CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက် ထိုင်းသို့ MOU ဖြင့် သွားကျမည့် မြန်မာအလုပ်သမားများ (မြဝတီ-မဲဆောက်မီဒီယာ)

မြန်မာအလုပ်သမား ၂၈၀ ကျော်ကို MOU ဖြင့် ထိုင်းသို့ စတင်စေလွှတ်

By CNI
CNI
Category: စီးပွားရေး
Hits: 2185

CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၀

မြန်မာအလုပ်သမား ၂၈၈ ဦးအား ထိုင်းသို့ နှစ်နိုင်ငံသဘောတူစာချုပ်(MOU)စနစ်ဖြင့် ယနေ့(မေလ ၁၀ ရက်)တွင် ပထမ အသုတ် စတင်စေလွှတ်ပြီဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ၂၈၈ ဦးအား ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက "အဓိက ကျနော်တို့က သက်ဆိုင်ရာ အေဂျင်စီ အလိုက်ကနေ တင်ပြတဲ့ အလုပ်သမား ဦးရေပေါ် မူတည်ပြီးတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းပေါ့နော်။ လမ်းကြောင်းက မြဝတီကနေ သွားမလား၊ ကော့သောင်း ကနေ သွားမလား။ ဒီလို အခြေနေပေါ် မူတည်ပါတယ်။ စေလွှတ်ဖို့ တင်ထားတဲ့ အလုပ်သမားဦးရေပေါ် မူတည်ပြီးတော့မှ smart ကဒ် ရိုက်ရမယ့် ကိစ္စတွေရှိတယ်။ ပြီးရင် စေလွှတ်မယ့် ကိစ္စတွေအပေါ် မူတည်ပြီးတော့မှ သူတို့ခရီးစဉ်ပေါ် မူတည်ပြီး အဆင့်ဆင့် ဆောင်ရွက်ပေးနေပါတယ်"ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ထိုင်းသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် ကွာရန်တင်း ဝင်ရမည့်ကိစ္စများရှိခဲ့သော်လည်း လက်ရှိမှာတော့ ဖြေလျော့ပေးထားကြောင်း၊ မြန်မာအလုပ်သမားများကို တနင်္လာမှ သောကြာနေ့အထိ စေလွှတ်ရန် လျာထားကြောင်း သိရသည်။

သို့သော် စေလွှတ်သည့်အခါတွင် ရက်အတိအကျ မသတ်မှတ်ဘဲ သက်ဆိုင်ရာ အေဂျင်စီများမှ အလုပ်သမားများအား လေကြောင်းလမ်း၊ ကားလမ်း အစရှိသည့် လမ်းကြောင်းများ ရွေးချယ်ထားသည့် အပေါ်တွင် မူတည်၍ စေလွှတ် သွားမည် ဖြစ် ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက် ထိုင်းသို့ MOU ဖြင့် သွားကျမည့် မြန်မာအလုပ်သမားများ (မြဝတီ-မဲဆောက်မီဒီယာ)

တခြား တစ်ဖက်မှာလည်း ကိုဗစ်-၁၉ အခြေအနေနှင့် နိုင်ငံရေး အခြေအနေများကြောင့် ပိတ်ထားသည်မှာ ၂ နှစ်ကျော်ရှိပြီ ဖြစ်သည့် ထိုင်း - မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ယခုရက်အပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် လက်ရှိတွင် နှစ်နိုင်ငံဘက်မှ တာဝန်ရှိသူများ အစည်းအဝေး လုပ်နေဆဲဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ် ဝင်/ထွက် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သီဟက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးအောင်သီဟက "လောလောဆယ် ထိုင်း-မြန်မာ အမှတ်(၁)တံတားက မဖွင့်သေးဘူး။ အခုက အစည်း အဝေးတွေ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ဘာမှလည်း အကျိုးအကြောင်း သူတို့ဘက်ကလည်း ဘာမှ မပြန်ကြားသေးဘူး။ ကျနော်တို့ဘက်ကလည်း ဘာမှ မလုပ်ထားသေးပါဘူး။ တာချီလိတ် ဘက်ကကျတော့ သူတို့ ဖွင့်ဖို့တော့ လုပ်နေတယ်။ အစည်းအဝေးတွေတော့ တောက်လျှောက် လုပ်နေတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ လောလောဆယ် ကျနော်တို့ ဆီ မပို့သေးဘူး။ ပို့မှ ဘယ်နေ့လောက် ဖွင့်မလဲဆိုတာ ပြောလို့ရမှာ"ဟု ပြောသည်။

အဆိုပါ အမှတ်(၁)ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပါက အလုပ်သမားများအတွက် ရလဒ်ကောင်းများ ရလာမည် ဖြစ်သည့်အပြင် ကုန်သည်များအတွက်လည်း အကျိုးရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ‌ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားမှတဆင့် ရွှေတင်သွင်းခြင်းသည် လက်တွေ့တွင် ခက်ခဲသည်ဟုဆို

By CNI
CNI
Category: Watch TV
Hits: 573

Share
Tweet
Share
Share
powered by social2s

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား ၅ ရက်နေ့ ဖွင့်နိုင်ခြေရှိဟုဆို

By CNI
CNI
Category: Watch TV
Hits: 626

Share
Tweet
Share
Share
powered by social2s

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ဂိတ်များ ပြန်ဖွင့်ရန် မသေချာသေး

By CNI
CNI
Category: Watch TV
Hits: 547

Share
Tweet
Share
Share
powered by social2s

ရုရှားစွမ်းအင် မှီခိုနေရမှု လျှော့ချရန် ဟိုက်ဒရိုဂျင်သုံးစွဲကြရေး ဂျာမနီနှင့်ဂျပန်တို့ ညှိနှိုင်း

By CNI
CNI
Category: Watch TV
Hits: 864

Share
Tweet
Share
Share
powered by social2s

စစ်တွေ - ရန်ကုန်လမ်းကြောင်း ည ၆ နာရီအထိသာ ဖြတ်သန်းခွင့်ရ

By CNI
CNI
Category: Watch TV
Hits: 626

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားခရီးသွားများအား ကိုဗစ်စည်းကမ်း ဖြေလျှော့မှု ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 546

Share
Tweet
Share
Share
powered by social2s

စားသောက်ဆိုင်တချို့ ပိတ်သိမ်းမှု ရှိလာ

By CNI
CNI
Category: Watch TV
Hits: 574

Share
Tweet
Share
Share
powered by social2s

ထိုင်းသို့ မြန်မာအပါအဝင် MOU ဖြင့် သွားမည့်သူများ ကွာရန်တင်းဝင်ရန် မလိုတော့

By CNI
CNI
Category: Watch TV
Hits: 592

Share
Tweet
Share
Share
powered by social2s

လုံခြုံမှု မရှိ၍ ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေး ရပ်တန့်

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s
ဦးချစ်ခိုင်ကို တွေ့ရစဉ်

ဦးချစ်ခိုင်ကို အဂတိလိုက်စားမှုဖြင့် အရေးယူထားဟုဆို

By CNI News
CNI News
Category: စီးပွားရေး
Hits: 1277

CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆

စီးပွားရေးလုပ်ငန်းရှင်ကြီး ဧဒင်အုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူ ထား ကြောင်း MRTV က ယနေ့(ဧပြီ ၂၆ ရက်) ည ၈ နာရီသတင်းမှာ ကြေညာသွားခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ် အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင် အဂတိ လိုက် စားမှုများ ရှိနေကြောင်း ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်ကြားခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ် ခုတို့သည် တီကျစ် ကျောက်မီးသွေး အကြီးစား ထုတ်လုပ်မှုအပေါ် နိုင်ငံတော်မှ ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိ ကမှ ၇၀ ရာခိုင်နှုန်း ဖြင့် ခွဲဝေခံစားသည့် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းသည့် ဓာတ်သတ္တုခွန် ၂ ရာခိုင် နှုန်းကို ဓာတ်သတ္တုများ ရောင်းချသည့်အခါ ပြောင်းလဲလာသည့် နှစ်အလိုက် သတ်မှတ်ထားသည့် ဓာတ်သတ္တု ထုတ် လုပ်မှု တစ်တန် ရောင်းဈေး(၂၀၁၈-၂၀၁၉ ခုနှစ်တွင် တစ်တန်လျှင် ငွေကျပ် ၄၈၁၀၀၊ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ တစ်တန်လျှင် ငွေကျပ် ၅၆၅၀၀)အပေါ် ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပ သည့် ဝန်ကြီးဌာန စီမံခန့် ခွဲမှု ကော်မတီ အစည်းအဝေး ၁/၂၀၁၇ ဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေးထုတ်လုပ်မှု တစ် တန်ရောင်းဈေး ငွေကျပ် ၁၂၀၀၀ နှုန်းအပေါ်တွင်သာ တွက်ချက်ကောက်ခံခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဆိုသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း

ထို့နောက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နှစ်အလိုက် ထုတ်လုပ်သည့် ကျောက်မီးသွေး တန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁၉၀၀ ကျော်နှင့် နိုင်ငံတော်မှရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄၀၀၀ ကျော် လျော့နည်းရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅,၉၀၀ ကျော်နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောသည်။

ထို့ကြောင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ချုပ်ဆိုစဉ် လက်မှတ်ရေးထိုးပြီး လုပ်ငန်း အကောင်အထည် ဖော်မှုများအပေါ် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန် ကြားရေးမှူးဟောင်း ဦးကျော်ဆန်းနှင့် နိုင်ငံတော် နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ သည့် ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ငွေကျပ်သန်း ၉၄၀၀ ကျော်နိုင်ငံတော်မှ နစ်နာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း လိုက်နာ အကောင်အထည်ဖော်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် နိုင်ငံ တော် နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် တရားစွဲဆို အရေး ယူနိုင်ရေး ဆောင်ရွက်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။

ဧဒင်အုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်သည် မြန်မာနိုင်ငံတွင် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး ဟိုတယ်၊ ဆောက်လုပ်ရေး၊ ဘဏ်၊ လောင်စာဆီ ဖြန့်ဖြူးရောင်းချရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

 

Share
Tweet
Share
Share
powered by social2s

ထိုင်းသို့ မြဝတီလမ်းမှ အလုပ်သမားစေလွှတ်ရေး အစိုးရက ပြန်လည်စဉ်းစားသင့်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားငွေလဲလှယ်မှု မူဝါဒကန့်သတ်ချက် ရေရှည်အတွက် မဖြစ်နိုင်

By CNI
CNI
Category: Watch TV
Hits: 601

Share
Tweet
Share
Share
powered by social2s

ဒေါ်လာဈေး ၁၈၅၀ ကျပ်ဖြင့် ရွှေဈေးနှုန်း တွက်ချက်မှုမရှိ

By CNI
CNI
Category: Watch TV
Hits: 624

Share
Tweet
Share
Share
powered by social2s

မြိတ်မြို့တွင် လျှပ်စစ်မီတာခ ဈေးနှုန်းမြင့်တက်

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

သင်္ကြန်ပိတ်ရက်အတွင်း ပုဂံသို့ ခရီးသွားဝင်ရောက်မှု ၂ သိန်းနီးပါးရှိခဲ့

By CNI
CNI
Category: Watch TV
Hits: 659

Share
Tweet
Share
Share
powered by social2s
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47

Page 45 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar