CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကိုဗစ်မတိုင်ခင်က စာချုပ်ထားသူ အများစု MOU ဖြင့် စေလွှတ်သည့်အထဲ မပါသေး

By CNI
CNI
Category: Watch TV
Hits: 435

Share
Tweet
Share
Share
powered by social2s
အာရှစတော့ရှယ်ယာဈေးကွက် (Reuters)

အာရှစတော့ရှယ်ယာများ ၃ ပတ်အတွင်း အမြင့်ဆုံးတက်ပြီး ဒေါ်လာဈေးမှာ ရုန်းကန်နေရဆဲ

By CNI
CNI
Category: စီးပွားရေး
Hits: 1203

CNI International News

ဆစ်ဒနီ၊ မေလ ၃၀

အမေရိကန် ငွေကြေး တင်းကျပ်မှုများ နှေးကွေးသွားချိန်တွင် ဒေါ်လာဈေးသည် ရက်သတ္တပတ် ၅ ပတ်အတွင်း အနိမ့်ဆုံး ရှိနေခဲ့သော်လည်း အာရှစတော့ရှယ်ယာများမှာ မေလ ၃၀ ရက် (ယနေ့)၌ နယူးယောက်မြို့ရှိ ဗဟိုငွေကြေး ဈေးကွက်ဖြစ်သည့် Wall Street ၌ မြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ပြီးခဲ့သည့် နှစ်လက lockdown ချခဲ့ခြင်းအား ရှန်ဟိုင်းအာဏာပိုင်များက ပြန်လည် ဖြေလျှော့ပေးပြီးနောက် ဇွန်လတစ်ရက်မှ စတင်၍ စီးပွားရေးလုပ်ငန်းများ တဖန်လည်ပတ်နိုင်ဖို့ အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ရာ ဈေးကွက်အတွက် စိတ်သက်သာ စရာ ဖြစ်စေခဲ့သည်။

အမေရိကန်နိုင်ငံတွင် အောက်မေ့ဖွယ်ရာနေ့ အထိမ်းအမှတ် အားလပ်ရက်၌ ယခုလကုန် ဝယ်လိုအားအပေါ် အကန့်အသတ် ဖြင့်သာ ရှိစေခဲ့သော်လည်း ဂျပန်နိုင်ငံပြင်ပမှ အာရှ-ပစိဖိတ် အစုရှယ်ယာများ၏ အကျယ်ပြန်ဆုံး ညွှန်းကိန်း (.MIAP J0000 PUS) သည် သီတင်းပတ် ၃ ပတ်အတွင်း ၁ ဒသမ ၉ ရာခိုင်နှုန်း တက်လာခဲ့သည်။

ဂျပန် Nikkei (.N225) သည် ၂ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယား (.KS11) သည် ၁ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး တက်လာခဲ့သည်။ အလားတူ တရုတ် အပြာရောင်ချစ်ပ် (blue chips) (.CSI300) သည် သုညဒသမ ၇ ရာခိုင်နှုန်း ခိုင်မာလာခဲ့သည်။

အမေရိကန် ဒေါ်လာဈေးနှုန်း

အမေရိကန်တွင် ရင်းနှီးမြှုပ်နှံသူများသည် ဖက်ဒရယ် အရန်ငွေကြေးစနစ်ကို အရိပ်အမြွက်အားဖြင့် ဖမ်းဆုတ်နိုင်ခဲ့ပြီး နောက်ထပ် နှစ်လအတွင်း အလျင်အမြန် တိုးတက်မှုနှင့်အတူ ငွေကြေး တင်းကျပ်မှုများလည်း ပိုမိုနှေးကွေး သွားနိုင်သည်။

ဈေးကွက် တည်ငြိမ်လာခြင်းသည် ဒေါ်လာနှင့်ယန်းငွေများကို လုံခြုံစိတ်ချစွာ ပြန်လည် ကျဆင်းစေလာခဲ့သည်။ ယမန်နှစ်က အတိုးနှုန်းတက်ဖို့ အချက်ပြခဲ့သည့် ဥရောပဗဟိုဘဏ် (ECB) အရာရှိများသည် သဘောထား တင်းမာသည့် မှတ်ချက်များ ချမှတ်ခဲ့ပြီးနောက် ယူရိုငွေကြေးကို မြှင့်တင်ခဲ့ကြသည်။

“အမေရိကန်ရဲ့ စီးပွားရေး အချက်အလက်တွေ နှေးကွေးနေပုံ ရပါတယ်။ ECB အရာရှိတွေကို အတိုးနှုန်းတက်ဖို့ အခြေအတင် ဆွေးနွေး နေကြတုန်းပါ။ ရှေ့အရောက်ဆုံး နှုန်းထား ကွဲပြားမှုတွေက ယူရိုငွေကြေးအပေါ်မှာ လိုလိုလားလားနဲ့ လှုပ်ရှားလာ ကြပါတယ်” ဟု Goldman Sachs ဘဏ္ဍာစနစ်မှ သုတေသီ ဇာ့ချ်ပန်ဒယ်က မှတ်ချက်ချခဲ့သည်။

“ဥရောပမှာလည်း အလားတူ အားနည်းနေတာကြောင့် အမေရိကန် စီးပွားရေး သိသိသာသာ နှေးကွေးနေတာက ယူရိုငွေ ပြန်ရဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ အချက်အလက်တွေက မျှော်လင့်ထားတာထက် ပိုကောင်းနေရင်တော့ ပြောင်း ပြန် ဖြစ်သွားလည်း ဟန်ချက်ညီမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားရေနံတင်ပို့မှု 

ဒေါ်လာဈေး ပြန်ကျမှုက ရွှေကို မကြာသေးမီက အနိမ့်ဆုံး နေရာဖြစ်နေရာမှ ပြန်လည် အထောက်အကူ ပေးခဲ့ပြီး ရွှေ တစ်အောင်စကို ၁,၈၆၂ ဒေါ်လာဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။

အမေရိကန်၏ အရှိန်အဟုန်နှင့် ရုရှားရေနံစိမ်းကို လုံးဝ တားမြစ်ပိတ်ပင်ရန် ဥရောပနိုင်ငံများနှင့် ညှိနှိုင်းနေချိန်တွင် ပိုမို အားကောင်းသော ဝယ်လိုအားအတွက် မျှော်လင့်ထားမှုများကလည်း ရေနံစျေးနှုန်းများအပေါ် သက်ရောက်နေဆဲ ဖြစ်သည်။

ဥရောပသမဂ္ဂ(EU)သည် ရုရှား၏ ရေနံရောင်းချမှုအပေါ် သဘောတူပေးဖို့ မေလ ၂၉ ရက်တွင် ပျက်ကွက်ခဲ့သော်လည်း သံတမန် များကတော့ မေလ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် ထိပ်သီး အစည်းအဝေး မတိုင်မီ တိုးတက်မှု ရရှိအောင် ကြိုးစားနေကြသည်။

ဘရင့်ရေနံဈေး (Brent) သည် ဆင့် (cents) ၈၀ မှ ၁၂၀ ဒသမ ၂၃ ဒေါ်လာသို့ တက်ခဲ့ပြီး အမေရိကန် ရေနံစိမ်းမှာ တစ်စည် လျှင် ၁ ဒသမ ၇ ဒေါ်လာမှ ၁၁၅ ဒသမ ၁၄ ဒေါ်လာသို့ တက်ခဲ့သည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းသို့ MOU ဖြင့် သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများ

ကိုဗစ်မတိုင်ခင်က စာချုပ်ချုပ်ထားသူ အများစု MOU ဖြင့် စေလွှတ်သည့်အထဲ မပါသေး

By CNI
CNI
Category: စီးပွားရေး
Hits: 1297

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၃၀

ကိုဗစ် မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့် သွားရောက် လုပ်ကိုင်ရန် စာချုပ်ချုပ်ထားသူ အများစုသည် လက်ရှိ MOU ဖြင့် စေလွှတ်သည့်အထဲတွင် မပါဝင်သေးသည့်အတွက် မသွားရသေးကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် စာချုပ်ချုပ်ဆိုထားသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းသို့ စေလွှတ်မည့် မိမိတို့ အုပ်စုထဲကမှ အမျိုးသမီးများကိုသာ စေလွှတ်လိုက်ပြီး အမျိုးသားများ ကျန်နေကြောင်း၊ ထို အမျိုးသမီးများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ကိုဗစ် မတိုင်ခင်က စာချူပ်ချုပ်ထားသည့် ကိုထွန်းလင်းနိုင်က ပြောသည်။

ကိုထွန်းလင်းနိုင်က “နေပြည်တော်က စာမကျသေးဘူး ပြောတယ်။ ခုချိန်ထိ ဘာသတင်းမှလည်း မကြားရသေးဘူး။ သူများ တွေ သွားရတော့ ကိုယ်တွေလည်း သွားချင်တာပေါ့။ ဝမ်းနည်းတာပေါ့။ ကိုယ်တွေ ဟိုးနှစ်တွေ အများကြီးက စာချုပ်ချုပ်ပြီး စောင့်နေရတာဆိုတော့ ကိုယ်တွေ အရင်မသွားရဘဲ သူများတွေက အရင်သွားရတယ်ဆိုတော့ စိတ်တော့ မကောင်းဘူးပေါ့။ သူများသွားသလို ကိုယ်လည်း သွားချင်တာပေါ့။ ဒီမှာလည်း အလုပ်ကိုင်တွေက မရှိဘူးလေ။ သူတို့က မသွားရသေးဘူး၊ စာ မကျသေးဘူးလို့ပြောရင် ဘာလုပ်တတ်မှာလဲ။ ဒီတိုင်း ထိုင်စောင့်နေမှ ရမှာပေါ့။ ဝန်ထမ်းမဟုတ်တဲ့ လက်လုပ်လက်စား ဆို တော့ ပိုဆိုးတာပေါ့။ အလုပ်မရှိတဲ့နေ့ကျ အိမ်မှာပဲနေ၊ အလုပ်ရှိရင်တော့ ထွက်လုပ်။ အခက်ခဲတွေကတော့ အများကြီးပေါ့ မိသားစု စားဝတ်နေရေး။ နိုင်ငံခြားထွက်မှပဲ မိသားစု စားဝတ်နေရေး အားလုံး အဆင်ပြေမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းသို့ သွားကျသည့် မြန်မာအလုပ်သမားများ

မြန်မာအလုပ်သမားများထဲတွင် ကိုဗစ်မတိုင်ခင်က MOU ဖြင့် ထိုင်းကို သွားရောက်လုပ်ကိုင်ရန် အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ချုပ်ဆိုထားသူ ဦးရေမှာ ၆၀၀၀၀(ခြောက်သောင်း)ကျော်ရှိကြောင်း သိရသည်။

ကိုဗစ် မတိုင်ခင် ကတည်းက စာချုပ်ချုပ်ထားသည့် အလုပ်သမားများအား ဦးစွာ စေလွှတ်ပေးသင့်ကြောင်း မြန်မာအလုပ် သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “တကယ်တမ်းကျရင် ငွေအတိုးနဲ့ ယူထားတဲ့ အလုပ်သမားတွေအတွက် တော်တော်နစ်နာတယ်။ ဒီ ၂ နှစ်ဆိုတဲ့ ကာလမှာ။ အခုအလုပ်သမားတွေ တစ်စတစ်စနဲ့ လွှတ်နေတာပေါ့၊ ၂၀၀ တို့ ၃၀၀ တို့။ အမှန်တကယ်ကတော့ အရင် စာချုပ် ချုပ် ထားတဲ့သူကို အရင် ထွက်ပေါ့။ ဒီလိုမျိုး လုပ်နေမယ်ဆိုရင်တော့ အလုပ်သမားတွေ ဆီကနေ ပိုက်ဆံယူထားတဲ့ အေဂျင်စီ တွေက မင်းတို့ မလုပ်ပေးနိုင်ဘူးဆိုရင် ပိုက်ဆံတွေ ပြန်အမ်းပေးလိုက်။ ဒါရှင်းရှင်းလေးပဲ။ ထိုင်းဘက်က အေဂျင်စီတွေကို ပေး ထားတာက work permits အခကြေးငွေ ကုန်ထားတာ မပြောနဲ့။ ကိုဗစ်ကာလ ၂ နှစ်မှာ တချို့သော အလုပ်ရှင်တွေဟာ ထိုင်း ဘက် ပျက်ပျယ်သွားပြီ။ အလုပ်သမား လိုအပ်ချက်အရနဲ့ သူတို့တွေ မလုပ်တော့တာတွေ။ စက်ရုံတွေ ပိတ်သွားတာတွေ လည်း ရှိတယ်။ ဒီအလုပ်သမား အားလုံးဟာလည်း စာချူပ်အသစ် ထပ်ချုပ်ရမယ်ဆိုရင် ဘာမှ မထူးဘူးလေ။ သူတို့အနေနဲ့ စောင့်ဆိုင်းနေရတာ ဖြစ်တယ်၊ ပိုက်ဆံတွေ ကုန်ထားတာလည်း ကြာပြီဖြစ်တယ်၊ တချို့ဆို အတိုးတွေနဲ့ ဆွဲထားတာတွေ ဖြစ် တယ်။ အဲဒီတော့ ပြန်ပေးလိုက် အကောင်းဆုံးကတော့ ပိုက်ဆံတွေ ပြန်အမ်းပေးလိုက်။ အလုပ်သမားတွေအတွက် ထွက် ပေါက် တစ်ခုရတာပေါ့”ဟု ပြောသည်။

ကိုဗစ် မတိုင်ခင်က စာချုပ်ချုပ် ဆိုထားသည့် မြန်မာအလုပ်သမားများအား ထိုင်းသို့ MOU ဖြင့် စေလွှတ်ရန်အတွက် ပတ်စပို့ သက်တမ်းတိုး ရခြင်းများအား လုပ်ဆောင်ရသောကြောင့် ကြန့်ကြာမှုများ ရှိကြောင်း ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီ တစ်ခုဖြစ်သည့် ပွင့်ဖူးအောင် အေဂျင်စီကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်း ဌာနသို့ ပြောသည်။

MOU စာချုပ်ချုပ်ထားသည့် မြန်မာအလုပ်သမားများ

ဒေါ်မြတ်ဟေမာန်လင်းက “ကိုဗစ် ပြီးကတည်းက ဒီလုပ်ငန်းတွေ ပြန်စတော့မယ်ဆိုကတည်းက အစ်မက ဒီကလေးတွေကို စေလွှတ်ဖို့ ဦးတည်တာပေါ့နော်။ ၂၀၂၀ တုန်းက စာချုပ်ချုပ်ထားတဲ့ ကလေးတွေကိုပဲ အစ်မက ဦးတည်ပြီးတော့ ဒီလုပ်ငန်းကို ပြန်စတာ။ ပြန်စတဲ့အခါကျတော့ တချို့ကျတော့လည်း ဆက်သွယ်လို့ရတယ်။ တချို့ကျတော့လည်း ဆက်သွယ်လို့ မရဘူး။ ဆက်သွယ်လို့ရတဲ့ ကလေးတွေကတော့ ဒီထဲမှာ demand တစ်စောင်မှာ ၂၀ ပါသွား၊ ၃၀ ပါသွား အဲဒီလိုမျိုးတွေတော့ စပြီး ချုပ်ပေးနေပြီ။ ကိုဗစ် မတိုင်ခင်က စာချုပ်ချုပ်ထားတဲ့ ကလေးတွေ အခု စာချုပ် ပြန်ချုပ်တဲ့အခါ ဘာအခက်ခဲတွေ ရှိလဲဆို တော့ စာအုပ် သက်တမ်းတွေ တိုးရမယ်။ ပတ်စပို့ စာအုပ်ကလည်း ခုချိန်မှာ လွယ်လွယ်ကူကူနဲ့ သက်တမ်းတိုးလို့ မရတဲ့ အခါ ကျတော့ demand တစ်စောင်မှာ လူ ၂၀ ပါသွား ၃၀ ပါသွား အဲဒီလိုလေးတွေပဲ ပါသွားတယ်။ အမှန်တကယ်တော့ သူ့အလုပ်နဲ့ သူ့ demand နဲ့ ပြန်ချုပ်တယ်ဆိုရင် ၁၀၀ ဆို ၁၀၀ လုံး ပြန်ချုပ်ပေးရမယ့် အလုပ်တွေ။ မချုပ်သေးတာတော့ မဟုတ်ပါဘူး။ ပြန်ချုပ်ပေးကြမှာပါ အားလုံးက” ဟု ပြောသည်။

ထို့အပြင် မိမိတို့၏ အေဂျင်စီအမည်ဖြင့် အွန်လိုင်းတွင် လိမ်လည်နေမှုများရှိသည့်အတွက် မြန်မာအလုပ်သမားများအနေဖြင့် မယုံကြည်ကြရန် ၎င်းက သတိပေးသည်။

ထို့နောက် ထိုင်းကို MOU ဖြင့် မေလ ၁၀ ရက်နေ့မှ စတင်ကာ စေလွှတ်နေခြင်းဖြစ်ကြောင်း၊ တစ်ရက်လျှင် အလုပ်သမား ၃၀၀ ဝန်းကျင် စေလွှတ်နေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ စေလွှတ်လိုက်သည့် အလုပ်သမားဦးရေ ၁၀၀၀(တစ်ထောင်)ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ် သွားလာသည့် ကုန်ကားများနှင့် အိမ်စီးကားများ ပစ်ခတ်ခံရ

နယ်မြေ မတည်ငြိမ်မှုကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုများ ရှိလာနေ

By CNI
CNI
Category: စီးပွားရေး
Hits: 859

CNI News

၂၀၂၂ ခုနှစ်၊ မေ ၃၀

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်လာပြီး နယ်မြေ မတည်ငြိမ်မှုများ ရှိလာခြင်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုများ ဖြစ်ပေါ်လာနေသည်ဟု ကုန်သည်များနှင့် ဒေသခံများထံက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အရပ်ဒေသများသို့ ဖြတ်သန်းသွားလာရသည့် ကုန်ကားများအနေဖြင့် ခရီးချိန် ကြာမြင့်ခြင်းများ ဖြစ်ပေါ် နေကြောင်း၊ ထို့နောက် ကုန်စိမ်းများ ပျက်စီးဆုံးရှုံးမှုများ ရှိလာကြောင်း ပြောင်းကုန်သည်တစ်ဦးဖြစ်သူ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးသန့်ဇင်ထွန်းက “ပုံမှန်ကတော့ သွားနေတယ်။ Jump ဖြစ်လို့ ကြန့်ကြာသွားတဲ့ ဟာမျိုးဆိုရင်တော့ တစ်ရက်၊ နှစ်ရက် နောက်ဆုတ် သွားတာပေါ့နော်။ ဆရာတို့က ပြောင်းက ကုန်ခြောက်ဖြစ်တဲ့ အတွက်ကြောင့် သိပ်ပြီး ပြောပလောက်အောင် အပျက်အစီးတော့ မရှိဘူး။ အခြား ကုန်စိမ်းသီးနှံတွေဖြစ်တဲ့ ငရုတ်တို့၊ သရက်သီးတို့၊ သခွားတို့ ဘာတို့ညာတို့ပေါ့နော် ဒီလို နယ်စပ်ကနေ ဖြတ်ကျော်ပြီးတော့ ‌ရောင်းကြတဲ့ ကုန်စိမ်းသီးနှံတွေကျတော့ ကုန်သည်အတွက်ကတော့ ဆုံးရှုံးမှုတွေ ရှိတော့ ရှိမှာပါ” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေခြင်းကြောင့် သွားလာရ ခက်ခဲ နေကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ် သွားလာသည့် ကုန်ကားများနှင့် အိမ်စီးကားများ ပစ်ခတ်ခံရ

တနင်္သာရီတိုင်းဒေသကြီးမှ ကုန်သည်တစ်ဦးဖြစ်သူ ဦးကျော်မြင့်က “ရန်ကုန်အပိုင်းကလာတဲ့ ကုန်စည်တွေကတော့ ပုံမှန်ပဲ။ ဒါပေမယ့် Export သွားမယ့်ဟာပေါ့နော်၊ ထီးခီးလမ်းက သွားမယ့်ဟာတို့၊ မောတောင်ဘက် သွားမယ့် ဟာတွေကျတော့ ပုံမှန် မဖြစ်တော့ဘူးပေါ့။ သွားတာ အရင်လို သွားလို့ မရတော့ဘူးပေါ့။ အရင်ကဆိုလို့ရှိရင် အချိန်မရွေး သွားလို့ရတယ်။ အခုက သွားလို့ မရတော့ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ဘက်မှ တပ်မတော်နှင့် PDF ကြား တိုက်ပွဲဖြစ်ပွား၍ ကုန်စည်စီးဆင်းမှုများ မလုပ်နိုင်ဘဲ ဖြစ်ခဲ့သည်။

ထို့နောက် တခြားတစ်ဖက်မှာလည်း စက်သုံးဆီ စျေးနှုန်း မြင့်မားမှုကြောင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ သည် လုပ်ငန်းလည်ပတ်မှု အဆင်မပြေဖြစ်နေကြောင်း၊ တချို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို ရပ်နားထားရကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြုံတွေ့နေရတာတော့ စီးပွားရေး အခက်အခဲတွေပေါ့။ ကုန်ရှားပါးမှုတွေ၊ ဒီဇယ်ဈေး ကြီးမြင့်မှုတွေပေါ့။ ဒါတွေတော့ ရှိတာပေါ့။ ဒီဇယ်ဈေး ကြီးတော့ ကုန်ကလည်း ရှားတယ်လေ။ အဲတော့ ကားတွေက မကိုက်ဘူး။ ရပ်ထားရတယ်။ အဲလိုတော့ ဖြစ်ကုန်ကြတာပေါ့။ ၁၀၀ ဆိုလို့ရှိရင် အစီး ၃၀ လောက်ပဲ ထွက်တော့တယ်။ ကျန်တဲ့ကားတွေက ရပ်ထား။ မကိုက်တော့ အဲလိုမျိုးတွေ ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။

ချင်းပြည်နယ် အတွင်းမှာလည်း ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အလုပ်အကိုင် ရှား ပါးလာကြောင်း၊ ပညာသင်ကြားရေး အခက်အခဲဖြစ်လာနေကြောင်း ချင်းပြည်နယ်၊ မတူပီဒေသခံတစ်ဦးဖြစ်သူ ဦးခင်ကျော်က ပြောသည်။

ဦးခင်ကျော်က “ကုန်ဈေးနှုန်းလည်း တက်တော့ စားချင်တိုင်းလည်း မစားရ၊ အလုပ်အကိုင်ကလည်း မရှိ။ နောက် ကလေး ကလည်း ပန်းရံ မထမ်းနိုင်ဘူး။ ကျောင်း မအပ်နိုင်ဘူး။ ဆိုတဲ့အခါကျတော့ အခက်အခဲတွေတော့ အများကြီး ရှိတာပေါ့။ နောက် အထူးသဖြင့် သွားလာရေးက အခက်ခဲဆုံးပဲ။ တစ်နေရာနဲ့ တစ်နေရာ သွားဖို့က ကုန်ဈေးနှုန်းကလည်း မြင့်။ ဓာတ်ဆီ တွေက ရောင်းလို့ ဝယ်လို့မရတဲ့ အခါကျတော့ ဆိုင်ကယ်တောင် မောင်းလို့မရဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မကြာခင် မိုးရာသီ ရောက်တော့မည် ဖြစ်သည့်အတွက် လက်ရှိ မြန်မာနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေသည့် ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည် စီးဆင်းမှု ပိုမိုခက်ခဲလာနိုင်ကြောင်း ဒေသခံများနှင့် ကုန်သည်များက ပြောသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

မြောက်ဦးမှာ နာရီစင်လုပ်မည့် ဘတ်ဂျက်ကို ‌ပြုပြင်ထိန်းသိမ်းရေးမှာ အသုံးပြုသင့်

By CNI
CNI
Category: Watch TV
Hits: 472

Share
Tweet
Share
Share
powered by social2s

ပဲမျိုးစုံအပြင် ဆီထွက်သီးနှံနှင့် စားဆီများကို ပို့ကုန်လိုင်စင် လုပ်ဆောင်ရန် မသင့်သေး

By CNI
CNI
Category: Watch TV
Hits: 462

Share
Tweet
Share
Share
powered by social2s
မြေပဲဆီထုတ်ရန် မြေပဲများကို သန့်စင်နေစဉ်

ပဲမျိုးစုံအပြင် ဆီထွက်သီးနှံနှင့် စားဆီများကို ပို့ကုန်လိုင်စင် လုပ်ဆောင်ရန် မသင့်သေး

By CNI
CNI
Category: စီးပွားရေး
Hits: 1502

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၈

ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဆီတို့ကို တင်ပို့ရောင်းချမည်ဆိုပါက ပို့ကုန်လိုင်စင် ပြန်လည်လျှောက်ထား ရမည်ဟု သတ်မှတ်ခြင်း ယခုအချိန်တွင် မလုပ်ဆောင်သင့်သေးကြောင်း ပဲကုန်သည်များက ပြောသည်။

လက်ရှိ ကာလသည် ပြည်ပတင်ပို့မည့် ဈေးကွက်နှင့် လမ်းကြောင်းများကို ရှာဖွေကြရမည့် အချိန်ဖြစ်ကြောင်း၊ ပို့ကုန်လိုင်စင် လျှောက်တင် ရမည်ဆိုခြင်းကြောင့် ပဲတင်ပို့မှု ကြန့်ကြာသွားနိုင်သလို အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ဧရာကုန်သွယ် မှု ဗဟိုဌာန၏ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

ဦးနေဝင်းစိုးက “အဓိကကတော့ ပဲမျိုးစုံပဲ။ ပဲမျိုးစုံတော့ ထိခိုက်သွားနိုင်တဲ့ သဘောတော့ ရှိတယ်ဗျ။ ထိခိုက်သွားနိုင်တယ် ဆို တာက နည်းနည်း ကြန့်ကြာသွားနိုင်တာပေါ့။ နဂိုကတည်းက ဖွင့်ထားပြီးတော့ ကြိုဆိုရမယ့်ဟာကို ပို့ကုန်လိုင်စင် လျှောက်ရ မယ် ဘာညာ ကန့်လိုက်တဲ့ အခါကျတော့ ပဲမျိုးစုံ အပိုင်းမှာတော့ အခက်အခဲ ဖြစ်သွားနိုင်တယ်။ ကျနော်တို့က အရင်တုန်း ကတည်းက မတ်ပဲကို လျှော့စိုက်၊ ကျန်တဲ့ ပဲတွေကို တိုးစိုက်၊ ပဲတီစိမ်းတို့၊ ဘာတို့ ဥရောပဘက်ကို သွားလို့ရမယ့် ပဲမျိုးတွေ တိုးပြီးတော့ စိုက်။ ဘယ်ပဲတွေက ဘယ်နိုင်ငံက ဝယ်လက်ရှိတယ်။ ဘယ်ပဲတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ဘယ်နိုင်ငံတွေကို ယှဉ်ပြီးတော့ တိုးရမယ်။ စသဖြင့် ကျနော်တို့ လေ့လာပြီးတော့ တောင်သူတွေကို ပြောနေတာတွေ ရှိတယ် ဗျ။ အခုဟာက အဲလို လုပ်လိုက်တဲ့အခါကျတော့ နည်းနည်းတော့ အားပျက်သွားတယ်။ ပို့ကုန်လိုင်စင် လုပ်ရအုံးမယ်။ ဒါတွေ က လွတ်လွတ်လပ်လပ် ဖွင့်ပေးထားတဲ့ အချိန်အခါတောင်မှ အဆင်မပြေတာ။ အခု ထပ်ပြီးတော့ အကန့်အသတ် တိုးလိုက်တဲ့ အခါကျတော့ ပဲမျိုးစုံနဲ့ ပတ်သက်တဲ့ ကိစ္စကတော့ သိပ်အဆင်မပြေဘူး။ သိပ်တော့ မကောင်းဘူး ဒီအချိန်မှာ ဒါမလုပ်သင့် သေးဘူးလို့ ထင်တယ်” ဟု ပြောသည်။

ပဲမျိုးစုံကိုတွေ့ရစဉ်


နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စသည့် အခြေအနေများကြောင့် ပို့ကုန်လိုင် စင် လျှောက်ထားရန် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြည်ပသို့ တင်ပို့သည့် ပဲအမျိုးမျိုးကို ပို့ကုန်လိုင်စင် လျှောက်ထားစေခြင်းကြောင့် ကုန်သည်များက တောင်သူများကို ဈေးနှိမ် ဝယ်ယူခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စိုက်ပျိုးမှုနှုန်းများလည်း လျော့ကျလာနိုင်ကြောင်း ပဲဈေးကွက် လေ့လာသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပို့ကုန်လိုင်စင်လုပ်ရမယ် ဘာညာ ဖြစ်လာတဲ့ အခါကျရင် ဈေးက ဈေးနှိမ်ဝယ်တာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ အဲအခါကျရင် တောင်သူက ဒီအခက်အခဲကို မကျော်ချင်ဘူး။ မစိုက်တော့ဘူးကွာ ဖြစ်သွားမှာ။ ဖိအားပေးပြီးတော့ ဘယ် လောက် စိုက်ရမယ်ဆိုရင် မပြောတတ်ဘူး။ စိုက်ဖို့ဆိုတာကလည်း စက်သုံးဆီဈေးနှုန်း တိုးလာတာတွေ၊ မျိုးတို့၊ စိုက်စရိတ် တွေ တိုးနေတာတွေနဲ့ တော်တော်များများတော့ မစိုက်နိုင်ကြဘူးဗျ။ စိုက်ပျိုးဧကတွေ လျော့သွားလိမ့်မယ်။ အထွက်နှုန်းတွေ လျော့သွားလိမ့်မယ်။ တချို့နေရာကျတော့လည်း စစ်ရှောင်ကိစ္စတွေ ဖြစ်နေတဲ့ အခါကျတော့ စပါးတွေ စိုက်ထားပြီး ရိတ် တောင် မရိတ်နိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ အခု ပြန်စိုက်ပျိုးရမယ့် ရာသီမှာ မစိုက်နိုင်ကြတော့ဘူး။ အထွက်နှုန်းတွေ ကျမယ်။ စိုက်ဧကတွေ လျော့မယ် ဒါတော့ ဖြစ်မှာပဲ” ဟု ပြောသည်။

ပြည်ပသို့ တင်ပို့နေသော ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံနှင့် စားသုံးဆီ လုပ်ငန်းများ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ စတင်ကာ ပို့ကုန် လိုင်စင် စတင်လျှောက်ထားရမည် ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လာပေါ်တာကို သူ့နာမည်အသုံးမပြုဖို့ ပြောလိုက်တဲ့ မက်ဆီ

By CNI
CNI
Category: အားကစား
Hits: 1027

CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၈

ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး မက်ဆီဟာ သတင်းစာရှင်းလင်းပွဲတွေမှာ သူ့နာမည်ကို ဖော်ပြနေတာနဲ့ ပတ်သက်ပြီး ရပ်တန့်ပေးဖို့ အသင်းဥက္ကဋ္ဌဟောင်း လာပေါ်တာကို ပြောလိုက်ပါတယ်။

လာပေါ်တာဟာ မက်ဆီ ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ပြီးကတည်းက သူ့ရဲ့ နာမည်ကို အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောခဲ့တာပါ။လာပေါ်တာရဲ့ ပြောဆိုမှုတွေကို မက်ဆီနဲ့သူ့မိသားစုက အလွန်စိတ်ပျက်နေကြပြီး ဒီလိုပြောနေတာကို ချက်ချင်းရပ်တန့်စေချင်နေတာဖြစ်ပါတယ်။မက်ဆီဟာ ဘာစီလိုနာ အသင်းမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဘောလွန်းဒီအော ၇ ကြိမ်ရရှိကာ ကမ္ဘာ့အကောင်းဆုံးတွေ ထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာပါ။

မက်ဆီကို ဘာစီလိုနာအသင်းက ပြန်လည်ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး လာပေါ်တာဟာ သတင်းထောက်တွေရဲ့ မကြာခဏမေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ကစားခဲ့တဲ့ နောက်ဆုံး ရာသီမှာ ၃၈ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီမှာတော့ တစ်ရာသီလုံး ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။မက်ဆီရဲ့ ဖခင်ဖြစ်သူက လာပေါ်တာအနေနဲ့ သူ့သားအကြောင်း မပြောတဲ့ အင်တာဗျူးမရှိဘူးလို့ စပိန်ရုပ်သံတစ်ခုကို ပြောခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က မက်ဆီကို ပြန်လည်ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်နဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ လာပေါ်တာက “ကျနော်တို့ အားလုံးက သူ့ကို ဘာစီလိုနာမှာပဲ အဆုံးသတ်တာဖြစ်ချင်ခဲ့ပေမယ့် အခုအချိန်မှာတော့ မဖြစ်နိုင်သေး ပါဘူး။တစ်နေ့ သူပြန်လာမယ်ဆိုရင် သူဟာ လွတ်လွတ်လပ်လပ်ဖြစ်ရမယ်”လို့ ပြောခဲ့တာပါ။လာပေါ်တာဟာ မက်ဆီကို ထွက်ခွာခွင့်ပေးခဲ့တာဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမယ့် နောင်တမရဘဲ ကလပ်ရဲ့အထက်မှာ ဘယ်သူမှမရှိဘူးလို့ မတ်လက ပြောခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပြန်လာခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲနဲ့ လာလီဂါရဲ့ စည်းမျဉ်းတွေကြောင့် စာချုပ်မချုပ်ဆိုနိုင်ခဲ့ပါဘူး။မက်ဆီ က “ ဒါဟာ ကျနော့်အတွက် အခက်အခဲဆုံးအခိုက်အတန့်တွေထဲကတစ်ခုပါ။ဒီကလပ်ကနေ မထွက်သွားချင်ပါဘူး။ဒီ ကလပ်ကို ကျနော်ချစ်တယ်။ဒါကို ကျနော် မမျှော်လင့်ထားပါဘူး။ကျနော်ဆက်နေချင်တယ်။အဲဒါကြောင့် အလွန် ဝမ်းနည်းတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ငိုကြွေးပြီး ပြောခဲ့တာပါ။

မက်ဆီဟာ ၂၀၀၀ ခုနှစ်ကတည်းက ဘာစီလိုနာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၇၇၈ ပွဲ ပါဝင် ကစားပြီး ၆၇၂ ဂိုးသွင်းယူနိုင်ခဲ့ကာ ဆုဖလားအများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Mirror

 

 

 

Share
Tweet
Share
Share
powered by social2s

အမ်းမြို့နယ်တွင် ဆန်အကန့်အသတ်ဖြင့် ပြန်လည်သယ်ယူခွင့်ရ

By CNI
CNI
Category: Watch TV
Hits: 508

Share
Tweet
Share
Share
powered by social2s
စင်ကာပူက စားသောက်ဆိုင် တစ်ခုတွင် ဧည့်သည်များကို မှာမည့် အစားအသောက်ကို မေးမြန်းနေသူ

လစာစင်ကာပူဒေါ်လာ ၃၅၀၀ မပေးမချင်း ပန်းကန်ဆေး ဝန်ထမ်းခေါ်မရ

By CNI
CNI
Category: စီးပွားရေး
Hits: 1947

CNI International News

၂၀၂၂ ခုနှစ်၊ မေလ ၂၇

ကော်လာပြာ (ဉာဏမဟုတ်သောအလုပ်) အတွက် လစာတော်တော်မြင့်ပေမယ့်၊ ဒီလိုဆွဲဆောင်မှုရှိတဲ့ အလုပ်ခေါ်မှုမျိုး ဖြစ် ပေမယ့် စင်ကာပူက အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းရှင် တချို့ကတော့ ဒီရာထူးကို ထမ်းဆောင်လိုတဲ့ ဝန်ထမ်းရ ဖို့ မနည်းရုန်းကန်ပြီး ရှာဖွေနေရပါတယ်။

အောချက်လမ်းမ (Orchard Road) မှာရှိတဲ့ အီရှိနိုမာကီ အကင်နဲ့ဆာကေး (Grill & Sake) ဆိုင်ရဲ့ တွဲဖက်တည်ထောင်သူ ဖြစ် တဲ့ ချန်ဝေရှင်း (Chen Weixin) ကတော့ ဒီအလုပ်လုပ်ချင်တဲ့ လူတွေ ရှားနေတာမို့လို့ သူ့ဘာသာသူ လက်အိတ်စွပ်ပြီး ပန်းကန်ခွက်ယောက် ဆေးကြောနေရတယ်လို့ ရှင်မင်းနေ့စဉ် သတင်းစာကို ပြောပါတယ်။

တစ်ရက်ကို စင်ကာပူဒေါ်လာ ၅၀ ပိုပေးပါ့မယ်လို့ ပြောတာတောင် ပန်းကန်ဆေးချင်တဲ့ ဝန်ထမ်းဆိုလို့ ရောက်မလာကြဘူးလို့ သူက ဆက်ပြောပါတယ်။

“လူတော်တော်များများက ပန်းကန်ဆေးတဲ့ အလုပ်ကို နိမ့်ကြတယ်လို့ မြင်ကြတယ်။ ပိုက်ဆံများများ ပေးတာတောင်မှ မလုပ် ချင် ကြပုံရပါတယ်” ဟု ချန်ဝေရှင်းက ရှင်မင်းနေ့စဉ်ကို ရှင်းပြပါတယ်။

စားသောက်ဆိုင် လုပ်ငန်းရဲ့ ရှယ်ယာရှင်ဖြစ်တဲ့ ချန်ဝေရှင်းဟာ တစ်လကို ဒေါ်လာ ၃၅၀၀ (တက္ကသိုလ်ဘွဲ့ရ အချို့နဲ့ တန်းတူ လစာပမာဏ) ပေးပါ့မယ်လို့ သတင်းဖြန့်တော့မှ မလေးရှား လုပ်သားတစ်ဦးကို ရှာတွေ့နိုင်ခဲ့ပါတယ်။

အဲဒီလိုဝန်ထမ်းကို တစ်လကြာအောင် ရှာခဲ့ပေမယ့် စင်ကာပူနိုင်ငံသား ဘယ်သူကမှ လာမလုပ်ချင်ကြပါဘူး။ ကပ်ရောဂါ ကြောင့် စင်ကာပူသားတချို့ဟာ သူတို့ဇာတိမြေကို ပြန်လာခဲ့ကြပေမယ့် ဒီလိုအလုပ်မျိုး အတွက်တော့ နိုင်ငံခြားသား အလုပ် သမားတွေကိုပဲ အားကိုးရတယ်လို့ သူက ပြောပြပါတယ်။

စင်ကာပူက စားသောက်ဆိုင် တစ်ခုတွင် ဧည့်သည်များကို မှာမည့် အစားအသောက်ကို မေးမြန်းနေသူ

ဒီနှစ် မတ်လ ၂၉ ရက်ကတည်းက Covid-19 စည်းကမ်းတွေ ဖြေလျှော့ပေးလိုက်ပေမယ့် နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ မူဝါဒတွေ တင်းကြပ်လာတာနဲ့အမျှ အလုပ်အကိုင် အကျပ်အတည်းတွေကတော့ စင်ကာပူမှာ ရှိနေတုန်းပါ။ ဒါပေမယ့် စင်ကာပူနိုင်ငံသား အနည်းအကျဉ်းလောက်ကပဲ ဒီလို အလုပ်ကြမ်းတွေကို လုပ်ချင်ကြပါတယ်။

တချို့ စားသောက်ဆိုင် လုပ်ငန်းတွေမှာဆိုရင် ပန်းကန်းဆေးစက်နဲ့ အလုပ်လုပ်ဖို့ တစ်လကို လစာ စင်ကာပူ ဒေါ်လာ ၄၀၀၀ နဲ့ ဘောနပ်စ်(အပိုဆုကြေး) ၃၀၀၀ လောက်အထိ ပေးနေရတယ်လို့ ရှင်မင်းနေ့စဉ် သတင်းစာက ဆက်လက် ရေးသားထား ပါတယ်။

“တစ်လကို စင်ကာပူဒေါ်လာ ၁၀၀၀ အထိ စွမ်းဆောင်ရည် ဆုကြေး ပေးပေမယ့်လည်း အခုအထိ ဝန်ထမ်းရှားပါးမှုနဲ့ ရင်ဆိုင် နေရတုန်းပါ” ဟု သူက ရင်ဖွင့်ပါတယ်။

နေးလ်လမ်းမဘေးက အိုင်ကီ စားသောက်ဆိုင်နှင့် ဘားလုပ်ငန်း တွဲဖက်ပိုင်ရှင် လမ်းဘတ်ချန်က အလုပ်ဆိုတာ တောင်းဆိုမှုနဲ့ ကြိုးစားအားထုတ်မှု နှစ်ခုစလုံးဖြစ်ကြောင်း Asai One မီဒီယာကို ပြောပါတယ်။ အဲဒါကြောင့် စင်ကာပူနိုင်ငံသား အနည်းစုက ပဲ ဒီအလုပ် လုပ်ချင်ကြတာမျိုးလို့ သူက ဆက်ပြောပါတယ်။

တန်လော့ (Tung Lok) စားတော်ဆက်တွေရဲ့ အမှုဆောင်အရာရှိချုပ် အင်ဒရူးတာ့ဂျိုးက အဲဒီလို ပန်းကန်ဆေး ဝန်ထမ်း ပြဿနာကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ၁၀ နှစ် လောက်ကတည်းက သန့်ရှင်းရေးကုမ္ပဏီ တစ်ခုကို ငှားရမ်းလုပ်ကိုင်တယ်လို့ ပြောပါတယ်။

ငှားရမ်းလုပ်ကိုင်မှုအတွက် ကုမ္ပဏီကနေ လွှတ်ပေးတဲ့ အလုပ်သမားတစ်ဦးကို စင်ကာပူဒေါ်လာ ၃,၈၀၀ ကနေ ၄,၀၀၀ ကြား ပေးရတယ်လို့ ရှင်မင်းနေ့စဉ် သတင်းစာကို သူကပြောပြပါတယ်။

စင်ကာပူက စားသောက်ဆိုင်တစ်ခု

“သန့်ရှင်းရေးကုမ္ပဏီကို တခါတည်း ပိုက်ဆံပေးလိုက်တော့ ပန်းကန်ဆေးမယ့်သူ ဒီနေ့ရှိမှာလား၊ မနက်ဖြန် ကျမှလားဆိုပြီး စိုးရိမ်စရာ မရှိတော့ဘူးဗျာ” ဟု အင်ဒရူးတာ့ဂျိုးက ရှင်းပြသည်။

အခုဆိုရင် Covid-19 ကြောင့် စားသောက်ဆိုင်ထဲ ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် လတ်တလော ကာလ အတွက် ပန်းကန်ဆေးဝန်ထမ်း ထပ်ခေါ်ဖို့ လိုနေတယ်လို့ သူက ဆက်ပြောပါတယ်။

လမ်းဘတ်ချန်ကတော့ သန့်ရှင်းရေး ကုမ္ပဏီတွေကနေ တဆင့် ဝန်ထမ်းခေါ်သုံးတာဟာ ကုန်ကျစရိတ် ပိုများလို့ သူ့အတွက် ရွေးချယ်ဖို့ အဆင်မပြေဘူးလို့ ရင်ဖွင့်ပါတယ်။
“ပန်းကန်ဆေးတဲ့ဝန်ထမ်း အပြောင်းအလဲက ခဏခဏ ကြုံရလွန်းလို့ သီးသန့် စံချိန်စံညွှန်းတွေလည်း မထားနိုင်တော့ပါဘူး ဗျာ” ဟု သူကပြောပါတယ်။
သူ့စားသောက်ဆိုင်မှာ လက်ရှိ ပန်းကန်ဆေး စက်တစ်လုံး၊ နိုင်ငံခြား အလုပ်သမားကို တစ်လလျှင် စင်ကာပူဒေါ်လာ ၂၇၀၀ ပေးပြီး ခန့်ထားရတယ်လို့ လမ်းဘတ်က ပြောပါတယ်။

တချို့သော သန့်ရှင်းရေး ကုမ္ပဏီများကတော့ သူတို့တောင်းတဲ့ စျေးနှုန်းက ၃၀ ရာခိုင်နှုန်းနီးပါးအထိ တက်သွားကြပါတယ်။ ချန်ဝေရှင်းတော့ မဖြစ်မနေ ဝန်ထမ်းလိုတဲ့အတွက် သန့်ရှင်းရေးကုမ္ပဏီ တစ်ခုကနေ သန့်ရှင်းရေး သမားတစ်ဦးအတွက် ဒေါ်လာ ၄၉၀၀ ပေးခဲ့ရလို့ မန်နေဂျာတစ်ဦးရဲ့ လစာနဲ့တန်းတူပဲလို့ ပြောပြပါတယ်။ လစာနှင့် ညီမျှသည်ဟု သူမက ပြောပြခဲ့ သည်။

သန့်ရှင်းရေးကုမ္ပဏီ သူမရဲ့ စားသောက်ဆိုင် အရွယ်အစားကြောင့် အလုပ်သမား သုံးဦးကို ငှားရမ်းပေးဖို့ တောင်းဆိုခဲ့သည်။
“ဒါက ပန်းကန်ဆေးဖို့ကိစ္စ တစ်ခုအတွက် တစ်လကို စင်ကာပူဒေါ်လာ တစ်သောင်းခွဲနီးပါး အကုန်ခံရမယ်လို့ ဆိုလိုတဲ့ သဘောပါ” ဟု သူမက တွက်ချက်ပြသည်။

ပန်းကန်ဆေးဝန်ထမ်း ငှားရမ်းခြင်းဟာ ၂၀၁၂ ခုနှစ်တုန်းကဆိုရင် စင်ကာပူဒေါ်လာ ၃၀၀၀ တောင်းတဲ့အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။
ပြီးခဲ့သည့်လက သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့က မလေးရှား စားသောက်ဆိုင် တစ်ဆိုင်မှာဆိုရင် စားဖိုမှူးတစ်ဦးကို တစ်လ လျှင် စင်ကာပူဒေါ်လာ ၅၅၀၀ နဲ့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်။

Source: Asia One

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းငွေပေးချေမှု ကျပ်ငွေ အသုံးပြုရမည့်အပေါ် ကြိုဆိုဟုပြော

By CNI
CNI
Category: Watch TV
Hits: 534

Share
Tweet
Share
Share
powered by social2s

မြန်မာတစ်နိုင်ငံလုံးမှာ စားနပ်ရိက္ခာ မပြတ်လပ်နိုင်၊ ဒေသတချို့မှာ ဖြစ်နိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 537

Share
Tweet
Share
Share
powered by social2s

တရားမဝင်နှင့် တရားဝင် အလုပ်သမားများအတွက် ထိုင်းမှ အချက်လေးချက် ပြင်ဆင်မည်

By CNI
CNI
Category: Watch TV
Hits: 555

Share
Tweet
Share
Share
powered by social2s
စားအုန်းဆီ ရောင်းချနေ

စားအုန်းဆီ ပြန်တင်သွင်းခွင့်ရသော်လည်း ဈေးနှုန်း အမြင့်ပိုင်းတွင်သာရှိနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 931

CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၅

အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့ပြည်တွင်းရှိ စားအုန်းဆီများကို ပြည်ပသို့ တင်ပို့ခွင့် ပိတ်ထားရာမှ မေလ ၂၃ ရက်တွင် ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်‌သောကြောင့် မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု ရှိသော်လည်း ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ကျနိုင်ခြေ မရှိကြောင်း ကုန်သွယ်ရေး လုပ်ကိုင်သူများက ပြောသည်။

ယခင်က ပြည်ပမှ စားအုန်းဆီ တင်သွင်းခွင့်ကို တစ်လလျှင် တန်ချိန် ခုနှစ်သောင်း ခွင့်ပြုထားသော်လည်း လက်ရှိတွင် တန်ချိန် ငါးသောင်းသာ တင်သွင်းခွင့် ပြုထားခြင်းကြောင့် ဈေးနှုန်း ကျဆင်းသွားနိုင်မည် မဟုတ်ဟု ဧရာကုန်သွယ်မှု ဗဟိုဌာန ၏ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

ဦးနေဝင်းစိုးက "တင်သွင်းခွင့် ပြုလိုက်ပြီဆို ဝယ်လို့ရပြီဆိုရင် ကျနော်တို့ဆီမှာလည်း အဆင်ပြေလာပါလိမ့်မယ်။ သို့သော်ငြား လည်းပဲ ဈေးကတော့ အများကြီး မကျနိုင်ဘူးဗျ။ ဘာလို့လဲဆိုတော့ အရင် တင်သွင်းခွင့်က အရင်က တန်ချိန် ခုနှစ်သောင်း လောက် တင်သွင်းခွင့် ပြုနေတယ်။ အခု တန်ချိန် လျှော့ပြီးတော့ ငါးသောင်းလောက်ပဲ တင်သွင်းခွင့် ပြုတော့တယ်။ သိပ် အများကြီးတော့ လျှော့လိုက်တာ မဟုတ်ဘူး။ သို့သော်ငြားလည်း လိုအပ်ချက် အပြည့်အဝ တင်သွင်းတာမျိုး၊ တင်သွင်းခွင့် ပြုထားတာမျိုး မဟုတ်ဘူး။ အဲတော့ ဈေးကတော့ တက်နေအုံးမယ် ထင်တာပဲ။ ဈေးတအားကြီး ကျမသွားနိုင်ဘူးပေါ့ အဲလို မျိုး ကျနော်ထင်တယ်" ဟု ပြောသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စားအုန်းဆီ အသုံးပြုမှု သိသာစွာ လျော့နည်းလာကြောင်း၊ မြေပဲဆီစက်များ ယခင်ကထက် ပိုမို လည်ပတ်လာခြင်းကြောင့် စားအုန်းဆီ တင်သွင်းခွင့် တန်ချိန် လျှော့ချလိုက်သော်လည်း ပြည်တွင်း စားသုံးမှုအတွက် လုံလောက်မှုရှိကြောင်း ကုန်သည်များထံမှ သိရသည်။

စားအုန်းဆီကို ကားနဲ့လိုက်ရောင်းချနေ

ယခုအခါ စားအုန်းဆီ တန်ချိန် ငါးသောင်းကို တင်သွင်းခွင့် ပြုထားသော်လည်း ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် တင်သွင်းမှု မလုပ်ကြသည့် ကုမ္ပဏီများလည်း ရှိကြောင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် နှမ်းကုန်သည်များအသင်းမှ ဆီပြတ်လပ်မှု မရှိစေ ရန် ကုမ္ပဏီများကို တန်ချိန် ပြည့်မှီအောင် တင်သွင်းကြရန် တိုက်တွန်းထားကြောင်း ဆီကုန်သည်တစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက "အရင်နှစ်တွေနဲ့ မတူဘဲနဲ့ ကျနော်တို့ ကုန်ထုတ်လုပ်မှု အပိုင်းရော၊ စားသုံးမှုအပိုင်းမှာပါ သိသိသာသာ လျော့ကျသွား တာ တွေ့ရှိရပါတယ်။ ပြီး‌ရင် ပြည်တွင်း ဆီထွက်သီးနှံ ထုတ်လုပ်မှု အပိုင်းမှာလည်း အနည်းငယ် မြင့်တက်လာပြီးတော့ အဓိကတော့ မြေပဲဆီပေါ့နော်။ မြေပဲဆီကလည်း ဆီစက်တွေ တော်တော်များများ လည်ပတ်လာတာလည်း တွေ့ရှိရပါတယ်။ အဲဒီတော့ လက်ရှိမှာ တန်ချိန် ငါးသောင်းက လုံလောက်မှု ရှိပါတယ်။ တင်သွင်းတဲ့ အပိုင်းမှာကတော့ လုံလောက်မှု ရှိတယ် လို့တော့ ဒီတန်ချိန် ငါးသောင်း ပြည့်မှီအောင် တင်သွင်းဖို့ အသင်းအနေနဲ့ တိုက်တွန်းလျက် ရှိပါတယ်။ ကိုတာရထားပြီး မသွင်း ရင်လည်း မဖြစ်ဘူးလေ။ ဈေးနှုန်းတွေ မြင့်တက်နေလို့ မသွင်းဘူးဆိုလည်း ပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်တာကိုး" ဟု ပြော သည်။

မြန်မာနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်မှုသည် နှစ်စဉ် တန်ချိန် လေးသိန်းရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တန်ချိန် ခြောက်သိန်းမှ ဆယ်သိန်းကြား တင်သွင်းနေရသည်ဟု သိရသည်။

စားအုန်းဆီများကို အစားအသောက် ချက်ပြုတ်ရာတွင် လည်းကောင်း၊ စားသောက်ကုန် ထုတ်လုပ်ရာတွင် လည်းကောင်း၊ အလှကုန် ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုလျက် ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စင်္ကာပူသို့ မြန်မာ့စိန်တလုံးသရက် တင်ပို့မှု ယခင်နှစ်ထက် လျော့ကျ

By CNI
CNI
Category: Watch TV
Hits: 633

Share
Tweet
Share
Share
powered by social2s

ခရီးသည်ရရှိမှု နည်းပါး၍ ကချင်မှ အဝေးပြေးယာဉ်လိုင်းများ တစ်ရက်ခြားသာ ပြေးဆွဲ

By CNI
CNI
Category: Watch TV
Hits: 506

Share
Tweet
Share
Share
powered by social2s
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46

Page 43 of 46

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar