CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မလေးရှားနယ်စပ်တွင် ဖမ်းဆီးခံထားရသူများအားတွေ့ရစဉ်

ထိုင်း-မလေးနယ်စပ်မှ ခိုးဝင်လာသူများ၍ မလေးရှားက လုံခြုံရေး ပိုမိုတင်းကျပ်

By CNI
CNI
Category: လူမှုဘဝ
Hits: 3511

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံ တောင်ပိုင်း-မလေးရှား နယ်စပ်မှတဆင့် တရားမဝင် ခိုးဝင်လာသူ များပြားလာသဖြင့် လက်ရှိတွင် မလေးရှားအာဏာပိုင်များက ၎င်းနယ်စပ်အား ယခင်ထက် လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ပြောသည်။

အဆိုပါ နယ်စပ်မှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်သူများသည် မြန်မာနိုင်ငံမှ အများဆုံးဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့က မလေးရှား လ.ဝ.က အကြီးတန်း အရာရှိတစ်ဦးမှ နယ်စပ်ဂိတ်များအား လိုက်လံ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မလေးရှားတွင် မြန်မာအလုပ်သမားများအား ကူညီပေးနေသည့် မချိုသဲက “မလေးရှားက လုံခြုံရေး တင်းကျပ်ရတဲ့အကြောင်းအရင်းကလေ မြန်မာနိုင်ငံကနေ ထိုင်းကို တစ်ချို့က အလည်ဗီဇာနဲ့ဝင်တယ်။ အလည် ဗီဇာတွေနဲ့ဝင်ပြီး ထိုင်းကနေ မလေးရှားကို အောက်လမ်းကနေ တဆင့်ပြန်ဝင်တယ်။ အောက်လမ်းက ဆိုတာက ဘတ်စ်ကားနဲ့သော်လည်း ရေလမ်းကြောင်းနဲ့သော်လည်းကောင်း အဲဒီလို ခိုးဝင်တဲ့လူတွေများတဲ့အတွက်ကြောင့်။ ဘယ်နိုင်ငံမဆိုကတော့ ကိုယ့်နိုင်ငံအတွင်းကို ခိုးဝင်တယ်ဆိုတာကတော့ ဘယ်အစိုးရကမှတော့ ကြိုက်တာ မဟုတ်ဘူးလေ။ နိုင်ငံတိုင်းကတော့ ကိုယ့်နေရာမှာလာပြီးတော့ ခိုးဝင်တာတို့ ဘာတို့ကျတော့ ဘယ်သူမှ လက်သင့်ခံချင်တဲ့ ကိစ္စမဟုတ်ဘူးလေ” ဟု CNI သို့ ပြောသည်။

မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ ရနောင်း-ကော့သောင်းလမ်းမှတဆင့် ရေလမ်းကြောင်းဖြင့် ခိုးဝင် ခြင်းများလည်းရှိပြီး များသောအားဖြင့် ထိုင်း-မလေးရှားနယ်စပ်မှ ခိုးဝင်ခြင်းဖြစ်ကာ တစ်ရက်လျှင် လူ ၁၀ ဦးမှ ၅၀ ခန့် ပျမ်းမျှအားဖြင့် ခိုးဝင်လာကြပြီး ကားစင်းလုံးဖြင့် ခိုးဝင်မှုများပြားကြောင်း သိရသည်။

မလေးရှားအာဏာပိုင်မှ ယခင်က ထိုင်း-မလေးရှားနယ်စပ်တွင် လုံခြုံရေးအဖြစ် ရဲများကိုသာ ချထားခြင်းဖြစ်ပြီး ယခုလက်ရှိတွင် စစ်တပ်ကိုပါပူးတွဲချထားကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီမှု အဖွဲ့ အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်းဌာနသို့ ပြောသည်။

“အရင်တုန်းကတော့ ရဲဝန်းကျင်လောက်ပဲ။ အခုကတော့ တပ်ကပါ ပါလာတာပေါ့။ အခုနယ်စပ်မှာကတော့ ပြောမယ်ဆိုရင် စစ်တပ်ကို နယ်ခြားစောင့်ဖို့အတွက်ဆိုပြီးတော့ ပါဝါ ပေးထားတဲ့ သဘောရှိတာပေါ့။ စစ်တပ်ကနေပဲ တော်တော်များများဖမ်းတယ်။ ဖမ်းပြီးတော့မှ သူက ရဲကို ပေးတယ်။ ရဲကနေမှ သူ့ရဲ့လုပ်ထုံး လုပ်နည်းနဲ့အညီ အမှုဖွင့်ပြီးတော့ လ.ဝ.ကကို ပြန်ပြီးတော့ ပေးတာပေါ့။ တပ်က ချထားတယ်ဆိုတော့ ပြောမယ်ဆိုရင် ပစ်တာ ခတ်တာတော့ မရှိပါဘူး။ မလေးရှားနိုင်ငံရဲ့ အနေအထားအရတော့ တပ်ဆိုရင်တော့ တော်တော်များများ ကြောက်ကြတယ်။ သူ့ကို ပါဝါပေးထားတာဖြစ်တဲ့အတွက် သူ့နိုင်ငံသားတွေကလည်း တော်ရုံတန်ရုံ ကိစ္စဆိုရင် ရပ်ဆို ချက်ချင်းရပ်ပေးလိုက်တဲ့ အနေအထားမျိုးတွေရှိတယ်။ ကိုယ့်နိုင်ငံသားတွေ ကတော့ တစ်ခါတစ်လေကျရင် မသိဘဲနဲ့ ပြေးတာပြုတာတွေရှိရင်တော့ ပစ်တာခတ်တာတွေ ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ အဲဒါလေးတော့ သတိပေးချင်တယ်။ တကယ်လို့ မလွတ်တော့ဘူးဆိုမှတော့ ဘာမှအများကြီး စဉ်းစားမနေနဲ့။ အဖမ်းသာခံလိုက်တော့။ မလွတ်တော့ဘူးလေ ပြေးမယ်ဆိုရင်လည်း ရဲကလည်း ပစ်လို့ရတယ်။ မလေးရှားနိုင်ငံရဲ့ ဥပဒေမှာ ရဲက ခုခံတယ်ဆိုရင် အဲဒီနေရာမှာတင် ပစ်သတ်လိုက်လို့ရတယ်။ သူ့နိုင်ငံသားတွေ တောင်မှပဲ ရဲ ပစ်သတ်တာတွေရှိတယ်ပေါ့။ ကျနော်တို့ နိုင်ငံသားတွေကျတော့ တချို့ကျ နားမလည်တာတွေ ရှိတယ်။ မသိတာတွေရှိတယ်။ ဗဟုသုတ နည်းတာမျိုးတွေရှိတဲ့အခါကျတော့ မြင်တာနဲ့ ပြေးကြ ဆိုပြီး ပြေးကြတဲ့ အခါမှာ ကောင်းတဲ့ ရဲတွေ၊ စစ်သားတွေနဲ့ တွေ့ရင်တော့ ပြဿနာမရှိဘူးပေါ့လေ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်သည့် မြန်မာများမှာ ယခုမှ ပထမဆုံး သွားရောက်လုပ်ကိုင်မည့် သူများပါဝင်သလို Overstay သမားများအဖြစ် လက်ဗွေနှိပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရပြီးနောက် မလေးရှားနိုင်ငံ သို့ တရားဝင်လမ်းကြောင်းမှ ဝင်ရောက်၍ မရသည့်သူမျာလည်း ပါဝင်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာသည့်အထဲတွင် အဖမ်းခံရသူများရှိသကဲ့သို့ အဖမ်းအဆီးမခံရဘဲ မလေးရှားနိုင်ငံသို့ ဝင်ရောက်သွားသည့်သူများလည်း ရှိကြောင်း၊ ယင်းသို့ ဖမ်းဆီးမခံရသူများမှာ ပွဲစားများမှ မလေးရှား အာဏာပိုင် ဝန်ထမ်းများအား ငွေကြေးပေးကမ်းထားမှုကြောင့်ဟု မလေးရှားတွင် မြန်မာအလုပ်သမားများအား ကူညီပေးနေ သည့် မချိုသဲက CNI သတင်းဌာနသို့ ပြောသည်။

“မြန်မာနိုင်ငံမှာဆိုရင်လည်း စီးပွားရေးရှာရတာတွေက အဆင်မပြေတာတွေ များတယ်လေ။ စီးပွားကြပ်တည်း ကြတယ်။ တချို့ကကျတော့ ထိုင်းကပြန်သွားကြတဲ့လူတွေရှိတယ်၊ မလေးရှားကနေ ပြန်သွားကြတဲ့လူတွေ ရှိတယ်။ မြန်မာပြည်ရောက်တော့ အရင်လိုမျိုး ရှာစားရတာအဆင်မပြေ။ နိုင်ငံရေးတွေနဲ့ ကုန်ဈေးနှုန်းတွေနဲ့ ပြန်တက်လာချင်ကြတော့ တချို့ကကျတော့ မလေးရှားကနေ ပြန်တယ်ဆိုကတည်းက လက်ဗွေနှိပ်ပြီး ပြန်ရတယ်။ immigration မှာ လ.ဝ.ကမှာ ဒဏ်ကြေးဆောင် လက်ဗွေနှိပ် လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်လို့ရတယ်။ အဲဒီ ပြန်တဲ့သူတွေသည် သူတို့က Blacklist ထည့်လေရှိတယ်။ ဒီနိုင်ငံမှာ overstay နေပြီးတော့မှ သူတို့ကိုယ်တိုင်ဝန်ခံပြီး ဒဏ်ကြေးနဲ့ပြန်တဲ့လူတွေဆိုပြီး။ အဲဒီတော့ကျ မလေးရှားကို တရားဝင်နဲ့လာမယ်ဆိုလည်း လာလို့မရတော့ ခိုးဝင်ပြီးမှ လာတာများတယ်။ အဲဒီတော့ကျ မလေးရှားက လုံခြုံရေးကို ပိုပြီးတင်းကျပ်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မလေးရှားဘက်မှ နယ်စပ်တွင်သာမက နိုင်ငံအတွင်းမှာပါ တရားမဝင် အထောက်အထားမဲ့များအား အဖမ်းအဆီးများပြားနေပြီး တစ်ပတ်လျှင် နှစ်ရက်ခန့် ဖမ်းဆီးကာ ထိုသို့ ဖမ်းဆီးခြင်းနှင့် လုံခြုံရေး တင်းကျပ်ခြင်း တို့အား ယခုနှစ်ကုန်ပိုင်းအထိ လုပ်ဆောင်နိုင်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများထံက သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားရင်းနှီးမြှုပ်နှံမှု အခြေအနေပေါ်မူတည်ပြီး MIR Card အသုံးပြုမှု သက်ရောက်နိုင်

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s

ကားအငှား ဝန်ဆောင်မှုလုပ်ငန်းများ ယခင်ကထက် အော်ဒါများပြည့်လာ

By CNI
CNI
Category: Watch TV
Hits: 785

Share
Tweet
Share
Share
powered by social2s
ကားအငှားဝန်ဆောင်မှု၊ ချောင်းသာ၊ ကျိုက်ထီးရိုး၊ Bagan ခရီးသွား

ကားအငှား ဝန်ဆောင်မှုလုပ်ငန်းများ ယခင်ကထက် အော်ဒါများပြည့်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 1965

CNI News

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံတွင် ကားစင်းလုံးငှား၍ ခရီးသွားမှုများလာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ ကားအငှား ဝန်ဆောင်မှု လုပ်ငန်းများသည် ကားအငှားအော်ဒါများ ပြည့်လာကြောင်း ကားအငှား ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် တော်ဝင် အေးချမ်းအောင် ကုမ္ပဏီလီမိတက်မှ ဒုတိယအော်ပရေးရှင်း ဒါရိုက်တာ မအမရာခင်က CNI သတင်းဌာနသို့ ပြော သည်။

၂၀၂၀ ခုနှစ် ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းတွင် ကားအငှား ဝန်ဆောင်မှုလုပ်ငန်းများ ရပ်နားထားခဲ့ရသော်လည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားကြသော ဧည့်သည်များသည် ကားစင်းလုံးငှား၍ သွားလာသည့်အတွက် လုပ်ငန်းအဆင်ပြေလာကြောင်း၊ ယခု သီတင်းကျွတ်ခရီးသွား ရာသီဖြစ်၍ အော်ဒါများ ပြည့်လာကြောင်း ကားအငှား ဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။

ဒုတိယအော်ပရေးရှင်း ဒါရိုက်တာ မအမရာခင်က “ကားအသေး Saloon ကနေစပြီးတော့ Alphard တွေ၊ အန်စာတုံးတွေရော ခုသီတင်းကျွတ်အတွက်ကို ကြိုတင်ပြီးတော့ ဘိုကင်တွေ ယူနေကြတယ် စရံတွေတင်ကြ တယ်။ ဆီဈေး အရမ်းတက်တဲ့ အချိန်တွေမှာ နည်းနည်း လေးရပ်သွားတယ်။ ဒါပေမယ့် ဆီဈေးတွေက ၂၂၀၀ ၊၂၃၀၀ ပတ်ချာလည်လေးတွေဆိုတော့ ငှားတဲ့သူတွေလည်း ခုပြန်ပြီးတော့ လိုက်လာတယ်။ အခု သီတင်းကျွတ် အတွက်ကို ကြိုရောင်းတာတော့ တော်တော်ကြီးကို အရင်ထက်ကိုတော့ ပိုပြီးတော့ ခရီးစဉ်လေးတွေလည်း များ တယ်။ အော်ဒါလေးတွေလည်း ပြည့်တယ်ရှင့်။ ခုလိုမျိုးတော့ ဒီရာသီတွေ မိုးလေးနည်းနည်း ကုန်စပြုလာပြီဆို တော့ ဒီသီတင်းကျွတ်တွေကနေစပြီးတော့ အလုပ်တွေ ဟိုးအရင်ထက်ကို ပိုပြီးကောင်းလာပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

Bagan ဘုရားဖူးများကိုတွေ့ရစဉ်(AP)

တော်ဝင် အေးချမ်းအောင် ကုမ္ပဏီလီမိတက်သည် ကားအငှား ဝန်ဆောင်မှုလုပ်ငန်းကို ကားအမျိုးအစားပေါင်းစုံ အစီးရေ ၃၀ ကျော်ဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကားအငှား ဝန်ဆောင်မှုလုပ်ငန်းတွင် ကိုဗစ်ရောဂါများ မဖြစ်ပွားခင်က ၂ ညအိပ် ၃ ရက် ခရီးစဉ်ဖြစ်သော ချောင်းသာ ကမ်းခြေ (သို့မဟုတ်) ငွေဆောင်ကမ်းခြေသို့ ကျပ် ၃သိန်းခွဲ ပေးရကြောင်း၊ ယခုအခါမှာတော့ စက်သုံးဆီ ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ကျပ် ၅ သိန်းထိ တက်သွားကြောင်း သိရသည်။

ထိုဈေးနှုန်းသည် တော်ဝင် အေးချမ်းအောင် ကုမ္ပဏီလီမိတက်၏ ကားအငှား ဝန်ဆောင်မှုလုပ်ငန်းက ဈေးနှုန်းများ ဖြစ်ပြီး တခြားသော ကားအငှား ဝန်ဆောင်မှုကုမ္ပဏီများ၏ ဈေးနှုန်းများနှင့်တော့ တူညီမည်မဟုတ်ပေ။

လွန်ခဲ့သော ၆ လ ခန့်မှ ကားအငှားဝန်ဆောင်မှုလုပ်ငန်းကို ကား ၄ စီးဖြင့် ပြန်လည် လုပ်ကိုင်လာကြောင်း တစ်ပိုင် တစ်နိုင် လုပ်ငန်းဖြစ်သဖြင့် အခြားလုပ်ငန်းကြီးများလောက် လာရောက်ငှားရမ်းသူများ မရကြောင်းကို စေလိုရာ ကားအငှား ဝန်ဆောင်မှုမှ ကိုရဲက CNI သတင်းဌာနသို့ ပြောသည်။

ကျိုက်ထီးရိုးဘုရားဖူး 

၎င်းက “ကျနော်တို့က သိပ်ကြီးကြီး မားမား Rental (ကားငှားခြင်း) ကြီးလည်း မဟုတ်တဲ့ အခါကြတော့ ပေါ့ပေါ့ ပါးပါးပဲပေါ့၊ အဲ့လို မျိုးလေးတွေပဲ ရတယ်။ နာမည်ကြီးတဲ့ Rental ကြီးတွေမှာတော့ သူတို့တော့ ရကြမယ်ထင် တယ်။ ကျနော်တို့ကတော့ သိပ်မရဘူးဗျ။ ပြည်တွင်း ခရီးသွားလောက်ပဲ ကျနော်တို့ ရတယ်။ မန္တလေးသွားတယ် မန္တလေးမှာ အလုပ်ကိစ္စလေးရှိရင်းနဲ့ ဘုရားဖူးလိုက်တယ်။ အဲ့လိုမျိုး ပြင်ဦးလွင် ခဏ တက်လည်လိုက်တယ်။ ဒီလောက်ပဲ အရင်လိုမျိုး ခရီးစဉ်တစ်ခု အနေနဲ့ ဘုရားဖူး ထွက်ကြတာတို့၊ သွားတာလာတာတို့တော့ တော်တော် လေး ရှားသွားတယ် မရှိတော့ဘူး။ ရုံးလုပ်ငန်းဌာနတွေ ဘာညာပေါ့၊ ရုံးကိစ္စတွေနဲ့ဆို သွားရတယ်ဗျ။ အလုပ်ကိစ္စ တွေနဲ့ အဲ့လိုမျိုး အလည်အပတ် ပုံစံမျိုးကတော့ သိပ်မသွားဖြစ်ကြတော့ဘူး” ဟု ပြောသည်။

ကိုဗစ်ရောဂါမဖြစ်ပွားခင် အချိန်ကာလတွင် ပြည်တွင်းခရီးသွား များသာမက ပြည်ပခရီးသွားများပါ လာရောက်ငှား ရမ်းမှုများရှိလာကြောင်း ကားအငှားဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အဝေးပြေးလမ်းမများတွင် လုံခြုံရေးတင်းကြပ် စစ်ဆေးမှု များနှင့် လုံခြုံရေး စိတ်ပူရခြင်းတို့ကြောင့် ကိုယ်ပိုင်ကားပုံစံမျိုးဖြစ်သည့် ကားအငှားဝန်ဆောင်မှုလုပ်ငန်းများမှ ကားများကို ငှားရမ်းက ခရီးသွားလာကြကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ခရီးသွားလာမှု နည်းပါးခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများ ခက်ခဲနေ

By CNI
CNI
Category: Watch TV
Hits: 869

Share
Tweet
Share
Share
powered by social2s

ကြက်သွန်အသစ်များကို ဈေးတိုးမြှင့်ဝယ်ယူပေးရန် တောင်သူများက တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

တိုက်ပွဲကြောင့် ရခိုင်တောင်သူများ တိမ်းရှောင်နေရ၊ ယခုနှစ် စပါးအထွက် ပိုလျော့ကျနိုင်

By CNI
CNI
Category: Watch TV
Hits: 688

Share
Tweet
Share
Share
powered by social2s
ပြည်တွင်းခရီးသွားများနဲ့ အဝေးပြေးယာဉ်လိုင်းကိုတွေ့ရစဉ် (GETTY IMAGES)

ခရီးသွားလာမှု နည်းပါးခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများ ခက်ခဲနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1420

CNI News

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၂၁

မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုများ နည်းပါးလာပြီး ကားလက်မှတ် ဝယ်ယူမှုများ နည်းပါးလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှု ခက်ခဲလာသည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်း ဆန်းဂရု(ပ်) ယာဉ်လိုင်းမှ လက်မှတ်ရောင်းချသူ ကိုမျိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကားလက်မှတ်များ ရောင်းချရမှု နည်းပါးနေခြင်းသည် ကိုဗစ် ပထမလှိုင်းကာလက စတင်ခဲ့ကြောင်း၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်လည်း မော်တော်ကားဖြင့် ခရီးသွားလာမှု နည်းပါးလာကြောင်း၊ ထို့နောက် အဝေးပြေး ယာဉ်လိုင်းများ ခက်ခဲလာနေကြောင်း သိရသည်။

ဆန်းဂရု(ပ်) ယာဉ်လိုင်းမှ လက်မှတ်ရောင်းချသူ ကိုမျိုးအောင်က “လက်ရှိကတော့ လုံးလုံးကို မရောင်းရ သလောက် ဖြစ်နေတာ။ တစ်နေ့ တစ်ယောက်စ၊ နှစ်ယောက်စ၊ သုံးယောက်စ အဲ့လိုပဲ ရောင်းရတယ်။ အရင် တုန်းက ပြောရမယ်ဆိုရင် ဒီအချိန်ဆို အယောက်သုံးဆယ်လောက် ရောင်းရတယ်ဆို ခု သုံးယောက်လောက် တောင် မနည်းရောင်းနေရတယ်။ ဒီချိန်ခါတိုင်းဆို အယောက် ၃-၄ ဆယ်လောက် ရောင်းရတယ် တစ်စီးကို၊ ကိုဗစ် မဖြစ်ခင်ကရော နိုင်ငံရေး မဖြစ်ခင်ကရောဆိုရင်တော့ ရောင်းရတာကောင်းတာပေါ့၊ ဒီ ကိုဗစ်ဖြစ်ပြီးမှ နိုင်ငံရေး ဖြစ်ပြီးမှ ရောင်းလို့ချလို့ မကောင်းတော့တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် တချို့သော ယာဉ်လိုင်းများသည် ပြည်တွင်းခရီးသွားလာမှု နည်းပါးလာခြင်းအပြင် စက်သုံးဆီ ဈေးနှုန်း များပါ မြင့်တက်လာခြင်းကြောင့် ယာဉ်လိုင်းပြေးဆွဲမှုများကို ရပ်နားလိုက်ကြောင်း အဝေးပြေးယာဉ်လိုင်းပြေးဆွဲ နေသူများထံမှ သိရသည်။

ပုဂံတွင် ခရီးသွားများကို တွေ့ရစဉ် (GETTY IMAGES)

ထိုသို့ အခက်အခဲဖြစ်နေသည်ကို ကျော်လွှားနိုင်ရန်အတွက် ကုန်ပစ္စည်းများတင်၍ တန်ဆာခယူကာ သယ်ယူ ပို့ဆောင်ပေးနေရသော်လည်း လက်ရှိတွင် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် လာရောက်အပ်နှံမှုများ အလွန် နည်းပါးလာကြောင်း အောင်ဆန်းအဝေးပြေးကွင်းမှ ရွှေကမ္ဘာ ကားဂိတ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်က အစ်ကိုတို့ ဒီဘက်ဆိုရင် ကားတစ်စီး ထွက်မယ်ဆိုရင် တန်ဆာ အားဖြင့်ဆိုလို့ရှိရင် ၁၀ သိန်း၊ ၁၁ သိန်း၊ ၁၂ သိန်း အဲ့လောက်တွေ သွားတယ်။ အခုက အဲ့လောက်ကို မရှိတော့တာ ပြတ်သွားတာပေါ့၊ ပြတ်သွားတဲ့ အချိန်မှာ လာသမျှပစ္စည်းကို အစ်ကိုတို့က အကုန်လုံးယူပြီးတော့မှ ဒီကားမှာရှိတဲ့ ဝန်ထမ်းနဲ့ လည်ပတ်ဖို့ အစ်ကို တို့ ဂိတ်က သူဌေးရဲ့ ဒုတိယပေါ့၊ အစ်ကိုတို့ ဂိတ်မှာရှိတဲ့ တာဝန်ရှိတဲ့ အကြီးဆုံးသူတွေကတောင် မနည်း ရုန်းနေရ တာလေ အဲ့လိုမျိုးဖြစ်နေတာ အခြေအနေက အဲ့လောက်ကို ကွာသွားတာပေါ့” ဟု ပြောသည်။

ယခုလို အကြပ်အတည်းကာလတွင် ကားယာဉ်လိုင်းများ အနေဖြင့် ကားအစီးရေ လျှော့ချခြင်းများ အပြင် ကား မောင်း သမားများလည်း လျှော့ချခဲ့ရကြောင်း ရွှေကမ္ဘာ ကားဂိတ်က ပြောသည်။

 ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများ (ဖရွန်းတီးယားမြန်မာ)

ရွှေကမ္ဘာကားဂိတ်က “တောင်ကြီးနဲ့ မန္တလေးကို သွားတာဖြစ်တဲ့အတွက် တောင်ကြီးနဲ့ မန္တလေးကို သွားမယ့် ပစ္စည်းတွေ အကုန်လုံးကို အစ်ကိုကြီးတို့က ရန်ကုန်ကနေပြီးတော့မှ တိုက်ရိုက် တစ်စီးထဲကို ဆန့်သလောက် အကုန်သယ်သွားတယ်။ သယ်သွားပြီးတော့ မှ ၁၆၂ မိုင်မှာ မန္တလေးက လာတဲ့ကားက အဲ့မှာစုံ တောင်ကြီးက လာတဲ့ကားက အဲ့မှာစုံ ဒါမှ မဟုတ်လို့ရှိရင် မန္တလေးက လာတဲ့ကားကို ခေါ်လိုက်တယ်။ ခေါ်ပြီး မန္တလေးက လာတဲ့ကားကို ကိုကြီးတို့ပစ္စည်းကို ကယ့်တင်ပေးလိုက်တယ်။ ရန်ကုန်ကနေ သွားတဲ့ကားက တောင်ကြီးကို တိုက်ရိုက်တန်းတက်ပေါ့။ အဲ့လိုမျိုးတွေ လုပ်ရတာပေါ့၊ ခါတိုင်း အခြေအနေဆိုရင်တော့ အစ်ကိုတို့က ရန်ကုန်တစ်စီး မန္တလေးတစ်စီး အဲ့လိုထွက်တာလေ” ဟုပြောသည်။

လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့ခြင်း၊ ကိုဗစ် တတိယလှိုင်းဖြင့် ရင်ဆိုင်ရခြင်း၊ လတ်တလောတွင်လည်း ကိုဗစ် တကျော့ပြန် ဖြစ်ပေါ်လာနေခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အများအပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်း စသည့် အခြေအနေအရပ်ရပ် ကြောင့် ပြည်တွင်းခရီးသွားလာမှုများ လျော့နည်းလာခဲ့သည်။

အဆိုပါ ခရီးသွားလာမှုများ လျော့နည်းလာခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများလည်း ပြေးဆွဲရန် ခက်ခဲလာ နေ ကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ကမ္ဘောဇဘဏ်ခွဲတစ်ခု၊ ကုန်ပစ္စည်းတင်ပို့သည့် ကားဂိတ်များ၊KPay ဂယက်

KPay ဂယက်ကြောင့် Online Shop သမားအချို့ KPay ဖြင့် ငွေပေးချေခြင်း ရပ်နားလာ

By CNI
CNI
Category: စီးပွားရေး
Hits: 1834

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

Level 2 အဆင့်မြှင့်ထားသည့် KPay အကောင့်များ အပိတ်ခံရသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ ခဲ့ပြီးနောက် Online shopping လုပ်ငန်း လုပ်ကိုင်သူ အချို့တို့သည် ဝယ်ယူသူထံမှ KPay ဖြင့် ငွေပေးချေ ခြင်းအား ရပ်နားလာကြသည်။

အချို့ Online shopping လုပ်ငန်းလုပ်ကိုင်သူများသည် KPay ဖြင့် ငွေပေးချေခြင်းအား အချိန်ကာလအားဖြင့် တစ်ပတ်ခန့် ရပ်နားထားကြောင်း Online shopping လုပ်ကိုင်သူများထံက သိရသည်။

ထိုသို့ ရပ်နားလာကြခြင်းသည် ၎င်းတို့ ကိုယ်တိုင် KPay ပြဿနာကြုံတွေ့ရသည့်အတွက်ကြောင့် မဟုတ်ဘဲ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့်အတွက်ကြောင့်ဟု သိရသည်။

Export အထည်များ ရောင်းချနေသည့် Online shop မှ တာဝန်ရှိသူ တစ်ဦးက “ဒီတစ်ပတ်တော့ ရသေးတယ် အမ။ နောက်တစ်ပတ်ကစပြီး မရတော့ဘူး။ တခြား AYA၊ CB၊ Wave တွေရှိတယ်။ Kpay က အခုက error လေးတွေတက်နေတယ်လေ။ Facebook မှာ အမလည်းတွေ့မှာပါ ပို့စ်တွေ” ဟု ပြောသည်။

အချို့ Online shopping လုပ်ငန်းများတွင် KPay သာမက Wave money ဖြင့်ပါ ငွေပေးချေခြင်းကို ရပ်နား လာကြခြင်းဖြစ်ပြီး အခြား AYA၊ CB Pay တို့ဖြင့်သာ ငွေပေးချေခြင်းအား လက်ခံကြောင်းနှင့် အချို့ Online Shopping လုပ်ငန်းလုပ်ကိုင်သူများတွင်မူ လက်ရှိအချိန်ထိ KPay အား လက်ခံပေးနေကြောင်း သိရသည်။

Tik Tok Trends Online Shop Myanmar က “wave ကကျတော့ အဲဒီလောက်ထိ မဆိုးဘူးပေါ့။ သူက အကောင့် က level မြှင့်လိုက်လို့ error ဖြစ်လို့ ဖုန်းလှမ်းဆက်လိုက်ရင် သူက ချက်ချင်းပြန်ရတယ်။ KPay က အဲဒီလို မဟုတ်လို့လေ။ Kpay ဘက်ကကျတော့ ရုတ်တရက် အကောင့်ပိတ်တာတို့၊ မနေ့က တက်လာတဲ့ စာတွေ ဆိုရင်လည်း level တင်ထားတဲ့ လူတွေပါ အကောင့်အပိတ်ခံရတယ်။ အဲဒါ error လို့ ပြောတာလား မသိဘူး။ ရုတ်တရက် မသိဘဲနဲ့ အဲဒီလိုအပိတ်ခံရတာတွေရှိလို့ အလုပ်ရှုပ်လို့ပေါ့။ သူတို့က ဘယ်လိုလဲဆိုတော့ နည်းနည်း တက်လာတဲ့ သတင်းတွေကို ကြည့်ပြီးတော့ KPay မှာ အဲဒီလို ပိတ်တာတွေ ဘာတွေရှိတယ်ဆိုတော့ သူတို့ KPay ကို မသုံးတော့ဘဲ နားထားကြည့်တာပေါ့”ဟု ပြောသည်။

ရန်ကုန်မြို့ရှိ Wave Pay ထုတ်ယူနိုင်သည့်ဆိုင်မြင်ကွင်း 

ရန်ကုန်ရှိ Online Shopping များမှ ပစ္စည်းများဝယ်ယူသည့်အခါတွင် ရန်ကုန်၊ မန္တလေး မှ ဝယ်ယူသူဖြစ်ပါက အိမ် အရောက်ငွေချေစနစ်အား လက်ခံပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မှာယူပါက ကြိုတင်ငွေလွှဲကာ ပေးချေရခြင်းဖြစ်သည်။

ထိုသို့ ကြိုတင်ငွေလွှဲ၍ ပေးချေရသည့်အခါတွင်လည်း ဝယ်ယူသူအများစုသည် KPay နှင့် Wave money တို့ဖြင့် သာ အများဆုံး ငွေပေးချေကြခြင်းဖြစ်ကြောင်း Online Shopping လုပ်ကိုင်သူများထံက သိရသည်။

Online Shop မှ ပစ္စည်းဝယ်ယူသည့် ကိုခန့်အောင်က “ပစ္စည်းအမယ်များများ မှာတာမျိုးဆို ငွေသိန်းနဲ့ချီ ကိစ္စမျိုး ဆို ဘဏ်ကလွှဲလို့ အဆင်ပြေတယ်။ ဒါပေမယ့် သောင်းဂဏန်းကိစ္စတွေကျတော့ ဘဏ်ကလွှဲဖို့လည်း အဆင်မပြေ ဘူး။ အဲဒါကြောင့် ဝယ်တာကို ခဏ နားထားတာပေါ့။ အခု ပစ္စည်းတစ်ခုလိုချင်တယ်။ ပြောရမယ်ဆိုရင် စာအုပ် တွေဝယ်တယ် လှမ်းမှာတယ်။ ဟိုဘက်က KPay ရော Wave Pay ရော လက်ခံတာနားထားတော့ မဝယ်ရဘူးပေါ့။ CB pay တို့ တခြား Pay တို့ ပြောင်းသုံးရမှာပေါ့။ အသုံးများတာကတော့ KPay ရယ်၊ Wave Pay ရယ်ပဲ အသုံးများ တာလေ။ တခြားဟာတွေက မသုံးဘူး” ဟု ပြောသည်။

ယခုလို မှားယွင်းစွာ အကောင့်ပိတ်ခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် KPay အကောင့်အား အဆင့်မမြှင့် ရသေးသူများအနေဖြင့် ပုံမှန်အတိုင်း ငွေလွှဲ၊ ငွေလက်ခံခြင်းများ၊ ဖုန်းဘေလ်ဖြည့်ခြင်းများအပြင် အခြား ငွေပေးချေ ခြင်းများအား ပုံမှန်အတိုင်းလုပ်ဆောင်၍ရပြီး ပိတ်ထားခြင်းမရှိကြောင်းနှင့် Level 2 အဆင့်မြှင့်ပါက ပို၍ ကောင်းမွန်ကြောင်း ကမ္ဘောဇ ရန်ကင်းဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦးက CNI သို့ ပြောသည်။

စက်တင်ဘာ ၂၀ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် KPay အကောင့်အချို့ အပိတ်ခံရသည်ဟု ပျံ့နှံ့ခဲ့ပြီး အကောင့်ပိတ်ခံရသူတစ်ဦး၏ ရေးသားချက်အရ ၎င်း၏ KPay သည် Level 2 အဆင့်မြှင့်ထားပြီးဖြစ်ကာ ဖုန်း sim card နှင့် KPay ဖွင့်ထားသည့် ဖုန်းနံပါတ်မှာ တူညီသည့်အပြင် မှတ်ပုံတင်ထားခြင်းလည်း တူညီကြောင်း၊ ငွေလွှဲ မရသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် KPay Call Center သို့ ဆက်သွယ်ကြည့်သည့်အခါတွင် ၎င်းတို့ဘက်မှ မှားပိတ်မိခြင်းဖြစ်ပြီး ဗဟိုဘဏ် သို့ လူကိုယ်တိုင် Mail ပေးပို့ကာ Complain ပေးရမည်ဟု ပြောဆိုကြောင်း ၎င်းရေးသားချက်အရ သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ KPay မှ သုံးစွဲသူ အကောင့်များထံသို့ အသိပေးချက်တစ်စောင်အား စက်တင်ဘာ ၂၁ ရက် နေ့တွင် ပေးပို့လာခဲ့ပြီး ထိုထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သလို အခါအားလျော်စွာ ညွှန်ကြားလာ သည့် ၂၀၁၅ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ AML/CTF များ အပါအဝင် အမိန့်ထုတ်ပြန်ချက်များ၊ စည်းမျဥ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာကျင့်သုံး ရသည့်အတွက် ယခုကဲ့သို့ အဆင်မပြေမှုဖြစ်ခဲ့ရကြောင်း ရေးသားထားသည်။

သုံးစွဲသူများအနေဖြင့် မိမိတို့၏ အကောင့်များအား မှားယွင်းစွာ ယာယီအသုံးပြုခွင့်တားမြစ်ခံထားရသည်ဟု ယုံကြည်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုက်ရိုက်အကျိုးအကြောင်းတင်ပြနိုင်ကြောင်းနှင့် အကျိုး အကြောင်းတင်ပြလိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်း တိုက်ရိုက် ပေးပို့ အကြောင်းကြားနိုင်ကြောင်း ပါရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြည်တွင်းကြက်သွန်ရောင်းချသည့် ဒိုင်တစ်ခုကို တွေ့ရစဉ်

ကြက်သွန်အသစ်များကို ဈေးတိုးမြှင့်ဝယ်ယူပေးရန် တောင်သူများက တောင်းဆို

By CNI
CNI
Category: စီးပွားရေး
Hits: 1199

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ယခုနှစ် ကြက်သွန်စိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်များသည် ယခင်နှစ်များထက် ကုန်ကျစရိတ် မြင့်တက်နေခြင်းကြောင့် အသစ်ထွက်ရှိလာမည့် ကြက်သွန်များကို ဈေးနှုန်းတိုးမြှင့် ဝယ်ယူပေးရန်အတွက် ကုန်သည်များကို တောင်းဆိုထားကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

ယခုနှစ်တွင် ကြက်သွန်ဈေးနှုန်းများကို တောင်သူများအတွက် အဆင်ပြေစေသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် အတွက် ကုန်သည်များကို ပြောဆိုနေရကြောင်း ပခုက္ကူမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးခင်မောင်ဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

“ဦးလေးတို့ စိုက်စရိတ်နဲ့ ကာမိအောင်ဆိုရင် ဒီနှစ်အနေအထားမှာ ဝယ်ရတဲ့အရင်းအနှီးကလည်း အခု အပင်မွှား တွေဆိုရင် ၂ သိန်းခွဲလောက် ဝယ်ရတယ်လေ။ ပင်မွှား အချိန် ၁၀၀၊ ပိဿာ ၁၀၀ ကို။ မြေဩဇာဆိုရင်လည်း အာမိုတစ်လုံးကို ၂ သိန်းကျော်တယ်။ အရင်နှစ်က လုပ်တဲ့အနေအထားနဲ့ဆိုရင် အဆပေါင်း တော်တော်များများ ကွာသွားတယ်။ အရင်နှစ်က အဲလောက် မကွာဘူး ပစ္စည်းတွေ။ အဲဒါနဲ့ ကာမိအောင်ဆိုရင် ဈေးကအနည်းဆုံး သိန်းကဏန်းလောက် ဖြစ်နေမှ တောင်သူတွေအတွက် အဆင်ပြေမှာ။ ကုန်သည်တွေနဲ့ တွေ့ရင်တော့ ဘယ်ဈေး ဘယ်ဈေးရမှ အဆင်ပြေမှာပေါ့။ ကိုယ်လုပ်ထားတဲ့ အရင်းအနှီးတွေက များတာနဲ့ဆိုတော့လေ။ သူတို့ကလည်း အခုပြောသလိုပေါ့ အထက်က ကုန်သည်ကြီးတွေ တိုးဝယ်မှပဲ ဖြစ်တော့ဖြစ်တာပေါ့။ သူတို့ကပဲ ဈေးမြှင့်ဝယ်လို့ တော့ မဟုတ်ဘူးပေါ့။ တဆင့်တဆင့်နဲ့ အဲလို ပြောရမှာပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလတွင် မိုးကြက်သွန်ထွက်ရှိပြီး တန်ခူးလတွင် နွေကြက်သွန် ထွက်ရှိကြောင်းနှင့် ကြက်သွန်အသစ် ထွက်ပေါ်သည့်အချိန်တွင် ကြက်သွန်ဈေးနှုန်းသည် ကျဆင်းလေ့ရှိကြောင်း သိရသည်။

မိုးကြက်သွန်များသည် ရာသီဥတုအခြေအနေကြောင့် ကြာရှည်စွာ သိုလှောင်ထား၍ မရကြောင်းနှင့် နွေကြက်သွန် များသည် တစ်နှစ်ပတ်လုံး သိုလှောင်ထား၍ရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၄၀၀ ကျပ်မှ ၆၀၀ ကျပ်အထိသာ ရရှိ ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာ ၁၀၀၀ ဝန်းကျင်အထိ ရရှိနိုင်သည်ဟု ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းမှ ကြက်သွန်ကုန်သည် ဦးလှသောင်းက CNI သို့ ပြောသည်။

ကြက်သွန်များကို ကုန်ကားများဖြင့် အတင်အချ ပြုလုပ်နေစဉ်

မိုးကြက်သွန်များကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အများဆုံး စိုက်ပျိုးလေ့ ရှိပြီး ဆိပ်ဖြူ၊ မြင်းခြံ၊ ကျောက်ဆည်၊ ရွှေဘို၊ ပခုက္ကူ စသည့် ဒေသများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

ယခုနှစ်တွင် သွင်းအားစုစရိတ် ကြီးမြင့်ခြင်းကြောင့် တောင်သူများက ကြက်သွန်ဈေးနှုန်း တိုးမြှင့်ပေးရန် တောင်းဆိုနေကြသလို ကြက်သွန်ဈေးနှုန်းသည်လည်း ယခင်နှစ်၏ ဈေးနှုန်းထက် ၂ ဆခန့် ရရှိနိုင်သည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က CNI သတင်းဌာနသို့ သုံးသပ် ပြောဆိုသည်။

“မြေဆီမကိုက်လည်း ဖြစ်ရင် နှစ်ဆပေါ့။ နဂိုပေးတဲ့ဈေးက ကြမ်းခင်းဈေးက ၄၅၀၊ ၄၅၀ တောင်မဟုတ်ဘူး။ ၄၅၀ က ဒီနှစ်ပိုင်းမှာ ၄၅၀ ဖြစ်သင့်ပါတယ်ဆိုပြီး တွက်တာ။ အခုလာမယ့်နှစ်လည်း ဖြစ်ရင် ၈၀၀၊ ၉၀၀ ပေါ့။ ဘယ်လိုမှ အဲဒီဈေးတွေက မကိုက်ဘူးဆိုတာ မဖြစ်ဘူး။ အခုက အခြေအနေ အကြောင်းကြောင်းကြောင့် ကြက်သွန်က စိုက် နည်းတာရယ်၊ မိုးလေဝသကြောင့်၊ ရာသီဥတုကြောင့် ကြက်သွန်တွေက အထားမခံဘူး။ ထားရင် တစ်ဝက်လောက် ပဲ ခံတယ်။ ၄၀ ရာခိုင်နှုန်း လျော့တယ်။ အဲလိုတွေ ဖြစ်တာ။ အဲတော့ အဲဟာတွေကြောင့် ကျနော်တို့က ခုနလိုပေါ့ နဂို နှစ်နှစ်လည်း ရှုံးထားတော့ အဲဒါမျိုးတော့ ထိုက်သလောက်တော့ ဖြစ်သင့်တယ်ဆိုပြီးတော့ အဲလိုပဲနေတာ” ဟု သူက ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းကြက်သွန်လက်ကျန် နည်းပါးနေခြင်း၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ကြမည့် ကုန်သည်များ ဝယ်ယူမှု များပြားခြင်းတို့ကြောင့် ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာ ၃၀၀၀ ကျပ်အထိ ဈေးနှုန်း ဖြစ်ပေါ်နေသည်။

သို့သော် မိုးကြက်သွန်များ ထွက်ရှိလာမည့် တန်ဆောင်မုန်းလ အကုန်ပိုင်းတွင် ကြက်သွန်ဈေးနှုန်းသည် ၁၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိသွားမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရွှေသောင်ယံမြို့နယ်ရှိ ငါးဖမ်းသမားများ အခက်အခဲဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 794

Share
Tweet
Share
Share
powered by social2s

သီတင်းကျွတ်ပိတ်ရက်အတွက် ပုဂံနှင့် ငပလီတို့၌ ဟိုတယ်ဘိုကင်ယူမှု များပြား

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

အလုပ်အကိုင်ရရှိမည့် အထည်ချုပ်လုပ်ငန်းမှာ ရုရှားရင်းနှီးမြှုပ်နှံလာအောင် ကြိုးစားသင့်

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

“ကိုဗစ်တုန်းက အသက်ရှင်ရေး ပြဿနာ အခုက စားသောက်ရေးမှာ ပြဿနာ”

By CNI
CNI
Category: Watch TV
Hits: 824

Share
Tweet
Share
Share
powered by social2s

ခရီးသွားရာသီအစမှာ ကမ်းခြေဟိုတယ်များတွင် ဘိုကင်ယူမှု နည်းပါး

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

Level 2 အဆင့်မြှင့်ပြီးမှ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုကိုအသုံးပြုရန် ဗဟိုဘဏ်ပြော

By CNI
CNI
Category: Watch TV
Hits: 647

Share
Tweet
Share
Share
powered by social2s
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26

Page 22 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar