CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စပါးပျိုးပင်များကို လေ့လာနေစဉ်

အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ကို စနစ်တကျဖြင့် ထိရောက်စွာ ဖော်ဆောင်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1720

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံအတွင်းရှိ တောင်သူများနှင့် ပူးပေါင်း၍ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ကို ဖော်ဆောင်ရာတွင် စနစ်တကျဖြင့် ထိရောက်စွာ ဖော်ဆောင်သင့်ကြောင်း တောင်သူလယ်သမား အဖွဲ့အစည်းများနှင့် လယ်သမား အရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အကျိုးတူ လယ်ယာစနစ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် လုပ်ဆောင်လျက်ရှိသော်လည်း စနစ်တကျမရှိခြင်းကြောင့် အခက်အခဲများ ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူများက ပြောသည်။

လက်ရှိ လုပ်ဆောင်နေသည့် အကျိုးတူ လယ်ယာစနစ်သည် မြေဩဇာနှင့် မျိုးစပါးများကို ကုမ္ပဏီများက ရောင်းချ ပေးပြီး ထွက်ရှိလာသော စပါးများအား တောင်သူများက ထိုကုမ္ပဏီသို့ ပြန်လည်ရောင်းချကြရသည့် အကျိုးတူ လယ်ယာစနစ် ဖြစ်နေကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသက တောင်သူတစ်ဦး လယ်ထွန်နေစဉ် 

ဦးသိန်းအောင်က “အကျိုးတူ လယ်ယာစနစ်က စနစ်တကျ ဖော်ထုတ်ဖို့ ပေါ်ဖို့ လိုအပ်တယ်။ အန်ကယ်တို့ ဒီမှာ လုပ်တဲ့ အကျိုးတူလယ်ယာစနစ်၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်း အကျိုးတူလယ်ယာစနစ်  ဖြစ်နေတယ်။ တကယ်တော့ အကျိုးတူလယ်ယာစနစ် ဆိုတာက သွင်းအားစုကို မျိုးစေ့ကနေစမယ်။ နောက်တစ်ခါကျတော့ service ပေါ့။ လယ်ယာထွန်ယက်မှုကိုလည်းပဲ ကုမ္ပဏီက လုပ်ပေးရတယ် နိုင်ငံခြားမှာတော့လေ။ International System အရ ပြောမယ်ဆိုရင်တော့ သူက ဘာလိုအပ်လဲဆိုတော့ ထွန်ယက်မှုကိုပါ ကုမ္ပဏီက လုပ်ပေးရတယ်။ ဒါပေမယ့် ဦးတို့တောင်သူတွေက ထွန်ယက်မှု လုပ်ပေးစရာ မလိုဘူး။ ဘာလို့လဲဆို နွေစပါးစိုက်တာက ကြိုထွန် ထားလို့ မရဘူး။ ရေကျသွားတဲ့အချိန်၊ မြေကြီး ပွက်ပေါက်နေတဲ့ အချိန်မှာ ထွန်ရယက်ရတာမို့လို့ တနိုင်တပိုင် မိမိစက်တွေနဲ့မိမိ လုပ်လို့ရပါတယ်။ အဲဒီထွန်ယက်ဖို့အတွက် ပြောမယ်ဆိုရင် ဆီဖိုး၊ အလုပ်သမားစရိတ် အဲဒါကို တွက်ချက်ပြီးတော့ ပေးရင် ရတယ်။ ဒါပေမယ့်လည်း အခုလက်ရှိ လုပ်မယ့် အကျိုးတူလယ်ယာစနစ်တွေက မြေဩဇာ ရောင်းပေးမယ်။ မျိုးရောင်းပေးမယ်။ ပြီးတော့ သူတို့ကို ထွက်လာတဲ့ စပါး ပြန်ရောင်းပေးရမယ်” ဟု ပြောသည်။

နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အကျိုးတူလယ်ယာစနစ်သည် ကုမ္ပဏီဘက်မှ မြေဩဇာ၊ မျိုးစပါး၊ စက်သုံးဆီ၊ အလုပ်သမားစရိတ်၊ ရိတ်သိမ်းခြွေလှေ့မှုနှင့် ဈေးကွက်ရှာဖွေမှုများကို လုပ်ဆောင်ပေးရသည်ဟု လယ်သမားများ က ပြောသည်။

မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ ကို ကျင်းပစဉ်


ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အကျိုးတူလယ်ယာစနစ်နှင့် ပတ်သက်ပြီး မူဝါဒများ ချမှတ်ပေးရန် လိုအပ် ကြောင်း၊ အကျိုးတူလယ်ယာစနစ် လုပ်ဆောင်မည့် ကုမ္ပဏီအတွက် ပြည်ပသို့ တင်ပို့မှု ဈေးကွက်၊ သိုလှောင်ရန် နေရာ စသည်တို့ကို ဖော်ဆောင်ပေးရန်လည်း လိုအပ်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

အကျိုးတူ လယ်ယာစနစ်များကို ဧရာဝတီတိုင်းဒေသကြီးတွင် အဓိကထား ဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး တခြားသော စပါးစိုက်ပျိုးရာ ဒေသများမှာတော့ ဖော်ဆောင်မှု နည်းနေကြောင်း သိရသည်။

လက်ရှိတွင် တောင်သူများသည် စပါးစိုက်ပျိုးရန်အတွက် အရင်းအနှီးများ နည်းပါးလာပြီ ဖြစ်သည့်အတွက် နည်း ပညာများ၊ အရင်းအနှီးများနှင့် အာမခံချက်များ ပေးနိုင်သည့် အကျိုးတူလယ်ယာစနစ်ကို မျှော်လင့်နေကြကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

တောင်သူတစ်ဦး ပျိုးပင်များကို ထမ်းသွားစဉ်

ဦးကျော်ဇံက “အကျိုးတူ လယ်ယာစနစ် ကျနော်တို့ ဖြစ်စေချင်တယ်။ ဒါပေမယ့် အဲဒီစနစ်ကို အကောင်အထည် ဖော်တာကလည်း ပြည်မက လူတွေ ဖြစ်ကြတယ်ဖြစ်တဲ့ အခါကျတော့ ဒီဘက်မှာ သူတို့ စိုးရိမ်ပုံရကြတယ်။ အဲဒီ အနေအထား မရှိဘူး၊ ကျနော်တို့ မျှော်လင့်တယ်ဗျာ။ အကျိုးတူ ကျနော်တို့ စိုက်ခင်းတွေကို ထူထောင်ကြတဲ့ အခါ မှာ တောင်သူဘက်က အခွင့်အလမ်း ရှိတာပေါ့ဗျာ။ အကျိုးတူလုပ်မယ့် ဦးဆောင်တဲ့ ကုမ္ပဏီပဲဖြစ်ဖြစ်ပေါ့၊ အဲလို အသိုင်းအဝိုင်းတွေက သူတို့မှာ နည်းပညာ ပါလာမယ်။ အရင်းအနှီး ပါလာမယ်။ ပြီးတော့ အရှုံးအမြတ်ကို အာမခံ ချက် ပေးနိုင်တဲ့ အနေအထားတွေ ပါလာမယ်။ ဆိုတော့ ဒီကတောင်သူတွေက ဘာမှ အဲလိုမျှော်မှန်းချက်၊ အာမခံ ချက်၊ နည်းပညာ မျှော်မှန်းချက်၊ အရင်းအနှီးကလည်း ကျနော်တို့ သိသိသာသာ လျော့ကျလာတဲ့ အနေအထား အောက်မှာ အဲလိုမျှော်မှန်းချက်တွေနဲ့သာ ကျနော်တို့ လာကြမယ်ဆိုရင်တော့ ကြိုဆိုရမယ့် အနေအထားလို့ ပြော ချင်တယ်ဗျာ ကျနော်တို့ တောင်သူတွေ ကိုယ်စားပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးမှုများ လျော့ကျလျက်ရှိနေပြီး စပါးထွက်ရှိမှု နှုန်းများလည်း ကျဆင်းလျက် ရှိနေကြောင်း၊ အလားတူ မြေဩဇာများ အလွယ်တကူ ဝယ်ယူ၍ မရသည့်အတွက် စပါးစိုက်ပျိုးမှု လျော့ကျလာ ကြောင်း၊ ထို့ကြောင့် ရအောင် ဆောင်ရွက်ပေးစေလိုကြောင်း တောင်သူများက ပြောသည်။

ထို့နောက် စိုက်ပျိုးရေးကို အရင်းအနှီးများစွာဖြင့် လုပ်ဆောင်နေရခြင်းကြောင့် အကြွေးစနစ်ဖြင့် ဝယ်ယူ၍ ရအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ထိုသို့ အကြွေးစနစ်ဖြင့် ဝယ်ယူ၍ ရမှသာလျှင် စိုက်ပျိုးနှုန်းများ မြင့် တက်လာနိုင်မည်ဟု တောင်သူလယ်သမားများက ပြောသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်ဘာများ အဝယ်လိုက်လာ၊ ဈေးနှုန်း အနည်းငယ် မြင့်တက်နေ

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s

ရုရှားသို့ ပုစွန် အဓိက တင်ပို့နိုင်ခြေရှိ

By CNI
CNI
Category: Watch TV
Hits: 747

Share
Tweet
Share
Share
powered by social2s
ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေးလုပ်ငန်းများ

ရုရှားသို့ ပုစွန် အဓိက တင်ပို့နိုင်ခြေရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 1171

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀

ရုရှားနိုင်ငံသို့ နှစ်နိုင်ငံအစိုးရချင်း G to G စနစ်ဖြင့် ရေထွက်ကုန်တင်ပို့ရန် MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကာ ထိုသို့ တင်ပို့ရာတွင် ပုစွန်အား အဓိကအများဆုံး တင်ပို့နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။

ရုရှားနိုင်ငံတွင် ပုစွန်လိုအပ်သည့်အတွက် ပနားမီးပုစွန်ဖြူအား ရောင်းချနိုင်သည်ဟု ကမ်းလှမ်းခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သို့ ပြောသည်။

“ပုစွန်ဖြူပေါ့နော်။ ပနားမီးပေါ့။ ရေငန်မှာမွေးရတာပါ။ ငါးကတော့ သူတို့မှာရှိတယ်။ ပုစွန်ကျတော့ သူတို့ မွေးလို့မရဘူး။ သူတို့ဘက်က ရာသီဥတုက အရမ်းအေးတဲ့အခါကျတော့လေ။ ပုစွန်ကိုတော့ သူတို့ ပိုပြီး လိုတဲ့သဘောမျိုး ကျမတို့ သွားရင်းနဲ့ လေ့လာတာပေါ့။ အဲဒါကြောင့်မို့လို့ ပုစွန်ကိုတော့ ဒီဘက်ကလည်း ရောင်းပေးနိုင်တယ်ဆိုတာ ပြောခဲ့တာပေါ့။ ပုစွန်အများဆုံး တင်ပို့ဖြစ်မယ်။ တခြားငါးတွေဘာတွေ သူတို့ လိုအပ်တယ်ဆိုရင် ကျမတို့ တင်ပို့လို့ရပါတယ်။ ဒါပေမယ့် လောလောဆယ် အဓိကကတော့ ပုစွန်ပဲ ဖြစ်ဖို့ များပါတယ်။ သွားမယ်ဆိုရင်တော့ သွားနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်။ ဘာလို့လဲဆိုတော့ ပုစွန်ဖြူကလည်း အမြဲတမ်းမွေးပြီးတော့ တင်ပို့နေတဲ့ ဟိုဥစ္စာ ပေါ့နော်။ အဲဒါကြောင့်မို့လို့ သူတို့ဘက်ကနေ protocol က ကျမတို့ လုပ်စရာမလိုဘူး။ ကျမတို့ လုပ်ထားတဲ့ protocol တွေကို သူတို့လက်ခံတယ်ဆိုရင်တော့ ချက်ချင်းပို့ ဆိုရင် တောင်မှ ပို့လို့ရတဲ့ အနေအထား ရှိပါတယ်။ သူတို့ဘက်က ဝယ်မယ့်လူရယ် ကျမတို့ဘက်က ရောင်းမယ့် လူရဲ့ အပေါ်မှာ မူတည်ပြီးတော့ ဒီကနေ ဘယ်လောက်ထုတ်ပေးနိုင်လဲ။ သူတို့ကလည်း ဘယ်လောက်ဝယ်နိုင်လဲ ဆိုတဲ့ အပေါ်မှာပဲ စကားပြောသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နှစ်နိုင်ငံအစိုးရချင်း G to G စနစ်ဖြင့် ရေထွက်ကုန်တင်ပို့ရန် MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်သော်လည်း လုပ်ဆောင်ရန် လုပ်ငန်းဆောင်တာများ ကျန်ရှိနေသေးပြီး ရုရှားသို့ ရေထွက်ကုန်တင်ပို့ရာတွင် မည်သည့်ငွေကြေးဖြင့် ဈေးနှုန်းသတ်မှတ်မည်ဆိုသည်ကိုလည်း ဆွေးနွေးရဦးမည်ဖြစ်ကြောင်း သိရသည်။

မြိတ်သဘာဝပင်လယ်ပိုက် ပုဇွန်ဖြူ

ပနားမီးပုစွန်ဖြူများသည် မြိတ်ကျွန်းစုဒေသထွက်များဖြစ်ပြီး ယခုကဲ့သို့ G to G စနစ်ဖြင့် တင်ပို့ရမည်ဆိုပါက မွေးမြူရေးလုပ်ငန်းများလည်း တိုးချဲ့လုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက CNI သတင်းဌာနသို့ ပြောသည်။

“သူတို့ဆီ ဈေးကွက်ဖောက်နိုင်ရင်တော့ လုပ်ငန်းရှင်တွေ တိုးချဲ့မွေးမြူနိုင်တာပေါ့။ ပြီးတော့ နိုင်ငံတော်ကလည်း အခွန်အခတွေ ပိုရလာမှာပေါ့။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာ နိုင်တယ်ပေါ့။ ရုရှားကတော့ အခုမှ ထိုးဖောက်ကြည့်မှာပေါ့နော်။ အခုမှသူတို့တင်ပို့ကြည့်မယ် စမ်းသပ် အဆင့်ပဲ ရှိသေးတာ။ တရုတ်ကတော့ ဝယ်တယ်။ အရင်ကတည်းက ဝယ်တယ်။ တရားဝင် အစိုးရချင်း G to G ပေါ့။ ထိုးပြီး တော့ တင်ပို့မယ်ဆို ဒေသခံတွေ ပိုက်ဆံပိုရမှာပေါ့။ ဈေးနှုန်းပိုရမှာပေါ့။သူ့ရဲ့ ဈေးကွက်ကတော့ ဒီမှာ လက်ရှိ ကတော့ တရုတ်ကိုတဆင့်ခံပေါ့နော်။ တရုတ်တိုက်ရိုက်တော့ တင်လို့ မရသေးဘူးပေါ့။ တရုတ်ပွဲစားတွေကနေ တဆင့်တင်နေရတဲ့ အဆင့်တော့ရှိတာပေါ့။ အခုက တဆင့်ခံ ပွဲစားရောင်းနေရတော့ ဈေးနှုန်းက ကိုယ်ခေါ်တဲ့ ဈေးမရဘူးပေါ့။ သူတို့ပေးတဲ့ဈေးပဲ ဖြစ်နေတာပေါ့။ တိုက်ရိုက် တင်လို့ရအောင်လည်း မနက်ဖန်ဆို တရုတ် စီးပွားရေး သံမှူးတွေ မြိတ်ကိုလာလိမ့်မယ်။ သူတို့အဖွဲ့တွေက လာစစ်ဆေးပြီးတော့ နှစ်နိုင်ငံပေါ့ GACC ဘာညာ ခွင့်ပြုပြီဆိုတာနဲ့ သူတို့က တင်လို့ရပြီလေ။ သူတို့ဆီကလည်း ပညာရှင်တွေလာမယ်။ သူတို့ဆီက ထောက်ခံချက် ရပြီ။ တင်ခွင့်ရပြီဆိုရင် ဒီကလုပ်ငန်းရှင်တွေကတော့ တိုက်ရိုက်တင်ခွင့်ရမှာပေါ့ တရုတ်ပြည်ထဲ။ တရုတ်ပြည်က ဈေးကွက်ကြီးတာကိုး” ဟု ၎င်းက ပြောသည်။

ပနားမီးပုစွန်ဖြူအား တရုတ်သို့ တင်ပို့ရာတွင် လက်ရှိပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀၀ မှ ၆၀၀၀ ခန့်အထိဈေးရှိကြောင်းသိရသည်။

ကျွန်းစုပုဇွန်ဖြူ မွေးမြူရေး

ပနားမီးပုစွန်ဖြူများအား တနင်္သာရီတိုင်းဒေသကြီးတွင် လက်ရှိ၌ ဧက နှစ်ထောင်ကျော် မွေးမြူနေခြင်းဖြစ်ပြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဧက (၆) သောင်းကျော် ထပ်မံ တိုးချဲ့ မွေးမြူရန် လျာထားကြောင်းလည်း သိရသည်။

ပနားမီးပုစွန်ဖြူအား မွေးမြူသည့်အခါတွင် လိုက်နာကျင့်သုံးရမည့်အချက်များရှိပြီး ထိုအချက်အားလုံး ပြည့်စုံစွာ မွေးမြူမှသာ ပြည်ပသို့တင်ပို့နိုင်ခြင်း ဖြစ်သည့်အတွက် စိတ်ချလက်ချ တင်ပို့နိုင်သော အနေအထားဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။

“ကျမတို့က approve လုပ်ပြီးသားပေါ့။ protocol နဲ့ပတ်သက်ပြီးတော့ ကျမတို့ approve လုပ်ပြီးသား ကန် တွေ လည်း အဆင်သင့်ရှိပါတယ်။ နောက်ခုနကပြောတဲ့ စက်ရုံတွေလည်း အဆင်သင့်ရှိတော့ တကယ်လို့ သူတို့က နေပြီးတော့ ဒီ protocol က approve လုပ်ပြီး ကန်တို့၊ စက်ရုံတို့ကနေ ယူမယ်ဆိုရင် ချက်ချင်းပို့လို့ရပါတယ်။ ဒါက အခုမှ ကျမတို့လည်း တရုတ်နဲ့ စပြီး ဖြစ်တော့မှ ဒီ protocol တွေ ဒီ system တွေ အကုန်လုံး လုပ်ရတယ်။ နဂိုကတည်းကလည်း ကျမတို့က လုပ်ထားတယ်။ ဒါပေမယ့် ဒါတွေကို ကျမတို့က အစစ်ဆေးမခံတာပေါ့နော်။ အစစ်ခံလိုက်တော့ EU ဆိုရင် သူတို့ကိုယ်တိုင်လာလုပ်ပေးတယ် approve စက်ရုံတွေပေါ့။ အဲဒီလိုမျိုးတွေ လာလုပ်ပေးတဲ့အတွက်ကြောင့် ကျမတို့က protocol တွေကို လုပ်ထားပြီး MOU ထိုးထားလိုက်ရင်တော့ ပိုပြီးတော့ ကိုယ့်အတွက် ကိုယ့်နိုင်ငံအတွက် ပိုကောင်းတယ်။ အခု food safety ဆိုတာ တစ်ကမ္ဘာလုံးမှာ အရေးကြီးဆုံးဖြစ်နေပြီလေ။ အဲဒီတော့ ခုနပြောသလိုပေါ့။ သူတို့စိတ်ချရတဲ့ farm တွေ မွေးမြူရေးကန်တွေ၊ processing လုပ်တဲ့ စက်ရုံတွေကလည်း စိတ်ချရတဲ့ စက်ရုံတွေဆိုရင် ဒါနိုင်ငံခြား ပိုပြီးတော့ ရောင်းလို့ဝယ်လို့ ကောင်းတဲ့သဘောရှိတယ်လို့ ဆရာမအနေနဲ့ သုံးသပ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်များအား EU အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် လက်ရှိတွင် ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ရရှိထားကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုဝင်ဘာလဆန်းတွင် ပြည်ပ ခရီးသွားဝင်ရောက်မှု ပြန်မြင့်တက်လာ

By CNI
CNI
Category: Watch TV
Hits: 724

Share
Tweet
Share
Share
powered by social2s

စပါးတင်း ၁၀၀ ကို ၁၂ သိန်းဝန်းကျင်ရ၊ လယ်သမားများ အကျိုးအမြတ်နည်းနေ

By CNI
CNI
Category: Watch TV
Hits: 780

Share
Tweet
Share
Share
powered by social2s
စပါးခြွေနေသည့် တောင်သူများကိုတွေ့ရစဉ်

စပါးတင်း ၁၀၀ ကို ၁၂ သိန်းဝန်းကျင်ရ၊ လယ်သမားများ အကျိုးအမြတ်နည်းနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1703

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင်ခန့် ပေါက်ဈေးရှိနေသော်လည်း စပါး စိုက်တောင်သူများအတွက် အကျိုးအမြတ် နည်းပါးနေကြောင်း လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ယခုနှစ်တွင် စပါးဈေးနှုန်း မြင့်တက်သော်လည်း စိုက်ပျိုးထားသည့် စပါးများသည် အထွက်နှုန်း လျော့ကျ နေကြောင်း၊ တခြားသော အကြောင်းများကြောင့် လာမည့် နွေစပါးစိုက်ရာသီတွင် စိုက်ပျိုးမှုနှုန်းများ လျော့ကျ သွားနိုင်ကြောင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စပါးဈေးနှုန်းက မဆိုးပါဘူး။ သို့သော်လည်းပဲ သွင်းအားစု သွင်းရမယ့်အချိန်မှာ တောင်သူတွေ လက်ထဲမှာ ငွေကြေး အခက်အခဲ ရှိခြင်း၊ သွင်းအားစု ရောင်းတဲ့မြေသြဇာ ဆိုင်တို့၊ ပိုးသတ်ဆေး ရောင်းတဲ့ဆိုင်တို့က အကြွေးမရခြင်းကြောင့် သွင်းအားစုကို ပြည့်မှီအောင် မထည့်နိုင်တဲ့အတွက် စပါးအထွက်နှုန်းက ပျမ်းမျှ ၃၅ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ခါတိုင်း ၁၀၀ ထွက်တဲ့လယ်က အခု ၆၅ တင်းပဲ ထွက်တော့တယ်လေ။ အဲဒီ အခြေအနေကြောင့် မို့လို့ အခုလက်ရှိ စပါးရှားဖို့ အခြေအနေလည်း ရှိပါတယ်။ သွင်းအားစု မသွင်းနိုင်တာလည်း ရှိပါတယ်။ အဲဒါ ကြောင့်မို့ အခု စပါးဈေးကတော့ ကြမ်းခင်းဈေးနဲ့ ၁၂ သိန်းလောက် ရှိပါတယ်။ လက်ရှိက ဘာဖြစ်လဲဆိုတော့ အခု စပါးဈေး သင့်သော်လည်းပဲ နွေစပါးစိုက်မယ့် တောင်သူတွေက ဥပမာ တစ်နှစ်လုံးမှာ တစ်သီးပဲ စိုက်တဲ့ လယ်တွေ ကတော့ မဖြစ်မနေ ပြန်စိုက်ကြမယ်။ တစ်နှစ်မှာ စပါးနှစ်သီးစိုက်တဲ့ လယ်တွေကျတော့ သွင်းအားစုက မြေဩဇာ ရဲ့ ကုန်ကျမှုက တစ်ဧကကို အနည်းဆုံး ၅ အိတ် သွင်းရတာ ဖြစ်တဲ့အတွက် လောလောဆယ် သွင်းအားစုစရိတ်ကို ကြောက်ရတယ်။ နောက်တစ်ခါ အကြွေး အလွယ်တကူ မရတာကြောင့်မို့လို့ အဲဒီမှာတော့ စိုက်ဧကတွေ လျော့ သွား နိုင်တယ်” ဟု ပြောသည်။

စပါးခြွေနေသည်ကိုတွေ့ရစဉ်

စပါးစိုက်ပျိုးချိန်တွင် မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်များ ကြီးမြင့်မှုကြောင့် စပါး အထွက်နှုန်းများ လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင် ရရှိသော်လည်း စပါးရိတ်သိမ်းရာ၌ လယ်တစ်ဧကလျှင် အလုပ်သမားစရိတ် အနေဖြင့် ၉ သောင်းကျပ် ကုန်ကျကြောင်း၊ ထို့ကြောင့် လယ်တစ်ဧကလျှင် စပါးတင်း ၅၀ ခန့် ထွက်ရှိမှသာ တောင်သူများအတွက် အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၁၂ သိန်းဈေးက တောင်သူတွေ အဖို့တော့ ဒီဈေးနှုန်းတော့ မဆိုးဘူးပေါ့။ တအားကြီးတော့ မဟုတ်ဘူးပေါ့ နော်။ အဆင်တော့ နည်းနည်း ပြေတာပေါ့။ ဒါပေမယ့် ၁၂ သိန်းသာ ပြောတယ်၊ နောက်က သွင်းရတဲ့ သွင်းအားစု စရိတ်၊ အလုပ်သမားခတွေလည်း မြင့်တယ်။ စပါးရိတ်ခဆိုရင် လယ်တစ်ဧကကို ၈ သောင်း၊ ၉ သောင်းရှိတယ်။ လယ်တစ်ဧကကို အခုက ၃၅ တင်းပဲ ထွက်တယ်ဆိုတော့ အဲဒီမှာ နေ့စားခ ရှိတယ်။ ထွန်ခ ယက်ခ ရှိတယ်ဆို တော့ မကျန်ဘူး။ ၃၅ တင်းထွက်ရင် မကျန်ဘူး။ အဲဒီမှာ လယ်တစ်ဧကကို ဥပမာ ၅၀ လောက်ထွက်ရင်‌တော့ သူတို့အတွက် ၁၀ တင်း၊ ၁၅ တင်း ဖိုးလောက်ပဲ ကျန်မယ်။ လယ်တစ်ဧကကို တစ်သိန်းကျော်ကျော်၊ တစ်သိန်း လောက် ကျန်မယ်” ဟု ပြောသည်။

ဆန်စပါးများကိုတွေ့ရစဉ်

ယခုရရှိသည့် စပါးဈေးနှုန်းသည် စပါးစိုက်ပျိုးချိန်၌ သွင်းအားစုစရိတ်၊ အလုပ်သမားစရိတ် စသည့် အထွေထွေ ကုန်ကျစရိတ်များ ကြီးမြင့်ခဲ့သည့်အတွက် အကျိုးအမြတ် နည်းပါးခြင်း ဖြစ်ကြောင်း တောင်သူများက ပြောသည်။

လာမည့် နွေစပါးစိုက်ရာသီတွင် စပါးစိုက်ပျိုးနှုန်းများ လျော့ကျနိုင်ကြောင်း၊ ဓာတ်မြေဩဇာများ ဈေးနှုန်း ကျဆင်း မှသာ စိုက်ပျိုးနှုန်းများ မြင့်တက်လာနိုင်သည်ဟု တောင်သူလယ်သမားများက ပြောသည်။

ယခုစပါးဈေးနှုန်းသည် ပြီးခဲ့သည့် စပါးပေါ်ချိန်တွင် ဖြစ်ပေါ်ခဲ့သော စပါးဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၂ သိန်းနှင့် ၃ သိန်းခန့်သာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စပါးအထွက်နှုန်း လျော့ကျနေခြင်းကြောင့် ယခု ဈေးနှုန်းထက် ကျဆင်းသွားနိုင်ခြေ မရှိတော့ကြောင်း လယ်သမားအရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပို့ကုန်သွင်းကုန် သတ်မှတ်ချက်ကြောင့် တရားမဝင် ကုန်သွယ်မှုများ ရှိလာနိုင်

By CNI
CNI
Category: Watch TV
Hits: 964

Share
Tweet
Share
Share
powered by social2s

ယခုနှစ်တွင် မက္ကဒေးမီးယား အစေ့အဆံများ ပြည်ပတင်ပို့မှု မရှိ

By CNI
CNI
Category: Watch TV
Hits: 855

Share
Tweet
Share
Share
powered by social2s

ခရီးသွားများကို ဆွဲဆောင်ရန် ရှမ်းမြောက်တွင် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ ကျင်းပမည်

By CNI
CNI
Category: Watch TV
Hits: 728

Share
Tweet
Share
Share
powered by social2s
မြန်မာ့ မက္ကဒေးမီးယားအသီးနဲ့ တောင်သူအမျိုးသမီးများကိုတွေ့ရစဉ် (MYANMAR NUTS MACADAMIA)

ယခုနှစ်တွင် မက္ကဒေးမီးယား အစေ့အဆံများ ပြည်ပတင်ပို့မှု မရှိ

By CNI
CNI
Category: စီးပွားရေး
Hits: 2105

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား အစေ့အဆံများကို နှစ်စဉ် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော်လည်း ယခုနှစ်တွင် ကုန်သွယ်မှုလမ်းကြောင်း အဆင်မပြေမှုကြောင့် ပြည်ပသို့ တင်ပို့မှု မရှိကြောင်း မြန်မာနိုင်ငံ မက္ကဒေးမီးယားအသင်းထံမှ သိရသည်။

ထို့နောက် ထိုင်းနိုင်ငံမှ မြန်မာ့မက္ကဒေးမီးယား အဆံများကို အမြောက်အများ ဝယ်ယူလိုသည်ဟု ကမ်းလှမ်းလာကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေးတွင် တည်ငြိမ်မှု မရှိခြင်းကြောင့် တင်ပို့ရာမှာ အခက်အခဲများ ရှိနေ သည့်အတွက် မတင်ပို့နိုင်ဘဲ ဖြစ်နေကြောင်း မြန်မာနိုင်ငံမက္ကဒေးမီးယားအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုတွေ့ရစဉ် (CGTN)

၎င်းက “ဘယ်မှကို မပို့ရဘူး။ မပို့ရဘူးဆိုတာက တရုတ်ဘက် ခါတိုင်းပို့တာ တရုတ်လမ်းတွေကလည်း ပိတ်တယ်။ ယိုးဒယားဘက်ကလည်း သူတို့သိပ်ပြီးတော့ အဆင်မပြေဘူးလေ ပို့ဖို့ ပြုဖို့လေ။ လမ်းကြော အခြေအနေအရရော အကြောင်းအမျိုးမျိုးပေါ့လေ။ ဒါတွေကြောင့်မို့လို့ အဆင်မပြေဘူး ပို့ရတာ။ ဒါပေမယ့် အခုဟာက သူတို့ ယိုးဒယား ဘက်က ပို့ဖို့ အဆင်ပြေပြန်တော့ ဘာဖြစ်ပြန်တုန်းဆိုတော့ သူတို့က အဆံလိုချင်တာပေါ့ အတွင်းဆံခွဲပြီးသား။ အမှာစာ မရှိဘူးဆိုတာက တရုတ်ကတော့ လမ်းကြောင်းဖွင့်ရင်တော့ ဝယ်ချင်တယ်။ ဒီကလည်း ပို့ချင်တယ်။ ဒါပေမယ့် လမ်းကြော အဆင်မပြေလို့။ ယိုးဒယားဘက်ကတော့ အခုမှ စပြီးတော့ ဖြစ်တာပါ။ အရင်တုန်းကတော့ နည်းနည်းပါးပါးပဲ ဝယ်တာ။ အခုမှ နည်းနည်း အင်နဲ့အားနဲ့ လိုချင်တဲ့အကြောင်း အကြောင်းကြားလာတာ” ဟု ပြောသည်။

မက္ကဒေးမီးယား တစ်တန်လျှင် မြန်မာကျပ်ငွေ သိန်း ၄၀ ခန့် ရရှိကြောင်း သိရသည်။

သို့သော်လည်း ကိုဗစ် ၁၉ အခြေအနေ များနှင့် လက်ရှိ ပြည်တွင်း၌ နယ်မြေတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုတွေ့ရစဉ် 

ထို့နောက် ထိုင်းနိုင်ငံက မက္ကဒေးမီးယား အဆံများကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာသော်လည်း မြန်မာနိုင်ငံ၌ မက္ကဒေးမီးယားများကို ခွဲခြမ်းရန် အရည်အသွေး ကောင်းမွန်သည့် စက်ကိရိယာများ မရှိသည့်အတွက် တင်ပို့မှု မပြုလုပ်နိုင်ကြောင်း ရွာငံဒေသမှ မက္ကဒေးမီးယားစိုက်ပျိုးသည့် တောင်သူ ဦးထွန်းလင်းက ပြောသည်။

၎င်းက “သူတို့က မခွဲချင်ဘူး အတွင်းအဆံအတိုင်း လိုချင်တာပေါ့။ နောက်ပြီးတော့ အတွင်းအဆံတိုင်း ဝယ်ရင် ဈေးကတော့ ပိုမြင့်တယ်။ ဒါပေမယ့် လုပ်ရတဲ့ လူဘက်ကလည်း မလွယ်ဘူးလေ။ မလွယ်ဘူးဆိုတာက ၁ တန်ခွဲလို့ ၃၀၀ Kg တောင် မထွက်ဘူး။ တကယ့်တကယ် အကောင်းက ၂၀၀ Kg လောက်ရှိတော့ ၁၀ တန်မှ ၂ တန်လောက် ၂၀ ရာခိုင်နှုန်းလောက်ပေါ့ အဲလောက်ပဲ ထွက်တာ။ အဆံခွဲလို့ အတွင်းဆံက ကွဲသွားမယ် ကြေသွားမယ်ဆိုရင် လည်း အဲဒါမျိုးကျတော့ မဝယ်ပြန်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို ခွဲရောင်းပြန်တော့လည်း အဲဒါတွေ က အဆင်မပြေတော့ကျတော့ သိပ်မလွယ်ဘူးလေ။ ရှိတဲ့စက်ကလည်း Quality မမှီဘူးလေ။ အပြင်မှာ ၁ တန်ကို သိန်း ၄၀ လောက် ပေါက်နေရင် ၁၀ တန်ဝယ်မှ သိန်း ၄၀၀ ဖိုးဝယ်မှ ၂ တန်လောက်ထွက်မယ်။ အကျိုးအကြေတွေ များသွားတော့ မကိုက်တော့ ဘယ်သူမှ မပို့ကြတော့ဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မက္ကဒေးမီးယားကို ပြည်တွင်း ဈေးကွက်တွင်သာ ရောင်းချနေရပြီး အသားအရေကို ထိန်းသိမ်းပေးခြင်း ကြောင့် စားသုံးမှု များပြားလာကြောင်း သိရသည်။

မြန်မာ့ မက္ကဒေးမီးယားအသီးနဲ့ တောင်သူအမျိုးသမီးများကိုတွေ့ရစဉ် (MYANMAR NUTS MACADAMIA)

ပြီးခဲ့သည့် အောက်တိုဘာလက ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲတွင် မြန်မာ့မက္ကဒေးမီးယားကို အထူးစိတ်ဝင်စားမှု ရရှိခဲ့ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုး ရောင်းချသူများ အသင်းထံမှ သိရသည်။

မက္ကဒေးမီးယားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ် ရွာငံ၊ ရပ်စောက်၊ နောင်ချို စသည့် ဒေသများ တွင် စိုက်ဧက ၃ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ ထပ်တိုး စိုက်ပျိုးလာမှုများလည်း ရှိကြောင်း၊ (၁)နှစ်လျှင် တန်ချိန် ၁၀၀၀၀(တစ်သောင်း)နီးပါး ထွက်ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယခုနှစ် မိုးဖရဲရာသီ တရုတ်တင်ပို့မှု ဈေးကွက်ပျောက်နေ

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

အိန္ဒိယနိုင်ငံက ပဲစဉ်းငုံ ပုံသေဈေး တိုးမြှင့် သတ်မှတ်ပေး

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

မလေးရှားရှိ မြန်မာများ မလေးရှားနိုင်ငံရေးအကြောင်း မပြောကြရန် သတိပေး

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှ လယ်ဧက ၉ သောင်းခန့် ပျက်စီး

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s

MOU အလုပ်သမားများ မြဝတီဘက်မှ စေလွှတ်ခြင်းကို လမ်းကြောင်းပြောင်း စေလွှတ်သင့်

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21

Page 17 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar