CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မြန်မာစစ်တပ် အုပ်ချုပ်သူများနှင့် ပုံမှန်စီးပွားရေး မလုပ်တော့ဟု အမေရိကန်ပြော

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s
ဆန္ဒပြမှုများကို ထိန်းသိမ်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ်

မြန်မာစစ်တပ် အုပ်ချုပ်သူများနှင့် ပုံမှန်စီးပွားရေး မလုပ်တော့ဟု အမေရိကန်ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1193

CNI International News

ဝါရှင်တန် ဇူလိုင် ၂၆

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ပြီးနောက် မြန်မာစစ်တပ် အုပ်ချုပ်သူများနှင့် ပုံမှန်အတိုင်း စီးပွားရေးလုပ်၍ မရတော့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော် အုပ်ချုပ်နေခြင်းကို ဒဏ်ခတ် အရေးယူရန် နောက်ထပ် အစီအမံများ ထည့်သွင်း စဉ်းစားထားပြီး ရွေးချယ် စရာအားလုံး မိမိတို့၏ စားပွဲအပေါ်မှာ အသင့်ရှိနေကြောင်း ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းကို တားမြစ်ရန်နှင့် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုဖြင့် မည်သည့် ချေးငှားမှုမျိုးမဆို အရေးယူမည်ဖြစ်၍ ရှောင်ကြဉ်ကြရန် ကမ္ဘာ့နိုင်ငံများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်းသွားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ယခင် အမေရိကန် ပိတ်ဆို့အရေးယူမှုများတွင် ချန်လှပ်ခဲ့သော မြန်မာ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းကို ဘိုင်ဒန်အစိုးရက ပိတ်ဆို့ ရန် စဉ်းစားနေသလားဟု မေးမြန်းရာ နက်ပရိုက်စ်က “နောက်ထပ် ပိတ်ဆို့မည့် အစီအမံများအတွက် ရွေးချယ်စရာအားလုံးမှာ စားပွဲပေါ်တွင် အသင့်ရှိကြောင်း” ဖြေကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ နက်ပရိုက်စ်

“သူတို့လုပ်ခဲ့တဲ့ ကြောက်စရာကောင်းအောင် ရက်စက်မှုတွေကြောင့် ဒီအုပ်ချုပ်နေတဲ့ လက်ထက်မှာ ပုံမှန်အတိုင်း စီးပွားရေး လုပ်လို့ မရပါဘူး” ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလနှင့် ဧပြီလအတွင်း လျှို့ဝှက်စုံစမ်း စစ်ဆေးမှုများအရ သေဒဏ် ချမှတ်ခံခဲ့ရသည့် တက်ကြွလှုပ်ရှား ၄ ဦး သည် စစ်တပ်အပေါ် တိုက်ခိုက်ခဲ့သည့် အရပ်သား တော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကူညီသည်ဟု စွပ်စွဲခံခဲ့ရသည်။

ယမန် နှစ်က မြန်မာ့တပ်မတော် အာဏာရယူလိုက်ပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် ပေါ်ပေါက်လာခဲ့သော ဆန္ဒပြပွဲများကို သွေးထွက် သံယို ဖြိုခွင်းခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း ပြည်တွင်း၌ ယခုကဲ့သို့ ပထမဆုံး ကွပ်မျက်မှုအပေါ် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်သံများ ကျယ်လောင်သွားခဲ့သည်။

မြန်မာ့လမ်းကြောင်းကို လွှမ်းမိုးနိုင်သည့် အလားအလာမှာ တရုတ်ထက်ပို၍ အခြားမည်သည့်နိုင်ငံမှ မရှိကြောင်း၊ ဒေသတွင်း အာဆီယံအဖွဲ့၏ အစည်းအဝေးများသို့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်များကို ဖယ်ချန်ထားခြင်းအား ဆက်လက်၍ စံနမူနာ ထားလျက် ထိန်းသိမ်းသွားရန် တောင်းဆိုပါကြောင်း နက်ပရိုက်စ်က ဆက်လက် ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဧရာဝတီဆန်များကို တပ်မတော်မှ ဝယ်ယူရန် အကြောင်းကြားလာခြင်း မရှိသေး

By CNI
CNI
Category: စီးပွားရေး
Hits: 1549

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းပိုင်ရှင်များကို ကြိုတင်ငွေထုတ်ပေးပြီး မြန်မာ့တပ်မတော်ကို ရောင်းချဖို့အတွက် ဆောင်ရွက်နေကြောင်း သတင်းများတွင် တွေ့ရှိနေရသော်လည်း ဆန်စက်လုပ်ငန်းရှင်များ ထံသို့ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များထံမှ သိရ သည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းတွင် မိုးစပါးများ အနည်းငယ်သာ ကျန်ရှိနေကြောင်း၊ ဆန်စက်ပိုင်ရှင်များထံသို့ ကြိုတင်ငွေထုတ်ပေးပြီး ဆန်ရောင်းချပေးရန်နှင့်ပတ်သက်ပြီး အကြောင်းကြားလာခြင်း မရှိသေးကြောင်း ဟင်္သာတခရိုင် ဆန်စက်အသင်း ဥက္ကဋ္ဌ ဦးစိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု ဒီဘက်မှာ ဘာမှ အကြောင်းကြားတာ မရှိသေးဘူး။ တိုင်းမှာလည်း တိုင်းဆန်စက်အသင်းတွေ ရှိတာကိုး။ သူ့ဟာသူအဆင့်ဆင့်နဲ့ သွားတာကိုး။ တကယ်လို့ အဲဒါတွေဖြစ်မယ်ဆိုရင် တိုင်းဆန်စက်အသင်းကနေ ဗဟိုကနေ တိုင်း၊ တိုင်းကနေတဆင့် ခရိုင်ကို လာမှာပေါ့ ဟင်္သာတခရိုင်ကို လာမှာပေါ့။ အခုက ဘာမှ မကြားသေးဘူး။ ခါတိုင်းနှစ်မှာလည်း အဲလို တခါမှ မရှိဘူး။ မိုးစပါး ကုန်နေပြီ ဒီအချိန်ဆို ၈ လပိုင်း၊ ၇ လပိုင်းလောက်ဆို မိုးစပါးက ကုန်သလောက် ဖြစ်သွားပြီ။ နည်းနည်းပဲ ကျန်တော့တယ်လေ။ လှောင်သမား နည်းနည်းပါးပါးလောက်ပဲ ကျန် တယ် အများကြီး မကျန်ဘူး။ နည်းနည်းပါးပါးပဲ ကျန်တာပါ။ အဲစပါးတွေကလည်း ဆင်းသုခတို့ဆို ၁၀ သိန်း ပတ်လည်လောက် ဖြစ်နေပြီ။ ၉ သိန်းခွဲ၊ ၁၀ သိန်းပေါ့နော်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် စပါးအားလုံးကို တခြားသို့ ရောင်းချခြင်းမပြုဘဲ တပ်မတော်က ဆန်စက် ပိုင်ရှင်များအား ကြိုတင်ငွေထုတ်ပေးပြီး တပ်မတော်သို့သာ ရောင်းချရမည်ဟု သတင်းများထွက်ပေါ် ရေးသား နေကြသည်ကို တွေ့ရသည်။

ယခင်နှစ်များတွင် တပ်မတော်ရိက္ခာအတွက် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်တချို့ကို ဆန်စက်ပိုင်ရှင်များမှတဆင့် ဝယ်ယူမှုများရှိသော်လည်း ရောင်းလိုသည့် ဆန်စက်ပိုင်ရှင်များကသာ ရောင်းချကြပြီး လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူကြသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“နှစ်တိုင်းလိုလိုတော့ ဝယ်ပါတယ်။ ဝယ်တယ်ဆိုတာက နဂိုတုန်းကတော့ ရောင်းချင်တဲ့ တာဝန်ယူမယ့် ဆန်စက် တစ်ခုကနေပြီးတော့ တာဝန်ယူပြီးတော့ အဲဒီကြိုတင်ငွေကို ထုတ်လိုက်တာပဲလေ။ ထုတ်ပြီး အဲလို ဝယ်နေကျပါပဲ။ တပ်ရိက္ခာလို့ ခေါ်တာပေါ့။ အဲဒီ တပ်ရိက္ခာစပါးကို သူတို့က ငွေထုတ်ပေးတယ်။ အဲဒီအခါမှာ ဥပမာ ဆိုပါတော့ ဧရာဝတီတိုင်းအတွက် ဆန်ဘယ်လောက် လိုချင်တယ်။ စပါးက ဘယ်ဈေး ထုတ်မယ်ဟေ့ဆို အဲလူတွေက ငွေထုတ်ပေး။ အဲဒါကို ဆန်စက်တိုင်းက မယူပေမယ့် ယူတဲ့ဆန်စက်က အဲဒါကို တာဝန်ယူပြီးတော့ ဝယ်ပေး နေတာ ခါတိုင်းနှစ်တွေကလည်း အဲလိုပဲ” ဟု ပြောသည်။

စပါးစိုက်တောင်သူများသည် ယခုနှစ်တွင် စပါးစိုက်ပျိုးရာ၌ ဓာတ်မြေဩဇာ၊ မြေဆီ၊ စက်သုံးဆီဈေးနှုန်းများကို ဈေးနှုန်းမြင့်မားစွာ အသုံးပြုခဲ့ရသည့်အတွက် ကုန်ကျစရိတ်များ မြင့်မားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော စပါးများသည် တစ်ဧကလျှင် တင်း ၇၀ နီးပါး ထွက်ရှိပြီး ကုန်ကျစရိတ်သည် တစ်ဧက ၄ သိန်းခွဲကျပ် နီးပါးရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်တွင် အခြေခံရည်ညွှန်းစပါးဈေးကို တောင်သူများ မရှုံးနိုင်သည့်ဈေးနှုန်းဖြင့် ရရှိရန် လိုအပ်သည်ဟု ဦးသိန်းအောင်က ဆက်ပြောသည်။

၎င်းက“တောင်သူတွေ မရှုံးနိုင်တဲ့ ဈေးပေါ့ကွာ။ တောင်သူတွေ မရှုံးနိုင်တဲ့ ဈေးကတော့ ၇ သိန်းခွဲလောက်မှ တောင်သူ တွေ မရှုံးမယ်လို့ စပါး တင်း ၁၀၀ ကို ၇ သိန်းခွဲ အဲဒါထက် နည်းနည်းပေါ့ ၈ သိန်းခွဲ ၉ သိန်းဆိုရင်တော့ တောင်သူ အတွက် ထိုက်သင့်တဲ့အကျိုးတစ်ခုတော့ ရမှာပေါ့။ ၇ သိန်းခွဲကတော့ အရင်းစိုက်တဲ့ဈေးပါပဲလို့” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ဒေါ်လာငွေဈေးနှုန်း မြင့်မားနေမှုကြောင့် ကုန်သည်များက စပါးများကိုလည်း ဈေးနှုန်းတိုးမြှင့်ပြီး ဝယ်ယူပေးနိုင်မည့် အခြေအနေ တွေ့မြင်ရကြောင်း ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် စပါးအများဆုံး စိုက်ပျိုးရာဒေသဖြစ်ပြီး မြန်မာနိုင်ငံ၌ စပါးထွက် အကောင်းဆုံးသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဇင်ဘာဘွေကထုတ်လုပ်တဲ့ ဒင်္ဂါးပြားကို တွေ့ရစဉ်(AP)

ဇင်ဘာဘွေတွင် ငွေကြေးဖောင်းပွမှုထိန်းရန် ရွှေဒင်္ဂါးများ ရောင်းချ

By CNI
CNI
Category: စီးပွားရေး
Hits: 1616

 

CNI International News

ဟာရာရီ၊ ဇူလိုင် ၂၆

ဇင်ဘာဘွေနိုင်ငံတွင် ပြည်တွင်း ငွေကြေးဖောင်းပွမှုနှင့် ဘဏ္ဍာရေး မတည်ငြိမ်မှု ထိန်းသိမ်းနိုင်ရန်အတွက် အများပြည်သူများ ကို ရွှေဒင်္ဂါးများ စတင် ရောင်းချပေးခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ပြည်တွင်း ငွေကြေးအပေါ် ယုံကြည်မှု မြှင့်တင်ရန်အတွက် အဆိုပါ ရှားရှားပါးပါး အစီအစဉ်ကို ဇင်ဘာဘွေ ဗဟိုဘဏ်က ဇူလိုင် ၂၅ ရက်တွင် ကြေညာခဲ့သည်။

၂၀၀၈ ခုနှစ်၌ အများပြည်သူ လက်ဝယ်ရှိ စုဆောင်းငွေသည် အလွန်အမင်း ငွေကြေးဖောင်းပွမှုနှုန်း အနေဖြင့် ၅ ဘီလီယံ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်ခဲ့သဖြင့် ဇင်ဘာဘွေ ငွေကြေး၏ ခိုင်မာမှုကို အယုံအကြည် မရှိတော့ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ သိရသည်။

ထိုသို့ ဆိုးရွားလှသော ငွေကြေးဖောင်းပွမှု၏ ခါးသီးခြင်းများ အမှတ်တရ ဖြစ်နေကြသည့် ယနေ့ခေတ် ဇင်ဘာဘွေ နိုင်ငံသား များသည် နေအိမ်တွင် စုဆောင်းထားရန် (သို့မဟုတ်) နေ့စဉ် ရောင်းဝယ် ဖောက်ကားရန်အတွက် ရှားပါးသော အမေရိကန် ဒေါ်လာများကို တရားမဝင် ဈေးကွက်၌ သုံးစွဲရခြင်းအား အပြိုင်အဆိုင် နှစ်သက်လိုလားနေကြသည်။
ဇင်ဘာဘွေ ငွေကြေးအပေါ် ယုံကြည်ခြင်းမှာ အလွန်နိမ့်ပါးနေပြီဖြစ်ပြီး လက်လီ ရောင်းချသူများက လက်မခံကြတော့ပေ။

ဗဟိုဘဏ်သည် ဇူလိုင် ၂၅ ရက်တွင် ကူးသန်းရောင်းဝယ်ရေး ဘဏ်များထံသို့ ရွှေဒင်္ဂါး ၂,၀၀၀ ထုတ်ပေးခဲ့သည်။

ဇင်ဘာဘွေဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဂျွန်မန်ဂူဒယာကိုတွေ့ရစဉ်(AP)

အဆိုပါ ဒင်္ဂါးပြားများ ပထမအသုတ်ကို ပြည်ပတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်း၌ ပြည်တွင်းမှာ ဆက်လက် ထုတ်လုပ်သွားမည်ဟု ဇင်ဘာဘွေဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဂျွန်မန်ဂူဒယာ (John Mangudya) က ပြောကြားခဲ့သည်။

ထိုဒင်္ဂါးပြားများ လုံလောက်စွာ လဲလှယ်နိုင်ခြင်း ရှိ/မရှိ ဆိုသည့်အပေါ် မူတည်၍ ဆိုင်များတွင် ဝယ်ယူသုံးစွဲနိုင်ပြီဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“အစိုးရသည် အလွန်မြင့်မားသည့် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက်ကြောင့် အမေရိကန်ဒေါ်လာ၏ ဝယ်လိုအားကို ထိန်းညှိနိုင်ရန် ကြိုးပမ်းနေကြောင်း” ဇင်ဘာဘွေ စီးပွားရေးပညာရှင် ပရိုစပါချစ်တမ်ဘာရာ (Prosper Chitambara) က ပြောကြားခဲ့သည်။

“မျှော်လင့်ချက်ကတော့ ပြည်တွင်း ငွေကြေးတန်ဖိုး ကျဆင်းမှုကို ထိန်းချင်တာ။ အဲဒီအတွက် ကုန်ဈေးနှုန်း တည်ငြိမ်မှု အတိုင်းအတာ တစ်ခုခု ရှိသင့်တယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) ကုမ္ပဏီမဆို အဆိုပါ ဒင်္ဂါးပြားများကို တရားဝင် ခွင့်ပြုထားသော ဆိုင်များမှ ဝယ်ယူနိုင်ပြီး ဘဏ်တွင် ပြန်လည်သိမ်းဆည်းခြင်း (သို့မဟုတ်) အိမ်သို့ ယူဆောင်သွားခြင်း ပြုလုပ်နိုင်ကြောင်း ဇင်ဘာဘွေ ဗဟိုဘဏ်၏ ကြေညာချက်အရ သိရသည်။

ဇင်ဘာဘွေနိုင်ငံငွေကြေး အကြွေစေ့များကိုတော့ နိုင်ငံခြားငွေဖြင့်သာ ဝယ်ယူနိုင်မည်ဟု ၎င်းကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကောလာဟလများဖြန့်ဝေနေမှုက တိုင်းပြည်စီးပွားရေး ပျက်အောင်လုပ်နေခြင်းဟု ဗဟိုဘဏ်‌ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 977

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

မြန်မာကျပ်ငွေ၊ နိုင်ငံခြားသုံးငွေတို့နှင့် ပတ်သက်၍ ကောလာဟလသတင်းများဖြန့်ဝေနေခြင်းအား အများအပြား တွေ့ရှိလာရပြီး ထိုသို့ ဖြန့်ဝေနေမှုများသည် တိုင်းပြည်စီးပွားရေး ပျက်စီးရာပျက်စီးကြောင်းကို လုပ်နေခြင်းဟု ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က CNI သတင်းဌာနသို့ ပြောသည်။

လက်တလောတွင် လူမှုကွန်ရက်စာမျက်နှာ၌ ဗဟိုဘဏ်နှင့်ပတ်သက်သည့် အပျက်သ‌ဘောဆောင်သော အကြောင်းအရာများအား အထူးသဖြင့် တွေ့နေရကြောင်း ၎င်းကပြောသည်။

ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က “အခုဆိုရင် တစ်သောင်းတန်တွေ သိမ်းမယ်ပြောတယ်။ လူတွေက တစ်သောင်းတန်တွေ ဒုက္ခဖြစ်မလားလို့ စိတ်ပူ၊ စိတ်ပူပြီးရင် ဒေါ်လာဝယ်မယ် ရွှေဝယ်မယ်။ဒါဆိုရင် ဒေါ်လာ စျေးတက်မယ် ရွှေဈေးတက်မယ်။ဒါအကုန်လုံး စီးပွားရေး ကမောက်ကမ ဖြစ်မယ်။အခုဆိုပဲ FEC ထုတ်မယ် ဒေါ်လာသိမ်းမယ်ဆိုတော့ကျ ဒါ‌ ဒေါ်လာတွေသိမ်းမယ်ဆိုရင် ငါတို့ ရွှေဝယ်မယ်၊ မြေဝယ်မယ်။ ရွှေဈေးကွက် မြေဈေးကွက် သွားတက်မယ်။ အဲဒီလိုမျိုး လူတွေရဲ့ကြောက်စိတ်ကို၊ ဖြစ်တတ်တဲ့ သဘာဝတွေကို၊ အားနည်းချက်တွေ အခွင့်ကောင်းယူပြီး ဒါလုပ်ကြတာ။ အဓိကကတော့ အခုလုပ်နေတဲ့ ကိစ္စအားလုံးက တိုင်းပြည်ရဲ့ စီးပွားရေး ပျက်စီးရာ ပျက်စီးကြောင်း၊ အစိုးရကို နှောင့်ယှက်ရာ နှောင့်ယှက်ကြောင်း လုပ်နေတဲ့ ကိစ္စရပ်တွေပါပဲ”ဟု ပြောသည်။

ထိုသို့ ဖြန့်ဝေနေမှုများသည် နိုင်ငံခြားသုံးငွေများအား ဈေးတက်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်းနှင့် ကိုယ်အကျိုးစီးပွားကိုသာကြည့်ပြီး လုပ်ဆောင်ဖန်တီးနေခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကောလာဟလ ပျံ့နှံ့သွားပါက အနည်းနှင့်အများ သက်ရောက်မှုအကျိုးဆက်ရှိနိုင်သည့်အတွက် ၎င်း ကောလာ ဟလများနှင့်ပတ်သက်၍ မှန်၊ မမှန် အမြန်ဆုံးဖြေရှင်းပေးရန် အရေးကြီးလိုအပ်ကြောင်း၊ ထိုသို့မဟုတ်ပါက နောက်ဆုံးတွင် ပြည်သူသာ သက်ရောက်မှုအကျိုးဆက်ကို ခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘာလို့ဆို ဒီသတင်းထွက်ပြီဆိုရင် ကုန်သည်ကလည်း သူ့ကုန်ကို ဈေးတင်တော့မှာပဲ။ဒါပေမယ့် မရောင်းဘဲနဲ့ သူ hold လုပ်ထားရင် လုပ်ထားမှာပဲ။ ဒါပေမယ့် General Public ကတော့ အဲဒီလိုသုံးသပ်နိုင်ဖို့ ခဲယဉ်းပါတယ်။ တချို့ ဟာတွေကလည်း ကောလာဟလကနေပြီးတော့ တကယ်ဖြစ်သွားတာကိုး။ ဥပမာ-ဆန်ဈေးတွေတက်တော့မယ် လို့ ကောလာဟလဖြစ်လို့ရှိရင် ဘာလုပ်မလဲဆိုတော့ အကုန်လုံး ဝိုင်းဝယ်ကြမယ်။ အဲဒီဝိုင်းဝယ်တဲ့အတွက် တက် သွားတာ ဆန်ဈေးက။ ဆိုတော့ အဲဒီကောလာဟလက တကယ့် real effect ကိုပဲ သွားဖြစ်တယ်။ တကယ့် real effect ကလည်း ကောလာဟလကို သွားပြီးတော့ ဖြစ်စေတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ General Public အနေနဲ့က သူတို့အနေနဲ့သိနိုင်ဖို့ ခန့်မှန်းနိုင်ဖို့က ခဲယဉ်းတယ်။ အဓိကကတော့ တာဝန်ရှိတဲ့သူတွေကပဲ လုပ်ပေး ရမှာ။ economic point of view အနေနဲ့ကတော့ ဒါတွေက ပေါ်လစီတွေနဲ့ပဲ ထိန်းရမှာလေ။ သတင်းအမှန်တွေနဲ့ ပဲ ထိန်းရမှာ”ဟု ဆိုသည်။

တိုင်းပြည် မတည်ငြိမ်သည့်ကာလများတွင် ယခုကဲ့သို့ ကောလာဟလများသည် ပြည်သူလူထု၏ ကြောက်စိတ်၊ စိုးရိမ်စိတ်တို့ကို ဖြစ်ပေါ်စေတတ်သည့်အတွက် ပြည်သူလူထုအနေဖြင့် စဉ်းစားချင့်ချိန်ပြီးမှ ယုံကြည်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြည်တွင်းရှိ ဒေါ်လာအားလုံးကိုသိမ်းပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည် လုပ်‌ဆောင်မည်ဟူ၍ ပျံ့နှံ့ခဲ့ပြီး ပြည်သူများအကြား စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။

ဗဟိုဘဏ်မှ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကောလာဟလသာဖြစ်ပြီး ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ကောလာဟလ သတင်းအမှားများ ဖြန့်ဝေနေသူများအား လိုက်လံစုံစမ်းရန် တာဝန်ရှိသည့် အဖွဲ့အစည်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နည်းပညာပိုင်းတို့ကို ဖွဲ့စည်းထားပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြောင်းလက်ကျန်များ၍ ထိုင်းအခွန်ကင်းလွတ်ခွင့် ကာလအမီ အကုန်မတင်ပို့နိုင်

By CNI
CNI
Category: Watch TV
Hits: 544

Share
Tweet
Share
Share
powered by social2s

ပြောင်းလက်ကျန်များ၍ ထိုင်းအခွန်ကင်းလွတ်ခွင့် ကာလအမီ အကုန်မတင်ပို့နိုင်

By CNI
CNI
Category: Watch TV
Hits: 532

Share
Tweet
Share
Share
powered by social2s
ရေနံစက်ရုံတစ်ခုကိုတွေ့ရစဉ်(Reuters)

တရုတ်အတွက် ရေနံအများဆုံး ရောင်းချသူမှာ ရုရှားဖြစ်လာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1322

CNI International News

ဘေဂျင်း၊ ဇူလိုင် ၂၅

ယူကရိန်းသို့ ကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံများက ရုရှားနိုင်ငံကို ပိတ်ဆို့ အရေးယူခဲ့နေပြီးနောက် ရုရှားရေနံတင်ပို့မှု ဈေးနှုန်း ကျဆင်းသွားခဲ့သော်လည်း နှစ်လအတွင်း တရုတ်နိုင်ငံသို့ ရေနံစိမ်းအများဆုံး တင်ပို့သူမှာ မော်စကို(ရုရှား) ဖြစ်လာ ခဲ့ကြောင်း စင်ကာပူမီဒီယာ စထရိတ်မ်တိုင်းမ်က ဇူလိုင် ၂၅ ရက် (ယနေ့) ရက်စွဲဖြင့် ရေးသားဖော်ပြသည်။

ထို့နောက် ရုရှား၏ တင်ပို့မှု ပမာဏမှာ ဆော်ဒီအာရေဗျကိုပင် ကျော်လွန်သွားခဲ့ကြောင်း စထရိတ်မ်တိုင်းမ်က ဆက်လက် ရေးသားဖော်ပြထားသည်။ ထိုသို့ ရေနံဈေးကွက် အခြေအနေမှာ အာရှဝယ်လက်များကြားတွင် စိတ်ဝင်စားမှု တိုးလာစေ ခဲ့သည်။

ယခင်လ၌ တရုတ်သည် ရုရှားထံမှ ရေနံစိမ်းတန်ချိန် ၇ ဒသမ ၃ သန်း တင်သွင်းခဲ့ရာ ၂၀၂၁ ခုနှစ် အလားတူ ကာလထက် ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ကိုင်ရှီ (Caixin) အထွေထွေ အကောက်ခွန်စီမံဌာနမှ အချက်အလက်များအရ သိရ သည်။

တရုတ်ပြည်တွင်းသို့ ရေနံစိမ်းတင်ပို့မှုမှာ ပြီးခဲ့သည့် မေလတွင် တန်ချိန် ၈ ဒသမ ၄ သန်းရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၈ ရာခိုင်နှုန်း ခုန်တက်ခဲ့သည်။ မေလနှင့်ဇွန်လအတွင်း ရုရှားရေနံတင်ပို့မှုသည် ယခင်ပုံမှန် ဆော်ဒီအာရေဗျထက် ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၄၄ ရာခိုင်နှုန်း အသီးသီး မြင့်သွားခဲ့ကြောင်း စာရင်းဇယားများက ပြသနေသည်။

ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ် (AFP)

မူလက ဆော်ဒီသည် တရုတ်သို့ ရေနံစိမ်း အများဆုံး တင်ပို့သူဖြစ်ပြီး ရုရှားက ဒုတိယနေရာသာ လိုက်ခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်၏ ပထမနှစ်ဝက်အထိ ဆော်ဒီသည် တရုတ်သို့ ရေနံတင်ပို့မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။

ယူကရိန်းနှင့် စစ်ဖြစ်နေစဉ်အတွင်း အနောက်အုပ်စု ပိတ်ဆို့မှုကြောင့် ရုရှားရေနံဈေး ထိုးကျသွားခဲ့ရာ တရုတ်က ရုရှားထံမှ လျင်မြန်စွာ အဝယ်မြှင့်တင်ခဲ့ကြောင်း ကုန်စည်ဈေးကွက် သတင်းအချက်အလက် စုဆောင်းတင်ပြသည့် JCL လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားရေနံ၏ ပျမ်းမျှဈေးနှုန်းမှာ ဇွန်လတွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၆၀ ရှိခဲ့ပြီး ဆော်ဒီရောင်းပေးနိုင် သည့် ဈေးအောက် ၁၈ ဒသမ ၈ ရာခိုင်နှုန်း ချိုသာသွားခဲ့သည်။ အဆိုပါ နှုန်းသည် ဒုတိယလအတွက် ဆက်တိုက် ကျဆင်း လာသည့် ပေါက်ဈေးဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂ (EU) သည် ရုရှားရေနံစိမ်းနှင့် ရေနံ၊ ဓါတုထုတ်ကုန်များကို တစိတ်တပိုင်း ပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ ရုရှားထံမှ ရေနံ သုံးပုံနှစ်ပုံခန့် ဆက်လက်ဖြတ်တောက်မည်ဟု ပြောကြားထားသည်။

သို့ဖြစ်၍ ရုရှားသည် ၎င်း၏ ရုပ်ကြွင်းလောင်စာနှင့် သဘာဝဓာတ်ငွေ့ကို ဥရောပမှ အာရှသို့ တင်ပို့ရာတွင် အဓိကအားဖြင့် အိန္ဒိယနှင့်တရုတ်တို့ကို ပြန်လည်ဦးတည်လျက် အားထားနေရပြီ ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ့ပြောင်းနဲ့အတူ တောင်သူများကို တွေ့ရစဉ်

ပြောင်းလက်ကျန်များ၍ ထိုင်းအခွန်ကင်းလွတ်ခွင့် ကာလအမီ အကုန်မတင်ပို့နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1667

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ထိုင်းနိုင်ငံသည် အခွန်ကင်းလွတ်ခွင့်ကာလကို ဩဂုတ်လကုန်အထိ သတ်မှတ်ထားသော်လည်း လက်ရှိ မြန်မာနိုင်ငံအတွင်း ပြောင်းလက်ကျန် ကျန်ရှိမှု များပြားနေခြင်းကြောင့် ထိုကာလအမီ အကုန်တင်ပို့နိုင်မည်မဟုတ်ကြောင်း ပြောင်းကုန်သည်များ နှင့် လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် ကုန်တင်ကား ငှားရမ်းမှု အခက်အခဲနှင့် သယ်ဆောင်ခ မြင့်မားမှုကြောင့် အချိန် ၁ လအတွင်း ပြောင်းလက်ကျန် များကို ထိုင်းနိုင်ငံသို့ တင်ပို့နိုင်မည် မဟုတ်ကြောင်း တာချီလိတ်မြို့နယ် Golden Sky Co.,Ltd မှ ကိုစိုင်းခမ်းက CNI သို့ ပြောသည်။

ကိုစိုင်းခမ်းက “အခုအနေအထားက ဘယ်သူမှ လုပ်လို့မရဘူး။ လှောင်ထားရင်လည်း ရှုံးတယ်။ နယ်စပ် ဂိုဒေါင်ထဲမှာ လှောင် ထားရင်လည်း ရှုံးတယ်။ ဟိုဘက်ကမ်း ပို့လည်း ရှုံးတယ်ဆိုတော့ ဒီအတိုင်းပဲ ထားမလား၊ နောက်ရက်ပဲ ထားမလား၊ ပုပ်သွား မလား၊ သိုးသွားမလား၊ ပိုးတွေ ထိုးမှာလား။ ဆုံးရှုံးမှုက အဲလိုမျိုး ဖြစ်နေတာ။ ရှေ့တိုးလည်းမရ၊ နောက်ဆုတ်လည်းမရ။ ပြီး တော့ ၈ လပိုင်း ၃၁ ရက်နေ့ဆို ယိုးဒယားပိတ်ပြီ။ ၁ လပဲ ကျန်တော့တဲ့အချိန်မှာ အဲဒီ ၁ လ အတောတွင်းမှာ စာရွက်စာတမ်း တွေလည်း လုပ်လို့မရဘူး။ ၈ လ ၃၁ ရက်နေ့ ယိုးဒယား ပိတ်ပြီဆိုရင် ပြောင်းက ဝယ်မယ့်လူ မရှိတော့တာလေ။ တချို့က ကျန်တယ် ပြောတယ်။ တချို့က အိတ် ၄ သောင်းကျန်တယ်။ တချို့က အိတ် ၅ ထောင်၊ ၆ ထောင် ရှိတယ်ပြောတယ်။ တကယ်လို့ ယိုးဒယားရောင်းလို့ အဆင်ပြေရင်တောင်မှ သယ်ခနဲ့ ကားရှာတာနဲ့ကို အဆင်ပြေမှာ မဟုတ်ဘူးလို့ ၈ လပိုင်း အကုန်ကိုလေ” ဟု ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ပြောင်းဈေးနှုန်း ကျဆင်းနေကြောင်း သိရသည်။

ထိုင်းနယ်စပ်ကုန်သွယ်ရေးကို တွေ့ရစဉ်

ထို့နောက် ပြည်ပသို့ တင်ပို့ရာတွင် ကြိုတင်ငွေလွှဲစနစ်ဖြင့် တင်ပို့ရခြင်းနှင့် ဒေါ်လာငွေ လဲလှယ်နှုန်း ကွာဟချက်များကြောင့် ပြောင်းတင်ပို့မှုကို ကုန်သည်များက ရပ်နားထားကြကြောင်း၊ တချို့သော ကုန်သည်များမှာမူ ပို့ကုန်လိုင်စင်နှင့် အခွန်ဆောင် ရာတွင် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများ ကြန့်ကြာနေခြင်းကြောင့် ပြောင်းတင်ပို့မှု မပြုနိုင်ကြကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေကြသည်မှာ နှစ်ဖက်နိုင်ငံ ကုန်သည်အချင်းချင်း ကတိပေးထားပြီးသား ဖြစ်နေခြင်း ကြောင့် အရှုံးခံ၍ တင်ပို့နေကြရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

ဦးသန့်ဇင်ထွန်းက “အခု ရောင်းတဲ့သူတွေက တောင်သူတွေက ထုတ်ရောင်းတာပေါ့နော်၊ အဲဒါမျိုးကျတော့ တောင်သူတွေ လှောင်ထားတာပေါ့လေ။ ဒီလို ပြောင်းပြတ်သွားရင် ဈေးတက်တတ်တယ်ဆိုပြီးတော့ တောင်သူကြီးတွေကတော့ လှောင် ထားတဲ့ သူတွေကတော့ တောင်သူရှုံးတာပေါ့။ အစောကြီးကတည်းက ဝယ်လှောင်ထားတဲ့ ကုန်သည်တွေကတော့ ကုန်သည် ရှုံးတာပေါ့။ ပစ္စည်းရှိတဲ့ သူတိုင်းသည် ရှုံးနိုင်တယ်လို့ ပြောလို့ရတာပေါ့နော်။ လက်ရှိကတော့ နည်းနည်းပါးပါးပေါ့ ဟိုဘက်ကို လည်း ပြောပြီးသား ဆိုပြီးသားပေါ့၊ ကုန်သည်ချင်း ကုန်သည်ချင်း ကတိပေးပြီးသားဖြစ်တော့ အများကြီး ပုံမှန်ထက် အများ ကြီး မဟုတ်တောင်မှ သူ့ဟာနဲ့သူတော့ သွားနေပါတယ် နည်းနည်းပါးပါးပေါ့။ လုံးဝကြီး ရပ်တန့်သွားတဲ့ အထိတော့ မဟုတ် ဘူးပေါ့။ နည်းနည်းပါးပါးတော့ သွားနေတယ်” ဟု CNI သို့ ပြောသည်။

မြန်မာ့ပြောင်း အခြောက်လှန်းခြင်း

ထိုင်းနိုင်ငံသို့ အခွန် ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့် ရရှိသည့် ကာလသည် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ ဖြစ်ကြောင်း၊ ယခင် နှစ်များတွင် ယခုကာလတူ အချိန်သည် ပြောင်းလက်ကျန် နည်းပါးပြီး ဈေးကောင်း ရရှိခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင် ပြည်တွင်း ပြောင်းလက်ကျန် အများအပြား ကျန်ရှိနေပြီး ဈေးနှုန်းများသည်လည်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

ပြောင်းလက်ကျန် များပြားနေသည့်အတွက် ပြောင်းအသစ် ထွက်ပေါ်လာမည့် အချိန်တွင် ပြောင်းဈေးနှုန်း ယခုထက် ပို၍ ကျဆင်းမည်ကို စိုးရိမ်ကြောင်း ပြောင်းစိုက်တောင်သူ တစ်ဦးဖြစ်သူ ကိုမင်းခိုင်က CNI သို့ ပြောသည်။

ကိုမင်းခိုင်က “ဒီပြောင်းတွေက ဒီနှစ် အခုအတွင်းမှာတင် အရောင်းအဝယ် ပြတ်ထားရမှာပေါ့လေ။ အရောင်းအဝယ် မပြတ် ဘဲနဲ့ ဒီပြောင်းတွေ နောက် ပြောင်းကုန်သည် Exporter တွေက သူတို့ကတော့ အရှုံးခံပြီးတော့ ထုတ်မှာ မဟုတ်ဘူး ဒါတွေကို ထားမှာပဲ။ ထားလို့ ဒီဟာတွေက နောက်ထပ် နောက် ဆင့်ကဲ ဆင့်ကဲ ပေါ့လာမယ့် ပြောင်းတွေနဲ့ သွားဆိုင်လို့ရှိရင် ကုန်က များပြီးတော့ ထပ်ပြီးတော့ အခြေအနေ ထပ်စိုးမှာကိုပဲ ကိုယ်တွေက စိုးရိမ်တာ” ဟု ပြောသည်။

ပြည်ပသို့ ပြောင်းတင်ပို့ရာတွင် ပြီးခဲ့သည့်လတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၀ ဈေးနှုန်း ရှိသော်လည်း လက်ရှိတွင် အမေရိကန် ဒေါ်လာ ၂၉၀ နှင့် ၃၁၀ ဝန်းကျင်သာ ရှိကြောင်း၊ ပြည်တွင်း ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ် ပိဿာလျှင် မြန်မာကျပ်ငွေ ၇၇၀ ဈေးနှုန်းသာ ရှိနေကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် ၁၁၀၀ ကျပ်အထိ ရှိကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်း စပါးများ ရိပ်သိမ်းနေစဉ်

ယူကရိန်းကနေ စပါးတင်ပို့ဖို့ ကမ္ဘာကြီးက ဘာကြောင့်လိုအပ်တာလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 826

CNI Article News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄

ယူကရိန်းပြည်တွင်းမှာ စပါးဘယ်လောက်သောင်တင်နေလဲ
******************************************
ပြည်ပသို့ တင်ပို့ရန် ရည်ရွယ်ထားသော စပါးတန်ချိန် သန်း ၂၀ ခန့်သည် ယူကရိန်းပြည်တွင်းမှာပင် သောင်တင်နေဆဲ ဖြစ်သည်။

ယခုနှစ် ရိတ်သိမ်းပြီးလျှင် သောင်တင်နေမည့် စပါးတန်ချိန် ၇၅ သန်းအထိ တိုးလာနိုင်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့သည်။

စစ်မက်ဖြစ်ပွားနေ၍ ယခုနှစ် စပါးရိတ်သိမ်းမှု နည်းပါးမည့် သဘောလည်းဖြစ်သည်။ ယူကရိန်းမှ ပုံမှန်ထွက်ရှိနေကျ စပါး တန်ချိန် ၈၆ သန်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို ရိတ်သိမ်းနိုင်မည် မဟုတ်ဟု Chatham House ပညာရှင်အဖွဲ့မှ စားနပ်ရိက္ခာရေးရာ ကျွမ်းကျင်သူ လော်ရာဝေါလက်စလေး (Laura Wellesley) က ပြောသည်။

ယူကရိန်းထံမှ စပါးမရလျှင် အခြားနိုင်ငံများအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ
**************************************************************************
ယူကရိန်းသည် ကမ္ဘာ့စတုတ္ထ ဆန်တင်ပို့မှု အများဆုံး နိုင်ငံဖြစ်သည်။ ပုံမှန်အားဖြင့် ယူကရိန်းသည် ကမ္ဘာ့နေကြာဆီ ပမာဏ ၏ ၄၂ ရာခိုင်နှုန်း၊ ပြောင်း ၁၆ ရာခိုင်နှုန်းနှင့် ဂျုံ ၉ ရာခိုင်နှုန်းတို့ကို ထုတ်လုပ်ပေးနေခဲ့သည်။ ထို့အပြင် ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာ တင်ပို့နေကျဖြစ်သည့် ရုရှားနိုင်ငံထံမှလည်း ဂျုံတင်ပို့မှု ကျဆင်းခဲ့သည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများသည် ရုရှားစိုက်ပျိုးရေးကဏ္ဍကို ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း အာမခံ နှုန်းထားများ တိုးလာသဖြင့် ငွေပေးချေမှု ပြဿနာများကြောင့် ပို့ကုန်များကို အဟန့်အတား ဖြစ်စေကြောင်း ကရင်မလင် သမ္မတ နန်းတော်က အပြစ်တင်ထားသည်။

စိုက်ပျိုးရေးထွက်ကုန်များ တင်ဆောင်လာသော ရုရှားသင်္ဘောများကို ဥရောပသမဂ္ဂ (EU) နိုင်ငံအသီးသီး၏ ဆိပ်ကမ်းများမှ တားမြစ်ထားခြင်း မရှိပါ။ ယူကရိန်းနှင့် ရုရှားတို့က အာဖရိက ဂျုံဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကျော်ကို ပုံမှန်အားဖြင့် ဖြည့် ဆည်း ပေးသည်ဟု အာဖရိက ဖွံ့ဖြိုးရေးဘဏ်က ပြောသည်။

ယူကရိန်းကနေ စပါးတင်ပို့ရေး ရုရှားနဲ့ယူကရိန်းသဘောတူလက်မှတ်ထိုး

သို့သော် ယခုစစ်ပွဲကြောင့် အာဖရိကမှာ စားနပ်ရိက္ခာ တန်ချိန် သန်း ၃၀ ပြတ်လပ်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အာဖရိက တိုက်တခွင်ရှိ စားသောက်ကုန် ဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်ခဲ့သည်။ နိုင်ဂျီးရီးယားတွင် ခေါက်ဆွဲနှင့် ပေါင်မုန့်တို့ စျေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ တက်သွားခဲ့သည်။

အလားတူ ယီမင်နိုင်ငံသည်လည်း ယူကရိန်းထံမှ တစ်နှစ်လျှင် ဂျုံတန်ချိန် တစ်သန်းကျော် တင်သွင်းနေကျ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ကုန်စည်ရရှိမှု ကျဆင်းသွားသဖြင့် ၎င်းနိုင်ငံတွင် ဂျုံမှုန့်ဈေးမှာ ၄၂ ရာခိုင်နှုန်းနှင့် ပေါင်မုန့်ဈေး ၂၅ ရာခိုင်နှုန်း တက်ခဲ့ကြောင်း ကုလသမဂ္ဂ (UN) က ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် ယူကရိန်းဂျုံ တင်သွင်းမှုကိုသာ အားကိုးနေရသဖြင့် မုန့်ဈေးကွက် နှစ်ဆတက်ခဲ့သည်။

နိုင်ငံတကာ ဂျုံဈေးကွက်ကတော့ လတ်တလော ယူကရိန်း-ရုရှား သင်္ဘောလမ်းကြောင်းဆိုင်ရာ သဘောတူညီချက် ရရှိသည့် သတင်းကြောင့် ပြန်လည် ကျဆင်းလာခဲ့သည်။ သို့သော်လည်း ယူကရိန်း၏ စပါး အမြောက်အမြားကို အချိန်မီ မတင်ပို့ပါက အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ နိုင်ငံအများအပြား စားသောက်ကုန် ပြတ်တောက် တော့မည်ဖြစ်ကြောင်း လော်ရာဝေါ လက်စလေးက ပြောကြားခဲ့သည်။

“ဒါက အဲဒီနိုင်ငံတွေအတွင်းမှာ မုန့်ဈေးကို ပိုတက်စေပြီး လူမှုရေး မငြိမ်သက်မှုတွေ အကြီးအကျယ် ဖြစ်စေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းဖို့ အစီအစဉ်က ဘာလဲ
************************************************
ရုရှားနှင့် ယူကရိန်းတို့သည် ပင်လယ်နက်ဒေသတွင် ရေကြောင်းစင်္ကြန် ဖွင့်လှစ်ရန်အတွက် ကုလသမဂ္ဂ (UN)၊ တူရကီတို့ ပါဝင် ပတ်သက်လျက် “သဘောတူစာချုပ်” လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းအစိုးရများမှ တာဝန်ရှိသူများက အဆိုပါ အစီအစဉ်အရ ယူကရိန်း စပါးသင်္ဘောများကို ဆိပ်ကမ်းတဝိုက် မိုင်းရှင်းလင်းစေပြီး ခုတ်မောင်းစေမည် ဖြစ်သည်။

သင်္ဘောများ တင်ပို့မှု လည်ပတ်လှုပ်ရှားနေချိန်၌ အပစ်အခတ်ရပ်စဲရေးကို ရုရှားက သဘောတူရသည်။ လက်နက်မှောင်ခို ကူးမည်ကို ရုရှား မစိုးရိမ်စေဖို့ တူရကီသင်္ဘောများကို စစ်ဆေးခွင့်ပြုသည်။ ရုရှားနိုင်ငံကိုလည်း ပင်လယ်နက်မှ တစ်ဆင့် စပါးနှင့် ဓာတ်မြေသြဇာ တင်ပို့မှုကို ခွင့်ပြုပေးရသည်။

သင်္ဘောဖြင့် စပါးတင်ပို့မည်

ပင်လယ်ရေကြောင်းစင်္ကြန်ကို အသုံးပြုခုတ်မောင်းမည့် ကုန်တင်သင်္ဘောများကို ဘယ်သူ အာမခံပေးမှာလဲ
**************************************************************************************************
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ပင်လယ်နက်ထဲ ဝင်လာမိသည့် သင်္ဘောများတွက် အာမခံကြေးတွေ တိုးလာခဲ့ သည်။ အချို့သော အာမခံလုပ်ငန်းဆိုလျှင် ခရီးစဉ်တစ်ခုအတွက် သင်္ဘောတစ်စင်းလုံး တန်ဖိုး၏ ၅ ရာခိုင်နှုန်း (သို့မဟုတ်) ၁၀ ရာခိုင်နှုန်းအထိ ကောက်ခံသည်။

သို့သော်လည်း ယခု ကုန်စည်တင်ပို့ရေး သဘောတူညီချက်ရသဖြင့် ကုန်ကျစရိတ် သက်သာသွားပြီဟု အာမခံ လုပ်ငန်း အဖွဲ့အစည်း တစ်ခုဖြစ်သည့် လွိုက်ဈေးကွက်အသင်းမှ နေးလ်ရောဘတ်က ပြောသည်။

"ယူကရိန်းဆိပ်ကမ်းတွေကနေ စပါးတွေ ပြန်သယ်နိုင်ပြီး ကုန်သွယ်ရေး ပြန်လည် အသက်သွင်းနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

လုံခြုံစိတ်ချရသော ပင်လယ်စင်္ကြန်မရှိဘဲ စပါးကို တင်ပို့ခဲ့မှု ရှိသလား
***************************************************************
စစ်မဖြစ်မီက ယူကရိန်းသည် ၎င်း၏ စားနပ်ရိက္ခာ တင်ပို့မှု ၉၀ ရာခိုင်နှုန်းကျော်ကို ပင်လယ်ရေကြောင်းဖြင့် ပေးပို့နေခဲ့သည်။ စစ်ဖြစ်ပြီးနောက် ဆိပ်ကမ်းများကို ပိတ်ဆို့ထားသဖြင့် ကုန်တင်ယာဉ်များနှင့် ရထားများသုံး၍ ကုန်းလမ်းဖြင့် တတ်နိုင်သမျှ တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

စပါးတင်ပို့မည့် ပင်လယ်လမ်းကြောင်း(BBC)

EU သည် ဘောလ်တစ်ပင်လယ်ရှိ ဆိပ်ကမ်းများနှင့် ရိုမေးနီးယားနိုင်ငံ၊ ကွန်စတန်နာ ဆိပ်ကမ်းတို့မှတစ်ဆင့် ယူကရိန်းစပါး များကို အဆင်ပြေ ချောမွေ့စွာ တင်ပို့နိုင်ရေး ကူညီရန် ကြိုးပမ်းနေသည်။ ကွန်စတန်နာသို့ ခရီးတစိတ်တပိုင်း အတွက် စပါး များကို ဒင်းညုမြစ်ကြောင်းတလျှောက် သင်္ဘောဖြင့် သယ်ယူနိုင်သည်။

သို့သော် အဓိကပြဿနာ တစ်ရပ်မှာ ယူကရိန်း၏ မီးရထားသံလမ်း သုံးခြင်းသည် အခြားဥရောပ နိုင်ငံများထက် ပိုဝေးနေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်း၏နယ်စပ်ရှိ စပါးများကို သယ်ယူကာ အခြားနိုင်ငံထံသို့ ပြန်ပို့ရခြင်းမှာ ဝေးလံ လွန်းနေသည်။ ဥရောပကိုဖြတ်ပြီး ဘောလ်တစ် ဆိပ်ကမ်းများဆီသို့ ယူကရိန်းစပါးများ ရောက်ဖို့ ရက်သတ္တသုံးပတ်ခန့် အချိန်ယူရသည်။

ယူကရိန်း ဆန်စပါးအသင်းနှင့် ကုန်သွယ်ရေးအဖွဲ့ကတော့ ယခုအခါ စစ်အတွင်းကာလဖြစ်၍ တစ်လလျှင် စပါးတန်ချိန် ၁ ဒသမ ၅ သန်းသာ အများဆုံးတင်ပို့နိုင်တော့သည်ဟု ပြောကြားခဲ့သည်။ စစ်မဖြစ်မီက ယူကရိန်းသည် တစ်လလျှင် စပါး တန်ချိန် ၇ သန်းခန့် တင်ပို့နိုင်ခဲ့သည်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

မိုးခေါင်နေ၍ ရခိုင်စပါးအထွက်နှုန်း ထက်ဝက်အထိ လျော့နိုင်

By CNI
CNI
Category: Watch TV
Hits: 509

Share
Tweet
Share
Share
powered by social2s

မလေးရှားမှာ ဖမ်းဆီးမှုများနေ၍ အောက်လမ်းမှ လာမည့်သူများ မလာသင့်သေး

By CNI
CNI
Category: Watch TV
Hits: 543

Share
Tweet
Share
Share
powered by social2s

အတိုးနှုန်း သက်သာသော ချေးငွေထုတ်ပေးမည်ဟု နစက ကြေညာ

By CNI News
CNI News
Category: စီးပွားရေး
Hits: 1506

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများအား အတိုးနှုန်း သက်သာသော ချေးငွေထုတ်ပေးမည်ဟု နစက၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက ယနေ့ (ဇူလိုင် ၂၃ ရက်) ထုတ်ပြန် ကြေညာသွားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကျပ် ၄၀၀ ဘီလီယံကို သီးသန့် ရန်ပုံငွေ တစ်ရပ်ထူထောင်၍ နစက-က ချမှတ် ဆောင်ရွက် လျက်ရှိသော စီးပွားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုဆိုင်ရာ လုပ်ငန်းများနှင့် ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ပြိး အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ အား အတိုးနှုန်းသက်သာသော ချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် စိစစ် ထုတ်ချေးပေး နိုင်ရေး ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ထို ကျပ် ၄၀၀ ဘီလီယံသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်ထဲက ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်နေ့ရှိ ရန်ပုံငွေ လက်ကျန် ကျပ် ၄၉၁.၉၇၈ ဘီလီယံထဲက ထုတ်ယူ သုံးစွဲခြင်း ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက “ ယခုအခါ မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေမှာ များစွာ ကျဆင်းသွားပြီဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ ရသော နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်”ဟု ပြောသည်။

ထို့နောက် စီးပွားရေး ပြန်လည် ဦးမော့ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စက်မှုလက်မှု ဆိုင်ရာလုပ်ငန်းများအား သက်သာသော အတိုးနှုန်းဖြင့် ချေးငွေ ထုတ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေး အကျပ်အတည်းဖြစ်ပြီး အလုပ်လက်မဲ့များ များပြားလာနေကြောင်း၊ ငွေကြေးဖောင်းပွမှု နှင့် မြင့်မားနေကြောင်း၊ လုပ်ငန်းများ ဆက်လက် လည်ပတ်ရန် ခက်ခဲနေကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ကတော့ နစက ကိုယ်တိုင် စီးပွားရေး ပြန်လည် ဖွံ့ဖြိုးရန် နှင့် တိုင်းပြည်အတွင်း ကျဆင်းသွားသော အခြေခံအဆောက်အဦများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် အတွက် ငွေကြေးလိုအပ်နေခြင်းကြောင့် ယခု ချေးငွေထုတ်ပေးမည်ဆိုခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း ပြောသည်။

 

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ်ကို တွေ့ရစဉ်

မိုးခေါင်နေ၍ ရခိုင်စပါးအထွက်နှုန်း ထက်ဝက်အထိ လျော့နိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1361

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

ရခိုင်ပြည်နယ် အလယ်ပိုင်း၌ ယခုမိုးစပါးရာသီတွင် မိုးရွာသွန်းမှု နည်းပါးပြီး မိုးခေါင်နေသည့်အတွက် စပါးအထွက်နှုန်း ထက်ဝက်ခန့် အထိ လျော့ကျနိုင်ခြေရှိကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

ရခိုင်ပြည်နယ် အလယ်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မိုးရွာသွန်းမှု နည်းပါးသည့် အတွက် ထွန်ယက်ပြီးသည့် လယ်ယာမြေများသည် ပြန်လည် ခြောက်သွေ့သွားခြင်း၊ ရေရရှိမှု နည်းပါးခြင်းကြောင့် ပျက်စီး မှုများ ကြုံတွေ့ နေရကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်ဇံက “ကျနော်တို့ အလယ်ပိုင်းဒေသလို့ ပြောရမယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းပေါ့ အဲဒီဒေသ တွေက ကျနော်တို့ မိုးခေါင်တယ်လို့ ပြောလို့ရမယ်။ စပါးတွေ တော်တော် ပျက်စီးကြတယ်။ မြေမကျနိုင်ဘူး။ ထွန်တုံး မစိုက် နိုင်ဘူး ဖြစ်နေတယ်။ ကျနော်တို့က ၆၀ ရာခိုင်နှုန်းလောက်ပဲ ဆောင်ရွက်နိုင်တဲ့ အနေအထားရှိတယ်။ ၄၀ ရာခိုင်နှုန်းက မဆောင်ရွက်နိုင်ဘူး။ မြေမကျနိုင်ဘူးပေါ့နော်။။ အဲလို အခြေအနေမျိုး ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီ ၆၀ ထဲက တခါ တစ်ဝက် လောက် နေပူတဲ့အတွက်ကြောင့် ပြန်ပြီးတော့ ဆုံးရှုံးသွားတဲ့ အနေအထား ရှိတယ်။ ၇၀ ရာခိုင်နှုန်း လောက်တော့ ကျနော်တို့ ပျက်စီးသွားနိုင်တဲ့ ပျက်စီးမယ့် အနေအထား ရောက်နေပြီ” ဟု ပြောသည်။

ရခိုင် တောင်ယာစိုက်ပျိုးရေးကိုတွေ့ရစဉ် 

ရခိုင်ပြည်နယ်၏ ယခုနှစ် စပါးစိုက်ပျိုးမှုနှုန်းသည် ဓာတ်မြေဩဇာ၊ မြေဆီ၊ စက်သုံးဆီ စသည့် သွင်းအားစုစရိတ်များ အဆမတန် ကြီးမြင့်မှုကြောင့် ယခင်နှစ်၏ ၆၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးမှုရှိကြောင်း သိရသည်။

ယခုအချိန်သည် မိုးရွာသွန်းမှု များပြားရမည့် အချိန်ကာလ ဖြစ်သော်လည်း မိုးရွာသွန်းမှု နည်းပါးနေခြင်းကြောင့် ထွန်ယက် ထားသည့် လယ်ယာများ မာကျောလာနေကြောင်း မင်းပြားမြို့နယ်မှ တောင်သူ ကိုမောင်ဝင်းက ပြောသည်။

ကိုမောင်ဝင်းက “မိုးကလည်း မရွာဘူး။ ထွန်ထားတဲ့ လယ်တွေကလည်း ပြန်ပြီးတော့ ရွှံ့တွေကလည်း ပြန်ပြီးတော့ မာနေပြန် ပြီ။ အခက်အခဲတွေ အများကြီးပဲ နောက်နှစ် ဆန်တောင် ရှားမလား မသိဘူး။ မိုးတအား နည်းတယ်။ အခု မိုးတအား အများ ကြီး ရွာရမယ့် အချိန်။ မိုးနည်းတယ်။ မိုးနည်းတယ်ဆိုတော့ မိုးကို အားကိုးပြီးတော့ ထွန်ထားတဲ့ လယ်တွေကလည်း ပြန်ပြီး တော့ မာနေပြီ” ဟု CNI သို့ ပြောသည်။

ရခိုင်ပြည်နယ်၏ စပါးစိုက်ပျိုးမှုနှင့် အထွက်နှုန်း အများဆုံးဖြစ်သည့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တွင် မိုးခေါင်နေ သည့်အတွက် ရခိုင်ပြည်နယ်၏ ဆန်ရိက္ခာအတွက် အခက်အခဲဖြစ်နိုင်ကြောင်း တောင်သူများက ပြောသည်။

ကိုဗစ် မဖြစ်ခင် ကာလတွင် ရခိုင်ပြည်နယ်၌ စပါးတန်ချိန် တင်းပေါင်း သိန်း ၇၀၀ ကျော်ရှိခဲ့ပြီး ကိုဗစ်ကာလအတွင်း စိုက်ပျိုးမှု လျော့ကျသွားသည့်အတွက် တင်းပေါင်း သိန်း ၄၀၀ ကျော်သာ ထွက်ရှိခဲ့သည်။

ထို့နောက် ယခုနှစ်တွင် စိုက်ပျိုးစရိတ် ကြီးမြင့်မှုကြောင့် စိုက်ပျိုးမှုနှုန်း ထပ်မံ လျော့ကျနေသည့်အပြင် မိုးခေါင်နေခြင်းကြောင့် အထွက်နှုန်း ထက်ဝက်ခန့် လျော့ကျသွားနိုင်ခြေ ရှိသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ဆန်ရိက္ခာလုံလောက်မှု မရှိနိုင်တော့ ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

 ရခိုင် တောင်ယာစိုက်ပျိုးရေးကိုတွေ့ရစဉ်

လက်ရှိ ရခိုင်ပြည်နယ် အတွင်းရှိ တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခြေအနေများကို ပြည်နယ်ကောင်စီ အနေ ဖြင့် ကွင်းဆင်းလေ့လာပြီး ဖြေရှင်းပေးမှသာလျှင် ပြေလည်နိုင်မည်ဖြစ်ကြောင်း ဦးကျော်ဇံက CNI သို့ ပြောသည်။

ဦးကျော်ဇံက “အဓိကတော့ ဒီလောက်ကြီးမားတဲ့ ပြဿနာကို ကျော်ဖြတ်နိုင်ဖို့အတွက်၊ ဖာထေးနိုင်ဖို့အတွက် အစိုးရ အခန်း ကဏ္ဍကပဲ အဓိကကျတယ်။ တနိုင်တပိုင် ကျနော်တို့ လုပ်နေရုံလောက်နဲ့တော့ အဆင်မပြေနိုင်တော့ဘူး။ ဒါကြောင့် ဒီအချိန် မှာတော့ အစိုးရက တောင်သူတွေရဲ့ အခြေအနေတွေကို စနစ်တကျ ကွင်းဆင်း သုံးသပ်ပြီးတော့လေ အထောက်အပံ့တွေ ပေးဖို့အတွက် အစီအစဉ်တွေ လုပ်နေသင့်ပြီလို့ ကျနော်ထင်တယ်။ အဓိကတော့ဗျာ အချိန်နဲ့တပြေးညီ လုပ်မယ်ဆိုရင် အခုက ရေမရှိဘူးဗျာ ရေတင်နိုင်ဖို့အတွက် ကျနော်တို့ စက်ကိရိယာတွေ ထုတ်ပေးရမယ်ဗျာ။ ပြီးတော့ ဆည်ရေတော့ မရှိဘူး။ ဒါပေ မယ့် မြစ်ရေကို အခြေတည်ပြီးတော့ တနံတလျားကို ကျနော်တို့က ဆက်သွယ်ပြီးတော့ စီစဉ်ပေးရမယ့် အနေအထားတော့ ရှိတယ်။ ကုန်ကျမှုတော့ များနိုင်တာပေါ့နော် ဆည်မရှိတဲ့ အခါကျတော့လေ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဆည်မြောင်း တာတမံများ ရှိသော်လည်း ရခိုင်တောင်သူများသည် အဆိုပါ ဆည်မြောင်း၊ တာတမံများမှ ရေများကို အသုံးပြုနိုင်ခြင်း မရှိကြောင်း၊ ရေရရှိရန် မြစ်ရေမှ ရေကို စုပ်ယူကြရကြောင်း၊ ယခုနှစ်တွင် စက်သုံးဆီ ဈေးနှုန်း မြင့်မားနေမှုကြောင့် စုပ်ယူမှု မပြုနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် လူဦးရေအတွက် ဆန်ရိက္ခာသည် တစ်နှစ်လျှင် တန်ချိန် ၅ သိန်းခန့်ရှိပြီး ယခုနှစ် စပါးထွက်ရှိမှုသည် ထို တန်ချိန် ပြည့်မှီနိုင်မည် မဟုတ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များကို ဝယ်ယူကြရမည့် အနေအထား ဖြစ်နေ ကြောင်း ရခိုင်တောင်သူလယ်သမားအရေး ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှားရဲများနဲ့ မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

မလေးရှားမှာ ဖမ်းဆီးမှုများနေ၍ အောက်လမ်းမှ လာမည့်သူများ မလာသင့်သေး

By CNI
CNI
Category: စီးပွားရေး
Hits: 2303


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

လက်ရှိ မလေးရှားနိုင်ငံတွင် အဖမ်းအဆီး များနေသဖြင့် တရားမဝင် လမ်းကြောင်း(အောက်လမ်း)မှ ဝင်ရောက် မည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဩဂုတ်လ နောက်ပိုင်းမှသာ လာကြရန် မလေးရှားရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့က CNI သို့ ပြောသည်။


မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့များအား နေရပ်ပြန်ခွင့်၊ နေထိုင်ခွင့်နှင့် အလုပ်ပါမစ် လုပ်ခွင့်တို့အား ၂ နှစ် ကျော် ခွင့်ပြုပေးထားသည်ကို ဇွန်လတွင် အားလုံးပိတ်လိုက်ပြီးဖြစ်ကြောင်း၊ ထိုသို့ ပိတ်လိုက်ပြီးနောက် ယခုကဲ့သို့ အဖမ်းအဆီး များလာခြင်းဖြစ်ကြောင်း နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က CNI သို့ ပြောသည်။

ကိုသက်က “နေရာစုံမှာ အဖမ်းအဆီးတွေ ကြမ်းတယ်။ တကယ်လည်း ဖမ်းတယ်။ ဒါကြောင့် ဘာလဲဆိုတော့ အပေါ်လမ်း ပိတ်သလို အောက်လမ်းက တက်လာတဲ့လူတွေ၊ ထိုင်းက ဝင်လာတဲ့လူတွေ ခဏခဏ မိတယ်။ ပြန် ခွင့် ပိတ်ပြီးတော့ အောက်လမ်းတွေက တက်လာတဲ့အခါမှာ ပိုက်စိပ်တိုက်ပြီးတော့ ဖမ်းတယ်။ တချို့ဆို ကွာလာလမ်ပူမြို့က ရဲတွေတောင် အဲဒီဘက်ကို ဆင်းပြီးတော့ လုံခြုံရေးချရတဲ့ အနေအထားမျိုးတွေ။ အဲဒါ ကြောင့် ကျနော်တို့က သတိပေးတာ မလာကြပါနဲ့ဦး။ ၆ လပိုင်းပိတ်တော့ ၇ လပိုင်း၊ ၈ လပိုင်း ပတ်ဝန်းကျင်တော့ သူတို့ ဖမ်းမှာပဲ။ အဲဒါကြောင့် အဖမ်းအဆီးတွေက ၂ လ၊ ၃ လလောက် ဖမ်းလိုက်ရင် သူတို့ အများကြီး ဖမ်းမိသွား မယ်။ ထောင်တွေမှာ လူတွေ အရမ်းများ ရသွားမယ်ဆိုရင် အဖမ်းအဆီးကတော့ မလေးရှားထုံးစံအရ အဖမ်းအဆီး တွေ လျော့သွားမှာ။ အဲဒါကြောင့် ကျနော်က ၉ လပိုင်း ၁၀ လပိုင်းလောက်ကျရင် နည်းနည်းလေး တော်သေး တယ်” ဟု ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် တွေ့ရသော မြန်မာအလုပ်သမားများ

တရားမဝင် လမ်းကြောင်းမှ လာသည့်အခါတွင် အဖမ်းအဆီး မခံရဘဲ လွတ်သွားသူများ ရှိသော်လည်း အဖမ်းအဆီး ခံရသည့် လူဦးရေမှာ များပြားကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသည့် အထဲတွင် နယ်စပ်၌ ဖမ်းမိသူများအား ပြန်ရွေး၍ မရကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က ပြောသည်။

၎င်းက “အောက်လမ်းက တက်လာလို့ ဖမ်းမိရင် အနည်းဆုံး ထောင် ၆ လ၊ ထောင် ၃ လ။ နယ်စပ်မှာ ဖမ်းမိတဲ့သူ ကတော့ ဘယ်လိုမှ ရွေးလို့မရဘူး နယ်စပ်ဖြတ်ကျော်မှုနဲ့။ ဖမ်းတာပဲ ဖမ်းပြီးတော့ တရားရုံးချတယ်။ ထောင် ၃ လ၊ တချို့ ၆ လ။ အများဆုံးတော့ ၆ လပါပဲ။ ကျခံပြီးရင် ကမ့်ကို ရောက်တယ်။ ထောင်ပြီးရင် ကမ့်ကို ရောက်တယ်။ ကမ့်မှာ ပြန်ဖို့စောင့်နေရတဲ့ အနေအထား။ အဲဒီတော့ တချို့ကျတော့ မိသားစုကို ဆက်သွယ်မရဘူး။ ဖုန်းနံပါတ် လည်း မမှတ်မိတဲ့အခါမှာ မြန်မာသံရုံးက သွားပြီး အင်တာဗျူးတဲ့အခါမှာ ဖုန်းနံပါတ် မမှတ်မိတောင် လိပ်စာနဲ့ မိသားစုက သံရုံးကတဆင့် လိုက်မယ်ဆိုရင် အဆင်ပြေတယ်။ ရင်းဂစ် ၉၀၀ (မြန်မာငွေ ၃ သိန်းကျော်) သွင်းရ တယ်။ မြန်မာသံရုံးရဲ့ ထောင် တာဝန်ခံသူတွေဆီမှာ သွင်းရတယ်။ အဲဒါဆိုရင် ကျခံပြီးရင်တော့ အဲဒီလိုနည်းနဲ့ မြန်မာပြည်ကို ပြန်လို့ပဲရမယ်။ ဒီမှာထွက်ဖို့ဆိုတာ မလွယ်ပါဘူး” ဟု ပြောသည်။

မလေးရှားနိုင်ငံ၌ တရားဝင် လုပ်ကိုင်နေသည့် လုပ်သားများ၏ အခြေခံ လုပ်ခလစာသည် ရင်းဂစ် ၁၂၀၀ (မြန်မာ ငွေ ၄ သိန်းကျော်) အဖြစ် သတ်မှတ်ထားသော်လည်း လက်ရှိတွင် ရင်းဂစ် ၁၅၀၀ (မြန်မာငွေ ၆ သိန်းကျော်) သို့ တိုးသွားပြီး အချိန်ပို OT ကြေးနှင့်ပါ တွက်ကြည့်ပါက အဆင်ပြေကြကြောင်း သိရသည်။

မလေးရှားက လုပ်ငန်းခွင်တစ်ခုမှာတွေ့ရသော အလုပ်သမားများ

ထို့ကြောင့် မလေးရှားနိုင်ငံသို့ လာရောက် အလုပ်လုပ် ကိုင်မည်ဆိုပါက တရားဝင် လမ်းကြောင်းမှ လာခြင်းက ပို၍ အဆင်ပြေ ကောင်းမွန်သော်လည်း တရားမဝင် လမ်းကြောင်းမှ လာနေသည့်သူများ အများအပြား ရှိကြောင်း တွေ့ ရသည်။

ထို့နောက် မလေးရှားနိုင်ငံသည် အဖမ်းအဆီး များသည့်အတွက် တရားမဝင် လမ်းကြောင်းမှ လာသူများအနေဖြင့် လုံခြုံမည့်နေရာအား ရွေးတတ်ရန်လိုအပ်ကြောင်း၊ နယ်မြေ အနေအထားအား လေ့လာထားရန် လိုအပ်ကြောင်း သိရသည်။

မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်ခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လကတည်းက ကိုဗစ်ကြောင့် ရပ်နားထားခြင်း ဖြစ်ပြီး ယခုလက်ရှိတွင် ကိုဗစ်မတိုင်ခင်က မြန်မာလုပ်သားများအား မလေးရှားဘက်မှ ပြန်လည် ခေါ်ယူနေသည့် အတွက် စေလွှတ်မှုများ ရှိနေကြောင်း သိရသည်။

ထို့အပြင် အေဂျင်စီ အယောင်ဆောင်၍ လိမ်လည်မှုများ၊ အလိမ်ခံရမှုများ ရှိနေသည့်အတွက် တရားဝင် လမ်း ကြောင်းမှ မလေးရှားနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများ အနေဖြင့် သေချာတိကျသည့် တရားဝင် အေဂျင်စီများအား စုံစမ်းပြီး ၎င်းတို့နှင့် ချိတ်ဆက်ပြီးမှသာ လာသင့်ကြောင်း မလေးရှားရောက် မြန်မာ များက ပြောသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

မောင်တောမြောက်ပိုင်းကို အသွားအလာကန့်သတ်၊ ဒေသခံများ အခက်အခဲဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 551

Share
Tweet
Share
Share
powered by social2s
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36

Page 32 of 46

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar