CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အမ်းမြို့နယ်တွင် ဆန်အကန့်အသတ်ဖြင့် ပြန်လည်သယ်ယူခွင့်ရ

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s
စင်ကာပူက စားသောက်ဆိုင် တစ်ခုတွင် ဧည့်သည်များကို မှာမည့် အစားအသောက်ကို မေးမြန်းနေသူ

လစာစင်ကာပူဒေါ်လာ ၃၅၀၀ မပေးမချင်း ပန်းကန်ဆေး ဝန်ထမ်းခေါ်မရ

By CNI
CNI
Category: စီးပွားရေး
Hits: 2251

CNI International News

၂၀၂၂ ခုနှစ်၊ မေလ ၂၇

ကော်လာပြာ (ဉာဏမဟုတ်သောအလုပ်) အတွက် လစာတော်တော်မြင့်ပေမယ့်၊ ဒီလိုဆွဲဆောင်မှုရှိတဲ့ အလုပ်ခေါ်မှုမျိုး ဖြစ် ပေမယ့် စင်ကာပူက အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းရှင် တချို့ကတော့ ဒီရာထူးကို ထမ်းဆောင်လိုတဲ့ ဝန်ထမ်းရ ဖို့ မနည်းရုန်းကန်ပြီး ရှာဖွေနေရပါတယ်။

အောချက်လမ်းမ (Orchard Road) မှာရှိတဲ့ အီရှိနိုမာကီ အကင်နဲ့ဆာကေး (Grill & Sake) ဆိုင်ရဲ့ တွဲဖက်တည်ထောင်သူ ဖြစ် တဲ့ ချန်ဝေရှင်း (Chen Weixin) ကတော့ ဒီအလုပ်လုပ်ချင်တဲ့ လူတွေ ရှားနေတာမို့လို့ သူ့ဘာသာသူ လက်အိတ်စွပ်ပြီး ပန်းကန်ခွက်ယောက် ဆေးကြောနေရတယ်လို့ ရှင်မင်းနေ့စဉ် သတင်းစာကို ပြောပါတယ်။

တစ်ရက်ကို စင်ကာပူဒေါ်လာ ၅၀ ပိုပေးပါ့မယ်လို့ ပြောတာတောင် ပန်းကန်ဆေးချင်တဲ့ ဝန်ထမ်းဆိုလို့ ရောက်မလာကြဘူးလို့ သူက ဆက်ပြောပါတယ်။

“လူတော်တော်များများက ပန်းကန်ဆေးတဲ့ အလုပ်ကို နိမ့်ကြတယ်လို့ မြင်ကြတယ်။ ပိုက်ဆံများများ ပေးတာတောင်မှ မလုပ် ချင် ကြပုံရပါတယ်” ဟု ချန်ဝေရှင်းက ရှင်မင်းနေ့စဉ်ကို ရှင်းပြပါတယ်။

စားသောက်ဆိုင် လုပ်ငန်းရဲ့ ရှယ်ယာရှင်ဖြစ်တဲ့ ချန်ဝေရှင်းဟာ တစ်လကို ဒေါ်လာ ၃၅၀၀ (တက္ကသိုလ်ဘွဲ့ရ အချို့နဲ့ တန်းတူ လစာပမာဏ) ပေးပါ့မယ်လို့ သတင်းဖြန့်တော့မှ မလေးရှား လုပ်သားတစ်ဦးကို ရှာတွေ့နိုင်ခဲ့ပါတယ်။

အဲဒီလိုဝန်ထမ်းကို တစ်လကြာအောင် ရှာခဲ့ပေမယ့် စင်ကာပူနိုင်ငံသား ဘယ်သူကမှ လာမလုပ်ချင်ကြပါဘူး။ ကပ်ရောဂါ ကြောင့် စင်ကာပူသားတချို့ဟာ သူတို့ဇာတိမြေကို ပြန်လာခဲ့ကြပေမယ့် ဒီလိုအလုပ်မျိုး အတွက်တော့ နိုင်ငံခြားသား အလုပ် သမားတွေကိုပဲ အားကိုးရတယ်လို့ သူက ပြောပြပါတယ်။

စင်ကာပူက စားသောက်ဆိုင် တစ်ခုတွင် ဧည့်သည်များကို မှာမည့် အစားအသောက်ကို မေးမြန်းနေသူ

ဒီနှစ် မတ်လ ၂၉ ရက်ကတည်းက Covid-19 စည်းကမ်းတွေ ဖြေလျှော့ပေးလိုက်ပေမယ့် နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ မူဝါဒတွေ တင်းကြပ်လာတာနဲ့အမျှ အလုပ်အကိုင် အကျပ်အတည်းတွေကတော့ စင်ကာပူမှာ ရှိနေတုန်းပါ။ ဒါပေမယ့် စင်ကာပူနိုင်ငံသား အနည်းအကျဉ်းလောက်ကပဲ ဒီလို အလုပ်ကြမ်းတွေကို လုပ်ချင်ကြပါတယ်။

တချို့ စားသောက်ဆိုင် လုပ်ငန်းတွေမှာဆိုရင် ပန်းကန်းဆေးစက်နဲ့ အလုပ်လုပ်ဖို့ တစ်လကို လစာ စင်ကာပူ ဒေါ်လာ ၄၀၀၀ နဲ့ ဘောနပ်စ်(အပိုဆုကြေး) ၃၀၀၀ လောက်အထိ ပေးနေရတယ်လို့ ရှင်မင်းနေ့စဉ် သတင်းစာက ဆက်လက် ရေးသားထား ပါတယ်။

“တစ်လကို စင်ကာပူဒေါ်လာ ၁၀၀၀ အထိ စွမ်းဆောင်ရည် ဆုကြေး ပေးပေမယ့်လည်း အခုအထိ ဝန်ထမ်းရှားပါးမှုနဲ့ ရင်ဆိုင် နေရတုန်းပါ” ဟု သူက ရင်ဖွင့်ပါတယ်။

နေးလ်လမ်းမဘေးက အိုင်ကီ စားသောက်ဆိုင်နှင့် ဘားလုပ်ငန်း တွဲဖက်ပိုင်ရှင် လမ်းဘတ်ချန်က အလုပ်ဆိုတာ တောင်းဆိုမှုနဲ့ ကြိုးစားအားထုတ်မှု နှစ်ခုစလုံးဖြစ်ကြောင်း Asai One မီဒီယာကို ပြောပါတယ်။ အဲဒါကြောင့် စင်ကာပူနိုင်ငံသား အနည်းစုက ပဲ ဒီအလုပ် လုပ်ချင်ကြတာမျိုးလို့ သူက ဆက်ပြောပါတယ်။

တန်လော့ (Tung Lok) စားတော်ဆက်တွေရဲ့ အမှုဆောင်အရာရှိချုပ် အင်ဒရူးတာ့ဂျိုးက အဲဒီလို ပန်းကန်ဆေး ဝန်ထမ်း ပြဿနာကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ၁၀ နှစ် လောက်ကတည်းက သန့်ရှင်းရေးကုမ္ပဏီ တစ်ခုကို ငှားရမ်းလုပ်ကိုင်တယ်လို့ ပြောပါတယ်။

ငှားရမ်းလုပ်ကိုင်မှုအတွက် ကုမ္ပဏီကနေ လွှတ်ပေးတဲ့ အလုပ်သမားတစ်ဦးကို စင်ကာပူဒေါ်လာ ၃,၈၀၀ ကနေ ၄,၀၀၀ ကြား ပေးရတယ်လို့ ရှင်မင်းနေ့စဉ် သတင်းစာကို သူကပြောပြပါတယ်။

စင်ကာပူက စားသောက်ဆိုင်တစ်ခု

“သန့်ရှင်းရေးကုမ္ပဏီကို တခါတည်း ပိုက်ဆံပေးလိုက်တော့ ပန်းကန်ဆေးမယ့်သူ ဒီနေ့ရှိမှာလား၊ မနက်ဖြန် ကျမှလားဆိုပြီး စိုးရိမ်စရာ မရှိတော့ဘူးဗျာ” ဟု အင်ဒရူးတာ့ဂျိုးက ရှင်းပြသည်။

အခုဆိုရင် Covid-19 ကြောင့် စားသောက်ဆိုင်ထဲ ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် လတ်တလော ကာလ အတွက် ပန်းကန်ဆေးဝန်ထမ်း ထပ်ခေါ်ဖို့ လိုနေတယ်လို့ သူက ဆက်ပြောပါတယ်။

လမ်းဘတ်ချန်ကတော့ သန့်ရှင်းရေး ကုမ္ပဏီတွေကနေ တဆင့် ဝန်ထမ်းခေါ်သုံးတာဟာ ကုန်ကျစရိတ် ပိုများလို့ သူ့အတွက် ရွေးချယ်ဖို့ အဆင်မပြေဘူးလို့ ရင်ဖွင့်ပါတယ်။
“ပန်းကန်ဆေးတဲ့ဝန်ထမ်း အပြောင်းအလဲက ခဏခဏ ကြုံရလွန်းလို့ သီးသန့် စံချိန်စံညွှန်းတွေလည်း မထားနိုင်တော့ပါဘူး ဗျာ” ဟု သူကပြောပါတယ်။
သူ့စားသောက်ဆိုင်မှာ လက်ရှိ ပန်းကန်ဆေး စက်တစ်လုံး၊ နိုင်ငံခြား အလုပ်သမားကို တစ်လလျှင် စင်ကာပူဒေါ်လာ ၂၇၀၀ ပေးပြီး ခန့်ထားရတယ်လို့ လမ်းဘတ်က ပြောပါတယ်။

တချို့သော သန့်ရှင်းရေး ကုမ္ပဏီများကတော့ သူတို့တောင်းတဲ့ စျေးနှုန်းက ၃၀ ရာခိုင်နှုန်းနီးပါးအထိ တက်သွားကြပါတယ်။ ချန်ဝေရှင်းတော့ မဖြစ်မနေ ဝန်ထမ်းလိုတဲ့အတွက် သန့်ရှင်းရေးကုမ္ပဏီ တစ်ခုကနေ သန့်ရှင်းရေး သမားတစ်ဦးအတွက် ဒေါ်လာ ၄၉၀၀ ပေးခဲ့ရလို့ မန်နေဂျာတစ်ဦးရဲ့ လစာနဲ့တန်းတူပဲလို့ ပြောပြပါတယ်။ လစာနှင့် ညီမျှသည်ဟု သူမက ပြောပြခဲ့ သည်။

သန့်ရှင်းရေးကုမ္ပဏီ သူမရဲ့ စားသောက်ဆိုင် အရွယ်အစားကြောင့် အလုပ်သမား သုံးဦးကို ငှားရမ်းပေးဖို့ တောင်းဆိုခဲ့သည်။
“ဒါက ပန်းကန်ဆေးဖို့ကိစ္စ တစ်ခုအတွက် တစ်လကို စင်ကာပူဒေါ်လာ တစ်သောင်းခွဲနီးပါး အကုန်ခံရမယ်လို့ ဆိုလိုတဲ့ သဘောပါ” ဟု သူမက တွက်ချက်ပြသည်။

ပန်းကန်ဆေးဝန်ထမ်း ငှားရမ်းခြင်းဟာ ၂၀၁၂ ခုနှစ်တုန်းကဆိုရင် စင်ကာပူဒေါ်လာ ၃၀၀၀ တောင်းတဲ့အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။
ပြီးခဲ့သည့်လက သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့က မလေးရှား စားသောက်ဆိုင် တစ်ဆိုင်မှာဆိုရင် စားဖိုမှူးတစ်ဦးကို တစ်လ လျှင် စင်ကာပူဒေါ်လာ ၅၅၀၀ နဲ့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်။

Source: Asia One

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းငွေပေးချေမှု ကျပ်ငွေ အသုံးပြုရမည့်အပေါ် ကြိုဆိုဟုပြော

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s

မြန်မာတစ်နိုင်ငံလုံးမှာ စားနပ်ရိက္ခာ မပြတ်လပ်နိုင်၊ ဒေသတချို့မှာ ဖြစ်နိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

တရားမဝင်နှင့် တရားဝင် အလုပ်သမားများအတွက် ထိုင်းမှ အချက်လေးချက် ပြင်ဆင်မည်

By CNI
CNI
Category: Watch TV
Hits: 750

Share
Tweet
Share
Share
powered by social2s
စားအုန်းဆီ ရောင်းချနေ

စားအုန်းဆီ ပြန်တင်သွင်းခွင့်ရသော်လည်း ဈေးနှုန်း အမြင့်ပိုင်းတွင်သာရှိနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1313

CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၅

အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့ပြည်တွင်းရှိ စားအုန်းဆီများကို ပြည်ပသို့ တင်ပို့ခွင့် ပိတ်ထားရာမှ မေလ ၂၃ ရက်တွင် ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်‌သောကြောင့် မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု ရှိသော်လည်း ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ကျနိုင်ခြေ မရှိကြောင်း ကုန်သွယ်ရေး လုပ်ကိုင်သူများက ပြောသည်။

ယခင်က ပြည်ပမှ စားအုန်းဆီ တင်သွင်းခွင့်ကို တစ်လလျှင် တန်ချိန် ခုနှစ်သောင်း ခွင့်ပြုထားသော်လည်း လက်ရှိတွင် တန်ချိန် ငါးသောင်းသာ တင်သွင်းခွင့် ပြုထားခြင်းကြောင့် ဈေးနှုန်း ကျဆင်းသွားနိုင်မည် မဟုတ်ဟု ဧရာကုန်သွယ်မှု ဗဟိုဌာန ၏ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

ဦးနေဝင်းစိုးက "တင်သွင်းခွင့် ပြုလိုက်ပြီဆို ဝယ်လို့ရပြီဆိုရင် ကျနော်တို့ဆီမှာလည်း အဆင်ပြေလာပါလိမ့်မယ်။ သို့သော်ငြား လည်းပဲ ဈေးကတော့ အများကြီး မကျနိုင်ဘူးဗျ။ ဘာလို့လဲဆိုတော့ အရင် တင်သွင်းခွင့်က အရင်က တန်ချိန် ခုနှစ်သောင်း လောက် တင်သွင်းခွင့် ပြုနေတယ်။ အခု တန်ချိန် လျှော့ပြီးတော့ ငါးသောင်းလောက်ပဲ တင်သွင်းခွင့် ပြုတော့တယ်။ သိပ် အများကြီးတော့ လျှော့လိုက်တာ မဟုတ်ဘူး။ သို့သော်ငြားလည်း လိုအပ်ချက် အပြည့်အဝ တင်သွင်းတာမျိုး၊ တင်သွင်းခွင့် ပြုထားတာမျိုး မဟုတ်ဘူး။ အဲတော့ ဈေးကတော့ တက်နေအုံးမယ် ထင်တာပဲ။ ဈေးတအားကြီး ကျမသွားနိုင်ဘူးပေါ့ အဲလို မျိုး ကျနော်ထင်တယ်" ဟု ပြောသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စားအုန်းဆီ အသုံးပြုမှု သိသာစွာ လျော့နည်းလာကြောင်း၊ မြေပဲဆီစက်များ ယခင်ကထက် ပိုမို လည်ပတ်လာခြင်းကြောင့် စားအုန်းဆီ တင်သွင်းခွင့် တန်ချိန် လျှော့ချလိုက်သော်လည်း ပြည်တွင်း စားသုံးမှုအတွက် လုံလောက်မှုရှိကြောင်း ကုန်သည်များထံမှ သိရသည်။

စားအုန်းဆီကို ကားနဲ့လိုက်ရောင်းချနေ

ယခုအခါ စားအုန်းဆီ တန်ချိန် ငါးသောင်းကို တင်သွင်းခွင့် ပြုထားသော်လည်း ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် တင်သွင်းမှု မလုပ်ကြသည့် ကုမ္ပဏီများလည်း ရှိကြောင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် နှမ်းကုန်သည်များအသင်းမှ ဆီပြတ်လပ်မှု မရှိစေ ရန် ကုမ္ပဏီများကို တန်ချိန် ပြည့်မှီအောင် တင်သွင်းကြရန် တိုက်တွန်းထားကြောင်း ဆီကုန်သည်တစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက "အရင်နှစ်တွေနဲ့ မတူဘဲနဲ့ ကျနော်တို့ ကုန်ထုတ်လုပ်မှု အပိုင်းရော၊ စားသုံးမှုအပိုင်းမှာပါ သိသိသာသာ လျော့ကျသွား တာ တွေ့ရှိရပါတယ်။ ပြီး‌ရင် ပြည်တွင်း ဆီထွက်သီးနှံ ထုတ်လုပ်မှု အပိုင်းမှာလည်း အနည်းငယ် မြင့်တက်လာပြီးတော့ အဓိကတော့ မြေပဲဆီပေါ့နော်။ မြေပဲဆီကလည်း ဆီစက်တွေ တော်တော်များများ လည်ပတ်လာတာလည်း တွေ့ရှိရပါတယ်။ အဲဒီတော့ လက်ရှိမှာ တန်ချိန် ငါးသောင်းက လုံလောက်မှု ရှိပါတယ်။ တင်သွင်းတဲ့ အပိုင်းမှာကတော့ လုံလောက်မှု ရှိတယ် လို့တော့ ဒီတန်ချိန် ငါးသောင်း ပြည့်မှီအောင် တင်သွင်းဖို့ အသင်းအနေနဲ့ တိုက်တွန်းလျက် ရှိပါတယ်။ ကိုတာရထားပြီး မသွင်း ရင်လည်း မဖြစ်ဘူးလေ။ ဈေးနှုန်းတွေ မြင့်တက်နေလို့ မသွင်းဘူးဆိုလည်း ပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်တာကိုး" ဟု ပြော သည်။

မြန်မာနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်မှုသည် နှစ်စဉ် တန်ချိန် လေးသိန်းရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တန်ချိန် ခြောက်သိန်းမှ ဆယ်သိန်းကြား တင်သွင်းနေရသည်ဟု သိရသည်။

စားအုန်းဆီများကို အစားအသောက် ချက်ပြုတ်ရာတွင် လည်းကောင်း၊ စားသောက်ကုန် ထုတ်လုပ်ရာတွင် လည်းကောင်း၊ အလှကုန် ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုလျက် ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စင်္ကာပူသို့ မြန်မာ့စိန်တလုံးသရက် တင်ပို့မှု ယခင်နှစ်ထက် လျော့ကျ

By CNI
CNI
Category: Watch TV
Hits: 810

Share
Tweet
Share
Share
powered by social2s

ခရီးသည်ရရှိမှု နည်းပါး၍ ကချင်မှ အဝေးပြေးယာဉ်လိုင်းများ တစ်ရက်ခြားသာ ပြေးဆွဲ

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ မြန်မာအလုပ်သမားများ နေရပ်ပြန်နိုင်ရေး NUG ကူညီပေးသင့်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

စက်သုံးဆီဈေးကြောင့် ရခိုင်တောင်သူများ ကျွဲ၊နွားတို့ဖြင့် ထွန်ယက်စိုက်ပျိုး ရနိုင်ဖွယ်ရှိ

By CNI
CNI
Category: Watch TV
Hits: 657

Share
Tweet
Share
Share
powered by social2s

တာချီလိတ် အမှတ်(၁)တံတား ဇွန်လ ၁ ရက်နေ့ ဖွင့်လှစ်ရန် မသေချာသေး

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s

MOU ဖြင့် စေလွှတ်နေသည့်တိုင် ခိုးဝင်သူများ၌ MOU စာချုပ်ချုပ်ထားသူများ ပါဝင်နေ

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s

ဆန်သယ်ယူခွင့် ကန့်သတ်ချက်ကြောင့် အမ်းမြို့နယ်ရှိ ကျေးရွာများ အခက်အခဲဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s

မြန်မာကုန်ကားများ အကန့်အသတ်မရှိ တရုတ်နိုင်ငံသို့ ဝင်ခွင့်ရပြီ

By CNI
CNI
Category: Watch TV
Hits: 752

Share
Tweet
Share
Share
powered by social2s

ဗန်းမော် - လွယ်ဂျယ်လမ်းပိုင်း ဆိုးရွားစွာ ပျက်စီး၊ ကုန်ကားသမားများ အခက်တွေ့

By CNI
CNI
Category: Watch TV
Hits: 713

Share
Tweet
Share
Share
powered by social2s

သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင် Tourist visa လျှောက်ထားမှု မရှိ

By CNI
CNI
Category: Watch TV
Hits: 680

Share
Tweet
Share
Share
powered by social2s
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47

Page 44 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar