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ သုံးစွဲ သူများကို ငွေသား လုံလုံလောက်လောက် ထုတ်ပေးနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်” ဟု ပြောသည်။

Wave-Flexi ချိတ်ဆက်မှုကို ဇူလိုင်လမှာ စတင်ခဲ့ကြောင်း၊ Wave Money သည် ကိုယ်စားလှယ်များနှင့် အေးဂျင့်များ၏ Wave Partner အကောင့်များကို ရိုးမဘဏ် Flexi Connect အကောင့်ဖြင့် ချိတ်ပေး၍ Flexi ဝန်ဆောင်မှုမှတဆင့် ငွေလွှဲ ပြောင်းမှုကို ဆောင်ရွက်နိုင်ကြောင်း၊ ငွေကြေး ဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝှမ်း Wave ဆိုင်ပေါင်း ၅၀၀၀၀ ကျော်က ဆောင်ရွက်ပေး လျက်ရှိကြောင်း Wave Money ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိုးမဘဏ်၏ Chief Consumer Banking Officer ဖြစ်သူ ကိုကျော်စိုးလင်းက “အခုလို Wave Money နဲ့ လက်တွဲပြီး ရိုးမ ဘဏ် အသုံးပြုသူများသာမက Wave Money အသုံးပြုသူများကိုပါ ပိုမိုကောင်းမွန်တဲ့ ဘဏ်ဝန်ဆောင်မှုတွေ ပေးအပ်နိုင် တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ Flexi ဝန်ဆောင်မှုဟာ ရိုးမဘဏ်အတွက်ရော Wave Money အတွက်ပါ ကြီးမားတဲ့ ခြေလှမ်းသစ် တစ်ခုဖြစ်ပြီး လွယ်ကူချောမွေ့တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ယူဆောင်လာဖို့ဆိုတဲ့ ကတိကဝတ်ကို အကောင် အထည်ဖော်လျက်ရှိပါတယ်။ ကျနော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့ ငွေကြေးတွေကို အလွယ်တကူ စီမံခန့် ခွဲနိုင်ပြီး အစဉ်အမြဲ လက်လှမ်းမီ နိုင်စေဖို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ကျနော်တို့ လုပ်ဆောင်နေပါတယ်။ ဒီ Flexi Everyday ဝန်ဆောင်မှုဟာ ကျနော်တို့ရဲ့ ကတိကဝတ်ကို ဖြည့်စွမ်းပေးမယ့် အဓိကလုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြော သည်။

ရိုးမဘဏ်၏ Flexi Everyday အကောင့်ကို ရိုးမဘဏ်ခွဲများတွင် ဖွင့်နိုင်ကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ သြဂုတ် ၈ ရက်က နစကအစည်းအဝေးကို တွေ့ရစဉ်

တောင်သူများအတွက် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေ ရရှိရေး မဖြစ်မနေလုပ်ရမည်

By CNI News
CNI News
Category: စီးပွားရေး
Hits: 2622

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၈

စိုက်ပျိုးရေး လုပ်ငန်းများအတွက် တောင်သူများကို မိမိတို့အနေဖြင့် သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုသတ်ဆေးနှင့် စိုက်ပျိုးရေးများ ရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့(သြဂုတ် ၈ ရက်) ကျင်းပသည့် နစက အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရဝန်ကြီး ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌများ ပါဝင်သော အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်းပြောသွားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများနှင့် အထွက်နှုန်းကို မှန်မှန်ကန်ကန်ဖြစ်အောင် အလေးထား ဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ အစိုးရပိုင်းအနေဖြင့် သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေများ ရရှိရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည်”ဟု ပြောသည်။

ထို့နောက် နွေရာသီတွင် ရေလုံလောက်စွာ ရရှိရေးအတွက် ရေသိုလှောင်သည့်စနစ်၊ မြေအောက်ရေကို စနစ်တကျ သုံးစွဲ သည့် စနစ်တို့ဖြင့် အကျိုးရှိရှိ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်လာ ပါက အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိလာမည်ဖြစ်ကြောင်း၊ ထို့ပြင် သုံးစွဲမှုနှင့် ဝယ်လိုအား တက်လာမည် ဖြစ်ပြီး လူမှုစီးပွားဘဝပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကျေးလက်ကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌဦးကျော်ဇံက “အဓိကတော့ ဒီလောက်ကြီးမားတဲ့ ပြဿနာ ကို ကျော်ဖြတ်နိုင်ဖို့အတွက်၊ ဖာထေးနိုင်ဖို့အတွက် အစိုးရ အခန်း ကဏ္ဍကပဲ အဓိကကျတယ်။ တနိုင်တပိုင် ကျနော်တို့ လုပ်နေရုံလောက်နဲ့တော့ အဆင်မပြေနိုင်တော့ဘူး။ ဒါကြောင့် ဒီအချိန် မှာတော့ အစိုးရက တောင်သူတွေရဲ့ အခြေအနေေ တွကို စနစ်တကျ ကွင်းဆင်း သုံးသပ်ပြီးတော့လေ အထောက်အပံ့တွေ ပေးဖို့အတွက် အစီအစဉ်တွေ လုပ်နေသင့်ပြီလို့ ကျနော်ထင်တယ်။ အဓိကတော့ဗျာ အချိန်နဲ့တပြေးညီ လုပ်မယ်ဆိုရင် အခုက ရေမရှိဘူးဗျာ ရေတင်နိုင်ဖို့အတွက် ကျနော် တို့ စက်ကိရိယာတွေ ထုတ်ပေးရမယ်ဗျာ။ ပြီးတော့ ဆည်ရေတော့ မရှိဘူး။ ဒါပေ မယ့် မြစ်ရေကို အခြေတည်ပြီးတော့ တနံတလျားကို ကျနော်တို့က ဆက်သွယ်ပြီးတော့ စီစဉ်ပေးရမယ့် အနေအထားတော့ ရှိတယ်။ ကုန်ကျမှုတော့ များနိုင်တာ ပေါ့နော် ဆည်မရှိတဲ့ အခါကျတော့လေ” ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က CNI သို့ ပြောသည်။

မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်တွင် စိုက်ပျိုးရေးထွက်ကုန်သည် အဓိကကျသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌ ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သွင်းအားစုစရိတ်များ ကြီးမြင့်နေခြင်း၊ လောင်စာဆီဈေးမြင့်တက်နေခြင်း၊ စိုက်ပျိုးရေ မလုံ လောက်ခြင်းတို့ကြောင့် စိုက်ပျိုးဧကများ လျှော့ချလာသလို ဆန်စပါး အထွက်နှုန်းများလည်း လျော့ကြလာနေကြောင်း တောင်သူလယ်သမားများက ပြောသည်။

ရခိုင် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်း လုပ်ကိုင်နေစဉ်

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရခက်ခဲလာနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်လည်း စိုက်ပျိုးရေ မရရှိခြင်းကြောင့် မိုးစပါး စိုက်ပျိုးမှု လျော့နည်းလာသလို စပါးအထွက်နည်းလည်း လျော့နည်းသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးဘက်မှ ဆန်ပြန်လည် ဝယ်ယူ စားသုံးရမှုများရှိကြောင်း ရခိုင်တောင်သူ များက ပြောသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှတောင်သူ ကိုမောင်ဝင်းက “မိုးကလည်း မရွာဘူး။ ထွန်ထားတဲ့ လယ်တွေကလည်း ပြန်ပြီး တော့ ရွှံ့တွေကလည်း ပြန်ပြီးတော့ မာနေပြန် ပြီ။ အခက်အခဲတွေ အများကြီးပဲ နောက်နှစ် ဆန်တောင် ရှားမလားမသိဘူး။  မိုးတအား နည်းတယ်။ အခု မိုးတအား အများ ကြီး ရွာရမယ့် အချိန်။ မိုးနည်းတယ်။ မိုးနည်းတယ်ဆိုတော့ မိုးကို အားကိုးပြီး တော့ ထွန်ထားတဲ့ လယ်တွေကလည်း ပြန်ပြီး တော့ မာနေပြီ” ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က CNI သို့ ပြောသည်။

မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာအောင် နစက-က ဘီလျံ ၄၀၀ မတည်ကာ စိုက်ပျိုးရေးနှင့် စီးပွားရေး လုပ်ငန်း များကို ပံ့ပိုးမည်ဖြစ်ကြောင်း၊ ၆ လအတွင်း စီးပွားရေး ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

 

Share
Tweet
Share
Share
powered by social2s
မြန်မာ့ပြောင်းများကို တွေ့ရစဉ်

ပြည်တွင်းပြောင်းလက်ကျန် တန်ချိန် ၂ သိန်းခွဲနီးပါး ကျန်ရှိနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1435

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈

ပြည်ပကို ပြောင်းစတင် တင်ပို့သည့်အချိန်တွင် ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ပြောင်းတင်ပို့မှု နှောင့်နှေးသွားသည့် အတွက် လက်ရှိ၌ ပြောင်းလက်ကျန် ၂ သိန်းခွဲကျော် ကုန်သည်များထံမှာ ကျန်ရှိနေသေးသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

ယခင်နှစ်များက ယခုကဲ့သို့ ကာလတူအချိန်တွင် တန်ချိန် ၁ သိန်းမျှသာ ကျန်လေ့ရှိသော်လည်း ယခုနှစ်မှာတော့ ပြောင်းဈေးနှုန်း မတည်ငြိမ်ခြင်း၊ ပြည်တွင်းအစာစက်ရုံများမှ ပြောင်းဝယ်ယူမှု နည်းပါးခြင်းတို့ကြောင့် ပြောင်း လက်ကျန် ကျန်ရှိမှု ပိုမိုများပြားနေခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ(၄) ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးသန့်ဇင်ထွန်းက “ကောက်လို့ရတဲ့ စာရင်းရှိတယ်၊ ကောက်လို့မရတဲ့ စာရင်းရှိတယ်။ အဲဒါဆိုတော့ ခန့်မှန်းခြေပဲ ပြောလို့ရတာပေါ့နော်။ အဓိကတော့ ၂ သိန်းနဲ့ ၂ သိန်းခွဲကြား ရှိနေတယ်။ အိတ် သိန်း ၄၀ နဲ့ သိန်း ၅၀ ကြားတော့ ရှိမှာပေါ့နော်။ အဲလောက်တော့ ရှိနေတယ်။ ရှိနေတယ်ဆိုတာက ဒီနှစ်က ဘယ်လိုခေါ်လဲဆိုတော့ ပထမပိုင်းမှာ ဈေးနှုန်း မတည်ငြိမ်တဲ့အပေါ်မှာ အရောင်းအဝယ် နည်းနည်းလေး တုံ့ဆိုင်းသွားတာလည်းပါတယ်။ အမှန်တကယ် ရောင်းရမယ့် ၅/၆/၇/၈ အဲဒီ ကြားထဲမှာက ရောင်းဖို့က နည်းနည်းတုံ့နှေးမှုတွေ ဖြစ်သွားတဲ့အချိန်မှာ အရှိန်နှေး သွားတာပေါ့နော်။ပုံမှန်ရောင်းနေမယ်ဆို ဒီအချိန်လောက်ဆိုရင် လက်ကျန်က ဘယ်လောက်ကျန်မလဲဆိုတော့ အိတ် ၁ သိန်းလောက်ပဲ ကျန်ရမှာကို ရှေ့ပိုင်းမှာ နည်းနည်း နှေးသွားတာလည်းပါတယ်။ နောက် ဟိုးအရှေ့ပိုင်း မှာလည်း ပြောင်းဈေး နည်းနည်းတက်သွားတဲ့အခါမှာ ပြည်တွင်း အစာစက်တွေကလည်း ပြောင်းဈေး အရမ်း မြင့်တဲ့အခါကျတော့ ပြောင်းကတော့ မဖြစ်မနေတော့ သုံးတယ်။ တခြားဟာလေးတွေ နည်းနည်း အစားထိုး လိုက်တယ်။ အစားထိုးလိုက်တဲ့အတွက်ကြောင့် ပြောင်းရောင်းရမယ့်နေရာမှာ နည်းနည်း လျော့သွားတာလည်း ပါတယ်” ဟု ပြောသည်။

ပြည်ပသို့ ပြောင်းတင်ပို့မှုတွင် ပို့ကုန်မူဝါဒစနစ်သည် အဓိက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး အစိုးရ၏ မူဝါဒ အပြောင်းအလဲ ကန့်သတ်ချက်များကြောင့် ယခုကဲ့သို့ ပြောင်းလက်ကျန်များ ကျန်ရှိနေရခြင်း ဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။

ပြောင်းစိုက်ခင်း

ထို့ကြောင့် လက်ရှိ ကျန်ရှိနေသည့် ပြောင်းတန်ချိန် ၂ သိန်းကျော်နှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရမှ ပို့ကုန်မူဝါဒ ဖြေလျှော့မှုမရှိပါက အောက်တိုဘာလအထိ ပြောင်းများသည် ဆက်လက်ကျန်ရှိနေမည်ဖြစ်ပြီး တောင်သူများ အတွက် ထိုက်သင့်သည့် ဈေးနှုန်းမရဘဲ ဖြစ်သွားနိုင်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်က CNI သို့ ပြောသည်။

“အဓိက Export မူဝါဒပေါ့၊ ဘတ်နဲ့လည်း ရောင်းခွင့်ပြုတယ်။ လိုင်စင်လည်း ချပေးတယ်ဆိုရင် မြဝတီနယ်စပ် ကနေ ၁ လကို တန်ချိန် ၁ သိန်း ထွက်ပါတယ်။ အခု ဩဂုတ်လကျန်သေးတယ်ဆိုတော့ ဩဂုတ်လထဲ တန်ချိန် ၁ သိန်း ထွက်သွားနိုင်တာပေါ့နော်။ မူဝါဒ မဖြေလျှော့တော့ ၁၀ လပိုင်း ၁၁ လပိုင်းလောက်အထိကို မကုန်ဘဲနဲ့ ပြောင်းတွေက ကျန်သွားမယ်ပေါ့နော်။ ပြောင်းအသစ်ကလည်း ၉ လပိုင်းက စပေါ်နေပြီ။ စပေါ်နေပြီဆိုတော့ ဈေးကွက်ထဲမှာ ပြောင်းတွေ ပိုလျှံပြီးတော့မှ ကုန်ထုတ်လုပ်တဲ့ တောင်သူတွေအနေနဲ့ ရသင့်ရထိုက်တဲ့ ထုတ်လုပ်မှု စရိတ် မရတာမျိုးတွေ ဖြစ်သွားနိုင်တာပေါ့နော်။ အစာစက်ရုံတွေနဲ့ တတ်နိုင်သလောက် ညှိနှိုင်းပြီး ကြိုးစားနေ ပေမယ့် လတ်တလောအနေနဲ့ အစာစက်ရုံတွေကလည်း အင်တိုက်အားတိုက် ဝယ်မယ့်အနေအထားတော့ မရှိသေး ဘူး။ အဲလိုမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ပြောင်းနှင့် ဆီထွက်သီးနှံများကို ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာဖြင့် ပေးချေ၍ ပို့ကုန်ရငွေအားလုံးကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အပ်နှံရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်လိုက်ခြင်းကြောင့် ပြောင်းတင်ပို့မှု နှောင့်နှေးသွားခဲ့သည်။

သို့သော် ဩဂုတ်လ ၅ ရက်နေ့တွင် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ အပ်နှံရတော့မည်ဟု မူဝါဒ ပြောင်းလဲခဲ့ပြီး တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်သို့ တိုးမြှင့်ခဲ့သည်။

ထိုသို့ တိုးမြှင့်လိုက်ခြင်းကြောင့် ရန်ကုန်ပြောင်းဈေးကွက်တွင် ပြောင်းဈေးနှုန်းများ အနည်းငယ်မြင့်တက်လာပြီး အစိုးရမှ မူဝါဒများ ထပ်မံဖြေလျှော့ပေးမည်ဆိုပါက ပြောင်းဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကာ ပို့ကုန်တင်ပို့မှု သည်လည်း မြန်ဆန်လာနိုင်သည့်အပြင် တောင်သူများသည်လည်း ပို၍ စိုက်ပျိုးမှု လုပ်လာနိုင်သည်ဟု သိရသည်။
ပြောင်းတင်ပို့မှုသည် မြန်မာနိုင်ငံအတွက် တတိယအများဆုံး နိုင်ငံဘဏ္ဍာငွေ ရရှိအောင် လုပ်ဆောင်ပေးနေသည့် လယ်ယာထုတ်ကုန်တစ်မျိုးဖြစ်ပြီး တစ်နှစ်လျှင် ပြောင်းတန်ချိန် ၃.၂ သန်း ထွက်ရှိလျက်ရှိသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်

ကျပ်ငွေတန်ဖိုး ကျဆင်းမှုကိုထိန်းရန် ကုန်ထုတ်လုပ်မှု အများအပြား လုပ်ဆောင်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1348

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈

မြန်မာနိုင်ငံတွင် ကျပ်ငွေ(မြန်မာကျပ်ငွေ)တန်ဖိုး ကျဆင်းကာ နိုင်ငံခြားသုံးငွေတန်ဖိုးများ မြင့်တက်နေသည့် အတွက် ပို့ကုန်တင်ပို့ခြင်းနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု အများအပြား ထုတ်လုပ်နိုင်မှသာ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းအား ထိန်းနိုင်မည် ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက CNI သို့ ပြောသည်။

သို့သော် ပြည်တွင်း ကုန်ထုတ်လုပ်မှုအား အများအပြား ထုတ်လုပ်နိုင်ရန်အတွက် တိုင်းပြည်တည်ငြိမ်ရန် လိုအပ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စီးပွားရေးကတော့ ပြောရလို့ရှိရင် ဘက်ပေါင်းစုံပဲ။ ဘက်ပေါင်းစုံပဲဆိုတော့ ပြည်တွင်း production ကလည်း အခုက ကျနေတာလေ။ လယ်တွေတောင် လုပ်မရဘူး။ ဆိုတော့ အဓိကကတော့ ပြောရလို့ရှိရင် တိုင်းပြည်တည်ငြိမ်ရေးပဲ။ တိုင်းပြည်တည်ငြိမ်မှပဲ ဒါတွေက အဆင်ပြေမှာ။ production ကျရင် export လည်း ကျမှာပဲ။ export ကျမှတော့ အဲဒီနိုင်ငံက သိပ်မလွယ်ဘူးလေ။ တိုင်းပြည်မငြိမ်လို့ကတော့ စီးပွားရေးက ဘယ်လိုမှ လုပ်လို့မရဘူး။ တက်မယ့် အလားအလာလည်း မရှိဘူးပေါ့။ အဓိကကတော့ ကိုယ့်ဆီက export များများ ပို့နိုင် ရမယ်။ foreign exchange income အတွက်ပေါ့။ ကိုယ့်ပြည်တွင်းက များများ ထုတ်နိုင်ရမယ်။ အဓိကက inflation ကို ထိန်းနိုင်ဖို့ပေါ့။ ဆိုတော့ production မရှိဘဲ output မရှိဘဲနဲ့က ဘယ်လိုမှ inflation ကို မထိန်း နိုင်ဘူး။ အခုက အစိုးရက သူ့ဘတ်ဂျက်ကလည်း လိုငွေတွေ ပြတော့မယ်။ လိုငွေတွေ ပြတာကလည်း အခုက အခွန်ငွေတွေကလည်း မပေးကြ ဘာကြနဲ့ဆိုတော့ အခွန်တွေကလည်း သူမထိန်းနိုင်ဘူး။ export ကလည်း ကျ တော့ export ကရတဲ့ ငွေကလည်း လောက်လောက်ငှငှ မရှိဘူး။ မရှိတော့ ဘာလုပ်မလဲ ဗဟိုဘဏ်က ပိုက်ဆံတွေ ရိုက်ထုတ်မယ်။ အဲဒီရိုက်ထုတ်ရင် inflation က တက်လာလေ။ ဗမာငွေ တန်ဖိုးကကျလေပဲ”ဟု ပြောသည်။

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုးနှင့် ကုန်ထုတ်လုပ်မှု ကျဆင်းနေခြင်းသည် ထိရောက်သည့် မူဝါဒများအား မချမှတ်နိုင်ခြင်းနှင့် ချမှတ်သည့် မူဝါဒများမှာ မှားယွင်းနေခြင်းတို့၏ အဓိက အကျိုးဆက်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် မြေပြင်တွင် ဖြစ်ပျက်နေသည့် ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်၊ သွင်းကုန် ကိစ္စများအား ကုစားနိုင်မည့် ထိရောက် မှန်ကန်သည့် မူဝါဒမျိုး ချမှတ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေတို့အား တွေ့ရစဉ်

“ဒေါ်လာဈေးအတက်အကျဆိုတာ အဓိက ခံစားရတာ ပြည်သူပေါ့။ ပြည်သူရှိမယ်၊ production ပေါ့။ production ဆိုတာ ထုတ်လုပ်မှုအပိုင်းမှာ ရှိနေတဲ့သူတွေပေ့ါ။ ဥပမာဆို လယ်သမားတွေပေါ့။ ဘာကြောင့်လဲဆို သွင်းကုန်ပေါ် မှာ ရပ်တည်နေရတဲ့ နိုင်ငံဆိုတော့လေ။ ဥပမာ အခုဆိုရင် ဒေါ်လာဈေး ၂၁၀၀ ဖြစ်သွားတဲ့အတွက်ကြောင့် သွင်းကုန်ပစ္စည်းတွေ ဈေးတက်လာမယ်၊ အခြေခံစားသောက်ကုန်တွေ ဈေးတက်လာမယ်။ ဆိုတဲ့အခါကျတော့ တောင်သူတွေကလည်း ဒီလိုပဲ။ သူ့ရဲ့ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကလည်း မြင့်တက်လာမယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံခြားကသွင်းတဲ့ မြေဩဇာတို့ မျိုးစေ့တို့ ဒါတွေအပေါ်မှာပဲ မှီခိုနေရတာမို့လို့ သူ့ရဲ့ ထုတ်လုပ်မှုတန်ဖိုး တွေက တက်လာမယ်။ ဆိုတဲ့အခါကျတော့ ပြည်သူနဲ့ တောင်သူတွေက အရင်ဆုံးခံစားရမှာ။ ဒီလူတွေခံစားရလို့ ဒီလူတွေ မငြိမ်မသက်ဖြစ်ပြီဆိုရင် တိုင်းပြည်ကလည်း မငြိမ်သက်တော့ဘူးဆိုတာက သီအိုရီအရ ရှိပြီးသားပဲ” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာတွင်လည်း ဒေါ်လာဈေးမှာ မြင့်တက်နေမှု၊ ပြည်တွင်းတွင် ကျပ်ငွေတန်ဖိုး ကျဆင်းနေမှု စသည့် ဒဏ် နှစ်ခုအား ပြည်သူများခံစားနေရသည့်အတွက် ဒေါ်လာဈေးနှင့်ပတ်သက်၍ ဈေးကစားနေသူများကို အရေးယူရာ တွင် ထိရောက်စွာလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိနိုင်ငံရေးအနေအထားအတိုင်းဆိုပါက မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်တက်လာစေရန်နှင့် ပြည်တွင်းစီးပွား ရေး ပြန်လည်ဦးမော့လာစေရန်မှာ အချိန်ကာလအားဖြင့် ကြာမြင့်နိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြော သည်။

“ငွေတန်ဖိုးတက်တယ်ဆိုတာက စီးပွားရေးကောင်းမှလေ။ နောက် ဒီငွေကိုပဲ ယုံကြည်မှုရှိမှ။ အခုက အဲဒီ နှစ်ခုလုံး က ပျက်နေတဲ့သဘောရှိတယ်။ အဲဒီဟာကို ပြန်ပြီး restore လုပ်နိုင်မှရမယ်။ အခုဟာက စီးပွားရေးတောင် သိပ်ပြီး တော့ ဦးစားပေး လုပ်တော့လုပ်ရမှာပေါ့လေ။ သိပ်ဦးစားပေး အားထည့်ရမှာမဟုတ်ဘူး။ အားထည့်ရမှာက နိုင်ငံရေးတည်ငြိမ်ရေး အားထည့်ရမှာ။ နိုင်ငံတည်ငြိမ်မှပဲ ကျန်တဲ့စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးလုပ်နိုင်မယ်။ ကျပ်ငွေတန်ဖိုးတက်ဖို့ စီးပွားရေး တက်အောင်လုပ်ရမယ်။ နောက် ကိုယ့်ကျပ်ငွေအ‌ပေါ်မှာ အနည်းနဲ့အများ ယုံကြည်မှု ပြန်တည်ဆောက်နိုင်ရမယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဩဂုတ် ၅ ရက်နေ့မှစတင်ကာ ပုံသေသတ်မှတ်ထားသည့် ၁ ဒေါ်လာ ၁၈၅၀ ကျပ် ငွေလဲလှယ်နှုန်းအစား ၂၁၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်လိုက်သည့်အတွက် ပြင်ပပေါက်ဈေးတွင် ဒေါ်လာ ဈေးပိုမိုမြင့်တက်လာနိုင်ကြောင်းနှင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များနှင့် ကုန်သည်များက သုံးသပ်ကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဗဟိုဘဏ်၏ ဒေါ်လာငွေလဲနှုန်း ပြောင်းလဲခြင်းကြောင့် ပြင်ပဒေါ်လာဈေးနှုန်း ပိုမြင့်လာနိုင်

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s
အမေရိကန် ဒေါ်လာဝယ်နေစဉ် (Reuters)

ဗဟိုဘဏ်၏ ဒေါ်လာငွေလဲနှုန်း ပြောင်းလဲခြင်းကြောင့် ပြင်ပဒေါ်လာဈေးနှုန်း ပိုမြင့်လာနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1788

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၆

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပုံသေသတ်မှတ်ထားသည့် ၁ ဒေါ်လာ ၁၈၅၀ ကျပ် ငွေလဲလှယ်နှုန်းကို ၂၁၀၀ ကျပ် တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် ပြင်ပရှိ ဒေါ်လာငွေလဲလှယ်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာနိုင်ကြောင်း မြန်မာ့ စီးပွားရေးလေ့လာသူများက ပြောသည်။

ဒေါ်လာဈေးနှုန်းအပြင် တခြားသော ကုန်ဈေးနှုန်းများသည်လည်း မြင့်တက်လာမည် ဖြစ်သည်ဟု ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက ဒေါ်လာဈေး မြှင့်လိုက်တာက ကောင်းတဲ့အလုပ်တော့ မဟုတ်ဘူး။ ဒေါ်လာဈေး မထိန်းနိုင်တဲ့အပြင် အပြင် ဈေးနဲ့ အထဲဈေး ကွာဟနေတာကို ၁၈၅၀ အချိန်မှာ အပြင်မှာ ၂၄၀၀/၂၅၀၀ ဖြစ်သွားတယ်။ အဲလောက်ထိ ဈေးကွာနေတယ်။ အခု ၂၁၀၀ အထိ ထပ်တင်လိုက်တော့ အပြင်မှာထပ်ပြီး တက်ဖို့ပဲ ရှိတယ်။ အဲတော့ ကျန်တဲ့ ဈေးနှုန်းတွေကလည်း တက်လာ မှာပဲ။ ဒါ ငွေကြေးဖောင်းပွမှု တမျိုးပဲလေ” ဟု ပြောသည်။

ထို့နောက် ပို့ကုန် တင်ပို့ခြင်းမှ ရရှိလာသည့် ပို့ကုန်ရငွေအားလုံးကို ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းနှင့် မဖြစ်မနေ လဲလှယ်ဖို့ ညွှန်ကြားချက်ထုတ်ထားရာမှ သြဂုတ် ၅ ရက်က စတင်ပြီး ပို့ကုန်ရငွေ ပမာဏ၏ ၆၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် မဖြစ်မနေ လဲလှယ်ရန် ပြင်ဆင် သတ်မှတ်လိုက်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော်လည်း ကျန်ရှိနေသည့် ၃၅ ရာခိုင်နှုန်းကို မည်ကဲ့သို့ လုပ်ဆောင်ခွင့် ပြုကြောင်း၊ မည်သို့ လုပ်နိုင်ကြောင်းကို ထုတ်ပြန် ထားခြင်း မရှိသည့်အတွက် စောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ ၃၅ ရာခိုင်နှုန်းကို ထုတ်ခွင့်ပြုမည့် လုပ်ငန်းစဉ်အပေါ်ကို လိုက်၍ ဈေးကွက်အတွင်းရှိ ဒေါ်လာဈေး အတက်အကျ ပြောင်းလဲသွားနိုင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ မြန်မာ့စီးပွားရေး လေ့လာသူတစ်ဦးက CNI သို့ ပြောသည်။

၎င်းက “၆၅ ရာခိုင်နှုန်းကို သူတို့ သတ်မှတ်ထားတဲ့ Import အတွက် ခွဲဝေပေးရတယ်ပေါ့နော်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ကြိုက်တဲ့ Importer ဆီကို ရောင်းလို့ရမယ့် သဘောမျိုး။ ဒါပေမယ့် ထုတ်ပြန်ချက်ကလည်း အဲဒီ ၃၅ ရာခိုင်နှုန်းကို ဘာလုပ် ခွင့် ပြုမယ်ဆိုတဲ့ဟာ မပါဘူး။ ၃၅ ရာခိုင်နှုန်းကို ချက်ချင်း မလွှဲပေးဘဲနဲ့ ဘဏ်ထဲမှာ ထားရမှာလား။ ဘဏ်ထဲမှာ ထားပြီးတော့ အကောင့် လွှဲပြောင်းခွင့်ပြုမှာလား။ ဒါမှမဟုတ် ငွေသား ဒေါ်လာထုတ်ခွင့်ပြုလား။ အဲဒီ Follow Up က ဘာမှ Clear မဖြစ် ဘူး။ ဈေးကွက်ကို ရိုက်ခတ်လာမယ့်ဟာက အဲဒီအပေါ်မှာ မူတည်တယ်။ အဲဒီ ၃၅ ရာခိုင်နှုန်းကို ငွေသားထုတ်ခွင့် မပြုဘူး ဒါပေမယ့် Importer ကို ရောင်းဝယ်ခွင့် ပြုတယ်ဆိုလို့ရှိရင် Importer အတွက်တော့ အပြင်ဈေးကွက်မှာ လိုက်ရှာစရာ မလို တော့ဘူးလေ။ အပြင်ဈေးကွက်မှာ ရှာတဲ့ဟာ လျော့သွားမှာပေါ့။ အပြင်ဈေးကွက်မှာ Importer ရဲ့ Demand လျော့သွားပြီ ဆိုရင်တော့ ဒေါ်လာဈေးက ပြန်ကျသွားမှာပေါ့။ ဒါပေမယ့် အဲလိုမဟုတ်ဘူး ဒေါ်လာထုတ်ခွင့် ပြုတယ်ဆိုရင်လည်း ထုတ်တဲ့ ဒေါ်လာ ဈေးကွက်ထဲ ရောက်သွားပြီးတော့ ဈေးကွက်ထဲ ဒေါ်လာဈေး ကျမယ့်သဘော ရှိတာပေါ့။ ဒါတွေက အကျဘက်က ကြည့်တာပေါ့။ ဗဟိုဘဏ်ကတောင်မှ ၁၈၅၀ ကနေပြီးတော့ ၂၁၀၀ တက်ချသွားတယ်။ အပြင်ဈေးကွက်ကရော လိုက်မတက် ဘူးလားဆိုတဲ့ မေးခွန်းတော့ ရှိတယ်” ဟု ပြောသည်။

ဗဟိုဘဏ်က သတ်မှတ်နှုန်းထား ၁ ဒေါ်လာ ၁၈၅၀ ကျပ်မှ ၂၁၀၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် တင်ပို့မည့် ကုန်စည်များကို တောင်သူများထံမှ ဝယ်ယူသည့်အခါတွင် ဈေးနှုန်းတိုးမြှင့်၍ ဝယ်ယူ လာကြမည်ဟု ပြောင်းကုန်သည် ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဆိပ်ကမ်းက ပို့ကုန်သွင်းကုန် လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(AFP)

ဦးသန့်ဇင်ထွန်းက “၁၈၅၀ နဲ့ အပြင်ပေါက်ဈေးနဲ့ အရမ်းကြီး ဟနေရာကနေ လက်ရှိတက်နေတဲ့ ဒေါ်လာဈေးကလည်း ပြန်ကျ နိုင်တယ်လို့ ယူဆတယ်ပေါ့နော်။ ပြီးတော့ Export ပို့တာကလည်း ၁၈၅၀ နဲ့ အရမ်းကြီး ဟနေရာကနေ နည်းနည်း ပြန်ကျုံ့ သွားတာပေါ့။ ပြန်ကျုံ့သွားတော့ ပြည်တွင်းမှာ ပြန်ဝယ်ရမယ့်ဟာလည်း ဈေးနည်းနည်း ပိုပေးလို့ ရလာပြီ။ နောက် ၆၅ ရာခိုင်နှုန်းပဲ သွင်းရမယ်။ ၃၅ ရာခိုင်နှုန်းပဲဆိုတော့ အဖက်ဖက်ကတော့ ကောင်းတဲ့ဘက်ကတော့ ဖြစ်လာနိုင်တယ်။ အရင်က ၁၀၀ ရာခိုင်နှုန်း သွင်းထားပြီးမှ ပြန်ပြီးတော့ ရောင်းပေးတာပေါ့။ အဲလိုစနစ်ကနေ ၆၅ ရာခိုင်နှုန်းပဲ သွင်းရမယ် ၃၅ ရာခိုင်နှုန်း ဆိုတော့ Export ပို့လိုက်ထဲက ၃၅ ရာခိုင်နှုန်း ဒေါ်လာသည် ကိုယ်ပြန်ပြီးတော့ သွင်းချင်တာတွေ သွင်းလို့ ရသွားပြီပေါ့နော်။ အဲတာဆိုတော့ တခြား တိုင်းပြည်အတွက် လိုအပ်တဲ့ ဆေးတို့၊ အရေးကြီးပစ္စည်းတို့ ပြန်သွင်းချင်တာ ပြန်သွင်းလို့ ရသွားပြီ ဆိုတော့ ကောင်းတဲ့ဘက်ကို ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးကို ထိန်းချုပ်ထားပြီး စျေးကွက်တွင် လိုအပ်နေသည့် ဒေါ်လာငွေကို မရောင်းချ ပေးနိုင်တာကြောင့် ဒေါ်လာမှောင်ခို စျေးကွက်များ ပေါ်ပေါက်လာကြောင်း၊ ထို့ပြင် ဒေါ်လာဖြင့် ဝယ်ယူရသည့် ဆေးဝါး၊ စားသောက်ကုန်၊ လူသုံးကုန်၊ လယ်ယာသုံးပစ္စည်း၊ ကုန်ကြမ်းပစ္စည်း စသည့် သွင်းကုန်များ ဈေးနှုန်းလိုက်ပါ မြင့်တက်လျက် ရှိကြောင်း သိရသည်။

လက်ရှိ ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်းမှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၅၀၀ ကျော်ကနေ ၂၈၀၀ အထိ ရှိနေကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း ၁ ဒေါ်လာ ၃၀၀၀ ကျပ်အထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းနေကြသည်။
သို့သော် ပြင်ပတွင် အမှန်တကယ် အရောင်းအဝယ် ပြုလုပ်နေကြသည်မှာ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံ ဖြစ်နေသည်ဟု ငွေကြေးဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

တန်ဆာပစ္စည်းများ တားမြစ်သည့်သတင်းကြောင့် အောင်ဆန်းကွင်းကားဂိတ် ခြောက်ကပ်နေ

By CNI
CNI
Category: Watch TV
Hits: 772

Share
Tweet
Share
Share
powered by social2s

JLPT ဖြေရန် လူအများအပြား စုပြုံနေမည့်အစား Net Test တို့ဖြင့် ဖြေနိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 778

Share
Tweet
Share
Share
powered by social2s
ခြောက်ကပ်နေသည့် အောင်ဆန်းကွင်း ကားဂိတ်အခြေအနေ(ဓါတ်ပုံ-CNI)

တန်ဆာပစ္စည်းများ တားမြစ်သည့်သတင်းကြောင့် အောင်ဆန်းကွင်းကားဂိတ် ခြောက်ကပ်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1812

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကွင်းဘေးတွင် ဖွင့်လှစ်ထားသည့် အဝေးပြေး ယာဉ်လိုင်းဂိတ် များကို တန်ဆာပစ္စည်းများ လက်ခံပို့ဆောင်ခြင်းအား ဩဂုတ်လ ၄ ရက်နေ့မှစတင်၍ တားမြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဩဂုတ် ၅ ရက်နေ့တွင် အောင်ဆန်းကွင်းကားဂိတ်သည် ခြောက်ကပ်လျက် ရှိနေ သည်ဟု ကားဂိတ်များမှ သိရသည်။

ယာဉ်လိုင်းဂိတ်များအနေဖြင့် အခြေအနေများကို စောင့်ကြည့်နေကြကြောင်း၊ ခရီးသည်များအနေဖြင့် ကုန်စည် လာရောက် ပို့ဆောင်မှုမရှိသေးကြောင်း အောင်ဆန်းကွင်းမှ ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက CNI သို့ ပြောသည်။

၎င်းက “ဘယ်လို ဖြစ်သွားလဲဆိုတော့ ဒီကနေ့ကတော့ အကုန်ခြောက်ကပ်သွားတယ်။ အခု ဂိတ်တွေ အကုန်လုံး မေးကြည့်တော့ အခြေအနေလေး နည်းနည်းစောင့်ကြည့်နေတုန်းပေါ့။ ဒီ ၁ ရက်၊ ၂ ရက် ရှောင်တခင် စစ်ဆေး မယ် ဘာညာပြောထားတာကိုး။ နောက်ပြီးတော့ မနေ့က အွန်လိုင်းမှာလည်း အရမ်းတွေ ပြန့်နေပြီးတော့မှ အရမ်းဟော့ဖြစ်နေတော့ ဂိတ်တွေ နည်းနည်း၊ Customer ကျတော့ ဒါမျိုး အသံထွက်ရင် မလာကြတော့တာလေ။ အခုလောလောဆယ် ခြောက်ကပ်နေတာ။ ဘာကားမှလည်း မရှိဘူး အဲလိုမျိုး ဖြစ်နေတာ”ဟု ပြောသည်။

အောင်ဆန်းကွင်းရှိ ယာဉ်လိုင်းဂိတ်များကို ကားလက်မှတ်ရောင်းချမှုကိုသာ ဆက်လက်ခွင့်ပြုမည်ဖြစ်ပြီး ပါဆယ်ပစ္စည်း ပို့ဆောင်ခွင့်ကို ခွင့်မပြုကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင် အောင်ဆန်းကွင်းရှိ ယာဉ်လိုင်း ၄၅ ခုကို မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့သည်ဟု ယာဉ်လိုင်းတာဝန်ရှိသူများထံမှ သိရသည်။

ခြောက်ကပ်နေသည့် အောင်ဆန်းကွင်း ကားဂိတ်အခြေအနေ(ဓါတ်ပုံ-CNI)

ထို့သို့ ပြောဆိုရာတွင် ယာဉ်လိုင်းများမှ လက်မှတ်တစ်ခုသာ ရောင်းချရမည်ဆိုပါက အဆင်မပြေကြောင်း ပြောဆိုရာ သက်ဆိုင်ရာ တာဝန်ရှိသူမှ တစ်ပတ်ကြာမှ ပြန်လည်အကြောင်းပြန်ပေးမည်ဟု ပြောဆိုကြောင်း အောင်ဆန်းကွင်းရှိ အမည်မဖော်လိုသူ ယာဉ်လိုင်းဂိတ်မှူးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အရင် အရင်ချိန်တွေ သူတို့သတိပေးတယ်ပေါ့။ လုံခြုံ‌ရေးအကြောင်းပြချက်နဲ့ ပါဆယ်လက်မခံဖို့။ အစ်ကိုတို့ လုပ်ငန်းတွေအတွက်ကျတော့ ပါဆယ်လက်မခံဘဲ ကားလက်မှတ်ပဲ ရောင်းဖို့။ အစ်ကိုတို့ လုပ်ငန်းတွေကျတော့ ဒီလိုအခြေအနေမျိုးမှာ ၁ လလုံးနေမှ လက်မှတ် ၁ စောင်မှ မရောင်းရဘူးလေ။ အားလုံးခက်ခဲနေတာလေ။ သူတို့က လုံခြုံရေး အခြေအနေ အကြောင်းပြပြီးတော့မှ ပါဆယ်တွေ လက်မခံဖို့ အစ်ကိုတို့ကို အစည်းအဝေး ခေါ်တယ်။ မနေ့က ခေါ်ပြီးတော့ သူတို့ညွှန်ကြားချက်ကို ဖတ်ပြတယ်။ ဖတ်ပြပြီး အစ်ကို့တို့ကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ပြီးရင် နောက်ရက်တွေမှာ သူတို့ ‌ရှောင်တခင်ဝင်စစ်မယ်ပြောတယ်။ ဂိတ်မှာ ပစ္စည်းတွေ မမြင်ချင်ဘူးပေါ့ အဲလိုပြောတယ်။ ပြောတော့ အစ်ကို့တို့ကလည်း အစ်ကိုတို့ အခက်အခဲကို ပြန်ပြောပြတယ် သူတို့ကို။ ပြန်ပြောပြတော့ အဲဒီမှာ တာဝန်ရှိတဲ့ ဗိုလ်ကြီးတစ်ယောက် အဲ့ဗိုလ်ကြီးက အစ်ကိုတို့ အခက်အခဲ တင်ပြတော့ သူက အထက်ကို သူတင်ပြပေးပါမယ်ပေါ့။ ကျနော်တို့က ဘယ်လောက်ထိ စောင့်ရမှာလဲဆိုတော့ အနည်းဆုံး ၁ ပတ်လောက်တော့ သူ့ကို အချိန်ပေးပါတဲ့ အဲလိုမျိုးတော့ ပြောတယ်” ဟု ၎င်းကပြောသည်။

အောင်ဆန်းကွင်းရှိ ကားဂိတ်များအနေဖြင့် ပါဆယ်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပြီးမှသာ လက်ခံခြင်း လုပ်ဆောင်ရမည်ဟုလည်း ညွှန်ကြားထားသည်ဟု သိရသည်။

သို့သော်လည်း ယာဉ်လိုင်းများကို မည်သည့်ကုန်ပစ္စည်းအမျိုးအစားကို သယ်ဆောင်ခွင့်မပြုဆိုသည့် ကန့်သတ် ထားမှုကို ပြောဆိုထားခြင်းမရှိသေးကြောင်း သိရသည်။

အောင်ဆန်းကွင်းရှိ ယာဉ်လိုင်းဂိတ်များသည် ပါဆယ်ပို့ကုန်ပစ္စည်းများကို အဓိကထားဝန်ဆောင်မှု ပြုလုပ်နေခြင်း ဖြစ်ပြီး လက်မှတ်ရောင်းချရမှုသည် အနည်းငယ်သာ ရှိသည်ဟု သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
JLPT စာမေးပွဲ ဖြေဆိုနိုင်ရေး လျှောက်လွှာ လာထုတ်သူများ

JLPT ဖြေရန် လူအများအပြား စုပြုံနေမည့်အစား Nat Test တို့ဖြင့် ဖြေနိုင်ဟု ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 2064

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅

ဂျပန်ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲသည် ဂျပန်အစိုးရမှ ပြုလုပ်သည့် JLPT တစ်ခုတည်း ရှိခြင်းမဟုတ်ဘဲ ဂျပန်အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကများဖြစ်သည့် Nat Test နှင့် Top J တို့ဖြင့်လည်း ဖြေဆို၍ရကြောင်း ဂျပန်ရောက် မြန်မာ အသိုင်း အဝိုင်းက အကြံပြု ပြောဆိုမှုများရှိသည်။

JLPT 2022 December ဖြေဆိုရန်အတွက် ရန်ကုန်စာဖြေဌာနတွင် ယနေ့(ဩဂုတ် ၅ ရက်) နံနက် အစောပိုင်းက လျှောက်လွှာ လာရောက် ဝယ်ယူသူ များပြားပြီး လူစုလူဝေးဖြစ်ခဲ့သည့်အတွက် လျှောက်လွှာ ရောင်းချခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း၊ JLPT 2022 December အတွက် လျှောက်လွှာဝယ်ယူပြီး မတင်ရသေးသည့် သူများရှိပါက ကြိုတင် Booking ယူ စနစ်ဖြင့် ပြောင်းလဲလက်ခံမည်ဖြစ်ကြောင်း MAJA (မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း)ထုတ်ပြန်ထားသည်။

ထို့ကြောင့် JLPT ဖြေရန် လူအများအပြား စုပြုံနေမည့်အစား Nat Test တို့ဖြင့် ဖြေဆိုပါကလည်း ကောင်းမွန်ကြောင်း Naytic Asia အေဂျင်စီမှ ဒါရိုက်တာ ကိုနေဦးကိုက CNI သတင်းဌာနသို့ ပြောသည်။

JLPT စာမေးပွဲ ဖြေဆိုနိုင်ရေး လျှောက်လွှာ လာထုတ်သူများ

ကိုနေဦးကိုက “သူတို့က JLPT ဆို JLPT ကို အတင်းကြီးတွေ လိုက်ပြီးတော့ လုပ်နေကြတာ။ လူပင်ပန်းတာပေါ့။ အဲဒီထက် စာရင် ကိုယ့်ဘာသာကိုယ် ပုံမှန်လေး Nat Test လေး ဖြေလိုက်တာမှ Nat Test ဆိုရင် နှစ်လ တစ်ကြိမ် ရှိနေတာကိုး။ သင်တန်းကြေးကတော့ များတယ်။ Nat Test တို့ ဘာတို့ဆိုလည်း ဂျပန်က အသိအမှတ် ပြုထားတာလေ။ JLPT ကျတော့ ဂျပန်အစိုးရက လုပ်တဲ့ဟာမျိုးပေါ့။ အစိုးရကလုပ်တဲ့ စာမေးပွဲပေါ့။ Nat Test တို့ ဘာတို့ကျတော့ ပုဂ္ဂလိကပေါ့။ အခြား ဂျပန် စာသင်တဲ့ အဖွဲ့အစည်းပေါ့လေ။ ဒါလည်း အစိုးရ အသိအမှတ်ပြုတာပဲ။ JLPT ကျတော့ ဂျပန်အစိုးရကိုယ်တိုင်က လုပ်ပေးတဲ့ ဟာမျိုး ဖြစ်နေတဲ့အတွက် သူတို့ကတော့ ပိုကောင်းတယ်ဆိုပြီး အားသာကြတာပါပဲ။ JLPT အတင်းကြီး လုပ်နေမယ့် အစား Nat Test ဖြေတာ ပိုပြီးတော့ ကောင်းတာပေါ့။ မဟုတ်ရင် ပင်ပန်းတာပေါ့ လူတွေ နည်းတာမှ မဟုတ်တာ လူအုပ်ကြီး ကလေ။ JLPT ကဘာလို့ အားသာလဲဆိုရင်တော့ အစိုးရကနေပြီးတော့ လုပ်ပေးတဲ့ စာမေးပွဲဖြစ်တဲ့ အတွက်ကို ပိုပြီးတော့ အားလုံးက စိတ်ဝင်စားမှု ရှိတာပါ" ဟု ပြောသည်။

Nat Test ဖြင့် ဖြေဆိုမည်ဆိုပါက သင်တန်းကြေးသည် ရှစ်သောင်းခန့်ရှိကြောင်း၊ JLPT ဖြင့် ဖြေဆိုမည်ဆိုပါက စာမေးပွဲ ကြေး၊ ဖောင်ကြေးတို့ဖြင့် တွက်လိုက်မည်ဆိုပါက Nat Test ဖြေဆိုမည့် သင်တန်းကြေးနီးပါးလောက် ကုန်ကျကြောင်း၊ JLPT သည် တစ်နှစ်မှ နှစ်ကြိမ်သာ စာမေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

JLPT စာမေးပွဲ ဖြေဆိုနိုင်ရေး လျှောက်လွှာ လာထုတ်သူများ

Nat Test ဖြင့် အောင်ပါကလည်း JLPT နည်းတူ အလုပ်အကိုင် ရရှိကြောင်း၊ visa လျှောက်သည့် အခါမှာလည်း လက်ခံ ကြောင်း Naytic Asia အေဂျင်စီမှ ဒါရိုက်တာ ကိုနေဦးကိုက ပြောသည်။

၂၀၁၈ ခုနှစ်ခန့်က JLPT ဖြင့် N5 ဖြေဆိုရန်အတွက် လျှောက်လွှာ ဝယ်ယူရာတွင် ယခုကဲ့သို့ လူအစုလိုက် အပြုံလိုက်အထိ မရှိခဲ့ကြောင်း ယခုနှစ်တွင် N4 ဖြေမည့် ကိုမင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။

ကိုမင်းခန့်က “ကိုဗစ်ရယ် နိုင်ငံရေး အခင်းအကျင်း ရယ်ကြောင့်ပေါ့၊ အခု နှစ်နှစ် အတွင်းမှာ တော်တော်လေး ဂျပန်သွားမယ့် သူတွေက များလာတယ်လို့ ဆိုလို့ရတယ်။ နဂိုထက် စာရင်လည်း အခုလို သင်တန်းကျောင်းတွေမှာ ကျောင်းသားဦးရေက ပိုများ လာတာကိုလည်း တွေ့ရတယ်။ အခုဖောင်ဖြည့် အခုချက်ချင်းတင်ရင်တောင် တစ်ခါတစ်လေကျရင် reject ထိတာတွေ ဘာတွေရှိတာဆိုတော့ အဆင်ပြေဖို့ ရဖို့ကတော့ ရာခိုင်နှုန်း နည်းတယ်လို့ ထင်တယ်။ အခုက ကြိတ်ကြိတ်တိုး ဆိုတော့လေ တစ်ဖက်ကလည်း လျှောက်လွှာရောင်းတဲ့ လူတွေအတွက်လည်း အခက်အခဲတွေက ရှိတယ်ဆိုတော့။ ကျနော်တို့က သင်တန်း ကျောင်းကနေ ဦးစီးပြီး လုပ်ပေးတာဆိုတော့ မနေ့က ကတည်းက အဆင်ပြေသွားပြီ”ဟု ပြောသည်။

မြန်မာနိုင်ငံရှိ လူငယ်၊ လူရွယ်များသည် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုသည် ပိုမိုများပြားလာကာ ထိုထဲတွင် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုသည် ကိုဗစ်မဖြစ်ခင် ကာလများကထက် သိသိသာသာ များလာကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့(MOEAF) မှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နစက၏ စိုက်ပျိုးရေး ဦးစားပေး ဆောင်ရွက်မည်ကို တောင်သူများ မမျှော်လင့်ထား

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s

ကုန်စည်ရှားပါးမှုကြောင့် အဝေးပြေးကုန်စည်လုပ်ငန်းများ ကျဆင်းလာ

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s

ဒေါ်လာငွေ လဲလှယ်နှုန်းကြောင့် ပြည်ပသို တရားမဝင် ပဲတင်ပိုမှု များပြားလာ

By CNI
CNI
Category: Watch TV
Hits: 652

Share
Tweet
Share
Share
powered by social2s
ပဲမျိုးစုံကို တွေ့ရစဉ်

ဒေါ်လာငွေ လဲလှယ်နှုန်းကြောင့် ပြည်ပသို့ တရားမဝင် ပဲတင်ပို့မှု များပြားလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1473

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃

လက်ရှိတွင် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် တစ်ဒေါ်လာဈေးနှင့် ပြင်ပ ပေါက်ဈေးတို့တွင် ၆၅၀ ကျပ် ကွာဟမှု ရှိသည့်အတွက် ပြည်ပသို့ ပဲတင်ပို့ရာတွင် တရားမဝင်တင်ပို့မှု များပြားလာကြောင်း ပဲကုန်သည်များက CNI သတင်းဌာနသို့ ပြောသည်။

ပဲများအား တရုတ်နှင့် အိန္ဒိယတို့ကိုသာ အဓိကတင်ပို့ကြခြင်းဖြစ်ပြီး ပဲအမျိုးအစားပေါ်မူတည်ကာ တစ်တန်လျှင် ဒေါ်လာ ၈၅၀ ဈေးရနေကာ ကုန်ကား ၁၀ စီး၌ ၁ စီးသာ တရားဝင် တင်ပို့နေခြင်းဖြစ်ပြီး ၉ စီးသည် တရားမဝင် တင်ပို့နေကြကြောင်း ပဲကုန်သည် ဦးအောင်မိုးက CNI သတင်းဌာနသို့ ပြောသည်။

“ကားတစ်စီး သိန်း ၁၅၀၊ ၂၀၀ လောက် ကွာနေတာ။ ကုန်သည်ရဲ့ သဘောတရားက မကိုက်ဘူးလေ။ မကိုက်တော့ ကိုက်တဲ့နည်းနဲ့ လုပ်ရတာပေါ့။ တရားမဝင် သွားတဲ့လမ်းကြောင်းကလည်း ပိုများလာတာပေါ့။ နိုင်ငံခြားမှာ မတက်ဘဲနဲ့ ဒီမှာ တက်ကုန်တာ။ အပြင်မှာ ၂၅၀၀ လောက်ပေါက်တယ်။ နိုင်ငံတကာမှာလည်း ရူပီးဆိုလည်း ၇၉ ကျော်နေပြီ။ ဆိုတော့ ဒီလိုလေးတွက်ရမှာပေါ့ ဗဟိုဘဏ်က လူတွေက။ အပြင်မှာ ၂၅၀၀ လောက်ဖြစ်နေတဲ့ဟာ ကို charges ကလေး ကျဉ်းသွားအောင်ပေါ့။ ၂၀၅၀ လောက် ပေးပြောင်းပေးလိုက်ရင် တချိန်မှာ ဒေါ်လာပေါ လာမယ်။ပေါလာမယ့်အချိန်မှာ ဒါသွင်းကုန်တွေအတွက် အဆင်ပြေသွားမယ်။ဒေါ်လာထပ်ပေါလာပြီး သီးနှံ၊ နှမ်းတွေပေါ်လာပြီး ၉ လပိုင်း ၁၀ လပိုင်းမှာ ဆက်တိုက် မိုးသီးနှံတွေပေါ်တော့မှာကိုး။ အဲဒီမှာ ဒေါ်လာထပ်ပေါ လာမယ်ဆိုရင် ပြန်ချလိုက်ပေါ့ ၁၉ ခွဲလောက်။ပြီးရင် နှုန်းယှဉ်ပေါ့ဗျာ။ နည်းနည်းလေး လိုအပ်ချက်ရှိရင် နည်းနည်း လေး ပြန်တင်လိုက် အဲဒီအတိုင်း လုပ်သွားရမှာ။ အခုက တကယ့်အကြာကြီးဆိုတော့ လူတွေက ကြံဖန်လာတာ ပေါ့။မလုပ်ရဲတဲ့သူထိုင်နေပေါ့။လုပ်ရဲတဲ့ကောင်က လုပ်ပေါ့”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ သတ်မှတ်ထားသည့် ဒေါ်လာဈေးအတိုင်းဆိုပါက ရေရှည်တွင် ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင် များအတွက် မကောင်းကြောင်းနှင့် တရားမဝင် ကုန်တင်ပို့မှုများ ယခုထက်ပိုမိုများလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကုလားပဲများကို သန့်စင်နေစဉ်

ယခုကဲ့သို့ ပြည်ပပို့ကုန်များအား တရားမဝင်တင်ပို့မှု များပြားလာပါက နိုင်ငံတော်သည် အခွန်ဘဏ္ဍာငွေရရှိမှု လျော့ကျနိုင်ပြီး ကုန်သွယ်မှုပမာဏနှင့် ကိန်းကဏန်းတန်ဖိုးများလည်း အတိအကျ မသိနိုင်တော့ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အဓိကကတော့ Formal Trade ကနေ Informal Trade ကို ပိုပြီးတော့ ပြောင်းသွားတာပေါ့။ နဂိုတုန်းက Informal Trade ကို Formal Trade ထဲရောက်အောင် မနည်းပြန်ဆွဲထားရတာ။ Formal Trade နဲ့ Informal Trade က ၅၀-၅၀ ရောက်နေတယ်လို့ခန့်မှန်းရတယ်။ အခုက Formal Trade ထဲကနေ Informal ထဲကို ရောက် သွားပြီဆိုတော့ မလွယ်ဘူးပေါ့။ Formal bank sector ကို ဝင်လာတဲ့ ဒေါ်လာက နိုင်ငံခြားငွေက တဖြေးဖြေး ကျလာတော့မှာ။ ကျလာရင် နိုင်ငံအတွက်က ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် နယ်ဘက်ရှိ ပဲတောင်သူများတွင် ပဲကုန်သလောက်ဖြစ်နေကာ မြို့ပေါ်ရှိ ကုန်သည်များတွင်သာ လှောင်ထားသည့် ပဲများကျန်ရှိကြောင်းနှင့် ပြည်တွင်းတွင်လည်း ပဲဝယ်လိုအားများရှိကြောင်း ပဲကုန်သည် ဦးကြွယ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ပဲကတော့ ဝယ်ကြပါတယ်။ ကျနော်တို့ဆီမှာ ပဲစင်းငုံဆိုရင်လည်း ရန်ကုန်သမားတွေ ဝယ်ကြတယ်။ ကျနော်တို့ ပခုက္ကူအနေအထားကတော့ ပဲတီစိမ်းတွေက လေးသောင်းခွဲ၊ မတ်ပဲတွေက ငါးသောင်း၊ ပဲစင်းငုံက လေးသောင်း ကိုးထောင့်ငါးရာ။ တချို့ပဲတွေကလည်း ပြည်တွင်းသုံးတွေဆိုတော့ တော်တော်တန်တန် ဈေးမကျဘူးပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြည်တွင်းမှ အချို့ကုန်သည်များသည် အခြားမှ သွင်းကုန်များကို ပြန်လည်ဝယ်ယူကြသည့်အတွက် ယခု ကဲ့သို့ ဒေါ်လာဈေးကွာခြားချက်ကြောင့် သွင်းကုန်လုပ်ငန်းရှင်များလည်း ကုန်ပစ္စည်းမသွင်းနိုင်ကြတော့ကာ ဈေးကွက်တွင်လည်း ထိုကုန်ပစ္စည်းများ မရှိသည်အထိ ဖြစ်သွားနိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပေါ်ဆန်းမွှေးစပါး တင်း ၁၀၀ လျှင် ၁၄ သိန်း ဈေးပေါက်

By CNI
CNI
Category: Watch TV
Hits: 651

Share
Tweet
Share
Share
powered by social2s
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34

Page 30 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar