CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ခရီးမသွားသင့်သည့်နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းက အများအပြားထိခိုက်နိုင်

By CNI
CNI
Category: Watch TV
Hits: 530

Share
Tweet
Share
Share
powered by social2s

နိုင်ငံ့ဝန်ထမ်းများကို အိမ်ငှားစရိတ်ထောက်ပံ့မည်ဟု နစကပြော

By CNI News
CNI News
Category: စီးပွားရေး
Hits: 1225

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို နစက-ကနေ အိမ်ငှား စရိတ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၂၂ ရက်) ပြောကြား သွားခဲ့သည်။

နစကသည် စီးပွားရေးရာကော်မတီ အစည်းအဝေးကို ယနေ့ (ဇူလိုင် ၂၂ ရက်)က ကျင်းပခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်း(အမြဲ တမ်း) များအား အိမ်ငှားစရိတ် ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နစက-က “နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) များအနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံဏားခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား ဇူလိုင် ၂၅ ရက်၌ သတင်းထုတ်ပြန် သွားမည်”ဟု ပြောသည်။

ထို့နောက် နစကအနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယခု အိမ်ငှားစရိတ် ထောက်ပံ့ခြင်း အပါအဝင် ချီးမြှင့်ထောက်ပံ့မှု ၂၆ ခု ပြုလုပ်ပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်သွားသည်။

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ မိုဟာမက် ဘင်ဆလန် (AFP)

ပူတင်နှင့် ဆော်ဒီအိမ်ရှေ့မင်းသား တယ်လီဖုန်းဖြင့် ရေနံအရေး ဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 975

CNI International News

မော်စကို၊ ဇူလိုင် ၂၂

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆလန်နှင့် ဇူလိုင် ၂၁ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ကမ္ဘာ့ရေနံဈေးကွက် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း မော်စကိုအခြေစိုက် အာတီသတင်းဌာနက ရေးသားဖော်ပြသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် OPEC+ အဖွဲ့အတွင်း ၎င်းတို့ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံအကြား “ချစ်ကြည်ရင်းနှီးမှု” အဆင့်မြင့်မားမှုကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း ကရင်မလင်သမ္မတ နန်းတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားကဲ့သို့ ရေနံတင်ပို့သည့် နိုင်ငံများနှင့် မဟာမိတ်များသည် OPEC+ အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်တွင် ဟန်ချက်ညီမှုနှင့် တည်ငြိမ်မှုကို ထိန်းထားရန် အပါအဝင် မိမိတို့၏ တာဝန်ဝတ္တရားများကို တစိုက်မတ်မတ် ကျေပွန်ကြရန် ခေါင်းဆောင်နှစ်ဦးတို့ ညှိနှိုင်းခဲ့ကြကြောင်း ကရင်မလင်၏ သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ယခင်လက အဆိုပါအဖွဲ့သည် ယခုနှစ် ဇူလိုင်နှင့်သြဂုတ်လအတွင်း ကမ္ဘာ့ဝယ်လိုအား၏ ၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တစ်နေ့ လျှင် ရေနံစည်ပေါင်း ၆၄၈၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်ရန် သဘောတူညီခဲ့ကြသည်။

အမေရိကန် ရေနံစက်ရုံ

ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အနောက်အုပ်စု နိုင်ငံများက OPEC+ အား ဖိအားပေးနေချိန်တွင် ယခုကဲ့သို့ ပူတင်နှင့်ဆော်ဒီတို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း အနောက်အုပ်စု၏ ကြိုးပမ်းမှုသည် ယခင်လ၌ ကမ္ဘာ့ရေနံဈေး ကျဆင်းသွားစေခြင်း မရှိခဲ့ပေ။

ဇူလိုင် ၂၁ ရက်တွင် ပူတင်နှင့် ဆော်ဒီမင်းသား ဘင်ဆလန်တို့သည် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပြီး အပြန်အလှန် အကျိုးရှိသော ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုများကို တိုးချဲ့ရန် အလေးပေးခဲ့ကြကြောင်း ကရင်မလင် နန်းတော်က ပြောကြားခဲ့သည်။

ယူကရိန်းတွင် ရုရှား၏ စစ်ရေး လုပ်ဆောင်မှုသည် ဆော်ဒီအာရေဗျနှင့် ရုရှား (သို့မဟုတ်) ယူကရိန်းတို့ကြား ဆက်ဆံရေးကို ထိခိုက်စေမည် မဟုတ်ကြောင်း ရီယာ့ဒ်(ဆော်ဒီ)က ပြီးခဲ့သည့် မေလတွင် ပြောကြားခဲ့ပြီး ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံစလုံး အပေါ် ကျယ်ပြန့်သည့် ကုန်သွယ်မှု ဆက်ဆံရေးကို ဆက်ထိန်းထားခဲ့သည်။

ဘိုင်ဒန်နဲ့ မိုဟာမက် ဘင်ဆလန် 

ခေါင်းဆောင် နှစ်ဦးတို့သည် ဆီးရီးယား အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဇူလိုင် ၁၉ ရက်က အီရန်သမ္မတ အီဘရာဟင်ရိုင်စီ၊ တူရကီသမ္မတ အာဒိုဂန်တို့နှင့် ရုရှားသမ္မတ ပူတင်တို့ တီဟီရန်မြို့တော်၌ တွေ့ဆုံခဲ့ကြသည့် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ပူတင်က “ဆီးရီးယားလက်ထဲမှ လုယက်မှုတွေ ရပ်သင့်ကြောင်း” အမေရိကန်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရေနံတွင်းများနှင့် ဂျုံခင်းများကို ထိန်းချုပ်ထားသည့် ရာနှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင် များ ရှိနေသေးသည်။

ဝါရှင်တန်နှင့် ရီယာ့ဒ်(ဆော်ဒီ)တို့ကြား ဆက်ဆံရေးသည် သမိုင်းဝင် အနိမ့်ဆုံးသို့ ရောက်ရှိသွားကြောင်း ဝေါစထရိဂျာနယ်မှ သတင်းဖော်ပြချက်နှင့် မရှေးမနှောင်းမှာပင် ယခုကဲ့သို့ ပူတင်နှင့် ဘင်ဆလန်တို့၏ တယ်လီဖုန်းခေါ်ဆိုမှု ပေါ်ပေါက်လာ ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဘင်ဆလန်တို့အကြား ပုဂ္ဂိုလ်ရေးအရ မကျေလည်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြား စေဖို့ အရေးပါသော အချက်တစ်ချက်လည်း ဖြစ်ကြောင်း ဝါရှင်တန်နှင့် ရီယာ့ဒ်တို့မှ သတင်းရင်းမြစ်များကို ကိုးကား၍ အာရ်တီ သတင်းတွင် ဖော်ပြထားသည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s
ပုဂံဒေသမှ နိုင်ငံခြားခရီးသွားများ

ခရီးမသွားသင့်သည့်နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းက အများအပြားထိခိုက်နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1437

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

အမေရိကန်ပြည်ထောင်စု ကောင်စစ်ရေးရာဦးစီးဌာနက မြန်မာနိုင်ငံ အပါအဝင် (၇)နိုင်ငံအား အမေရိကန် နိုင်ငံသားများ အနေဖြင့် ခရီးသွားလာရန် မသင့်သည့် နိုင်ငံများအဖြစ် ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းကြောင့် အများအပြား ထိခိုက်မှု ရှိနိုင်သည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် Level- 4 အနီရောင်အဆင့် သတ်မှတ်ချက် နိုင်ငံအဖြစ် ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ အမေရိကန်၏ ယခုထုတ်ပြန်ချက်သည် အမေရိကန်နိုင်ငံသား တစ်ခုတည်းသာမက အခြားနိုင်ငံမှ လာရောက် လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများအပေါ်ပါ အကျိုးသက်ရောက်မှု ရှိကြောင်း ၎င်းက ပြောသည်။

ဦးနောင်းနောင်းဟန်က “ဥပမာအားဖြင့်ဆိုရင် အာဆီယံနိုင်ငံထဲမှာ ဖိလစ်ပိုင်နိုင်ငံကပဲ ဆိုပါတော့ နိုင်ငံသား တစ်ယောက်က ဒီကို မြန်မာပြည်ကို လာတော့မယ်ဆိုရင် သူ့နိုင်ငံရဲ့ ထုတ်ပြန်ချက် မရှိဘူးဆိုရင် အမေရိကန်တို့ ဘာတို့ အနောက်တိုင်း နိုင်ငံ တွေရဲ့ ထုတ်ပြန်ချက်ကို သူတို့က refer လုပ်ပြီး ကြည့်တာပေါ့။ ဘယ်အဆင့် သတ်မှတ်ချက်က ဘယ်လောက်ရှိလဲ ကြည့်ပြီး တော့မှ လာကြတယ်။ ဒီအတွက်ကြောင့် အမေရိကန် နိုင်ငံသားတွေ တင်မကဘူး အခြားနိုင်ငံသားတွေကပါ လာဖို့အတွက်ကို တွန့်ဆုတ်သွားနိုင်တယ်။ နောက်ဆုတ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ခရီးသွားလုပ်ငန်းမှာ အများကြီး ထိခိုက်မှု ရှိပါတယ် ဒါက လေ။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ သုံးသပ်ပြီးတော့ ပြည်ပနိုင်ငံတစ်ခုကနေ ဒီလိုမျိုး သတ်မှတ်တယ် ဆိုတာ တော့ ခရီးသွား လုပ်ငန်းအတွက် ဆုတ်ယုတ်မှုတစ်ခုလို့ မြင်တယ်။ ခရီးသွား လုပ်ငန်းအတွက် ဒါ ဆိုးရွားတဲ့ ကိစ္စဖြစ်သွားတာ ပေါ့” ဟု ပြောသည်။

အမေရိကန်၏ ခရီးမသွားသင့် နိုင်ငံစာရင်းထုတ်ပြန်ချက်

ယခုကဲ့သို့ ခရီးသွားလာရန် မသင့်သည့် အနီရောင်အဆင့် နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်း စာရင်းသို့ ဝင်သွားပါက ပြန်ပယ် ဖျက်နိုင်ရန် မလွယ်ကူကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းရှိ လုံခြုံရေး အခြေအနေတို့အား တိုးတက်အောင် လုပ်ပြီးမှ သာ ထိုသို့ သတ်မှတ်ခံရမှုမှ ပယ်ပျက်နိုင်မည့် သဘောရှိကြောင်း ၎င်းက ပြောသည်။

ထိုသို့ သတ်မှတ် ခံခဲ့ရသည့်အတွက် လက်ရှိ တစ်နှစ်တာ ကာလအတွင်းတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု နည်းနိုင် ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသက်လွင်တိုးက “အထူးသဖြင့် white area ဖြစ်ဖို့ အရေးကြီးသွားပြီ။ အခုက အဖြူရောင် နယ်မြေဆိုတာ တော်တော်ကို ရှားသွားပြီ။ အချိန်မရွေး အမည်းရောင် ဖြစ်သွားနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတော့ ဒီဟာကိုလည်း ဧည့်သည်တွေက စိုးထိတ်ကြတာပါ။ အမေရိကန်မှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံသားမဆို အားလုံးက အသက်တွေပါတဲ့ အတွက်ကြောင့် စိုးရိမ်ကြ တာပဲ။ သူ့ရဲ့ ကြေညာတာကတော့ သူ့အလုပ် သူလုပ်တာပေါ့။ သူနိုင်ငံရေးအရ လုပ်ရမှာပဲ။ ဒီတစ်နှစ် ကာလအတွင်းမှာ ကျနော်တို့ဘက်က အခြေအနေ ပြောင်းလဲသွားလို့ တိုးတက်မှုတွေ ရှိလို့ အားလုံးလည်း ငြိမ်းချမ်း လာတယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံက ကမ္ဘာလှည့်ပြီး ကြေညာနေစရာတောင် မလိုဘူး။ လူတိုင်းက အာရုံစိုက်နေပြီ။ အဲဒီအခါကျရင် မူလ အခြေအနေ ပြန်ရောက်တဲ့ တစ်နေ့မှာ အုံနဲ့ကျင်းနဲ့ ပြန်လာကြမယ်လို့ မျှော်လင့်နေတုန်းပေါ့။ အခုကတော့ အနည်းဆုံး တစ်နှစ်ကတော့ inbound tourism တိုးတက်ဖို့က သိပ်ပြောလို့ မရသေးတဲ့ အခြေအနေပါ” ဟု ပြောသည်။

ပုဂံဒေသမှ နိုင်ငံခြားခရီးသွားများနဲ့ မြန်မာနိုင်ငံမြေပုံ အညွန်း

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုများ ရှိနေသော်လည်း အလည်အပတ် လာရောက်ခြင်းထက် စီပွားရေး လုပ်ငန်းပေါ် အခြေခံပြီး လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများ ဖြစ်ကြောင်း၊ ထိုအထဲတွင် လူငယ် များပြား ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း မှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းရေး မငြိမ်မသက်မှုများ ဖြစ်ပေါ်နေကာ လက်နက်ကိုင် တိုက်ပွဲများလည်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ ဖြစ်ပေါ်နေကြောင်း အမေရိကန်ပြည်ထောင်စု ကောင်စစ်ရေးရာဦးစီးဌာနက ဖော်ပြထားသည်။

ထို့နောက် COVID-19 ကပ်ရောဂါနှင့်ပတ်သက်သည့် ကန့်သတ်ချက်များအပြင် ဆန္ဒပြသူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှား သူများကို ဆက်လက် ဖမ်းဆီးနေမည်ဟု မျှော်လင့်ရကြောင်းလည်း အမေရိကန်က ဖော်ပြထားသည်။

ထို့အပြင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှ မြို့နယ်အချို့ အပါအဝင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အား သွားလာရန်တွင် အထူးသတိပြုကြရန် အသိပေးထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းဆန်ဈေးကွက်တွင် ရွှေဘိုဆန်ရှားပြီး ဈေးနှုန်းတက်လာ

By CNI
CNI
Category: Watch TV
Hits: 494

Share
Tweet
Share
Share
powered by social2s

ဂတ်စ်ဈေးနှုန်း မြင့်တက်မှုကြောင့် စားသောက်ဆိုင်လုပ်ငန်းများ အမြတ်နည်းလာ

By CNI
CNI
Category: Watch TV
Hits: 495

Share
Tweet
Share
Share
powered by social2s
ရွှေဘိုဆန် ရောင်းချနေခြင်း

ပြည်တွင်းဆန်ဈေးကွက်တွင် ရွှေဘိုဆန်ရှားပြီး ဈေးနှုန်းတက်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 1167

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

ပြည်တွင်း ဆန်ဈေးကွက်တွင် ရွှေဘိုဆန် ဝင်ရောက်မှု နည်းပါးခြင်းနှင့်အတူ ရှားပါးနေသည့်အတွက် ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

ရွှေဘိုဆန်သည် လက်ရှိတွင် ၂၄ ပြည် တစ်အိတ်လျှင် ကာလပေါက်ဈေးထက် ၅၀၀၀ ကျပ်နှုန်း မြင့်တက်နေကြောင်း၊ ထပ်မံ မြင့်တက်နိုင်သည့် အခြေအနေရှိနေကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်မှ ဆန်ရွှေဘို ဆန်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးရှိုင်းဝင်းလတ်က CNI သတင်းဌာသို့ ပြောသည်။

ဦးရှိုင်းဝင်းလတ်က “အဓိက ရွှေဘိုဆန်ပေါ့နော်။ ရွှေဘိုဘက်မှာကျတော့ စပါးတွေက ကျနော်ထင်တယ် ရှားသွားတာပေါ့နော်။ ရှားသွားတဲ့ အခါကျတော့ စပါးကနေ ဆန်ကြိတ်ဖို့ ဆန်တွေက စပါးမရှိတော့တဲ့ အခါမှာ ဆန်က ဈေးတက်လာတဲ့ သဘော ပေါ့။ အဲတော့ အဓိက ရန်ကုန်ပို့တယ်ဆိုရင် ရန်ကုန်မှာလည်း ထိတာပေါ့နော်။ ၅ ထောင် ပတ်ချာလည်လောက်ကို တစ်အိတ် ကို ခုန်သွားတာပေါ့လေ၊ ၂၄ ပြည် ၁ အိတ်ကိုမှ။ အဲလောက် ခုန်တက်သွားတယ်။ နောက်ပိုင်းတော့ ပိုတက်မယ်လို့ မှန်းတယ် ကျနော်တို့လည်း” ဟု ပြောသည်။

ရွှေဘိုမြို့ အ၀င်ကိုတွေ့ရစဉ်

ထို့အပြင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုသည်လည်း ယခုရက်ပိုင်းအတွင်း နည်းပါးလျှက်ရှိနေပြီး ပုံမှန်ထက် ၃ ပုံ ၁ ပုံသာ ရှိတော့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ထံမှ သိရသည်။

လက်ရှိ ဆန်ရောင်းချသူများသည် ရွှေဘိုဆန် ရှားပါးလာသည့်အတွက် တခြားသော ဆန်များကိုသာ ပြောင်းလဲ ရောင်းချနေရကြောင်း၊ တခြားသော ဆန်များလည်း ဈေးနှုန်း မြင့်တက်လာကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဆန်များသည် ဈေးနှုန်းမြင့်တက်လာသည်ဟု ဦးရှိုင်းဝင်းလတ်က ပြောသည်။

၎င်းက “ဘယ်လိုမျိုး ရောင်းရမလဲဆိုတော့ တခြား ဧရာဝတီဆန်တွေ ဘာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဧရာဝတီဆန်လည်း တက်လာတယ်ပေါ့နော်။ ဈေးကတော့ အရင်ကထက် စာရင်တော့ ကုန်ဈေးနှုန်းတွေက အကုန် တက်တာဆိုတော့လေ သူတို့ လည်း စိုက်ပျိုးရေး စရိတ်တို့၊ သွင်းအားစုစရိတ်တို့က တက်လာတော့ အဲဒါတွေလည်း တက်လာမယ်။ အဲတော့ တချို့ ကျနော် တို့ Customer တွေက ဘယ်လိုခေါ်မလဲ သူတို့က ရွှေဘိုနဲ့ ဘာနဲ့ ရောစားရမလားဆိုတဲ့ အတွေးတောင် တွေးကြပြီပေါ့နော် တချို့တွေလေ။ အဲတော့ ရွှေဘိုဆန် မရှိရင်လည်း တခြားဆန်တော့ စားတော့ စားမှာပေါ့နော်။ ဒါပေမယ့် ရွှေဘိုဆန်တော့ ရှား သွားမယ့် သဘောပေါ့လေ” ဟု CNI သို့ ပြောသည်။

ရွှေဘိုဆန်များ ဈေးကွက်တွင် ရှားပါးလာရခြင်းသည် ပြီးခဲ့သည့်နှစ် မိုးစပါးရာသီနှင့် နွေရာသီတွင် စိုက်ပျိုးထားနိုင်မှု နည်းပါး သည့်အတွက် အထွက်နှုန်း လျော့ကျသွားခြင်းကြောင့် ဖြစ်သည်။

ထို့နောက် ယခုနှစ်တွင်လည်း ‌ရွှေဘိုဒေသရှိ တောင်သူများသည် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်း ရှောင် ရမှုများဖြင့် ရင်ဆိုင်နေရသလို စိုက်ပျိုးစရိတ် ကြီးမြင့်ခြင်းဖြင့်လည်း ရင်ဆိုင်နေရခြင်းကြောင့် အနည်းငယ်သာ စိုက်ပျိုး နိုင်သည့်အတွက် စပါးအထွက်နှုန်း လျော့နည်းလျက်ရှိသည်။

ရွှေဘိုမြို့နယ် ၀က်လက်ကျေးရွာမှ စစ်ရှောင်များ

ထိုသို့ စိုက်ပျိုးမှု နည်းပါးလာခြင်းကြောင့် လာမည့်နှစ်များအတွက် မျိုးစပါးများ ရှားပါးလာမည်ကို တောင်သူများက စိုးရိမ်နေ ကြကြောင်း ရွှေဘိုဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု လတ်တလောကတော့ အစ်မတို့ဘက်မှာ မစိုက်နိုင်ဘူးလေ။ ထုံးစံအတိုင်း ကိုယ့်ဟာနဲ့ကိုယ်တောင် မနည်းရုန်း နေရတာ။ ၁ ယောက်စ၊ ၂ ယောက်စလောက်ပဲ စိုက်နိုင်တယ်။ အများစုက မစိုက်နိုင်ကြဘူးလေ။ အခုက စရိတ်စကတွေလည်း ကြီးတယ် ဘယ်သူမှလည်း မလုပ်နိုင်ဘူး။ ပြီးရင် တောင်သူက သိတဲ့အတိုင်းပဲ။ တောင်သူတွေကကျတော့ ဒီလိုပဲ အဆင်ပြေအောင် ယူပြီးတော့‌ ချေးငှားပြီးတော့ ရင်းနှီးကြရတာ။ အခုလို အနေအထားနဲ့ကျတော့ စားဖို့ သောက်ဖို့တောင် မနည်း ရင်း ထားရတာ။ အခုကတော့ အများစုကတော့ မစိုက်နိုင်ကြဘူး။ အများစု အကုန်လုံးကတော့ စိုးရိမ်နေကြမှာပဲလေ။ ဒီနှစ်တောင် မှ မစိုက်နိုင်တဲ့ဟာ အဲဒီတော့ မျိုးကလည်း ရှားမယ်လေ။ နောက်ဆိုလို့ရှိရင် အခုလက်ရှိတောင်မှ ဒီလိုမျိုး ဖြစ်နေတယ်ဆို တော့ ရှေ့အနာဂတ်က ဘယ်လိုမှ မှန်းလို့ မရသေးဘူး” ဟု ပြောသည်။
ရွှေဘို ဒေသခံများသည် စပါးကို အဓိက စိုက်ပျိုးကြပြီး ရွှေဘိုဒေသထွက် ဆန်သည် မြန်မာနိုင်ငံတွင် ဈေးနှုန်းအမြင့်ဆုံး ဖြစ်ကြောင်းနှင့် ဈေးကွက်တွင် အများဆုံး နေရာယူထားလျက် ရှိသည်။

ယခု ရွှေဘိုတွင် စိုက်ပျိုးထားသည့် စပါးများသည် မြန်မာနိုင်ငံအနှံ့ ဖြန့်ချီနိုင်မည့် ပမာဏမရှိဘဲ ရွှေဘိုဒေသအတွက်ပင် လုံလောက်မှု မရှိကြောင်း ဆန်စပါးကုန်သည်များထံမှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဂတ်စ်အိုးအရောင်းဆိုင်တစ်ခုမှ ဂတ်စ်အိုးပစ္စည်းများကို တွေ့ရစဉ်

ဂတ်စ်ဈေးနှုန်း မြင့်တက်မှုကြောင့် စားသောက်ဆိုင်လုပ်ငန်းများ အမြတ်နည်းလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1038

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

မီးဖိုချောင်သုံးဂတ်စ်များ ဝယ်ယူ၍ မရခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းများကြောင့် စားသောက်ဆိုင်လုပ်ငန်းများ ရောင်းအားကျဆင်းပြီး အကျိုးအမြတ်နည်းပါးလာကြောင်း စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဂတ်စ်ကိုသာ အဓိကထားချက်ပြုတ်နေရသည့် စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဂတ်စ်ဈေးနှုန်း မြင့်တက်လာသည့်အပြင် ကုန်ဈေးနှုန်းသည်လည်း ကြီးမြင့်လာသည့်အတွက် အကျိုးအမြတ်မရှိဘဲ ဖြစ်နေ သည်ဟု ဗဟန်းမြို့နယ်ရှိ လင်းလက်ကြယ် ခေါက်ဆွဲကြော်ဆိုင်မှ ဆိုင်ပိုင်ရှင်က CNI သတင်းဌာနသို့ ပြောသည်။

“အရင်က ဈေးနှုန်းကကျတော့ ကျနော်တို့ ယူရတာဆိုလို့ရှိရင် ဂတ်စ်အိုး ၁ လုံးဆိုလို့ရှိရင် ၃၃၀၀၀၊ ၃၅၀၀၀ ဒီ ဝန်းကျင်လောက် ယူရတာပေါ့။ အခုဆိုရင်တော့ ၅ သောင်းခွဲလောက်ဆိုတော့ ၂ သောင်းလောက် ကွာသွားမှာ ပေါ့နော် ဈေးနှုန်းက။ အကျိုးအမြတ်ပိုင်းဆိုလို့ရှိရင် ကျနော်တို့အတွက်ကတော့ ကုန်ဈေးနှုန်းကြီးတယ်။ ဂတ်စ်နဲ့ စားသောက်ကုန်တွေ ဈေးကြီးတဲ့အတွက် ကျနော်တို့အတွက်တော့ အကျိုးအမြတ် မရှိဘူးပေါ့။ ကျနော်တို့မှာ ဆိုလို့ရှိရင် ကျနော်ဆိုင်ကလည်း အခန်းငှားထားရတယ်။ ဆိုင်ခန်းလခနဲ့ ဝန်ထမ်းလခ ရှိမယ်။ ကျနော်တို့အတွက် နည်းနည်းကာမိယုံလောက်ပါပဲ။ ကျ‌နော်တို့ စားဖို့သောက်ဖို့အတွက် အဲလောက်ပါပဲခင်ဗျ” ဟု ပြောသည်။

ဂတ်စ်ဈေးနှုန်းသည် ယခင်ကထက် ၂ သောင်းကျော် မြင့်မားလာပြီး တချို့သောဆိုင်များတွင် ခွဲတမ်းဖြင့် ဝယ်ယူ နေရမှုများလည်း ရှိသည်။

ဒါ့အပြင် တချို့ဆိုင်များတွင် လျှပ်စစ်ဖြင့် ပြောင်းလဲအသုံးပြုလာကြသော်လည်း လျှပ်စစ်မီး အချိန်မှန်မရခြင်းနှင့် အချိန်ကြာချက်ပြုတ်ရသည့်အတွက် မီတာခနှုန်းထားစသည်တို့ကြောင့် အဆင်မပြေမှုများလည်း ရှိသည်ဟု သိရသည်။

ယခုလက်ရှိ ဂတ်စ်ဈေးနှုန်းများထက် ထပ်မံမြင့်တက်လာမည်ဆိုပါက စားသောက်ဆိုင်လုပ်ငန်းများအနေဖြင့် ဆက်လုပ်ရန် အခက်တွေ့နိုင်ပြီး ရပ်တန့်သွားနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း လင်းလက်ကြယ် ခေါက်ဆွဲဆိုင်ပိုင်ရှင်က ဆက်ပြောသည်။

ဂတ်စ်ဖြင့် ချက်ပြုတ်ကြော်လှော်နေစဉ်

“ဒီထက်ပေါ့လေ ၆ သောင်း၊ ၇ သောင်း၊ ၈ သောင်းလောက်ထိ ဖြစ်သွားမယ်ဆိုရင်တော့ ကျ‌နော်တို့ ဆိုင်သမား တွေလည်း ဂတ်စ်ကိုတော့ ဘယ်လိုမှ သုံးနိုင်တော့မှ မဟုတ်တော့ပါဘူး။ ဘယ်လိုလုပ်ငန်းလည်ပတ်မလဲ။ တချို့ ဆိုရင် လုပ်ငန်းမလည်ပတ်နိုင်တဲ့အခါ မီးသွေးသုံးရင်လည်း သုံး။ မီးသွေး မသုံးဘူးဆိုရင် လုပ်ငန်းတွေလည်း ရပ်သွားနိုင်တဲ့အဆင့် ရောက်သွားနိုင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒါ့အပြင် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်သွားသည့်အတွက် သယ်ယူပို့ဆောင်ရေး စရိတ်များ ကြီးမြင့် လာသည့်အတွက် ပြည်တွင်းစားသောက်ကုန်များသည်လည်း ဈေးနှုန်းမြင့်တက်လာကာ အစားအသောက် ဈေးနှုန်းများလည်း ကြီးမြင့်လာသည်ဟု သိရသည်။

ထို့သို့ အစားအသောက်ဈေးနှုန်း ကြီးမြင့်သွားသည့်အတွက် ဆိုင်သို့ လာရောက်စားသောက်သည့် စားသုံးသူ နည်းပါးသွားပြီး ရောင်းအားသည်လည်း ကျဆင်းလာဟည်ဟု စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက CNI သတင်းဌာနသို့ ပြောသည်။

“အခုချိန်မှာ စားသောက်ပွဲတွေကလည်း ‌ဈေးတက်ရတော့တာပေါ့။ ဈေးမတက်ရင်လည်း စားသောက်ဆိုင်ပိုင်ရှင် တွေက မခံနိုင်ဘူး။ မခံနိုင်တော့ ဈေးတွေ လိုက်တက်ရတာပေါ့။ ဈေးတွေလိုက်တက်တော့ အရင် ၆ ထောင် လောက်ရောင်းတဲ့ ဟင်းပွဲ ၁ ပွဲက ၇ ထောင် ဖြစ်ရင်လည်း ဖြစ်မယ်။ ၈ ထောင်ဖြစ်ရင်လည်း ဖြစ်မယ်။ အဲတော့ စားတဲ့လူမှာ နောက်ဆုံး သွားထိတာပေါ့နော်။ စားသုံးသူက အရင် ၅ ထောင် ပေးစားရတဲ့ဟာက အခု ၈ ထောင် အထိ စားရတယ်ဆိုရင် သူ ဆိုင်တွေမှာ စားနိုင်တော့မှာ မဟုတ်ဘူး တချို့ကျတော့လည်း။ ဒါတွေက အခက် တွေ့တာပေါ့။ အရင်လောက်တော့ တစ်နေ့ကို လူ ၅၀၀ လောက် ဝင်တဲ့ဆိုင်က အခုဆိုရင် ၂၀၀ လောက်ပဲ ဝင်တော့မယ်ဆိုတော့ ရောင်းအားကျသွားတာပေါ့ နော်။ ဒီအခက်အခဲတွေကတော့ လောလောဆယ်မှာ ကြုံတွေ့ နေရတာပေါ့ စားသောက်ဆိုင်တွေ အားလုံး” ဟု ပြောသည်။

ထိုင်းနိုင်ငံမှတဆင့် ဂတ်စ်ကို တင်သွင်းရာတွင် ပြည်တွင်းဒေါ်လာဈေးနှုန်း မြင့်တက်နေမှုကြောင့် ဂတ်စ်ကို တင်သွင်းရန်လုပ်ငန်းရှင်များအနေဖြင့် အဆင်မပြေဘဲ တင်သွင်းမှု မပြုလုပ်ကြခြင်းကြောင့် ဂတ်စ်ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေများကို ပြေလည်စေရန်အတွက် နိုင်ငံခြားငွေ လဲလှယ်သည့်ဈေးနှုန်း တည်ငြိမ်ပြီး ကုန်ဈေးနှုန်းများ ကျဆင်းရန် လိုအပ်ကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များက သုံးသပ်ပြောဆို သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၅ အထိ တရားဝင်နေထိုင်ခွင့်ပြုမည့် ရွှေ့ပြောင်းလုပ်သားများတွင် တရားမဝင်များ မပါ

By CNI
CNI
Category: Watch TV
Hits: 593

Share
Tweet
Share
Share
powered by social2s

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မကာအိုတို့ကို လူကုန်ကူးမှု အမည်မည်းစာရင်းထဲ အမေရိကန်ထည့်သွင်း

By CNI
CNI
Category: Watch TV
Hits: 556

Share
Tweet
Share
Share
powered by social2s
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် ကိုတွေ့ရစဉ်

နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်မရှိဟူ၍ ဖြန့်ဝေသူကို အရေးယူရန် ဆောင်ရွက်နေဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1577

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ၊ ယူရို၊ ယန်း၊ စင်ကာပူ‌ဒေါ်လာ စသည့် နိုင်ငံခြားငွေများအား အစိုးရမှလွဲ၍ ကိုင်ဆိုင် ခွင့် မရှိဟူ၍ ပျံ့နှံ့နေသည်မှာ သတင်းအမှားဖြစ်ကြောင်း၊ ထိုသတင်းကို စတင်ဖြန့်ဝေသူကို စိစစ်အရေးယူရန် ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးဝင်းသော်က “အဲဒီသတင်းက အလကား ပျံ့နေပြီးတော့ ဈေးတွေ တက်သွားတဲ့သဘော ဖြစ်သွားတယ်လေ။ အဲဒီတော့ ဒါသည် ဗဟိုဘဏ်က ထုတ်ပြန်တဲ့သတင်း လုံးဝမဟုတ်ပါဘူး။ သက်သက် ငွေရေးကြေးရေးကဏ္ဍကို ပျက်စီးအောင် ဘယ်သူ ထုတ်လဲမသိဘူး။ အဲဒီသတင်း စတင် ဖြန့်ချီတဲ့ဟာကို ပြည်ထဲရေး ဝန်ကြီးဌာနကနေပြီးတော့မှ စိစစ်ပြီးတော့ အရေးယူဖို့ လိုက်လံ ဆောင်ရွက်နေပါတယ်။ အမှားဖြစ်ကြောင်းနဲ့ အဲဒီသတင်းအမှားကို စတင်ထုတ်လွှင့်တဲ့ source သည် သက်သက် ပြည်သူလူထုကို စိတ်အနှောင့်အယှက် ဖြစ်အောင်ရော၊ စီးပွားရေးကဏ္ဍကို ဒုက္ခဖြစ်အောင်ရော သက်သက် ဖျက်ဆီးတဲ့ အဖျက်အမှောက် လုပ်ငန်းပေါ့နော်။ အဲဒါကြောင့်မို့လို့ သတင်းစပြီး တင်တဲ့ဟာ ကျနော်တို့လည်း တွေ့လိုက်တယ်။ အဲဒီတွေ့ တဲ့ source ကိုတော့ သက်ဆိုင်ရာ ပြည်ထဲရေးကနေ ဖော်ထုတ် အရေးယူဖို့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်မရှိကြောင်း သတင်းမှား ဖြန့်ထားမှု

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း အမေရိကန် ဒေါ်လာငွေ၊ ယူရို၊ ယန်း၊ စင်ကာပူ ဒေါ်လာအား အစိုးရမှတစ်ပါး မည်သူမှ ကိုင်ဆောင်ခွင့် မရှိတော့‌ကြောင်း၊ ဘဏ်ငွေကြေးနှင့် ပတ်သက်သော တည်ဆဲဥပဒေ အရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ရေးသားထားသော သတင်းများ ပျံ့နှံ့လျက်ရှိနေသည်။

ထို့အပြင် ကာလတန်ဖိုးပေါ် မှုတည်၍ ထောင်ဒဏ်-ငွေဒဏ်များ ချမှတ်မည်ဖြစ်ပြီး မတရားအသင်းအဖွဲ့များအား ငွေကြေး စီးဆင်းမှုအတွက် ချုပ်ကိုင်မည်ဟု သိရကြောင်းလည်း ရေးသားထားသည်။

ဒေါ်လာနှင့်ညီမျှသော FEC ငွေကြေးစနစ် ပုံစံအား ၂၀၂၂ နှစ်ကုန် ပြန်လည် လုပ်ကိုင်မည်ဟုသိရပြီး အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်ခွင့်အတွက် မှတ်ပုံတင်ကာ ယွမ်-ရူပီး-ဘတ်-ရူဘယ် ငွေကြေးအား ငွေကြေးတန်ဖိုးပေါ် မှုတည်၍ ကိုင်ဆောင်ခွင့် ပြုမည်ဟူ၍ စသဖြင့် ရေးသားဖော်ပြချက်များ ပျံ့နှံ့နေခြင်း ဖြစ်သည်။

အဆိုပါ သတင်းမှား စတင်ဖြန့်ဝေသူကို ဖမ်းဆီး အရေးယူနိုင်ရေး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ စီးပွားရေး အကျပ်အတည်းနှင့် ဒေါ်လာ ဈေးနှုန်းမြင့်တက်နေခြင်းကို အခွင့်ကောင်းယူ၍ ဒေါ်လာဈေးနှုန်း ပိုမိုမြင့်တက်လာအောင် သတင်းအမှား ဖြန့်နေကြကြောင်းလည်း စီးပွားရေးပညာရှင်များ က ပြောသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ပြည်ပသို့ ဆန်တင်ပို့မှု လုပ်နေခြင်း

ပြည်ပဆန်တင်ပို့မှု ရပ်နေသည့်အတွက် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု နည်း

By CNI
CNI
Category: စီးပွားရေး
Hits: 1379

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ပြည်ပသို့ ဆန်တင်ပို့မှု ရပ်ဆိုင်းနေသည့်အတွက် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု နည်းပါးလာကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေကြောင်း၊ ဝယ်ယူမှုများလည်း ရပ်ဆိုင်းနေကြောင်း၊ ပြည်တွင်းစားသုံးမှု၊ တပ်မတော်ရိက္ခာနှင့် တခြားသောအဖွဲ့အစည်းများ၏ ဝယ်ယူမှုသာ ရှိနေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းဦးက “ဈေးက နိုင်ငံခြားပို့တဲ့ Exporter တွေ မဝယ်နိုင်တော့ ဈေးချပြီး ဝယ်တယ်။ ဈေးချဝယ်တော့ နယ်ကလူတွေက စပါးဈေးနဲ့ မကိုက်တော့ မလာကြဘူး။ နောက် စပါးက ဒီအချိန် ဘယ်နေရာမှ မထွက်ဘူး။ ထွက်တဲ့ နေရာတွေကလည်း မတ္တရာတို့ မန္တလေးဘက်က ထွက်တာ။ ရန်ကုန် အနီးတဝိုက်က မထွက်ဘူးလေ။ အဲတော့ လောလောဆယ်တော့ ပြည်တွင်း စားသုံးမှုရယ်၊ နောက် တပ်မတော်ရိက္ခာရယ်၊ WFP တို့ ဘာတို့ အဲလို ဝယ်တဲ့သူတွေရယ်၊ အဲလိုတွေပဲ ရောင်းနေရတယ်။ Exporter တွေက လုံးဝ အဝယ် ရပ်သွားတယ်” ဟု ပြောသည်။

ထို့နောက် ပို့ကုန်လုပ်ငန်းရှင်များကလည်း ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၁၈၅၀ ဈေးနှုန်း သတ်မှတ်လိုက်ခြင်းကြောင့် အရှုံးများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းလာကြကြောင်း သိရသည်။

ထို့ကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု နည်းပါးသွားပြီး ပုံမှန်ထက် အိတ်ရေ ၃ ပုံ ၁ ပုံသာ ဝင်ရောက်တော့ ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

စပါးများသန့်စင်နေစဉ်

ဦးသန်းဦးက “မူလက တစ်ရက်ကို ၇ သောင်း၊ ၈ သောင်းလောက် ဝင်တယ်လေ။ အခုက ၂ သောင်း၊ ၂ သောင်းခွဲလောက် ဝင် တယ်။ ၃ ပုံ ၁ ပုံလောက်ပဲ ဝင်တော့တာပေါ့နော်။ အခုက လက်ထဲမှာ သိမ်းထားတဲ့ လူတွေကတော့ ဆန်စက်ပိုင်တွေ၊ တောင်သူ အကြီးတွေ၊ နောက် ငွေရေးကြေးရေးအရ ပြေလည်တဲ့သူတွေ၊ စပါးကို ပုံမှန်သိမ်းတဲ့သူတွေ အဲလိုတွေ လက်ထဲမှာ ကျန်တာလေ။ တောင်သူလက်ထဲမှာတော့ မရှိဘူးပေါ့နော်။ တောင်သူတွေက အခုလက်ရှိတော့ မတ္တရာနယ်က ပေါ်နေတဲ့ အဲဒီ စပါးပဲ တောင်သူလက်ထဲမှာ ရှိနိုင်တယ်။ ကျန်တဲ့ နေရာမှာတော့ သိုလှောင်ထားတဲ့သူတွေ လက်ထဲမှာ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ကြုံတွေ့နေရသည့် ဒေါ်လာဈေးနှုန်း ကွာဟချက်ကြောင့် ဆန်တင်ပို့မှု ရပ်ဆိုင်းသွားခြင်းသည် ပင်လယ်ရေကြောင်းမှ တဆင့် တင်ပို့မှုသာဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တင်ပို့မှုမှာ ရှိသေးကြောင်း သိရသည်။

ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေးကနေ ဆန်တင်ပို့မှု ဆက်လက်ရှိနေနိုင်ခြင်းက နယ်စပ်ကုန်သွယ်ရေးတွင် ‌ဒေါ်လာဖြင့် အရောင်းအဝယ် မလုပ်ကြရဘဲ ယွမ်ငွေဖြင့် ကုန်သွယ်ကြရခြင်းကြောင့် ဖြစ်သည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေး

ဦးမင်းသိန်းက “တရုတ်ကိုကျတော့ ဆန်ကွဲပဲပို့တယ်။ ဆန်ပို့တာ နည်းတယ်။ တရုတ်နယ်စပ်မှာ ကျတော့ ကုန်သွယ်ရေးက ဆန်နဲ့ ဆန်ကွဲက သူက ယွမ်ငွေနဲ့ သွားရတော့ ဒီလောက်ထိ ဆိုးဆိုးရွားရွား မထိခိုက်ဘူး။ ဘုရင့်နောင်မှာ ဆန်ဝယ်ယူမှု နည်း တာက ရေကြောင်းကသွားတဲ့ Over Sea သမားတွေက မကိုက်တော့ဘူး ဒေါ်လာနဲ့ သွားရတယ်လေ။ ဒေါ်လာ ၁၈၅၀ နဲ့က ကွာဟနေတာကိုး။ အန်ကယ်တို့ ဘက်ကတော့ နည်းနည်းတော်သေးတယ် ယွမ်ငွေနဲ့‌ဆိုတော့။ နည်းနည်း အဆင်ပြေသေး တယ်။ Over Sea သမားတွေကတော့ သိပ်အဆင်မပြေဘူး ကြားတယ်။ ဒါကြောင့် ဆန်တွေ ဘာတွေကို အဝယ်အပြုတွေ နည်းသွားတာ ပါတာပေါ့။ အဝယ်အပြု နည်းသွားတော့ နယ်ကတက်လာတာလည်း နည်းသွားတာပေါ့” ဟု ပြောသည်။

ပြည်ပသို့ တင်ပို့သည့် ဆန်များသည် ၂၅ မတ်တန် ဆန်များဖြစ်ပြီး လက်ရှိတွင် တစ်အိတ်လျှင် ၃၀၀၀၀ ကျပ် ဈေးနှုန်း ပေါက် နေသော်လည်း ကုန်သည်များကမူ ပြည်ပသို့ တင်ပို့ရာတွင် ဒေါ်လာဈေးနှုန်း ကွာဟချက်ကြောင့် တင်ပို့မှု မပြုလုပ်နိုင်ဘဲ ဆန် တစ်အိတ် ၂၈၀၀၀ ကျပ်အောက် ရရှိမှသာလျှင် တင်ပို့မှုပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဆန်စက်ပိုင်ရှင်များနှင့် တောင်သူများကမူ ထိုဈေးနှုန်းနှင့် ရောင်းချမှု မလုပ်ကြကြောင်း၊ ငွေလိုအပ်နေသည့် အတွက် အရှုံးခံပြီး ရောင်းချသူ အနည်းငယ်သာရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရေလုပ်ငန်းတစ်ခုတွင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး

၂၀၂၅ အထိ တရားဝင်နေထိုင်ခွင့်ပြုမည့် ရွှေ့ပြောင်းလုပ်သားများတွင် တရားမဝင်များ မပါ

By CNI
CNI
Category: စီးပွားရေး
Hits: 1423


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတစ်သန်းကျော်အား တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပြုမည်ဖြစ်သော်လည်း ထိုထဲတွင် တရားမဝင်လုပ်သားများ မပါဝင်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ပြုမည့် လုပ်သားတစ်သန်းကျော်တို့မှာ ယာယီ အလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်)၊ အပြာရောင် work permit စာအုပ်၊ MOU နှင့် CI (အထောက်အထားလက်မှတ်) စသည့် အထောက်အထားရှိသူများဖြစ်ကြောင်း သိရသည်။

သို့သော် တရားမဝင်လုပ်သားများအတွက် ယာယီအလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်)များ ထပ်မံ ထုတ်ပေးမည်ဟု ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ အတည်မပြုသေးကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “တရားမဝင်တဲ့လူတွေအတွက်ကိုလည်း သူတို့မှာ plan ထားပြီးသား ပေါ့။ မှတ်ပုံတင်စာရင်းသွင်းပေးမယ်ဆိုပြီးတော့ ဇူလိုင် ၅ ရက်နေ့ကလားမသိဘူး ကြေညာလိုက်တယ်ထင်တယ်။ အခု ဒီ သက်တမ်းတိုးပေးတယ်ဆိုတဲ့ အုပ်စုတွေကျတော့ work permit ပေါ့နော်။အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တွေ တိုးတယ်ဆိုတာက တခြားမဟုတ်ဘူး။ ဒီမှာက အုပ်စုတွေက အများကြီးကွဲနေတာကိုး။ဝန်ကြီးတွေရဲ့ အစည်း အဝေးဆုံးဖြတ်ကနေ ထုတ်ပြန်တဲ့ အုပ်စုတွေပေါ့။ အဲဒီလိုမျိုး ကွဲနေတာ။ သူတို့ရဲ့ သက်တမ်းကုန်တဲ့အချိန်တွေက လည်း မတူဘူး။ အဲဒီတော့ ဒါကို သူတို့က တစ်ကြိမ်တည်း အတူဖြစ်အောင် လုပ်ချင်တယ်။ လုပ်ချင်တဲ့အတွက် ကြောင့်မို့လို့ အခုလိုမျိုး ၂၀၂၅ ကိုတော့ target ထားလိုက်ပြီးတော့ အဲဒီအချိန်မှာ အားလုံးအတူတူပေါ့နော် သက်တမ်းတွေ အကုန်လုံးညှိလို့ရအောင်လို့ သူတို့က အဲဒီလိုမျိုးလုပ်တာ”ဟု ပြောသည်။

တရားမဝင် လုပ်သားများအား ယခင်က ယာယီအလုပ်သမားလက်မှတ် ထုတ်ပေးသည့်အခါတွင် လူဦးရေ အပြည့် အဝ ပြီးစီးအောင်မထုတ်ပေးနိုင်ခဲ့ကြောင်း ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရေလုပ်ငန်းတစ်ခုတွင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး

“အထောက်ထားမဲ့တွေကို ထုတ်ပေးမယ်လို့ ကြေညာတိုင်း အလုပ်သမားလက်မှတ်တွေရမယ်ဆိုပြီးတော့မှ ခိုးဝင် လာကြတယ် အစုလိုက်အပြုံလိုက်။ ကယ်ရီတွေနဲ့ ခိုးဝင်လာတယ်။ သူတို့ ဒီဟာတွေကို ပိုက်ဆံနဲ့ပေးပြီးတော့မှ လူလိမ်ခံရတာပဲ အဖတ်တင်တယ်။ အခုအချိန်ထိ အထောက်အထားမဲ့တွေကို တစ်စုံတစ်ရာ အထောက်အထား ထုတ်ပေးနိုင်တာ မတွေ့ရသေးဘူး” ဟု ပြောသည်။

တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရာတွင် အုပ်စုနှစ်စု ခွဲထားကာ ပထမအုပ်စုသည် ၂၀၂၂ ဩဂုတ် ၁ ရက်အထိ နေထိုင်ခွင့်ရရှိထားသူများဖြစ်ပြီး ထိုသူများသည် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက် နေထိုင် ရန် သက်တမ်းမကုန်ခင် အလုပ်ပါမစ် လျှောက်လွှာတင်ရမည်ဖြစ်သည်။

ဒုတိယအုပ်စုသည် ၂၀၂၂ ဩဂုတ် ၁ ရက်နောက်ပိုင်းမှသာ သက်တမ်းကုန်မည့်သူများဖြစ်ပြီး ထိုသူများသည် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက်လုပ်ကိုင်လိုပါက တစ်နှစ်တစ်ကြိမ်နှုန်းဖြင့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက် အထိ အလုပ်ပါမစ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်းသိရသည်။

တရားဝင် ရွှေ့ပြောင်းလုပ်သား တစ်သန်း‌ကျော်အား ယခုကဲ့သို့ ၂၀၂၅ ခုနှစ်အထိ တရားဝင်နေထိုင်ခွင့်ပေးခြင်း သည် ကောင်းမွန်သော်လည်း အခမဲ့နေထိုင်ခွင့်ပေးခြင်းမဟုတ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။

“ဒါပေမယ့် အကျိုးဆက်နဲ့ ပတ်သက်တဲ့ဟာပေါ့။ ဘာပဲလုပ်လုပ် ဒီလိုမျိုး ဥပဒေထုတ်ပြန်လိုက်၊ ကုန်ကျစရိတ်နဲ့ ပတ်သက်တာတို့ လုပ်ရတဲ့ အခန်းကဏ္ဍတို့ကျတော့ အလုပ်သမားတွေအနေနဲ့ကတော့ ပြောရရင် ထုတ်ပြန် ကြေညာချက်အတိုင်းပေါ်မူတည်ပြီးတော့ အေဂျင်စီနဲ့ အလုပ်ရှင်တွေရဲ့ အလိုကျအတိုင်းပဲ လိုက်လုပ်၊ အကုန် အကျခံပြီး လုပ်ပေးနေရတဲ့သဘောရှိတယ်။ကောင်းတာကတော့ ထိုင်းကအခုလိုမျိုး အလုပ်သမားအင်အား လိုအပ်နေတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးတော့ တိုးတက်များလာတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရမှ လုပ်သားလိုအပ်ချက်ကြောင့် တရားဝင်နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးခြင်းဖြစ်ပြီး ယခုကဲ့သို့ သက်တမ်းတိုးပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဦးမင်းဦးက ပြောသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

စက်သုံးဆီဈေးကျခြင်းက စိုက်ပျိုးရေးလုပ်ငန်းအတွက် သက်ရောက်မှုမရှိဟု ဆို

By CNI
CNI
Category: Watch TV
Hits: 627

Share
Tweet
Share
Share
powered by social2s
ရန်ကုန်မြို့ တစ်နေရာက ဈေးရောင်းသူနဲ့ ဈေး၀ယ်သူကိုတွေ့ရစဉ်

ပြည်ပချေးငွေ ပေးဆပ်မှု ဆိုင်းငံ့ခြင်းက မြန်မာ့စီးပွားရေးကို ပိုထိခိုက်နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1815

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ပြည်ပချေးငွေ ရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် ချေးငွေ အတိုး/အရင်း ပေးဆပ်မှုကို ဆိုင်းငံ့ထားရန် ဗဟိုဘဏ်က ညွှန်ကြားလာခြင်းကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက မယုံကြည်ရသည့်နိုင်ငံဟု သတ်မှတ် လာနိုင်ခြင်းနှင့် အတူ စီးပွားရေး ဖွံ့ဖြိုးမှု ပိုမို နိမ့်ကျသွားနိုင်ကြောင်း စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသူများက ပြောသည်။

မြန်မာနိုင်ငံသည် နာမည်ကောင်းမရှိသည့် တိုင်းပြည်နှင့် စိတ်မချရသည့် တိုင်းပြည်ဟု နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမည့် သူများ က မြင်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)က CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “အခုဟာကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပုဂ္ဂလိက ကုမ္ပဏီချင်း ပြဿနာတော့ မပြောတတ်ဘူး။ ဒါပေမယ့် တစ်ခုလုံး နိုင်ငံတစ်ခုလုံး အနေနဲ့ကော၊ နိုင်ငံခြားတိုင်းပြည်က ကုမ္ပဏီတွေ၊ အစိုးရတွေ၊ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေ လာလုပ်မယ့် လူတွေကတော့ မြန်မာနိုင်ငံက ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ရှိရင် နာမည်ကောင်း မရှိ တဲ့ တိုင်းပြည်ပေါ့၊ စိတ်မချရတဲ့ တိုင်းပြည် ဆိုတဲ့ဟာမျိုးတော့ ဖြစ်သွားမှာပေါ့ဗျာ” ဟု ပြောသည်။

နိုင်ငံခြားငွေကြေး

ဗဟိုဘဏ်မှ ပြောင်းလဲလိုက်သော ငွေကြေးမူဝါဒကြောင့် မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း သက်သာသည့် နိုင်ငံတကာဘဏ် များထံကနေ ချေးငွေရယူနိုင်မှု အားနည်းသွားနိုင်ကြောင်း စီးပွားရေး သမားများက ပြောသည်။

ထို့နောက် ပြည်ပမှ ချေးငွေဖြင့် ကုန်စည်တင်သွင်းနေကြသည့် ကုမ္ပဏီများအပေါ်လည်း သက်ရောက်နိုင်ကြောင်း၊ ထိုကုန် ပစ္စည်းများ ပြတ်လပ်သွားနိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူ့ရဲ့ အမိန့်တစ်ခုတည်း အရဆိုရင်တော့ အများကြီး ဖြစ်နိုင်တာပေါ့၊ Impact က အများကြီး ဖြစ်နိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီက ကုမ္ပဏီတွေက အရင် ချေးငွေတွေ ပြန်ဆပ်၊ တချို့ကလည်း ကုန်ပစ္စည်းပေါ့ Intime ပေါ့။ ကုန်ပစ္စည်း တွေ ပေးယူ အဲဒီဟာကို ပြန်ဆပ်၊ ပြန်ဆပ်ပြီးမှ နောက်ထပ် အသစ်ထပ်ယူ။ အဟောင်းပေး အသစ်ယူ ပုံစံမျိုး လုပ်ကြရတာ မျိုးတွေ ရှိတယ်။ ဆိုတော့ အဲဒါမျိုးတွေ ဆိုလို့ရှိရင် ပစ္စည်းပြတ်သွားနိုင်တာပေါ့” ဟု ပြောသည်။

စီးပွားရေး လုပ်ငန်းရှင်များကြားတွင်လည်း ယခုချမှတ်လိုက်သည့် ပြည်ပချေး‌ငွေ ပေးဆပ်မှု ဆိုင်းငံ့စေခြင်းသည် ဗဟိုဘဏ်က နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ စီးဆင်းမှုကို ထပ်မံတင်းကြပ်လိုက်ခြင်း သဘောမျိုးဖြစ်ကြောင်း ပြောကြား နေ ကြသည်။
သို့သော်လည်း ဗဟိုဘဏ်၏ မူဝါဒနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ရည်ရွယ်သည်ကို မသိရှိရကြောင်း၊ ပြည်ပချေးငွေ မူဝါဒနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ပြန်လည် ဖြေလျှော့လာနိုင်သည့် အခြေအနေရှိသည်ဟု ယူဆရနိုင်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြည်သူများ လှုပ်ရှားသွားလာနေစဉ်

၎င်းက “ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်ကလည်း အတိအကျ မသိဘူး မသိရဘူး။ ဘာအတွက် လုပ်တာလဲ။ ဒေါ်လာ အပြင်ကို စီးလွှတ်တာတွေ မနိုင်တော့လို့ လုပ်တာလား။ ဒါမှမဟုတ် အဲဒီ စီးထွက်တာတွေထဲက စာရင်း လုပ်ချင်လို့ လုပ်တာလား မသိ ဘူး။ သူ့ရည်ရွယ်ချက်ပေါ်လည်း မူတည်သေးတယ်။ အရင်တုန်းကလည်း အဲလို ‌ဒေါ်လာတွေကို အကုန်လုံး ပိတ်လိုက်တယ်။ ပြီးတော့မှ တဖြည်းဖြည်းချင်း ပြန်ပြန်ပြီး လျှော့ချလျှော့ချ ပေးလိုက်တယ်။ အဲလိုမျိုးတော့ ရှိတယ်။ အခုလည်း ပိတ်ပြီးတော့ တချို့ တကယ် အမှန်တကယ်လုပ်တဲ့ ကိုင်တဲ့အဖွဲ့တွေ၊ နောက် အမှန်တကယ် လိုအပ်တဲ့ ကုမ္ပဏီတွေ အတွက်တော့ ပြန် လျှော့ ပေးမယ်လို့ ယူဆရတာပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ ပြည်ပချေးငွေ မူဝါဒ အပြောင်းအလဲနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာပြီးနောက် ပြည်တွင်း ဒေါ်လာဈေးနှုန်းသည် ယခင် ၂၂၀၀ မှ ၂၃၀၀ သို့ မြင့်တက်သွားကြောင်း၊ ရွှေဈေးနှင့် မော်တော်ကား ဈေးနှုန်းများ လည်း လိုက်ပါ မြင့်တက်လာကြောင်း တွေ့ရသည်။

ဗဟိုဘဏ်၏ ဇူလိုင်လ ၁၃ ရက်က အကြောင်းကြားစာတွင် နိုင်ငံခြားသုံးငွေ ရောင်း/ဝယ် ဖောက်ကား ခွင့် (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် Customers များကို ချေးငွေ အတိုး/အရင်း ပြန်လည် ပေးဆပ်ရမည့် အစီအစဉ် (Repayment Schedule) ကို ပြည်ပမှ ငွေချေးငှားသူ (Lender) များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် ဖော်ပြ ထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်ပချေးငွေ ပေးဆပ်မှု ဆိုင်းငံ့ခြင်းက မြန်မာ့စီးပွားရေးကို ပိုထိခိုက်နိုင်

By CNI
CNI
Category: Watch TV
Hits: 471

Share
Tweet
Share
Share
powered by social2s
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37

Page 33 of 46

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar