CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
စီးပွားရေးကျဆင်းမှုနဲ့ သီရိလင်္ကာ ပြည်သူများ (AP)

အကျပ်အတည်းကူညီရန် သီရိလင်္ကာသို့ အမေရိကန် အဆင့်မြင့်အရာရှိများ ရောက်ရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 1227

CNI International News

ကိုလံဘို၊ ဇွန်လ ၂၇

မကြုံစဖူး စီးပွားရေး အကျပ်အတည်းနှင့် မရှိမဖြစ် လိုအပ်သော ကုန်စည်များ ပြတ်တောက်နေသည့် ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သော သီရိလင်္ကာသို့ ဘဏ္ဍာရေး ဖြေရှင်းနိုင်မည့် နည်းလမ်းများ ကူညီရှာဖွေပေးရန် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိများ ရောက်ရှိလာကြကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုရက်ပိုင်းအတွင်း လောင်စာဆီ တင်ပို့နိုင်မှု နှောင့်နှေးနေကြောင်းလည်း သီရိလင်္ကာ စွမ်းအင်ဝန်ကြီးက ထုတ်ဖော် ကြေညာခဲ့ပြီး ဖြစ်သည်။

တောင်အာရှဒေသရှိ အဆိုပါနိုင်ငံသို့ အမေရိကန်က ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်အတွင်း ဒေါ်လာသန်းနှင့်ချီ၍ အကူအညီ များ ပေးခဲ့သည့်နည်းတူ ၎င်း၏ ဘဏ္ဍာရေး အသက်ဆက်နိုင်ရန်အတွက် အိမ်နီးချင်း အိန္ဒိယကလည်း ဒေါ်လာ ၄ ဘီလီယံ အထိ ထုတ်ချေးပေးခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘဏ်ကလည်း ဒေါ်လာ သန်း ၃၀၀ မှ သန်း ၆၀၀ အထိ ချေးငွေများကို သီရိလင်္ကာသို့ ပေးအပ်ခဲ့သည်။

ပြည်တွင်း ငွေလဲလှယ်နှုန်း၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် ကြွေးမြီပြဿနာများ တာရှည်လာပြီဖြစ်၍ တိုင်းပြည်စီးပွားရေး လုံးဝပြိုလဲပြီဟု ပြီးခဲ့သည့် သီတင်းပတ်၌ ဝန်ကြီးချုပ် ရာနေးဝီကရီမီဆင်က ကြေညာခဲ့သည်။

သီရိလင်္ကာ ဝန်ကြီးချုပ် ရာနေးဝီကရီမီဆင် (GETTY IMAGES)

သီရိလင်္ကာသို့ ယခုရောက်ရှိလာကြ‌သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို အာရှရေးရာဘဏ္ဍာရေး လက်ထောက် အတွင်း ဝန် ရောဘတ်ကာပရို့သ် (Robert Kaproth) နှင့် တောင်အာရှ၊ အလယ်အာရှ လက်ထောက်အတွင်းဝန် ကယ်လ်ကိုင်ဒါလင်း (Kelly Keiderling) တို့ ဦးဆောင်ခဲ့ကြသည်။

၎င်းတို့၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း သီရိလင်္ကာမှ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး အမေရိကန်ဘက်မှ ကူညီနိုင်မည့် အထိရောက်ဆုံး နည်းလမ်းများကို လေ့လာ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေး အစီအစဉ်များ ဖြစ်ပေါ်လာ စေလိုကြောင်း အမေရိကန်သံရုံး၏ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

“အခု ခရီးစဉ်ဟာ သီရိလင်္ကာပြည်သူတွေ လုံခြုံရေးနဲ့သာယာဝပြောရေးကို ကျမတို့ရဲ့ ကတိကဝတ် အတိုင်း ဆက်လက် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်” ဟု သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ် ဂျူလီယာချောင်က ပြောကြားခဲ့သည်။

“သီရိလင်္ကာပြည်သူတွေဟာ သူတို့ရဲ့သမိုင်းမှာ အကြီးမားဆုံး စီးပွားရေး စိန်ခေါ်မှုကို ရင်ဆိုင်နေတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီအရ အဖွဲ့အစည်း ပုံသဏ္ဌာန်အပေါ် အရေးပါတဲ့ အစိတ်အပိုင်းကနေ ကျမတို့ ကြိုးပမ်းပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းသို့ Border Pass ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရေး နယ်စပ်ဂိတ်များ ပြန်ဖွင့်သင့်

By CNI
CNI
Category: Watch TV
Hits: 555

Share
Tweet
Share
Share
powered by social2s
တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်

ထိုင်းသို့ Border Pass ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရေး နယ်စပ်ဂိတ်များ ပြန်ဖွင့်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1601

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

ထိုင်းအစိုးရမှ နယ်စပ်ဒေသတွင် Border Pass(နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်)ဖြင့် မြန်မာအလုပ်သမားများ ခေါ်ယူရန် ခွင့်ပြုသော်လည်း နှစ်နိုင်ငံနယ်စပ်ဂိတ်များ မဖွင့်သေးသရွေ့ မြန်မာအလုပ်သမားများ လာရောက် အလုပ်လုပ်ကိုင်၍ မရ ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးသင့်ကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပါက နယ်စပ်များတွင် Border Pass ဖြင့် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “ဒီလက်မှတ်ကို ဖွင့်မယ်လို့သာ ထိုင်းက ကြေညာပေမယ့် နယ်စပ်ဂိတ်တွေကို ဖွင့်နိုင်အောင်လည်း သူက လုပ် ရမယ်။ ဘာကြောင့်လဲဆိုတော့ တံတားကြီး ပိတ်ထားပြီးတော့မှ လူအသွားအလာ မရှိဘဲနဲ့ Border Pass က ဒီနယ်စပ်ကနေ ထုတ်ပေးလို့ မရဘူးလေ။ လူအသွားအလာ ရှိမှ Border Pass ရဲ့ ဥပဒေအရ ထုတ်ပေးလို့ရမှာ ဖြစ်တယ် လူအသစ်တွေကို။ ကျနော် ထင်ပါတယ်။ ထိုင်းက ဘယ်လောက်ပဲ အဆင်သင့်ဖြစ်ဖြစ် မြန်မာဘက်က တံတားတွေဖွင့်ဖို့၊ နယ်စပ်တွေဖွင့်ဖို့၊ လူကူးသန်း သွားလာဖို့အတွက် ခွင့်ပြုချက် မရမချင်းကတော့ ဒီ Border Pass ကလည်း အကျုံးဝင်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် နှစ်နိုင်ငံလူကြီးတွေ၊ သက်ဆိုင်ရာတွေက စကားပြောလို့ အဆင်ပြေတယ် ဆိုလို့ရှိရင်တော့ နယ်စပ်ဂိတ်တွေ ဖွင့် လိုက်ပြီး လူကူးသန်း သွားလာလို့ ရပြီဆိုရင်တော့ Border Pass ကလည်း အကျုံးဝင်မယ်။ နောက် ဒီနယ်စပ်မှာ အလုပ်လုပ် မယ့် မြန်မာပြည်သူတွေအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပိုမိုပြီးတော့မှ အဆင်ပြေမယ်။ ဒါဟာ လွယ် လွယ် ကူကူ ဒီ worker တုံးလေး ထုပြီးတော့ Border Pass စာအုပ်ထဲမှာ သွေးစစ် ဒီဘက်မှာ Work permit လေးလုပ်ပြီး တော့မှ အလုပ်လုပ်ခွင့် ရမှာပေါ့” ဟု ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား ထိုင်းအစိုးရမှ ပြန်လည် ဖွင့်လှစ်ချင်သော်လည်း မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးကြရာတွင် အဆင်မပြေဖြစ်ကာ နယ်စပ်ဂိတ် အချို့အား ယနေ့အထိ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။

တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ် ဖြတ်သန်းခွင့်ထုတ်ပေးသော နေရာ

ထိုင်းနိုင်ငံသို့ Border Pass ဖြင့် သွားရောက် လုပ်ကိုင်လိုသည့် မြန်မာ အလုပ်သမားအသစ်မှာ ၅၀၀၀၀(ငါးသောင်း)နီးပါးခန့် ရှိကြောင်း၊ ကိုဗစ်ကြောင့် ထိုင်းနိုင်ငံ နယ်စပ်တွင် ပိတ်မိနေခဲ့သည့် Border Pass မြန်မာအလုပ်သမားများမှာ ၁၀၀၀၀၀ (တစ်သိန်း) ကျော်ရှိကြောင်း သိရသည်။

Border Pass ဖြင့် လာရောက် လုပ်ကိုင်မည့် သူများသည် တစ်ဦးလျှင် Work permit သုံးလ (ရက် ၉၀) ရရှိပြီး တစ်လ တစ်ကြိမ် ဆေးစစ်ရကြောင်း၊ သုံးလ ပြည့်သွားပါက မိမိနေရပ်သို့ တစ်ပတ်ခန့် အပြန် ပြရကြောင်း၊ ထိုသို့ အပြန်ပြပြီးနောက် ထပ်မံပြန်ဝင်၍ရကြောင်း သိရသည်။

Border Pass ဖြင့် အလုပ်လုပ်ကိုင်ရာတွင် အလုပ်သမား အခွင့်အရေး အပြည့်အဝ မရှိခြင်း၊ ချိုးဖောက်ခံရခြင်း၊ ခေါင်းပုံဖြတ် ခြင်း စသည်တို့ ကြုံတွေ့ရနိုင်ကြောင်း ထိုင်းတွင် အလုပ်သမားအ‌ရေး ဆောင်ရွက်နေသည့် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်‌အောင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုနိုင်အောင်အောင်က “အလုပ်သမား အခွင့်အရေးကတော့ ထိုင်းနိုင်ငံ ဥပဒေမှာကျတော့ ပြောပြီးသားပဲလေ။ ထိုင်းနိုင်ငံမြေ ကို လာနင်းလိုက်တာနဲ့ ဘယ်လုပ်ငန်းရှင်မဆို အလုပ်သမားတစ်ယောက်ကို အလုပ်ခိုင်းတဲ့ အခါကျတော့ ထိုင်းနိုင်ငံ အခြေခံ ဥပဒေ လုပ်ခလစာကို ပေးကိုပေးရမယ်။ သို့သော်လည်း တချို့သော လုပ်ငန်းရှင်တွေက အထောက်အထားတွေကို ကြည့်ပြီးမှ လုပ်ခလစာတွေ အပြည့်အဝ မပေးတာတို့၊ အထောက်အထားတွေ ကြည့်ပြီးတော့မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ တို့ ဒါတွေလည်း တွေ့ရတာပေါ့။ ဒါတွေက ဥပဒေအတိုင်း ပေးစရာမလိုဘူး ဘာညာလုပ်ပြီးတော့ လာဘ်စားတာတို့၊ ချိုး ဖောက်တာတို့ ရှိတယ်” ဟု ပြောသည်။

Border Pass ဖြင့် သွားရောက် အလုပ်လုပ်ကိုင် မည်ဆိုပါက အဆိုပါ နိုင်ငံက သတ်မှတ်ထားသည့် နယ်မြေများမှလွဲ၍ အခြား နယ်မြေများသို့ ကျော်လွန်ပြီး အလုပ်လုပ်ခွင့် မရှိကြောင်း သိရသည်။

ကိုသားကြီးက“နှစ်နိုင်ငံ နယ်စည်းခြားထားတဲ့ နေရာကနေ ကီလို ဘယ်လောက်ပေါ့။ ဥပမာ မိုင် ဘယ်လောက်ဆိုပြီး သတ် မှတ် ထားတယ်။ ဘယ်ခရိုင် ဘယ်မြို့နယ်အထိပဲ ဆိုတာကို သတ်မှတ်ထားတယ်။ အဲဒါကို ကျော်လွန်ပြီးတော့ သွားမယ် ဆိုရင်တော့ လုပ်လို့မရဘူး။ ပြောချင်တာက မြဝတီ-မဲဆောက် နယ်စပ်မှာ အလုပ်လုပ်မယ့် မြန်မာပြည်သူတွေဟာ မဲဆောက် တံတား မဖွင့်သေးဘူး။ လူကူးသန်း သွားလာလို့ မရသေးဘူးဆိုရင်လည်း ဒီမှာ အလုပ်လုပ်ဖို့အတွက် အခြားနယ်စပ်ကနေ Border Pass နဲ့ဝင်လို့ မရဘူးဆိုတဲ့ အကြောင်းကိုလည်း ပြောချင်တယ်”ဟု ပြောသည်။

လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များထဲကမှ ကော့သောင်း-ရနောင်း ဂိတ်ကိုသာ လူအဝင်/အထွက် ပြုလုပ်ခွင့် ပြုထားပြီး ကျန်ဂိတ်များမှာ ပိတ်ထားခြင်းနှင့် ကုန်သွယ်ခြင်းတို့သာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုရီးယားသို့ E9 visa ဖြင့် သွားရောက်လုပ်ကိုင်သူများ လုပ်ငန်းခွင် ပြောင်းခွင့်မရသည့် အခက်အခဲရှိ

By CNI
CNI
Category: Watch TV
Hits: 610

Share
Tweet
Share
Share
powered by social2s

မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းဆီးရရှိမှု နှစ်စဉ် လျော့ကျနေ

By CNI
CNI
Category: Watch TV
Hits: 611

Share
Tweet
Share
Share
powered by social2s

စီးပွားရေး အကျပ်အတည်းကူညီရန် သီရိလင်္ကာသို့ အိန္ဒိယက သွားရောက်ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 614

Share
Tweet
Share
Share
powered by social2s
ကိုရီးယားသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် တွေ့ရစဉ်

ကိုရီးယားသို့ E9 visa ဖြင့် သွားရောက်လုပ်ကိုင်သူများ လုပ်ငန်းခွင် ပြောင်းခွင့်မရသည့် အခက်အခဲရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 1884

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ကိုရီးယားသို့ E9 (လုပ်သားငှားရမ်းမှုစနစ်) visa ဖြင့် လာရောက်လုပ်ကိုင်သူများသည် လုပ်ငန်းခွင် ပြောင်းခွင့် မရ သည့် အခက်အခဲတို့ကြုံတွေ့နေရကြောင်း တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက် နေသူများထံက သိရသည်။

ထိုသူများသည် EPS-Topik စာမေးပွဲဖြေဆိုပြီး အောင်မြင်သည့်သူများသာ သွားရောက်ရခြင်းဖြစ်ကြောင်း ဘူဆန် မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။

“လုပ်ငန်းခွင်ပေါ့။ အလုပ်ကို လွတ်လွတ်လပ်လပ် ပြောင်းရွှေ့လို့မရတဲ့ ပြဿနာတစ်ခုတော့ ရှိပါတယ်။ E9 နဲ့ ကိုရီးယားကိုလာမယ်ဆို စာမေးပွဲဖြေရမယ်။ စာချုပ်ကိုလည်းပဲ မိမိတို့က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လာချင်တဲ့စိတ်နဲ့ ချုပ်လာခဲ့ကြရတယ်။ ဘယ်လိုလုပ်ငန်းခွင်မှာ ဘယ်လိုအလုပ်မျိုး လုပ်ရမယ်ဆိုတာကို ကြိုတင် ပြီးတော့ တိတိကျကျမသိတဲ့ ပြဿနာ အခက်အခဲတွေတော့ ရှိတယ်။ ဒီကိုရောက်လာတဲ့အခါမှာ မိမိတို့ကျွမ်းကျင် တဲ့ အလုပ်မျိုး၊ စိတ်ဝင်စားတဲ့အလုပ်မျိုး၊ လုပ်နိုင်တဲ့အလုပ်မျိုး မဟုတ်ဘဲနဲ့ လွဲနေတာမျိုးတွေပေါ့နော်။ အဲဒီလိုမျိုး တွေ ဖြစ်တဲ့အခါမှာ နောက်အလုပ်တစ်ခုကို သူတို့က ပြောင်းချင်ကြတဲ့ပြဿနာတွေရှိတယ်။ ဒါပေမယ့် စာချုပ် အရတော့ စာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက် ပြောင်းရွှေ့ခွင့်တော့မရှိဘူး။ အဲဒီလိုပြဿနာမျိုးတွေရှိတယ်။ နောက်ကိုရီးယားလူမျိုးတွေ မလုပ်ချင်သောအလုပ်တွေပေါ့။ ကျနော်တို့ကတော့ 3 D လို့ခေါ်တာပေါ့။ အင်္ဂလိပ်လို တော့ dirty, dangerous, difficult ပေါ့။ ခက်တဲ့အလုပ်တွေ၊ ပင်ပန်းတဲ့အလုပ်တွေ၊ အန္တရာယ်ရှိတဲ့အလုပ်တွေမှာ နိုင်ငံခြားသားအလုပ်သမားတွေကို ခိုင်းကြတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ထို E9 visa သည် အလုပ်လုပ်ခွင့် work permit စနစ်မဟုတ်ဘဲ လုပ်သားငှားရမ်းမှုစနစ်ဖြစ်ကာ အလုပ်လုပ်ခွင့် visa ၃ နှစ်ပေးကြောင်း၊ ၃ နှစ်ပြည့်ခါနီးတွင် အလုပ်ရှင်မှ သဘောတူ၊ နှစ်သက်သည်ဆိုပါက ၁ နှစ် နှင့် ၁၀ လ ထပ်မံသက်တမ်းတိုးပေးကြောင်း သိရသည်။

ထို ၃ နှစ်အတွင်းတွင် အဆိုပါအလုပ်သမားသည် လုပ်ငန်းခွင် ပြောင်းရွှေ့ခွင့်မရှိကြောင်း၊ သို့သော် ၎င်း အလုပ်သမား လုပ်ကိုင်နေသည့် ကုမ္ပဏီတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်း၊ ကုမ္ပဏီဖျက်သိမ်း လိုက်ခြင်း၊ ဒေဝါလီခံလိုက်ခြင်း၊ လစာမပေးနိုင်ခြင်း စသည့် အချက်အလက်များ ခိုင်မာပါက ၃ နှစ်အတွင်း အလုပ်ပြောင်းရွှေ့ ခွင့်ရှိကြောင်း သိရသည်။

 ကိုရီးယားသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် တွေ့ရစဉ်

တာဝန်ခံ ကိုခန့်နေကြည်က “နောက် အလုပ်ရှင်က မကြိုက်တော့လို့ အလုပ်ထုတ်တယ်ဆိုရင်လည်းပဲ ပြောင်းလို့ ရတယ်။ ပြောင်းရွှေ့ခွင့်ရှိတယ်။ ဒီလိုမျိုးပြောင်းရွှေ့ခွင့်ရှိတဲ့ အချက်လေးတွေက နည်းနည်း ပေးတော့ပေးထားပေမယ့် ကျနော်တို့ကတော့ ဆိုလိုတာကတော့ ပြယုဂ်ပုံစံမျိုးလို ဖြစ်တယ်ပေါ့။ ဒါက အလုပ်သမားတွေ တကယ် အရမ်းအခက်အခဲရှိလာရင် ပြောင်းလို့ရတာမဟုတ်ဘဲနဲ့ အလုပ်ရှင်ရဲ့ သဘောထားအပေါ်မှာပဲ အများကြီး မူတည် သွားသလို ဖြစ်နေတဲ့အတွက် အလုပ်သမားတွေသည် ပြောင်းချင်တိုင်းပြောင်းလို့မရဘူး” ဟု ပြောသည်။

ကိုဗစ်ကြောင့် နိုင်ငံခြားသားလုပ်သားများ ခေါ်ယူခြင်းအား ၂ နှစ်နီးပါး ပိတ်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ပြန်လည်လက်ခံနေခြင်းဖြစ်သည်။

ထို့အပြင် ယခုနှစ်တွင် EPS-Topik စားမေးပွဲကျင်းပပြုလုပ်ရန် ရှိ ကြောင်း၊ စာမေးပွဲလျှောက်လွှာအား အွန်လိုင်းစနစ်ဖြင့် လက်ခံမည်ဖြစ်ကာ မကြာခင်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) မှ ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဦးမင်းမောင်(ကိုရီးယားဘာသာအထူးသင်တန်း)က “ဒီက အခက်အခဲကတော့ ကိုရီးယားက ပြန်ခေါ်တာလည်း မကြာသေးဘူးလေ။ လေယာဉ်ကလည်း တစ်ပတ်မှ တစ်ခေါက်ပဲဆွဲနေတာလေ။ စောင့်နေရတဲ့သူတွေကတော့ အများကြီးရှိတာပေါ့။ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ လေယာဉ်လိုင်းတွေ ရပ်နားလိုက်ရတော့ ၂ နှစ်လောက်ကတော့ မသွားလိုက်ရဘူးပေါ့။ အလုပ်သမားတွေ စောင့်နေရတာပေါ့။ အခု ဒီနှစ်မှပြန်ခေါ်တာဆိုတော့ စောင့်နေတဲ့ အလုပ်သမားတွေက အများကြီးရှိတာပေါ့ ”ဟု ပြောသည်။

စာမေးပွဲဖြေဆိုအောင်မြင်ထားသည့် မြန်မာလုပ်သားများအား တစ်ပတ်လျှင် လူအယောက် ၁၀၀ ဝန်းကျင်ခန့်ကို ဇွန်လမှစတင်ကာ ကိုရီးယားနိုင်ငံသို့ ပြန်လည်စေလွှတ်လျက်ရှိသည်။

ထို့အပြင် MOU လက်မှတ်ရေးထိုးထားသည့် နိုင်ငံများမှ ကိုဗစ်မတိုင်ခင်က စာမေးပွဲ ဖြေဆိုအောင်မြင်ထားပြီး သူများအားလည်း ဩဂုတ်လအတွင်း ၎င်းတို့ထံ ပြန်ဝင်နိုင်ရန် ကိုရီးယားအစိုးရမှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ငါးဖမ်း စက်လှေပေါ်မှာ ကလေးငယ်တစ်ဦး ငါးများ ကောက်နေစဉ် (GETTY IMAGES)

မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းဆီးရရှိမှု နှစ်စဉ် လျော့ကျနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1365

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းဆီးရရှိမှုသည် မိုင်းခွဲပြီး ဖမ်းဆီးမှုနှင့် တရားမဝင်ဖမ်းဆီးမှုများကြောင့် နှစ်စဉ် လျော့ကျနေ သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မိုင်းခွဲ၍ ငါးဖမ်းဆီးမှုများကြောင့်နှင့် ငါးဖမ်းပိုက်စိပ်စိပ်များဖြင့် ဖမ်းဆီးမှုများကြောင့် မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတ ဆုံးရှုံးမှုနှင့် ဂေဟစနစ် ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်တိုးနန္ဒာတင်က “တရားမဝင် ဖမ်းဆီးတဲ့ ဟာတွေကတော့ ပိုက်ကွက် သေးပြီးတော့မှ ခြင်တောင်မှ ဝင်လို့မရတဲ့ ပိုက်ကွက် မျိုးပေါ့နော်။ အဲလိုမျိုး တရားမဝင် ဖမ်းတဲ့ ဟာမျိုးလေးတွေကြောင့်လည်း ဒါတွေကို တားဆီးရမှာကတော့ အမှန်ပဲပေါ့။ ဟိုး အရင်တုန်းက မိုင်းခွဲတယ်ဆိုတာလည်း ထိုင်းဘက်က လာတဲ့ နည်းပညာတွေပေါ့။ မြန်မာက ဆိုလို့ရှိရင် ငါးဖမ်းနည်း အကုန် လုံးကို ထိုင်းကနေပဲ သင်တဲ့သဘောမျိုး ရှိတာပေါ့။ ထိုင်းဘက်က မိုင်းခွဲတဲ့ဟာလည်း ပါလာတဲ့ အခါကျတော့ အရင်တုန်းက တော့ ရှိတယ်ပေါ့နော်။ အခုနောက်ပိုင်းတော့ သိပ်တော့ မကြားဘူးပေါ့လေ။ မိုင်းခွဲရင်တော့ အကုန်လုံး ဂေဟစနစ် ပျက်သွား တာပေါ့။ ဂေဟစနစ် ပျက်တဲ့အတွက်ကြောင့် ဒါတွေက တားဖို့ လိုတာပေါ့။ ခွဲတဲ့နေရာမှ ဥပမာ သန္တာကျောက်တန်း ရှိရင် လည်း သန္တာကျောက်တန်း ပျက်မှာပဲလေ” ဟု ပြောသည်။

မြန်မာ့ ရေပိုက်နက်အတွင်း ငါးသယံဇာတတည်ရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ နော်ဝေသုတေသန ရလဒ်များအရ မြန်မာ့ ပင်လယ် ပြင်တွင် ပင်လယ် ငါးထုတ်လုပ်မှု အပါအဝင် ရေချိုငါး ထုတ်လုပ်မှုများနှင့် ငါးဖမ်းဆီးရရှိမှုများ တစ်နှစ်ထက် တစ်နှစ် သိသိသာသာ လျော့နည်းလာကြောင်း ဖော်ပြထားသည်။

ငါးဖမ်း သမားတစ်ဦး (ဖရွန်းတီးယားမြန်မာ)

၂၀၁၈ ခုနှစ်တွင် ငါးပမာဏသည် လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွား ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထို့ကြောင့် ငါးလျော့ကျနေမှုကို ကာကွယ်ရန်အတွက် ငါးမဖမ်းရ ရာသီကို (၃)လ သတ်မှတ်ပြီး တားမြစ်ထားသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

၎င်းက “ငါးမဖမ်းရ ရာသီလို့ လုပ်ထားတာလေ။ လျော့ကျတဲ့ အတွက်ကြောင့် ငါးမဖမ်းရ ရာသီဆိုတဲ့ ဟာမျိုးကို ကျမတို့ ငါးလုပ်ငန်း ဦးစီးဌာနကနေပြီးတော့ တရားဝင် ထုတ်ပြန်ပြီးတော့ လုပ်ရတာပေါ့။ အဲဒါ ၃၀ ရာခိုင်နှုန်းလောက်ကို သူတို့ ဖွင့်ပေးလိုက်ပါတယ်။ အဲဒါ သူတို့ရဲ့ အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရတယ်ဆိုပြီးတော့ သူတို့ ဝန်ကြီးဌာနကိုလည်း တင်ပြတယ်ပေါ့နော်။ အကုန်လုံးကို တင်ပြတဲ့အခါမှာ တစ်လကို လျှော့ပေးလိုက်တယ်။ လျှော့ပေးလိုက်တာကလည်း အကုန်လုံး လျှော့ပေးလိုက်တာ မဟုတ်ဘူးပေါ့။ ၃၀ ရာခိုင်နှုန်းပဲ ဖွင့်ပေးလိုက်တဲ့ သဘောပါပဲ။ မေလ၊ ဇွန်လ၊ ဇူလိုင် ကျမတို့ ပိတ်တယ်မလား ဇူလိုင်မှာ ၃၀ ရာခိုင်နှုန်း ထွက်နိုင်တယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုင်းခွဲပြီး တရားမဝင် ငါးဖမ်းဆီးမှုကို တနင်္သာရီကမ်းရိုးတမ်းတွင်သာ အများဆုံး တွေ့ရှိရပြီး တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကမ်းရိုးတမ်းများတွင် အသုံးပြုမှု မရှိကြောင်း ငါးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ထို့အပြင် ငါးဖမ်းရရှိမှု လျော့နည်းနေခြင်း၊ ကုန်ကျစရိတ်များ မြင့်တက်နေခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်မားနေမှုခြင်း တို့ကြောင့် လက်ရှိတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ လျော့ကျလာလျက် ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တိုင်းပြည်စီးပွားရေး ပြိုလဲပြီဟု သီရိလင်္ကာဝန်ကြီးချုပ်ပြော

By CNI
CNI
Category: Watch TV
Hits: 633

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးအပြောင်းအလဲ နောက်ပိုင်း ဆံပင်ဖြတ်ရောင်းသူ ပိုများလာ

By CNI
CNI
Category: Watch TV
Hits: 563

Share
Tweet
Share
Share
powered by social2s
စီးပွားရေး ပြိုလဲနေတဲ့ သီရိလင်္ကာ (AP)

စီးပွားရေး အကျပ်အတည်းကူညီရန် သီရိလင်္ကာသို့ အိန္ဒိယက သွားရောက်ဆွေးနွေး

By CNI
CNI
Category: စီးပွားရေး
Hits: 1776

CNI International News

ကိုလံဘို၊ ဇွန်လ ၂၄

သီရိလင်္ကာဝန်ကြီးချုပ်က နိုင်ငံ၏ စီးပွားရေး ပြိုလဲပြီဖြစ်ကြောင်း ကြေညာပြီး နောက်တစ်ရက် အကြာတွင် အိန္ဒိယအစိုးရ အဆင့်မြင့် အရာရှိများ ဇွန်လ ၂၃ ရက်၌ ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ပြီး စီးပွားရေး အကူအညီပေးရန်အတွက် ဆွေးနွေးမှုများ စတင်ခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

သီရိလင်္ကာနိုင်ငံသားများသည် နိုင်ငံခြားငွေ ကျဆင်းလာခြင်းနှင့် ကြွေးမြီ မဆပ်နိုင်တော့ခြင်းတို့ကြောင့် စားသောက်ကုန်၊ လောင်စာဆီနှင့် အခြား မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှုဒဏ်ကို ခါးစည်းခံနေရသည်မှာ လပေါင်းအတန်ကြာ ခဲ့ပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် အစိုးရစီးပွားရေး အကြံပေးပုဂ္ဂိုလ်တို့သည် သီရိလင်္ကာသမ္မတ ဂိုတာဘာ ယာရာဂျာပက်ဆာ နှင့် ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်တို့ကို တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် အခြားသော သီရိလင်္ကာအဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးညှိနှိုင်းကြရန် စီစဉ်ထားကြောင်း အေပီက ဆက်လက် ရေးသားထားသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စီးပွားရေး ချိတ်ဆက်လုပ်ကိုင်ရေး အား ကောင်းစေ ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး အမြန်ဆုံး နာလန်ထူနိုင်စေရန် အကူအညီပေးရန် အသင့်ရှိကြကြောင်း အိန္ဒိယ ပြည်ပ ရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီ (Arindam Bagchi) က ပြောကြားခဲ့သည်။

သီရိလင်္ကာဝန်ကြီးချုပ်နဲ့ အိန္ဒိယအစိုးရ အဆင့်မြင့် အရာရှိများ (GETTY IMAGES)

ယခု အိန္ဒိယကိုယ်စားလှယ်များ၏ ခရီးစဉ်နှင့်ပတ်သက်၍ သီရိလင်္ကာဘက်မှ လတ်တလော သဘောထား မှတ်ချက်ပေးခြင်း မရှိသေးပေ။
ဇွန်လ ၂၂ ရက်က လွှတ်တော်သို့ ပြောကြားခဲ့သည့် ဝန်ကြီးချုပ် ဝစ်ကရီမီဆင်၏ မှတ်ချက်များသည် ကြာမြင့်စွာ ဆိုးရွားနေ သော တိုင်းပြည် စီးပွားရေး အခြေအနေအပေါ် ဝေဖန်များကို ချေပလိုပုံရသည်။

စီးပွားရေးပညာရှင်များနှင့် အခြား သီရိလင်္ကာနိုင်ငံသားများကတော့ အစိုးရအနေဖြင့် စီးပွားရေး ပြန်လည် နာလန်ထူစေဖို့ နည်းလမ်းများ ရှာဖွေတွေ့ရှိမည်ဟု အားခဲထားကြသည်။

“ဝန်ကြီးချုပ် လုပ်သင့်တဲ့ကိစ္စက ကြေညာချက် ထုတ်ဖို့ပါပဲ။ သူ့တာဝန်က အခုစီးပွားရေးစနစ်ကို ပြန်အသက်သွင်းနိုင်မယ့် အစီအစဉ် ရေးဆွဲရမှာပါ” ဟု သီရိလင်္ကာဗဟိုဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်ပြီး စီးပွားရေးပညာရှင်ဖြစ်သူ ဒဗလျူအေဝီဂျီဝါဒီနာက ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေတွင် သာမန် သီရိလင်္ကာနိုင်ငံသားများသည် စိတ်ပျက်အားငယ်နေကြပြီး အစားအသောက် ဝဝလင်လင် မရှိခြင်း၊ မလိုအပ်ဘဲ ပြင်ပသွားလာ၍ မရခြင်းနှင့် ၎င်းတို့၏ နေ့စဉ်ဘဝ ထိန်းချုပ်ခံရခြင်းထက် ကျော်လွန်သွားပြီ ဖြစ်သဖြင့် ဘဝအဓိပ္ပါယ် ပျောက်ဆုံးနေကြသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆံပင်အဝယ်ဒိုင် တစ်ခုကိုတွေ့ရစဉ် (GETTY IMAGES)

နိုင်ငံရေးအပြောင်းအလဲ နောက်ပိုင်း ဆံပင်ဖြတ်ရောင်းသူ ပိုများလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1814

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေး ကြပ်တည်းလာကာ စားဝတ်နေရေး ဖြေရှင်းနိုင်ရန်အတွက် ဆံပင် ဖြတ်၍ ရောင်းချသူများသည် ပုံမှန် အခြေအနေများထက် ထက်ဝက်ခန့် များပြားလာကြောင်း ဆံပင်ရောင်းဝယ်သူများနှင့် အဝယ်ဒိုင်များထံမှ သိရသည်။

ထို့နောက် ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းကို ရန်ကုန်မြို့နှင့် တခြားသော တိုင်းဒေသကြီးများပင် ယခင်ကထက် လုပ်ကိုင်လာ သူ များပြားကြောင်း ရန်ကုန်မြို့ရှိ ပြည့်စုံဆံပင်ရောင်းဝယ်ရေးမှ ဆိုင်ပိုင်ရှင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုက လုပ်လာတာ ၃ ချိုး ၁ ချိုးလောက် များလာတယ်။ နောက် အခုနောက်ပိုင်းက နည်းနည်း ဆံပင် အဝယ်ဒိုင် ဆို ပြီးတော့ ဆိုင်းဘုတ် ရေးတာကျတော့ အမှန်ကတော့ ဝယ်ရောင်းပစ္စည်းပါပဲ။ အဝယ်ဒိုင်လို့ ရေးထားတာကလည်း လူရှိန်တာ ပေါ့နော်။ အဝယ်ဒိုင်ဆိုတာက ဘယ်က ဆံပင်ပဲလာလာ၊ ပမာဏ ဘယ်လောက်ပဲ များများ၊ ကုန်အောင် သုံးနိုင်တာမျိုးမှ အဝယ်ဒိုင်လို့ခေါ်တာ အခုနောက်ပိုင်း ရောင်းတဲ့သူတွေကလည်း ဒိုင်ဆိုတော့ နည်းနည်း အထင်ကြီးကြတာပေါ့။ ဈေးကတော့ တူတူပါပဲ” ဟု ပြောသည်။

ဆံပင်ရောင်းဝယ်ရေး လုပ်ငန်းသည် ယခင်ကတည်းက ရှိခဲ့သော်လည်း လက်ရှိတွင် စီးပွားရေး ကျပ်တည်းမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများကြောင့် ပိုမို လုပ်ကိုင်လာကြောင်း၊ အဝယ်ဒိုင်များဖွင့်လှစ်၍ ရောင်းဝယ်မှု ပြုလုပ်လာကြကြောင်း၊ ထိုဆံပင်များကို တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း ပုသိမ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးနေဝင်းစိုးက ပြောသည်။

 ဆံပင် အဝယ်ဒိုင် တစ်ခု (Reuters)

ဦးနေဝင်းစိုးက “ကျနော်တို့ ပုသိမ်တစ်မြို့တည်းမှာတင် ဒိုင်ကြီးဖွင့်ပြီးတော့ ဝယ်နေတာ ၃ ခုလောက် ရှိတယ်။ ဆံပင် အရောင်းအဝယ် တော်တော်ဖြစ်ကြတယ်။ ဒါကတော့ အခုမှရယ် မဟုတ်ဘူးဗျ။ အရင်နှစ်တွေ ကတည်းက ရှိတယ်။ ဆံပင် ရောင်းဝယ်ရေး ဒိုင်ဖွင့်ပြီးတော့ ရောင်းနေတာက အဓိကက သူတို့က ဒိုင်ဖွင့်ပြီးတော့ ဝယ်တယ်။ ဝယ်ပြီးတော့ အတိုအရှည်၊ အရှည်ဆိုလည်း အရှည် ပြန်သန့်တယ်။ ရှုပ်ပွနေတဲ့ ဆံပင်ချည် ထွေးတွေကနေ အရှည်ပြန်ရအောင် လုပ်သားအင်အားနဲ့ ပြန် ခွဲတာရှိတယ်။ အတိုဆိုလည်း စုစည်းပြီးတော့ ပြန်ခွဲထုတ်တယ်။ ပြီးတော့ အဲဒါတွေ အားလုံးကို အထုပ်တွေ ထုတ်ပြီးတော့ မူဆယ်ကနေ တရုတ်ကို ပို့တာဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ဆံပင်ကို ပြန်လည်အသုံးပြုသူ နည်းပါးသည့်အတွက် ပြည်ပသို့ အဓိက တင်ပို့၍ ဈေးကွက် ရှာဖွေကြ ကြောင်း၊ ထို့နောက် ပြည်ပပို့ကုန်ပစ္စည်း ဖြစ်လာကာ ဈေးကောင်းရကြောင်း သိရသည်။

လက်ရှိတွင် ၃ ပေ အရှည်ရှိသည့် ဆံပင်ကို တစ်ပိဿာလျှင် သိန်း ၂၀ ဈေးနှုန်းရှိသည်ဟု ပြည့်စုံဆံပင်ရောင်းဝယ်ရေး၏ ဆိုင်ပိုင်ရှင်က ပြောသည်။

၎င်းက “အရင်ကထက် စာရင်တော့ အခုတော့ ဈေးက ကောင်းလာတာ များပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်ကကျတော့ မြန်မာနိုင်ငံသုံး နည်းတယ်လေ။ Export ကုန်ဆိုတော့ ဈေးကွက်ကလည်း ကောင်းတယ်။ ဒါပေမယ့် ဆံပင်အပေါ် မူတည် တယ်။ ဆံပင်ကောင်း သလောက်ကို အဲလို ဈေးပေးဝယ်ရတယ်။ ၁ ပိဿာကို သိန်း ၂၀၊ တစ်ကျပ်သားကို နှစ်သောင်း၊ ၁၀ သားကို နှစ်သိန်း အဲဒါကျတော့ ၃ ပေလောက်၊ ၃၆ လက်မလေ အဲဒါမျိုးတွေ ပေါက်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် မြန်မာနိုင်ငံမှ ဆံပင်များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ကြောင်း၊ ထိုမှတဆင့် ပြန်လည်ပြုပြင်၍ အလှအပဆိုင်ရာ ဆံပင်ကုန်ချောအနေဖြင့် အာဖရိကနိုင်ငံများသို့ ရောင်းချကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆံပင်ကို ငွေကြေးရှိသူများက ဆံပင်ဆက်ရာတွင် အသုံးပြုကြကြောင်း၊ ယခုတွင် အမျိုးသား လူငယ်များ လည်း အလှအပ တစ်ခုအနေဖြင့် အသုံးပြုလာကြကြောင်း ဆံပင်ရောင်းဝယ်သူများထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာ စီးပွားရေးကျပ်တည်းမှု (AP)

တိုင်းပြည်စီးပွားရေး ပြိုလဲပြီဟု သီရိလင်္ကာဝန်ကြီးချုပ်ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1153

CNI International News

ကိုလံဘို၊ ဇွန်လ ၂၃

လအတန်ကြာအောင် စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီးနောက် သီရိလင်္ကာနိုင်ငံ၏ ကြွေးမြီ များစွာ တင်ရှိနေသော စီးပွားရေးသည် ယခုအခါ လုံးဝ ပြိုလဲသွားပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်က ပြော သည်။

ထို့နောက် သီရိလင်္ကာနိုင်ငံသည် နိုင်ငံတကာ ငွေချေးသူများထံမှ အကူအညီ တောင်းခံနေသည့် အခြေအနေနှင့် တိုင်းပြည်၏ ဆိုးရွားသော အခြေအနေများကို ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်က လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်၌ ဇွန်လ ၂၂ ရက်တွင် ရှင်းလင်း ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင်က “တောင်အာရှဒေသရှိ မိမိတို့နိုင်ငံသည် ရှားပါးမှု တစ်ခုတည်းထက် ပိုသည့် ဆိုးရွား သော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း” လွှတ်တော်သို့ ပြောကြားခဲ့ပြီး “အောက်ဆုံးအဆင့်အထိ နိမ့်ဆင်းသွားနိုင်စရာ ရှိနေကြောင်း” သတိပေးခဲ့သည်။

“ကျနော်တို့ စီးပွားရေးဟာ လုံးဝ ပြိုလဲသွားပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

လူဦးရေ ၂၂ သန်းရှိသည့် ကျွန်းနိုင်ငံ၏ အကျပ်အတည်းသည် မကြာသေးမီအထိ အဆိုးရွားဆုံးဟု ယူဆသော်လည်း ရာနေးလ် ဝစ် ကရီမီဆင်က မည်သည့် ထူးထူးခြားခြား တိုးတက်မှုကိုမျှ လွှတ်တော်သို့ ကိုးကားပြောကြားခဲ့ခြင်း မရှိပေ။

၎င်း၏ သဘောထား မှတ်ချက်များသည် ဝေဖန်သူများနှင့် အတိုက်အခံ လွှတ်တော်အမတ်များကို “အလျင်အမြန် ကုစား၍ မရနိုင်သော ခဲယဉ်းလှသည့် ဆိုးမွေတစ်ခုကို ဆက်ခံလိုက်ရကြောင်း” အလေးပေးရည်ရွယ် ပြောကြားလို ပုံရသည်။

 သီရိလင်္ကာ ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရီမီဆင် (AP)

“သူက မျှော်လင့်ချက်ကောင်းမယ့် မှတ်ချက်မျိုး ပြောသွားတာ အင်မတန်နည်းပါတယ်” ဟု ဝါရှင်တန်အခြေစိုက် ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးရေးစင်တာမှ မူဝါဒရေးရာနှင့် စီးပွားရေးပညာရှင် အန်နစ်မာကာဂျီက သုံးသပ်ပြခဲ့သည်။

သီရိလင်္ကာသည် ကမ္ဘာ့အစည်ကားဆုံး သင်္ဘောလမ်းကြောင်းထဲတွင် အချက်အချာကျသည့် နေရာ၌ တည်ရှိသဖြင့် ထိုသို့ ဗျူဟာမြောက် အရေးပါသော နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ပြိုလဲသွားနိုင်စရာ အကြောင်းမရှိဟု အန်နစ်မာကာဂျီက ထောက် ပြခဲ့သည်။

သီရိလင်္ကာ စီးပွားရေးသည် ကြီးမားလှသော ကြွေးမြီဝန်ထုပ်ဝန်ပိုး၊ ခရီးသွားဝင်ငွေ ဆုံးရှုံးခြင်း အပါအဝင် ကူးစက်ရောဂါ၏ အခြား သက်ရောက်မှုများ အပါအဝင် ကုန်ဈေးနှုန်းများမှာ တဟုန်ထိုး တက်နေသည်။ ဓာတ်ဆီ၊ နွားနို့၊ မီးဖိုချောင်သုံး ဓာတ်ငွေ့နှင့် အိမ်သာသုံး စက္ကူအထိ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းရန် ငွေကြေးပြတ်လပ်သွားခဲ့၍ ဒေဝါလီခံခဲ့ရသည်။

လွန်ခဲ့သော တစ်လကျော်က ဝန်ကြီးချုပ် ဖြစ်လာသူ ရာနေးလ်ဝစ်ကရီမီဆင်ကို ကန့်ကွက်ရန်အတွက် အဓိက အတိုက်အခံ ပါတီနှစ်ခုမှ လွှတ်တော် ကိုယ်စားလှယ်များသည် ယခု သီတင်းပတ်အတွင်း လွှတ်တော်ထဲ သပိတ်မှောက်ခဲ့ကြသည်။

စီးပွားရေးကို လှည့်စားခဲ့သည့်အပြင် ကတိကဝတ်များ ပျက်ကွက်ခဲ့သည့် ရာနေးလ်ဝစ်ကရီမီဆင်သည် လက်ရှိ ဘဏ္ဍာရေး ဝန်ကြီး ရာထူးကိုလည်း ပူးတွဲယူထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းရောက် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

OERC ကတ် မထုတ်ခင် ထိုင်းက တရားဝင်လက်ခံအောင် NUG ကြိုးစားသင့်ဟုပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1508

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနမှ ရွှေ့ပြောင်း အလုပ်သမားများအား ပြည်ပ အလုပ်အကိုင် အသိအမှတ်ပြုကတ်(OERC) ထုတ်ပေးရန် လုပ်ဆောင်နေသော်လည်း မထုတ်ခင်မှာ ထိုင်းအစိုးရက တရားဝင် လက်ခံလာအောင် အရင်ကြိုးစားသင့်သည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသည့် ကိုသားကြီး က CNI သတင်းဌာနသို့ ပြောသည်။

NUG အနေဖြင့် OERC ကတ် ထုတ်‌ပေးမည်ဆိုပါက ထိုင်းအစိုးရသို့ တင်ပြရမည်ဖြစ်ကြောင်း၊ OERC ကတ်ကို ထိုင်းအစိုးရ လက်ခံပါ့မလား မေးစရာဖြစ်နေကြောင်း၊ ထို့ကြောင့် OERC ကတ် မထုတ် ပေးခင် ထိုင်းအစိုးရ၏ တရားဝင် အသိအမှတ်ပြု လက်ခံရန် ဦးစွာကြိုးစားသင့်ကြောင်း ၎င်းက ပြောသည်။

ကိုသားကြီးက “လက်ရှိ NUG အစိုးရအနေနဲ့ ထိုင်းမှာရှိတဲ့ ပြည်သူတွေအတွက် OERC ကတ် ထုတ်ပေးမယ်ဆိုတဲ့ သတင်း အချက်အလက်တွေက အလုပ်သမားအရေးလုပ်တဲ့ ကျနော်တို့အတွက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေမယ့် ထိုင်းအစိုးရက လက်ခံပါ့မလားပေါ့။ ထိုင်းအစိုးရ လက်ခံအောင်ရော NUG က ဘာတွေ ပြင်ဆင်ထားပြီးပြီလဲပေ့ါ။ နောက် အလုပ်သမား ဝန်ကြီးဌာန အနေနဲ့ ထိုင်းအစိုးရ လက်ခံအောင် လုပ်ပြီးမှသာလျှင် ဒီ OERC ကတ်ကို မြန်မာပြည်သူတွေ လက်ထဲ ထည့်ပေး မယ်ဆိုရင် ပိုပြီးတော့မှ ကောင်းလိမ့်မှာပေါ့။ ထိုင်းအစိုးရက ကျနော်တို့ အလုပ်သမားဝန်ကြီးဌာနကို တရားဝင် ဝန်ကြီးဌာန အဖြစ်၊ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု လက်ခံပေးအောင် အရင် ကြိုးစားရမယ်။ ပြီးမှသာလျှင် မြန်မာ ပြည်သူတွေအတွက် မိမိတို့ဝန်ကြီးဌာနက ထုတ်ပေးတဲ့ OERC ကတ်ကို ထုတ်ပေးရင် ပိုပြီးတော့မှ ကောင်းလိမ့်မယ်ပေါ့။ မိမိ တို့ ဌာနက လုပ်တဲ့လုပ်ရပ်ဟာ အချည်းအနှီး မဖြစ်ဘဲနဲ့ အသက်ဝင်မှာပေါ့။ အများပြည်သူအတွက်လည်း အကျိုးရှိတဲ့ လုပ်ရပ် တစ်ခု ဖြစ်တယ်လို့ ပြောလိုတယ်”ဟု CNI သတင်းဌာနက ပြောသည်။

NUG စုဖွဲ့မှုကိုတွေ့ရစဉ်

ထိုင်းနိုင်ငံတွင် တရားမဝင်နှင့် တရားဝင် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၇)သန်းခန့် ရှိသည့်အတွက် NUG အား အစိုးရ တစ်ရပ်အဖြစ် ထိုင်းအစိုးရထံမှ တရားဝင် အသိအမှတ်ပြု မခံရပါက OERC ကတ်သည် အရာမရောက်ဘဲ အချည်းအနှီး ဖြစ် သွားနိုင်ကြောင်း ၎င်းက ပြောသည်။

NUG အနေဖြင့် OERC ကတ် ထုတ်ပေးခြင်းအား ဇွန်လကုန်တွင် စတင် အကောင်အထည်ဖော်မည်ဟု သိရကြောင်း၊ ထိုသို့ လုပ်ဆောင်ပါက ကတ်လုပ်ရန် လျှောက်ထားသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ စာရင်းအား အပြင်သို့ မပေါက်ကြားစေ ရန် အထူးသတိပြုရမည်ဟု ရွှေ့ပြောင်းအလုပ်သမားနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားတစ်ဦးက “NUG ကတော့ သေသေချာ‌ချာလေး စည်းကမ်းရှိရှိ လုံလုံခြုံခြုံလေးလုပ်ဖို့ ဖြစ်သင့်တယ်။ ထိုင်းမှာလည်း စစ်ကောင်စီက လွှတ်ထားတဲ့ ထောက်လှမ်းရေးတွေလည်း ရှိတယ်။ ဒီစာရင်း ဇယားနဲ့ ပတ်သက်တာကို NUG အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် လုံခြုံရေးကိစ္စကို တော်တော်လေး လုပ်ရမှာ။ ထိုင်းဥပဒေနဲ့တော့ ဘာမှ ကြောက် စရာ မလိုဘူး။ ကြောက်စရာ ကောင်းတာက ဒီဟာတွေ ပေါက်ကြားသွားမယ်ဆိုရင် မြန်မာဘက်အခြမ်းမှာ ရန်ရှာမှာပဲ ကြောက်တာ။ မြန်မာဘက်မှာ အိမ်တွေကို လိုက်တာတို့က တကယ်လည်းရှိနေတာ၊ တကယ်လည်း တွေ့နေတာ” ဟု ပြော သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိသော နိုင်ငံတစ်ခုဖြစ်သည့် မလေးရှားတွင် မလေးရှားအစိုးရမှ NUG အား အသိ အမှတ် ပြုသည့်အတွက် ထိုနိုင်ငံတွင် OERC ကတ် ထုတ်ပေးသည်မှာ ကောင်းမွန်ကြောင်း အလုပ်သမားအရေး လုပ်ဆောင် နေသူများက ပြောသည်။

ထိုင်းသို့ သွားရောက်မည့် မြန်မာအလုပ်သမားများကို နယ်စပ်မှာ စစ်ဆေးနေစဉ်

ထို့နောက် ယခုကဲ့သို့ ရွှေ့ပြောင်း အလုပ်သမားများအတွက် သက်သေခံ ကတ်ပြားမျိုး ထုတ်ပေးခြင်းသည် တစ်စုံတစ်ရာ အကျိုးရှိကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာန သို့ ပြောသည်။

ဦးထူးချစ်က “ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သတိထားရမှာက တစ်ဖက်ကလည်း အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတော့ ကျနော်တို့ အနေနဲ့ကတော့ အလုပ်သမားတွေ ကိုယ်တိုင်ကပဲ အချက်အလက်ကို ပြည့်ပြည့်စုံစုံနဲ့ စုဆောင်း ပြီးတော့ သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်စေချင်ပါတယ်။ သူတို့ဆုံးဖြတ်ပါ။ အကျိုးအမြတ်က‌တော့ လုပ်ပေးတဲ့ ရည်ရွယ်ချက်တွေ ကတော့ အလုပ်သမားတွေကို အကာအကွယ် ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိတော့လေ၊ လုပ်မယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ရှိရင်တော့ လုပ်ပေါ့” ဟု ပြောသည်။

NUG ၏ OERC ကို လျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင် ထားခြင်း စိစစ်တွေ့ရှိပါက Black List စာရင်းသွင်းမည်ဖြစ် ကြောင်း၊ ထို့နောက် ပြည် ဝင်/ထွက်ခွင့် ပိတ်ခြင်း၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့ ခံရ မည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများအရ အရေးယူ ခံရမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့နောက် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည်ဆိုပါက လေဆိပ်၊ နယ်စပ်ဂိတ်တို့တွင် နစက၏ အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပေးသည့် OWIC ကတ် ပါရှိမှသာ ပြည်ပသို့ သွားရောက် နိုင်မည်ဟုလည်း ထုတ်ပြန်ထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ချေးငွေမဆပ်နိုင်သည့် ရခိုင်တောင်သူများ ယခုနှစ် စိုက်ပျိုးစရိတ် ချေးငွေမရ

By CNI
CNI
Category: Watch TV
Hits: 646

Share
Tweet
Share
Share
powered by social2s

ဘဏ္ဍာရေးကျပ်တည်းနေသည့် သီရိလင်္ကာသို IMF ရောက်ရှိ

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42

Page 38 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar