CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အေဂျင်စီတချို့၏ လိမ်ခေါ်မှုကြောင့် ဒူဘိုင်းမှာ မြန်မာအလုပ်သမားများ ဒုက္ခရောက်နေ

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s
ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့ ဒေါ်လာ-မြန်မာ ငွေလဲလှယ်

နိုင်ငံခြားငွေကို ထိန်းချုပ်ခြင်းက ပို့ကုန်၊ သွင်းကုန်များ ရေရှည်တွင် ကျဆင်းလာနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1850

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

နိုင်ငံတော်အစိုးရက နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ထိန်းချုပ်မှုတွင် မှန်ကန်သည့် ထိန်းချုပ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ထိန်းချုပ် ကန့်သတ်ထားခြင်းကြောင့် လက်ရှိတွင် ဆိုးရွားသည့် အခြေအနေ မရှိသေးသော်လည်း ရေရှည်တွင် ပို့ကုန်တင်ပို့မှု ကျဆင်းသွားနိုင်သည်ဟု မြန်မာ့စီးပွားရေးလေ့လာသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပပို့ကုန် လုပ်ငန်းများမှ ဝင်‌ရောက်လာသည့် အမေရိကန် ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် တစ်ရက်အတွင်း မြန်မာကျပ် ငွေနှင့် လဲလှယ်ရမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပြီးနောက် မြန်မာနိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်လုပ် ငန်းများ အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက “ဒေါ်လာကို လွှတ်ပေးလိုက်လို့ရှိရင် အခြေအနေက ဒီထက်ပိုဆိုးမယ်။ ဒါပေမယ့် ထိန်းတာလည်း မှန်မှန်ကန်ကန် ထိန်းဖို့တော့ လိုတာပေါ့။ အခုဟာက Export သမားက စိတ်ပျက်လာပြီ ဒီလိုထိန်းတဲ့ အတွက်။ သူတို့ ထင်သလောက် အမြတ်မရဘူး အမြတ်မရတော့ ကိုယ့်နိုင်ငံက မပို့နိုင်ဘူး။ မပို့နိုင်တော့ Export ကို ထိတာ ပေါ့လေ။ Long term မှာ လျော့သွားတာပေါ့၊ Short term မှာတော့ ဒီ Transition က ဘာမှ လုပ်မရဘူး။ ဒါပေမယ့် Long term မှာ ရှာတော့မယ်လေ ကယ်ပေါက်။ အရင်တုန်းကလည်း အဲလိုပဲ ထိန်းတာလေ။ ထိန်းတော့ ကယ်ပေါက်ရှာမယ်။ ဒီကို အကုန် ပြန်မပို့ဘူး။ ပြန်ပို့တဲ့ Exporter တွေကိုကျတော့ တအားထိန်းချုပ်ပြီး လည်ပင်းညှစ်ထားတယ်။ မပို့ရင် သူတို့ကို လိုင်စင် ပိတ်မယ် ပုံစံမျိုး။ နောက်ကျ ဘာဖြစ်သွားမလဲဆိုတော့ ၁၀၀ ပို့တယ် ၁၀၀ မပြတော့ဘူး ၅၀ ပဲပြမယ်။ ၅၀ ကို အပြင် မှာထားမယ် ဒါမျိုးတွေ လာမှာလေ။ အဲဒါမျိုးတွေကြောင့် ဒေါ်လာအဝင်ကျမယ်။ အလားတူပဲ Export သမားက သူမကိုက် တော့ဘူး ဆိုလို့ရှိရင် ကိုယ်က တွက်ထားတာက ၂၀၀၀ ဈေးနဲ့ တွက်ပြီးတော့ လုပ်ငန်း လုပ်နေတယ်။ ဒါပေမယ့် တကယ် ဝင်တဲ့ဟာက ၁၈၅၀ ဆိုတော့ သူ့အတွက် အရှုံးပြရင်ပြမယ်။ အဲတော့ Export သမားကလည်း ရပ်သွားမယ်။ အဲနှစ်မျိုးနဲ့ Export က ‌ Long term မှာ ကျသွားနိုင်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်း

ထို့နောက် ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူများသည် ပို့ကုန်တစ်မျိုးတည်းကိုသာ လုပ်ဆောင်နေကြခြင်း မဟုတ်ဘဲ သွင်းကုန် လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ထို့ကြောင့် ပို့ကုန်တင်ပို့ရာတွင် ရရှိထားသည့် နိုင်ငံခြားငွေကို ၁၈၅၀ ကျပ်နှုန်းထားဖြင့် မြန်မာကျပ်ငွေ လဲလှယ်ရသော်လည်း နိုင်ငံခြားငွေကို ပြန်လည်ဝယ်ယူရာ၌ ထိုဈေးနှုန်းဖြင့် မရဘဲ ၂၀၀၀ ကျပ် ဝန်းကျင်ဖြင့် ဝယ်ယူနေရသည့်အပြင် ဝယ်ယူရ ခက်ခဲမှုများ ရှိနေသည်။

ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်

ဧရာကုန်သွယ်မှုဗဟိုဌာန၏ တာဝန်ခံ ဦးနေဝင်းစိုးက “ပို့ပြီးတော့ ရလာတဲ့ ပိုက်ဆံကို မြန်မာငွေနဲ့ ချက်ချင်း လဲလိုက်ရတာ လေ။ အဲတော့ ကုန်သည်အနေနဲ့က တွက်ခြေ ကိုက်အောင် ဆိုပြီးတော့ ပို့လည်းပို့မယ် ပို့ပြီးတော့ ရလာတဲ့ ပိုက်ဆံကို ချက်ချင်း မလဲဘဲနဲ့ ဟိုဘက်ကနေ ပစ္စည်းယူပြီးတော့ ပြန်တင်သွင်းမယ်ဆိုပါဆို့။ ဟိုဘက်ကနေ ပစ္စည်းရောင်း လိုက်တယ်။ ဒေါ်လာတွေ ရလာတယ်။ ‌ဒေါ်လာကို ဒီဘက်ရောက်လို့ရှိရင် မြန်မာငွေနဲ့ ချက်ချင်းလဲရတယ် ၁၈၅၀ နဲ့။ အဲတော့ ကုန်သည်က အဲလို အဖြစ်မခံနိုင်ဘူး။ အဲလို အဖြစ်မခံနိုင်တဲ့အတွက် ဟိုဘက်မှာရတဲ့ ဒေါ်လာကို ငွေကြေးအနေနဲ့ ပြန်မယူဘဲနဲ့ ပစ္စည်း အနေနဲ့ တင်သွင်းမယ်ဆိုပါဆို့။ အဲဒါကျတော့ ဘာဖြစ်နေလဲဆို ဒီမှာက သွင်းကုန်ပါမစ်ကို ကန့်သတ်ထား ပြန်ရော။ သွင်းကုန် ပါမစ်ကို ချကို မပေးဘူး။ ၁၀ စောင်တင်မှ ၁ စောင်လောက်ပဲ ချပေးတာ။ အဲလိုမျိုး ကုန်သည်အနေနဲ့ တင်ပို့လိုက်တယ် ရလာ တဲ့ ပိုက်ဆံကို ဒေါ်လာကို မြန်မာငွေနဲ့ ချက်ချင်း ပြန်လဲရတယ်။ ပြီးလို့ရှိရင် ကိုယ်ပြန် တင်သွင်းချင်တဲ့ အခါကျတော့ ဒီမြန်မာ ငွေနဲ့ ဒေါ်လာ ပြန်ဝယ်ဖို့ကျတော့ အဆင်မပြေပြန်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ပြည်ပမှ ဝင်ရောက်လာသည့် နိုင်ငံခြားငွေများကို တစ်လ ကိုင်ဆောင်ထားခွင့် ပြုသော်လည်း လက်ရှိတွင် တစ်ရက် အတွင်း လဲလှယ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒူဘိုင်းရောက် မြန်မာအလုပ်သမားများ

အေဂျင်စီတချို့၏ လိမ်ခေါ်မှုကြောင့် ဒူဘိုင်းမှာ မြန်မာအလုပ်သမားများ ဒုက္ခရောက်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 6041

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းဘက်မှ အေဂျင်စီတချို့၏ လိမ်လည်ခေါ်ယူမှုကြောင့် မြန်မာအလုပ်သမားများသည် ဒူဘိုင်းတွင် ဒုက္ခရောက်နေကြကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် Labor Right Promoters အဖွဲ့မှ ဒုဥက္ကဋ္ဌ ကိုစိုင်းယုမောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာအလုပ်သမားများအား အလုပ်ရပြီဟုဆိုကာ အလည်ဗီဇာဖြင့် ခေါ်ယူ၍ ဒူဘိုင်းသို့ ရောက်ရှိချိန်တွင် အလုပ်မှာ အမှန် တကယ် မရရှိသေးသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ဒုဥက္ကဋ္ဌ ကိုစိုင်းယုမောင်က “ပြောတုန်းကတော့ ဒူဘိုင်းကို ခေါ်တယ်။ တကယ်တမ်း ဒူဘိုင်းရောက်တဲ့ အခါကျတော့ အလုပ် က မရှိဘူး။ လုံးဝကို ရှာမရဘူး ဒူဘိုင်းက။ နှစ်လ သုံးလလောက်ကြာတယ်။ ဒူဘိုင်းမှာ သောင်တင်နေတာ။ ဘယ်မှလည်း သွားမရဘူး။ အခန်းတစ်ခန်းထဲမှာ သူတို့ကို ပိတ်လှောင်ထားတယ်။ သော့ခတ်ထားတယ်၊ အပြင်ထွက်မရဘူး။ ပတ်စပို့စ်တွေ သိမ်းထားတယ်။ အဲဒီလိုမျိုးတွေ လုပ်ထားတယ်ပေါ့။ နောက်ပြီး သူတို့က မီးဖိုချောင်ခန်းကို သော့ခတ်ထားတဲ့ အခါကျတော့ ချက်ပြုတ်စားသောက်ဖို့ ရေတွေ မရှိတဲ့အခါကျတော့ Toilet က ရေပူကို ယူပြီးတော့မှ ‌ခေါက်ဆွဲတွေ ပြုတ်စားရတယ်။ အဲဒီ လိုမျိုး အဆင့်ထိ ရှိတယ်။ ပွဲစားအိမ်မှာပဲ နေရတာ သူတို့က။ အဲဒီပွဲစားအိမ်မှာပဲ အလုပ်တွေ လုပ်နေရတာ။ အဲဒီပွဲစားအိမ်မှာ ရှိတဲ့ သန့်ရှင်းရေးတွေ လုပ်ရတယ်။ အပေါ်ထပ် အောက်ထပ် အဲဒီလိုမျိုးတွေ။ ဒါပေမယ့် အဲဒီအတွက်ကို တစ်လ၊ နှစ်လ အတွက်ကို ပိုက်ဆံ မပေးထားဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒူဘိုင်းမြို့ကို တွေ့ရစဉ်

မြန်မာဘက်မှ အေဂျင်စီနှင့် ဒူဘိုင်းဘက်မှ အေဂျင်စီတို့ ချိတ်ဆက်ပြီး ယခုကဲ့သို့ ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ဒုက္ခ ရောက်နေသည့် မြန်မာအလုပ်သမားများထဲတွင် ကရင်တိုင်းရင်းသား အများစု ဖြစ်ကြောင်း၊ တချို့ အလုပ်သမားများသည် ဖုန်းများပါ အသိမ်းခံရကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် ဒူဘိုင်းမှ ပွဲစားများထံတွင် ၂ လခန့် လုပ်ကိုင်ပြီးနောက် ဒူဘိုင်းမြို့တွင် မဟုတ်ဘဲ ယူအေအီး နိုင်ငံအတွင်းထဲမှာပဲရှိသည့် အိုမန်မြို့တွင်သာ အိမ်ကူ အလုပ်ရရှိသဖြင့် အပို့ခံရကြောင်း၊ စားသောက်ရေး အဆင်မပြေသည့် အပြင် အလုပ်ချိန်သည် တစ်နေ့လျှင် ၈ နာရီထက် ပို၍ အလုပ်လုပ်ကိုင်ရကြောင်း သိရသည်။

ထိုအခြေအနေ အရပ်ရပ်တို့ကြောင့် မြန်မာအလုပ်သမား အများအပြားသည် နေရပ် ပြန်လာချင်ကြသော်လည်း ပြန်မည်ဆိုပါ က သိန်း ၁၀၀ ခန့် လျော်ကြေးပေးရမည်ဟု တောင်းဆိုမှုများရှိကြောင်း သိရသည်။

ဒုဥက္ကဋ္ဌ ကိုစိုင်းယုမောင်က “ရချင်လို့ သွားပါတယ်ဆိုမှ ဒီကနေ အတိုးတွေနဲ့ ယူသွားတာ။ တကယ်တမ်း ဟိုရောက်တော့ ဘာမှလည်း အဆင်မပြေဘူး။ ထိုင်းနိုင်ငံလောက်တောင် လစာ မကောင်းဘူး။ အိုမန် ဆိုရင်လည်း ၁၂၀( မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) ပဲရတယ်။ ၁၁၀ ပဲ ပေးတဲ့လူလည်း ပေးတယ်။ အဲခါကျတော့ လေးသိန်း၊ ငါးသိန်း ဒီလောက်ပဲရတာ။ ကိုယ့် မြန်မာရဲ့ နယ်စပ် ထိုင်းနိုင်ငံလောက်တောင် လစာက မကောင်းဘူး။ ပြီးတော့ ခိုင်းတာကျတော့ တကယ့် နန်းတော်ကြီးတို့လို ပဲ အကြီးကြီးတွေ ဆောက်ပြီး အဲဒီဟာကြီးတွေလုပ်တော့ အဲဒီမှာ သန့်ရှင်းရေးတွေလုပ်၊ ရှိသမျှ အဝတ်တွေလျှော်။ ဒီက အေဂျင်စီတွေက ပြောတုန်းကတော့ အဝတ်လျှော် တစ်ခုတည်းပဲ။ ကလေးထိန်းဆို ကလေးထိန်း တစ်ခုတည်းပဲ ပြောတာ။ တကယ် ဟိုဘက်ရောက်တဲ့ အခါကျတော့ အဲဒါတွေ မဟုတ်တော့ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒူဘိုင်းမြို့မှာ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားများ

လက်ရှိတွင် မြန်မာနိုင်ငံသား တချို့သည် ယူအေအီးနိုင်ငံ ဒူဘိုင်းသို့ အိမ်အကူ၊ သူနာပြု၊ စက်ရုံ/အလုပ်ရုံ စသည် နေရာများ တွင် အလုပ်လုပ်ကိုင်ရန် သွားရောက်မှု များပြားလျက်ရှိသည်။

အေဂျင်စီများ အနေဖြင့်လည်း ဒူဘိုင်းတွင် ချက်ချင်း အလုပ်ရနိုင်ကြောင်း၊ အင်္ဂလိပ်စကား ပြောတတ်ရန် မလိုကြောင်း၊ အလုပ်များ ပေါများကြောင်း စသဖြင့် မက်လုံးများပေး၍ မြန်မာအလုပ်သမားများအား စည်းရုံးကာ စေလွှတ်နေကြောင်း သိရသည်။

ဒူဘိုင်းသို့ အေဂျင်စီများဖြင့် သွားရောက်ပါက တစ်ဦးလျှင် သိန်း ၄၀ ဝန်းကျင် ကုန်ကျကြောင်း၊ မိမိဘာသာ အလည်ဗီဇာဖြင့် သွားရောက်ပါက အကုန်အကျ နည်းသော်လည်း အင်္ဂလိပ်စာ အခြေခံ ပြောတတ် ဆိုတတ် ရန်လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ မတည်ငြိမ်သည့် ကာလတွင် ယူအေအီးနိုင်ငံသို့ မြန်မာများ လာရောက်မှုသည် များပြားလာကြောင်း၊ ထို့နောက် အေဂျင်စီများ၏ လိမ်လည်မှုများကြောင့် ဒုက္ခရောက်ကာ သောင်တင်နေသည့် မြန်မာအလုပ် သမား အများအပြားလည်း ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် လူမှုစီးပွား ထိခိုက်လာ

By CNI
CNI
Category: Watch TV
Hits: 639

Share
Tweet
Share
Share
powered by social2s

စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် လူမှုစီးပွား ထိခိုက်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 1891

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းသည် လွန်ခဲ့သည့် ၂ နှစ်က ဈေးနှုန်းထက် ၃ ဆနီးပါး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး များကို ကျဆင်းစေသည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုများပါ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ရွှေဈေးအပြောင်းအလဲများသည် အခြေခံပြည်သူလူထုကို တိုက်ရိုက်ထိခိုက်စေသည့် အခြေအနေ မဟုတ်သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးနှုန်းမတည်ငြိမ်ခြင်းနှင့် ဝယ်ယူရခက်ခဲခြင်းများသည် အခြေခံပြည်သူလူထု တစ်ရပ်လုံးအပေါ် တိုက်ရိုက် သက်ရောက်နေသည့်အနေအထား ဖြစ်နေသည်ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

“ဒေါ်လာဈေးတက်တယ် ဒေါ်လာဈေး မငြိမ်ဘူးဆိုတာက ဒါတွေက အပေါ်ပိုင်းမှာ ပိုပြီး ထိခိုက်တာ။ တဆင့် တဆင့်ကျမှ အောက်ပိုင်းကို ရောက်လာတာ။ ရွှေဈေးနှုန်းတက်တယ်ဆိုတဲ့ကိစ္စက ဒါလည်းပဲ ရွှေဈေးနှုန်းကို ကစားနေတဲ့သူတွေ အပေါ်မှာပဲ သက်ရောက်တဲ့သဘော။ စက်သုံးဆီဆိုတဲ့သဘောကျတော့ အခြေခံလူတန်းစား ကို တပြိုင်နက်တည်း ထိတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစက်သုံးဆီကိုပဲ အသုံးပြုပြီး သွားလာလှုပ်ရှားရတယ်။ စက်သုံးဆီကိုပဲ သုံးပြီး သယ်ယူပို့ဆောင်ရတယ်။ ဒါတွေက နေ့စဉ်လူတွေရဲ့ နေ့စဉ်မှာ စက်သုံးဆီက မပါမဖြစ် ဖြစ်နေတယ်။ ငွေကြေးတက်တယ်၊ ငွေကြေးဖောင်းပွတယ်ဆိုတာက ဒါတွေက တဖြည်းဖြည်းမှ အောက်ကို ကျလာတာ။ စက်သုံးဆီရဲ့သက်ရောက်မှုက တိုက်ရိုက်ကို ထိတာ။ အခြေခံလူတန်းစားကို အရင်ထိတာ” ဟု ပြောသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုသည် မြန်မာနိုင်ငံ၏ အဓိက အားထားရာလုပ်ငန်းတစ်ခုဖြစ်သည့် စိုက်ပျိုးရေး လုပ်ငန်းပိုင်းတွင်လည်း ထိခိုက်မှုဖြစ်ပေါ်နေပြီး စိုက်ပျိုးထုတ်လုပ်မှုများ လျှော့ချလာရခြင်းကြောင့် အထွက်နှုန်း များသည်လည်း လျော့ကျလာနေသည်ဟု တောင်သူများ၏ ပြောဆိုချက်များအရ သိရသည်။

ဒါ့အပြင် ယခင်ကထက် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း တောင်သူများ ထုတ်လုပ်ထားသော ကုန်စည်များသည် စက်သုံးဆီဈေးနှုန်းမြင့်တက်သည့်အတိုင်း ဈေးနှုန်းရရှိမှု မရှိဘဲ ယခင်ဈေးနှုန်းများဖြစ်နေခြင်း ကြောင့် လက်ရှိတွင် အကျိုးအမြတ်ရရှိမှု နည်းပါးနေသည်ဟု ပြောင်းစိုက်တောင်သူတစ်ဦးဖြစ်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

“တောင်သူတွေအပိုင်းမှာတော့ ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲဆိုတော့ အများကြီးပဲ။ ကိုင်းလုပ်ကြတဲ့ သူတွေကတော့ စက်နဲ့လုပ်တာများတယ်။ ဆီက ဘယ်ဟာပဲလုပ်လုပ် ဆီကို အသုံးပြုရတာဆိုတော့ ဒီ ဆီဈေးတွေ ဒီလောက်ထိ မြင့်တက်နေတာ နောက်နှစ် နောက်နှစ်တွေမှာ ဒီလို ကိုင်းက ထွက်တဲ့ဟာတွေ အကျိုးအမြတ်က ရသင့်သလောက် မရမှာတော့ အသေအချာပဲ။ ပြောင်းဈေးကလည်း အခုဆိုရင် အမြင့်ဆုံးဈေး။ ဒီထက်တက်ဖို့ ဆိုတာ ကမ္ဘာ့ဈေးနဲ့ဆို ဒီထက်တက်ဖို့ မမြင်တော့ဘူးလေ။ ဆီကမကျဘဲ ဒီထက်တက်တက်လာရင် တချို့ဆို ဝယ်တဲ့နေရာမှာ အခက်အခဲတွေလည်းရှိတော့ သုံးရပြုရမှာ တော်တော်ကို မလွယ်တဲ့ပုံစံရှိတယ်” ဟု ပြောသည်။

စက်သုံးဆီနှင့်ပတ်သက်သည့် ရိုက်ခတ်မှုသည် ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်လျက်ရှိနေပြီး နိုင်ငံတချို့တွင် အစားအစာ ပြတ်လပ်သည်အထိ ကြုံတွေ့နေရသည်။

ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက “ဆိုးတော့ ဆိုးရွားသွားမယ်။ ဒါပေမယ့် မြန်မာပြည်ကတော့ အလယ်အလတ် ပေါ့။ ထိပ်ဆုံးကနေ ရိုက်ခတ်မယ့် အထဲမှာတော့ မပါဘူး။ အလယ်အလတ်လောက်အထဲမှာ ပါတာပေါ့နော်။ အခု အာဖရိကတို့ဆို တော်တော်ဆိုး နေပြီ။ အစားအစာ ငတ်ပြတ်နေပြီပေါ့နော်။ အစားအစာ shortage ကြောင့် မဟုတ်ဘူး။ Transportation shortage ပါမယ်။ ဆိုတော့ မြန်မာပြည်ကျတော့ အစားအစာ shortage ကျတော့ မရှိဘူး။ စက်သုံးဆီ ရိုက်ခတ်မှုကြောင့် Transportation shortage ဖြစ်နိုင်တယ်။ ဖြစ်လို့ရှိရင် ဒုတိယရိုက်ခတ်မှု ကတော့ မြန်မာပြည်ပါလာနိုင်တယ်” ဟု CNI သို့ ပြောသည်။

လက်ရှိ စက်သုံးဆီဈေးနှုန်းများသည် ဒီဇယ်တစ်လီတာကို ၂၆၀၀ နီးပါး ဖြစ်ပေါ်နေပြီး ကျေးလက်ဒေသများတွင် ၃၀၀၀ နီးပါးအထိ ရောက်ရှိနေသည်။
ကျေးလက်ဒေသရှိ စက်သုံးဆီဆိုင်များသည် ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီထုတ်ရာတွင် ခွဲတမ်းရရှိမှု လျော့နည်းနေသည့်အတွက် သယ်ယူရန် အခက်အခဲရှိနေခြင်းကြောင့် သွားရောက်ထုတ်ယူခြင်း မပြုလုပ်နိုင်ကြ ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ခွဲတမ်း မထုတ်ဘူးဆိုတာက သူတို့ပေးတာက ဆိုင်တစ်ဆိုင်ကို လီတာ ၄ ထောင်ပဲ ပေးတယ် အလယ်အလတ် ဆိုင်။ ဆိုင်အငယ်ဆို လီတာ ၁၉၀၀ ပဲပေးတယ် ဆီတစ်မျိုးကို။ ဘောက်ဆာတစ်စီးက ဆီက လီတာ ၁၄၅၀၀ ဆန့်တယ်။ လီတာ ၄ ထောင်ကို ဘောက်ဆာနဲ့ တန်းစီဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲဒါကြောင့်မို့ မထုတ်တာ။ ကိုယ်လိုချင်တဲ့ အရေအတွက်မရဘူး။ လိုချင်တဲ့ အရေအတွက်ဆိုတာ ကားတစ်စီးစာအတွက်ရမှ အဆင်ပြေမှာကို။ ကားတစ်စီးငှားမယ်။ ဆီကို ရန်ကုန်က သီလဝါက ထုတ်မယ်။ နယ်ကို လာမယ်ဆိုရင် ကားတစ်စီး ငှားရတော့မယ်။ အဲကားတစ်စီးကို လီတာ ၄ ထောင်နဲ့ လာလို့မရဘူးလေ။ အဲဒါကြောင့် မထုတ်ဖြစ်ကြတာများတယ်” ဟု ပြော သည်။

လက်ရှိ မြန်မာနိုင်ငံ၏ စက်သုံးဆီရိုက်ခတ်မှုကို ကုစားနိုင်ရန်အတွက် စီးပွားရေးပညာရှင်များက နိုင်ငံတော် အစိုးရ ကို ရှရှားနှင့် အိန္ဒိယထံမှ ဝယ်ယူရန် အကြံဉာဏ်ပေးသော်လည်း ထောက်ပံ့မည့်ပစ္စည်းကိရိယာ ပြည့်စုံမှု မရှိခြင်း ကြောင့် မဖြစ်နိုင်ဟု စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခုက အကြံပေးနေတာကတော့ ဒီအချိန်မှာ ရှရှားဆီက ရေနံကို အောက်ဈေးနဲ့ နှိုက်လို့ရတယ်။ အိန္ဒိယကလည်း နှိုက်။ အဲလိုတော့ အကြံပြုထားတာ ရှိတယ်။ ဒါပေမယ့် သိပ်တော့ မထင်ပါဘူး။ ကိုယ့်မှာ အဲဒါဟာကို retry လုပ်ဖို့ အတွက် facilities အပြည့်အစုံမှ မရှိတာ။ ဆိုတော့ လောလောဆယ် ဒီလိုပဲ သွားနေမှာပဲ။ ဒီလိုပဲ သွားနေတာကို ထိန်းနေရမှာပေါ့နော် အစိုးရကလည်း” ဟု ပြောသည်။

အစိုးရမှ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းကို ကန့်သတ်လိုက်ခြင်းကြောင့် နိုင်ငံခြားငွေဈေးနှုန်းများသည် အစိုးရထံ ‌ရောင်းချသည့်အခါ ၁၈၅၀ ကျပ်ဖြင့် ရောင်းချကြရပြီး ပြန်လည်ဝယ်ယူသည့်အခါတွင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရခြင်းကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်း၊ ဝယ်ယူရခက်ခဲခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု စက်သုံးဆီဈေးကွက် လေ့လာသူများက သုံးသပ်ကြသည်။

စက်သုံးဆီဈေးနှုန်းများသည် ယခင် ၂၀၂၀ ခုနှစ်၌ ဒီဇယ်တစ်လီတာလျှင် ကျပ် ၅၄၀ ဝန်းကျင်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ကျပ် ၅၇၀ နီးပါးသာ ရှိခဲ့သည်။

သို့သော် လက်ရှိတွင် ဒီဇယ် တစ်လီတာကို ၂၅၆၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာကို ၂၅၇၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လျက် ရှိသည်။

 

 

Share
Tweet
Share
Share
powered by social2s

ပြည်ပထွက်မည့် ရွှေ့ပြောင်းအလုပ်သမားများ နစက၏ OWIC ကတ် မဖြစ်မနေ လိုအပ်

By CNI
CNI
Category: စီးပွားရေး
Hits: 3566

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နစက လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) မဖြစ်မနေ လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

OWIC ကတ် မဖြစ်မနေ လိုအပ်ရခြင်းမှာ ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက လေဆိပ်၊ နယ်စပ်ဂိတ်တို့တွင် ထိုကတ်ပါရှိမှသာ ပြည်ပသို့ သွားရောက်နိုင်မည်ဟု နစက၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတွက်ကြောင့် ဖြစ်သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက “ပြည်တွင်းထဲမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေက သူတို့ခွင့်ပြုချက်ရမှ၊ သူတို့ထုတ်ပေးတဲ့ကတ်ပြားကို လုပ်မှ ထွက်ရမယ်။ သေချာပေါက် OWIC ကတ်ကို သေချာပေါက် လုပ်ရမယ်။ ရွှေ့ပြောင်းသွားလာမယ့် ပြည်သူထဲက ပြည်သူတွေက သူတို့မှာ ဘာဩဇာ အာဏာမှမရှိဘူး။ မိသားစုရဲ့ စားဝတ်နေရေးအတွက်၊ သူတို့ဘဝရှေ့ရေးအတွက် ရုန်းကန်ရတဲ့နေရာမှာ ဒီဂိတ်ကို ဖြတ်ဖို့အတွက် ဒီကတ်လုပ်ဆိုရင် သူတို့က လုပ်ကိုလုပ်ရမှာပဲ။ တရားတာ၊ မတရားတာဆိုတာ တစ်ယောက်ချင်း ရင်ဘတ်ထဲမှာ သိတယ်။ သို့သော် မတရားရင်လည်း သူတို့က ဒီက ထွက်ရဖို့အတွက်ကို ဒီကတ်ပြားကိုတော့ သေချာပေါက် လုပ်ရမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တခြားတစ်ဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနကလည်း ပြည်ပအလုပ်အကိုင် အသိအမှတ်ပြုကတ် (OERC) ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

OWIC ကို သက်တမ်း ၅ နှစ်ဖြင့်ထုတ်ပေးလျက်ရှိကာ ၎င်းဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့သွားရောက်နိုင်မည်ဖြစ်ပြီး အဆိုပါ OWIC ၏ သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက ၎င်းကိုပဲ ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်/ ပြည်ထွက်များ အသုံးပြုနိုင်သည်။
လက်ရှိတွင် အဆိုပါ OWIC ကတ် လုပ်ဆောင်ရာ၌ အချိန်ကြန့်ကြာမှုများရှိကြောင်း ကတ်လုပ်ကိုင်ရန် ဆောင်ရွက် နေသည့် ကိုသိန်း(အမည်လွှဲ)က CNI သို့ ပြောသည်။

“သူတို့က သင်တန်းတက်ရဖို့အရေးကို ရှေ့မှာ ပထမတစ်ရက်ကို ဥပမာ အယောက် ၃၀ သင်တန်းပေးတယ်။ အဓိကက စမတ်ကတ် လုပ်ဖို့အတွက်ဆို သင်တန်းအရင်ပေးတယ်။ ၂ ရက်တက်ရတယ်။ အဲဒီသင်တန်းတက်ပြီး ပြီဆိုမှ သူတို့က certificate ထုတ်ပေးတယ်ပေါ့။ အဲဒီ certificate ရမှ ဟိုဘက်က အလုပ်ခန့်စာတွေဘာတွေနဲ့ စမတ်ကတ်လုပ်ဖို့ နေပြည်တော်ကို တင်ရတယ်။ အဲဒီမတိုင်ခင်မှာ သင်တန်း ၂ ရက်တက်ရဖို့ကို ဖောင်တင် ရ တယ်။ certificate ရဖို့ သင်တန်း ၂ ရက် တက်ရဖို့အရေးကို အခုဖောင်တင်မယ်ဆိုရင် အနည်းဆုံး ၂ လလောက် ကြာမှ သင်တန်းတက်ရမယ်လို့ပြောတယ်။ ရှေ့မှာ လူတွေအရမ်းများနေတယ်လို့ပြောတယ်။ OWIC က ကတ်လုပ် ရင် မကြာဘူး။ တစ်ပတ်လောက်ပဲကြာတယ်။ အဲဒီကတ်လုပ်ဖို့အရေး သင်တန်းတက်ထားတဲ့ certificate ရဖို့လုပ်ရတယ်”ဟု ၎င်းက ပြောသည်။

ဒါ့အပြင် NUG အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးမည့် OERC အား လျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင် ထားခြင်း စိစစ်တွေ့ရှိရပါက Black List စာရင်းရေးသွင်းပြီး ပြည်ဝင်၊ ထွက်ခွင့်ပိတ်ခြင်း၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းခံရကာ ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း နစက အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စကြောင့် NUG နှင့် နစကတို့၏ အလုပ်သမားဝန်ကြီးဌာန နှစ်ခုအကြား ပြည်ပသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အကျပ်ရိုက်စေပြီး အခက်အခဲဖြစ်စေကြောင်း အလုပ်သမား အရေးဆောင်ရွက်နေသူများနှင့် ‌ရွှေ့ပြောင်းအလုပ်သမားများအကြား ‌ပြောဆိုနေမှုများ ရှိသည်။

ကိုသားကြီးက “NUG အစိုးရက တာဝန်ယူထားတဲ့ အလုပ်သမားဝန်ကြီးဌာနက ဘယ်လောက်ထိ လုပ်ပေးနိုင်မှာ လဲ။ ဘယ်အထိကို ကူညီပေးနိုင်မလဲ။ ဆိုလိုတာက ပြည်တွင်းထဲမှာရှိတဲ့ ပြည်ပထွက်မယ့် အလုပ်သမားတွေ တစ်ဦးချင်းစီရော မိမိတို့ဌာနက ဒီကတ်ပြားကို လုပ်ပေးနိုင်ပါ့မလား။ အဲဒါမျိုးတွေ ရှိတယ်။ နည်းနည်းတော့ ပြောရခက်တယ်။ လွန်ဆွဲနေသလိုဖြစ်နေတယ်။ NUG အလုပ်သမားဝန်ကြီးဌာနကတော့ သိပါတယ်။ ဘာပဲ ဖြစ်ဖြစ် စကစကို ဖြတ်ရမယ်၊ ကလေးတွေအတွက် အန္တရယ်ရှိတယ်။ ဟိုဘက် စမတ်ကတ်ကို လုပ်ရမယ်ဆိုတာ လည်း သိတယ်။ အလုပ်သမားအများစုနားလည်အောင် ပြောရရင်တော့ ပြည်ပမှာပဲ NUG အလုပ်သမားဝန်ကြီး ဌာနက အထောက်အထားမဲ့တွေကိုရော သက်ဆိုင်ရာနိုင်ငံရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပူးပေါင်းပြီးတော့ အလုပ်သမားအရေးကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဒီကတ်ပြားကို ထုတ်ပေးလိမ့်မယ်လို့ ကျနော့်အနေနဲ့ ထင်တယ်”ဟု ပြောသည်။

၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမား စာရင်းရရှိနိုင်ရေး၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်များကို ပေးဆောင်စေပြီး နိုင်ငံတော်အတွက် ဝင်ငွေရရှိစေရေးအပြင် အလုပ်သမားများ အခက်အခဲပြဿနာဖြစ်၍ အကူအညီတောင်းခံလာပါက ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် အဆိုပါကတ်ကို ထုတ်ပေးခြင်း ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လယ်ယာလုပ်ငန်းခွင်၌ နွားများကို ပြန်လည်အသုံးပြုမှု များပြားလာ

By CNI
CNI
Category: Watch TV
Hits: 713

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးမတည်ငြိမ်မှုက လူငယ်များကို နိုင်ငံခြားသွားရန် တွန်းအားပေးနေ

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s

ATM စက်များကနေ ငွေသား ထုတ်ယူနိုင်ပြီဟု KBZ ဘဏ်ထုတ်ပြန်

By CNI
CNI
Category: စီးပွားရေး
Hits: 1504

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့ (ဇွန်လ ၉ ရက်)မှစတင်ပြီး သတ်မှတ်ထားသည့် ATM များတွင် ငွေသား ထုတ်ယူနိုင်ကြောင်း ကမ္ဘောဇဘဏ်(KBZ Bank) က ထုတ်ပြန် ကြေညာခဲ့ သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး စသည့် မြို့များရှိ KBZ ATM များတွင် တစ်ပတ်လျှင် အများဆုံး သုံးသိန်းကျပ် အား ကမ္ဘောဇဘဏ် MPU Debit(ATM ကတ်)မှ ဖြစ်စေ၊ mBanking Cardless Withdrawal ကတ်မဲ့ ငွေထုတ်ခြင်း နည်း လမ်းဖြင့် ဖြစ်စေ ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ငွေသား ထုတ်ယူနိုင်သော KBZ ATM များကို ဆက်လက် တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း၊ ဝင်သား ထုတ်ယူ နိုင်သည့် ATM စာရင်းများကိုလည်း အချိန်နှင့်တပြေးညီ ကြေညာသွားမည် ဖြစ်ကြောင်း KBZ Bank က ယနေ့ (ဇွန်လ ၉ ရက်) ထုတ်ပြန်ခဲ့သည်။

Share
Tweet
Share
Share
powered by social2s
ပုဂံဒေသက တောင်သူတစ်ဦး နွားဖြင့် လယ်ထွန်နေ

လယ်ယာလုပ်ငန်းခွင်၌ နွားများကို ပြန်လည်အသုံးပြုမှု များပြားလာ

By CNI
CNI
Category: စီးပွားရေး
Hits: 2420

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

မြန်မာနိုင်ငံ၏ ဆန်စပါးထွက်ရှိမှု အများဆုံးဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၌ စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှု ကြောင့် လယ်ယာလုပ်ငန်းခွင်များမှာ နွားများကို ယခင်နှစ်များထက် လက်ရှိတွင် ပိုမိုအသုံးပြုလာနေသည်ဟု တောင်သူများ ထံမှ သိရသည်။

ယခင်က စက်ကိရိယာများဖြင့် လုပ်ဆောင်ခဲ့သော်လည်း ယခုတွင် စက်သုံးဆီ ဈေးနှုန်းမြင့်တက်၍ ကုန်ကျစရိတ်များ သက်သာစေရန်အတွက် မိရိုးဖလာ လုပ်ငန်းစဉ်အတိုင်း နွားများကို ပြန်လည် အသုံးပြုလာကြောင်း၊ ထိုသို့ နွားများ အသုံးပြု၍ လယ်ယာလုပ်ငန်း လုပ်ကိုင်သည့်အခါ လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်ပြီး အထွက်နှုန်းကိုလည်း ထိခိုက်နိုင်ကြောင်း တောင်သူတစ်ဦးဖြစ်သူ ဦးကြည်အောင်မင်း CNI သတင်းဌာနသို့ ပြောသည်။

ဦးကြည်အောင်မင်းက “လောလောဆယ် တောင်သူတွေက ဒီနှစ်အဖို့မှာတော့ စိုက်မယ့်ဟာက သွင်းအားစုတွေက များတယ် လေ။ သွင်းအားစုတွေက များတော့ တချို့တဝက်ဆိုရင် နွားတွေနဲ့ လုပ်တဲ့အပိုင်းတွေ ပါလာပြီ စက်သုံးဆီဈေး မြင့်တက်မှု ကြောင့် နွားတွေနဲ့ လုပ်လာတာတွေ။ အဲတော့ အချိန်တွေက ကြန့်ကြာမှု ဖြစ်လာမယ်။ အဲတော့ နောက်ပိုင်း ဘာဖြစ်လာမယ် ဆိုတော့ သီးမယ့်အချိန်မှာ မသီးဘဲနဲ့ ကြန့်ကြာမှုတွေ ဖြစ်လာလို့ရှိရင် အထွက်နှုန်းတွေ အပေါ်မှာပါ ထိခိုက်မှာပေါ့။ အဲလိုမျိုး မဖြစ်အောင်က စက်ပစ္စည်းတွေ ရင်းနှီးပြီးတော့ ချပေးမယ့် အနေအထားမျိုး ရရင်တော့ ပိုပြီးတော့ တောင်သူတွေအတွက်ကို ပိုပြီး အကျိုးအမြတ် ရှိလာမယ်လို့ မြင်တယ်” ပြောသည်။
တိုးတက်လာသည့် ခေတ်စနစ်ကြောင့် နွားများကို လယ်ယာလုပ်ငန်းခွင်များ၌ အသုံးပြုမှု နည်းပါးနေပြီ ဖြစ်သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများ သုံးစွဲ ၍ ထွန်ယက်ခြင်းအစား တောင်သူများသည် နွားများအား ပိုမိုအသုံးပြုလာကြသည်။


လက်ရှိ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းနှင့် သွင်းအားစုစရိတ် မြင့်တက်နေမှုကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ကုန်ကျမှုစရိတ်များ ယခင်ကထက် အဆမတန် ပိုမိုကုန်ကျလာမည် ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူ တစ်ဦးဖြစ် သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုမင်းခိုင်က “ဒီနှစ်ဆိုရင်တော့ ကုန်ကျစရိတ်တွေက ပိုပြီးတော့ တက်လာမှာပဲလေ။ ဆီဈေးတွေ ဒီလိုတက်ပုံနဲ့ဆိုရင်။ ပထမ နှစ်တွေတုန်းက ကုန်ကျစရိတ်က အစားစားပေါ့လေ၊ မြို့နယ်အလိုက်ကို စိုက်ပုံချင်း မတူကြဘူး။ ပုံမှန်အားဖြင့်တော့ တစ်ဧက ကို ဒီလိုစက်သုံးဆီ ပုံစံမျိုးနဲ့ဆိုရင် အနိမ့်ဆုံး ၃/၄ သိန်းကတော့ တစ်ဧကကို ပိုပိုပြီးတော့ ကုန်ကျမှု ရှိသွားပြီ” ဟု ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ တိုင်းဒေသကြီး တစ်ဝက်နီးပါးလောက်မှာ လယ်ယာလုပ်ငန်းခွင်တွင် နွားများကို ပြန် လည် အသုံးပြုနေကြကြောင်း၊ အများဆုံး အသုံးပြုသည့် မြို့နယ်များမှာ ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ညောင်တုန်းမြို့နယ် တို့ဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် နွားများကို ပြန်လည် အသုံးပြုလာနေခြင်း ကြောင့် နွားဈေးကွက် အားကောင်းလာနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြည်ပနိုင်ငံသို့ သွားရောက်မည့် လေဆိပ်မှာ တွေ့ရသည့် မြန်မာနိုင်ငံသားများ

နိုင်ငံရေးမတည်ငြိမ်မှုက လူငယ်များကို နိုင်ငံခြားသွားရန် တွန်းအားပေးနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2149

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများက လူငယ် လူရွယ်များ၊ လူလတ်ပိုင်းတို့အား ပြည်ပ နိုင်ငံခြားများသို့ သွားရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြို့တိုးတက်‌ရေး ဖောင်ဒေးရှင်း(FED) မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ပတ်စပို့ ရုံးများ၌ နေ့စဉ် လူအများအပြား တန်းစီ၍ နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများအား လုပ်ဆောင်လျက်ရှိနေကြပြီး လူငယ်များမှာ ပြည်ပနိုင်ငံများသို့ သွားနေကြသည်ကို အများအပြား တွေ့ရှိလာရသည်။

ဦးထူးချစ်က “အခုသွားနေတာက ဝင်ငွေနည်းတာက တစ်ပိုင်း၊ ဒါက ပုံမှန်အားဖြင့်က ရွှေ့ပြောင်း အလုပ်သမားတွေ သွားတယ်ဆိုတာက ပြည်တွင်းမှာ အခြေခံ လုပ်အားခတွေနဲ့ အလုပ်သမား အခွင့်အရေး ကိစ္စတွေက တအား လျော့နည်းနေလို့ ကျနော်တို့ နိုင်ငံခြားသွားတယ်။ အခုကျတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေကလည်း လူငယ်၊ လူရွယ်တွေကို နိုင်ငံခြားသွား အောင် တွန်းအားတစ်ခုလို့ ကျနော့်အနေနဲ့ တွေ့ရတယ်။ အဓိကကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြေခံလုပ်အားခ လစာ ဒါက အင်မတန်မှ နည်းနေသေးတာရယ်၊ နောက်တစ်ခုက အလုပ်သမားတွေရဲ့ နစ်နာကြေးပေါ့။ တစ်စုံတစ်ရာ လုပ်ငန်းခွင် ထိခိုက်မှုတွေ ရှိလာရင် ရရှိမယ့် အကျိုးခံစားခွင့်တွေကလည်း အိမ်နီးချင်းနိုင်ငံတွေ အဓိကအားဖြင့် ထိုင်းနိုင်ငံတို့ မလေးရှား တို့ ထက်ကို လုံးဝနှိုင်းယှဉ်လို့ မရဘူး။ ဆိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေကတော့ တခြားနိုင်ငံတွေမှာ သွားလုပ်နေဦးမှာ ပဲ” ဟု ပြောသည်။

တပ်မတော် ဆန့်ကျင် ဆန္ဒပြလူငယ်များ

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေခြင်း ကြောင့် လူငယ် လူရွယ်များ၏ ဘဝ မလုံခြုံမှုများရှိလာသလို စီးပွားရေး ကျဆင်းလာခြင်းကြောင့် မိသားစု စားဝတ်နေရေး ခက်ခဲလာခြင်းကြောင့် ပြည်ပနိုင်ငံများသို့ ထွက်၍ အလုပ်ရှာဖွေမှုများ ပိုများလာခဲ့သည်။

မြန်မာနိုင်ငံမှ လူငယ်များသည် ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ တဆင့် ပြည်ပသို့ သွားရောက် အလုပ် လုပ်ကိုင်ခြင်းများ ရှိသကဲ့သို့ ပြည်ပတွင် ပညာသွားသင်သည့်သူများလည်း ရှိလာကြောင်း သိရသည်။

အလားတူ ပြည်ပသို့ မိမိအစီအစဉ်ဖြင့် သွားရောက်ကာ အလုပ်အကိုင် ရှာဖွေနေသူများလည်း အများအပြား ရှိလာကြောင်း၊ ပြည်တွင်းတွင် လုပ်ခလစာ နည်းပါးသည့်အတွက် ပြည်ပထွက်၍ အလုပ်လုပ်ရန် ပိုမိုစဉ်းစားလာကြကြောင်း သိရသည်။

ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများ

ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ဒါရိုက်တာ ဦးနွေကိုကိုလင်းက “MOU က ကိုဗစ်မှာ ပိတ်ထားတာ ရှိတယ်လေ။ Covid-19 ရောဂါကြောင့်မို့လို့ ပိတ်ထားတဲ့အတွက်ကြောင့် ၂ နှစ်ကျော်လောက် ဖြစ်နေပြီ ကလေးတွေက လူစုသလို ဖြစ်သွား တာပေါ့။ အဲဒီလိုဖြစ်နေတဲ့ အတွက်ကြောင့် တချို့ဆိုရင် တရားဝင် MOU လမ်းကြောင်းကို မစောင့်နိုင်တော့ အောက်လမ်းတွေ ဘာတွေက သွားကြတယ်။ အခုမှ ပြန်ဖွင့်တယ်ဆိုတော့ လူတွေက ၂ နှစ်စာ စုနေတော့ကျ လူတွေက အများကြီး ဖြစ်နေတာ ပေါ့။ ပြည်တွင်းမှာကျတော့ ဒီမှာက နေထိုင်၊ စားသောက်စရိတ်က ရှိသေးတယ်။ စက်မှုဇုန်တွေဆို ရန်ကုန်မှာ များတာကိုး။ ရန်ကုန်မှာ လာလုပ်ဖို့ နယ်က ကလေးတွေဆို အဆောင်စရိတ်၊ စားစရိတ်တွေနဲ့ ပြန်တွက်လိုက်ရင် နိုင်ငံခြားသွားတာလောက် မစုမိဘူးပေါ့။ နိုင်ငံခြားမှာဆိုရင်တော့ နည်းနည်း ပိုစုမိတာပေါ့။ အဲဒါကြောင့် များသောအားဖြင့် နယ်ဘက်က ကလေးတွေဆို ထိုင်းတွေဘာတွေ တော်တော်များများ သွားကြတာပေါ့။ အဲဒီဘက်မှာကျ စုမိတယ်လေ။ ရန်ကုန်မှာဆိုရင် လစာကလည်း ဟိုဘက်ကလောက်လည်း မရဘူး။ အဲဒီလို အနေအထားတွေ ရှိတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် ယခုလို မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်ခြင်းတို့ကြောင့် ပြည်တွင်း၌ လုပ်သားအင်အား ရှားပါးမှုနှင့် ကြုံတွေ့ရနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

လုပ်သားအင်အားရှားပါးမှု ပြဿနာအား တစ်စိတ်တစ်ပိုင်း ဖြေရှင်းရန်အတွက် အခြေခံ အလုပ်သမားများ၏ အခွင့်အရေးနှင့် လုပ်ခလစာအား ပြောင်းလဲသတ်မှတ်သင့်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

နေအိမ်များ မီးရှို့ခံရ

၎င်းက “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တစ်စုံတစ်ရာပေါ့။ အဲဒါက ကာလတစ်ခုတော့ အချိန်ကြာဦးမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ဝင်လာတာပဲဖြစ်ဖြစ် ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်တာပဲဖြစ်ဖြစ် အနည်းနဲ့ အများတော့ လုပ်သားအင်အား ရှားပါးမှုနဲ့ ကြုံကို ကြုံရမယ်။ ဒါကြောင့်မို့လို့ ဒီအလုပ်သမားတွေရဲ့ မက်လုံးပေါ့။ အခြေခံ လစာပေါ့။ အခုက ၄၈၀၀၊ ၅၀၀၀ ပဲရှိတဲ့ဟာကို ဥပမာအားဖြင့် တစ်ရက်ကို ၁၀၀၀၀ လောက် ပေးနိုင်မလားပေါ့။ လူမှုဖူလုံရေး ကလည်း အရေးကြီးတယ်။ အမျိုးသမီးကိုယ်ဝန်ဆောင်ရင် အလုပ်သမားတွေ အကျိုးခံစားခွင့်။ ထိုင်းမှာလည်း ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကျိုးခံစားခွင့်က သပ်သပ်မတ်မတ် ရှိတယ်။ လုပ်ငန်းခွင်အတွင်းမှာ လက်ညှိုးတစ်ချောင်း ပြတ် ရင် ဘယ်လောက်၊ လုပ်ငန်းခွင်အတွင်းမှာ ထိခိုက်ဒဏ်ရာ ရသွားရင် ဘယ်လို လျော်ကြေးဘာညာ။ သေဆုံးရင် ဘယ်လို။ အဲဒါ မျိုးတွေ စနစ်တကျ ပြဋ္ဌာန်းပြီးတော့ တကယ်လည်း အကောင်အထည် ဖော်ဆောင်ရွက်တာရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံ အများအပြားမှ လုပ်သား လိုအပ်ချက်များအရ မြန်မာအလုပ်သမားများအား ခေါ်ယူချင်နေကြကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံသားများ အများအပြား သွားရောက် လုပ်ကိုင်နေသည့် နိုင်ငံများကတော့ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန် စသည်တို့ဖြင့် ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ကမ်းဝေးငါးဖမ်းလုပ်ငန်းများ ရပ်နားလာ

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s

အမေရိကန် ငွေကြေးဖောင်းပွမှုများနေဟု ဘဏ္ဍာရေးဝန်ကြီးပြော

By CNI
CNI
Category: Watch TV
Hits: 825

Share
Tweet
Share
Share
powered by social2s

ကုန်ဈေးနှုန်း မြင့်တက်နေ၍ အိန္ဒိယ-နာဂ နယ်စပ်ဂိတ်ဖွင့်ပေးရန် ဒေသခံများပြော

By CNI
CNI
Category: Watch TV
Hits: 783

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းလက်ကျန်နည်းသဖြင့် ကြက်သွန်တစ်ပိဿာ ၁၆၀၀ ဝန်းကျင်အထိ မြင့်တက်

By CNI
CNI
Category: Watch TV
Hits: 742

Share
Tweet
Share
Share
powered by social2s
ဆိုမာလီယာ ပြည်သူတစ်ဦးနဲ့ သေဆုံးနေတဲ့ နွားတစ်ကောင်(Reuters)

ယူကရိန်းစစ်ကြောင့် ဆိုမာလီယာအငတ်ဘေး ရှောင်ရှားဖို့ UN သတိပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1991

CNI International News

မိုဂါဒစ်ရှူး၊ ဇွန်လ ၈

ဆိုမာလီယာနိုင်ငံတွင် အငတ်ဘေး ဆိုက်ရောက်တော့မည့်အရေးမှ ရှောင်ရှားတားဆီးနိုင်ရန်အတွက် နိုင်ငံတကာအနေဖြင့် ယူကရိန်း စစ်ပွဲအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန် တိုက်တွန်းလိုကြောင်း ကုလသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ် များဆိုင်ရာ အေဂျင်စီက ဇွန်လ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ထို့နောက် ကပ်ဆိုးဘေးဆိုးတစ်ခုမှ ရှောင်ရှားနိုင်ရန်အတွက် ဒေါ်လာ သန်း ၂၅၀ ၏ သုံးပုံတစ်ပုံသာ ယခုအချိန်အထိ ရှိသေး ကြောင်း ကုလသမဂ္ဂက ပြောသည်။

နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်ရသော အာဖရိကဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံတွင် လေး ကြိမ် ဆက်တိုက် မိုးရွာသွန်းခြင်း ကင်းမဲ့ခဲ့ပြီး လာမည့် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် အခြေအနေ ပိုဆိုးနိုင် ကြောင်း ကုလသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီက သတိပေးခဲ့သည်။

ယူကရိန်းစစ်ပွဲ (AFP)

ယူကရိန်းစစ်ပွဲကြောင့် တကမ္ဘာလုံး စားသောက်ကုန်နှင့် လောင်စာဆီ ဈေးတက်ခြင်းနှင့်အတူ ဆိုးရွားစွာ မိုးခေါင်နေသည့် အာဖရိကတိုက်အတွက် သန်းနှင့်ချီသော လူအများ ထိခိုက်နစ်နာခဲ့ရသည်။

ဆင်းရဲနွမ်းပါးသည့် အာဖရိကမိသားစုများအတွက် စားနပ်ရိက္ခာနှင့်ချည်မျှင် ပိုမို လက်လှမ်း ဝေးစေခဲ့သလို ကောက်ပဲသီးနှံ များ စိုက်ပျိုးမရဖြစ်ပြီး မွေးမြူရေး တိရစ္ဆာန်များလည်း သေကြေပျက်စီးခဲ့ရသည်။

“ယူကရိန်းစစ်ကို ကမ္ဘာက အမြင်ကျယ်ကျယ်နဲ့ မကြည့်ဘဲ အလောတကြီး ဆက်လုပ်နေမယ်ဆိုရင် အာဖရိကဦးချိုဒေသမှာ ကလေး အသေအပျောက်များတော့မှာ” ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အာဖရိကဌာနေ လက် ထောက်ညွှန်ကြားရေးမှူး ရာနီယာဒါဂက်ရှ် (Rania Dagash) က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

UNICEF ကိုယ်စားလှယ် Rania Dagash (GETTY IMAGES)

ဆိုမာလီယာနိုင်ငံတွင် အသက်အန္တရာယ် ခြိမ်းခြောက်နေသော အာဟာရချို့တဲ့မှုအတွက် အရေးပေါ် ကုစားရန် လိုအပ်နေ သည့် ကလေးသူငယ် ၃၈၆,၀၀၀ ဦး ရှိနေပြီး ၂၀၁၁ ခုနှစ်က အလားတူ ကလေးသူငယ် အရေအတွက် ၃၄၀,၀၀၀ ထက် ပိုများနေပြီ ဖြစ်သည်။

အငတ်ဘေးကြောင့် သေဆုံးသူ ရာနှင့်ချီ၍ ရှိနေပြီဟု ရိုက်တာသတင်းက ဆက်လက် ရေးသားသည်။

အလှူရှင်များထံမှ ရရှိသော ရန်ပုံငွေသည် ရက်ရောလှပါသော်လည်း လိုအပ်ချက်ရှိနေသည့် ဒေါ်လာသန်း ၂၅၀ အောက် လျော့နည်းနေသည်ဟု ရာနီယာဒါဂက်ရှ်က ပြောကြားခဲ့သည်။

Source: Reuters

 

Share
Tweet
Share
Share
powered by social2s
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45

Page 41 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar