CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
နိုင်ငံခြားသုံးငွေ ဒေါ်လာနှင့် မြန်မာကျပ်ငွေကိုတွေ့ရစဉ်

နိုင်ငံခြားငွေလဲကောင်တာများမှ ထိုင်းဘတ်နှင့် ဂျပန်ယန်း ဝယ်ယူသူ များပြား

By CNI
CNI
Category: စီးပွားရေး
Hits: 2311

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲကောင်တာ(Money Exchange) များတွင် ထိုင်းဘတ်နှင့် ဂျပန်ယန်းတို့ကို ဝယ်ယူမှု ပိုမိုများပြားနေကြောင်း နိုင်ငံခြားငွေလဲကောင်တာများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဝယ်ယူသူများသည် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ကျောင်းသွားတက်မည့် သူများသာဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ခိုင်(အမည်လွှဲ) နိုင်ငံခြားငွေလဲကောင်တာက “ထိုင်းဘတ်ဝယ်တဲ့လူ များလာတယ်ပေါ့။ အခုလောလောဆယ် ရက်ပိုင်းကတော့ ဂျပန်သွားမယ့်သူတွေရှိတဲ့အတွက်ကြောင့်မို့လို့ ဂျပန်ယန်း ဝယ်တဲ့လူတွေရှိတယ်။ နိုင်ငံခြား သွားမယ့်သူ၊ အလုပ်လုပ်ကိုင်မယ့် ကလေးတွေပေါ့နော် သူတို့တွေဝယ်တာများပါတယ်။ တခြား currency ကျတော့ နိုင်ငံခြားလမ်းကြောင်း သိပ်မရှိတဲ့အခါကျတော့ မလေးတို့ ဘာတို့က အရောင်းအဝယ်သိပ်မရှိပါဘူး။ ညီမတို့က လက်လီရောင်းတာဆိုတော့ တစ်သောင်း၊ နှစ်သောင်း အဲဒီလိုမျိုးလေးတွေပေါ့။ ဘတ်တစ်သောင်းတို့။ တစ်ဦးကို အဲဒီလိုမျိုးလေးတွေပေါ့ amount အများကြီးတော့ မဟုတ်ဘူး။ ဒေါ်လာကတော့ ခါတိုင်းတွေထက် စာရင် အရမ်းအရောင်းအဝယ် နည်းသွားတာပေါ့။ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ဆိုတော့ သိပ်ပြီးတော့ အရောင်းအဝယ်မရှိပါဘူး။ မရှိသ‌လောက်ကို နည်းပါးပါတယ်”ဟု ၎င်းကပြောသည်။

ဒေါ်လာများကို နိုင်ငံခြားငွေလဲကောင်တာများသို့ လာရောက်ရောင်းချသည့်အခါတွင် ဗဟိုဘဏ်မှ သတ်မှတ် ထားသည့် ၁၈၅၀ ကျပ်ဖြင့်သာ ဝယ်ယူရသည့်အတွက် ရောင်းချသူ နည်းပါးသည်ဟုလည်း ၎င်းက ဆက်ပြော သည်။
ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေနှုန်းထားများကို သတ်မှတ်ပေးထားသော်လည်း လက်ရှိပြင်ပတွင် အရောင်းအဝယ် ပြုလုပ်နေသည့်ဈေးမှာ မြင့်တက်နေသည့်အပြင် ဈေးမတည်ငြိမ်ဘဲ အချိန်နှင့်အမျှ ပြောင်းလဲနေကာ ယနေ့(ဇူလိုင် ၂၉ရက်)၏ ပြင်ပပေါက်ဈေးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၂၅၀၀ ကျပ်အထိရှိနေသည်။

နိုင်ငံခြားသုံးငွေ ဒေါ်လာနှင့် မြန်မာကျပ်ငွေကိုတွေ့ရစဉ်

မြတ်(အမည်လွှဲ) နိုင်ငံခြားငွေလဲကောင်တာက “အဲဒါကတော့ အပြင်ရဲ့ ဈေးကွက်နေမှာပေါ့နော်။ အမတို့ ဗဟိုဘဏ်ဈေးနဲ့ဟာကို လာရောင်းတဲ့လူရှိရင် အမတို့ ဝယ်ပေးတယ်။ ပြီးရင် အမတို့လက်ထဲမှာ ပစ္စည်းရှိရင် ပြန်ရောင်းပေးလိုက်တယ်။ မရှိဘူးဆိုရင်တော့ မရှိတဲ့အကြောင်းကို ဧည့်သည်ကို သေချာပြောပေးလိုက်တယ်။ ဒီဈေးနဲ့ကလေ အရောင်းအဝယ်လုပ်တဲ့လူက တော်တော်နည်းတယ်။ နည်းတယ်ဆိုတော့ လာရောင်းတဲ့ လူရှိရင် တော့ အမတို့က အကုန်ပြန်ရောင်းပေးတယ်။ အရင်ထက်စာရင်တော့ နည်းသွားတာပေါ့။ အလုပ်တော့ ပါးသွား တာပေါ့”ဟု ပြောသည်။

ယခုရက်ပိုင်းတွင် နိုင်ငံခြားငွေလဲ ကောင်တာများသို့ ဒေါ်လာ လာရောက်ရောင်းချရာတွင် တစ်ရက်လျှင် ပျမ်းမျှ အားဖြင့် ဒေါ်လာ တစ်ထောင်ခန့်သာရှိပြီး ထိုသို့ လာရောက်ရောင်းချသူ နည်းပါးမှုကြောင့် လက်ရှိ နိုင်ငံခြားငွေလဲ ကောင်တာများတွင် အရောင်းအဝယ် အေးနေကြောင်းနှင့် အချို့ နိုင်ငံခြားငွေလဲကောင်တာများတွင် ရောင်းချရန် နိုင်ငံခြားငွေ မရှိသဖြင့် ရပ်နားထားရကြောင်း သိရသည်။

အေး(အမည်လွှဲ) နိုင်ငံခြားငွေလဲကောင်တာက“ခဏရပ်ထားတယ်။ ဈေးတွေက မငြိမ်လို့။ အခုဗဟိုဘဏ်ဈေးနဲ့ ကိုလည်း အရောင်းအဝယ် လူတွေက လာမလုပ်ကြဘူး။ အဲဒါကြောင့်မို့လို့။ ပြီးတော့ ညီမတို့ဆီမှာ stock လည်း မရှိလို့ပါ။ လူတွေကလာပြီး အရောင်းအဝယ်မလုပ်ကြတော့ ညီမလေးတို့ဆီမှာ ဝယ်၊ ရောင်းတွေက မရှိဘူးဖြစ်နေ တာ။ ညီမတို့က ဗဟိုဘဏ်ဈေးနဲ့ဝယ်ပေးလို့ပဲရတယ်။ အပြင်ဈေးတွေမရှိတာဖြစ်တဲ့အတွက်ကိုလေ။ လူတွေက လည်း ဗဟိုဘဏ်ဈေးကိုကျတော့ နည်းတော့ လာမရောင်းကြတာ” ဟု ပြောသည်။

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းကာ နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်နေသဖြင့် ဒေါ်လာ၊ ဘတ်၊ ယွမ် စသည်တို့ဖြင့် ဝယ်ယူရသည့် ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းလိုက်ပါမြင့်တက်လျက်ရှိသည်။

ဒါ့အပြင် ပြည်ပထွက်၍ အလုပ်လုပ်ကိုင်မည့်သူများသည် ယခင်ကထက် ကုန်ကျစရိတ် ပိုမိုများပြား လာကြကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရားမဝင် လုပ်သားပြဿနာဖြေရှင်းရန် မြန်မာလုပ်သားများကို ထိုင်းက ခေါ်ယူမည်

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s

ကုန်စည်စီးဆင်းမှု နှောင့်နှေး၍ ရခိုင်တွင် ကုန်ဈေးနှုန်း မြင့်တက်လာ

By CNI
CNI
Category: Watch TV
Hits: 759

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်း သွားလာလှုပ်ရှားနေကြသူများကို တွေ့ရစဉ်

ကုန်စည်စီးဆင်းမှု နှောင့်နှေး၍ ရခိုင်တွင် ကုန်ဈေးနှုန်း မြင့်တက်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 2698

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံပြည်မဖက်မှ ရခိုင်ပြည်နယ်သို့ ကုန်စည်ပို့ဆောင်ရာ၌ စစ်ဆေးရေးဂိတ် များတွင်တင်းကြပ်စွာစစ်ဆေးခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးသွား၍ ကုန်ဈေးနှုန်း မြင့်တက်လာနေကြောင်း ရခိုင်ပြည်နယ်ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အဝင် အမ်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွင် ယခင်ကထက် စစ်ဆေးနေမှု တင်းကြပ်လာ နေပြီး ကုန်တင်ကားများအနေဖြင့် ယင်းဂိတ်တွင် ၃ ရက်မှ ၁ ပတ်အထိ စောင့်ဆိုင်းနေရခြင်းကြောင့် ကုန်စည်များ ရောက်ရှိမည့်အချိန် ရောက်မလာဘဲ ကုန်ဈေးနှုန်းများ မြင့်တက်လာသည်ဟု ကျောက် တော်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

“ပြည်မဘက်ကနေ ကျနော်တို့ ရခိုင်ဘက်ကိုယူလာတဲ့ ကုန်စည်တွေက ဒီမှာ အမ်းဂိတ်မှာ တော်တော်ကို စစ်ဆေးရေး တင်းကြပ်တဲ့အတွက်ကြောင့် ကြန့်ကြာမှုတွေ ရှိတယ်။ ကြန့်ကြာမှုတွေရှိတဲ့အတွက်ကြောင့် လည်း ကျနော်တို့ဆီကို ရောက်လာတဲ့အခါမှာ ကုန်ပစ္စည်းတွေ ဈေးတက်တာရှိတယ်။ ဘာကုန် ဘာ ပစ္စည်းပဲဖြစ်ဖြစ် နယ်လုံလက်မှတ်ပါပြီးမှ သယ်ရတယ်။ နယ်လုံလက်မှတ် ယူရတာလည်း တော်တော် ခက်ခဲတယ်။ နောက်ပြီးတော့ နယ်လုံလက်မှတ်ပါရင် လည်းပဲ ဒီလို စစ်ဆေးရေးတွေ တော်တော် တင်းတင်းကြပ်ကြပ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကုန်ပစ္စည်းတွေဟာ မကြာသင့်ဘဲနဲ့ အများကြီး ကြာတယ်” ဟု ၎င်းက ပြောသည်။

ကုန်စည်စီးဆင်းမှု ကြန့်ကြာနေသည့်အတွက် တချို့သော ကုန်ပစ္စည်းများသည် မကြာခဏ ပြတ်လပ်မှု များဖြင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ဒါ့အပြင် ကုန်ကားများဖြင့် ကုန်စည်သယ်ဆောင်ရာတွင် စစ်ဆေးရေး တင်းကြပ်လာသည့်အတွက် ကုန်စည်များကို သင်္ဘောဖြင့် ပြောင်းလဲသယ်ဆောင်လာကြပြီး ၎င်းမှာလည်း အလားတူ စီးဆင်းမှု နှောင့်နှေးကြန့်ကြာခြင်းနှင့် ကြုံတွေ့ရသည်ဟု ကျောက်တော်မြို့ရှိ လေးဝတီအိမ်ဆောက်ပစ္စည်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 ရခိုင်ပြည်နယ်တွင်းရှိ စစ်ရေးဂိတ်တစ်ခုတွင် ကုန်တင်ကားများနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးနေစဉ်

“လောလောဆယ်က ကျမတို့က ရေကြောင်းနဲ့သယ်တယ်။ ရေကြောင်းနဲ့သယ်တော့ ရန်ကုန်ကနေ ရေကြောင်းနဲ့ စစ်တွေကနေ ကျမတို့ ဒီကို ကားနဲ့သယ်တယ်။ အဲလိုဆိုတော့ ကုန်စည်စီးဆင်းမှုက နှေးကွေးသွားတာပေါ့။ အခက်အခဲတွေများတော့လေ။ အကုန်လုံးနေရာက အစစ်အဆေးတွေ များ နေတယ်။ အခုဆိုရင် မြို့ဝင် ဂျတ်အထွက်မှာတောင်မှ စစ်ဆေးနေကြတယ် အခုက။ ကုန်ကားတွေက အသွားတွေက တစ်ရက်မှာ ကုန်ကား ၅၀ သွားတယ်ဆိုပါစို့။ အခုကတော့ ၁၀ စီးလောက်သွားတာ မြင်ရတယ်။ ကျမတို့ အာရှလမ်းပေါ်မှာတော့လေ။ ဘယ်လိုကြောင့်မျိုးနဲ့ ကုန်ကားတွ နှေးသွားလဲတော့ မသိဘူး” ဟု ၎င်းကပြောသည်။

ဒါ့အပြင် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌လည်း မှတ်ပုံတင်များကို စစ်ဆေးမှုများ လုပ်ဆောင်နေပြီး မြို့နယ်တစ်ခုမှ တစ်ခုသို့ သွားရာတွင်လည်း စစ်ဆေးရေး တင်းကြပ်လာသည်ဟု သိရသည်။

ကုန်စည်သယ်ဆောင်ရာတွင် ယခင်က ဓာတ်မြေဩဇာ၊ ဘိလပ်မြေနှင့် တချို့သော ကုန်စည်တို့ကိုသာ သယ်ဆောင်ခွင့် ကန့်သတ်ထားပြီး လက်ရှိတွင် လျှပ်စစ်ပစ္စည်း၊ ဆေးဝါးများကို သယ်ဆောင်ရာတွင် နယ်လုံဝန်ကြီး၏ ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသယ်ဆောင်ခွင့်ရရှိသည်ဟု ရွှေပြည်သစ် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးမှ ဦးကိုမိုးက CNI သို့ ပြောသည်။

“ကားလမ်းတွေက မကောင်း၊ ကားလမ်းတွေက မောင်းလို့မရ။ ၆ နာရီဆို လမ်းက ပိတ်ထားပြီ။ အဲလို ၁ ရက်လောက် ကြာရမယ့်နေရာက ၂ ရက် ၃ ရက်လောက် ကြာသွားတယ်။ စစ်ဆေးရေးတွေရှိတော့ ကုန်စည်က ရှားတော့ ရှားသွားတယ်လေ။ ရေခဲသေတ္တာတို့၊ ဝါယာကြိုးတို့၊ ဆေးပစ္စည်းတွေဆိုလို့ရှိရင် နယ်လုံ (လက်မှတ်) မပါရင် ကားမှာ မသယ်ရဘူး အဲလို။ သူတို့ နယ်လုံ (လက်မှတ်) တောင်းတာက တစ်မျိုး။ လျှပ်စစ်ပစ္စည်းဆိုလည်း ဒါလေးတစ်ခုပါရင်လည်း နယ်လုံ (လက်မှတ်)တောင်းတယ်။ နယ်လုံ (လက်မှတ်) မပါဘူးဆိုရင် ကားတွေကို ဖြတ်ခွင့်မပေးဘူး။ ကားတွေကို အဲဒီမှာ ရပ်ထားတယ်။ အကြာကြီး ရပ်ထားတယ်။ ပြီးရင် ဘာမှလည်းမဟုတ် ပိုက်ဆံပေးရင် လွတ်လာတာပဲ” ဟု ပြောသည်။။

ရခိုင်ပြည်နယ်တွင်း၌ စစ်ဆေးရေး တင်းကြပ်ပြီး ကုန်စည်စီးဆင်းမှု ကြန့်ကြာနေသည့်အတွက် တချို့ သော ကုန်စည်များသည် ပျက်စီးမှုများနှင့် ကြုံတွေ့နေရပြီး ပုပ်သိုးမှုများလည်း ဖြစ်ပေါ်နေသည့်အတွက် ဒေသတွင်းတောင်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိသည်ဟု သိရသည်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းကိုလည်း အသွားအလာ ကန့်သတ်ထားသည့်အတွက် မောင်တောမြောက်ပိုင်းတွင် ကုန်စည်စီးဆင်းမှု အခက်အခဲ ဖြစ်နေကာ ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကြောင်း၊ တချို့သော ကုန်စည်များသည်လည်း ဝယ်ယူ၍ မရသည့် အနေအထား ရောက်ရှိနေသည်ဟု မောင်တောမြောက်ပိုင်းဒေသခံများထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းရောက် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

တရားမဝင် လုပ်သားပြဿနာဖြေရှင်းရန် မြန်မာလုပ်သားများကို ထိုင်းက ခေါ်ယူမည်

By CNI
CNI
Category: စီးပွားရေး
Hits: 1607

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ထိုင်းအာဏာပိုင်များက လုပ်သားလိုအပ်ချက်နှင့် တရားမဝင် လုပ်သား ဝင်ရောက်မှုအား ဖြေရှင်းနိုင်ရန်အတွက် အလုပ်သမားများ ခေါ်ယူရန်ရှိသည့်အတွက် မြန်မာလုပ်သားများကို စေလွှတ်သွားမည် ဖြစ်ကြောင်း မြန်မာအလုပ် သမားအရေး ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ၏ လုပ်သားလိုအပ်ချက်မှာ လူဦးရေ ၅ သိန်းဖြစ်ကြောင်း၊ မြန်မာ- လာအို- ကမ္ဘောဒီးယား- ဗီယက်နမ်တို့မှ လုပ်သားများအား ခေါ်ယူမည်ဖြစ်ကြောင်း၊ ထိုအထဲတွင် မြန်မာလုပ်သားကို အများဆုံး ခေါ်ယူမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာလုပ်သားများကို စေလွှတ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ထိုသို့ ထိုင်းနိုင်ငံက လုပ်သားခေါ်ယူရာတွင် လက်ရှိခေါ်ယူနေသည့် MOU စနစ် အပါအဝင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် (Border pass)နှင့် ထိုင်းရှိ တရားမဝင် လုပ်သားများအား ယာယီ အလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်) ထုတ်ပေး ခြင်းတို့ဖြင့် လုပ်သားလိုအပ်ချက်ကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သို့ ပြော သည်။

ဦးမင်းဦးက “သူတို့က အတည်ပြု လိုက်တာ မှန်တယ်။ ဒါပေမယ့် အစည်းအဝေး ဆုံးဖြတ်ချက်က အတည်ပြုလိုက်ပြီးရင် သူက ထုတ်ပြန်ချက်ဆိုတာ သက်သက်ထပ်ပြီးတော့ ထုတ်ရတယ်လေ။ ဘယ်နေ့ ဘယ်ရက်က အတည်ပြုချက်ကို သဘော တူပြီးတော့ စတင် လုပ်ဆောင်လို့ ရပြီဆိုတဲ့ အဲဒါက အခုထွက်မလာသေးဘူး။ သူတို့က ဒီမှာ ဇောင်းပေးပြီး ပြောတာတော့ တရားဝင် MOU နဲ့ခေါ်မယ့်ဟာကို ဇောင်းပေးပြီး ပြောတာပေါ့။ အဲဒီတော့ တရားဝင် MOU တစ်သုတ်ပြီးတဲ့ အခါကျတော့ နယ်စပ် ၁၀ ပြည်နယ် ရှိတာပေါ့။ အဲဒီမှာဆိုရင် ပုဒ်မ ၆၄ အရ Border pass တွေကိုင်ပြီးတော့ ဒီဘက် အခြမ်းမှာလာပြီး အလုပ်လုပ်လို့ ရတယ်။ ဒါပေမယ့် ကျနော်တို့ ရိုးရိုးပဲ စဉ်းစားကြည့် ဒါကဘယ်လိုမှ လိုအပ်တဲ့ ၅ သိန်းကိုရဖို့ မဖြစ်နိုင်ဘူး။ အခုကျနော်တို့ တင်သွင်းတာတောင်မှ သောင်းကဏန်းပဲ ရှိသေးတယ်။ မြန်မာပြည်ကနေ တင်သွင်းတဲ့ ဟာတွေလေ။ ဆိုတော့ ဒီမှာရှိတဲ့ တရားမဝင် အလုပ်သမားအုပ်စုကို မှတ်ပုံတင်ပေးတဲ့ ဟာကပဲ ပိုပြီးတော့ ထိရောက်မှု များလိမ့်မယ်”ဟု ပြောသည်။

ထိုင်းက ထုတ်ပေးတဲ့ ဘတ်ပန်းရောင်ကတ် (KIC)

အဆိုပါ ဘတ်ပန်းရောင်ကတ် လုပ်ပေးခြင်းသည် ရှားပါးကြောင်း၊ ထိုကတ် ကိုင်ဆောင်ထားပါက ထိုင်းအစိုးရမှ သတ်မှတ် ထားသည့် အလုပ်သမားအခွင့်အရေး ပြည့်ပြည့်ဝဝ ရမည်ဖြစ်သည့်အတွက် တရားမဝင် လုပ်ကိုင်နေသည့် လုပ်သားများ အနေဖြင့် ၎င်းကတ်အား လုပ်ဆောင်ထားသင့်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သို့ ပြောသည်။

ဦးထူးချစ်က “ပြည်နယ်တော့မတူဘူး၊ ဒီမှာ အခြေခံလစာက ၃၂၀ ကနေ စတယ်။ ၃၂၀၊ ၃၃၀၊ ၃၄၀ ပေါ့။ ကိုယ်လုပ်တဲ့ အပေါ် မှာနဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းအပေါ်မှာ မတူဘဲနဲ့။ နောက်တစ်ခုက ပိုအရေးကြီးတာက ထိုင်းနိုင်ငံမှာ အလုပ်သမားတွေအတွက် လူမှုဖူလုံရေး ရန်ပုံငွေပေါ့။ အဲဒီအကျိုးခံစားခွင့်ပေါ့။ အဲဒါပြည့်ပြည့်ဝဝ ခံစားရမယ်။ နောက်ပိုင်းတွေကျ ကိုယ်လက်ရှိလုပ်နေ တဲ့ အလုပ်က အဆင်မပြေဘူးဆိုရင် သူဌေးအပြောင်းအလဲတို့၊ လုပ်ငန်းတွေ အပြောင်းအလဲတို့ လုပ်လို့ရတဲ့ အနေအထားပေါ့။ တရားဝင် အလုပ်သမား တစ်ယောက်ရဲ့ အခွင့်အရေးတွေ အကုန်ရမယ်။ ဒီပန်းရောင်ကတ် လုပ်ထားတာက MOU လာလုပ်တဲ့ အလုပ်သမားတွေနဲ့လည်း အခွင့်အရေးက အတူတူပါပဲ”ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ မြန်မာ အပါအဝင် ရွှေ့ပြောင်းလုပ်သား ၁(တစ်)သန်းကျော်အား တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပြုမည့် အထဲတွင် ယခု ဘတ်ပန်းရောင်ကတ် ထုတ်ပေးမည့် အလုပ်သမားများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထိုသူများသည် တစ်နှစ်တစ်ကြိမ်နှုန်းဖြင့် သက်တမ်းတိုး ရမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားငွေ ဈေးတက်သဖြင့် ပြည်ပထွက်လုပ်မည့်သူများ ကုန်ကျစရိတ် ပိုမိုကုန်ကျ

By CNI
CNI
Category: Watch TV
Hits: 734

Share
Tweet
Share
Share
powered by social2s

ယူကရိန်းက အမေရိကန်သို့ ဓာတ်ငွေ့တောင်းမည်

By CNI
CNI
Category: Watch TV
Hits: 712

Share
Tweet
Share
Share
powered by social2s

စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း ရန်ကုန်မြို့တွင် ဖော်ဆောင်မည်

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s
တောင်ကြီးမြို့အေးသာယာရှိ စပျစ်ခြံကို တွေ့ရစဉ်

စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း ရန်ကုန်မြို့တွင် ဖော်ဆောင်မည်

By CNI
CNI
Category: စီးပွားရေး
Hits: 2093

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး အနီးအနားရှိ မြို့နယ်များတွင် စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းများကို လာမယ့် ပွင့်လင်းရာသီအတွင်း လုပ်ဆောင်ရန်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ တွံတေး၊ ကော့မှူး၊ သန်လျင်၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်များရှိ စပါးစိုက်ခင်းများ အပါ အဝင် အော်ဂဲနစ် အခြေခံစိုက်ပျိုးသည့်စိုက်ခင်းများကို အသုံးပြု၍ ခရီးသွားလုပ်ငန်းတစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

"စိုက်ပျိုးရေးအခြေခံဆိုတော့ အဓိက တွံတေးတို့၊ ကော့မှူးတို့ဆို စပါးစိုက်ပျိုးတဲ့နေရာတွေပေါ့နော်။ နောက် ရန်ကုန်ရဲ့တစ်ဖက်ကမ်းဆို သန်လျင်ကျော်ပြီးရင် ကျောက်တန်းမှာဆိုရင် စံပြကျေးရွာလေးတွေရှိတယ်။ ကျနော် တို့ ခရီးသွားလုပ်ငန်းကနေပြီးတော့ လုပ်နေတဲ့ community base တွေရှိတယ်။ အဲဒီ အဖွဲ့အစည်းတွေလည်း ပြန်လည်ပြီးတော့ ဆောင်ရွက်နိုင်မယ့် အခြေအနေရှိတယ်။ ဒါကြောင့်မို့လို့ ကျောက်တန်းဘက်မှာလည်း ‌ပေါ်ပေါက်လာနိုင်တယ်။ တိုက်ကြီးတို့ မှော်ဘီတို့ဘက်မှာဆိုရင်လည်း တိုက်ကြီးကနေ ဖြတ်ပြီးတော့ သွားတဲ့ လမ်းတွေ အမြန်လမ်းကနေတဆင့် သွားပြီးတော့ တိုက်ကြီးကနေ ဖြတ်တဲ့လမ်းရှိတယ်လေ။ အဲဒီလမ်းမှာလည်း သာသာယာယာနဲ့ ခရီးသွားတွေအတွက် ဖော်ဆောင်မယ့် ခြံတွေလည်းရှိတယ်။ အဲဒါကနေပြီးတော့ စိုက်ပျိုးရေးကို အခြေခံတဲ့ခရီးသွားလုပ်ငန်းလို့ ပြောလို့ရမှာပေါ့" ဟု ၎င်းက ပြောသည်။

ယခုဖော်ဆောင်မည့် စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းကို ကိုဗစ်မတိုင်ခင်အချိန်ကာလကတည်းက လုပ်ဆောင်ခဲ့ပြီး ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ရပ်နားခဲ့ရပြီး လက်ရှိတွင် ပြန်လည် ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဖော်ဆောင်မည့် စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး မြန်မာ့ခရီးသွား လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက "ကောင်းပါတယ်။ လုပ်တာလည်း လုပ်ပေါ့ ဘယ်သူတွေ လာကြည့်မလဲတော့ မသိဘူး။ လည်ဖို့လူတွေကလည်း အရေးကြီးတာကိုး။ ခရီးသွားတွေကတော့ တချို့ ပြည်တွင်းကလူတွေလည်း အဲလိုပေါ့ အပြင်ထွက်ချင်ကြတာပေါ့နော်။ ဒါပေမယ့် နိုင်ငံခြားသားတွေအနေနဲ့ကျတော့ လုံခြုံမှုပေးနိုင်ရေး အဲနေရာတွေ ပို့ဖို့ကျတော့ သိပ်မလွယ်ဘူးပေါ့နော်။ နောက်ပြီးတော့ ဒီနေရာတွေကလေ အနီရောင်နယ်‌မြေလို့ ပြောလို့ရတာပေါ့နော်။ ဒါကြောင့်မို့လို့ အခုချိန်မှာ တော်တော်များများက မထွက်ရဲဘူးပေါ့နော်။ ပြည်တွင်းသမား တွေတောင်မှ အခြေအနေအရ နေရာတိုင်းမသွားနိုင်တဲ့ အချိန်မျိုးမှာ နိုင်ငံခြားသားက တာဝန်ကြီးတာပေါ့နော်" ဟု CNI သတင်းဌာနသို့ ပြောသည်။

ယင်းခရီးသွားလုပ်ငန်းကို လာမည့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်မည်ဟု သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအနေဖြင့် စိုက်ခင်းပိုင်ရှင်များ၊ ခြံပိုင်ရှင်များ၊ ခရီးသွားလုပ်ငန်း အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အချက်အလက်များကို စုစည်းမှုများ၊ ညှိနှိုင်းမှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုး‌ရေးအခြေပြု ခရီးသွားလုပ်ငန်းများကို ပြင်ဦးလွင်၊ ရှမ်းပြည်နယ်နှင့် တခြားသော စိုက်ပျိုးရေး လုပ်ကိုင် သည့်ဒေသများတွင်လည်း ဖော်ဆောင်လျက်ရှိပြီး ပြည်တွင်းပြည့် ခရီးသွားများ လာရောက်လည်ပတ်လျက် ရှိကြောင်း သိရသည်။

Share
Tweet
Share
Share
powered by social2s

ဧရာဝတီဆန်များကို တပ်မတော်မှ ဝယ်ယူရန် အကြောင်းကြားလာခြင်း မရှိသေး

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

ကောလာဟလများဖြန့်ဝေနေမှုက တိုင်းပြည်စီးပွားရေး ပျက်အောင်လုပ်နေခြင်းဟု ဗဟိုဘဏ်‌ပြော

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s

ဇင်ဘာဘွေတွင် ငွေကြေးဖောင်းပွမှုထိန်းရန် ရွှေဒင်္ဂါးများ ရောင်းချ

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s

မြန်မာစစ်တပ် အုပ်ချုပ်သူများနှင့် ပုံမှန်စီးပွားရေး မလုပ်တော့ဟု အမေရိကန်ပြော

By CNI
CNI
Category: Watch TV
Hits: 771

Share
Tweet
Share
Share
powered by social2s
ဆန္ဒပြမှုများကို ထိန်းသိမ်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ်

မြန်မာစစ်တပ် အုပ်ချုပ်သူများနှင့် ပုံမှန်စီးပွားရေး မလုပ်တော့ဟု အမေရိကန်ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1531

CNI International News

ဝါရှင်တန် ဇူလိုင် ၂၆

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ပြီးနောက် မြန်မာစစ်တပ် အုပ်ချုပ်သူများနှင့် ပုံမှန်အတိုင်း စီးပွားရေးလုပ်၍ မရတော့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော် အုပ်ချုပ်နေခြင်းကို ဒဏ်ခတ် အရေးယူရန် နောက်ထပ် အစီအမံများ ထည့်သွင်း စဉ်းစားထားပြီး ရွေးချယ် စရာအားလုံး မိမိတို့၏ စားပွဲအပေါ်မှာ အသင့်ရှိနေကြောင်း ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းကို တားမြစ်ရန်နှင့် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုဖြင့် မည်သည့် ချေးငှားမှုမျိုးမဆို အရေးယူမည်ဖြစ်၍ ရှောင်ကြဉ်ကြရန် ကမ္ဘာ့နိုင်ငံများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်းသွားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ယခင် အမေရိကန် ပိတ်ဆို့အရေးယူမှုများတွင် ချန်လှပ်ခဲ့သော မြန်မာ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းကို ဘိုင်ဒန်အစိုးရက ပိတ်ဆို့ ရန် စဉ်းစားနေသလားဟု မေးမြန်းရာ နက်ပရိုက်စ်က “နောက်ထပ် ပိတ်ဆို့မည့် အစီအမံများအတွက် ရွေးချယ်စရာအားလုံးမှာ စားပွဲပေါ်တွင် အသင့်ရှိကြောင်း” ဖြေကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ နက်ပရိုက်စ်

“သူတို့လုပ်ခဲ့တဲ့ ကြောက်စရာကောင်းအောင် ရက်စက်မှုတွေကြောင့် ဒီအုပ်ချုပ်နေတဲ့ လက်ထက်မှာ ပုံမှန်အတိုင်း စီးပွားရေး လုပ်လို့ မရပါဘူး” ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလနှင့် ဧပြီလအတွင်း လျှို့ဝှက်စုံစမ်း စစ်ဆေးမှုများအရ သေဒဏ် ချမှတ်ခံခဲ့ရသည့် တက်ကြွလှုပ်ရှား ၄ ဦး သည် စစ်တပ်အပေါ် တိုက်ခိုက်ခဲ့သည့် အရပ်သား တော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကူညီသည်ဟု စွပ်စွဲခံခဲ့ရသည်။

ယမန် နှစ်က မြန်မာ့တပ်မတော် အာဏာရယူလိုက်ပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် ပေါ်ပေါက်လာခဲ့သော ဆန္ဒပြပွဲများကို သွေးထွက် သံယို ဖြိုခွင်းခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း ပြည်တွင်း၌ ယခုကဲ့သို့ ပထမဆုံး ကွပ်မျက်မှုအပေါ် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်သံများ ကျယ်လောင်သွားခဲ့သည်။

မြန်မာ့လမ်းကြောင်းကို လွှမ်းမိုးနိုင်သည့် အလားအလာမှာ တရုတ်ထက်ပို၍ အခြားမည်သည့်နိုင်ငံမှ မရှိကြောင်း၊ ဒေသတွင်း အာဆီယံအဖွဲ့၏ အစည်းအဝေးများသို့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်များကို ဖယ်ချန်ထားခြင်းအား ဆက်လက်၍ စံနမူနာ ထားလျက် ထိန်းသိမ်းသွားရန် တောင်းဆိုပါကြောင်း နက်ပရိုက်စ်က ဆက်လက် ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဧရာဝတီဆန်များကို တပ်မတော်မှ ဝယ်ယူရန် အကြောင်းကြားလာခြင်း မရှိသေး

By CNI
CNI
Category: စီးပွားရေး
Hits: 2018

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းပိုင်ရှင်များကို ကြိုတင်ငွေထုတ်ပေးပြီး မြန်မာ့တပ်မတော်ကို ရောင်းချဖို့အတွက် ဆောင်ရွက်နေကြောင်း သတင်းများတွင် တွေ့ရှိနေရသော်လည်း ဆန်စက်လုပ်ငန်းရှင်များ ထံသို့ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များထံမှ သိရ သည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းတွင် မိုးစပါးများ အနည်းငယ်သာ ကျန်ရှိနေကြောင်း၊ ဆန်စက်ပိုင်ရှင်များထံသို့ ကြိုတင်ငွေထုတ်ပေးပြီး ဆန်ရောင်းချပေးရန်နှင့်ပတ်သက်ပြီး အကြောင်းကြားလာခြင်း မရှိသေးကြောင်း ဟင်္သာတခရိုင် ဆန်စက်အသင်း ဥက္ကဋ္ဌ ဦးစိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု ဒီဘက်မှာ ဘာမှ အကြောင်းကြားတာ မရှိသေးဘူး။ တိုင်းမှာလည်း တိုင်းဆန်စက်အသင်းတွေ ရှိတာကိုး။ သူ့ဟာသူအဆင့်ဆင့်နဲ့ သွားတာကိုး။ တကယ်လို့ အဲဒါတွေဖြစ်မယ်ဆိုရင် တိုင်းဆန်စက်အသင်းကနေ ဗဟိုကနေ တိုင်း၊ တိုင်းကနေတဆင့် ခရိုင်ကို လာမှာပေါ့ ဟင်္သာတခရိုင်ကို လာမှာပေါ့။ အခုက ဘာမှ မကြားသေးဘူး။ ခါတိုင်းနှစ်မှာလည်း အဲလို တခါမှ မရှိဘူး။ မိုးစပါး ကုန်နေပြီ ဒီအချိန်ဆို ၈ လပိုင်း၊ ၇ လပိုင်းလောက်ဆို မိုးစပါးက ကုန်သလောက် ဖြစ်သွားပြီ။ နည်းနည်းပဲ ကျန်တော့တယ်လေ။ လှောင်သမား နည်းနည်းပါးပါးလောက်ပဲ ကျန် တယ် အများကြီး မကျန်ဘူး။ နည်းနည်းပါးပါးပဲ ကျန်တာပါ။ အဲစပါးတွေကလည်း ဆင်းသုခတို့ဆို ၁၀ သိန်း ပတ်လည်လောက် ဖြစ်နေပြီ။ ၉ သိန်းခွဲ၊ ၁၀ သိန်းပေါ့နော်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် စပါးအားလုံးကို တခြားသို့ ရောင်းချခြင်းမပြုဘဲ တပ်မတော်က ဆန်စက် ပိုင်ရှင်များအား ကြိုတင်ငွေထုတ်ပေးပြီး တပ်မတော်သို့သာ ရောင်းချရမည်ဟု သတင်းများထွက်ပေါ် ရေးသား နေကြသည်ကို တွေ့ရသည်။

ယခင်နှစ်များတွင် တပ်မတော်ရိက္ခာအတွက် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်တချို့ကို ဆန်စက်ပိုင်ရှင်များမှတဆင့် ဝယ်ယူမှုများရှိသော်လည်း ရောင်းလိုသည့် ဆန်စက်ပိုင်ရှင်များကသာ ရောင်းချကြပြီး လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူကြသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“နှစ်တိုင်းလိုလိုတော့ ဝယ်ပါတယ်။ ဝယ်တယ်ဆိုတာက နဂိုတုန်းကတော့ ရောင်းချင်တဲ့ တာဝန်ယူမယ့် ဆန်စက် တစ်ခုကနေပြီးတော့ တာဝန်ယူပြီးတော့ အဲဒီကြိုတင်ငွေကို ထုတ်လိုက်တာပဲလေ။ ထုတ်ပြီး အဲလို ဝယ်နေကျပါပဲ။ တပ်ရိက္ခာလို့ ခေါ်တာပေါ့။ အဲဒီ တပ်ရိက္ခာစပါးကို သူတို့က ငွေထုတ်ပေးတယ်။ အဲဒီအခါမှာ ဥပမာ ဆိုပါတော့ ဧရာဝတီတိုင်းအတွက် ဆန်ဘယ်လောက် လိုချင်တယ်။ စပါးက ဘယ်ဈေး ထုတ်မယ်ဟေ့ဆို အဲလူတွေက ငွေထုတ်ပေး။ အဲဒါကို ဆန်စက်တိုင်းက မယူပေမယ့် ယူတဲ့ဆန်စက်က အဲဒါကို တာဝန်ယူပြီးတော့ ဝယ်ပေး နေတာ ခါတိုင်းနှစ်တွေကလည်း အဲလိုပဲ” ဟု ပြောသည်။

စပါးစိုက်တောင်သူများသည် ယခုနှစ်တွင် စပါးစိုက်ပျိုးရာ၌ ဓာတ်မြေဩဇာ၊ မြေဆီ၊ စက်သုံးဆီဈေးနှုန်းများကို ဈေးနှုန်းမြင့်မားစွာ အသုံးပြုခဲ့ရသည့်အတွက် ကုန်ကျစရိတ်များ မြင့်မားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော စပါးများသည် တစ်ဧကလျှင် တင်း ၇၀ နီးပါး ထွက်ရှိပြီး ကုန်ကျစရိတ်သည် တစ်ဧက ၄ သိန်းခွဲကျပ် နီးပါးရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်တွင် အခြေခံရည်ညွှန်းစပါးဈေးကို တောင်သူများ မရှုံးနိုင်သည့်ဈေးနှုန်းဖြင့် ရရှိရန် လိုအပ်သည်ဟု ဦးသိန်းအောင်က ဆက်ပြောသည်။

၎င်းက“တောင်သူတွေ မရှုံးနိုင်တဲ့ ဈေးပေါ့ကွာ။ တောင်သူတွေ မရှုံးနိုင်တဲ့ ဈေးကတော့ ၇ သိန်းခွဲလောက်မှ တောင်သူ တွေ မရှုံးမယ်လို့ စပါး တင်း ၁၀၀ ကို ၇ သိန်းခွဲ အဲဒါထက် နည်းနည်းပေါ့ ၈ သိန်းခွဲ ၉ သိန်းဆိုရင်တော့ တောင်သူ အတွက် ထိုက်သင့်တဲ့အကျိုးတစ်ခုတော့ ရမှာပေါ့။ ၇ သိန်းခွဲကတော့ အရင်းစိုက်တဲ့ဈေးပါပဲလို့” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ဒေါ်လာငွေဈေးနှုန်း မြင့်မားနေမှုကြောင့် ကုန်သည်များက စပါးများကိုလည်း ဈေးနှုန်းတိုးမြှင့်ပြီး ဝယ်ယူပေးနိုင်မည့် အခြေအနေ တွေ့မြင်ရကြောင်း ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် စပါးအများဆုံး စိုက်ပျိုးရာဒေသဖြစ်ပြီး မြန်မာနိုင်ငံ၌ စပါးထွက် အကောင်းဆုံးသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဇင်ဘာဘွေကထုတ်လုပ်တဲ့ ဒင်္ဂါးပြားကို တွေ့ရစဉ်(AP)

ဇင်ဘာဘွေတွင် ငွေကြေးဖောင်းပွမှုထိန်းရန် ရွှေဒင်္ဂါးများ ရောင်းချ

By CNI
CNI
Category: စီးပွားရေး
Hits: 2186

 

CNI International News

ဟာရာရီ၊ ဇူလိုင် ၂၆

ဇင်ဘာဘွေနိုင်ငံတွင် ပြည်တွင်း ငွေကြေးဖောင်းပွမှုနှင့် ဘဏ္ဍာရေး မတည်ငြိမ်မှု ထိန်းသိမ်းနိုင်ရန်အတွက် အများပြည်သူများ ကို ရွှေဒင်္ဂါးများ စတင် ရောင်းချပေးခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ပြည်တွင်း ငွေကြေးအပေါ် ယုံကြည်မှု မြှင့်တင်ရန်အတွက် အဆိုပါ ရှားရှားပါးပါး အစီအစဉ်ကို ဇင်ဘာဘွေ ဗဟိုဘဏ်က ဇူလိုင် ၂၅ ရက်တွင် ကြေညာခဲ့သည်။

၂၀၀၈ ခုနှစ်၌ အများပြည်သူ လက်ဝယ်ရှိ စုဆောင်းငွေသည် အလွန်အမင်း ငွေကြေးဖောင်းပွမှုနှုန်း အနေဖြင့် ၅ ဘီလီယံ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်ခဲ့သဖြင့် ဇင်ဘာဘွေ ငွေကြေး၏ ခိုင်မာမှုကို အယုံအကြည် မရှိတော့ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ သိရသည်။

ထိုသို့ ဆိုးရွားလှသော ငွေကြေးဖောင်းပွမှု၏ ခါးသီးခြင်းများ အမှတ်တရ ဖြစ်နေကြသည့် ယနေ့ခေတ် ဇင်ဘာဘွေ နိုင်ငံသား များသည် နေအိမ်တွင် စုဆောင်းထားရန် (သို့မဟုတ်) နေ့စဉ် ရောင်းဝယ် ဖောက်ကားရန်အတွက် ရှားပါးသော အမေရိကန် ဒေါ်လာများကို တရားမဝင် ဈေးကွက်၌ သုံးစွဲရခြင်းအား အပြိုင်အဆိုင် နှစ်သက်လိုလားနေကြသည်။
ဇင်ဘာဘွေ ငွေကြေးအပေါ် ယုံကြည်ခြင်းမှာ အလွန်နိမ့်ပါးနေပြီဖြစ်ပြီး လက်လီ ရောင်းချသူများက လက်မခံကြတော့ပေ။

ဗဟိုဘဏ်သည် ဇူလိုင် ၂၅ ရက်တွင် ကူးသန်းရောင်းဝယ်ရေး ဘဏ်များထံသို့ ရွှေဒင်္ဂါး ၂,၀၀၀ ထုတ်ပေးခဲ့သည်။

ဇင်ဘာဘွေဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဂျွန်မန်ဂူဒယာကိုတွေ့ရစဉ်(AP)

အဆိုပါ ဒင်္ဂါးပြားများ ပထမအသုတ်ကို ပြည်ပတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်း၌ ပြည်တွင်းမှာ ဆက်လက် ထုတ်လုပ်သွားမည်ဟု ဇင်ဘာဘွေဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဂျွန်မန်ဂူဒယာ (John Mangudya) က ပြောကြားခဲ့သည်။

ထိုဒင်္ဂါးပြားများ လုံလောက်စွာ လဲလှယ်နိုင်ခြင်း ရှိ/မရှိ ဆိုသည့်အပေါ် မူတည်၍ ဆိုင်များတွင် ဝယ်ယူသုံးစွဲနိုင်ပြီဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“အစိုးရသည် အလွန်မြင့်မားသည့် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက်ကြောင့် အမေရိကန်ဒေါ်လာ၏ ဝယ်လိုအားကို ထိန်းညှိနိုင်ရန် ကြိုးပမ်းနေကြောင်း” ဇင်ဘာဘွေ စီးပွားရေးပညာရှင် ပရိုစပါချစ်တမ်ဘာရာ (Prosper Chitambara) က ပြောကြားခဲ့သည်။

“မျှော်လင့်ချက်ကတော့ ပြည်တွင်း ငွေကြေးတန်ဖိုး ကျဆင်းမှုကို ထိန်းချင်တာ။ အဲဒီအတွက် ကုန်ဈေးနှုန်း တည်ငြိမ်မှု အတိုင်းအတာ တစ်ခုခု ရှိသင့်တယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) ကုမ္ပဏီမဆို အဆိုပါ ဒင်္ဂါးပြားများကို တရားဝင် ခွင့်ပြုထားသော ဆိုင်များမှ ဝယ်ယူနိုင်ပြီး ဘဏ်တွင် ပြန်လည်သိမ်းဆည်းခြင်း (သို့မဟုတ်) အိမ်သို့ ယူဆောင်သွားခြင်း ပြုလုပ်နိုင်ကြောင်း ဇင်ဘာဘွေ ဗဟိုဘဏ်၏ ကြေညာချက်အရ သိရသည်။

ဇင်ဘာဘွေနိုင်ငံငွေကြေး အကြွေစေ့များကိုတော့ နိုင်ငံခြားငွေဖြင့်သာ ဝယ်ယူနိုင်မည်ဟု ၎င်းကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36

Page 32 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar