CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်တချို့ ရပ်နားလာ

By CNI
CNI
Category: Watch TV
Hits: 581

Share
Tweet
Share
Share
powered by social2s
ဆန်စက်လုပ်သား တစ်ဦးကိုတွေ့ရစဉ်

ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်တချို့ ရပ်နားလာ

By CNI
CNI
Category: စီးပွားရေး
Hits: 2430

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်တချို့သည် ပြည်ပဆန်တင်ပို့မှု ရပ်နားလာခြင်းနှင့် သိုလှောင်ထားသည့် စပါးလက်ကျန် နည်းပါးနေခြင်းကြောင့် ဆန်စက်လည်ပတ်မှုများကို ခေတ္တရပ်နားလာကြကြောင်း သိရသည်။

စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ရာတွင် အရှုံးဖြစ်ပေါ်နေသည့်အတွက်ကြောင့်လည်း ဆန်စက်များက လည်ပတ်မှု ရပ်နားလာကြခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် စပါးဟောင်း ပြတ်တဲ့ ဆန်စက်တွေလည်း ရှိတာပေါ့။ စပါးကို လှောင်မထားနိုင်တဲ့ ဆန်စက်ကတော့ စပါး ကုန်သွားတဲ့အတွက် ထပ်မကြိတ်နိုင်ဘူး။ နောက်တစ်ခါ နယ်မှာ စပါး အတန်အရာ ရှိပေမယ့် စပါးဈေးနဲ့ ဆန်ဈေးနဲ့က ဝယ်ကြိတ်လို့ အဆင်မပြေဘူးလေ။ အခုချိန်မှာ စပါးထားနိုင်တဲ့လူကျတော့ လက်ရှိ ပထမတစ်ခါ ပေါက်သွားတဲ့ ဥပမာဆိုပါ တော့ အခြေခံပေါ့ အနိမ့်ဆုံး စပါးဈေးက ၉ သိန်းခွဲလောက် ဖြစ်သွားပြီးတော့မှ အခုဈေးက ဆန်ဈေး နည်းနည်းပြန်တက် သွားတဲ့ အချိန်မှာ ဒီမှာ သိုလှောင်ထားတဲ့သူတွေက ၉ သိန်းခွဲမရရင် မရောင်းဘူးလေ။ အဲလိုဖြစ်သွားတဲ့အတွက် ဆန်ဈေးနဲ့ ဒီဘက်က စပါးဈေးနဲ့က ဝယ်ကြိတ်ရင် ၉ သိန်းခွဲဈေးနဲ့ ဝယ်ကြိတ်မယ်ဆိုလို့ရှိရင် သူတို့ရတဲ့ ဆန်ဈေးနဲ့ဆိုရင်တော့ ရှုံးမှာလေ။ ဒါကြောင့်မို့လို့ သူတို့က ဆန်စက်ခဏ ရပ်တာပါ။ ဒါပေမယ့် ဆက်ပြီးတော့ ကိုယ့်ဆန်စက်နဲ့ကိုယ် လည်ပတ်နေတဲ့ ဆန်စက် တွေလည်း အများကြီးပါပဲ” ဟု ပြောသည်။

ဆန်စက်အမျိုးအစား ၂ မျိုးရှိကြောင်း၊ စပါးများကို မြောက်မြားစွာ ကိုယ်တိုင်ဝယ်ယူ၍ ကြိတ်ခွဲသည့် ဆန်စက်နှင့် ကုန်သည် များ၏ စပါးများကို ကြိတ်ခွဲပေးရသည့် ဆန်စက်ဟူ၍ ရှိကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်လာငွေကြေးနှုန်း ကွာဟချက်ကြောင့် ဆန်ကုန်သည်များ အရှုံးဖြင့် ရင်ဆိုင်နေရသည့်အတွက် ပြည်ပသို့ ဆန်တင်ပို့မှုကို ရပ်နားလာကြသည်။

ဧရာဝတီတိုင်းက ဆန်စက်တစ်ခုကိုတွေ့ရစဉ်

ထို့ကြောင့် ကုန်သည်များ၏ စပါးကြိတ်ခွဲမှုအပေါ် မှီခိုနေရသည့် ဆန်စက်များမှာ ပိုမိုရပ်နားလာရသည့် အခြေအနေ ဖြစ်နေ သည်ဟု ဦးသိန်းအောင်က ဆက်ပြောသည်။

၎င်းက “တချို့က ကုန်သည်က လာပြီးတော့ ကြိတ်တာကိုပဲ ကြိတ်နိုင်တဲ့ ဆန်စက်ရှိတယ်။ တချို့ ဆန်စက်တွေ ကျတော့ လည်းပဲ အဲဒီမှာ ဂိုဒေါင်ကြီးတွေ အများကြီး ထားတဲ့အတွက် ကုန်သည်တွေက အဲဒီမှာ စပါးကြိတ်ပြီးတော့ ထည့်ထားကြ တယ်။ ဆန်စက်တွေကလည်း အတန်ဝယ်တယ်။ အဲဒီလို ကိုယ့်ဂိုဒေါင်ထဲမှာ အရန်သင့်ရှိတဲ့ ဆန်စက်တွေ ကျတော့လည်း သူ့ဟာသူ သူ့စရိတ်နဲ့သူ ကြိတ်တာလည်း ရှိတာပေါ့။ နောက်တစ်ခါကျတော့ လုံးဝ မဝယ်နိုင်ဘဲနဲ့ ကုန်သည်က လာကြိတ်မှပဲ ကြိတ်နိုင်တဲ့ ဆန်စက်မျိုးတွေကျတော့ အခုချိန်မှာ ကုန်သည်မကိုက်တဲ့အတွက် သူတို့ ကြိတ်စရာ မရှိတာပေါ့” ဟု CNI သို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ဘိုကလေး စသည့်မြို့နယ်များတွင် ဆန်စက်များ အများဆုံးရှိပြီး ပြည်ပသို့ ဆန်တင်ပို့ရန် ဆန်အများဆုံး ထုတ်လုပ်ပေးသည်။

သို့သော် လက်ရှိမှာတော့ ပုသိမ်၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင်နှင့် ဘိုကလေး မြို့နယ်များမှ ဆန်စက်များ အပါအဝင် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးနီးပါးတွင် ဆန်စက်များ ရပ်နားလာကြကြောင်း သိရသည်။

ထို့နောက် ဆန်စက်များသည် လျှပ်စစ်မီးဖြင့် လည်ပတ်နေရသော်လည်း လက်ရှိတွင် လျှပ်စစ်မီးရရှိမှု အခက်အခဲ ဖြစ်နေသည့် အတွက် ဟင်္သာတမြို့နယ် အတွင်းရှိ ဆန်စက်များ အားလုံးနီးပါး ရပ်နားနေရသည့် အခြေအနေ ဖြစ်နေကြောင်း ဆန်စက် လုပ်ငန်းရှင် ကိုဒီပက CNI သို့ ပြောသည်။

ဆန်ဂိုဒေါင်တစ်ခုကိုတွေ့ရစဉ်

ကိုဒီပက “ဟင်္သာတမှာ စပါးကလည်း ပြတ်သွားပြီ။ မီးကလည်း မလာဘူး။ ရေတင်ဖို့တောင် မီးအခက်အခဲ ဖြစ်နေတယ်။ လာမယ့် ရာသီကတော့ စပါးကတော့ ကြိတ်ဖို့ မလွယ်ဘူး။ ဝယ်ဖို့လည်း မလွယ်ဘူး။ အခုလို မီးမလာရင် မီးအားကိုးပြီး လုပ်နေရတာ မီးမလာရင် လုပ်ငန်းလုပ်နိုင်မှာ မဟုတ်ဘူး။ နောက်တစ်ချက် လယ်ယာထွက်ကုန် ကောက်ပဲ သီးနှံအားလုံးကို ငွေကြေး ၁၈၅၀ နဲ့ သတ်မှတ်ပေးထားတယ်။ အဲတော့ ပဲတစ်အိတ်ကို ၁ သောင်းကျော်ဟတယ်။ ဆန်ဈေးလည်း ဟနေတယ်။ အကုန်လုံးက ဟနေတယ်။ သွင်းအားစုစရိတ်ကျတော့ လက်ရှိပေါက်ဈေး ဒေါ်လာဈေး ၂၆၀၀ နဲ့ သွင်းရတယ်။ နိုင်ငံတော်က ၁၈၅၀ နဲ့ ဖြတ်ထားတဲ့အတွက် လုပ်ရတာ တော်တော် အခက်အခဲ ဖြစ်တယ်။ တောင်သူတွေဘဝက နင်းပြားပါပဲ။ စပါးပေါ်ချိန် မှာ အဲလိုမှ မီးမလာရင် ဘယ်စက်မှ စပါးဝယ်နိုင်မှာ မဟုတ်ဘူး။ မီးမှမလာရင် အချိန်တန်ရင် ဆန်ဝါရင် လျော်ရမှာလေ။ စပါး အစိုဝယ်လို့ ကိုယ့်ဘက်က ခြောက်အောင် မလုပ်နိုင်ရင် မနိုင်မနင်း မလုပ်နိုင်ရင် ဆန်ဝါဖောက်သွားရင် လျော်ရမှာ။ အဲကြောင့် လာမယ့်ရာသီမှာ တော်တော်စဉ်းစားရတော့မယ်” ဟု ပြောသည်။

ဟင်္သာတမြို့နယ်တွင် ဆန်စက် အလုံးရေ ၇၀ ဝန်းကျင်ရှိကြောင်း၊ ထိုဆန်စက်များသည် လက်ရှိတွင် လျှပ်စစ်မီးကို အချိန် ပြည့်ရရှိမှု မရှိဘဲ ည ၁ နာရီမှ ၃ နာရီအထိသာ ရရှိကြောင်း၊ လာမည့် စပါးပေါ်ချိန်တွင် လျှပ်စစ်မီး အချိန်မှန် မရရှိပါက ဆက်လက် ရပ်နားထားရနိုင်သည်ဟု ဆန်စက်ပိုင်ရှင်များက ပြောသည်။

ယခုလို ဆန်စက်များ ရပ်နားထားရသည့်အတွက် ဆန်စက်များကို မှီခိုနေကြရသည့် ဆန်ကြိတ်ခွဲခြင်း၊ စပါးသယ်ကြသည့် အလုပ်သမား အများစုသည် အလုပ်လက်မဲ့ ဖြစ်လာကြောင်း၊ စားဝတ်နေရေး အခက်အခဲ ရှိလာကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရန်ကုန်အတွင်းက ဆိုက်ကားများ ဘတ်ထရီတပ်ဆင်၍ မောင်းနှင်လာ

By CNI
CNI
Category: Watch TV
Hits: 594

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားငွေလဲကောင်တာများမှ ထိုင်းဘတ်နှင့် ဂျပန်ယန်း ဝယ်ယူသူ များပြား

By CNI
CNI
Category: Watch TV
Hits: 568

Share
Tweet
Share
Share
powered by social2s
ဘတ်ထရီ ဆိုက်ကားကို တွေ့ရစဉ်

ရန်ကုန်အတွင်းက ဆိုက်ကားများ ဘတ်ထရီတပ်ဆင်၍ မောင်းနှင်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 3082

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အနှေးယာဉ် ဆိုက်ကားများသည် ဘတ်ထရီများ တပ်ဆင်၍ ပြောင်းလဲ မောင်းနှင်လာကြသည်ကို တွေ့ရှိရသည်။

ဘတ်ထရီဖြင့် ပြောင်းလဲတပ်ဆင် မောင်းနှင်ခြင်းအားဖြင့် ခွန်အားသုံးစွဲရမှု သက်သာသည့်အပြင် ဝင်ငွေအားဖြင့် ပိုမိုရရှိလာ သည့်အတွက် ဘတ်ထရီများ တပ်ဆင်၍ အသုံးပြုလာကြခြင်းဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဘတ်ထရီဆိုက်ကား မောင်းနှင်သူ ကိုသန်းချိုက CNI သို့ ပြောသည်။

ကိုသန်းချိုက “ဘတ်ထရီ ဘီးကတော့ ကျနော်တို့ကတော့ သက်သာအောင်လို့ တပ်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကိုယ်က နေ့စဉ်နဲ့အမျှ နင်းနေရတော့ ကြာလာတော့ မနင်းနိုင်ဘူးပေါ့။ ဘတ်ထရီဘီးကို သက်သာအောင်လို့၊ မြန်ချင်လို့တော့ ကျနော်တို့က တပ်တာ မဟုတ်ဘူး သက်သာအောင်လို့။ နောက်ပြီးကျတော့ စီးပွားရေး ပမာဏကျတော့ နည်းနည်းပေါ့ ဆိုက်ကားနဲ့စာရင်တော့ ၂ ခေါက် ၃ ခေါက်လောက် မြန်တာပေါ့။ အခေါက်ရေမြန်တော့ ပိုက်ဆံပိုရတာပေါ့” ဟု ပြောသည်။

ဘတ်ထရီဆိုက်ကား ဆရာနဲ့ ရိုးရိုး ဆိုက်ကားဆရာတို့ကိုတွေ့ရစဉ်

ဆိုက်ကားများကို ဘတ်ထရီဘီး တပ်ဆင်သည့်အခါတွင် တစ်စီးလျှင် ယခင်က ၃ သိန်းကျပ်သာ ကုန်ကျသော်လည်း လက်ရှိ တွင် ၄ သိန်းမှ ၇ သိန်းအထိ ကုန်ကျကြောင်း သိရသည်။

ဘတ်ထရီ ဆိုက်ကားများကို ပြီးခဲ့သည့် ကိုဗစ်ဖြစ်သွားသည့် ကာလမှစတင်၍ တပ်ဆင်လာကြခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဘတ်ထရီ ဆိုက်ကားအစီးရေ မြောက်များစွာ ပေါ်ပေါက်လာနေပြီဖြစ်ကြောင်း၊ ဆိုက်ကားဂိတ် တစ်ဂိတ်လျှင် ၃ စီးအထိ ရှိကြ ကြောင်း သိရသည်။

သို့သော် တချို့ကတော့ ငွေကြေး မတတ်နိုင်သည့်အတွက် ဘတ်ထရီဆိုက်ကားအဖြစ် ပြောင်းလဲရန် အခက်အခဲ ရှိနေကြ ကြောင်း၊ ဘတ်ထရီဆိုက်ကားများ ပေါ်ပေါက်လာခြင်းကြောင့် ရိုးရိုးအနှေးယာဉ် ဆိုက်ကား အသုံးပြုသည့် ဆိုက်ကားသမား များအတွက် ဝင်ငွေပိုင်းဆိုင်ရာ အနည်းငယ် ထိခိုက်မှုရှိလာကြောင်း အနှေးယာဉ် ဆိုက်ကားဆရာ ဦးကျော်မြင့်က ပြောသည်။

ဦးကျော်မြင့်က “ဒီဟာတပ်တယ်ဆိုတာ ငွေရေးပေါ်မှာ မူတည်တယ်။ ဒီဟာတပ်တာက ပိုက်ဆံ ၆ ပြား ၁ ပဲနဲ့ တပ်လို့ရတာ မဟုတ်ဘူး။ ၄ - ၅ သိန်းလောက် ကုန်တာ။ အခုဆို ၇ သိန်းလောက် ကုန်တယ်။ အဲ ၇ သိန်းလောက်က အဘတို့မှာ အရင်းမရှိ ဘူး။ အရင်းမရှိတော့ ကိုယ့်ဟာကိုယ် နိုင်သလောက်လေးနဲ့ပဲ ကြည့်လုပ်နေရတာပေါ့။ အဘတို့က ၁ ခေါက်လောက်နင်းရင် သူတို့က ၃ ခေါက်လောက် နင်းလို့ရတယ်။ အဲဒါတွေ ကွာတာပေါ့။ အဲတော့ ခရီးသည်တွေ အနေနဲ့ကလည်း အမြန်ရောက် ချင်တော့ ဒါလေးနဲ့ပဲ အမြန်ခရီးပဲ စီးသွားကြတာပေါ့။ အဘတို့ကျတော့ လူကြီးပိုင်းလည်း ဖြစ်တယ်၊ နှေးတော့ သိပ်ပြီး မစီးချင်ကြဘူး” ဟု CNI သို့ ပြောသည်။

 ဘတ်ထရီ တပ်ထားတဲ့ ဆိုက်ကားကို တွေ့ရစဉ်

ဘတ်ထရီဆိုက်ကား အစီးရေသည် လက်ရှိတွင် အစီးရေ ၁၀၀ ကျော်နီးပါး ရှိလာပြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆိုက်ကားဂိတ် များ၊ ငမိုးရိပ်နှင့် စံပြဈေးဝန်းကျင်တွင် အများဆုံး တွေ့ရှိရသည်။

လက်ရှိတွင် အနှေးယာဉ် ဆိုက်ကားများကိုသာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်သတ်မှတ် ပေးထား ကြောင်း၊ ဘတ်ထရီ ဆိုက်ကားများကိုမူ လိုင်စင်ခွင့်ပြုပေးထားခြင်း မရှိကြောင်း သိရသည်။

သို့သော် အဆိုပါ ဘတ်ထရီ ဆိုက်ကားများသည် အနှေးယာဉ် ဆိုက်ကားများနည်းတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြခြင်းကြောင့် ဖမ်းဆီးအရေးယူ ခံရခြင်းမျိုး မရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
နိုင်ငံခြားသုံးငွေ ဒေါ်လာနှင့် မြန်မာကျပ်ငွေကိုတွေ့ရစဉ်

နိုင်ငံခြားငွေလဲကောင်တာများမှ ထိုင်းဘတ်နှင့် ဂျပန်ယန်း ဝယ်ယူသူ များပြား

By CNI
CNI
Category: စီးပွားရေး
Hits: 1825

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲကောင်တာ(Money Exchange) များတွင် ထိုင်းဘတ်နှင့် ဂျပန်ယန်းတို့ကို ဝယ်ယူမှု ပိုမိုများပြားနေကြောင်း နိုင်ငံခြားငွေလဲကောင်တာများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဝယ်ယူသူများသည် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ကျောင်းသွားတက်မည့် သူများသာဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ခိုင်(အမည်လွှဲ) နိုင်ငံခြားငွေလဲကောင်တာက “ထိုင်းဘတ်ဝယ်တဲ့လူ များလာတယ်ပေါ့။ အခုလောလောဆယ် ရက်ပိုင်းကတော့ ဂျပန်သွားမယ့်သူတွေရှိတဲ့အတွက်ကြောင့်မို့လို့ ဂျပန်ယန်း ဝယ်တဲ့လူတွေရှိတယ်။ နိုင်ငံခြား သွားမယ့်သူ၊ အလုပ်လုပ်ကိုင်မယ့် ကလေးတွေပေါ့နော် သူတို့တွေဝယ်တာများပါတယ်။ တခြား currency ကျတော့ နိုင်ငံခြားလမ်းကြောင်း သိပ်မရှိတဲ့အခါကျတော့ မလေးတို့ ဘာတို့က အရောင်းအဝယ်သိပ်မရှိပါဘူး။ ညီမတို့က လက်လီရောင်းတာဆိုတော့ တစ်သောင်း၊ နှစ်သောင်း အဲဒီလိုမျိုးလေးတွေပေါ့။ ဘတ်တစ်သောင်းတို့။ တစ်ဦးကို အဲဒီလိုမျိုးလေးတွေပေါ့ amount အများကြီးတော့ မဟုတ်ဘူး။ ဒေါ်လာကတော့ ခါတိုင်းတွေထက် စာရင် အရမ်းအရောင်းအဝယ် နည်းသွားတာပေါ့။ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ဆိုတော့ သိပ်ပြီးတော့ အရောင်းအဝယ်မရှိပါဘူး။ မရှိသ‌လောက်ကို နည်းပါးပါတယ်”ဟု ၎င်းကပြောသည်။

ဒေါ်လာများကို နိုင်ငံခြားငွေလဲကောင်တာများသို့ လာရောက်ရောင်းချသည့်အခါတွင် ဗဟိုဘဏ်မှ သတ်မှတ် ထားသည့် ၁၈၅၀ ကျပ်ဖြင့်သာ ဝယ်ယူရသည့်အတွက် ရောင်းချသူ နည်းပါးသည်ဟုလည်း ၎င်းက ဆက်ပြော သည်။
ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေနှုန်းထားများကို သတ်မှတ်ပေးထားသော်လည်း လက်ရှိပြင်ပတွင် အရောင်းအဝယ် ပြုလုပ်နေသည့်ဈေးမှာ မြင့်တက်နေသည့်အပြင် ဈေးမတည်ငြိမ်ဘဲ အချိန်နှင့်အမျှ ပြောင်းလဲနေကာ ယနေ့(ဇူလိုင် ၂၉ရက်)၏ ပြင်ပပေါက်ဈေးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၂၅၀၀ ကျပ်အထိရှိနေသည်။

နိုင်ငံခြားသုံးငွေ ဒေါ်လာနှင့် မြန်မာကျပ်ငွေကိုတွေ့ရစဉ်

မြတ်(အမည်လွှဲ) နိုင်ငံခြားငွေလဲကောင်တာက “အဲဒါကတော့ အပြင်ရဲ့ ဈေးကွက်နေမှာပေါ့နော်။ အမတို့ ဗဟိုဘဏ်ဈေးနဲ့ဟာကို လာရောင်းတဲ့လူရှိရင် အမတို့ ဝယ်ပေးတယ်။ ပြီးရင် အမတို့လက်ထဲမှာ ပစ္စည်းရှိရင် ပြန်ရောင်းပေးလိုက်တယ်။ မရှိဘူးဆိုရင်တော့ မရှိတဲ့အကြောင်းကို ဧည့်သည်ကို သေချာပြောပေးလိုက်တယ်။ ဒီဈေးနဲ့ကလေ အရောင်းအဝယ်လုပ်တဲ့လူက တော်တော်နည်းတယ်။ နည်းတယ်ဆိုတော့ လာရောင်းတဲ့ လူရှိရင် တော့ အမတို့က အကုန်ပြန်ရောင်းပေးတယ်။ အရင်ထက်စာရင်တော့ နည်းသွားတာပေါ့။ အလုပ်တော့ ပါးသွား တာပေါ့”ဟု ပြောသည်။

ယခုရက်ပိုင်းတွင် နိုင်ငံခြားငွေလဲ ကောင်တာများသို့ ဒေါ်လာ လာရောက်ရောင်းချရာတွင် တစ်ရက်လျှင် ပျမ်းမျှ အားဖြင့် ဒေါ်လာ တစ်ထောင်ခန့်သာရှိပြီး ထိုသို့ လာရောက်ရောင်းချသူ နည်းပါးမှုကြောင့် လက်ရှိ နိုင်ငံခြားငွေလဲ ကောင်တာများတွင် အရောင်းအဝယ် အေးနေကြောင်းနှင့် အချို့ နိုင်ငံခြားငွေလဲကောင်တာများတွင် ရောင်းချရန် နိုင်ငံခြားငွေ မရှိသဖြင့် ရပ်နားထားရကြောင်း သိရသည်။

အေး(အမည်လွှဲ) နိုင်ငံခြားငွေလဲကောင်တာက“ခဏရပ်ထားတယ်။ ဈေးတွေက မငြိမ်လို့။ အခုဗဟိုဘဏ်ဈေးနဲ့ ကိုလည်း အရောင်းအဝယ် လူတွေက လာမလုပ်ကြဘူး။ အဲဒါကြောင့်မို့လို့။ ပြီးတော့ ညီမတို့ဆီမှာ stock လည်း မရှိလို့ပါ။ လူတွေကလာပြီး အရောင်းအဝယ်မလုပ်ကြတော့ ညီမလေးတို့ဆီမှာ ဝယ်၊ ရောင်းတွေက မရှိဘူးဖြစ်နေ တာ။ ညီမတို့က ဗဟိုဘဏ်ဈေးနဲ့ဝယ်ပေးလို့ပဲရတယ်။ အပြင်ဈေးတွေမရှိတာဖြစ်တဲ့အတွက်ကိုလေ။ လူတွေက လည်း ဗဟိုဘဏ်ဈေးကိုကျတော့ နည်းတော့ လာမရောင်းကြတာ” ဟု ပြောသည်။

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းကာ နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်နေသဖြင့် ဒေါ်လာ၊ ဘတ်၊ ယွမ် စသည်တို့ဖြင့် ဝယ်ယူရသည့် ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းလိုက်ပါမြင့်တက်လျက်ရှိသည်။

ဒါ့အပြင် ပြည်ပထွက်၍ အလုပ်လုပ်ကိုင်မည့်သူများသည် ယခင်ကထက် ကုန်ကျစရိတ် ပိုမိုများပြား လာကြကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရားမဝင် လုပ်သားပြဿနာဖြေရှင်းရန် မြန်မာလုပ်သားများကို ထိုင်းက ခေါ်ယူမည်

By CNI
CNI
Category: Watch TV
Hits: 570

Share
Tweet
Share
Share
powered by social2s

ကုန်စည်စီးဆင်းမှု နှောင့်နှေး၍ ရခိုင်တွင် ကုန်ဈေးနှုန်း မြင့်တက်လာ

By CNI
CNI
Category: Watch TV
Hits: 601

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်း သွားလာလှုပ်ရှားနေကြသူများကို တွေ့ရစဉ်

ကုန်စည်စီးဆင်းမှု နှောင့်နှေး၍ ရခိုင်တွင် ကုန်ဈေးနှုန်း မြင့်တက်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 2153

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံပြည်မဖက်မှ ရခိုင်ပြည်နယ်သို့ ကုန်စည်ပို့ဆောင်ရာ၌ စစ်ဆေးရေးဂိတ် များတွင်တင်းကြပ်စွာစစ်ဆေးခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးသွား၍ ကုန်ဈေးနှုန်း မြင့်တက်လာနေကြောင်း ရခိုင်ပြည်နယ်ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အဝင် အမ်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွင် ယခင်ကထက် စစ်ဆေးနေမှု တင်းကြပ်လာ နေပြီး ကုန်တင်ကားများအနေဖြင့် ယင်းဂိတ်တွင် ၃ ရက်မှ ၁ ပတ်အထိ စောင့်ဆိုင်းနေရခြင်းကြောင့် ကုန်စည်များ ရောက်ရှိမည့်အချိန် ရောက်မလာဘဲ ကုန်ဈေးနှုန်းများ မြင့်တက်လာသည်ဟု ကျောက် တော်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

“ပြည်မဘက်ကနေ ကျနော်တို့ ရခိုင်ဘက်ကိုယူလာတဲ့ ကုန်စည်တွေက ဒီမှာ အမ်းဂိတ်မှာ တော်တော်ကို စစ်ဆေးရေး တင်းကြပ်တဲ့အတွက်ကြောင့် ကြန့်ကြာမှုတွေ ရှိတယ်။ ကြန့်ကြာမှုတွေရှိတဲ့အတွက်ကြောင့် လည်း ကျနော်တို့ဆီကို ရောက်လာတဲ့အခါမှာ ကုန်ပစ္စည်းတွေ ဈေးတက်တာရှိတယ်။ ဘာကုန် ဘာ ပစ္စည်းပဲဖြစ်ဖြစ် နယ်လုံလက်မှတ်ပါပြီးမှ သယ်ရတယ်။ နယ်လုံလက်မှတ် ယူရတာလည်း တော်တော် ခက်ခဲတယ်။ နောက်ပြီးတော့ နယ်လုံလက်မှတ်ပါရင် လည်းပဲ ဒီလို စစ်ဆေးရေးတွေ တော်တော် တင်းတင်းကြပ်ကြပ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကုန်ပစ္စည်းတွေဟာ မကြာသင့်ဘဲနဲ့ အများကြီး ကြာတယ်” ဟု ၎င်းက ပြောသည်။

ကုန်စည်စီးဆင်းမှု ကြန့်ကြာနေသည့်အတွက် တချို့သော ကုန်ပစ္စည်းများသည် မကြာခဏ ပြတ်လပ်မှု များဖြင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ဒါ့အပြင် ကုန်ကားများဖြင့် ကုန်စည်သယ်ဆောင်ရာတွင် စစ်ဆေးရေး တင်းကြပ်လာသည့်အတွက် ကုန်စည်များကို သင်္ဘောဖြင့် ပြောင်းလဲသယ်ဆောင်လာကြပြီး ၎င်းမှာလည်း အလားတူ စီးဆင်းမှု နှောင့်နှေးကြန့်ကြာခြင်းနှင့် ကြုံတွေ့ရသည်ဟု ကျောက်တော်မြို့ရှိ လေးဝတီအိမ်ဆောက်ပစ္စည်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 ရခိုင်ပြည်နယ်တွင်းရှိ စစ်ရေးဂိတ်တစ်ခုတွင် ကုန်တင်ကားများနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးနေစဉ်

“လောလောဆယ်က ကျမတို့က ရေကြောင်းနဲ့သယ်တယ်။ ရေကြောင်းနဲ့သယ်တော့ ရန်ကုန်ကနေ ရေကြောင်းနဲ့ စစ်တွေကနေ ကျမတို့ ဒီကို ကားနဲ့သယ်တယ်။ အဲလိုဆိုတော့ ကုန်စည်စီးဆင်းမှုက နှေးကွေးသွားတာပေါ့။ အခက်အခဲတွေများတော့လေ။ အကုန်လုံးနေရာက အစစ်အဆေးတွေ များ နေတယ်။ အခုဆိုရင် မြို့ဝင် ဂျတ်အထွက်မှာတောင်မှ စစ်ဆေးနေကြတယ် အခုက။ ကုန်ကားတွေက အသွားတွေက တစ်ရက်မှာ ကုန်ကား ၅၀ သွားတယ်ဆိုပါစို့။ အခုကတော့ ၁၀ စီးလောက်သွားတာ မြင်ရတယ်။ ကျမတို့ အာရှလမ်းပေါ်မှာတော့လေ။ ဘယ်လိုကြောင့်မျိုးနဲ့ ကုန်ကားတွ နှေးသွားလဲတော့ မသိဘူး” ဟု ၎င်းကပြောသည်။

ဒါ့အပြင် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌လည်း မှတ်ပုံတင်များကို စစ်ဆေးမှုများ လုပ်ဆောင်နေပြီး မြို့နယ်တစ်ခုမှ တစ်ခုသို့ သွားရာတွင်လည်း စစ်ဆေးရေး တင်းကြပ်လာသည်ဟု သိရသည်။

ကုန်စည်သယ်ဆောင်ရာတွင် ယခင်က ဓာတ်မြေဩဇာ၊ ဘိလပ်မြေနှင့် တချို့သော ကုန်စည်တို့ကိုသာ သယ်ဆောင်ခွင့် ကန့်သတ်ထားပြီး လက်ရှိတွင် လျှပ်စစ်ပစ္စည်း၊ ဆေးဝါးများကို သယ်ဆောင်ရာတွင် နယ်လုံဝန်ကြီး၏ ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသယ်ဆောင်ခွင့်ရရှိသည်ဟု ရွှေပြည်သစ် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးမှ ဦးကိုမိုးက CNI သို့ ပြောသည်။

“ကားလမ်းတွေက မကောင်း၊ ကားလမ်းတွေက မောင်းလို့မရ။ ၆ နာရီဆို လမ်းက ပိတ်ထားပြီ။ အဲလို ၁ ရက်လောက် ကြာရမယ့်နေရာက ၂ ရက် ၃ ရက်လောက် ကြာသွားတယ်။ စစ်ဆေးရေးတွေရှိတော့ ကုန်စည်က ရှားတော့ ရှားသွားတယ်လေ။ ရေခဲသေတ္တာတို့၊ ဝါယာကြိုးတို့၊ ဆေးပစ္စည်းတွေဆိုလို့ရှိရင် နယ်လုံ (လက်မှတ်) မပါရင် ကားမှာ မသယ်ရဘူး အဲလို။ သူတို့ နယ်လုံ (လက်မှတ်) တောင်းတာက တစ်မျိုး။ လျှပ်စစ်ပစ္စည်းဆိုလည်း ဒါလေးတစ်ခုပါရင်လည်း နယ်လုံ (လက်မှတ်)တောင်းတယ်။ နယ်လုံ (လက်မှတ်) မပါဘူးဆိုရင် ကားတွေကို ဖြတ်ခွင့်မပေးဘူး။ ကားတွေကို အဲဒီမှာ ရပ်ထားတယ်။ အကြာကြီး ရပ်ထားတယ်။ ပြီးရင် ဘာမှလည်းမဟုတ် ပိုက်ဆံပေးရင် လွတ်လာတာပဲ” ဟု ပြောသည်။။

ရခိုင်ပြည်နယ်တွင်း၌ စစ်ဆေးရေး တင်းကြပ်ပြီး ကုန်စည်စီးဆင်းမှု ကြန့်ကြာနေသည့်အတွက် တချို့ သော ကုန်စည်များသည် ပျက်စီးမှုများနှင့် ကြုံတွေ့နေရပြီး ပုပ်သိုးမှုများလည်း ဖြစ်ပေါ်နေသည့်အတွက် ဒေသတွင်းတောင်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိသည်ဟု သိရသည်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းကိုလည်း အသွားအလာ ကန့်သတ်ထားသည့်အတွက် မောင်တောမြောက်ပိုင်းတွင် ကုန်စည်စီးဆင်းမှု အခက်အခဲ ဖြစ်နေကာ ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကြောင်း၊ တချို့သော ကုန်စည်များသည်လည်း ဝယ်ယူ၍ မရသည့် အနေအထား ရောက်ရှိနေသည်ဟု မောင်တောမြောက်ပိုင်းဒေသခံများထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းရောက် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

တရားမဝင် လုပ်သားပြဿနာဖြေရှင်းရန် မြန်မာလုပ်သားများကို ထိုင်းက ခေါ်ယူမည်

By CNI
CNI
Category: စီးပွားရေး
Hits: 1314

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ထိုင်းအာဏာပိုင်များက လုပ်သားလိုအပ်ချက်နှင့် တရားမဝင် လုပ်သား ဝင်ရောက်မှုအား ဖြေရှင်းနိုင်ရန်အတွက် အလုပ်သမားများ ခေါ်ယူရန်ရှိသည့်အတွက် မြန်မာလုပ်သားများကို စေလွှတ်သွားမည် ဖြစ်ကြောင်း မြန်မာအလုပ် သမားအရေး ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ၏ လုပ်သားလိုအပ်ချက်မှာ လူဦးရေ ၅ သိန်းဖြစ်ကြောင်း၊ မြန်မာ- လာအို- ကမ္ဘောဒီးယား- ဗီယက်နမ်တို့မှ လုပ်သားများအား ခေါ်ယူမည်ဖြစ်ကြောင်း၊ ထိုအထဲတွင် မြန်မာလုပ်သားကို အများဆုံး ခေါ်ယူမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာလုပ်သားများကို စေလွှတ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ထိုသို့ ထိုင်းနိုင်ငံက လုပ်သားခေါ်ယူရာတွင် လက်ရှိခေါ်ယူနေသည့် MOU စနစ် အပါအဝင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် (Border pass)နှင့် ထိုင်းရှိ တရားမဝင် လုပ်သားများအား ယာယီ အလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်) ထုတ်ပေး ခြင်းတို့ဖြင့် လုပ်သားလိုအပ်ချက်ကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သို့ ပြော သည်။

ဦးမင်းဦးက “သူတို့က အတည်ပြု လိုက်တာ မှန်တယ်။ ဒါပေမယ့် အစည်းအဝေး ဆုံးဖြတ်ချက်က အတည်ပြုလိုက်ပြီးရင် သူက ထုတ်ပြန်ချက်ဆိုတာ သက်သက်ထပ်ပြီးတော့ ထုတ်ရတယ်လေ။ ဘယ်နေ့ ဘယ်ရက်က အတည်ပြုချက်ကို သဘော တူပြီးတော့ စတင် လုပ်ဆောင်လို့ ရပြီဆိုတဲ့ အဲဒါက အခုထွက်မလာသေးဘူး။ သူတို့က ဒီမှာ ဇောင်းပေးပြီး ပြောတာတော့ တရားဝင် MOU နဲ့ခေါ်မယ့်ဟာကို ဇောင်းပေးပြီး ပြောတာပေါ့။ အဲဒီတော့ တရားဝင် MOU တစ်သုတ်ပြီးတဲ့ အခါကျတော့ နယ်စပ် ၁၀ ပြည်နယ် ရှိတာပေါ့။ အဲဒီမှာဆိုရင် ပုဒ်မ ၆၄ အရ Border pass တွေကိုင်ပြီးတော့ ဒီဘက် အခြမ်းမှာလာပြီး အလုပ်လုပ်လို့ ရတယ်။ ဒါပေမယ့် ကျနော်တို့ ရိုးရိုးပဲ စဉ်းစားကြည့် ဒါကဘယ်လိုမှ လိုအပ်တဲ့ ၅ သိန်းကိုရဖို့ မဖြစ်နိုင်ဘူး။ အခုကျနော်တို့ တင်သွင်းတာတောင်မှ သောင်းကဏန်းပဲ ရှိသေးတယ်။ မြန်မာပြည်ကနေ တင်သွင်းတဲ့ ဟာတွေလေ။ ဆိုတော့ ဒီမှာရှိတဲ့ တရားမဝင် အလုပ်သမားအုပ်စုကို မှတ်ပုံတင်ပေးတဲ့ ဟာကပဲ ပိုပြီးတော့ ထိရောက်မှု များလိမ့်မယ်”ဟု ပြောသည်။

ထိုင်းက ထုတ်ပေးတဲ့ ဘတ်ပန်းရောင်ကတ် (KIC)

အဆိုပါ ဘတ်ပန်းရောင်ကတ် လုပ်ပေးခြင်းသည် ရှားပါးကြောင်း၊ ထိုကတ် ကိုင်ဆောင်ထားပါက ထိုင်းအစိုးရမှ သတ်မှတ် ထားသည့် အလုပ်သမားအခွင့်အရေး ပြည့်ပြည့်ဝဝ ရမည်ဖြစ်သည့်အတွက် တရားမဝင် လုပ်ကိုင်နေသည့် လုပ်သားများ အနေဖြင့် ၎င်းကတ်အား လုပ်ဆောင်ထားသင့်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သို့ ပြောသည်။

ဦးထူးချစ်က “ပြည်နယ်တော့မတူဘူး၊ ဒီမှာ အခြေခံလစာက ၃၂၀ ကနေ စတယ်။ ၃၂၀၊ ၃၃၀၊ ၃၄၀ ပေါ့။ ကိုယ်လုပ်တဲ့ အပေါ် မှာနဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းအပေါ်မှာ မတူဘဲနဲ့။ နောက်တစ်ခုက ပိုအရေးကြီးတာက ထိုင်းနိုင်ငံမှာ အလုပ်သမားတွေအတွက် လူမှုဖူလုံရေး ရန်ပုံငွေပေါ့။ အဲဒီအကျိုးခံစားခွင့်ပေါ့။ အဲဒါပြည့်ပြည့်ဝဝ ခံစားရမယ်။ နောက်ပိုင်းတွေကျ ကိုယ်လက်ရှိလုပ်နေ တဲ့ အလုပ်က အဆင်မပြေဘူးဆိုရင် သူဌေးအပြောင်းအလဲတို့၊ လုပ်ငန်းတွေ အပြောင်းအလဲတို့ လုပ်လို့ရတဲ့ အနေအထားပေါ့။ တရားဝင် အလုပ်သမား တစ်ယောက်ရဲ့ အခွင့်အရေးတွေ အကုန်ရမယ်။ ဒီပန်းရောင်ကတ် လုပ်ထားတာက MOU လာလုပ်တဲ့ အလုပ်သမားတွေနဲ့လည်း အခွင့်အရေးက အတူတူပါပဲ”ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ မြန်မာ အပါအဝင် ရွှေ့ပြောင်းလုပ်သား ၁(တစ်)သန်းကျော်အား တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပြုမည့် အထဲတွင် ယခု ဘတ်ပန်းရောင်ကတ် ထုတ်ပေးမည့် အလုပ်သမားများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထိုသူများသည် တစ်နှစ်တစ်ကြိမ်နှုန်းဖြင့် သက်တမ်းတိုး ရမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြားငွေ ဈေးတက်သဖြင့် ပြည်ပထွက်လုပ်မည့်သူများ ကုန်ကျစရိတ် ပိုမိုကုန်ကျ

By CNI
CNI
Category: Watch TV
Hits: 575

Share
Tweet
Share
Share
powered by social2s

ယူကရိန်းက အမေရိကန်သို့ ဓာတ်ငွေ့တောင်းမည်

By CNI
CNI
Category: Watch TV
Hits: 561

Share
Tweet
Share
Share
powered by social2s

စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း ရန်ကုန်မြို့တွင် ဖော်ဆောင်မည်

By CNI
CNI
Category: Watch TV
Hits: 540

Share
Tweet
Share
Share
powered by social2s
တောင်ကြီးမြို့အေးသာယာရှိ စပျစ်ခြံကို တွေ့ရစဉ်

စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း ရန်ကုန်မြို့တွင် ဖော်ဆောင်မည်

By CNI
CNI
Category: စီးပွားရေး
Hits: 1741

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး အနီးအနားရှိ မြို့နယ်များတွင် စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းများကို လာမယ့် ပွင့်လင်းရာသီအတွင်း လုပ်ဆောင်ရန်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ တွံတေး၊ ကော့မှူး၊ သန်လျင်၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်များရှိ စပါးစိုက်ခင်းများ အပါ အဝင် အော်ဂဲနစ် အခြေခံစိုက်ပျိုးသည့်စိုက်ခင်းများကို အသုံးပြု၍ ခရီးသွားလုပ်ငန်းတစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

"စိုက်ပျိုးရေးအခြေခံဆိုတော့ အဓိက တွံတေးတို့၊ ကော့မှူးတို့ဆို စပါးစိုက်ပျိုးတဲ့နေရာတွေပေါ့နော်။ နောက် ရန်ကုန်ရဲ့တစ်ဖက်ကမ်းဆို သန်လျင်ကျော်ပြီးရင် ကျောက်တန်းမှာဆိုရင် စံပြကျေးရွာလေးတွေရှိတယ်။ ကျနော် တို့ ခရီးသွားလုပ်ငန်းကနေပြီးတော့ လုပ်နေတဲ့ community base တွေရှိတယ်။ အဲဒီ အဖွဲ့အစည်းတွေလည်း ပြန်လည်ပြီးတော့ ဆောင်ရွက်နိုင်မယ့် အခြေအနေရှိတယ်။ ဒါကြောင့်မို့လို့ ကျောက်တန်းဘက်မှာလည်း ‌ပေါ်ပေါက်လာနိုင်တယ်။ တိုက်ကြီးတို့ မှော်ဘီတို့ဘက်မှာဆိုရင်လည်း တိုက်ကြီးကနေ ဖြတ်ပြီးတော့ သွားတဲ့ လမ်းတွေ အမြန်လမ်းကနေတဆင့် သွားပြီးတော့ တိုက်ကြီးကနေ ဖြတ်တဲ့လမ်းရှိတယ်လေ။ အဲဒီလမ်းမှာလည်း သာသာယာယာနဲ့ ခရီးသွားတွေအတွက် ဖော်ဆောင်မယ့် ခြံတွေလည်းရှိတယ်။ အဲဒါကနေပြီးတော့ စိုက်ပျိုးရေးကို အခြေခံတဲ့ခရီးသွားလုပ်ငန်းလို့ ပြောလို့ရမှာပေါ့" ဟု ၎င်းက ပြောသည်။

ယခုဖော်ဆောင်မည့် စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းကို ကိုဗစ်မတိုင်ခင်အချိန်ကာလကတည်းက လုပ်ဆောင်ခဲ့ပြီး ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ရပ်နားခဲ့ရပြီး လက်ရှိတွင် ပြန်လည် ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဖော်ဆောင်မည့် စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး မြန်မာ့ခရီးသွား လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက "ကောင်းပါတယ်။ လုပ်တာလည်း လုပ်ပေါ့ ဘယ်သူတွေ လာကြည့်မလဲတော့ မသိဘူး။ လည်ဖို့လူတွေကလည်း အရေးကြီးတာကိုး။ ခရီးသွားတွေကတော့ တချို့ ပြည်တွင်းကလူတွေလည်း အဲလိုပေါ့ အပြင်ထွက်ချင်ကြတာပေါ့နော်။ ဒါပေမယ့် နိုင်ငံခြားသားတွေအနေနဲ့ကျတော့ လုံခြုံမှုပေးနိုင်ရေး အဲနေရာတွေ ပို့ဖို့ကျတော့ သိပ်မလွယ်ဘူးပေါ့နော်။ နောက်ပြီးတော့ ဒီနေရာတွေကလေ အနီရောင်နယ်‌မြေလို့ ပြောလို့ရတာပေါ့နော်။ ဒါကြောင့်မို့လို့ အခုချိန်မှာ တော်တော်များများက မထွက်ရဲဘူးပေါ့နော်။ ပြည်တွင်းသမား တွေတောင်မှ အခြေအနေအရ နေရာတိုင်းမသွားနိုင်တဲ့ အချိန်မျိုးမှာ နိုင်ငံခြားသားက တာဝန်ကြီးတာပေါ့နော်" ဟု CNI သတင်းဌာနသို့ ပြောသည်။

ယင်းခရီးသွားလုပ်ငန်းကို လာမည့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်မည်ဟု သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအနေဖြင့် စိုက်ခင်းပိုင်ရှင်များ၊ ခြံပိုင်ရှင်များ၊ ခရီးသွားလုပ်ငန်း အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အချက်အလက်များကို စုစည်းမှုများ၊ ညှိနှိုင်းမှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုး‌ရေးအခြေပြု ခရီးသွားလုပ်ငန်းများကို ပြင်ဦးလွင်၊ ရှမ်းပြည်နယ်နှင့် တခြားသော စိုက်ပျိုးရေး လုပ်ကိုင် သည့်ဒေသများတွင်လည်း ဖော်ဆောင်လျက်ရှိပြီး ပြည်တွင်းပြည့် ခရီးသွားများ လာရောက်လည်ပတ်လျက် ရှိကြောင်း သိရသည်။

Share
Tweet
Share
Share
powered by social2s

ဧရာဝတီဆန်များကို တပ်မတော်မှ ဝယ်ယူရန် အကြောင်းကြားလာခြင်း မရှိသေး

By CNI
CNI
Category: Watch TV
Hits: 562

Share
Tweet
Share
Share
powered by social2s

ကောလာဟလများဖြန့်ဝေနေမှုက တိုင်းပြည်စီးပွားရေး ပျက်အောင်လုပ်နေခြင်းဟု ဗဟိုဘဏ်‌ပြော

By CNI
CNI
Category: Watch TV
Hits: 591

Share
Tweet
Share
Share
powered by social2s
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35

Page 31 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar