CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကုန်စည်ရှားပါးမှုကြောင့် အဝေးပြေးကုန်စည်လုပ်ငန်းများ ကျဆင်းလာ

By CNI
CNI
Category: Watch TV
Hits: 725

Share
Tweet
Share
Share
powered by social2s

ဒေါ်လာငွေ လဲလှယ်နှုန်းကြောင့် ပြည်ပသို တရားမဝင် ပဲတင်ပိုမှု များပြားလာ

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s
ပဲမျိုးစုံကို တွေ့ရစဉ်

ဒေါ်လာငွေ လဲလှယ်နှုန်းကြောင့် ပြည်ပသို့ တရားမဝင် ပဲတင်ပို့မှု များပြားလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1548

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃

လက်ရှိတွင် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် တစ်ဒေါ်လာဈေးနှင့် ပြင်ပ ပေါက်ဈေးတို့တွင် ၆၅၀ ကျပ် ကွာဟမှု ရှိသည့်အတွက် ပြည်ပသို့ ပဲတင်ပို့ရာတွင် တရားမဝင်တင်ပို့မှု များပြားလာကြောင်း ပဲကုန်သည်များက CNI သတင်းဌာနသို့ ပြောသည်။

ပဲများအား တရုတ်နှင့် အိန္ဒိယတို့ကိုသာ အဓိကတင်ပို့ကြခြင်းဖြစ်ပြီး ပဲအမျိုးအစားပေါ်မူတည်ကာ တစ်တန်လျှင် ဒေါ်လာ ၈၅၀ ဈေးရနေကာ ကုန်ကား ၁၀ စီး၌ ၁ စီးသာ တရားဝင် တင်ပို့နေခြင်းဖြစ်ပြီး ၉ စီးသည် တရားမဝင် တင်ပို့နေကြကြောင်း ပဲကုန်သည် ဦးအောင်မိုးက CNI သတင်းဌာနသို့ ပြောသည်။

“ကားတစ်စီး သိန်း ၁၅၀၊ ၂၀၀ လောက် ကွာနေတာ။ ကုန်သည်ရဲ့ သဘောတရားက မကိုက်ဘူးလေ။ မကိုက်တော့ ကိုက်တဲ့နည်းနဲ့ လုပ်ရတာပေါ့။ တရားမဝင် သွားတဲ့လမ်းကြောင်းကလည်း ပိုများလာတာပေါ့။ နိုင်ငံခြားမှာ မတက်ဘဲနဲ့ ဒီမှာ တက်ကုန်တာ။ အပြင်မှာ ၂၅၀၀ လောက်ပေါက်တယ်။ နိုင်ငံတကာမှာလည်း ရူပီးဆိုလည်း ၇၉ ကျော်နေပြီ။ ဆိုတော့ ဒီလိုလေးတွက်ရမှာပေါ့ ဗဟိုဘဏ်က လူတွေက။ အပြင်မှာ ၂၅၀၀ လောက်ဖြစ်နေတဲ့ဟာ ကို charges ကလေး ကျဉ်းသွားအောင်ပေါ့။ ၂၀၅၀ လောက် ပေးပြောင်းပေးလိုက်ရင် တချိန်မှာ ဒေါ်လာပေါ လာမယ်။ပေါလာမယ့်အချိန်မှာ ဒါသွင်းကုန်တွေအတွက် အဆင်ပြေသွားမယ်။ဒေါ်လာထပ်ပေါလာပြီး သီးနှံ၊ နှမ်းတွေပေါ်လာပြီး ၉ လပိုင်း ၁၀ လပိုင်းမှာ ဆက်တိုက် မိုးသီးနှံတွေပေါ်တော့မှာကိုး။ အဲဒီမှာ ဒေါ်လာထပ်ပေါ လာမယ်ဆိုရင် ပြန်ချလိုက်ပေါ့ ၁၉ ခွဲလောက်။ပြီးရင် နှုန်းယှဉ်ပေါ့ဗျာ။ နည်းနည်းလေး လိုအပ်ချက်ရှိရင် နည်းနည်း လေး ပြန်တင်လိုက် အဲဒီအတိုင်း လုပ်သွားရမှာ။ အခုက တကယ့်အကြာကြီးဆိုတော့ လူတွေက ကြံဖန်လာတာ ပေါ့။မလုပ်ရဲတဲ့သူထိုင်နေပေါ့။လုပ်ရဲတဲ့ကောင်က လုပ်ပေါ့”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ သတ်မှတ်ထားသည့် ဒေါ်လာဈေးအတိုင်းဆိုပါက ရေရှည်တွင် ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင် များအတွက် မကောင်းကြောင်းနှင့် တရားမဝင် ကုန်တင်ပို့မှုများ ယခုထက်ပိုမိုများလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကုလားပဲများကို သန့်စင်နေစဉ်

ယခုကဲ့သို့ ပြည်ပပို့ကုန်များအား တရားမဝင်တင်ပို့မှု များပြားလာပါက နိုင်ငံတော်သည် အခွန်ဘဏ္ဍာငွေရရှိမှု လျော့ကျနိုင်ပြီး ကုန်သွယ်မှုပမာဏနှင့် ကိန်းကဏန်းတန်ဖိုးများလည်း အတိအကျ မသိနိုင်တော့ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အဓိကကတော့ Formal Trade ကနေ Informal Trade ကို ပိုပြီးတော့ ပြောင်းသွားတာပေါ့။ နဂိုတုန်းက Informal Trade ကို Formal Trade ထဲရောက်အောင် မနည်းပြန်ဆွဲထားရတာ။ Formal Trade နဲ့ Informal Trade က ၅၀-၅၀ ရောက်နေတယ်လို့ခန့်မှန်းရတယ်။ အခုက Formal Trade ထဲကနေ Informal ထဲကို ရောက် သွားပြီဆိုတော့ မလွယ်ဘူးပေါ့။ Formal bank sector ကို ဝင်လာတဲ့ ဒေါ်လာက နိုင်ငံခြားငွေက တဖြေးဖြေး ကျလာတော့မှာ။ ကျလာရင် နိုင်ငံအတွက်က ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် နယ်ဘက်ရှိ ပဲတောင်သူများတွင် ပဲကုန်သလောက်ဖြစ်နေကာ မြို့ပေါ်ရှိ ကုန်သည်များတွင်သာ လှောင်ထားသည့် ပဲများကျန်ရှိကြောင်းနှင့် ပြည်တွင်းတွင်လည်း ပဲဝယ်လိုအားများရှိကြောင်း ပဲကုန်သည် ဦးကြွယ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ပဲကတော့ ဝယ်ကြပါတယ်။ ကျနော်တို့ဆီမှာ ပဲစင်းငုံဆိုရင်လည်း ရန်ကုန်သမားတွေ ဝယ်ကြတယ်။ ကျနော်တို့ ပခုက္ကူအနေအထားကတော့ ပဲတီစိမ်းတွေက လေးသောင်းခွဲ၊ မတ်ပဲတွေက ငါးသောင်း၊ ပဲစင်းငုံက လေးသောင်း ကိုးထောင့်ငါးရာ။ တချို့ပဲတွေကလည်း ပြည်တွင်းသုံးတွေဆိုတော့ တော်တော်တန်တန် ဈေးမကျဘူးပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြည်တွင်းမှ အချို့ကုန်သည်များသည် အခြားမှ သွင်းကုန်များကို ပြန်လည်ဝယ်ယူကြသည့်အတွက် ယခု ကဲ့သို့ ဒေါ်လာဈေးကွာခြားချက်ကြောင့် သွင်းကုန်လုပ်ငန်းရှင်များလည်း ကုန်ပစ္စည်းမသွင်းနိုင်ကြတော့ကာ ဈေးကွက်တွင်လည်း ထိုကုန်ပစ္စည်းများ မရှိသည်အထိ ဖြစ်သွားနိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပေါ်ဆန်းမွှေးစပါး တင်း ၁၀၀ လျှင် ၁၄ သိန်း ဈေးပေါက်

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ဒေါ်လာဈေး မြင့်တက်နေမှုကို ဝန်ကြီးဌာနများပေါင်း၍ ထိန်းချုပ်ရန် ဆောင်ရွက်နေ

By CNI
CNI
Category: Watch TV
Hits: 699

Share
Tweet
Share
Share
powered by social2s
စပါးစိုက်ခင်း တစ်ခုကိုတွေ့ရစဉ်

ပေါ်ဆန်းမွှေးစပါး တင်း ၁၀၀ လျှင် ၁၄ သိန်း ဈေးပေါက်

By CNI
CNI
Category: စီးပွားရေး
Hits: 1957

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂

မြန်မာနိုင်ငံအတွင်း ပေါ်ဆန်းမွှေးစပါးများသည် လက်ရှိတွင် တင်း ၁၀၀ လျှင် ၁၄ သိန်းအထိ ဈေးနှုန်းရရှိနေသည်ဟု ဧရာဝတီ တိုင်းဒေသကြီးရှိ ဆန်စပါးဈေးကွက်အတွင်းမှ သိရသည်။

အချောဆန် အမျိုးအစားဖြစ်သည့် ပေါ်ဆန်မွှေးစပါး အမျိုးအစားများသည် ၁၄ သိန်းအထိ ဈေးနှုန်းရရှိနေပြီး အကြမ်းဆန် အမျိုးအစားများဖြစ်သည့် စပါးများကတော့ ၉ သိန်းမှ ၁၀ သိန်း ဝန်းကျင်အထိ အရောင်းအဝယ် ဖြစ်နေသည်ဟု လယ်သမား ဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းအောင်က “စပါး တင်း ၁၀၀ (၁၄) သိန်းဆိုတာက အချောစပါးပေါ့၊ ဥပမာ ဆိုပါတော့ ရွှေဘိုပေါ်ဆန်း စပါးမျိုး၊ ဒါမှ မဟုတ်ရင်လည်းပဲ အောက်က ပေါ်ဆန်းဘေးကြား စပါးမျိုး အဲဒီ အချောဈေးပါ။ အကြမ်းဈေးကတော့ ၉ သိန်းနဲ့ ၁၀ သိန်း ကြားမှာပဲ။ ဥပမာဆိုပါတော့ သုခတို့လို စပါးမျိုးက ၁၀ သိန်းလောက်ရှိတယ်။ ကျန်တဲ့ DW 11 တို့၊ သီးထပ်တို့ ဘာတို့က ၉ သိန်းဈေးပါ” ဟု ပြောသည်။

ယခု ၁၄ သိန်း ရရှိနေသည့် စပါးများသည့် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပေါ်ထားသည့် စပါးများကို ကုန်သည်များက ဝယ်ယူ သိုလှောင်ထားကြောင်း၊ ထိုအချိန်တွင် စပါးဈေးနှုန်းသည် ၉ သိန်းသာ ရှိပြီး လက်ရှိ စပါးလက်ကျန် နည်းပါးချိန် ဖြစ်သည့် အတွက် အထက်ပါ ဈေးနှုန်းများ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။

 ပေါ်ဆန်မွှေးစပါးများ ရိတ်သိမ်းထားခြင်း

တခြား တဖက်မှာတော့ တောင်သူလယ်သမားများသည် စိုက်ပျိုးစရိတ်နှင့် သွင်းအားစုစရိတ်များ ကြီးမြင့်လာသည့်အပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုဖြင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်သွားကြောင်း၊ ကုန်သည်များ အနေဖြင့်လည်း သိုလှောင်ထားရသည့် စရိတ် နှင့် ရင်းနှီးမြှုပ်နှံထားရသည့် ငွေကြေးများကို တွက်ချက်လိုက်ခြင်းကြောင့်လည်း ဈေးနှုန်းများ လိုက်ပါ မြင့်တက်လာခြင်း ဖြစ် ကြောင်း သိရသည်။

ပေါ်ဆန်းမွှေးစပါး အသစ်များသည် ဒီဇင်ဘာလမှသာ ထပ်မံ ပေါ်ထွက်လာမည် ဖြစ်ခြင်းကြောင့် ထိုကာလ မရောက်ခင် အချိန် ထိ စပါးဈေးသည် ထပ်မံမြင့်တက် လာမည်ဖြစ်ကြောင်း ဦးသိန်းအောင်က ဆက်ပြောသည်။

ဦးသိန်းအောင်က “စပါးဈေးကတော့ ထိုက်သင့်တဲ့ အတိုင်းအတာ တစ်ခုတော့ အချောရာသီကတော့ အောက်တိုဘာ၊ နောက် နိုဝင်ဘာ လလောက်အထိ အချောဆန်ဈေးကတော့ ထိုက်သင့်တဲ့ အတိုင်းအတာ တစ်ခုအထိ တက်မှာပဲ။ ဘာလို့လဲဆိုတော့ သူက မပေါ်သေးတာကိုး။ ပေါ်ဖို့ ခဲယဉ်းတာကိုး။ ဥပမာဆိုပါဆို့ ဧည့်မထ အခြေခံလူတန်းစား စားတဲ့ ဒေသစား ဆန်ကတော့ နောက် ၂ လလောက်ဆို စပြီး ပေါ်ပြီ။ ဟိုကောင် (ပေါ်ဆန်းမွှေးစပါး) က နောက်ထပ် ၄ လလောက်မှ ပေါမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ၁၄ သိန်း ရရှိနေသည့် ပေါ်ဆန်းမွှေး စပါးဈေးနှုန်းများသည် တောင်သူလယ်သမားများထံမှ စပေါ်သည့် အချိန်တွင် ၁၀ သိန်းနီးပါး ရရှိမည်ဟု မျှော်လင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများ စပါးချွေနေစဉ်

ဦးအေးနိုင်က “ဘိုကလေးမြို့ရဲ့ ဘေးကြား (ပေါ်ဆန်းမွှေး စပါးတစ်မျိုး) တောင်မှ စပါးတင်း ၁၀၀ ကို ၁၅ သိန်း အခုဖြစ်တယ် လေ။ ဒါပေမယ့် လယ်သမားတွေ လှိုင်လှိုင်ပေါ်တဲ့ အချိန်ကျတော့ စပါးဈေးက တအားကျတယ်။ ဒါပေမယ့် လယ်သမားတွေ က ၁၅ သိန်းဆိုတော့ ၁၀ သိန်းလောက်တော့ တင်မှာပဲ ဆိုပြီးတော့ ၉ သိန်း ၁၀ သိန်းလောက် တင်မှာပဲ ဆိုပြီးတော့ စိုက်နေ ကြတယ်။ လယ်သမားတွေကျတော့ လယ်စိုက်မှ ထမင်းစားရမယ်ဆိုတော့ ကိုက်လည်း စိုက်တယ်။ မကိုက်လည်း စိုက်တယ်။ စပါးပေါ်မှ ရှုံးခါမှ ရှုံး၊ လယ်သမားက မနေနိုင်ဘူးလေ ဒီအလုပ်ပဲ ရှိတာကိုး” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်တွင် စိုက်ပျိုးစရိတ်များ မြင့်မားနေမှုကြောင့် တောင်သူများသည် ဓာတ်မြေဩဇာ၊ မြေဆီ စသည့် သွင်းအားစု များကို လျှော့ချ သုံးစွဲခဲ့ရခြင်းကြောင့် စပါး အထွက်နှုန်းများ လျော့ကျခဲ့သည်။

လက်ရှိ (ယခုနှစ်)တွင်လည်း သွင်းအာစုစရိတ်များသည် ယခင်ထက် ၃ ဆ နီးပါး မြင့်တက်နေခြင်းကြောင့် တောင်သူများသည် လျှော့၍ အသုံးပြု နေရသည့်အတွက် ယခုနှစ်တွင်လည်း စပါးအထွက်နှုန်း ထပ်မံလျော့ကျမည်ဟု တောင်သူများက ပြော သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
နိုင်ငံခြားသုံးငွေ ဒေါ်လာကို တွေ့ရစဉ်

ဒေါ်လာဈေး မြင့်တက်နေမှုကို ဝန်ကြီးဌာနများပေါင်း၍ ထိန်းချုပ်ရန် ဆောင်ရွက်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 2512

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂

တစ်ဒေါ်လာကို ၂၅၀၀ ကျပ်အထိ ဈေးမြင့်တက်နေမှုကို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရှိ ဝန်ကြီးဌာနများ ထိန်းချုပ်ရန် ဆောင်ရွက်နေ‌ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ပြင်ပရှိ နိုင်ငံခြားငွေ အရောင်းအဝယ်၊ အလဲအလှယ်တို့၌ ဒေါ်လာဈေးနှုန်းမြင့်တက်နေမှုတို့ကြောင့် ယခုကဲ့သို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"အဲဒီအတွက် လက်ရှိအခြေအနေမှာတော့ ဗဟိုဘဏ်သတ်မှတ်တဲ့ဈေးထက် အပြင်မှာမြင့်မားနေတာကို တွေ့ တယ်။တွေ့တဲ့အတွက်ကြောင့် နိုင်ငံခြားငွေ မြင့်တက်ရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဒီ အကြောင်းအရင်းတွေအပေါ် မူတည်ပြီး သုံးသပ်ပြီးမှ လိုအပ်တဲ့မူဝါဒတွေ ချမှတ်ပြီးတော့မှ ဆောင်ရွက်ရပါတယ်။ ဒီလိုကိစ္စရပ်တွေကို ဗဟိုဘဏ်တင် မကဘဲနဲ့ ဆက်စပ်နေတဲ့ဝန်ကြီးဌာနတွေ ပါဝင်တဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ် ရေးကော်မတီ ရှိပါတယ်။ဒီကော်မတီမှာရှိတဲ့ တာဝန်ရှိသောဝန်ကြီးများအနေနဲ့က ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ ဒီကိစ္စကိုပြေလည်အောင် ဖြေရှင်းဖို့၊ထိန်းချုပ်ဖို့၊ထိန်းသိမ်းဖို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းသည် နိုင်ငံခြားငွေ အဝင်၊ အထွက်တို့တွင် မူတည်ကြောင်း၊ နိုင်ငံတော်သို့ နိုင်ငံခြားငွေ ဝင်ရောက်သည့် အရင်းအမြစ်များမှ နိုင်ငံခြားငွေ ပိုမိုဝင်ရောက်စေရန် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ပြင်ပငွေလဲလှယ်မှုများ၌ ဒေါ်လာပေါက်ဈေးသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာဈေး ၁၈၅၀ ထက်ကျော်လွန်ကာ ၂၅၀၀ နီးပါးအထိ ပေါက်ဈေးရှိနေပြီး အဆိုပါအခြေအနေအား မထိန်းနိုင်ပါက ဒုက္ခ ရောက်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဝင်း(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

ကွန်တိန်နာများကို တွေ့ရစဉ်

“ကြာလို့ရှိရင် ဒါကြီးက တကယ့် ဒုက္ခရောက်မယ့်ဟာကြီး။ တဖြေးဖြေးနဲ့ နဂိုက လစာတွေ ရတဲ့သူတွေတောင်မှ အခုသင်္ဘောသားတချို့ဆိုရင် နိုင်ငံခြားမှာ အကောင့်ဖွင့်နေပြီ။ စင်ကာပူမှာဖွင့်ကြတယ်။ ထိုင်းမှာ ဖွင့်ကြတယ်။ ဗမာပြည်ကို ပြန်မပို့တော့ဘူး။ အဲဒီကိုပဲ ပို့မှာ။ ပို့ပြီးတော့မှ သူက ဟိုမှာပဲရောင်းချပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ် ငွေသားသယ်လာပြီးတော့ဖြစ်ဖြစ် အဲဒီလိုပဲ လုပ်ကြတော့မှာ။ ဒီဘဏ်တွေကို ဝင်တဲ့ဟာက တဖြေးဖြေးနဲ့တော့ ကျသွားလိမ့်မယ်လို့ထင်တယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီအနေဖြင့် နိုင်ငံတော်မှ နိုင်ငံခြားငွေ၏ ထွက်ငွေများထဲမှ မလိုအပ်ဘဲ မထွက် ရှိစေရန်နှင့် လိုအပ်ချက်ရှိသည့် ထွက်ငွေများသာ ထွက်ရန် ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအနေအထားအား ထိန်းချုပ်နိုင်ရန်အတွက် ယခင် စစ်အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် ပို့ကုန်မူဝါဒ (export fact policy) အား အသုံးပြု၍ ထိန်းမှသာလျှင် ရနိုင်မည်ဖြစ်ကြောင်းနှင့် ထိုမူဝါဒအား ပြောင်းလဲကျင့်သုံး သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဝင်း(အမည်လွှဲ)က ပြောသည်။

“သူက ပို့ကုန်ဝင်ငွေနဲ့မှ သွင်းကုန်လျှောက်ခွင့်ရှိတယ်။ အဲဒီ export fact policy လုပ်ရင် ဘာဖြစ်မလဲဆိုတော့ သူ့ရဲ့ export earning exchange rate ဆိုတာ သက်သက်ရှိတယ်။ အဲဒီကောင်က အမြင့်ဆုံးပဲ အရင်တုန်းက။ export တွေ များများပို့မယ်။ ပြီးရင် သူ့ export earning ကို ရောင်းမယ်။ ဆိုတော့ import သမားက အဲဒီ export earning ကို ဝယ်ပြီးတော့မှ သူက import လုပ်ရတယ်ဆိုတော့ ‌ဒေါ်လာ အဝင်၊ အထွက်ကို ထိန်းပြီးသား ဖြစ်သွား တယ်။ ထိန်းပြီးသားဖြစ်သွားတော့ အဲဒီမှာ export ၁၀၀ ဖိုး ပို့ရင် အဲဒီ ၁၀၀ လုံးကို import သွင်းခွင့်ပေးတာ မဟုတ်ဘူး။ export ၁၀၀ ထဲမှာ ၈၀ ရာခိုင်နှုန်းကိုပဲ ပြန်ပေးပြီး import သွင်းခွင့်ပေးတာ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်း က အခုလုပ်နေတဲ့ အရေးကြီးတဲ့ကုန်စည်တွေ ဓာတ်ဆီ ဒီဇယ်ဆီလိုမျိုး၊ စားအုန်းဆီလိုမျိုး အဲဒါတွေ သွင်းဖို့ အတွက် ဗဟိုဘဏ်က အဲဒါကို ချန်ခိုင်းထားတယ်။ ဆိုတော့ export သမားအတွက်လည်း incentive ရှိတယ်။ တစ်ခါ export, import ကိုလည်း ဒေါ်လာအဝင်အထွက်ကို ထိန်းပြီးသားဖြစ်တယ်။ အဲဒီလိုနည်းကို ပြန်သုံးပြီး တော့ပဲ ထိန်းလို့ရမယ်” ဟု ၎င်းက ပြောသည်။

ယခင် စစ်အစိုးရလက်ထက်က ၎င်းမူဝါဒကြောင့် ဘဏ်ထဲသို့ ဒေါ်လာအဝင်များသဖြင့် ယခုကဲ့သို့ ဒုက္ခမရောက်ခဲ့ ကြောင်းနှင့် လက်ရှိတွင် ဝင်လာသည့် ဒေါ်လာများအား ဗဟိုဘဏ်မှ ၁၈၅၀ ကျပ်ဖြင့် ဈေးသတ်မှတ်လိုက်သည့် အတွက် ပို့ကုန်သမားများမှာလည်း မတင်ပို့ချင်ကြတော့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

အိမ်ခြံမြေ ဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နေ

By CNI
CNI
Category: Watch TV
Hits: 688

Share
Tweet
Share
Share
powered by social2s

အိမ်ခြံမြေ ဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နေ

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းပေးမည်ဟု ထုတ်ပြန်

By CNI News
CNI News
Category: စီးပွားရေး
Hits: 1562


CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ်

စားသုံးသူများအတွက် သက်သာသော ဈေးနှုန်းများဖြင့် ဆန်များကို သြဂုတ် ၃ ရက်မှ စတင်ကာ ရောင်းချပေး မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယနေ့ (သြဂုတ် ၁ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်

 

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံရှိ ရေထွက်ကုန်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

မြန်မာအပါ ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ခလစာကို တိုးမြှင့်ပေးရန် တောင်းဆိုထား

By CNI
CNI
Category: စီးပွားရေး
Hits: 1506

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁

ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံလုပ်ခလစာကို လက်ရှိ သတ်မှတ်ထားသည့် ဘတ် ၃၂၀ အစား ၄၉၂ ဘတ်သို့ ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN) မှ CNI သို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ MWRN သည် ထိုင်းနိုင်ငံလုံးဆိုင်ရာ သွေးစည်းညီညွတ်ရေး သမဂ္ဂအဖွဲ့ချုပ် (TLSC)၊ နိုင်ငံ့ ဝန်ထမ်းများသမဂ္ဂအဖွဲ့ချုပ်တို့ဖြင့် ပူးပေါင်း၍ ထိုင်းအလုပ်သမားဝန်ကြီးဌာနထံသို့ တောင်းဆိုတင်ပြထားကြောင်း သိရသည်။

MWRN မှ ဦးဘရီက “လုပ်အားခ ၄၉၂ ဘတ် တိုးမြှင့်ပေးဖို့အတွက်ကို တောင်းဆိုထားတာ ရှိတယ်။ အဲဒီအထဲမှာ နေပြီး သူတို့ ၁၀ ဘတ်ပဲ တိုးလာသည်ဖြစ်စေ ၂၀ ဘတ်ပဲ တိုးလာသည်ဖြစ်စေပေါ့၊ အလုပ်သမားတွေအတွက် အကျိုးရှိရာရှိကြောင်းပေါ့၊ အဲဒီလို ရည်မှန်းပြီးတော့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာက ကုန်ဈေးနှုန်းတွေ အင်မတန်မှ မြင့်မားတဲ့အခါ အခုနေ့စားခရတဲ့ တနေ့ကို ၃၂၅ ဘတ်လောက်နဲ့ အဆင်မပြေ တော့ဘူး။ ဒီနေ့စားခတွေက မပိုလျှံတဲ့အပြင် မလုံလောက်တဲ့အတိုင်းအတာကို ဖြစ်နေတဲ့အတွက်ကြောင့် တောင်းဆိုတင်ပြထားတာတော့ ရှိပါတယ်။ ဘာကြောင့် မလောက်ငှလဲဆိုတော့ အခုက ဝက်သားတစ်ကီလို တောင်မှ ဘတ် ၂၅၀ ပေးနေရပြီ။ အသားသက်သက်ဆိုရင် ၂၈၀ လောက်မှာရှိတယ်။ဟိုတုန်းကဆို ဝက်သား တစ်ကီလိုမှ ၁၃၀၊ ၁၄၀ ပဲရှိတယ်။ နောက်ပြီးတော့ ဆန်ဈေးလည်းတက်တယ်၊ ဆီဈေးလည်းတက်တယ်။ ကျနော်တို့ ထိုင်းနိုင်ငံမှာဆိုရင် ကုန်ဈေးနှုန်းနဲ့ပတ်သက်လို့ ဘာမဆို အစစအရာရာပေါ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားလာတဲ့အခါ နေ့စားခတွေက သိပ်အဆင်မပြေနိုင်တော့ပါဘူး”ဟု CNI သို့ ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားတစ်ဦး၏ အခြေခံ လုပ်ခလစာသည် တစ်ရက်လျှင် ဘတ်ငွေ ၃၂၀ ခန့် သတ်မှတ် ထားသော်လည်း အချို့သောလုပ်ငန်းခွင်များတွင် ဘတ် ၃၂၀ အပြည့်အဝ မရရှိကြောင်းနှင့် အချို့လုပ်ငန်းခွင် များတွင် သူဌေးများက စီးပွားရေးအခြေအနေကြောင့် လုပ်ခလစာပေးဖို့ရန် မတတ်နိုင်သည့်အခါမျိုးတွင် နေ့စဉ်နီးပါး အလုပ်မလုပ်ရသည်များလည်းရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ရေထွက်ကုန်လုပ်ငန်းတစ်ခုမှ အမျိုးသမီးအလုပ်သမားတစ်ဦးကိုတွေ့ရစဉ်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုလေညှင်းက “လူတစ်ယောက်လုပ်အား တစ်နေ့ကို ၃၂၀ ဆိုတာက နေ့တိုင်းလုပ်နေရတာတွေ မဟုတ်သေးဘူး။ မလုပ်ရတဲ့ နေ့တွေရှိတာပေါ့။ အဲဒါတွေမှာ စားရေး၊ နေရေးဟာ သိပ်ကိုအဆင်မပြေကြတော့ဘူး။ နောက်ပြီး အိမ်ခန်းဖိုးရယ်၊မီးဖိုး၊ရေဖိုးရယ် ဈေးကြီးတာတွေနဲ့။ ထိုင်းနိုင်ငံမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေမရှိဘူးဆိုရင် သူတို့ လုပ်ရကိုင်ရတာ မလွယ်ဘူးလေ။ ၄၉၂ ဘတ်မဟုတ်ဘူး ဆိုရင်တော့ ၄၀၀ ကျော်လောက် ဥပမာ နေ့စားအခြေခံလုပ်ခလစာ ပေးသင့်တယ်။ ပေးစေချင်တယ်ပေါ့။ ထိုင်း အာဏာပိုင်တွေကို ကျနော်တို့ တောင်းဆိုချင်တယ်ပေ့ါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လက ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်အကိုင် ၁၆ မျိုးမှ ကျွမ်းကျင်လုပ်သား များအား အခြေခံလုပ်ခလစာ တိုးမြှင့်ပေးခဲ့သော်လည်း ထိုထဲတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ မပါခဲ့ပေ။

လက်ရှိသတ်မှတ်ထားသည့် အခြေခံလုပ်ခလစာသည် အလုပ်သမားတစ်ဦး၏ အသုံးစရိတ်အတွက် လောက်ငှမှု ရှိနိုင်သော်လည်း ပိုလျှံမှုမရှိကြောင်း MWRNမှ ဦးဘရီ က CNI သတင်းဌာနသို့ ပြောသည်။

“ပြောမယ်ဆိုရင် ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုက ကိုယ့်နိုင်ငံကနေပြီး မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်တယ်။ အဲဒီလိုရောက်လာကြတဲ့အခါ ကိုယ့်ကိုမှီခိုပြီးတော့ နေကြတဲ့ မိဘတွေ၊ သားသမီးတွေ၊ ဆွေမျိုးတွေ အဲဒီလိုအများကြီးရှိတဲ့အခါ သားသမီးတွေရဲ့ပညာရေးအတွက် သော် လည်းကောင်း၊ မိဘတွေရဲ့ စားသောက်နေထိုင်မှုအတွက်သော်လည်းကောင်း ပြည်တွင်းကို အနည်းဆုံး တစ်လ နှစ်သိန်းကနေ သုံးသိန်းအထိ ပို့ရတဲ့အနေအထားတွေရှိတယ်လေ။ သူ့အတွက် စားဝတ်နေ‌ရေး အဆင်ပြေတယ် ဆိုပေမယ့် မြန်မာနိုင်ငံမှာ ကိုယ့်ကိုမှီခိုပြီးတော့ရှိနေကြတဲ့ သားသမီးတွေ၊ မိဘတွေအတွက်ကတော့ အဆင်မပြေဘူး” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား ယာယီ အလုပ်သမား လက်မှတ်(ဘတ်-ပန်းရောင်ကတ်)အား ဩဂုတ် ၁ ရက်နေ့မှစတင်ကာ ထုတ်ပေးမည်ဖြစ်ကာ လုပ်သား လိုအပ်ချက်နှင့် တရားမဝင်လုပ်သား ဝင်ရောက်မှုအား ဖြေရှင်းနိုင်ရန်အတွက် အလုပ်သမားများ ခေါ်ယူရန် ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်တချို့ ရပ်နားလာ

By CNI
CNI
Category: Watch TV
Hits: 738

Share
Tweet
Share
Share
powered by social2s
ဆန်စက်လုပ်သား တစ်ဦးကိုတွေ့ရစဉ်

ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်တချို့ ရပ်နားလာ

By CNI
CNI
Category: စီးပွားရေး
Hits: 2923

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်တချို့သည် ပြည်ပဆန်တင်ပို့မှု ရပ်နားလာခြင်းနှင့် သိုလှောင်ထားသည့် စပါးလက်ကျန် နည်းပါးနေခြင်းကြောင့် ဆန်စက်လည်ပတ်မှုများကို ခေတ္တရပ်နားလာကြကြောင်း သိရသည်။

စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ရာတွင် အရှုံးဖြစ်ပေါ်နေသည့်အတွက်ကြောင့်လည်း ဆန်စက်များက လည်ပတ်မှု ရပ်နားလာကြခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် စပါးဟောင်း ပြတ်တဲ့ ဆန်စက်တွေလည်း ရှိတာပေါ့။ စပါးကို လှောင်မထားနိုင်တဲ့ ဆန်စက်ကတော့ စပါး ကုန်သွားတဲ့အတွက် ထပ်မကြိတ်နိုင်ဘူး။ နောက်တစ်ခါ နယ်မှာ စပါး အတန်အရာ ရှိပေမယ့် စပါးဈေးနဲ့ ဆန်ဈေးနဲ့က ဝယ်ကြိတ်လို့ အဆင်မပြေဘူးလေ။ အခုချိန်မှာ စပါးထားနိုင်တဲ့လူကျတော့ လက်ရှိ ပထမတစ်ခါ ပေါက်သွားတဲ့ ဥပမာဆိုပါ တော့ အခြေခံပေါ့ အနိမ့်ဆုံး စပါးဈေးက ၉ သိန်းခွဲလောက် ဖြစ်သွားပြီးတော့မှ အခုဈေးက ဆန်ဈေး နည်းနည်းပြန်တက် သွားတဲ့ အချိန်မှာ ဒီမှာ သိုလှောင်ထားတဲ့သူတွေက ၉ သိန်းခွဲမရရင် မရောင်းဘူးလေ။ အဲလိုဖြစ်သွားတဲ့အတွက် ဆန်ဈေးနဲ့ ဒီဘက်က စပါးဈေးနဲ့က ဝယ်ကြိတ်ရင် ၉ သိန်းခွဲဈေးနဲ့ ဝယ်ကြိတ်မယ်ဆိုလို့ရှိရင် သူတို့ရတဲ့ ဆန်ဈေးနဲ့ဆိုရင်တော့ ရှုံးမှာလေ။ ဒါကြောင့်မို့လို့ သူတို့က ဆန်စက်ခဏ ရပ်တာပါ။ ဒါပေမယ့် ဆက်ပြီးတော့ ကိုယ့်ဆန်စက်နဲ့ကိုယ် လည်ပတ်နေတဲ့ ဆန်စက် တွေလည်း အများကြီးပါပဲ” ဟု ပြောသည်။

ဆန်စက်အမျိုးအစား ၂ မျိုးရှိကြောင်း၊ စပါးများကို မြောက်မြားစွာ ကိုယ်တိုင်ဝယ်ယူ၍ ကြိတ်ခွဲသည့် ဆန်စက်နှင့် ကုန်သည် များ၏ စပါးများကို ကြိတ်ခွဲပေးရသည့် ဆန်စက်ဟူ၍ ရှိကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်လာငွေကြေးနှုန်း ကွာဟချက်ကြောင့် ဆန်ကုန်သည်များ အရှုံးဖြင့် ရင်ဆိုင်နေရသည့်အတွက် ပြည်ပသို့ ဆန်တင်ပို့မှုကို ရပ်နားလာကြသည်။

ဧရာဝတီတိုင်းက ဆန်စက်တစ်ခုကိုတွေ့ရစဉ်

ထို့ကြောင့် ကုန်သည်များ၏ စပါးကြိတ်ခွဲမှုအပေါ် မှီခိုနေရသည့် ဆန်စက်များမှာ ပိုမိုရပ်နားလာရသည့် အခြေအနေ ဖြစ်နေ သည်ဟု ဦးသိန်းအောင်က ဆက်ပြောသည်။

၎င်းက “တချို့က ကုန်သည်က လာပြီးတော့ ကြိတ်တာကိုပဲ ကြိတ်နိုင်တဲ့ ဆန်စက်ရှိတယ်။ တချို့ ဆန်စက်တွေ ကျတော့ လည်းပဲ အဲဒီမှာ ဂိုဒေါင်ကြီးတွေ အများကြီး ထားတဲ့အတွက် ကုန်သည်တွေက အဲဒီမှာ စပါးကြိတ်ပြီးတော့ ထည့်ထားကြ တယ်။ ဆန်စက်တွေကလည်း အတန်ဝယ်တယ်။ အဲဒီလို ကိုယ့်ဂိုဒေါင်ထဲမှာ အရန်သင့်ရှိတဲ့ ဆန်စက်တွေ ကျတော့လည်း သူ့ဟာသူ သူ့စရိတ်နဲ့သူ ကြိတ်တာလည်း ရှိတာပေါ့။ နောက်တစ်ခါကျတော့ လုံးဝ မဝယ်နိုင်ဘဲနဲ့ ကုန်သည်က လာကြိတ်မှပဲ ကြိတ်နိုင်တဲ့ ဆန်စက်မျိုးတွေကျတော့ အခုချိန်မှာ ကုန်သည်မကိုက်တဲ့အတွက် သူတို့ ကြိတ်စရာ မရှိတာပေါ့” ဟု CNI သို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ဘိုကလေး စသည့်မြို့နယ်များတွင် ဆန်စက်များ အများဆုံးရှိပြီး ပြည်ပသို့ ဆန်တင်ပို့ရန် ဆန်အများဆုံး ထုတ်လုပ်ပေးသည်။

သို့သော် လက်ရှိမှာတော့ ပုသိမ်၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင်နှင့် ဘိုကလေး မြို့နယ်များမှ ဆန်စက်များ အပါအဝင် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးနီးပါးတွင် ဆန်စက်များ ရပ်နားလာကြကြောင်း သိရသည်။

ထို့နောက် ဆန်စက်များသည် လျှပ်စစ်မီးဖြင့် လည်ပတ်နေရသော်လည်း လက်ရှိတွင် လျှပ်စစ်မီးရရှိမှု အခက်အခဲ ဖြစ်နေသည့် အတွက် ဟင်္သာတမြို့နယ် အတွင်းရှိ ဆန်စက်များ အားလုံးနီးပါး ရပ်နားနေရသည့် အခြေအနေ ဖြစ်နေကြောင်း ဆန်စက် လုပ်ငန်းရှင် ကိုဒီပက CNI သို့ ပြောသည်။

ဆန်ဂိုဒေါင်တစ်ခုကိုတွေ့ရစဉ်

ကိုဒီပက “ဟင်္သာတမှာ စပါးကလည်း ပြတ်သွားပြီ။ မီးကလည်း မလာဘူး။ ရေတင်ဖို့တောင် မီးအခက်အခဲ ဖြစ်နေတယ်။ လာမယ့် ရာသီကတော့ စပါးကတော့ ကြိတ်ဖို့ မလွယ်ဘူး။ ဝယ်ဖို့လည်း မလွယ်ဘူး။ အခုလို မီးမလာရင် မီးအားကိုးပြီး လုပ်နေရတာ မီးမလာရင် လုပ်ငန်းလုပ်နိုင်မှာ မဟုတ်ဘူး။ နောက်တစ်ချက် လယ်ယာထွက်ကုန် ကောက်ပဲ သီးနှံအားလုံးကို ငွေကြေး ၁၈၅၀ နဲ့ သတ်မှတ်ပေးထားတယ်။ အဲတော့ ပဲတစ်အိတ်ကို ၁ သောင်းကျော်ဟတယ်။ ဆန်ဈေးလည်း ဟနေတယ်။ အကုန်လုံးက ဟနေတယ်။ သွင်းအားစုစရိတ်ကျတော့ လက်ရှိပေါက်ဈေး ဒေါ်လာဈေး ၂၆၀၀ နဲ့ သွင်းရတယ်။ နိုင်ငံတော်က ၁၈၅၀ နဲ့ ဖြတ်ထားတဲ့အတွက် လုပ်ရတာ တော်တော် အခက်အခဲ ဖြစ်တယ်။ တောင်သူတွေဘဝက နင်းပြားပါပဲ။ စပါးပေါ်ချိန် မှာ အဲလိုမှ မီးမလာရင် ဘယ်စက်မှ စပါးဝယ်နိုင်မှာ မဟုတ်ဘူး။ မီးမှမလာရင် အချိန်တန်ရင် ဆန်ဝါရင် လျော်ရမှာလေ။ စပါး အစိုဝယ်လို့ ကိုယ့်ဘက်က ခြောက်အောင် မလုပ်နိုင်ရင် မနိုင်မနင်း မလုပ်နိုင်ရင် ဆန်ဝါဖောက်သွားရင် လျော်ရမှာ။ အဲကြောင့် လာမယ့်ရာသီမှာ တော်တော်စဉ်းစားရတော့မယ်” ဟု ပြောသည်။

ဟင်္သာတမြို့နယ်တွင် ဆန်စက် အလုံးရေ ၇၀ ဝန်းကျင်ရှိကြောင်း၊ ထိုဆန်စက်များသည် လက်ရှိတွင် လျှပ်စစ်မီးကို အချိန် ပြည့်ရရှိမှု မရှိဘဲ ည ၁ နာရီမှ ၃ နာရီအထိသာ ရရှိကြောင်း၊ လာမည့် စပါးပေါ်ချိန်တွင် လျှပ်စစ်မီး အချိန်မှန် မရရှိပါက ဆက်လက် ရပ်နားထားရနိုင်သည်ဟု ဆန်စက်ပိုင်ရှင်များက ပြောသည်။

ယခုလို ဆန်စက်များ ရပ်နားထားရသည့်အတွက် ဆန်စက်များကို မှီခိုနေကြရသည့် ဆန်ကြိတ်ခွဲခြင်း၊ စပါးသယ်ကြသည့် အလုပ်သမား အများစုသည် အလုပ်လက်မဲ့ ဖြစ်လာကြောင်း၊ စားဝတ်နေရေး အခက်အခဲ ရှိလာကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရန်ကုန်အတွင်းက ဆိုက်ကားများ ဘတ်ထရီတပ်ဆင်၍ မောင်းနှင်လာ

By CNI
CNI
Category: Watch TV
Hits: 771

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားငွေလဲကောင်တာများမှ ထိုင်းဘတ်နှင့် ဂျပန်ယန်း ဝယ်ယူသူ များပြား

By CNI
CNI
Category: Watch TV
Hits: 765

Share
Tweet
Share
Share
powered by social2s
ဘတ်ထရီ ဆိုက်ကားကို တွေ့ရစဉ်

ရန်ကုန်အတွင်းက ဆိုက်ကားများ ဘတ်ထရီတပ်ဆင်၍ မောင်းနှင်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 3720

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အနှေးယာဉ် ဆိုက်ကားများသည် ဘတ်ထရီများ တပ်ဆင်၍ ပြောင်းလဲ မောင်းနှင်လာကြသည်ကို တွေ့ရှိရသည်။

ဘတ်ထရီဖြင့် ပြောင်းလဲတပ်ဆင် မောင်းနှင်ခြင်းအားဖြင့် ခွန်အားသုံးစွဲရမှု သက်သာသည့်အပြင် ဝင်ငွေအားဖြင့် ပိုမိုရရှိလာ သည့်အတွက် ဘတ်ထရီများ တပ်ဆင်၍ အသုံးပြုလာကြခြင်းဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဘတ်ထရီဆိုက်ကား မောင်းနှင်သူ ကိုသန်းချိုက CNI သို့ ပြောသည်။

ကိုသန်းချိုက “ဘတ်ထရီ ဘီးကတော့ ကျနော်တို့ကတော့ သက်သာအောင်လို့ တပ်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကိုယ်က နေ့စဉ်နဲ့အမျှ နင်းနေရတော့ ကြာလာတော့ မနင်းနိုင်ဘူးပေါ့။ ဘတ်ထရီဘီးကို သက်သာအောင်လို့၊ မြန်ချင်လို့တော့ ကျနော်တို့က တပ်တာ မဟုတ်ဘူး သက်သာအောင်လို့။ နောက်ပြီးကျတော့ စီးပွားရေး ပမာဏကျတော့ နည်းနည်းပေါ့ ဆိုက်ကားနဲ့စာရင်တော့ ၂ ခေါက် ၃ ခေါက်လောက် မြန်တာပေါ့။ အခေါက်ရေမြန်တော့ ပိုက်ဆံပိုရတာပေါ့” ဟု ပြောသည်။

ဘတ်ထရီဆိုက်ကား ဆရာနဲ့ ရိုးရိုး ဆိုက်ကားဆရာတို့ကိုတွေ့ရစဉ်

ဆိုက်ကားများကို ဘတ်ထရီဘီး တပ်ဆင်သည့်အခါတွင် တစ်စီးလျှင် ယခင်က ၃ သိန်းကျပ်သာ ကုန်ကျသော်လည်း လက်ရှိ တွင် ၄ သိန်းမှ ၇ သိန်းအထိ ကုန်ကျကြောင်း သိရသည်။

ဘတ်ထရီ ဆိုက်ကားများကို ပြီးခဲ့သည့် ကိုဗစ်ဖြစ်သွားသည့် ကာလမှစတင်၍ တပ်ဆင်လာကြခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဘတ်ထရီ ဆိုက်ကားအစီးရေ မြောက်များစွာ ပေါ်ပေါက်လာနေပြီဖြစ်ကြောင်း၊ ဆိုက်ကားဂိတ် တစ်ဂိတ်လျှင် ၃ စီးအထိ ရှိကြ ကြောင်း သိရသည်။

သို့သော် တချို့ကတော့ ငွေကြေး မတတ်နိုင်သည့်အတွက် ဘတ်ထရီဆိုက်ကားအဖြစ် ပြောင်းလဲရန် အခက်အခဲ ရှိနေကြ ကြောင်း၊ ဘတ်ထရီဆိုက်ကားများ ပေါ်ပေါက်လာခြင်းကြောင့် ရိုးရိုးအနှေးယာဉ် ဆိုက်ကား အသုံးပြုသည့် ဆိုက်ကားသမား များအတွက် ဝင်ငွေပိုင်းဆိုင်ရာ အနည်းငယ် ထိခိုက်မှုရှိလာကြောင်း အနှေးယာဉ် ဆိုက်ကားဆရာ ဦးကျော်မြင့်က ပြောသည်။

ဦးကျော်မြင့်က “ဒီဟာတပ်တယ်ဆိုတာ ငွေရေးပေါ်မှာ မူတည်တယ်။ ဒီဟာတပ်တာက ပိုက်ဆံ ၆ ပြား ၁ ပဲနဲ့ တပ်လို့ရတာ မဟုတ်ဘူး။ ၄ - ၅ သိန်းလောက် ကုန်တာ။ အခုဆို ၇ သိန်းလောက် ကုန်တယ်။ အဲ ၇ သိန်းလောက်က အဘတို့မှာ အရင်းမရှိ ဘူး။ အရင်းမရှိတော့ ကိုယ့်ဟာကိုယ် နိုင်သလောက်လေးနဲ့ပဲ ကြည့်လုပ်နေရတာပေါ့။ အဘတို့က ၁ ခေါက်လောက်နင်းရင် သူတို့က ၃ ခေါက်လောက် နင်းလို့ရတယ်။ အဲဒါတွေ ကွာတာပေါ့။ အဲတော့ ခရီးသည်တွေ အနေနဲ့ကလည်း အမြန်ရောက် ချင်တော့ ဒါလေးနဲ့ပဲ အမြန်ခရီးပဲ စီးသွားကြတာပေါ့။ အဘတို့ကျတော့ လူကြီးပိုင်းလည်း ဖြစ်တယ်၊ နှေးတော့ သိပ်ပြီး မစီးချင်ကြဘူး” ဟု CNI သို့ ပြောသည်။

 ဘတ်ထရီ တပ်ထားတဲ့ ဆိုက်ကားကို တွေ့ရစဉ်

ဘတ်ထရီဆိုက်ကား အစီးရေသည် လက်ရှိတွင် အစီးရေ ၁၀၀ ကျော်နီးပါး ရှိလာပြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆိုက်ကားဂိတ် များ၊ ငမိုးရိပ်နှင့် စံပြဈေးဝန်းကျင်တွင် အများဆုံး တွေ့ရှိရသည်။

လက်ရှိတွင် အနှေးယာဉ် ဆိုက်ကားများကိုသာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်သတ်မှတ် ပေးထား ကြောင်း၊ ဘတ်ထရီ ဆိုက်ကားများကိုမူ လိုင်စင်ခွင့်ပြုပေးထားခြင်း မရှိကြောင်း သိရသည်။

သို့သော် အဆိုပါ ဘတ်ထရီ ဆိုက်ကားများသည် အနှေးယာဉ် ဆိုက်ကားများနည်းတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြခြင်းကြောင့် ဖမ်းဆီးအရေးယူ ခံရခြင်းမျိုး မရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35

Page 31 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar