CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရန်ကုန်ဆိပ်ကမ်းရှိ ကွန်တိန်နာများ မြင်ကွင်း(credit)

သွင်းကုန်လိုင်စင် သက်တမ်းလျှော့ချလိုက်ခြင်းက သွင်းကုန်တင်သွင်းမှုကို ပိုဆိုးစေနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 2040

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းမှုအတွက် သွင်းကုန်လိုင်စင်သက်တမ်းကို ယခင်က ၃ လသတ်မှတ် ပေးထားသော်လည်း ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ လျှော့ချလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ယင်းမှာ သွင်းကုန်တင်သွင်းမှုကို ပို၍ ဆိုးရွားသွားစေနိုင်သည်ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

လက်ရှိအချိန်တွင် သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများအတွက် ဒေါ်လာဝယ်ယူရခက်ခဲခြင်း၊ သွင်းကုန် ပါမစ် လျှောက်ထားရာတွင် မရခြင်း စသည့် အခက်အခဲများလည်း ဖြစ်ပေါ်လျက်ရှိနေတာကြောင့် လိုင်စင်သက်တမ်းကို ထပ်မံလျှော့ချလိုက်မည်ဆိုပါက ပို၍ ဆိုးရွားသွားမည်ဟု ဧရာကုန်သွယ်မှု ဗဟို ဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

“အခုလက်ရှိက ပထမကတည်းက ဒေါ်လာဈေးကြောင့် ပြဿနာဖြစ်နေတာရှိတယ်။ သွင်းကုန်လိုင်စင် အတွက်ကို ၁၀ စောင်လောက်တင်မယ်ဆိုရင် ၁ စောင်လောက်ပဲ ပြန်ချပေးတာမျိုး၊ နောက် သွင်းကုန် သမားတွေအတွက် ဒေါ်လာကို လိုသလောက် ဝယ်လို့မရတဲ့ကိစ္စတွေ အဲဒါတွေကြောင့် သွင်းကုန်က နဂိုကတည်းကိုက ကြန့်ကြာနေတာလေ။ သွင်းချင်တိုင်း သွင်းလို့မရ၊ အခု ဆီကိစ္စ ပြဿနာတက်နေတာ ဒါတွေကလည်း ပါတာပေါ့လေ။ အခု စက်သုံးဆီကိုပဲ နမူနာကြည့်လိုက်ပေါ့။ ဆိုတော့ ရက်ပါ ထပ်ပြီး တော့ လျှော့ချလိုက်မယ်ဆိုလို့ရှိရင် ဒီထက် ပိုဆိုးဖို့ပဲ ရှိတော့မယ်” ဟု ပြောသည်။

ဒါ့အပြင် ပို့ကုန်လုပ်ငန်းအပိုင်းတွင်လည်း ပို့ကုန်လိုင်စင်ကြေး တိုးမြှင့်တာ၊ လိုင်စင်သက်တမ်း လျှော့ချ တာ စသည့် ကန့်သတ်ချက်များ ချမှတ်ထားခြင်းများလည်းရှိကြောင်း သိရသည်။

ထို့သို့ လုပ်ဆောင်ခြင်းသည် ကုန်သွယ်ရေးကို မြှင့်တင်လိုသည့်သဘော သက်ရောက်သော်လည်း လုပ်ငန်းလည်ပတ်မှုကို နှေးကွေးစေနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

စီးပွားရေးပညာရှင်တစ်ဦးက“အခုက Exporter သမားတွေကိုလည်း သူက မြှင့်လိုက်တယ်။ အရင်တုန်း က ၆ လနဲ့ သွားရမယ့်ဟာကို ၃ လတို့၊ ၁ လတို့နဲ့ ပြန်ပြီးတော့ လုပ်လိုက်တယ် အရှိန်မြှင့်လိုက်တယ်။ အဲလိုပဲ တစ်ဖက်က သွင်းကုန်လိုင်စင်နဲ့ Trade ကို ပိုပြီးတော့ လည်ပတ်၊ မြန်မြန်လည်စေချင်တဲ့ ရည်ရွယ်ချက်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် အဲဒီ Impact က မြန်မြန် Expire ဖြစ်တော့ ဒီသွင်းကုန်ကို ၂ ခါ၊ ၃ ခါ ပြန်လျှောက်နေရတာမျိုးတော့ ဖြစ်လာမှာပေါ့” ဟု CNI သို့ ပြောသည်။

ပို့ကုန်လိုင်စင်နှင့် သွင်းကုန်လိုင်စင်များကို ကန့်သတ်ချက်များ၊ သက်တမ်းလျှော့ချမှုများ လုပ်ဆောင် လာခြင်းသည် တရားဝင်လမ်းကြောင်းမှတဆင့် တရားမဝင် တင်သွင်းခြင်း၊ တင်ပို့ခြင်းများကို ပိုမို ဖြစ်ပေါ်စေသည့် အခြေအနေမျိုးတွေ့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် သွင်းကုန်လိုင်စင်သက်တမ်းအပြောင်းအလဲသည် ဇူလိုင်လ ၁ ရက် နေ့မှ စတင်ကာ အသက်ဝင်မည်ဖြစ်ပြီး အာရှနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများဖြစ်ပါက ရက် ၃၀၊ အာရှနိုင်ငံ ပြင်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများ ဖြစ်ပါက ၄၅ ရက်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

Share
Tweet
Share
Share
powered by social2s

တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေး ဂိတ်(၁) ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 2763

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်ရန်အတွက် အိန္ဒိယဘက်မှ အုပ်ချုပ်ရေး အဖွဲ့အစည်းကနေ မြန်မာဘက်မှ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံသို့ အကြောင်းကြားလာကြောင်း ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းထံမှ သိရသည်။

ထို့ကြောင့် တမူး-မိုရေးနယ်စပ်ကုန်သွယ်ရေး ဂိတ် (၁) ကို ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း ကလေး-တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့က ပိတ်တာမဟုတ်ဘူး။ သူတို့က ပိတ်တာ။ ပိတ်လို့ ကျနော်တို့က ပိတ်ထားရတာ။ အခု အဲဒါ ပြန်ဖွင့်ဖို့ ကျတော့ ကျနော်တို့လည်း ပြန်လုပ်ရတာပေါ့။ နယ်စပ်ဂိတ် နံပါတ်(၁) ဂိတ်ကို ဖွင့်ဖို့လုပ်ထားတယ် ကျနော်တို့က။ ရက်အတိအကျကတော့ ဘာမှ မသိရသေးဘူးလေ။ ဒါကတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ သဘောပေါ့။ ကျနော်တို့သဘောမှ မဟုတ်တာ”ဟု ၎င်းကပြောသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ၂၀၂၀ မတ်လမှ စတင်ကာ ကိုဗစ်ကြောင့် ပိတ်ထားခြင်းဖြစ်သည့် အတွက် စီးပွားရေးလုပ်ဆောင်၍မရဘဲ ကုန်သည်များ ထိခိုက်ကြကြောင်း သိရသည်။

အဆိုပါဂိတ်များအား ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ကုန်သည်များအတွက် စီးပွားရေးပြန်လည် စတင်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်းနှင့် ဂိတ်များအား ပြန်လည်ဖွင့်လှစ်စေချင်ကြောင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။

“ဖွင့်စေချင်တာပေါ့။ ကျနော်တို့ကတော့ အေးအေးချမ်းချမ်းနဲ့ အရောင်းအဝယ်လုပ်ငန်းတွေ လုပ်ချင်တာပေါ့။ အဲဒါပါပဲ အဓိကကတော့ ဒါက။ ကျနော်တို့ပြည်သူတွေ အားလုံးကတော့ဖွင့်စေချင်တာပဲ” ဟု ၎င်းကပြောသည်။

ကိုဗစ်ကြောင့် ဂိတ်များ မပိတ်ခင်က မြန်မာဘက်မှ အိန္ဒိယဘက်သို့ ကွမ်းသီးနှင့် ပဲတို့အား နယ်စပ်ဂိတ်မှတဆင့် တင်ပို့ကြောင်းနှင့် အိန္ဒိယဘက်မှ မြန်မာနိုင်ငံသို့ ဂျုံတို့သာ တင်သွင်းကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်တို့ လယ်ယာမြေ စွန့်ခွာသွားသည့်အတွက် ရခိုင်မဟုတ်သူများ ပိုင်ဆိုင်လာကြ

By CNI
CNI
Category: Watch TV
Hits: 886

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ်အတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူ (Myint Lwin)

ရခိုင်တို့ လယ်ယာမြေ စွန့်ခွာသွားသည့်အတွက် ရခိုင်မဟုတ်သူများ ပိုင်ဆိုင်လာကြ

By CNI
CNI
Category: စီးပွားရေး
Hits: 1438


CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

ရခိုင်ပြည်နယ်တွင် လယ်ယာမြေလုပ်ကိုင်ကြသည့် ရခိုင်လူမျိုးများသည် လယ်ယာမြေများကို စွန့်ခွာမှုများ တဖြည်းဖြည်း များပြားလာသည့်အတွက် ထိုလယ်ယာမြေများကို ရခိုင်မဟုတ်သည့် တခြားသော လူမျိုးများက ပိုင်ဆိုင်လာကြကြောင်း ရခိုင်တောင်သူလယ်သမားများထံမှ သိရသည်။

ရခိုင်လူမျိုး အများအပြားသည် လယ်ယာမြေ စွန့်ခွာလာကြသည့်အတွက် လက်ရှိ ရခိုင်ပြည်နယ်တွင် ရခိုင်မဟုတ်သည့် လူမျိုး များ၏ လယ်ယာပိုင်ဆိုင်မှုမှာ ၁၅ ရာခိုင်နှုန်းခန့် ရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်ဇံက “လယ်ယာမြေကို ရောင်းပြီးတော့ စွန့်ခွာကြတယ်။ ဒီအတိုင်းထားပြီးတော့ မရောင်းတဲ့သူလည်း ရှိကြတယ်။ မလုပ်နိုင်ကြတော့ဘူး။ လယ်ယာမြေတွေကို စွန့်ခွာနေကြတယ်ပေါ့။ ကျနော်တို့ဒေသက လယ်ယာမြေတွေကို စွန့်ခွာ နေကြ တဲ့ သူတွေက များသွားပြီပေါ့နော်။ ကျနော်တို့မှာတော့ မူဆလင်ပေါ့။ မူဆလင်တွေ ကျနော်တို့နေတဲ့ နေရာဒေသ တော်တော် များများမှာ‌တော့ သူတို့ ပိုင်သွားကြပြီ။ သူက ရှင်းရှင်းပြောရရင်တော့ အဲဒီလယ်ယာမြေက ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရအောင်လည်း သူတို့လုပ်နိုင်တယ်။ ရအောင်လည်း ကြိုးစားကြတယ်။ မရရင်လည်း သူတို့က အဲဒါကို ဖက်တွယ်ပြီးတော့ သူတို့က လုပ်ကြတယ်။ အကြောင်းက ဘာလဲဆိုတော့ သူတို့ကိုယ်၌က ကျနော်တို့ ရခိုင်ဒေသမှာ ပြည်မကို သွားနိုင်တဲ့ အခွင့် အလမ်း မရှိဘူး။ ဘယ်ကိုမှ သွားနိုင်တဲ့ အခွင့်အလမ်း မရှိတဲ့အခါကျတော့ အဲဒီရှိတဲ့ မြေကိုပဲ သူတို့က ဖက်တွယ်ပြီးတော့ ရုန်း ကြတယ်ဗျာ။ သူတို့လက်ထဲကို ‌ရောက်သွားတဲ့ အနေအထားကတော့ ရှိကြတယ်။ အထူးသဖြင့်ကတော့ ဘူးသီးတောင်၊ မောင်တော ဒေသဆိုရင်တော့ တစ်အုပ်လုံးလို့ ပြောလို့ရတယ်။ ဒီဖက်မှာလည်း မူဆလင်ရှိတဲ့ ဒေသတွေ တော်တော်များများ မှာလည်း သူတို့လက်ထဲကို ‌ရောက်သွားတာ ရှိတယ်။ အရောင်းအဝယ် လုပ်ကြတဲ့သဘောပေါ့။ အရောင်းအဝယ်လုပ်ပြီးတော့ ရောက်သွားတဲ့ သဘောတော့ ရှိတယ်။ ရာနှုန်းအားဖြင့် တိတိကျကျ ကျနော်တို့ ခန့်မှန်းဖို့တော့ ခက်တယ်။ ဒါပေမယ့် ၁၅ ရာခိုင်နှုန်း အထက်မှာတော့ ရှိလိမ့်မယ်ဗျ” ဟု ပြောသည်။

မောင်တောမြို့အ၀င်ကိုတွေ့ရစဉ်

ရခိုင်လူမျိုးများ လယ်ယာမြေများကို စွန့်ခွာရာမှာ ပုံစံအမျိုးမျိုးကြောင်း၊ ထိုအထဲတွင် လယ်ယာမြေများကို ရောင်းချခြင်းနှင့် စိုက်ပျိုးရေး လုပ်ကိုင်မှုကို ရပ်တန့်၍ စွန့်ခွာမှုများလည်း ပါဝင်ကြောင်း သိရသည်။
ဦးကျော်ဇံက “မြေကတော့ တဖြည်းဖြည်းနဲ့ ကျ‌နော်တို့ တရဆက်လို့ ပြောလို့ရတယ်။ မြေကို စွန့်ခွာနေကြတာတော့ တရဆက်လို့ ပြောလို့ရတယ်။ မလုပ်ဘဲနဲ့လည်း စွန့်ခွာကြတယ်။ ရောင်းချပြီးတော့လည်း စွန့်ခွာကြတယ်။ ဒီအခြေအနေ ကိုတော့ ထိန်းဖို့ နည်းနည်းခက်တယ်။ ဘာလို့ဆို ကျနော်တို့က ဒီမြေက ကျနော်တို့ကို အထောက်အပံ့ မပြုဘူးဆိုရင် အသက် မွေးဝမ်းကြောင်းအတွက် စိတ်မဝင်စားတာကတော့ ဓမ္မတာ ဖြစ်လိမ့်မယ်ပေါ့နော်။ အဲဒီအပေါ်မှာ ထိန်းသိမ်းဖို့အတွက်ကတော့ အစိုးရ တစ်ရပ်ကပေါ့နော်၊ ကျနော်တို့ ကမကထ ပြုပြီးတော့ အထောက်အပံ့တွေကို ပေးဖို့ လိုအပ်တယ်။ ဈေးကွက် စီးပွား ရေးတို့ ဘာတို့၊ လမ်းဖွင့်ပေးဖို့ လိုအပ်တယ်ပေါ့နော်။ အဲလိုပုံစံမျိုး မဖြစ်နိုင်ဘူးဆိုရင်တော့ ဒီအခြေအနေကတော့ တဖြည်းဖြည်းနဲ့ အဲလိုပုံစံမျိုး ကျနော်တို့ စွန့်ခွာ နေကြလိမ့်မယ်ပေါ့နော်။ ဆုံးရှုံးနေကြလိမ့်မယ်ပေါ့”ဟု CNI သတင်းဌာနသို့ ပြော သည်။

လက်ရှိတွင် ရခိုင်လူမျိုးများ၏ လယ်ယာမြေ စွန့်ခွာမှုကို ရခိုင်ပြည်နယ် တောင်ပိုင်းထက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပိုမို ဖြစ်ပွားကြောင်း တောင်သူ လယ်သမားများထံမှ သိရသည်။

ရခိုင်တိုင်းရင်းသား တစ်ဦး စပါးများ သန့်စင်နေစဉ်(Myint Lwin)

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် လယ်ယာမြေများကို ငွေကြေး ချမ်းသာသူများက လွှဲပြောင်း ဝယ်ယူမှုများသာရှိကြောင်း ရခိုင် တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်ကျော်မြက “တောင်ပိုင်းမှာက ရခိုင်တွေ လယ်ယာမြေ စွန့်ခွာသွားတယ်ဆိုတာ မရှိဘူးလေ။ လယ်မြေတွေ တော်တော် တန်ဖိုးရှိတဲ့နေရာတွေကို ပိုက်ဆံရှိတဲ့သူတွေက ဝယ်ပြီးတော့ ယူသွားတာလောက်ပဲ ရှိချင်ရှိမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ လယ်ယာမြေများသည် တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးသည့် ဧကများ လျော့နည်းလာကြောင်း၊ လယ်ယာမြေမှ စီးပွားရေးဇုန်နှင့် ဟိုတယ်ဇုန်‌ မြေနေရာများ ဖြစ်ပေါ်နေမှုများလည်း ရှိလာကြောင်း သိရသည်။

ထို့နောက် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ်၏ လယ်ယာ စိုက်ပျိုးဧကသည် ၁၄ သိန်းကျော် ရှိသော်လည်း လက်ရှိ တွင် ၈ သိန်းမှ ၁၀ သိန်းခွဲသာ စိုက်ပျိုးဧကရှိတော့ကြောင်း သိရသည်။

ယခု အခြေအနေအတိုင်း ဆက်ဖြစ်နေပါက ရခိုင်ပြည်နယ်ရှိ ဒေသခံများ၏ လယ်ယာမြေ စွန့်ခွာမှုများသည် ဆက်လက် ဖြစ်ပေါ်နေနိုင်ဖြစ်ကြောင်း ရခိုင်တောင်သူလယ်သမားများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်း သကြားလက်ကျန် နည်းပါးနေ၍ သကြားဈေး နှစ်ဆကျော် မြင့်တက်

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s
သကြားရောင်းနေသည်ကိုတွေ့ရစဉ်

ပြည်တွင်း သကြားလက်ကျန် နည်းပါးနေ၍ သကြားဈေး နှစ်ဆကျော် မြင့်တက်

By CNI
CNI
Category: စီးပွားရေး
Hits: 1852

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

ပြည်တွင်းသကြားလက်ကျန် နည်းပါးနေခြင်းနှင့် သကြားထုတ်လုပ်မှု လျော့ကျခဲ့ခြင်းကြောင့် လက်ရှိတွင် သကြားဈေးနှုန်း သည် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ကျော်အထိ ဈေးနှုန်းရရှိနေကြောင်း သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်တွင်းတွင် သကြားလိုအပ်ချက် မြင့်မားနေမှုကြောင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ သကြားဈေးနှုန်း မြင့်တက် နေခဲ့ ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် သကြားတစ်ပိဿာလျှင် ၉၀၀ ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် ၂၀၀၀ ကျော် ရရှိနေသည်ဟု သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေး CNI သတင်းဌာနသို့ ပြောသည်။

ဦးဝင်းဋ္ဌေးက “အပြင်မှာ ၂၀၀၀ ကျော်နေတာလေ။ ဘယ်လိုဖြစ်လို့ အဲလောက်ထိ ပေါက်သွားတာလဲဆိုတော့ သကြား ပြည် တွင်း လက်ကျန် နည်းသွားတာက တစ်ပိုင်း၊ နောက်ပြီးကျတော့ ကုန်သည်တွေကလည်း ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာပေါ့ နော်၊ သယ်ယူ ပို့ ဆောင်ရေး၊ လောင်စာဈေးတွေ တက်တော့ အဲဒါကလည်း တစ်ပိုင်း၊ နောက်ပြီးတော့ ကြံဈေး မြှင့်ပေးလိုက် တာလည်း တစ်ပိုင်း၊ ကြံစိုက်ပျိုးမှု နည်းသွားတာ ထုတ်လုပ်မှု နည်းနည်း လျော့ကျသွားတာပေါ့နော်။ လျော့ကျသွားတော့ ပစ္စည်းက နည်းတာကိုး” ဟု ပြောသည်။

ကြံစိုက်တောင်သူတစ်ဦး

ထို့နောက် ကြံစိုက်ပျိုးမှု လျော့ကျနေခြင်း၊ သကြားထုတ်လုပ်မှု နည်းပါးခြင်း၊ ပြည်တွင်း သကြားလိုအပ်ချက် မြင့်တက်နေ ခြင်း စသည့် အခြေအနေများကြောင့် ပြည်ပသို့ သကြားတင်ပို့မှုသည် ယခုနှစ်တွင် လျော့နည်းခဲ့ကြောင်း သိရသည်။
အလားတူ ကြံစိုက်ရာသီ ပြန်လည် စတင်တော့မည် ဖြစ်ခြင်းကြောင့် သကြားဈေးနှုန်းသည် လက်ရှိဈေးနှုန်းထက် ဆက်လက် မြင့်တက်နိုင်ခြေ မရှိကြောင်း ဦးဝင်းဋ္ဌေးက ပြောသည်။

၎င်းက “ဒီနှစ် အနေနဲ့ လောက်ကတော့ မတက်လောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ နောက်ထပ် ၆ လ ဆိုရင် ၁၂ လပိုင်းဆို စက်တွေ ပြန်လည်မှာလေ။ ကြံရာသီအသစ် ပြန်စမှာ။ ၂၀၂၂ - ၂၀၂၃ ကြံရာသီ စတော့မှာ။ အဲကျတော့ ၆ လစာလောက်က ဒီထဲမှာ လုံလုံလောက်လောက် ရှိနေပြီလို့ တွက်လို့ရတယ်။ အဲတော့ ဒီထက်တော့ အများကြီး မတက်နိုင် တော့ဘူး။ ဒီအတိုင်းတော့ တည်ငြိမ်နေမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် သကြားဈေးနှုန်း အမြင့်ပိုင်း၌ တည်ရှိနေသော်လည်း ဓာတ်မြေဩဇာ ဈေးနှုန်းနှင့် သွင်းအားစု စရိတ်များမှာ အဆမတန် မြင့်မားနေသေးကြောင်း၊ ထို့ကြောင့် လာမည့် ကြံစိုက်ရာသီတွင် ကြံစိုက်ဧက လျော့နည်းသွားနိုင်သလို အထွက် နှုန်းလည်း လျော့ကျသွားနိုင်ကြောင်း ကြံစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးမှု ဧကသည် ၄ သိန်းခန့်ရှိကြောင်း၊ ကြံကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

နယ်မြေ မငြိမ်မသက်မှုကြောင့် ရခိုင်ကုန်သည်များ၏ ကုန်သွယ်မှု ကျဆင်း

By CNI
CNI
Category: Watch TV
Hits: 783

Share
Tweet
Share
Share
powered by social2s

ငှက်ပျောတင်ပို့မှုရာသီ ကုန်ဆုံးခါနီး၍ ကချင်နယ်စပ် ကုန်စည်ပို့ဆောင်ရေး နည်းပါးလာ

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s
တပ်မတော်၊ AA နဲ့ ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်မှုတစ်ခုကို တွေ့ရစဉ်

နယ်မြေ မငြိမ်မသက်မှုကြောင့် ရခိုင်ကုန်သည်များ၏ ကုန်သွယ်မှု ကျဆင်း

By CNI
CNI
Category: စီးပွားရေး
Hits: 1291

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

ရခိုင်ပြည်နယ်တွင် လက်ရှိ နယ်မြေ မငြိမ်မသက်မှုများကြောင့် ဒေသခံ ကုန်သည်များ၏ ကုန်သွယ်မှုမှာ ကျဆင်းနေကြောင်း သိရသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုသည် ယခုရက်ပိုင်းအတွင်း ပုံမှန်ထက် တစ်ဝက်ခန့် ကျဆင်းသွားကြောင်း၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေး၌ ကုန်တင်ကုန်ချ မရှိသလောက် ဖြစ်သွားကြောင်း ဒေသခံကုန်သည်များထံက သိရသည်။

မောင်တော ကုန်သည် ကိုသန်းနိုင်က “အရင်ထက်စာရင်တော့ နည်းပါတယ်။ တစ်ဝက်လောက် ကျသွားတာပေါ့။ ကုန်သည် တွေက အလုပ်မဖြစ်ဘူးပေါ့။
လာတာက ငါးမြစ်ချင်း တစ်ခုလောက်ပဲ ရှိတယ်။ ပြည်ပက ဝယ်လိုအား နည်းတယ်။ အဲဒီဘက် နိုင်ငံမှာ ပွဲတော်လာပြီဆိုတော့ နည်းနည်း ဝယ်လိုအား နည်းသွားတဲ့သဘော။ ပြီးရင် အဲဒီဘက်နိုင်ငံမှာ အခွန်ခတွေ ဈေးတင် လိုက်တာကို။ ‌ဈေးတင်လိုက်တော့ ဟိုဘက်ကို ပို့ရတဲ့ဟာနဲ့ မကိုက်တော့ဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဒေသခံ ကုန်သည်များသည် ကုန်သွယ်ရေး အခြေအနေကို စောင့်ကြည့်နေကြောင်း၊ ယခင်က ပစ္စည်း ၁၀ မျိုး ဝယ်သည့် ကုန်သည်သည် လက်ရှိမှာတော့ ၃ မျိုးခန့်သာ ဝယ်တော့ကြောင်း၊ ပြည်ပနိုင်ငံနှင့် ဒေသခံပြည်သူများမှ ဝယ်လိုအား များ ကျဆင်းနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြော သည်။

ရခိုင်ပြည်နယ် ဒေသခံများကိုတွေ့ရစဉ်

ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “သူ့လက်ထဲမှာတော့ ပြောရမယ်ဆိုရင် ကုန်သည် လက်ထဲမှာတော့ အရမ်း သိပ်မထားတော့ဘူး။ ရောင်းအား၊ ဝယ်အားလည်း အဲဒီလိုမျိုးပဲ ကျဆင်းသွားတယ်ဆိုတဲ့ အနေအထားကတော့ အဲဒီအပေါ်မှာလည်း သက်ရောက်မှု တွေ ရှိပါတယ်။ ကုန်သွယ်မှု ပမာဏ လျော့နည်းလာတယ် ဆိုတာလည်း ခုနကပြောသလို ဒေသ မတည်ငြိမ်မှု ဆိုရင်တော့ ဒါ ကုန်သွယ်မှု ပမာဏကတော့ ကျဆင်းလာမှာပါပဲ။ ဘာလို့ဆို ကုန်သည်တွေမှာလည်း ပြောရမယ်ဆိုရင် ရန်ကုန် ကနေပြီးတော့ ဝယ်ရတဲ့ ပမာဏကို လျှော့ပြီး ဝယ်ရတယ်။ ဘာလို့ဆို ဒီဘက်မှာ တဆင့် ပြန်ရောင်းတဲ့ အချိန်မှာလည်း ကျန်တဲ့ come user ဆီ ရောက်ဖို့ဟာလည်း ခါတိုင်းဝယ်နေကျထက် လျှော့ပေါ့ပြီး ဝယ်လာကြတယ်။ ဆိုတော့ ရောင်းရေး ဝယ်ရေး တွေကတော့ နည်းနည်းလေး အေးပြီးတော့ ခက်ခဲလာနေတယ်ဆိုတဲ့ အနေအထားတော့ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား နှစ်ဖက် အပြန်အလှန် ဖမ်းဆီးမှုများ ရှိနေသဖြင့် ကုန်သည် အပါအဝင် ‌ဒေသခံပြည်သူများသည် သွားရေးလာရေး စိုးရိမ်မှုများ ရှိနေကြကြောင်း၊ ထိုသို့ စိုးရိမ်မှုများကြောင့် အပြင်မထွက် ရဲကြတော့ပဲ ဖြစ်ကာ ကုန်သွယ်မှု ကျဆင်းလာနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်အောင်က “ဒီရက်ပိုင်း အတွင်းမှာတော့ သွားရေးလာရေးက ကြပ်တည်းတဲ့ အခါကျတော့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးတာတွေ ဖြစ်ကုန်တာပေါ့။ ပြီးတော့ ဈေးလည်း သိပ်မကိုက်ဘူး။ ရောင်းကုန်တွေက ဈေးတော့ ရှိတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေက များလာတာပေါ့။ သွားရေးလာရေးတွေက ရေကြောင်းပိုင်း ကနေပြီးတော့ သွားလာလို့ မရဘူး။ Passenger တွေကို ကန့်သတ်ထားတာပေါ့။ ကုန်းလမ်းကတော့ သွားလို့ရပါတယ်။ ဒါပေမယ့် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေပြီးတော့။ ရေရှည်ဆိုရင်တော့ ကျနော်တို့ ရခိုင်ဘက်က မှီခိုနေရတာပေါ့။ မြန်မာဘက်က ပစ္စည်းတွေမလာရင် ကုန်ဈေး နှုန်း တက်တာတွေ ဖြစ်လာမှာပေါ့။ အဓိကက ဒီဘက်က ကုန်စည်ထဲမှာဖြစ်တာက ဆန်စပါးက သားငါးပဲ ဖြစ်တာလေ။ ကျန် တဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကအစ နိုင်ငံခြားက တင်ပို့တဲ့ import ပစ္စည်းတွေလည်း အပါပေါ့။ အဲဒီလိုမျိုး ကုန်းလမ်းခရီးမှာ စစ်ဆေးမှုတွေ များမယ်ဆိုရင်တော့ မကောင်းဘူးပေါ့နော်။ ဒီဘက်မှာ ကုန်ဈေးနှုန်း တက်တာတို့ ဘာတို့ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလတွင် ရခိုင်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပမာဏသည် ဧပြီလကထက် တိုးတက်လာသော်လည်း ယခု ဇွန်လမှာတော့ ကုန်သွယ်မှုပမာဏ နည်းနိုင်ကြောင်း ကုန်သည်များက ပြောသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ကန်ပိုက်တည်ကုန်သွယ်ရေးစခန်တစ်ခုကိုတွေ့ရစဉ်(ဓါတ်ပုံ-credit)

ငှက်ပျောတင်ပို့မှုရာသီ ကုန်ဆုံးခါနီး၍ ကချင်နယ်စပ် ကုန်စည်ပို့ဆောင်ရေး နည်းပါးလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1450

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ကချင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများသို့ ကုန်စည် ပို့ဆောင်ပေးနေသည့် ကုန်ကားများမှာ ယခင်ကထက် သွားလာမှု နည်းပါးသွားကာ ၎င်းမှာ အဓိက ငှက်ပျော တင်ပို့မှုရာသီ ကုန်ဆုံးခါနီးကြောင့်ဟု ကုန်ကားသမားများထံမှ သိရသည်။

ဒါ့အပြင် ကုန်ကားအများစုမှာ မိုးများခြင်း၊ တောင်ပြိုခြင်းစသည့်အခြေအနေများကြောင့် ရပ်နားလာကြခြင်း ဖြစ်သည်ဟု ကန်ပိုက်တည်မှ ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ဘယ်နှစ်စီးလောက် ရှိမလဲဆိုတော့ အခုတော့ ၃၀ ကျော် ၄၀ အဲပတ်လည်လောက်ပဲ ပြေးနေတာ။ အရင်တုန်းက အစီး ၅၀၀၊ ၆၀၀၊ ၁၀၀၀ ကျော်ပေါ့ ပထမတုန်းက ငှက်ပျောပေါတုန်းကတော့။ အခုငှက်ပျောကလည်း ကုန်တော့ မှာ ရပ်ခါနီးပြီ။ မိုးလည်း တအားများတယ်လေ။ အခုတောင်ပြို ဘာပြို အဲလိုတွေ ဖြစ်နေပြီ။

အကုန်လုံး ရပ်ထား ရမှာပဲ။ ကြားထဲ ငှက်ပျောကလည်း နည်းနည်းပါးလာပြီလေ။ အခုက ခြံသိမ်းပုံစံမျိုးဖြစ်နေပြီ။ ခြံသိမ်းပုံစံမျိုး ဖြစ်နေတော့ နားဖို့ကများတယ်။ ၇ လပိုင်းထဲမှာဆိုရင်တော့ ၇ လပိုင်းမကုန်ခင်ဆို ငှက်ပျောကကုန်လောက်ပြီ။ အကုန်နားပြီ ၇ လပိုင်းထဲမှာဆိုရင်” ဟု ပြောသည်။

ယခုအချိန်သည် ငှက်ပျောကုန်စည်တစ်မျိုးတည်းသာ တင်ပို့နေရကြောင်း၊ ငှက်‌ပျောသည်လည်း ကုန်တော့မည် ဖြစ်ခြင်းကြောင့် ဇူလိုင်လတွင် ကုန်တင်ကားများ ရပ်နားတော့မည်ဖြစ်ကာ တခြားသော လမ်းကြောင်းများကိုသာ ပြေးဆွဲရတော့မည်ဖြစ်ကြောင်း ကိုရှမ်းကြီးက ဆက်ပြောသည်။

“အခု ၄ လပိုင်းနားရင်လည်း ဒီလိုပဲ ကားပြင် ဘာပြင် ဒီလိုပဲ နားရတာပဲ။ ထွက်တာ ဘယ်လိုမှ အဆင်မပြေတော့ လေ။ အဆင်မပြေတော့ အဲလိုပဲ နားရတာ။ နားပြီးတော့မှ လုပ်ငန်းစမှ ပြန်လုပ်ပေါ့။ အဲလိုပဲ လုပ်နေကြရတာ။ အခက်အခဲကတော့ ရှိတာပေါ့။ ဝင်ငွေမရှိတော့ဘူးလေ အဲအချိန်ကျတော့ ၃ လ၊ ၄ လက။ မူဆယ်ဘက်လည်း သွားလို့ရ၊ မြဝတီဘက်လည်း သွားလို့ရသူက ပါးပါးပေါ့။ ပုံမှန်အခြေအနေလောက်ပဲ ရှိမှာပဲ။ နည်းနည်းတော့ ကြန့်ကြာတာပေါ့။ တစ်လမှာ နှစ်ခေါက်လိုလို ဘာလိုလို တစ်ခေါက်ခွဲလိုလို အဲလိုပဲ ဖြစ်သွားတာပေါ့” ဟု ၎င်းက CNI သို့ ပြောသည်။

ကန်ပိုက်တည်ကုန်သွယ်ရေးစခန်တစ်ခုကိုတွေ့ရစဉ်(ဓါတ်ပုံ-credit)

ဒါ့ထက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဗန်းမော် - လွယ်ဂျယ်သွားရာ လမ်းပိုင်းပျက်စီးမှုများ ရှိနေသည့် အတွက် မိုးရာသီတွင် ကုန်ကားပြေးဆွဲမှုကို ရပ်နားထားခြင်းဖြစ်သည်ဟုလည်း လွယ်ဂျယ်မှ ကုန်ကားသမား တစ်ဦးဖြစ်သူ ကိုထွဋ်ဇော်က ပြောသည်။

“ကျနော် လွယ်ဂျယ်ဘက် မသွားတော့ဘူး။ မိုးတွင်းမို့ လမ်းတွေက ဆိုးသွားတော့။ မိုးတွင်းကျတော့ ကျနော်တို့ ကားလေးတွေကျတော့ နားလိုက်တာပေါ့။ ပွင်းလင်းရာသီ ပြန်လုပ်မှာ။ ဗန်းမော်ကားတွေတော့ တက်ကြတယ်။ ဗန်းမော်သွားတဲ့ကားက သွားကြ။ နားနေတဲ့ကားက နားနေကြတာပေါ့” ဟု ၎င်းက CNI သို့ ပြောသည်။

ကန်ပိုက်တည် ကုန်သွယ်ရေးစခန်းနှင့် ဗန်းမော် - လွယ်ဂျယ် ကုန်သွယ်ရေးစခန်းတို့သည် ကချင်ပြည်နယ်အတွင်း မှ ထွက်ရှိသည့် ငှက်ပျော၊ ကြံ၊ ပဲ၊ ပြောင်း၊ ဖရဲ၊ ဆန် စသည့် သီးနှံများကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

ဗန်းမော် - လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ကားအစီးရေ ၁၀၀ ကျော်သွားလာနေသော်လည်း ယခုအချိန်တွင် တစ်ရက်လျှင် အစီးရေ ၂၀ ခန့်သာ ပြေးဆွဲကြောင်း သိရသည်။

ထို့နောက် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးတွင်လည်း ယခင်က အစီးရေ ၁၀၀၀ နီးပါးပြေးဆွဲသော်လည်း လက်ရှိတွင် အစီးရေ ၃၀ ကျော်သာ ကျန်ရှိတော့ကြောင်းနှင့် ဇူလိုင်လကုန်တွင် ကုန်တင်ကားအားလုံးနီးပါး ရပ်နား တော့မည်ဖြစ်ကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
စီးပွားရေးကျဆင်းမှုနဲ့ သီရိလင်္ကာ ပြည်သူများ (AP)

အကျပ်အတည်းကူညီရန် သီရိလင်္ကာသို့ အမေရိကန် အဆင့်မြင့်အရာရှိများ ရောက်ရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 1463

CNI International News

ကိုလံဘို၊ ဇွန်လ ၂၇

မကြုံစဖူး စီးပွားရေး အကျပ်အတည်းနှင့် မရှိမဖြစ် လိုအပ်သော ကုန်စည်များ ပြတ်တောက်နေသည့် ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သော သီရိလင်္ကာသို့ ဘဏ္ဍာရေး ဖြေရှင်းနိုင်မည့် နည်းလမ်းများ ကူညီရှာဖွေပေးရန် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိများ ရောက်ရှိလာကြကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုရက်ပိုင်းအတွင်း လောင်စာဆီ တင်ပို့နိုင်မှု နှောင့်နှေးနေကြောင်းလည်း သီရိလင်္ကာ စွမ်းအင်ဝန်ကြီးက ထုတ်ဖော် ကြေညာခဲ့ပြီး ဖြစ်သည်။

တောင်အာရှဒေသရှိ အဆိုပါနိုင်ငံသို့ အမေရိကန်က ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်အတွင်း ဒေါ်လာသန်းနှင့်ချီ၍ အကူအညီ များ ပေးခဲ့သည့်နည်းတူ ၎င်း၏ ဘဏ္ဍာရေး အသက်ဆက်နိုင်ရန်အတွက် အိမ်နီးချင်း အိန္ဒိယကလည်း ဒေါ်လာ ၄ ဘီလီယံ အထိ ထုတ်ချေးပေးခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘဏ်ကလည်း ဒေါ်လာ သန်း ၃၀၀ မှ သန်း ၆၀၀ အထိ ချေးငွေများကို သီရိလင်္ကာသို့ ပေးအပ်ခဲ့သည်။

ပြည်တွင်း ငွေလဲလှယ်နှုန်း၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် ကြွေးမြီပြဿနာများ တာရှည်လာပြီဖြစ်၍ တိုင်းပြည်စီးပွားရေး လုံးဝပြိုလဲပြီဟု ပြီးခဲ့သည့် သီတင်းပတ်၌ ဝန်ကြီးချုပ် ရာနေးဝီကရီမီဆင်က ကြေညာခဲ့သည်။

သီရိလင်္ကာ ဝန်ကြီးချုပ် ရာနေးဝီကရီမီဆင် (GETTY IMAGES)

သီရိလင်္ကာသို့ ယခုရောက်ရှိလာကြ‌သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို အာရှရေးရာဘဏ္ဍာရေး လက်ထောက် အတွင်း ဝန် ရောဘတ်ကာပရို့သ် (Robert Kaproth) နှင့် တောင်အာရှ၊ အလယ်အာရှ လက်ထောက်အတွင်းဝန် ကယ်လ်ကိုင်ဒါလင်း (Kelly Keiderling) တို့ ဦးဆောင်ခဲ့ကြသည်။

၎င်းတို့၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း သီရိလင်္ကာမှ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး အမေရိကန်ဘက်မှ ကူညီနိုင်မည့် အထိရောက်ဆုံး နည်းလမ်းများကို လေ့လာ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေး အစီအစဉ်များ ဖြစ်ပေါ်လာ စေလိုကြောင်း အမေရိကန်သံရုံး၏ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

“အခု ခရီးစဉ်ဟာ သီရိလင်္ကာပြည်သူတွေ လုံခြုံရေးနဲ့သာယာဝပြောရေးကို ကျမတို့ရဲ့ ကတိကဝတ် အတိုင်း ဆက်လက် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်” ဟု သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ် ဂျူလီယာချောင်က ပြောကြားခဲ့သည်။

“သီရိလင်္ကာပြည်သူတွေဟာ သူတို့ရဲ့သမိုင်းမှာ အကြီးမားဆုံး စီးပွားရေး စိန်ခေါ်မှုကို ရင်ဆိုင်နေတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီအရ အဖွဲ့အစည်း ပုံသဏ္ဌာန်အပေါ် အရေးပါတဲ့ အစိတ်အပိုင်းကနေ ကျမတို့ ကြိုးပမ်းပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းသို့ Border Pass ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရေး နယ်စပ်ဂိတ်များ ပြန်ဖွင့်သင့်

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s
တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်

ထိုင်းသို့ Border Pass ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရေး နယ်စပ်ဂိတ်များ ပြန်ဖွင့်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1892

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

ထိုင်းအစိုးရမှ နယ်စပ်ဒေသတွင် Border Pass(နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်)ဖြင့် မြန်မာအလုပ်သမားများ ခေါ်ယူရန် ခွင့်ပြုသော်လည်း နှစ်နိုင်ငံနယ်စပ်ဂိတ်များ မဖွင့်သေးသရွေ့ မြန်မာအလုပ်သမားများ လာရောက် အလုပ်လုပ်ကိုင်၍ မရ ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးသင့်ကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပါက နယ်စပ်များတွင် Border Pass ဖြင့် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “ဒီလက်မှတ်ကို ဖွင့်မယ်လို့သာ ထိုင်းက ကြေညာပေမယ့် နယ်စပ်ဂိတ်တွေကို ဖွင့်နိုင်အောင်လည်း သူက လုပ် ရမယ်။ ဘာကြောင့်လဲဆိုတော့ တံတားကြီး ပိတ်ထားပြီးတော့မှ လူအသွားအလာ မရှိဘဲနဲ့ Border Pass က ဒီနယ်စပ်ကနေ ထုတ်ပေးလို့ မရဘူးလေ။ လူအသွားအလာ ရှိမှ Border Pass ရဲ့ ဥပဒေအရ ထုတ်ပေးလို့ရမှာ ဖြစ်တယ် လူအသစ်တွေကို။ ကျနော် ထင်ပါတယ်။ ထိုင်းက ဘယ်လောက်ပဲ အဆင်သင့်ဖြစ်ဖြစ် မြန်မာဘက်က တံတားတွေဖွင့်ဖို့၊ နယ်စပ်တွေဖွင့်ဖို့၊ လူကူးသန်း သွားလာဖို့အတွက် ခွင့်ပြုချက် မရမချင်းကတော့ ဒီ Border Pass ကလည်း အကျုံးဝင်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် နှစ်နိုင်ငံလူကြီးတွေ၊ သက်ဆိုင်ရာတွေက စကားပြောလို့ အဆင်ပြေတယ် ဆိုလို့ရှိရင်တော့ နယ်စပ်ဂိတ်တွေ ဖွင့် လိုက်ပြီး လူကူးသန်း သွားလာလို့ ရပြီဆိုရင်တော့ Border Pass ကလည်း အကျုံးဝင်မယ်။ နောက် ဒီနယ်စပ်မှာ အလုပ်လုပ် မယ့် မြန်မာပြည်သူတွေအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပိုမိုပြီးတော့မှ အဆင်ပြေမယ်။ ဒါဟာ လွယ် လွယ် ကူကူ ဒီ worker တုံးလေး ထုပြီးတော့ Border Pass စာအုပ်ထဲမှာ သွေးစစ် ဒီဘက်မှာ Work permit လေးလုပ်ပြီး တော့မှ အလုပ်လုပ်ခွင့် ရမှာပေါ့” ဟု ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား ထိုင်းအစိုးရမှ ပြန်လည် ဖွင့်လှစ်ချင်သော်လည်း မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးကြရာတွင် အဆင်မပြေဖြစ်ကာ နယ်စပ်ဂိတ် အချို့အား ယနေ့အထိ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။

တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ် ဖြတ်သန်းခွင့်ထုတ်ပေးသော နေရာ

ထိုင်းနိုင်ငံသို့ Border Pass ဖြင့် သွားရောက် လုပ်ကိုင်လိုသည့် မြန်မာ အလုပ်သမားအသစ်မှာ ၅၀၀၀၀(ငါးသောင်း)နီးပါးခန့် ရှိကြောင်း၊ ကိုဗစ်ကြောင့် ထိုင်းနိုင်ငံ နယ်စပ်တွင် ပိတ်မိနေခဲ့သည့် Border Pass မြန်မာအလုပ်သမားများမှာ ၁၀၀၀၀၀ (တစ်သိန်း) ကျော်ရှိကြောင်း သိရသည်။

Border Pass ဖြင့် လာရောက် လုပ်ကိုင်မည့် သူများသည် တစ်ဦးလျှင် Work permit သုံးလ (ရက် ၉၀) ရရှိပြီး တစ်လ တစ်ကြိမ် ဆေးစစ်ရကြောင်း၊ သုံးလ ပြည့်သွားပါက မိမိနေရပ်သို့ တစ်ပတ်ခန့် အပြန် ပြရကြောင်း၊ ထိုသို့ အပြန်ပြပြီးနောက် ထပ်မံပြန်ဝင်၍ရကြောင်း သိရသည်။

Border Pass ဖြင့် အလုပ်လုပ်ကိုင်ရာတွင် အလုပ်သမား အခွင့်အရေး အပြည့်အဝ မရှိခြင်း၊ ချိုးဖောက်ခံရခြင်း၊ ခေါင်းပုံဖြတ် ခြင်း စသည်တို့ ကြုံတွေ့ရနိုင်ကြောင်း ထိုင်းတွင် အလုပ်သမားအ‌ရေး ဆောင်ရွက်နေသည့် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်‌အောင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုနိုင်အောင်အောင်က “အလုပ်သမား အခွင့်အရေးကတော့ ထိုင်းနိုင်ငံ ဥပဒေမှာကျတော့ ပြောပြီးသားပဲလေ။ ထိုင်းနိုင်ငံမြေ ကို လာနင်းလိုက်တာနဲ့ ဘယ်လုပ်ငန်းရှင်မဆို အလုပ်သမားတစ်ယောက်ကို အလုပ်ခိုင်းတဲ့ အခါကျတော့ ထိုင်းနိုင်ငံ အခြေခံ ဥပဒေ လုပ်ခလစာကို ပေးကိုပေးရမယ်။ သို့သော်လည်း တချို့သော လုပ်ငန်းရှင်တွေက အထောက်အထားတွေကို ကြည့်ပြီးမှ လုပ်ခလစာတွေ အပြည့်အဝ မပေးတာတို့၊ အထောက်အထားတွေ ကြည့်ပြီးတော့မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ တို့ ဒါတွေလည်း တွေ့ရတာပေါ့။ ဒါတွေက ဥပဒေအတိုင်း ပေးစရာမလိုဘူး ဘာညာလုပ်ပြီးတော့ လာဘ်စားတာတို့၊ ချိုး ဖောက်တာတို့ ရှိတယ်” ဟု ပြောသည်။

Border Pass ဖြင့် သွားရောက် အလုပ်လုပ်ကိုင် မည်ဆိုပါက အဆိုပါ နိုင်ငံက သတ်မှတ်ထားသည့် နယ်မြေများမှလွဲ၍ အခြား နယ်မြေများသို့ ကျော်လွန်ပြီး အလုပ်လုပ်ခွင့် မရှိကြောင်း သိရသည်။

ကိုသားကြီးက“နှစ်နိုင်ငံ နယ်စည်းခြားထားတဲ့ နေရာကနေ ကီလို ဘယ်လောက်ပေါ့။ ဥပမာ မိုင် ဘယ်လောက်ဆိုပြီး သတ် မှတ် ထားတယ်။ ဘယ်ခရိုင် ဘယ်မြို့နယ်အထိပဲ ဆိုတာကို သတ်မှတ်ထားတယ်။ အဲဒါကို ကျော်လွန်ပြီးတော့ သွားမယ် ဆိုရင်တော့ လုပ်လို့မရဘူး။ ပြောချင်တာက မြဝတီ-မဲဆောက် နယ်စပ်မှာ အလုပ်လုပ်မယ့် မြန်မာပြည်သူတွေဟာ မဲဆောက် တံတား မဖွင့်သေးဘူး။ လူကူးသန်း သွားလာလို့ မရသေးဘူးဆိုရင်လည်း ဒီမှာ အလုပ်လုပ်ဖို့အတွက် အခြားနယ်စပ်ကနေ Border Pass နဲ့ဝင်လို့ မရဘူးဆိုတဲ့ အကြောင်းကိုလည်း ပြောချင်တယ်”ဟု ပြောသည်။

လက်ရှိတွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များထဲကမှ ကော့သောင်း-ရနောင်း ဂိတ်ကိုသာ လူအဝင်/အထွက် ပြုလုပ်ခွင့် ပြုထားပြီး ကျန်ဂိတ်များမှာ ပိတ်ထားခြင်းနှင့် ကုန်သွယ်ခြင်းတို့သာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုရီးယားသို့ E9 visa ဖြင့် သွားရောက်လုပ်ကိုင်သူများ လုပ်ငန်းခွင် ပြောင်းခွင့်မရသည့် အခက်အခဲရှိ

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s

မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းဆီးရရှိမှု နှစ်စဉ် လျော့ကျနေ

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s

စီးပွားရေး အကျပ်အတည်းကူညီရန် သီရိလင်္ကာသို့ အိန္ဒိယက သွားရောက်ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42

Page 38 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar