CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရေလုပ်ငန်းတစ်ခုတွင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး

၂၀၂၅ အထိ တရားဝင်နေထိုင်ခွင့်ပြုမည့် ရွှေ့ပြောင်းလုပ်သားများတွင် တရားမဝင်များ မပါ

By CNI
CNI
Category: စီးပွားရေး
Hits: 1698


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတစ်သန်းကျော်အား တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပြုမည်ဖြစ်သော်လည်း ထိုထဲတွင် တရားမဝင်လုပ်သားများ မပါဝင်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ပြုမည့် လုပ်သားတစ်သန်းကျော်တို့မှာ ယာယီ အလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်)၊ အပြာရောင် work permit စာအုပ်၊ MOU နှင့် CI (အထောက်အထားလက်မှတ်) စသည့် အထောက်အထားရှိသူများဖြစ်ကြောင်း သိရသည်။

သို့သော် တရားမဝင်လုပ်သားများအတွက် ယာယီအလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်)များ ထပ်မံ ထုတ်ပေးမည်ဟု ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ အတည်မပြုသေးကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “တရားမဝင်တဲ့လူတွေအတွက်ကိုလည်း သူတို့မှာ plan ထားပြီးသား ပေါ့။ မှတ်ပုံတင်စာရင်းသွင်းပေးမယ်ဆိုပြီးတော့ ဇူလိုင် ၅ ရက်နေ့ကလားမသိဘူး ကြေညာလိုက်တယ်ထင်တယ်။ အခု ဒီ သက်တမ်းတိုးပေးတယ်ဆိုတဲ့ အုပ်စုတွေကျတော့ work permit ပေါ့နော်။အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တွေ တိုးတယ်ဆိုတာက တခြားမဟုတ်ဘူး။ ဒီမှာက အုပ်စုတွေက အများကြီးကွဲနေတာကိုး။ဝန်ကြီးတွေရဲ့ အစည်း အဝေးဆုံးဖြတ်ကနေ ထုတ်ပြန်တဲ့ အုပ်စုတွေပေါ့။ အဲဒီလိုမျိုး ကွဲနေတာ။ သူတို့ရဲ့ သက်တမ်းကုန်တဲ့အချိန်တွေက လည်း မတူဘူး။ အဲဒီတော့ ဒါကို သူတို့က တစ်ကြိမ်တည်း အတူဖြစ်အောင် လုပ်ချင်တယ်။ လုပ်ချင်တဲ့အတွက် ကြောင့်မို့လို့ အခုလိုမျိုး ၂၀၂၅ ကိုတော့ target ထားလိုက်ပြီးတော့ အဲဒီအချိန်မှာ အားလုံးအတူတူပေါ့နော် သက်တမ်းတွေ အကုန်လုံးညှိလို့ရအောင်လို့ သူတို့က အဲဒီလိုမျိုးလုပ်တာ”ဟု ပြောသည်။

တရားမဝင် လုပ်သားများအား ယခင်က ယာယီအလုပ်သမားလက်မှတ် ထုတ်ပေးသည့်အခါတွင် လူဦးရေ အပြည့် အဝ ပြီးစီးအောင်မထုတ်ပေးနိုင်ခဲ့ကြောင်း ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရေလုပ်ငန်းတစ်ခုတွင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး

“အထောက်ထားမဲ့တွေကို ထုတ်ပေးမယ်လို့ ကြေညာတိုင်း အလုပ်သမားလက်မှတ်တွေရမယ်ဆိုပြီးတော့မှ ခိုးဝင် လာကြတယ် အစုလိုက်အပြုံလိုက်။ ကယ်ရီတွေနဲ့ ခိုးဝင်လာတယ်။ သူတို့ ဒီဟာတွေကို ပိုက်ဆံနဲ့ပေးပြီးတော့မှ လူလိမ်ခံရတာပဲ အဖတ်တင်တယ်။ အခုအချိန်ထိ အထောက်အထားမဲ့တွေကို တစ်စုံတစ်ရာ အထောက်အထား ထုတ်ပေးနိုင်တာ မတွေ့ရသေးဘူး” ဟု ပြောသည်။

တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရာတွင် အုပ်စုနှစ်စု ခွဲထားကာ ပထမအုပ်စုသည် ၂၀၂၂ ဩဂုတ် ၁ ရက်အထိ နေထိုင်ခွင့်ရရှိထားသူများဖြစ်ပြီး ထိုသူများသည် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက် နေထိုင် ရန် သက်တမ်းမကုန်ခင် အလုပ်ပါမစ် လျှောက်လွှာတင်ရမည်ဖြစ်သည်။

ဒုတိယအုပ်စုသည် ၂၀၂၂ ဩဂုတ် ၁ ရက်နောက်ပိုင်းမှသာ သက်တမ်းကုန်မည့်သူများဖြစ်ပြီး ထိုသူများသည် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက်လုပ်ကိုင်လိုပါက တစ်နှစ်တစ်ကြိမ်နှုန်းဖြင့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက် အထိ အလုပ်ပါမစ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်းသိရသည်။

တရားဝင် ရွှေ့ပြောင်းလုပ်သား တစ်သန်း‌ကျော်အား ယခုကဲ့သို့ ၂၀၂၅ ခုနှစ်အထိ တရားဝင်နေထိုင်ခွင့်ပေးခြင်း သည် ကောင်းမွန်သော်လည်း အခမဲ့နေထိုင်ခွင့်ပေးခြင်းမဟုတ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။

“ဒါပေမယ့် အကျိုးဆက်နဲ့ ပတ်သက်တဲ့ဟာပေါ့။ ဘာပဲလုပ်လုပ် ဒီလိုမျိုး ဥပဒေထုတ်ပြန်လိုက်၊ ကုန်ကျစရိတ်နဲ့ ပတ်သက်တာတို့ လုပ်ရတဲ့ အခန်းကဏ္ဍတို့ကျတော့ အလုပ်သမားတွေအနေနဲ့ကတော့ ပြောရရင် ထုတ်ပြန် ကြေညာချက်အတိုင်းပေါ်မူတည်ပြီးတော့ အေဂျင်စီနဲ့ အလုပ်ရှင်တွေရဲ့ အလိုကျအတိုင်းပဲ လိုက်လုပ်၊ အကုန် အကျခံပြီး လုပ်ပေးနေရတဲ့သဘောရှိတယ်။ကောင်းတာကတော့ ထိုင်းကအခုလိုမျိုး အလုပ်သမားအင်အား လိုအပ်နေတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးတော့ တိုးတက်များလာတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရမှ လုပ်သားလိုအပ်ချက်ကြောင့် တရားဝင်နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးခြင်းဖြစ်ပြီး ယခုကဲ့သို့ သက်တမ်းတိုးပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဦးမင်းဦးက ပြောသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

စက်သုံးဆီဈေးကျခြင်းက စိုက်ပျိုးရေးလုပ်ငန်းအတွက် သက်ရောက်မှုမရှိဟု ဆို

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s
ရန်ကုန်မြို့ တစ်နေရာက ဈေးရောင်းသူနဲ့ ဈေး၀ယ်သူကိုတွေ့ရစဉ်

ပြည်ပချေးငွေ ပေးဆပ်မှု ဆိုင်းငံ့ခြင်းက မြန်မာ့စီးပွားရေးကို ပိုထိခိုက်နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 2252

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ပြည်ပချေးငွေ ရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် ချေးငွေ အတိုး/အရင်း ပေးဆပ်မှုကို ဆိုင်းငံ့ထားရန် ဗဟိုဘဏ်က ညွှန်ကြားလာခြင်းကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက မယုံကြည်ရသည့်နိုင်ငံဟု သတ်မှတ် လာနိုင်ခြင်းနှင့် အတူ စီးပွားရေး ဖွံ့ဖြိုးမှု ပိုမို နိမ့်ကျသွားနိုင်ကြောင်း စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသူများက ပြောသည်။

မြန်မာနိုင်ငံသည် နာမည်ကောင်းမရှိသည့် တိုင်းပြည်နှင့် စိတ်မချရသည့် တိုင်းပြည်ဟု နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမည့် သူများ က မြင်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)က CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “အခုဟာကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပုဂ္ဂလိက ကုမ္ပဏီချင်း ပြဿနာတော့ မပြောတတ်ဘူး။ ဒါပေမယ့် တစ်ခုလုံး နိုင်ငံတစ်ခုလုံး အနေနဲ့ကော၊ နိုင်ငံခြားတိုင်းပြည်က ကုမ္ပဏီတွေ၊ အစိုးရတွေ၊ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေ လာလုပ်မယ့် လူတွေကတော့ မြန်မာနိုင်ငံက ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ရှိရင် နာမည်ကောင်း မရှိ တဲ့ တိုင်းပြည်ပေါ့၊ စိတ်မချရတဲ့ တိုင်းပြည် ဆိုတဲ့ဟာမျိုးတော့ ဖြစ်သွားမှာပေါ့ဗျာ” ဟု ပြောသည်။

နိုင်ငံခြားငွေကြေး

ဗဟိုဘဏ်မှ ပြောင်းလဲလိုက်သော ငွေကြေးမူဝါဒကြောင့် မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း သက်သာသည့် နိုင်ငံတကာဘဏ် များထံကနေ ချေးငွေရယူနိုင်မှု အားနည်းသွားနိုင်ကြောင်း စီးပွားရေး သမားများက ပြောသည်။

ထို့နောက် ပြည်ပမှ ချေးငွေဖြင့် ကုန်စည်တင်သွင်းနေကြသည့် ကုမ္ပဏီများအပေါ်လည်း သက်ရောက်နိုင်ကြောင်း၊ ထိုကုန် ပစ္စည်းများ ပြတ်လပ်သွားနိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူ့ရဲ့ အမိန့်တစ်ခုတည်း အရဆိုရင်တော့ အများကြီး ဖြစ်နိုင်တာပေါ့၊ Impact က အများကြီး ဖြစ်နိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီက ကုမ္ပဏီတွေက အရင် ချေးငွေတွေ ပြန်ဆပ်၊ တချို့ကလည်း ကုန်ပစ္စည်းပေါ့ Intime ပေါ့။ ကုန်ပစ္စည်း တွေ ပေးယူ အဲဒီဟာကို ပြန်ဆပ်၊ ပြန်ဆပ်ပြီးမှ နောက်ထပ် အသစ်ထပ်ယူ။ အဟောင်းပေး အသစ်ယူ ပုံစံမျိုး လုပ်ကြရတာ မျိုးတွေ ရှိတယ်။ ဆိုတော့ အဲဒါမျိုးတွေ ဆိုလို့ရှိရင် ပစ္စည်းပြတ်သွားနိုင်တာပေါ့” ဟု ပြောသည်။

စီးပွားရေး လုပ်ငန်းရှင်များကြားတွင်လည်း ယခုချမှတ်လိုက်သည့် ပြည်ပချေး‌ငွေ ပေးဆပ်မှု ဆိုင်းငံ့စေခြင်းသည် ဗဟိုဘဏ်က နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ စီးဆင်းမှုကို ထပ်မံတင်းကြပ်လိုက်ခြင်း သဘောမျိုးဖြစ်ကြောင်း ပြောကြား နေ ကြသည်။
သို့သော်လည်း ဗဟိုဘဏ်၏ မူဝါဒနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ရည်ရွယ်သည်ကို မသိရှိရကြောင်း၊ ပြည်ပချေးငွေ မူဝါဒနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ပြန်လည် ဖြေလျှော့လာနိုင်သည့် အခြေအနေရှိသည်ဟု ယူဆရနိုင်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြည်သူများ လှုပ်ရှားသွားလာနေစဉ်

၎င်းက “ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်ကလည်း အတိအကျ မသိဘူး မသိရဘူး။ ဘာအတွက် လုပ်တာလဲ။ ဒေါ်လာ အပြင်ကို စီးလွှတ်တာတွေ မနိုင်တော့လို့ လုပ်တာလား။ ဒါမှမဟုတ် အဲဒီ စီးထွက်တာတွေထဲက စာရင်း လုပ်ချင်လို့ လုပ်တာလား မသိ ဘူး။ သူ့ရည်ရွယ်ချက်ပေါ်လည်း မူတည်သေးတယ်။ အရင်တုန်းကလည်း အဲလို ‌ဒေါ်လာတွေကို အကုန်လုံး ပိတ်လိုက်တယ်။ ပြီးတော့မှ တဖြည်းဖြည်းချင်း ပြန်ပြန်ပြီး လျှော့ချလျှော့ချ ပေးလိုက်တယ်။ အဲလိုမျိုးတော့ ရှိတယ်။ အခုလည်း ပိတ်ပြီးတော့ တချို့ တကယ် အမှန်တကယ်လုပ်တဲ့ ကိုင်တဲ့အဖွဲ့တွေ၊ နောက် အမှန်တကယ် လိုအပ်တဲ့ ကုမ္ပဏီတွေ အတွက်တော့ ပြန် လျှော့ ပေးမယ်လို့ ယူဆရတာပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ ပြည်ပချေးငွေ မူဝါဒ အပြောင်းအလဲနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာပြီးနောက် ပြည်တွင်း ဒေါ်လာဈေးနှုန်းသည် ယခင် ၂၂၀၀ မှ ၂၃၀၀ သို့ မြင့်တက်သွားကြောင်း၊ ရွှေဈေးနှင့် မော်တော်ကား ဈေးနှုန်းများ လည်း လိုက်ပါ မြင့်တက်လာကြောင်း တွေ့ရသည်။

ဗဟိုဘဏ်၏ ဇူလိုင်လ ၁၃ ရက်က အကြောင်းကြားစာတွင် နိုင်ငံခြားသုံးငွေ ရောင်း/ဝယ် ဖောက်ကား ခွင့် (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် Customers များကို ချေးငွေ အတိုး/အရင်း ပြန်လည် ပေးဆပ်ရမည့် အစီအစဉ် (Repayment Schedule) ကို ပြည်ပမှ ငွေချေးငှားသူ (Lender) များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် ဖော်ပြ ထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်ပချေးငွေ ပေးဆပ်မှု ဆိုင်းငံ့ခြင်းက မြန်မာ့စီးပွားရေးကို ပိုထိခိုက်နိုင်

By CNI
CNI
Category: Watch TV
Hits: 580

Share
Tweet
Share
Share
powered by social2s

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု လျော့နည်းပြီး ဆန်ကွဲတင်ပို့မှု ပိုများလာ

By CNI
CNI
Category: Watch TV
Hits: 658

Share
Tweet
Share
Share
powered by social2s

MOU ဖြင့် ထိုင်းသို့သွားရောက်သူများ စာချုပ်ပါအလုပ်အတိုင်း မရရှိမှုနှင့် ကြုံတွေ့နေ

By CNI
CNI
Category: Watch TV
Hits: 635

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ်

MOU ဖြင့် ထိုင်းသို့ သွားရောက်သူများ စာချုပ်ပါအလုပ်အတိုင်း မရရှိမှုနှင့် ကြုံတွေ့နေ

By CNI
CNI
Category: လူမှုဘဝ
Hits: 2062

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် MOU ဖြင့် ရောက်ရှိနေသည့် အလုပ်သမားများထဲတွင် စာချုပ်ပါ အလုပ်အတိုင်း မရရှိမှုနှင့် ကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ကိုသားကြီး က CNI သတင်းဌာနသို့ ပြောသည်။

ထိုအလုပ်သမားများသည် ထိုင်းကို MOU ဖြင့် မသွားရောက်ခင် အေဂျင်စီများတွင် အလုပ်ရှင်၊ အလုပ်သမား စာချုပ်ချုပ်ဆိုရာ၌ စက်ရုံ၊ အလုပ်ရုံတို့တွင် အလုပ်လုပ်ရမည်ဟူ၍ စာချုပ်ချုပ်ဆိုခဲ့ကြသော်လည်း ထိုင်းသို့ ရောက်ရှိသည့်အခါတွင် ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ကိုင်နေရကြောင်း သိရသည်။

ကိုသားကြီးက “ခေါ်တုန်းကတော့ စက်ရုံ၊အလုပ်ရုံ တစ်ခုခု‌ပေါ့။ အခု အလုပ်လုပ်နေရတာတော့ ဆောက်လုပ်ရေး ထဲမှာပေါ့။ နောက် တချို့တွေဆိုရင်လည်း ဒီဆောက်လုပ်ရေးအလုပ်ထဲမှာ ဆိုက်ထဲသာ ပို့သွားတယ်။ ဆောက်လုပ် ရေး အလုပ်တောင်မှ မဆင်းရသေးဘူး။ ပြဿနာကဘာလဲဆိုတော့ စာချုပ်ပါအတိုင်း အလုပ်မရဘူးဆိုရင် MOU စကားနဲ့ပြောမယ်ဆိုရင် A to B ပို့လိုက်တာပေါ့ အေဂျင်စီက။ လူရောင်းစားတာပေါ့။ ဒါ မြန်မာပြည်ထဲက ထွက်ဖို့ အတွက်ကိုတော့ တရားဝင်ပုံပြတာပေါ့။ ဒီစက်ရုံ ဒီ demand ဆိုပြီးတော့ ဒီကုမ္ပဏီကိုပို့မယ်။ စက်ရုံတစ်ရုံမှာ လုပ်ရမယ့်ကုန်ကျစရိတ်နဲ့ ဆောက်လုပ်ရေးတစ်ခုကိုသွားမယ့် ကုန်ကျစရိတ်တွေက မတူဘူး။ အဲဒီတော့ အေဂျင်စီ တွေက စက်ရုံ demand နဲ့ ခေါ်ပြီးတော့မှ ဘာကြောင့် ဒီ စက်ရုံ demand ကို မပေးနိုင်တာလဲ။ စာချုပ်ပါအတိုင်း အလုပ်မရတာလဲပေါ့။ လောလောဆယ်တော့ ကျနော့်ကို တိုင်လာတဲ့ လောလောလတ်လတ်ကတော့ ကျနော်တို့ စာချုပ်ချုပ်တာတစ်နေရာ၊ ရောက်နေတာတစ်နေရာပေါ့” ဟု ပြောသည်။

ယခုကိစ္စသည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတို့တွင် တာဝန်ရှိကြောင်း၊ တိုင်ကြားလာသည့် အလုပ် သမားများမှာ အေဂျင်စီအမည်‌အား မသိကြဘဲ ပို့‌ဆောင်ပေးလိုက်သည့် သူ၏ အမည်ကိုသာ သိကြကြောင်းနှင့် ၎င်းတို့ပေးသည့် ဖုန်းနံပါတ်အား ဆက်သွယ်ကြည့်ရာတွင်လည်း မကိုင်‌တော့ကြောင်း သိရသည်။

လက်ရှိတွင် ထိုအလုပ်သမားများသည် နေစရာအဆောင် ကောင်းကောင်းမွန်မွန်မရှိသည့်အပြင် စားဝတ်နေရေး တို့အတွက် အခက်အခဲဖြစ်နေကြပြီး ပြန်ချင်နေကြကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီး ဌာနတွင် တာဝန်ရှိကြောင်း ကိုသားကြီးက ပြောသည်။

 ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

“အဆောင်ပေးမယ်လို့ပြောတဲ့ ဥပမာ နယ်မှာဆို နယ်ပွဲစားတွေက ဒီအလုပ်သမားတွေကို ရဖို့အတွက် သူတို့ အမျိုးမျိုး ကြော်ငြာတယ်။ အခန်းပုံတွေပြတယ် မင်းတို့ ဘယ်လိုနေရမယ်ပေါ့။ မင်းတို့ ‌ရေခ၊ မီးခတွေ မပေးရဘူး။ တချို့သောနေရာတွေမှာဆိုလည်း မင်းတို့ ရေခ၊ မီးခပဲပေးရမယ်။ အခန်းကတော့ ဒီလိုမျိုးပေါ့။ ထမင်းကတော့ တစ်နေ့ဘယ်လောက်ကျွေးမယ် ဘယ်စက်ရုံပေါ့။ အဲဒီလိုတွေပြောခဲ့တာ။ လက်ရှိသူတို့က ဒီနေရာမှာ လုံးဝ မနေ ချင်ဘူး။ မရရင် သူတို့ပြန်မယ်။ ကျနော်တို့ကလည်း သူတို့ကို လတ်တလောမှာတော့ အကြံပြုနိုင်တာက စာချုပ်ပါ အတိုင်း အလုပ်မလုပ်ရဘူးဆိုရင် ပြန်တာက အကောင်းဆုံးပဲ။ ပြန်ပြီးတော့မှ မိမိတို့ ဘယ်အေးဂျင့်နဲ့စာချုပ်ချုပ် တယ်၊ ဒီအေးဂျင့်ကို လူကုန်တားကနေခေါ်ပြီးတော့မှ ဒီအလုပ်သမားတွေ ကုန်တဲ့ကုန်ကျစရိတ်တွေကို တစ်ကျပ် မကျန် ပြန်ပေးဖို့ ဒါကိုပဲ ပြောရမှာ” ဟု ၎င်းက ပြောသည်။

ထိုသို့သော အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား သက်ဆိုင်ရာသံရုံးနှင့် သံအရာရှိတို့အနေဖြင့် စနစ်တကျ ကိုင်တွယ်အပြစ်ပေးအရေးယူမှု ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

“အလုပ်သမားသံအရာရှိ အများစုကလည်း ဒီဘက်ကို ရောက်လို့ရှိရင် အစောကပြောတဲ့ အေဂျင်စီတွေပေါ်မှာပဲ သူတို့က မှီခိုနေရတာဖြစ်တယ်။ အေဂျင်စီတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ပဲ နေရသလိုကျတော့ အေဂျင်စီတွေအချို့ လုပ်ဟန် လွဲတယ်ဆိုရင်တောင်မှပဲ ထိထိရောက်ရောက် အရေးယူအပြစ်ပေးဆောင်ရွက်မှုတွေ မလုပ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီအလုပ်သမားသံအရာရှိတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှု ညံ့ဖျင်းမှုကလည်း ဒါ အစိုးရတွေကို ဘာပဲပြောပြော အနည်းနဲ့အများထိခိုက်တယ်။ ဒါကြောင့်မို့လို့ ဒီအလုပ်သမားသံအရာရှိတွေက သက်ဆိုင်ရာ နိုင်ငံတွေမှာဖြစ်တဲ့ ပြဿနာတွေကို စနစ်တကျနားလည်ပြီးတော့ စနစ်တကျ မြန်မြန်ဆန်ဆန် ကူညီဆောင်ရွက် ပေးဖို့လိုတယ်။ ဒါဆိုလို့ရှိရင်တော့ တစ်စုံတစ်ရာ အလုပ်သမားကာကွယ်ရေးကိစ္စတွေကို ဆောင်ရွက်ထားပြီးသား ဖြစ်လိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ထင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သန်းနှင့်ချီရှိပြီး ကိုဗစ်ကြောင့်ရပ်နားထားသည့် MOU ဖြင့် အလုပ်သမား စေလွှတ်ခြင်းအား ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့မှစတင်ကာ ပြန်လည်စေလွှတ်ခဲ့ပြီး လက်ရှိတွင် အလုပ်သမား တစ်သောင်းကျော်ခန့် စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကုန်သွယ်ရေးဇုန်တွင် ရပ်နားနေသည့် ဆန်ကားများကိုတွေ့ရစဉ်

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု လျော့နည်းပြီး ဆန်ကွဲတင်ပို့မှု ပိုများလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1871


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် လက်ရှိအချိန်၌ မြန်မာ့ဆန်တင်ပို့မှု လျော့ကျပြီး ဆန်ကွဲတင်ပို့မှု ပိုမိုများပြားလာနေကြောင်း မူဆယ် ဆန်ကုန်သည်များထံမှ သိရသည်။

ယခင်က ဆန်ကွဲထက် ဆန်တင်ပို့မှုက ပိုများသော်လည်း လက်ရှိတွင် ဆန်တင်ပို့မှုအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ရှိတော့ကြောင်းနှင့် မူဆယ်ဂိုဒေါင်ရှိ ဆန်ကွဲများကိုသာ တင်ပို့ကြသည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဆန်အစား ဆန်ကွဲက ပိုများလာတယ်။ အရင်တုန်းက ဆန်ကများတယ်။ အခု ဆန်ကွဲက ပိုများတယ်။ ဆန်က ၁၀ ရာခိုင်နှုန်းလောက်ပဲ ဝင်တယ်။ ကား ၁၀ စီးမှာ ၁ စီးလောက်ပဲ ဆန်ဝင်တယ်။ ကျန်တဲ့ ၉ စီးက ဆန်ကွဲကားတွေ ဖြစ်တယ်။ ပြည်မကလာတယ်။ ဒါပေသည့် မူဆယ်ဂိုဒေါင်မှာ ပိတ်မိနေတဲ့ ဆန်တွေကလည်း သွားတာ ရှိပါ တယ် ကျင်စန်းကျော့ကနေပြီးတော့။ အောက်ဗမာပြည်ကတော့ သွားတာနည်းပါတယ်” ဟု ပြောသည်။

ဆန်ကွဲကို တရုတ်နိုင်ငံတွင် ဆန်အစားထိုးအနေဖြင့် အရက်ချက်လုပ်ငန်း၊ ခေါက်ဆွဲလုပ်ငန်း၊ ကြာဇံလုပ်ငန်း၊ မုန့်ဖက်လုပ်ငန်းများတွင် အသုံးပြုကြကြောင်း သိရသည်။

ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် တရုတ်နိုင်ငံမှ ကောက်ခံသည့် အခွန်နှုန်းထားကွာခြားချက်ကြောင့် လက်ရှိတွင် ဆန်ကွဲကို ပိုမိုဝယ်ယူကြသည်ဟုလည်း ဦးမင်းသိန်းက ဆက်ပြောသည်။

ကုန်သွယ်ရေးဇုန်တွင် ရပ်နားနေသည့် ဆန်ကားများကိုတွေ့ရစဉ်

“ဆန်ကွဲက တရုတ်ပြည်မှာ အခွန်က ဈေးသက်သာတယ်။ ဆန်က ဈေးမြင့်တယ်။ ဆန်ကွဲက အခွန်သက်သာတာ ဖြစ်တဲ့အတွက် ဆန်ကွဲကျတော့ အခွန်သက်သာတော့ ဈေးကိုက်တာပေါ့။ တရုတ်နိုင်ငံက ဝယ်တဲ့သူတွေကလည်း တရုတ်နိုင်ငံကို အခွန်ပြန်ဆောင်ရတယ်လေ။ ဆန်ကွဲကျတော့ အခွန်နည်းတယ်။ ဆန်ကျတော့ အခွန်များတယ်။ ဆန် ၁ အိတ်နဲ့ ဆန်ကွဲ ၁ အိတ် တရုတ်ငွေ ယွမ် ၂၀ လောက် ကွာတာကိုး” ဟု CNI သို့ ပြောသည်။

ဒါ့အပြင် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာနှုန်းထားနှင့် ပြင်ပရှိ ဒေါ်လာနှုန်းထား ကွာခြားချက်များကြောင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် အမြတ်ရရှိမှုနည်းပါးသည့်အတွက် ယင်းသို့ တင်ပို့မှုကို အနည်းငယ်သာ လုပ်ဆောင် ကြောင်း သိရသည်။

ထို့ကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်မှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည်လည်း အနည်းငယ်သာ ရှိတော့ ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“Exporter တွေလည်း လုံးဝ အဝယ် ရပ်သွားတယ်။ တရုတ်ဈေးတန်းကတော့ ကျင်စန်းကျော့ဘက်က နည်းနည်း သွားတယ်။ မူဆယ် - ၁၀၅ မိုင်ဘက်ကတော့ မသွားဘူး။ ပိတ်သွားပြီ” ဟု ပြောသည်။

တရုတ်နိုင်ငံသို့ လက်ရှိတွင် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဆန်နှင့် ဆန်ကွဲကား အစီးရေ ၁၀ စီးမှ ၁၅ စီးခန့် နေ့စဉ်ဝင်ရောက်လျက်ရှိသည်။

ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျနေခြင်းနှင့် ကုန်သည်တချို့က ဆန်ကွဲကို ပိုမိုတင်ပို့နေကြခြင်းကြောင့် လက်ရှိတွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုသည်လည်း နည်းပါးလျက်ရှိကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်း လုပ်ဆောင်နေ

By CNI
CNI
Category: Watch TV
Hits: 638

Share
Tweet
Share
Share
powered by social2s
တရုတ်-မြန်မာ ကုန်သွယ်ကားများကို တွေ့ရစဉ်

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်း လုပ်ဆောင်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1588

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆

တရုတ်နယ်စပ်ကုန်သွယ်ရေးကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ပိတ်မည်ဟု သတင်းများထွက်ပေါ်လာခြင်းသည် တရုတ်နိုင်ငံတွင် ပိတ်မိနေသည့် ကုန်ကားများအား ပြန်လည်ထုတ်ယူခွင့်ပြုနေသည်ကို ရပ်နားမည်ဆိုသည့် သတင်းဖြစ်ပြီး မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ခြင်း မဟုတ်ကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“လွန်ခဲ့တဲ့ ၁ နှစ်ခွဲ၊ ၂ နှစ်လောက်ကတည်းက ဂျယ်ဂေါင်ဆိုတာ ရှိတယ်။ ဂျယ်ဂေါင်မှာ ကုန်ကားအစီး ၆၀၀ စာလောက် ကုန်တွေက ဂိုဒေါင်ထဲမှာ ပိတ်မိနေတယ်။ ဒါတွေကို လွန်ခဲ့တဲ့ ၂ လလောက်က စပြီးတော့ ဂျယ်ဂေါင်ကနေပြီးတော့ ရွှေလီ၊ ရွှေလီကနေပြီးတော့ ဝမ်တိန်၊ ဝမ်တိန်ကနေပြီးတော့ ကျင်စန်းကျော့ထဲကို ပြန်ထွက်ခွင့်ပြုတယ်။ ဒီလိုပဲ လွယ်ဂျယ်မှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းကိုလည်း လွယ်ဂျယ်ကနေ ထွက်ခွင့်ပြုတယ်။ ချင်းရွှေဟော်မှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကိုလည်း ချင်းရွှေဟော်ကနေ ထွက်ခွင့်ပြုတယ်။ လွန်ခဲ့တဲ့ ၂ လကျော်ကတည်းက။ ဒါပေသည့် ပြီးခဲ့တဲ့ ၁၄ ရက်နေ့မှာ သူက ထုတ်ပြန်လိုက်တယ်။ ၁၄ ရက်နေ့မှာ နောက်ဆုံး ထားပြီးတော့ ထုတ်ရမယ်။ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို လောလောဆယ် ထုတ်ပေးတဲ့ကိစ္စကို ရပ်ဆိုင်းလိုက်တယ် အဲဒါပါပဲ။ ဂိတ်တွေဖွင့်တယ် ကျင်စန်းကျော့က အဝင်ရော အထွက်ရော” ဟု ပြောသည်။

တရုတ်-မြန်မာ ကုန်သွယ်ကားများကို တွေ့ရစဉ်

ဂျယ်ဂေါင်နှင့် ဝမ်တိန်တွင် ပိတ်မိနေသည့် ကုန်ပစ္စည်းများကို မေလ ၂၃ ရက်နေ့တွင် စတင်ထုတ်ပေးနေခြင်း ဖြစ်ပြီး ယခုတွင် ထုတ်ယူခွင့်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ဖွင့်လှစ်ထားသည့် ကျင်စန်းကျော့ဂိတ်တွင် နေ့စဉ် အစီး ၁၀၀ နီးပါး ကုန်သွယ်မှုရှိနေပြီး ဂျယ်ဂေါင်ဂိတ်ကိုသာ ပိတ်ခြင်း ဖြစ်သည်ဟု မူဆယ် ကုန်ကားသမား ကိုသန့်ဇင်က ပြောသည်။

၎င်းက “နယ်စပ်ကုန်သွယ်ရေးက ဖွင့်ပါတယ်။ ကျန်ခဲ့တဲ့ရက်ကတော့ တစ်နေ့ ၁၀၀ ကျော် (ကုန်ကား) လောက် ဝင်ပါ တယ်။ ဂျယ်ဂေါင်ထဲကနေပြီးတော့ ဝမ်တိန်သွားတာတွေ ပိတ်တာ” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး အကြောင်း ပြချက်ဖြင့် ကျင်စန်းကျော့ နယ်စပ်ဂိတ်တစ်ခုတည်းကိုသာ ဖွင့်လှစ်ထားပြီး ကျန်ရှိသည့် ချင်းရွှေဟော်၊ ဂျယ်ဂေါင်၊ မူဆယ်၊ မန့်ဝိန်းဂိတ်များကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ငွေကြေးဖောင်းပွမှုနှုန်း မြှင့်တက်နေခြင်းကြောင့် အာဂျင်တီးနားပြည်သူများ ဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s

ဆီထွက်သီးနှံများကို ပို့ကုန်ကြိုတင်ငွေလွှဲစနစ် လုပ်ခြင်းက ဈေးကွက်ခိုင်မာရေးအတွက်ဟုဆို

By CNI
CNI
Category: Watch TV
Hits: 600

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စိန့်ပီတာစဘတ်အစိုးရနှင့်နစက ဆွေးနွေး

By CNI News
CNI News
Category: စီးပွားရေး
Hits: 1571

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရုရှားနိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲ Mr. Alexander Beglov နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ရုံးမှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် စိန့်ပီတာစဘတ်မြို့အစိုးရ အဖွဲ့နှင့် နစကဥက္ကဋ္ဌ တို့သည် စိန့်ပီတာစဘတ်မြို့ အခြေစိုက် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် လာရောက် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများအပြင် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်၊ ပညာရေးနယ်ပယ်၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နယ် ပယ်၊ ဘာသာ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် ယဉ်ကျေးမှု ဖလှယ်ရေးရာနယ်ပယ် စသည့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

Mr. Alexander Beglov နဲ့ နစကဥက္ကဋ္ဌ  မီဒီယာများကို ဖြေကြားနေစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နစကအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အပြင် ကောင်းမွန် သည့် မူဝါဒများ ချမှတ်၍ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စိန့်ပီတာ စဘတ်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၁၃ ရက်က Mi-4 ၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်များ ထုတ်လုပ် ရောင်းချနေသည့် PJSC “Kazan Helicopters” ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် လများအတွင်းက ရုရှားနိုင်ငံမှ ထုတ်လုပ်သော SU-30 တိုက်လေယာဉ် ၂ စီး မြန်မာ့တပ်မတော်သို့ ရောက်ရှိခဲ့ သေးသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်လက်နက်များ ဝယ်ယူခြင်းနှင့် သင်တန်းသား များ စေလွှတ်လျက်ရှိသော ဆက်ဆံရေးကိုလည်း တည်ဆောက်ထားသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က PJSC “Kazan Helicopters” ထုတ်လုပ်ရေးစက်ရုံကို သွားရောက်လေ့လာစဉ်

နစကသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် အနောက်နိုင်ငံများနှင့် ဉရောပ နိုင်ငံများက စီးပွားရေး ပိတ်ဆို့ခြင်း အပြင် နစက အဖွဲ့ဝင် တစ်ဦးချင်းကိုလည်း ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်းကြောင့် သံတမန်ရေးအရ အထီးကျန်နေသလို စီးပွားရေး၊ လောင်စာဆီ၊ အလုပ်အ ကိုင် အခွင့်အလမ်းများ ကျဆင်းခြင်းဖြင့် ရင်ဆိုင်နေရသည်။

အဆိုပါ အခြေအနေများကို ပြန်လည် ဦးမော့လာရေး ဆောင်ရွက်ရန်အတွက် ရုရှားနိုင်ငံနှင့် စီးပွားရေး၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ်စနစ်များ၊ လေကြောင်းလိုင်းများ၊ လောင်စာဆီ ရောင်းဝယ်ရေး စသည့် နယ်ပယ်များ ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိနေသည်။

 

Share
Tweet
Share
Share
powered by social2s

တရုတ် နယ်စပ်ဂိတ်များ ပိတ်မည်မှာ သတင်းမှားသာဖြစ်

By CNI News
CNI News
Category: စီးပွားရေး
Hits: 1307
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅
 
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ အားလုံးကို ဇူလိုင် ၁၅ ရက်နေ့မှ စတင်ပြီး ရက် အကန့်အသတ်မရှိ ပိတ်သွားမည်ဆိုသော သတင်းမှာ အမှားသာဖြစ်ပြီး နယ်စပ်ဂိတ်ပိတ်ထား မရှိကြောင်း စာပို့လာသည်ဟု မူဆယ်နယ်စပ်ကုန်သွယ်ရေးအသင်းမှ ဦးဋ္ဌေးဦးက CNI သတင်းဌာနသို့ ပြောသည်။
 
လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ်များ အားလုံးကို ဇူလိုင် ၁၅ ရက်တွင် ပိတ်သွားမည် ဖြစ်ကြောင်း၊ ပိတ်ရက်ကို အကန့်အသတ် မရှိပိတ်သွားမည် ဖြစ်ကြောင်း ရေးသားထားကြသည်။
 
မူဆယ် နယ်စပ်ကုန်သွယ်ရေးအသင်းမှ ဦးဋ္ဌေးဦးက “မပိတ်ပါဘူးဗျ၊ ကျင်စန်းကျော့ဂိတ်ဘက်က စာပို့လာတယ်။ မပိတ်ပါဘူးဆိုပြီးတော့လေ။ သတင်းအမှားပါ”ဟု ပြောသည်။
 
တရုတ်-မြန်မာ နယ်စပ် မန့်ဝိန်-ကျင်စန်းကျော့ ဂိတ်မှ ကုန်သွယ်ရေး လုပ်နေမှုကို ပိတ်ရန် အစီအစဉ်မရှိကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေး အသင်းသို့ စာပို့လာကြောင်း သိရသည်။
Share
Tweet
Share
Share
powered by social2s
ပုဂံဒေသက ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသား ဧည့်သည်များကိုတွေ့ရစဉ်

ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်က တည်းခိုဧည့်သည်နှင့် နိုင်ငံအတွက် အကျိုးရှိဟုပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1573

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်(Guest List Management System – GLMS)ကို လုပ်ဆောင်ခြင်း သည် လာရောက် တည်းခိုသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက ပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “နိုင်ငံတော်ကျတော့ ‌ဒေတာကောက်ထားတဲ့ အတွက် ဒီဟာလာတဲ့ဟာက Tour ကုမ္ပဏီတွေနဲ့ လာတာလား၊ FIT ပေါ့နော် သူ့သဘောနဲ့သူ လာတာလား၊ စီးပွားရေးနဲ့ လာ တာလား၊ ဒါအလည်အနေနဲ့ လာတာလားဆိုတာ ကျနော်တို့ သိရတယ်။ နိုင်ငံသားတွေက အစပေါ့နော်။ မဟုတ်ရင် လေဆိပ် မှာဝင်တဲ့ အချိန်မှာ ပေးခဲ့တဲ့ arrival ရဲ့ ဒေတာပဲ ကျနော်တို့က ကောက်ယူနေတဲ့အခါမှာ ဒီဧည့်သည်တွေရဲ့ သွားလာမှုတွေကို ကျနော်တို့ ပြန်ပြီးတော့ ဟိုဟာမဖြစ်ဘူး။ အခုဆို ဒီဧည့်သည်က မြန်မာနိုင်ငံမှာ ဘယ်နှရက် နေခဲ့သလဲဆိုတာကို ဟိုတယ်တွေ ရဲ့ တက်လာတဲ့အပေါ်မှာ ကြည့်လိုက်တာနဲ့ ကျ‌နော်တို့က သိသွားပြီပေါ့။ ပတ်စပို့စ်နံပါတ် သိလိုက်ပြီဆိုတာနဲ့ သူဘယ်မှာ တည်းခဲ့တယ်ဆိုတာကို သိပြီပေါ့။ အကယ်၍ ကျန်းမာရေး စစ်ဆေးလို့ ရောဂါပိုး တွေ့တယ်ဆိုရင်လည်း သူတည်းခဲ့တဲ့ ဟိုတယ်တွေက ဘယ်မြို့တွေဆိုတာ သိတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်လို့ရတယ်။ အကယ်၍ တစ်ခုခု အလုယက်ခံ၊ အက်စီးဒန့် ဖြစ်တယ်ဆိုရင်လည်း ကျနော်တို့က ချက်ချင်း လုပ်ပေးလို့ရတာပေါ့”ဟု ပြော သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဟိုတယ်များတွင် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်အား အကောင်အထည်ဖော် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်(GLMS) သည် လာရောက် တည်းခိုသည့် ခရီးသည်များ၏ ခရီးလမ်းကြောင်းနှင့် အချက်အလက်တို့ အား သိရှိနိုင်ကြောင်း သိရသည်။

ထိုသို့ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် လုပ်ဆောင်ခြင်းသည် ဟိုတယ်များအတွက် ကောင်းမွန်သော်လည်း ၎င်းတို့၏ အချက် အလက်အား ပေးရသည်ကို မကြိုက်သည့် တချို့ဧည့်သည်များရှိကြောင်း Travel and Tour အေဂျင်စီတစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။

 နေပြည်တော်ရှိ ဟိုတယ်တစ်ခုကိုတွေ့ရစဉ်

၎င်းက “မကောင်းတာတော့ မဟုတ်ဘူးပေါ့နော်။ တစ်ဝက် တစ်ဝက်ပေါ့။ ဟိုတယ်ဘက်ကလည်း သူတို့လိုအပ်ချက်အရ တစ်ခုခု ဆိုလို့ရှိရင် ဧည့်သည်ရဲ့ personal details တွေကိုတော့ လိုအပ်လို့ တောင်းတာပေါ့။ ဘာဖြစ်လို့လဲဆို အခုနောက်ပိုင်း ကွင်းစက်တွေကို လိုက်ရတဲ့အပိုင်းတွေ ရှိတာကိုး။ ဧည့်သည်တွေဘက်က အမြင်ကျတော့လည်း တချို့ကတော့ ဟုတ်ပါတယ်။ ဘယ်လိုပြောရမလဲ သူတို့ရဲ့ details တွေကို ပေးရတာ။ တချို့ကျတော့လည်း privacy အနေနဲ့ မကြိုက်ကြတာတော့ ရှိတယ် ပေါ့။ ဒါပေမဲ့ အခုလို current situation, new normal ပုံစံနဲ့ပဲ လုပ်ရမယ်ဆိုရင်တော့လည်း မဖြစ်မနေ လိုအပ်လို့ ရှိရင်တော့ လည်း ပေးရမှာကတော့ ဧည့်သည် တာဝန်လို့တော့ မြင်တာပဲလေ။ ဘာလို့ဆို ဟိုတယ် တစ်ခုသွားပြီဆို မှတ်ပုံတင်က ပတ်စပို့စ်က check in မှ ပြရတာပဲလေ။ အဲဒီမှာလည်း ဧည့်သည်ရဲ့ detail ရယ်၊ နောက် သူဘယ်ကလာလဲ။ ဘယ်ကိုသွားမှာ လဲ ဆက်ပြီးတော့ လိုအပ်တာတွေတော့ တချို့ အသိပေးဖို့ လိုရင်တော့လည်း ပြောပြရမယ်ပေါ့။ အဲဒီအတွက် ဧည့်သည်ဘက် ကလည်း လက်ခံရမယ်လို့ မြင်တာပဲ”ဟု ပြောသည်။
လက်ရှိတွင် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် လုပ်ဆောင်ရန် စာရင်းသွင်းထားသည့် ဟိုတယ် အရေအတွက်သည် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၁၇၀၀ ကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် နိုင်ငံတကာတွင်လည်း ယခုကဲ့သို့ လုပ်ဆောင်မှုများရှိသဖြင့် မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် ဧည့်စာရင်းစီမံခန့်ခွဲမှု စနစ် လုပ်ဆောင်ခြင်းသည် လုံခြုံရေးပိုင်းဆိုင်ရာအတွက် ကောင်းမွန်ကြောင်း ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

ဟိုတယ်ကို လာရောက်တည်းခိုသူများ

ဦးသက်လွင်တိုးက “ဒီအချိန်မှာ အဓိကက လုံခြုံရေး သတိထားရပါတယ်။ ဘယ်သူ ဘယ်လို ဘယ်ဝါမှန်း မသိတဲ့ အခြေအနေ မှာ ဒီလို control လုပ်တာပေါ့။ ဧည့်စာရင်း တိုင်ပြီးတော့ သွားပြီး စာရင်းပို့တယ်ဆိုတာဟာ ဒါက အများကြီး make up လုပ် လို့ ရတယ်လေ။ ဒါတွေက နိုင်ငံတကာမှာလည်း ရှိတာပါ။ ရဲတွေကလည်း ရဲအလုပ်ကို ပီပီပြင်ပြင် လုပ်နိုင်တဲ့ အခြေအနေ ရှိရင်တော့ ပိုပြီးတော့ ထိထိရောက်ရောက် မှုခင်းတွေကို ဖော်ထုတ်နိုင်မယ်လို့ မြင်ပါတယ်။ နိုင်ငံခြားမှာတော့ ဒီဟာမျိုးတွေနဲ့ ပဲ trace လုပ်ကြတာပါ။ ဒီလိုဟာတွေက တကယ့် ဒီမိုကရေစီနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပေါ့။ ဒီ system တွေကလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ မရဘူးပေါ့။ ရှိသင့် ရှိထိုက်တာတော့ ရှိရမယ်” ဟု ပြောသည်။

လက်ရှိတွင် မိုးရာသီ ရောက်ရှိနေသည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဝင်ရောက်မှုမှာ နည်းပါးကြောင်းနှင့် ပြည်ပမှ ဝင် ရောက်သည့် ခရီးသွားများထဲတွင် စီးပွားရေးကိစ္စဖြင့် လာသည့်သူ များပြားပြီး အလည်အပတ် အနေဖြင့် လာရောက်သည့် ခရီးသွားမှာ နည်းပါးနေသေးကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းထံကနေ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်း SKD ကား ထုတ်လုပ်မှု မရပ်ဖို့ အစိုးရ၏မူဝါဒ ဖြေလျှော့ရန်လို

By CNI
CNI
Category: Watch TV
Hits: 630

Share
Tweet
Share
Share
powered by social2s
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38

Page 34 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar