CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို နစက-ကနေ အိမ်ငှား စရိတ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၂၂ ရက်) ပြောကြား သွားခဲ့သည်။

နစကသည် စီးပွားရေးရာကော်မတီ အစည်းအဝေးကို ယနေ့ (ဇူလိုင် ၂၂ ရက်)က ကျင်းပခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်း(အမြဲ တမ်း) များအား အိမ်ငှားစရိတ် ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နစက-က “နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) များအနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံဏားခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား ဇူလိုင် ၂၅ ရက်၌ သတင်းထုတ်ပြန် သွားမည်”ဟု ပြောသည်။

ထို့နောက် နစကအနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယခု အိမ်ငှားစရိတ် ထောက်ပံ့ခြင်း အပါအဝင် ချီးမြှင့်ထောက်ပံ့မှု ၂၆ ခု ပြုလုပ်ပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်သွားသည်။