CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ်

စားသုံးသူများအတွက် သက်သာသော ဈေးနှုန်းများဖြင့် ဆန်များကို သြဂုတ် ၃ ရက်မှ စတင်ကာ ရောင်းချပေး မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယနေ့ (သြဂုတ် ၁ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်