CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဆေးဝါးပြတ်လပ်နေ၍ မဖျားမနာအောင်နေကြဖို့ သီရိလင်္ကာဆရာဝန်များ သတိပေး

By CNI
CNI
Category: Watch TV
Hits: 1199

Share
Tweet
Share
Share
powered by social2s
Tatneft ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် နာအီးလ် အူဖာသောဗစ်ချ် မာဂါနော့ဗ်စကဥက္ကဋ္ဌ တွေ့ဆုံ

လောင်စာဆီလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး Tatneft ကုမ္ပဏီနှင့် နစကဥက္ကဋ္ဌ ဆွေးနွေး

By CNI News
CNI News
Category: စီးပွားရေး
Hits: 1948

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

မြန်မာနိုင်ငံ၏ လောင်စာဆီ လိုအပ်ချက်နှင့် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့် အခြေအနေများကို ရုရှားနိုင်ငံ၏ PJSC “Tatneft” ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် နာအီးလ် အူဖာသောဗစ်ချ် မာဂါနော့ဗ် (Mr. Nail Ultatovich Maganov)နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယနေ့ (ဇူလိုင် ၁၃ ရက်)တွင် ရုရှားနိုင်ငံ၏ လက်အောက်ခံ Republic of the Tatarstan၊ ကာဇန်မြို့ရှိ PJSC “Tatneft” ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်နှင့်နစက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ လောင်စာဆီ လိုအပ်ချက်နှင့် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ Tatneft ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် နိုင်မည့် အခြေအနေများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ စသဖြင့် ဆွေးနွေးခဲ့သည်။

 “Tatneft” ကုမ္ပဏီ တာဝန်ရှိသူများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံ ဆွေးနွေးနေစဉ်

ထို့နောက် Republic of the Tatarstan ၏ အကြီးအကဲ Mr. Rustam Nurgaliyevich minnikhanov နှင့်တွေ့ဆုံ၍ ကူးသန်း ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ် ခြင်း၊ စက်ရုံ ၊ အလုပ်ရုံများ တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ထိန်းသိမ်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်နိုင် မည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လောင်စာဆီ လိုအပ်ချက် မြင့်မားနေပြီး ဈေးနှုန်းလည်း ကြီးမြှင့်နေခြင်းကြောင့် ပြည်သူများ အခက် အခဲများ ကြုံတွေ့နေရသည်။ တစ်ခါတစ်ရံတွင် စက်သုံးဆီ ပြတ်လပ်မှုများနှင့် လွန်စွာ နည်းပါးမှုများ ကြုံတွေ့ရသည်။

 

Share
Tweet
Share
Share
powered by social2s
ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် နယ်စပ်ကုန်သွယ်ရေး ကိုဗစ်ပိုးစစ်ဆေးနေစဉ်

ကိုဗစ်ကူးစက်မှုကြောင့် ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ထိခိုက်မှုမရှိ

By CNI
CNI
Category: ကျန်းမာရေး
Hits: 1411

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှ စက်လှေသမား ၈ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သော်လည်း လက်ရှိတွင် ကျန်းမာရေး ပြန်လည် ကောင်းမွန်နေပြီဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုမရှိသလို ထိခိုက်မှုလည်း မရှိ ကြောင်း သိရသည်။

စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းတွင် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်သည့် အချိန်ကတည်းက ကိုဗစ် ကာကွယ် ရေးနှင့် ပတ်သက်ပြီး သေချာစွာ အဆင့်ဆင့် စစ်ဆေးမှုများ၊ စည်းကမ်းချက်များ သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် လက်ရှိ ကူးစက်မှုနှင့် ပတ်သက်၍ နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိအချိန်ထိတော့ ကိုဗစ်ကူးစက်မှုကြောင့် ကုန်သွယ်မှု အပေါ်မှာတော့ သက်ရောက်မှုတော့ မရှိသေးပါဘူး။ မရှိ သေးဘူးဆိုတာကလည်း အဓိကတော့ ကျနော်တို့ ကိုဗစ်က ကျနော်တို့ ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်က ပြန်ဖွင့်တဲ့ အချိန်ကတည်းက လက်ရှိအချိန်ထိ ကိုဗစ် ကာကွယ်ရေးအတွက် ကူးစက် မှု မရှိအောင် အတတ်နိုင်ဆုံး အဆင့်တွေ အများကြီးပဲ လုပ်ထားတာ ရှိတယ်။ ပြန်ဝင်လာလို့ ရှိရင်လည်း ကွာရတင်း ဝင်ရတဲ့ ဟာတွေက အများကြီးရှိတယ်။ အဲဒါကို ဖြေလျှော့ထားတဲ့ ဟာတွေလည်း ရှိတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် နယ်စပ် ကုန်သွယ်ရေး ကွာရတင်းစခန်းကိုတွေ့ရစဉ်

အရင်တုန်းကဆို ကွာရတင်း ၁၀ ရက် လောက်ပဲ ဝင်ရတဲ့ ဟာတွေပေါ့လေ။ လက်ရှိကတော့ ကွာရတင်း ၃ ရက်နဲ့ ကျနော်တို့ ဝင်ခိုင်းပြီးတော့ ၃ ရက်‌ မြောက်နေ့မှာ swab test တွေ ယူတဲ့ဟာတွေနဲ့ ကာကွယ်ထားတာတွေ ရှိပါတယ် ။ လက်ရှိမှာ အဲလို ကာ ကွယ်ထားတဲ့ ဟာကနေ swab test ‌ တွေကို ကျနော်တို့ ယူနိုင်တဲ့အတွက် ပိုးတွေ့တဲ့သူကို သီးခြား ကျနော်တို့ ခွဲထုတ် ပြီးတော့ ကုသပေးနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ အဲတော့ ကျနော့် အမြင်ကတော့ လက်ရှိ ကူးစက်မှုကြောင့် နယ်စပ် ကုန်သွယ်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ စစ်တွေနယ်စပ်စခန်းရဲ့ ကုန်သွယ်မှု အပေါ်မှာတော့ သက်ရောက်မှုတော့ လောလောဆယ် မှာတော့ မရှိသေးပါဘူးခင်ဗျ” ဟု ပြောသည်။

ယခု ကိုဗစ်ပိုး တွေ့ရှိမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် နယ်စပ်ကုန်သွယ်ရေး စက်လှေသမားများဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူမှာ ယခု ဇူလိုင်လအတွင်း ၈ ဦးအထိ ရှိသွားပြီး ဖြစ်ကြောင်း သိရသည်။

လတ်တလော ရောဂါပိုး တွေ့ရှိထားသူများသည် ပြင်းထန်သည့် ဝေဒနာ ခံစားရခြင်း မရှိဘဲ ဆေးရုံသို့ စောင့်ကြည့်ရန်အတွက် သာ တင်ဆောင်ထားကြောင်း၊ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန် အခြေအနေအတိုင်း ကုန်သွယ်နေကြောင်း သိရ သည်။

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူများကိုသာ လုပ်ကိုင်ခွင့် ပေးထားပြီး ပြန်လည် ဝင်‌ရောက်လာသည့် အခါတွင်လည်း ကွာရတင်းရကြောင်း၊ ကိုဗစ် ရှိ/မရှိကို ထပ်မံ စစ်ဆေးရကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် နယ်စပ်ကုန်သွယ်ရေး

၎င်းက “ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးကိုလည်း ကျနော်တို့ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသား လူတွေကိုပဲ နယ်စပ် ကုန်သွယ်ခွင့်ကို လုပ်ကိုင်ခွင့် ပေးထားတယ်။ ဆိုလိုတဲ့သဘောက နယ်စပ်ကုန်သွယ်ရေး လုပ်နေတဲ့ ကုမ္ပဏီ ဝန်ထမ်းဖြစ်စေ၊ လှေထိုးသား ဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်တွေဖြစ်တဲ့ မင်းဂံတို့၊ ကုန်တင်ကုန်ချ ဆိပ်ကမ်းတွေမှာ ကုန်တင် ကုန်ချ လုပ်တဲ့ လုပ်သားတွေကအစ ကာကွယ်ဆေး ထိုးပြီးသား ကဒ်ပါမှ နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်ရမယ်ဆိုတဲ့ အပိုင်းတွေနဲ့ ဒါမျိုးတွေနဲ့ ကျနော်တို့ ဆောင်ရွက်နေတယ်။ အခု နိုင်ငံခြားသွားပြီးတော့ ပြန်လာလို့ရှိရင်လည်း ကွာရတင်း ဝင်ရပါတယ်။ သူ့သတ်မှတ်ချက်အတိုင်း ကွာရတင်း တင်ရတယ်။ အဲကွာရတင်း ဝင်နေတဲ့အချိန်မှာ ကျနော်တို့က နှာခေါင်းတို့ဖက် ရယူပြီး စစ်ဆေးတယ်။ အဲလို စစ်ဆေးရင်းနဲ့ တွေ့တာပေါ့” ဟု ပြောသည်။

လက်ရှိ ကိုဗစ်ပိုး တွေ့ရှိမှုမှာ အိုမီခရွန် ဟုတ်/မဟုတ်နှင့် အသစ်ဖြစ်ပေါ်နေသည့် အိုမီခရွန် မျိုးကွဲအသစ် ဟုတ်/မဟုတ်ကို ရခိုင်ပြည်နယ်တွင် စစ်ဆေးနိုင်သည့် ပစ္စည်းကိရိယာ မရှိသည့်အတွက် ဆေးစစ်ချက်နမူနာအား ရန်ကုန်ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားသည်ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

ထို့နောက် ကိုဗစ် ကူးစက်မှုနှင့် ပတ်သက်ပြီး နယ်စပ်ကုန်သွယ်မှုကို သက်ရောက်မှု မရှိစေရန် စည်းမျဉ်း သတ်မှတ်ချက်များ၊ ကာကွယ်ရေး နည်းလမ်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုန်သည်စက်မှု အသင်းချုပ်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေ ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားခြင်းကြောင့် လုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ စက်လှေသမားများနှင့် ကုန်တင်ကုန် ချ သမားများကလည်း စည်းကမ်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ကုန်သည်စက်မှုအသင်းချုပ်က တိုက်တွန်း ထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ထွက်သွားလို့ ရေးသားထား (AP)

သီရိလင်္ကာ သင်ခန်းစာ

By CNI
CNI
Category: ဆောင်းပါး
Hits: 1542

CNI Article News

ရေးသားသူ -ရဲထွဋ်

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

၂၀၂၂ ခုနှစ် အစပိုင်းထဲက စတင်လာတဲ့ သီရိလင်္ကာ စီးပွားရေးအကျပ်အတည်းဟာ ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက်မှာ သမ္မတ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာ နိုင်ငံက ထွက်ပြေးသွား တာနဲ့ အဆုံး သတ်သွားခဲ့တယ်။

ကိုဗစ်၁၉ ကပ်ရောဂါ နဲ့ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတိုင်းလိုလို စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့ နေရချိန်မှာ သီရိလင်္ကာ နိုင်ငံကတော့ ကြွေးပြန်မဆပ်နိုင်လို့ ဒေဝါလီခံရတဲ့အဆင့် ရောက်ပြီး နိုင်ငံစီးပွားရေးလည်း ပြိုလဲတဲ့အထိ၊ ပြည်သူ တွေရဲ့ အခြေခံလိုအပ်ချက်တွေတောင် ဖြည့်ဆည်းမပေးနိုင်တော့တဲ့ အထိ ဖြစ်ခဲ့ရတယ်။

သီရိလင်္ကာနိုင်ငံ အခုလို မွဲပြာကျရတဲ့ အခြေအနေရောက်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းက ဆွေမျိုးတပည့် ကောင်းစားရေး ဝါဒကြောင့် ဖြစ်တယ်လို့ အကဲခတ်လေ့လာသူ တွေ က သုံးသပ် ကြတယ်။ သူတို့က ဆွေမျိုးတပည့်ကောင်းစားရေးဝါဒ ကြောင့် အဂတိလိုက်စားမှုတွေပိုများ၊ အရည်အချင်းမရှိတဲ့သူတွေကို အရေးကြီးတာဝန်ပေးတော့ မူဝါဒအလွဲအမှားတွေဖြစ်ပြီး နောက်ဆုံး တိုင်းပြည်စီးပွားရေး ပြိုလဲတဲ့အထိ ဖြစ်ခဲ့ရတာလို့ဆိုတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ သီရိလင်္ကာနိုင်ငံရေးကို ရာဂျာပါ့ခ်ဆာ မိသားစုက လက်ဝါးကြီးအုပ်ထား ခဲ့တယ်။ ညီအကို လေး ယောက်မှာ မဟင်ဒါ ရာဂျာပါ့ခ်ဆာက ၂၀၀၄ ခုနှစ် မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သမ္မတ ဖြစ်ခဲ့ တယ်။

မဟင်ဒါက တမီလ်ပြောက်ကျားအဖွဲ့တွေကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်တာကြောင့် လူကြိုက်များလာတာကို အခွင့် ကောင်းယူပြီး တတိယသက်တမ်း တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အခြေခံဥပဒေကို ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် အဂတိ လိုက်စားမှုတွေကြောင့် နာမည်ပျက်ပြီး ၂၀၁၅ သမ္မတ ရွေးကောက်ပွဲ ရှုံးသွားတယ်။

သီရိလင်္ကာသမ္မတ ဂိုတာဘာယာ (AP)

၂၀၁၉ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ညီဖြစ်သူ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာ ဝင်ပြိုင်ဖို့ ဆုံး ဖြတ်ခဲ့တယ်။ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ဧပြီ ၂၁ ရက်နေ့ အီစတာ ပွဲတော်နေ့မှာ အစ္စလမ် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ကိုလံဘို မြို့တော်မှာ ရှိတဲ့ ဟိုတယ်သုံးခု နဲ့ ခရစ်ယန် ဘုရားကျောင်း သုံးကျောင်းကို အသေခံ ဗုံးခွဲတိုက်ခိုက်တဲ့အတွက် လူ ၂၆၉ ဦးသေဆုံးခဲ့ တယ်။

အဲဒီ တိုက်ခိုက်မှုကို အကြောင်းပြုပြီး ဂိုတာဘာယာက သူ့အစ်ကို လက်ထက်မှာ တမီလ်ပျောက်ကြားတွေကို နှိမ်နင်းခဲ့တာကို ပြန်ထောက်ပြပြီး အမျိုးသားလုံခြုံရေး အထိုင်ပေါ်က မဲဆွယ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတ ဖြစ်လာတယ်။

ရာဂျာပါ့ခ်ဆာ မိသားစုတွေ အာဏာလက်ဝါးကြီးအုပ်ပုံက ရှားမှရှားလို့ ဆိုရမယ်ထင်တယ်။ မဟင်ဒါ သမ္မတဖြစ်ချိန်က သူ့ ညီ ဂိုတာဘာယာက ကာကွယ်ရေးဝန်ကြီး တာဝန်ယူတယ်။ ညီ အငယ်ဆုံး ဘာဆဲလ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး တာဝန် ယူခဲ့တယ်။ အစ်ကိုအကြီးဆုံး ချမားလ်က ဆည်မြောင်းနဲ့ ရေအရင်း အမြစ်ဝန်ကြီး တာဝန်ယူတယ်။ ယောက်ဖ ဖြစ်တဲ့ သူကို နိုင်ငံပိုင်လေကြောင်းလိုင်း ဥက္ကဋ္ဌခန့်တယ်။

ဂိုတာဘာယာ သမ္မတဖြစ်တော့ အစ်ကိုဖြစ်တဲ့ မဟင်ဒါက ဝန်ကြီးချုပ်လုပ်တယ်။ ညီအငယ်ဆုံး ဘာဆဲလ်က ဘဏ္ဍာရေး ဝန်ကြီး လုပ်တယ်။ အကိုအကြီးဆုံး ချမားလ်က စိုက်ပျိုးရေးဝန်ကြီး လုပ်တယ်။ မဟင်ဒါရဲ့ သားနှစ်ယောက်မှာ တစ်ယောက် က အားကစားဝန်ကြီးလုပ်တယ်။ တစ်ယောက်က ဝန်ကြီးချုပ်ရုံး ညွှန်ချုပ်လုပ်တယ်။

ဒါက ဝန်ကြီးအဆင့်တွေပဲ ပြောတာပါ။ Indian Express သတင်းစာ အဆိုအရ အစိုးရဌာနတွေ၊ ဘုတ်အဖွဲ့တွေ၊ ကော်ပိုရေး ရှင်းတွေက အရေးကြီးတဲ့ နေရာတွေမှာ ရာဂျာပါ့ခ်ဆာ မိသားစုဝင်နဲ့ ဆွေမျိုး လေးဆယ်ကျော်ရှိတယ်လို့ဆိုတယ်။

အစိုးရအဖွဲ့ထဲမှာ ရာဂျာပါ့ခ်ဆာတွေ ဘယ်လောက်များလဲဆိုရင် သီရိလင်္ကာနိုင်ငံကို ပထမဆုံး ရောက်ဖူးတဲ့ နိုင်ငံခြား သံတမန် တစ်ယောက်ဟာ ထုံးစံအတိုင်း ဝန်ကြီးတွေ၊ အရေးပါတဲ့ ဌာန အကြီးအကဲတွေကို လိုက်တွေ့တဲ့အခါ ရာဂျာပါ့ခ်ဆာ တွေများလွန်းလို့ “သီရိလင်္ကာနိုင်ငံသားတွေက ရာဂျာပါ့ခ်ဆာ ဆိုတဲ့ နာမည်ကို အရမ်းကြိုက်ပါလား” ဆိုပြီး မှတ်ချက်ချ တယ်ဆိုတဲ့ နိုင်ငံရေးပြက်လုံးတောင် ခေတ်စားခဲ့ဖူးတယ်။

သီရိလင်္ကာဝန်ကြီးချုပ် (AP)

၂၀၂၂ ခုနှစ်၊ ဧပြီလကစပြီး နိုင်ငံရေးစီးပွားရေး အကျပ်အတည်း ပြင်းထန်လာတော့ မဟင်ဒါ ရာဂျာပါ့ခ်ဆာ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးရတယ်။ နောက်တော့ ဘာဆဲလ်နဲ့ ချမားလ် ဝန်ကြီး ရာထူးတွေကနေ နုတ်ထွက်ပေးရတယ်။ သမ္မတ ဂိုတာဘာယာကတော့ နုတ်ထွက်ပေးဖို့ ငြင်းဆန်ပြီး ဝန်ကြီးချုပ် အသစ်ခန့်၊ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ပြီး အသက် ဆက်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် စီးပွားရေး အခြေအနေက ကောင်းမလာတဲ့အပြင် လူထုရဲ့ သည်းခံနိုင်စွမ်းကလည်း ကုန်ဆုံး လာတယ်။

နောက်ဆုံးတော့ ပြီးခဲ့တဲ့ စနေနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဆန္ဒပြသူတွေက သမ္မတ အိမ်တော်နဲ့ ဝန်ကြီးချုပ် နေအိမ်တွေကို ဝင်ရောက်စီးနင်းတဲ့အထိ ဖြစ်လာခဲ့တယ်။

အဲဒီနောက်မှာ သမ္မတ ဂိုတာဘာယာ က ဇူလိုင်လ ၁၃ ရက်နေ့မှာ ရာထူးက နုတ်ထွက်ပေးမယ်လို့ ကတိ ပေးထား ခဲ့တယ်။

အခုတော့ ရာထူးက နုတ်ထွက်ကြောင်း ကြေညာမယ့် မနက်စောစောပိုင်းမှာ သမ္မတ ဂိုတာ ဘာယာ နဲ့ ဇနီးဟာ မော်လဒေ့ဗ် နိုင်ငံကို လေယာဉ်နဲ့ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်။ ကျန်တဲ့ ရာဂျာပါ့ခ်ဆာ မိသား စုဝင်တွေလည်း သတင်းပျောက်နေ တယ်။ သီရိလင်္ကာ လွှတ်တော်ကတော့ သမ္မတ အသစ်ရွေးချယ်ဖို့ လုပ်နေတယ်။

ကမ္ဘာ့သမိုင်းမှာ ဆွေမျိုးတပည့် ကောင်းစားရေးဝါဒနဲ့ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာ ရာဂျာပါ့ခ်ဆာတွေက ပထမဆုံး မဟုတ် သလို နောက်ဆုံးလည်းမဟုတ်ဘူး။ အဲဒီလိုပဲ ကိုယ့်အတတ်နဲ့ ကိုယ်စူးပြီး တိုင်းပြည်က ထွက်ပြေးရတဲ့ နိုင်ငံရေးခေါင်းဆောင် တွေထဲမှာ သီရိလင်္ကာသမ္မတ ဂိုတာဘာယာဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ဘူး။

(ဦးရဲထွဋ်သည် ပြန်ကြားရေးဝန်ကြီးအဖြစ် ဝန်ကြီးဟောင်း ဖြစ်သလို လက်ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးလည်း ဖြစ်သည်။)

 

 

 

Share
Tweet
Share
Share
powered by social2s

ပခုက္ကူအနီးတစ်ဝိုက်တွင် ဓာတ်မြေဩဇာ သယ်ဆောင်ရ ခက်ခဲနေဟုဆို

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s

သင်တန်းများ ပေါလာသော်လည်း ဂျပန်သို့ သွားရောက် အလုပ်လုပ်ရန် ခက်ခဲနေ

By CNI
CNI
Category: Watch TV
Hits: 611

Share
Tweet
Share
Share
powered by social2s
ဂျပန်နိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းတစ်ခုကို တွေ့ရစဉ်

သင်တန်းများ ပေါလာသော်လည်း ဂျပန်သို့ သွားရောက် အလုပ်လုပ်ရန် ခက်ခဲနေ

By CNI
CNI
Category: စီးပွားရေး
Hits: 2143

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

လက်ရှိတွင် မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များသည် ဂျပန်သို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူ များပြားသောကြောင့် ဘာသာစကား သင်တန်းကျောင်းများ ပေါများလာသော်လည်း ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်မှာ ခက်ခဲနေ ကြောင်း အေဂျင်စီနှင့် ဂျပန်သို့သွားရန် ပြင်ဆင်နေသူများထံက သိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်သို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် လူဦးရေမှာ များပြားနေပြီး ဂျပန်နိုင်ငံမှ ခေါ်သည့် လုပ်သား အရေအတွက်မှာ နည်းပါးသဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ခွင့်ရရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း Naytic Asia အေဂျင်စီမှ ဒါရိုက်တာ ကိုနေဦးကိုက CNI သတင်းဌာနသို့ ပြောသည်။

ဒါရိုက်တာ ကိုနေဦးကိုက “ကျနော်တို့ဆီမှာဆိုရင် သင်တန်း ၃ ခုကနေ ဖောင်တွေ လာတင်ထားတာပေါ့လေ။ အကုန်လုံး သုံး၊ လေးရာလောက် အဲဒီလောက်တောင် ရှိတယ်။

ဒါပေမယ့် ဟိုဘက်က အလုပ်ခေါ်စာ အလုပ်ရတာက ကျနော်တို့ဆီက Demand ရတာသည် နည်းတယ်။ ကျနော်တို့ကုမ္ပဏီက သူများလို အကြီးကြီး မဟုတ်ပေမယ့် တစ်နှစ်ကိုတော့ တစ်ရာကျော် လောက်တော့ ပုံမှန် ပို့နိုင်တာပေါ့။ ဒါပေမယ့် သင်တန်းသားတွေ အကုန်လုံးက လေး၊ ငါးရာ ဖြစ်နေတော့ လူတွေကတော့ များ နေတာပေါ့။

ဂျပန်နိုင်ငံကခေါ်တဲ့ မြန်မာလုပ်သားကို ခေါ်ယူနှုန်းက တခြားနိုင်ငံနဲ့ ယှဉ်လိုက်လို့ရှိရင် ဆယ်ဆ တစ်ဆလောက် ကွာနေတယ်။ ကွာတဲ့အတွက်ကို ဒီဘက်က သွားချင်တဲ့သူက များပြီးတော့ ဟိုဘက်က ခေါ်ယူတဲ့သူက နည်းနေသေးတယ်။ ဗီယက်နမ်ကိုဆိုရင် တစ်နှစ်ကို အလုပ်သမား ခြောက်သောင်းလောက် ခေါ်တယ်ဆိုရင် ကျနော်တို့ မြန်မာက ခြောက်ထောင် လောက်ပဲ ရှိတယ်” ဟု ပြောသည်။

ဂျပန် သင်တန်းကျောင်းကိုတွေ့ရစဉ်

လက်ရှိတွင် ဂျပန်သို့ မြန်မာလုပ်သား စေလွှတ်နေသည့် အထဲတွင် ကိုဗစ်မတိုင်ခင်က အင်တာဗျူး အောင်ထားပြီးသူများအား ဦးစွာ စေလွှတ်နေခြင်း ဖြစ်သော်လည်း အေဂျင်စီဘက်မှ တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိသဖြင့် မသွားရသေးကြောင်း ၂၀၁၉ ခုနှစ်ကတည်းက အင်တာဗျူးအောင်မြင်ထားသည့် ကိုငြိမ်းချမ်းက CNI သတင်းဌာနသို့ ပြောသည်။

ကိုငြိမ်းချမ်းက “ဟိုဘက်က သူဌေးက မခေါ်သေးဘူး။ ကြားက တရုတ်ပွဲစားမကလည်း အကြောင်း မပြန်သေးဘူး။ အကြောင်းပြန်ရင်တော့ သားတို့ကို ဆက်သွယ်မယ်။ အဲဒီလိုပြောတယ်။ ခဏခဏပဲ သားတို့ဆက်သွယ်မယ်၊ အကြောင်းထူး တာနဲ့ သားတို့ကို ဖုန်းဆက်မယ်နဲ့။ ကျနော့်ထက် နောက်မှ အင်တာဗျူး အောင်တဲ့သူတွေ အကုန် ထွက်သွားပြီ။ ကျနော်က တော့ ကုမ္ပဏီကို သွင်းထားတာတော့ အင်တာဗျူး အောင်တော့ ၁၀ သိန်း သွင်းထားတယ်။ နောက်ကျ COE တင်မယ်ဆိုတော့ ၁၀ သိန်း သွင်းထားတယ်။ နောက်ထပ် သင်တန်းကြေး အနေနဲ့ မြန်မာငွေနဲ့ဆို ငါးသိန်းကျော် ‌ခြောက်သိန်းလောက် ကျမယ် ထင်တယ် အဲဒီလောက် သွင်းထားရတယ်။ သူများဆီက ငွေယူပြီး သွားတာလေ။ နှစ်ကလည်းကြာတော့ အတိုးကလည်း တက်တာပေါ့။ ပြီးတော့ အချိန်ကလည်း ကြာပြီလေ။ အချိန်ကြာတော့ အသက်ကလည်း ကြီးလာတာဆိုတော့ တချို့ကလည်း အသက်ကြီးရင် မကြိုက်တာမျိုးတွေ ရှိတယ်ဆိုတော့ အဲဒါပေါ့။ အသက်ကြီးတာက စိုးရိမ်ရတယ်”ဟု ပြောသည်။

ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် တရားဝင်အေဂျင်စီများနှင့် ဘာသာစကား သင်တန်းကျောင်းတို့ ချိတ်ဆက်ပြီး သင်တန်းသားများထဲမှ အင်တာဗျူး အောင်မြင်သူများကိုသာ စေလွှတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂျပန်သို့ သွားရောက်လုပ်ကိုင်လိုသူ များပြားလာသည့်အတွက် ဘာသာစကား သင်တန်းကျောင်းများလည်း ပေါများလာကာ အေဂျင်စီများဖြင့် ချိတ်ဆက်ထားပြီး ဂျပန်နိုင်ငံသို့ အရောက်ပို့ပေးမည်ဖြစ်ကြောင်း မက်လုံးများပေး၍ သင်တန်းသား ခေါ်ယူမှုများရှိကြောင်း သိရသည်။

ထို့ကြောင့် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန်အတွက် သင်တန်းတက်ရောက်မည်ဆိုပါက ထိုသင်တန်းသည် တရားဝင် အေဂျင်စီနှင့် ချိတ်ဆက်ထားခြင်း ဟုတ်၊ မဟုတ် သေချာ စိစစ်ရန် လိုအပ်ကြောင်း Naytic Asia အေဂျင်စီမှ ဒါရိုက်တာ ကိုနေဦးကိုက ပြောသည်။

ဂျပန်နိုင်ငံက စားသောက်ဆိုင်မှာ လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး

၎င်းက “ဂျပန်ကို တရားဝင်ပို့လို့ရတဲ့ ကုမ္ပဏီစာရင်း အလုပ်သမားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတာရှိတယ်။ အဓိက ကတော့ ကိုယ်တက်မယ့် သင်တန်းပေါ့။
ဒီသင်တန်းသည် ဘယ်ကုမ္ပဏီနဲ့ ချိတ်ထားတာလဲပေါ့။ အဲဒီကုမ္ပဏီသည် တရားဝင်လား။ နောက်ပြီးတော့ အဲဒီကနေ သွားတဲ့သူရော ဘယ်နှယောက်ရှိလဲ။ အဲဒါတွေကို စုံစမ်းပြီးတော့မှ တက်လို့ရှိရင် တော့ ဒီပြဿနာ မဖြစ်ဘူးလို့ ထင်ပါတယ်။ သူက ဘယ်သူနဲ့ ချိတ်ထားသလဲ ဆိုတာတော့ ကိုယ်က စုံစမ်းသင့်တယ်လေ။ အခုကကျတော့ သွားချင်တော့လေ သိပ်ပြီးတော့ ကျနော်တို့ဆီက ကလေးတွေက စုံစမ်းတာတို့ သေချာလေ့လာတာတို့က အားနည်းတယ်။ အဲဒါကြောင့်လည်း နောက်ပြီးတော့ သွားချင်စိတ်ကလည်း များတော့လေ ပိုက်ဆံဘယ်လောက်ပေးရင် သွားရမယ်ဆိုတဲ့ ဟာမျိုးကိုပဲ နားယောင်ကြတဲ့ကလေးတွေ အဲဒါကြောင့်ပဲ အလိမ်ခံရတာလို့ ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုသည် ကိုဗစ်မဖြစ်ခင် ကာလများကထက် သိသိသာသာ များလာ ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့(MOEAF) မှ သိရသည်။

ထိုထဲတွင် ကျောင်းဖြင့် သွားသည့်သူများရှိသကဲ့သို့ အလုပ်အကိုင်ဖြင့် သွားသည့် သူများရှိကြောင်း၊ ဂျပန်နိုင်ငံသို့ သွားမည်ဆို ပါက ဂျပန်ဘာသာစကားအား ကျွမ်းကျင်အောင် ပြောတတ်နိုင်မှ အဆင်ပြေမည်ဖြစ်ကြောင်း ဂျပန်တွင် သွားရောက် လုပ်ကိုင် ဖူးသည့် ကိုမြတ်သူအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဂျပန်နိုင်ငံဖြစ်တဲ့အတွက် ဂျပန်ဘာသာစကားတော့ ကောင်းကောင်းရမှ အဆင်ပြေမှာ။ ကျနော်တို့လည်း ရောက်ခါစ က ဘာသာစကား မကျွမ်းကျင်မှုကြောင့် အခက်အခဲတွေ အများကြီး ကြုံရတယ်။ နံပါတ်တစ်သည် ဘာသာစကား။ ဘာသာ စကားရပြီဆိုရင် လုပ်ငန်းကျွမ်းကျင်မှုကျတော့ ဒီလုပ်ငန်းခွင်ထဲမှာ ဘာသာစကား နားလည်သွားတယ်ဆိုရင် အလုပ်က သူ့ ဘာသာသူ သင်သွားလိမ့်မယ်။ ဘာသာစကား မရရင်တော့ ပြောတာ နားမလည်လို့ရှိရင် အလုပ်ထဲမှာ အဆင်ပြေမှာ မဟုတ် ဘူး” ဟု ပြောသည်။

လက်ရှိတွင် ဂျပန်သို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် အလုပ်အမျိုးအစားများမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး တို့ဖြစ်ကာ အနိမ့်ဆုံး အခြေခံ လုပ်ခလစာသည် ယန်း ၉၀၀၀၀ (ကိုးသောင်း- မြန်မာငွေ ဆယ်သိန်းကျော်) ရရှိ ကြောင်း MOEAF မှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ကြက်သွန်စိုက်ပျိုးခြင်း

ပခုက္ကူအနီးတစ်ဝိုက်တွင် ဓာတ်မြေဩဇာ သယ်ဆောင်ရ ခက်ခဲနေဟုဆို

By CNI
CNI
Category: စီးပွားရေး
Hits: 1424

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

ပခုက္ကူမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်များတွင် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာများ သယ်ဆောင်ရာတွင် အခက်အခဲရှိနေကြောင်း တောင်သူနှင့် ကုန်သည်များထံမှ သိရသည်။

ပခုက္ကူမြို့နယ်သို့ ကြက်သွန် လာရောက် ရောင်းချသည့် တောင်သူများသည် စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာများ ဝယ်ယူရာတွင် ကားသမားများက တင်ဆောင်ခြင်း မပြုကြကြောင်း ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားအသင်းမှ အဖွဲ့ဝင် ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးလှသောင်းက “တောင်သူတွေ ပြောနေကြတာပေါ့ ကျနော်တို့ဆီမှာ ပွဲရုံတွေဝင်တော့ တောင်သူတွေ ပြောပြောနေကြတာ ပေါ့နော့်။ မြေဩဇာတို့ ဘာတို့က ကားတွေပေါ်မှာ မတင်ရဘူးတဲ့။ ပုလဲဘက်ရယ်၊ မုံရွာကလည်း ကျုပ်တို့ဆီ ပခုက္ကူ လာ ရောင်းတယ်ဗျာ။ နောက်တစ်ခါ ယောဘက်က လာရောင်းတယ်ဗျာ၊ ပခုက္ကူကို ကြက်သွန်က။ အဲတော့ ပုလဲနယ်ဘက်က ကားတွေကလည်း မတင်ရဲဘူး။ ယောဘက်က ကားကလည်း မတင်ရဲဘူး။ မုံရွာဘက်က ကားကလည်း မတင်ရဲဘူး။ ပခုက္ကူ လာရောင်းတာ ပေါက်တို့၊ ဆိပ်ဖြူနယ်တို့၊ စလင်းနယ်ပေါ့ဗျာ ပခုက္ကူကို ကြက်သွန်လာရောင်းကြတာ။ အဲဒီကားတွေကတော့ လုံးလုံးမသယ်ဘူး” ဟု ပြောသည်။

ကြက်သွန်သယ်ခြင်း

ပြီးခဲ့သည့် ကြက်သွန်စိုက် ရာသီတွင်လည်း ဓာတ်မြေဩဇာ ဈေးနှုန်း မြင့်တက်ခြင်းနှင့် ဝယ်မရသည့် အခက်အခဲကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကြက်သွန်စိုက် တောင်သူများသည် နွားချေးကို အသုံးပြု၍ စိုက်ပျိုးခဲ့ရသည့်အတွက် ကြက်သွန် အထွက်နှုန်း လျော့ကျခဲ့သည်။

လာမည့်ရာသီ ကြက်သွန်စိုက်ပျိုးရန်အတွက် လက်ရှိတွင် ဓာတ်မြေဩဇာ ဝယ်ယူရာမှာ သယ်ဆောင်မည့်သူ မရှိခြင်းကြောင့် မည်သို့ ဆက်လက် လုပ်ဆောင်ရမည်ကို မသိသေးကြောင်း ပခုက္ကူမြို့မှ ကြက်သွန်စိုက်တောင်သူ ဦးဇော်ဋ္ဌေးက ပြောသည်။

ဦးဇော်ဋ္ဌေးက “ဓာတ်မြေဩဇာက ရကိုမရဘူး။ ရွာတွေမှာ ဝယ်လို့ကို မရဘူး။ ရောင်းမယ့်သူလည်း မရှိ။ ကားလည်း တင်လို့ မရ။ ရောင်းတယ် ကားသမားတွေက မတင်တာ။ ဘယ်လိုလုပ်ရမလဲ မသိဘူး၊ အခု အကြံအိုက်နေကြတယ်။ ဘယ်လို လုပ်ရ မယ်ဆိုတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေ အများစုသည် ဓာတ်မြေဩဇာကို အသုံးပြု၍ နှစ်ပေါင်းများစွာကြာ စိုက်ပျိုးလာခဲ့သည့်အတွက် ဓာတ်မြေဩဇာ အသုံးပြုမှု နည်းပါးခြင်းနှင့် အသုံးမပြုရလျှင် သီးနှံအထွက်နှုန်းနှင့် ဖွံ့ဖြိုးမှုနှုန်း ကျဆင်းသွားမည် ဖြစ်ကြောင်း တောင်သူများက ပြောသည်။

တောင်သူတစ်ဦး လယ်ထွန်နေစဉ်

နွားချေးဖြင့် အသုံးပြု၍ စိုက်ပျိုးထားသည့် သီးနှံများအနေဖြင့် အထွက်နှုန်း ထက်ဝက်ခန့်အထိ လျော့ကျသွားနိုင်သည်ဟု ဦးလှသောင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးလှသောင်းက “၁ ဧကကို ကြက်သွန် ၅၀၀၀ ထွက်မယ်ဆိုရင်ပေါ့ဗျာ ၂၅၀၀၊ ၃၀၀၀ ပေါ့ အဲလိုတွေ ထွက်တော့တာပေါ့ဗျာ။ ကြက်သွန်တွေမှ မကောင်းတော့တာ။ မြေဩဇာမှ မထည့်ရတာကိုး။ ဒီနွားချေးတစ်ခုနဲ့ အလုပ်မှ မဖြစ်ဘဲနဲ့။ မြေဩဇာပါမှ ကြက်သွန်က သူ့ဟာနဲ့သူ အလိုက်အထိုက်လေး ကောင်းတာကိုးဗျ” ဟု ပြောသည်။

ပခုက္ကူမြို့နယ်နှင့် အနီးတစ်ဝိုက် မြို့နယ်များတွင် ဓာတ်မြေဩဇာကို သယ်ဆောင်ခွင့် ကန့်သတ်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသော်လည်း စစ်ဆေးရေးဂိတ်များတွင် ဓာတ်မြေဩဇာ သယ်ဆောင်သည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့် မပေးဘဲ ပြန်လည် လှည့်ခိုင်းကြောင်း သိရသည်။

ထို့နောက် ဓာတ်မြေဩဇာ တင်ဆောင်ထားသည့် ကားများကို တင်းကြပ်စွာ စစ်ဆေးခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ကုန်တင်ကား သမားများအနေဖြင့် ဓာတ်မြေဩဇာများကို သယ်ဆောင်ခြင်း မပြုလုပ်ကြကြောင်း ကုန်တင်ကားသမားများက တောင်သူများကို ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
သုခဟိတနာရေးကူညီမှုအသင်း၊ KMT  

မုံရွာ ဆိပ်ကမ်းက ဆီတင် သင်္ဘော ၂ စင်း မီးလောင်နေမှု မြင်ကွင်း

By CNI News
CNI News
Category: စီးပွားရေး
Hits: 1044

 

CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က ဆိပ်ကမ်းမှာ ဆီတင် သင်္ဘော ၂ စင်း ယနေ့ (ဇူလိုင် ၁၀ ရက်) နံနက်ပိုင်းက မီးလောင် မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ဆီဖြည့်ရာကနေ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ နေ့လယ် တစ်နာရီကျော်ထိ မီးလောင်မှု ဖြစ်နေပြီး ယခု ချင်းတွင်းမြစ် သင်္ဘော ၂ စင်းလုံး မျောပါသွားကြောင်း၊ ရေလယ်ခေါင်မှာ မီးလောင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းကြက်သွန်ဈေး မြင့်တက်မှုကြောင့် ပြည်ပသို့ ကြက်သွန်တင်ပို့မှု ရပ်နားထား

By CNI
CNI
Category: Watch TV
Hits: 611

Share
Tweet
Share
Share
powered by social2s

ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် စွမ်းအင်ဈေးတက်သည့်ဘေးဆိုး ကြုံနိုင်ဟု ပူတင် သတိပေး

By CNI
CNI
Category: Watch TV
Hits: 572

Share
Tweet
Share
Share
powered by social2s
ကြက်သွန်စိုက် တောင်သူများကိုတွေ့ရစဉ်

ပြည်တွင်းကြက်သွန်ဈေး မြင့်တက်မှုကြောင့် ပြည်ပသို့ ကြက်သွန်တင်ပို့မှု ရပ်နားထား

By CNI
CNI
Category: စီးပွားရေး
Hits: 1590

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉

ပြည်တွင်းရှိ ကြက်သွန်နီဈေးနှုန်း မြင့်မားနေမှုကြောင့် ပြည်ပတင်ပို့ရာတွင် ဈေးကောင်း မရရှိသည့်အတွက် တရုတ်၊ ထိုင်း နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်တင်ပို့မှုများ ရပ်နားထားသည်ဟု နယ်စပ်ကုန်သည်များထံမှ သိရသည်။

ပြည်တွင်းတွင် ကြက်သွန် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဝန်းကျင် ရှိနေသော်လည်း ပြည်ပသို့ တင်ပို့ရာတွင် ထိုဈေးနှုန်း အတိုင်း ပြန်လည်မရရှိသည့်အတွက် တင်ပို့မှုကို ရပ်နားထားပြီး ဈေးကောင်း ရရှိမည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ကုန်သည် ဦးအောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်နိုင်က “ကြက်သွန်က လုံးဝကို ဒီမှာ ပို့တာ မရှိပါဘူး။ ဒီရက်ပိုင်းထဲမှာပါ။ တစ်လလောက် ရှိမယ်။ ဒီမှာ ကြက်သွန် တစ်ပိဿာ ၄၀၀၊ ၅၀၀ ဝန်းကျင် ၆၀၀၊ ၇၀၀ ရတဲ့အချိန်မှာ ပို့လို့ အဆင်ပြေတယ်ပေါ့။ အခု ၁၅၀၀၊ ၂၀၀၀ နီးပါး ဖြစ်သွားတဲ့ အချိန်မှာ ဟိုဘက်မှာ အရင်တိုင်းပဲ ၄၀ (ကာတာငွေ) ပေါ့။ ၁ ကီလို ၃၀၊ ၄၀ (ကာတာငွေ) အဲလိုပေါ့။ ဟိုဘက်မှာ တူတူပါပဲ ပြောင်းလဲမှု မရှိပါဘူး။ ဒီဘက်မှာ ဈေးတက်သွားပြီ အဲလိုမျိုး မကိုက်တာ။ ကျနော်တို့ ဈေးကောင်းရဖို့ စောင့်နေရမှာပဲ” ဟု ပြောသည်။

ကြက်သွန်နီများ သယ်ဆောင်နေစဉ်

ပြည်တွင်းတွင် ကြက်သွန်နီ ဈေးနှုန်းများသည် လက်ရှိ၌ တစ်ပိဿာလျှင် ၁၆၅၀ ကျပ် ဈေးနှုန်းရှိနေပြီး ပြီးခဲ့သည့် ဇွန်လမှာတော့ ကျပ် ၂၀၀၀ အထိ ဈေးနှုန်း မြင့်တက်ခဲ့သည်။

ထို့အပြင် တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မြန်မာ့ကြက်သွန်ဝယ်ယူမှုကို လျှော့ချဝယ်ယူလာခြင်း၊ ဝယ်ယူမှု ရပ်နား ခြင်းများလည်း ရှိကြောင်း သိရသည်။

ပြည်ပသို့ ကြက်သွန် တင်ပို့မှုများ ရပ်နားထားခြင်းကြောင့် ပွဲရုံများနှင့် ကုန်စည်ဒိုင်များတွင် ကြက်သွန်ကုန်ကားများ အစီးရေ ၂၀ နီးပါး ရောက်ရှိလာသော်လည်း ဝယ်ယူသူမရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ကြက်သွန်ကို အဓိက စိုက်ပျိုးသည့် မကွေးတိုင်းဒေသကြီးတွင်လည်း ယခုအချိန်တွင် ကြက်သွန်လာရောက်ဝယ်ယူမှု မရှိဘဲ အရောင်းအဝယ်အေးနေသည်ဟု ကြက်သွန်ကုန်သည် ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “ပွဲစားတွေ သူတို့ဝယ်ထားတဲ့ ကြက်သွန်တွေက ထွက်လမ်းပိတ်နေတယ်လို့ ကြားတာပဲ။ အဲလို ထွက်ပေါက် ဝင်ပေါက်တွေရော မကောင်းဘူး အဲလိုကြားတယ်။ ထွက်ပေါက် ဝင်ပေါက် မရှိတော့ တောတွေမှာလည်း ဝယ်သူမရှိဘူး အဲလိုဖြစ်နေကြတယ်။ အဲလိုရပ်ထားတော့ ကျနော်တို့ အရောင်းအဝယ် အေးတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကြက်သွန် ပြည်ပတင်ပို့မှုကို ရပ်နားထားသော်လည်း ကြက်သွန်နီကို ဝယ်ယူသိုလှောင်ပြီး ဈေးကောင်းရရှိအောင် စောင့်ဆိုင်းနေကြသည့် တောင်သူများလည်း ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆီထွက်သီးနှံတင့်မှု ဒေါ်လာဈေးနှုန်း သတ်မှတ်လိုက်ခြင်းကြောင့် ထိခိုက်နိုင်

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s
ပို့ကုန်များနဲ့ ဒေါ်လာ-ကျပ်ငွေ

ဆီထွက်သီးနှံတင်ပို့မှု ဒေါ်လာဈေးနှုန်း သတ်မှတ်လိုက်ခြင်းကြောင့် ထိခိုက်နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1318

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈

နယ်စပ်ကုန်သွယ်ရေးတွင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို တင်ပို့သည့်အခါ အမေရိကန် ဒေါ်လာဈေးနှုန်းဖြင့် ရောင်းဝယ်ကြရန် ကုန်သွယ်ရေးဦးစီးဌာနမှ မူဝါဒ သတ်မှတ်လိုက်ခြင်းကြောင့် ယင်းကုန်စည်များ တင်ပို့ မှု ထိခိုက်နိုင်သည့်အပြင် နှောင့်နှေးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကုန်သည်များထံမှ သိရသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသည် ဒေါ်လာဈေးနှုန်းနှင့် ငွေလဲကောင်တာများတွင် ဝယ်ယူရသည့် ဈေးနှုန်း ကွာဟချက်ကြောင့် ပို့ကုန်လုပ်ကိုင်သူများအတွက် အရှုံးဖြစ်ပေါ်နေသည့်အတွက် ကုန်စည်မပို့တော့မည့်သူများရှိလာနိုင်ပြီး တောင်သူများဆီမှ ဈေးနှိမ်ဝယ်ယူမှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

ဦးနေဝင်းစိုးက “သူက သတ်မှတ်ထားတာ ၁၈၅၀ အပြင်မှာက ၂၀၀၀ ကျော်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ဒေါ်လာဝယ်ရသည် ဖြစ်စေ၊ မဝယ်ရဘဲနဲ့ ဟိုဘက်က တိုက်ရိုက် ဒေါ်လာနဲ့ ပေးချေလို့ ဒီဘက်ကိုပဲရောက်ရောက် အပြင်မှာက ၂၀၀၀ ကျော်နေ တယ်။ သူတို့ သတ်မှတ်ထားတာ ၁၈၅၀ ဆိုတော့ ပို့ကုန်သမားက ရှုံးနေပြီးသားပဲ ပြောချင်တာက။ ၁ ဒေါ်လာကို ၂၀၀ ပတ် ဝန်းကျင် ရှုံးနေပြီးသားပဲလေ။ ဒီအရှုံးကို ကာမိအောင် သူတို့ ဘာလုပ်မလဲ Export သမားတွေက။ ဘာလုပ်မလဲဆိုတော့ ၂ ချက် ရှိတယ်။ တော်ပါပြီကွာ မပို့တော့ပါဘူးဆိုတာ ဖြစ်ရင်ဖြစ်မယ်။ ရသလောက်အမြတ်လေးနဲ့ပဲ ဘယ်လောက်ပဲ မြတ်မြတ် ပါးပါးလေးပဲ မြတ်မြတ် တင်တော့တင်အုံးမှာပဲဆိုပြီးတော့ လုပ်ရင်လည်း ဘာဖြစ်လာမလဲဆိုတော့ ၁ ဒေါ်လာကို ၂၀၀ နီးပါး လောက် ရှုံးနေပြီးသားဖြစ်တယ်။ ဒါကို တောင်သူဆီက ဈေးနှိမ်ဝယ်ဖို့ ရှိတယ်လေ။ တောင်သူအကျိုးအမြတ် နည်းသွားမယ်” ဟု ပြောသည်။

ပြည်ပ ပို့မည့် ကုန်များတင်ဆောင်လာသော ကုန်ကားများ

မူလက ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများသည် ယွမ်(တရုတ်ငွေ)ဈေးနှုန်း၊ ဘတ်(ထိုင်းငွေ)ဈေးနှုန်းတို့ဖြင့် တွက်ချက်ပြီး ကုန်သွယ်မှု ပြုလုပ်နေကြရာမှ ယခုတွင် ဒေါ်လာဈေးနှုန်း သတ်မှတ်၍ ကုန်သွယ်မှု ပြုလုပ်ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်လိုက်သည်။

ထို့နောက် ကုန်သွယ်ရာတွင် ပေးချေကြရမည့် ငွေကြေးကို ကြိုက်နှစ်သက်သည့် ငွေကြေးနှင့် ကုန်သွယ်၍ ရသော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုတော့ ဒေါ်လာဖြင့် ပေးချေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယွမ်ငွေနှင့် ဒေါ်လာကြား ဈေးနှုန်း ကွာဟချက်၊ ဘတ်ငွေနှင့် ‌ဒေါ််လာကြားကွာဟချက်များကြောင့် ကုန်သည်များအတွက် အခက်တွေ့စေကြောင်း သိရသည်။

ကုန်သည်များအနေဖြင့် ၎င်းတို့အတွက် အကျိုးအမြတ် ကျန်ရှိစေရန် ပြည်ပသို့ ကုန်စည်တင်ပို့သည့်အခါ ပြည်တွင်းရှိ တောင်သူများထံတွင် ဈေးနှုန်း နိမ့်ချ၍ ဝယ်ယူကြမည် ဖြစ်ကြောင်း၊ ထိုသို့ ဈေးနှုန်းနိမ့်ချ ဝယ်သည့်အခါမှာ တောင်သူများ နစ်နာနိုင်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

ဦးမင်းသိန်းက “သူတို့ကလည်း အခြေအနေကို ကြည့်နေတယ်။ ဒေါ်လာနဲ့ သွားမယ်ဆို အောက်မှာ ဈေးချဝယ်မယ်။ ပဲတို့၊ ပြောင်းတို့၊ နှမ်းတို့ သူတို့ ဈေးချဝယ်မယ်။ သူတို့က ကိုက်ရင်တင်မယ်၊ မကိုက်ရင်မတင်ဘူး၊ ရပ်လိုက်မယ်။ အကျိုးအမြတ်ရှိမှ သူတို့ဝယ်မှာဆိုတော့ ဘာလုပ်ရမလဲ ဗမာပြည်တွင်းမှာ စောစောကပြောတဲ့ ပဲတို့၊ ပြောင်းတို့၊ ဆီထွက်သီးနှံတို့ကို ယခင်ဈေး ထက် ဈေးချဝယ်မှ သူတို့ကိုက်မှာ။ အကျိုးအမြတ်ရမှတင်မယ် မရရင် မတင်ဘူး ကုန်သည်ဆိုတဲ့သဘောက ဒါပဲလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ မတ်လက ထိုင်းနယ်စပ် ကုန်သွယ်ရေးနှင့် တရုတ်နယ်စပ် ကုန်သွယ်ရေးများတွင် ဘတ်နှင့်ကျပ် တိုက်ရိုက်၊ ယွမ်နှင့်ကျပ် တိုက်ရိုက်ဖြင့် ရောင်းဝယ်ကြရန် သတ်မှတ်ခဲ့သော်လည်း ယခုအခါမှာတော့ ဒေါ်လာဖြင့် ပြောင်းလဲ သတ်မှတ် လာခဲ့သည်။

ပြောင်းဖူးစိုက်ခင်း

ယခင်က ယွမ်ငွေ၊ ဘတ်ငွေတို့ဖြင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ပြောင်းတင်ပို့မှုသည်လည်း လက်ရှိ ဒေါ်လာဈေးနှုန်း သတ်မှတ်လိုက်သည့်မူဝါဒ အပြောင်းအလဲကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ မူဝါဒ တည်ငြိမ်သည့်အချိန်ကို စောင့်ကြည့်နေကြကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြော သည်။

ဦးသန့်ဇင်ထွန်းက “ဒီလိုပဲ မူဝါဒတစ်ခု ပြောင်းလဲတဲ့ အချိန်မှာတော့ နည်းနည်းတော့ အခက်အခဲ ရှိတာပေါ့။ မူဝါဒတစ်ခု ပြောင်းလဲတဲ့ အခါမှာတော့ တည်ငြိမ်မှုရှိအောင်တော့ စောင့်ရမှာပေါ့။ အချိန်တော့ ယူရလိမ့်မယ် အဲဒါတော့ ရှိတယ်” ဟု ပြောသည်။

ထို့နောက် ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ တင်ပို့မှုမှ ရရှိထားသည် နိုင်ငံခြားငွေများကို ၄၅ ရက်အတွင်း ပြည်တွင်းဘဏ် များ၌ ကျပ်ငွေဖြင့် လဲလှယ်သွားရမည်ဖြစ်ကြောင်း၊ လဲလှယ်သည့်အခါမှာတော့ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ၁၈၅၀ ကျပ်ဖြင့် လဲလှယ်ရမည်ဖြစ်သည်။

အမေရိကန် ဒေါ်လာဈေးနှုန်းကို ဗဟိုဘဏ်က ၁၈၅၀ ကျပ် သတ်မှတ်ထားသော်လည်း အပြင်ဈေးကွက်တွင် ၂၂၀၀ ကျပ်နီးပါး ဈေးနှုန်း ပေါက်နေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မော်တော်ကားအစိတ်အပိုင်း တင်သွင်းရခက်ခဲမှုကြောင့် ဆူဇူကီး SKD ကားစက်ရုံ ယာယီရပ်နား

By CNI
CNI
Category: Watch TV
Hits: 589

Share
Tweet
Share
Share
powered by social2s
၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြား

၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကို တပ်မတော်က နိုင်ငံတော်ကိုလှူဒါန်းဟု နစက ထုတ်ပြန်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2141

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကို တပ်မတော်က နိုင်ငံတော်သို့ လှူဒါန်းလိုက်ကြောင်း နစက-က ယနေ့ (ဇူလိုင် ၇ ရက်) သတင်း ထုတ်ပြန်သွားသည်။

နစကဥက္ကဋ္ဌက နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘ ဘိုးဘွားများ လက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ပါကြောင်း၊ ထိုပတ္တမြားကို တာဝန်ရှိသူများဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းရခြင်း ဖြစ်ပါကြောင်း ပြောသည်။

အလားတူပင် ၁၉၉၀ ပြည့်နှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူ ဒါန်းခဲ့ကြောင်း၊ ယခု လှူဒါန်းသည့် ပတ္တမြားသည် ၂၇၈၉ ဒသမ ၂၅ ကာရက် ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားကြောင်း၊ ယခု ပတ္တမြားကို နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်မည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အဆိုပါ ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာ ကင်းစင်ကာ မြန်မာနိုင်ငံ၊ မိုးကုတ် ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသော ပတ္တမြားဖြစ်ကြောင်း၊ ထို့ကြောင့် လှူဒါန်းသည့် လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နစက-က ပြောသည်။

တပ်မတော်မှတဆင့် နိုင်ငံသို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ် သည်းဆ ၃ ဒသမ ၉၉ ရှိကြောင်း၊ အရောင်မှာ ခရမ်းရောင် အနည်းငယ်သန်းသည့် အနီရောင်(Red With Purplish tint) ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးလေ့လားသုံးသပ်သူများနှင့် စီးပွားရေးပညာရှင်များကတော့ တပ်မတော်မှ နိုင်ငံတော်သို့ လှူဒါန်းသည်ဆိုသည့် တိုင် နိုင်ငံတော် အစိုးရဟုဆိုသူသည် တပ်မတော်က ခေါင်းဆောင်များဖြစ်နေခြင်းကြောင့် မည်သည့် နေရာသို့ ရောက်ရှိ ကာ ထိန်းသိမ်းမည်ကိုတော့ မေးခွန်း ထုတ်စရာဖြစ်နေကြောင်း ပြောသည်။

 

Share
Tweet
Share
Share
powered by social2s
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39

Page 35 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar