CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပြည်ပခရီးသွားများကို ငွေကြေးပိုကောက်ခံနေသရွေ့ ခရီးသွားကဏ္ဍမတိုးတက်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

ဘိန်းအစားထိုး ပြောင်းဆံများကို တရုတ်သို့ တခြားနည်းလမ်းများဖြင့် တင်ပို့ခွင့်ရသေး

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s

တမူးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေ

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s
တမူးမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် ရရှိသည့် စက်သုံးဆီအမျိုးအစားများကို ပြသထားစဉ်(ပုံဟောင်း)

တမူးမြို့တွင် စက်သုံးဆီ ပြတ်လပ်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1463

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ရောင်းချပေးသည့် ဆီဆိုင်တွင် တန်းစီ ဝယ်ယူနေရသည်ဟု တမူးမြို့ဒေသခံများထံမှ သိရသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တမူးမြို့သို့ စက်သုံးဆီများ ရောက်ရှိနိုင်ခြင်း မရှိဘဲ ပြတ်လပ်နေသည် မှာ ၁၀ ရက်ဝန်းကျင်ရှိပြီဖြစ်ကြောင်း တမူးဒေသခံ ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

“ဆီက လောလောဆယ် ဝယ်လို့ ခက်တယ် ဝယ်လို့မရဘူးပေါ့နော်။ ပြတ်နေတယ် ရောင်းချပေးတဲ့ ဆိုင်တစ်ဆိုင် ရှိတယ် အဲဒီဆိုင်မှာ တန်းစီပြီး တိုးရတာပေါ့။ အဲလိုအနေအထားပေါ့။ ဆိုင်တွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့ဆိုင်ပဲ ဆီကားက လောလောဆယ် သူတို့ဆီမှာပဲ ရှိသွားတဲ့သဘောပေါ့နော် ဆီရောက်သွားတဲ့သဘောပေါ့။ ကျန်တဲ့နေရာတွေမှာ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဖြစ်နေတာပေါ့။ ၁ ပတ်၊ ၁၀ ရက် ကျော်လောက် ရှိပြီပေါ့၊ တမူးမှာ လောလောဆယ် ဆီဝယ်လို့မရတာ” ဟု ၎င်းကပြောသည်။

တမူးမြို့ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီဝယ်ယူနေကြစဉ်(ပုံဟောင်း)

စက်သုံးဆီ ပြတ်လပ်နေခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိနေပြီး ယခင်က အောက်တိန်း ၉၂ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိတွင် ၂၀၀၀၀ ကျော်ဖြစ်ပေါ်နေသည်ဟု တမူးဒေသခံ ကိုခန့်သူက CNI သို့ ပြောသည်။

“အရင်တုန်းကတော့ ကျနော်တို့ စက်သုံးဆီ ဝယ်ရတာက ၁ ဂါလံဆိုလို့ရှိရင် ၄၅၀၀ ပဲရှိတယ်ပေါ့နော်။ အခုဆိုရင် ၁ ဂါလံကို ၂၂၅၀၀ ဖြစ်သွားပြီ၊ ၉၂ တစ်ဂါလံဆိုလို့ရှိရင် အဲလို ဖြစ်သွားပြီပေါ့နော်။ နောက်တစ်ခုက ၉၅ ဆိုရင်တော့ အရင်တုန်းက ဝယ်ရတာက ၅၀၀၀ လောက် ဝယ်ရတာပေါ့နော်။ အခုဆိုရင် ၂၇၀၀၀ လောက် ဖြစ်သွားပြီ၊ ဈေးနှုန်းက” ဟု ၎င်းက ပြောသည်။

တမူးမြို့သည် အိန္ဒိယ - မြန်မာ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယအစိုးရက လက်ရှိတွင် ပိတ်ထားကြောင်း သိရသည်။

စက်သုံးဆီပြတ်လပ်နေခြင်းကြောင့် ဒေသခံများသည် သွားရေးလာရေးတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ဒါ့အပြင် ကုန်ဈေးနှုန်းများမြင့်တက်နေပြီး ကုန်ပစ္စည်းများလည်းပြတ်လပ်နေသည့် အခြေအနေဖြစ်ပေါ်နေကြောင်း ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

တမူးမြို့အဝင်ဆိုင်းဘုတ်

“ကုန်ဈေးနှုန်းတွေကလည်း တက်တာတော့ တက်တယ်။ ဈေးနှုန်းတွေကလည်း ကြက်ဥတို့ ဘာတို့ဆိုလို့ရှိရင် ဝယ်လို့မရတာတို့၊ ဘာတို့ပေါ့။ ဈေးပဲရှိတယ် ပစ္စည်းပြတ်သွားတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့နော်။ တချို့ပစ္စည်းတွေက ကျနော်တို့ဒေသမှာ မရှိတဲ့ပစ္စည်းတွေ၊ တခြား အနယ်နယ်အရပ်ရပ်ကနေ တမူးကို လာရတဲ့ ပစ္စည်းတွေကျတော့ ခက်ခဲသွားတာပေါ့။ ကိုယ့်ဒေသကထွက်တဲ့ပစ္စည်းတွေ ပြဿနာမတက်ပေမယ့် ကျန်တဲ့နယ်ကနေ သွင်းရတဲ့ ပစ္စည်းတွေကျတော့ အခက်အခဲ ဖြစ်နေတာပေါ့ အဲလိုမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေး - တမူးလမ်းမကြီးကို ဒေသတွင်း စစ်ရေးတင်းမာမှုအခြေအနေများကြောင့် နိုဝင်ဘာ ၁၂ ရက်မှစတင်ပြီး အသုံးမပြုကြရန် ဒေသခံကာကွယ်ရေးတပ်များက သတိပေးထုတ်ပြန်ထားပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် နောက်ထပ် ရက်သတ္တပတ် ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရားမဝင်အေဂျင်စီအဖြစ် လုပ်ကိုင်နေပါက တိုင်ကြားလာလျှင် အရေးယူမည်

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

ရုရှားနိုင်ငံမှ ခရီးသွားကိုယ်စားလှယ်များကို မြန်မာနိုင်ငံသို့ ဦးစွာ ဖိတ်ခေါ်သင့်

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

ဒေသတွင်းကုန်သွယ်ရေး သက်တမ်းတိုးရန် အာရှ-ပစိဖိတ်ခေါင်းဆောင်များ ကတိပြု

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

ပို့ကုန်ရငွေများကို ဒေါ်လာအပြင် ယွမ်နှင့် ဘတ်ဖြင့် ပြန်လည်ပေးသွင်းခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s
ပုဂံမှာ နိုင်ငံခြားသား ခရီးသွားများကိုတွေ့ရစဉ်

ရုရှားနိုင်ငံမှ ခရီးသွားကိုယ်စားလှယ်များကို မြန်မာနိုင်ငံသို့ ဦးစွာ ဖိတ်ခေါ်သင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1595

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေးအတွက် ရုရှားနိုင်ငံမှ ခရီးသွား ကိုယ်စားလှယ်များအား မြန်မာနိုင်ငံသို့ ဦးစွာ ဖိတ်ခေါ်သင့်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်း ဌာနသို့ ပြောသည်။

“ကျနော်တို့ကတော့ တင်ပြထားတာ ရှိတယ်။ ရုရှားနိုင်ငံမှာရှိတဲ့ ခရီးသွား ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံထဲကို လာရောက်ပြီး သူတို့ကိုယ်တိုင် လေ့လာကြည့်တဲ့ဟာမျိုး လုပ်မှသာ အဆင်ပြေမယ်ဆိုပြီး တင်ပြထားတာ ရှိပါ တယ်။ ဒီအတွက်ကြောင့် နိုင်ငံတော်က ပူးပေါင်းဆောင်ရွက်ပေးမှရမယ့် အခြေအနေရှိပါတယ် ဒါကလေ။ ကိုယ်က ကိုယ့်နိုင်ငံထဲကို လာပါ၊ လာပါလို့ ပြောနေပေမယ့်လည်း တစ်ဖက်မှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေက သူတို့ ကိုယ် တိုင် မရောက်ဖူးဘူး၊ မသိဘူးဆိုရင် ရောင်းချရတာ ခက်တယ်လေ။ ဒါကြောင့်မို့လို့ သူတို့ကို familiarization trip ဆိုတဲ့ဟာ ရှိပါတယ်။ ကျနော်တို့ကတော့ ခရီးသွားလောကမှာ FAM trip လို့ ပြောကြတယ်။ အဲဒီ FAM trip တွေ ကျနော်တို့ စီစဉ်မှ သူတို့က သိမယ်ပေါ့နော်။ အဲဒီလိုမျိုး ဆောင်ရွက်ဖို့အတွက်ကို ဒါနိုင်ငံတော်ကလည်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ပေးမယ်၊ သက်ဆိုင်ရာ ဟိုတယ်တွေ၊ ခရီးသွား ကုမ္ပဏီတွေကလည်း ဒါ ဝိုင်းဝန်းပြီးတော့ ပူးပေါင်း ဆောင်ရွက်လိုက်ရင် ဒီဟာက ရုရှားနိုင်ငံ ခရီးသွားကုမ္ပဏီ တော်တော်များများက သိလာမယ်။ ဒီတော့မှ သာ ခရီးစဉ်တွေကို ရေးဆွဲပြီး ရောင်းချနိုင်မှာပေါ့” ဟု ၎င်းက ပြောသည်။

ရုရှားခရီးသွားများကို လွှတ်တော်ရုံးရှေ့မှာတွေ့ရစဉ် (Russian)

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကလည်း ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ရပ် အနေ ဖြင့် ချစ်ကြည်ရေး ခရီးစဉ်များအား ပုဂ္ဂလိက အသင်း၊ အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများအကြောင်း ရုရှားပြည်သူများ ပိုမိုသိရှိစေရန် ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် ကြော်ငြာနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ရုရှားခရီးသွားများ ပိုမိုဝင်ရောက် စေရန်အတွက် လာမည့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရုရှားနိုင်ငံ၌ ပြုလုပ်မည့် ခရီးသွားပြပွဲ၌ ပြခန်းဖွင့်လှစ်၍ သွားရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဓိက အလည်အပတ် များပြားနေသည့် ခရီးသွားနေရာ ဒေသများအား ၎င်းတို့ သိရှိရန် ဆွဲဆောင်မှု တစ်ခုအဖြစ် ပြုလုပ်ပေးနိုင်မှသာ ရုရှားခရီးသွားများသာမက နိုင်ငံခြားသား ခရီးသွားများပါ ဝင်ရောက် လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

မင်းကွန်းခေါင်းလောင်ကြီးသို့ သွားရာကို လမ်းညွန်ထားသည်ကိုတွေ့ရစဉ်

၎င်းက “အဲဒီတော့ major destination ဖြစ်တဲ့ ပုဂံတို့လို အင်းလေးတို့လို၊ မန္တလေးတို့လို နေရာတွေပေါ့လေ။ ဖြစ် နိုင်မယ်ဆိုရင်တော့ အခုလောလောဆယ်တော့ မကောင်းသေးဘူး။ ကျိုက်ထီးရိုးလို နေရာမျိုးပေါ့။ major destination ဖြစ်တဲ့ နေရာတွေရယ်၊ နောက်တစ်ခါ အင်မတန်မှ နာမည်ကျော်ကြားတဲ့ Beach တွေပေါ့၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာတို့လိုဟာမျိုးပေါ့။ ဒီလိုဟာမျိုးတွေ အကြောင်းကို သူတို့ Tourism နဲ့ပတ်သက်တဲ့ လာတဲ့လူ တွေ သေသေချာချာ သိအောင် ဒါတွေ လုပ်ပေးသင့်တာပေါ့။ ပုဂံဆို ဘုရားတွေ အများကြီးနဲ့ ပြပေးတာ မျိုးတွေ၊ ပုဂံရဲ့ လက်ရာမြောက်တဲ့ ပန်းချီတွေ၊ စဉ့်ကွင်းအုတ်ချပ်တွေ အဲဒါမျိုးလေးတွေကအစ သူတို့ သိအောင်ပေါ့လေ။ ဒါမှသာလျှင် Tourist attraction က ဖြစ်သွားမှာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် နိုင်ငံခြားသားသာ ပြောနေတာ မြန်မာတွေကိုက ဒီ attraction ကို နားမလည်ဘူး။ ပုဂံလာရင် ရွှေစည်းခုံ၊ အာနန္ဒာ၊ သဗ္ဗညုနဲ့ ပြီးသွားကြတာ။ အင်မတန်မှ နာမည်ကြီးနေတဲ့ နံရံပန်းချီ အကောင်းဆုံးဖြစ်တဲ့ ဘုရားသုံးဆူတို့၊ လောကထိပ်ပန်တို့ ဘုရားတွေ အများကြီးရှိတယ်။ ဗမာပြည်ကလူတွေ ၁၀ ယောက်မှာ ၁ ယောက်မှ မသိပဲနဲ့။ နိုင်ငံခြားသား မှာလည်း ပုဂံလာရင် ဘုရားသုံးဆူ၊ နန္ဒာမည၊ နံရံပန်းချီ ဒါမျိုးရှိပါတယ်လို့ ပြောလိုက်ရင် This is not find in Thailand, Cambodia, Vietnam. There no painting like this. လုံးဝမှမရှိဘဲ။ It is only in Myanmar/ only in Bagan ဒါမျိုးတွေ ပြောပေးလို့ ရတယ်လေ။ Tourist attraction အနေနဲ့ လုပ်ပေးရမှာက ဒါတွေကို လုပ်ပေးရမှာ” ဟု ပြောသည်။

ထို့အပြင် အခြားနိုင်ငံများတွင် ၎င်းတို့နိုင်ငံသို့ လေကြောင်းလိုင်းမှ ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများ အား ကိုဗစ်စစ်ခြင်းကို မပြုလုပ်ကြတော့သော်လည်း မြန်မာနိုင်ငံ၌ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာပါက RDT ဖြင့် ကိုဗစ် စစ်ခြင်းများ ပြုလုပ်နေသေးသည့်အတွက် ထိုအချက်အား ဖြေလျှော့လိုက်ပါက ခရီးသွားကဏ္ဍ တိုးတက် ရေးမှာ အထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည်ဟု ဦးဇော်ဝိတ်က ပြောသည်။

မန္တလေးမြို့အဝင်ကိုတွေ့ရစဉ်

ရုရှားနိုင်ငံသား ခရီးသွားများအား မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်စေရန် ခရီးသွားကဏ္ဍများဖြင့် ဆွဲဆောင်သကဲ့သို့ လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲနိုင်ရန်လည်း လုပ်ဆောင်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြော သည်။

ဦးနောင်းနောင်းဟန်က“လေကြောင်းလိုင်းကတော့ သက်ဆိုင်ရာ ပုဂ္ဂလိက လေကြောင်းလိုင်းတွေရဲ့ ခရီးသည်ရရှိ မှု အခြေအနေကို တွက်ချက်ပြီးမှ လေကြောင်းလိုင်းက ဆွဲရတာ ဖြစ်တယ်လေ။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ နိုင်ငံ ကနေပြီးတော့ ရုရှားကနေပြီးတော့ မြန်မာပြည်ကို လာမယ့် ခရီးသည်တွေ ရှိတယ်ဆိုရင် ဒါလေကြောင်းလိုင်း တွေ က ပြေးဆွဲမှာပဲ။ အခုလောလောဆယ်ကြတော့ ရုရှားကနေ လာမယ့် ခရီးသည်က နည်းနည်း နည်းနေသေးတယ်။ တိုက်ရိုက် ပျံသန်းဖို့အတွက်လည်း ကျနော်တို့နိုင်ငံမှာက လေယာဉ်ပျံတွေက မော်စကိုအထိအောင် ပျံသန်းဖို့ အတွက်က ၉ နာရီကျော် ပျံသန်းတက်တာ။ အဲဒီတော့ ၉ နာရီကျော် လောက်ထိအောင် ပျံသန်းနိုင်တဲ့ လေယာဉ်ပျံ မျိုးက မရှိသေးဘူး ဒီမှာလေ။ ဆိုတော့ တစ်ထောက်နားပြီးမှ လာရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကလည်း များ တယ်။ ဒါကြောင့်မို့လို့ လေကြောင်းလိုင်းတွေကလည်း ဒါ စဉ်းစားနေသေးတာပေါ့။ လုံလောက်တဲ့ အချက်အလက် တွေ ပြည့်စုံသွားတယ်၊ ဥပမာ လေယာဉ်တွေမှာ ခရီးသည်တွေ အပြည့် ပါလာ နိုင်တယ်။ အဲဒီလို အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုရင်တော့ စိတ်ဝင်စားမှုတွေ မြင့်တက်လာတယ် ဆိုရင် လေကြောင်းလိုင်းတွေကလည်း တိုက် ရိုက် ပျံဆွဲကြပါလိမ့်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင်ကတည်းက မြန်မာနိုင်ငံသို့ ရုရှားခရီးသွား ဝင်ရောက်မှုမှာ အနည်းငယ်သာ ရှိခဲ့ကြောင်း၊ တစ်နှစ်လျှင် ရုရှား ခရီးသွား ၅၀၀၀ ဦးသာ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမို လာရောက်လည်ပတ်စေရန် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ တစ်နှစ် ဗီဇာကင်းလွတ်ခွင့် ပြုပေးထားကြောင်း၊ သို့သော်လည်း လက်ရှိတွင် ရုရှားခရီးသွား ဝင်ရောက်မှုမှာ နည်း ပါး နေဆဲဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင်နဲ့ ပရာယွတ်ကိုတွေ့ရစဉ် (AP)

ဒေသတွင်းကုန်သွယ်ရေး သက်တမ်းတိုးရန် အာရှ-ပစိဖိတ်ခေါင်းဆောင်များ ကတိပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1687

CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၁

အာရှ-ပစိဖိတ်ဒေသ ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၉ ရက် အေပက် (APEC) ထိပ်သီး အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သွားကြဖို့ ကတိပြုခဲ့ ကြကြောင်း အေပီက ရေးသားဖော်ပြသည်။

ထို့နောက် ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် အဆုံးသတ်ဖို့ကိုလည်း တောင်းဆိုခဲ့ကြသည်။

အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်‌ရေးဖိုရမ်(APEC)တွင် အဖွဲ့ဝင်နိုင်ငံ အများစုသည် စစ်ပွဲကို ရှုတ်ချ ကြောင်း၊ အဖွဲ့ဝင် ၂၁ နိုင်ငံကြား သဘောထား ကွဲလွဲမှုများကို ပေါင်းစည်းရန် အိမ်ရှင်ထိုင်းနိုင်ငံ၏ သံတမန်ရေး အရ လွှမ်းမိုးမှုကို ခံယူခဲ့ကြောင်း အေပီက ဆက်လက် ရေးသားသည်။

ရုရှားသည် အေပက်အဖွဲ့ဝင် တစ်နိုင်ငံဖြစ်ပြီး မော်စကိုအစိုးရအပေါ် ယေဘုယျအားဖြင့် ဝေဖန်ရှုတ်ချခြင်းမှ ရှောင်ကြဉ်လေ့ရှိသော တရုတ်နိုင်ငံလည်း အေပက်ထဲတွင် ပါဝင်သည်။

အေပက် ခေါင်းဆောင်များသည် စစ်ပွဲအပေါ် မတူကွဲပြားသည့် သဘောထား အမြင်များကို အသိအမှတ်ပြု ကြောင်း၊ ကုန်သွယ်ရေးနှင့် ပိုမိုနီးကပ်သည့် စီးပွားရေးအရ ဆက်ဆံမှုများကို မြှင့်တင့်ပေးရသော ယခုဖိုရမ်တွင် ထိုကဲ့သို့ စစ်ရေးပဋိပက္ခများအား ဖြေရှင်းရန် နေရာမဟုတ်ကြောင်း ၎င်းတို့၏ စုပေါင်း ထုတ်ပြန်သည့် ကြေညာ ချက်ထဲတွင် ဖော်ပြထားသည်။

အမေရိကန် ဒုသမ္မတ နဲ့ ပရာယွတ်ကိုတွေ့ရစဉ် (AP)

သို့သော် ပဋိပက္ခနှင့် အခြား လုံခြုံရေးပြဿနာများသည် ကမ္ဘာ့စီးပွားရေးအတွက် သိသိသာသာ အကျိုး သက် ရောက်မှုများ ရှိနိုင်ကြောင်း ၎င်းတို့က မှတ်ချက် ချခဲ့ကြသည်။

အေပက် အဖွဲ့ဝင် အများစုသည် ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာ ချက်ထဲတွင် အတိအလင်း ဖော်ပြခဲ့ကြသည်။

၎င်းစစ်ပွဲသည် လူသားများကို ကြီးမားသော ဒုက္ခရောက်စေပြီး ငွေကြေးဖောင်းပွမှု၊ ကုန်စည်ထောက်ပံ့ ပို့ဆောင် ရေး ကွင်းဆက် ပြဿနာများ၊ စားနပ်ရိက္ခာ မဖူလုံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များ ပေါ်ပေါက်စေခဲ့ကြောင်း ကြေညာချက်ထဲ၌ အလေးပေး ရေးသားထားသည်။

ယခုအေပက် ကြေညာချက်သည်လည်း အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြီးစီးခဲ့သော G-20 ထိပ်သီး အစည်းအဝေး ကြေညာချက်နှင့် ပြီးခဲ့သည့် မတ်လ ၂ ရက်ကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တို့က စကားလုံး အသုံးအနှုန်းများအတိုင်း ထပ်မံ ထင်ဟပ်ဖော်ပြခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်မှာ “ယူကရိန်းအား ရုရှား၏ ရန်လိုမှုအပေါ် အပြင်းထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချ ကြောင်း၊ ယူကရိန်း ပိုင်နက်အတွင်းမှ ရုရှား လုံးဝ ခြွင်းချက်မရှိ ဆုတ်ခွာပေးဖို့ တောင်းဆိုကြောင်း” ဟူ၍ ဖြစ်သည်။

Source: AP

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ မကောင်းသေး

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s
မန္တလေး-လားရှိုးအသွားလမ်းမကြီးကိုတွေ့ရစဉ်

အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ မကောင်းသေး

By CNI
CNI
Category: စီးပွားရေး
Hits: 1404

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံ၏ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများသည် ပွင့်လင်းရာသီ ရောက်ရှိချိန်ဆိုလျှင် ကုန်စည် ပေါများပြီး လုပ်ငန်းလည်ပတ်မှု ကောင်းမွန်လေ့ ရှိသော်လည်း လက်ရှိတွင် လုပ်ငန်းလည်ပတ်မှုများ နည်းပါးနေပြီး ကောင်းမွန်မှု မရှိသေးကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် မိုးရာသီတွင် အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများသည် လမ်းပိုင်း အခက်အခဲ၊ ကုန်စည် ရှားပါးမှုနှင့် ကုန်ကျစရိတ် မြင့်တက်မှုများကြောင့် ၇၀ ရာခိုင်နှုန်းခန့် ရပ်နားခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ကုန်ကျစရိတ် ကြီးမြင့်နေမှုကြောင့် ရာနှုန်းပြည့် လည်ပတ်မှု မရှိသေးဘဲ ၄၀ ရာခိုင်နှုန်းခန့်သာ လည်ပတ်လျက် ရှိနေသည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပွင့်လင်းရာသီ ရောက်တာက ရောက်တာပဲ။ အခုဟာက မြဝတီဘက်ကလည်း ပြောင်းတွေ မသွားရဘူး လေ။ ပွင့်လင်းရာသီကို ကားကောင်းလိမ့်မယ်လို့ ထင်နေတာပေါ့ ကားအသွားအလာတွေ၊ သယ်ယူပို့ဆောင်ရေး တွေ။ အခုက လောလောဆယ်တော့ မကောင်းသေးဘူး အဲလိုဖြစ်နေတာ။ အကုန်လုံးက ဘယ်လိုခေါ်မလဲဆိုတော့ ရပ်တဲ့ကားက ရပ်နေတာ။ ပြေးတော့လည်းပဲ မကျန်ဘူး စရိတ်စကနဲ့ စရိတ်စကက ကြီးတော့လေ။ ရပ်ထားတဲ့ ကားက ရပ်ကြတုန်းပဲ။ တချို့ဆို ကား ၅ စီးရှိရင် ၂ စီးလောက်ပဲ သွားနေတာပေါ့။ ၃ စီး ရှိတယ်ဆိုလည်း ၁ စီး၊ ၂ စီး အဲလိုတွေပဲ သွားနေတာပေါ့။ အခုက ကားတစ်စီးကို တစ်လကို ၄ ခေါက်ရမယ်ဆိုရင် ၄ ခေါက် မရဘူး။ ၂ ခေါက် လောက်ပဲ ရနေတာ အဲလိုမျိုး။ ၄၀ ရာခိုင်နှုန်းလောက်၊ ၅၀ ရာခိုင်နှုန်းလောက် အဲလောက်ပဲ လည်ပတ်နေတာပေါ့။ အဲလောက်ပါပဲ သိပ်တအားကြီး မဖြစ်သေးဘူး။ တချို့ဆိုရင် ခုနကပြောသလို ၅ စီးရှိရင် ၂ စီးလောက်သွား။ ၁၀ စီး ရှိရင် ၅ စီးလောက်ထွက် အဲလိုလေးတွေပေါ့။ အလှည့်ကျနဲ့ ထွက်တာပေါ့။ မကိုက်ဘူးလေ ကုန်ကလည်း ရှားတယ် လေ” ဟု ပြောသည်။

ပြင်ဦးလွင်ကနေ မိုးကုတ်-လားရှိုးသွားနိုင်သော လမ်းပြ ဆိုင်းဘုတ်ကိုတွေ့ရစဉ်

အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွင် ပြည်ပနှင့်ဆက်စပ် လုပ်ကိုင်သော ပို့ကုန်/သွင်းကုန်ပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး စခန်းများအရောက် သယ်ယူပို့ဆောင်ပေးနေခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြား ချိတ်ဆက် ပို့ဆောင်သည့် ကုန်စည်များအား ပို့ဆောင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။

လက်ရှိ ပို့ကုန်/သွင်းကုန် လုပ်ငန်းများသည် လည်ပတ်မှု နည်းပါးနေသလို တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ပို့ဆောင်ရာတွင်လည်း ကုန်စည်ရရှိမှုများ နည်းပါးနေသေးကြောင်း သိရသည်။

ရန်ကုန်မှတဆင့် တောင်ကြီးသို့ ကုန်စည်ပို့ဆောင်ရာတွင် ကုန်စည်ရရှိမှု နည်းပါးကြောင်း၊ တောင်ကြီးမှ ရန်ကုန် သို့ ပို့ဆောင်ရာတွင် ကုန်စည်ပေါများသော်လည်း ဈေးနှုန်းရရှိမှု နည်းပါးခြင်းကြောင့် အကျိုးအမြတ် ရရှိမှု နည်းပါး နေကြောင်း ဘုရင့်နောင်ပွဲရုံမှ ရန်ကုန်နှင့် တောင်ကြီးသို့ ကုန်စည်ပို့ဆောင်နေသော အဝေးပြေးကုန်စည် ပို့ဆောင် ရေး လုပ်ငန်းရှင် ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွယ်ထားသော ရတနာပုံတံတားကို ဖြတ်သန်းနေကြစဉ်

 ၎င်းက “ဒီက အတက်တွေကတော့ ကုန်က နည်းနည်း ပါးသွားတယ်။ ကုန်ချောတွေက စက်ရုံတွေက နည်းသေး တော့ ကုန်ကြမ်း အခက်အခဲ နည်းနည်းရှိတယ်။ ပြီးတော့ အားလုံးက ကားတစ်စီး တင်တဲ့သူက တစ်စီး မတင် နိုင်ဘူး။ အဆင်းက ကုန်ကပေါတယ်၊ ဒါပေမယ့် ဈေးက မရဘူး။ အတက်ကားခက ကျနော်တို့ အတက်ကားခနဲ့ ပြန်ဆင်းလာလို့ မရဘူး။ ၁ သိန်းတောင် ပြန်စိုက်ရသေးတယ်။ အဆင်းကားခက ၃ သိန်းလောက် ကျန်တယ်။ ကျန် တော့ အစိုက်ကားခ တစ်သိန်းလောက် စိုက်ရတာပေါ့နော်။ ၂ သိန်းလောက်ပဲ ကျန်တယ်။ ဒီအပေါ်မှာ ပြင်ဆင် စရိတ်တွေနဲ့ တာယာဖိုးတွေ၊ အင်ဂျင်ဝိုင်ဖိုးတွေ မပါသေးဘူး” ဟု ပြောသည်။

လက်ရှိတွင် ကုန်စည်များ ပို့ဆောင်ရာ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုနှင့်တစ်ခုသို့ ဖြတ်သန်းရာ၌ အချိန် ကန့်သတ်ထားမှုများ ရှိခြင်းကြောင့်လည်း အချိန်ကြန့်ကြာမှုများ ဖြစ်နေကြောင်း သိရသည်။

သီးနှံများ လှိုင်လှိုင်ပေါ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ ကောင်းမွန်သော်လည်း လက်ရှိအချိန်မှာတော့ ကောင်းမွန်မှု မရှိသေးကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် လုပ်ငန်း များ ကောင်းမွန်လာမည်ဟု မျှော်မှန်းထားကြောင်း လုပ်ငန်းရှင်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကြက်သွန်အသစ်များ ပေါ်လာနေသော်လည်း ဈေးနှုန်းကျဆင်းမှုမရှိသေး

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s

ရုရှားသို့ ပုစွန်တန်ချိန် ရာနှင့်ချီ လစဉ် တင်ပို့မည်

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

ဘာလီကျွန်းခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာမှုကို G-20 အစည်းအဝေးထင်ဟပ်

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ Nusa Dua တွင် G-20 ဆိုင်းဘုတ်နှင့်အတူ ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ဘာလီကျွန်းခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာမှုကို G-20 အစည်းအဝေးထင်ဟပ်

By CNI
CNI
Category: စီးပွားရေး
Hits: 1186

CNI International News

နူဆာဒူအာ(အင်ဒို)၊ နိုဝင်ဘာ ၁၄

ဆယ်ဂဏန်းမျှရှိသည့် ကမ္ဘာ့ခေါင်းဆောင်များနှင့် အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များသည် G-20 ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဘာလီကျွန်းသို့ တဖွဲဖွဲ ရောက်ရှိလာကြရာ အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍ ပြန်လည်နိုးထလာမှုကို ထင်ဟပ်ပြသနေခဲ့ကြောင်း အေပီက ရေးသားဖော်ပြသည်။

မွတ်ဆလင်ဘာသာဝင်အများစုနှင့် ဟိန္ဒူဘာသာဝင် ၄ သန်းကျော် မှီတင်းနေထိုင်ရာ ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ခရီးသွားလုပ်ငန်းသည် အဓိကဝင်ငွေရင်းမြစ်ဖြစ်သဖြင့် နတ်ဘုရားများပေးသည့်ကျွန်းများဟုပင် တင်စားခေါ်ဝေါ်ကြသည်။

ကပ်ရောဂါဖြစ်ပွားခဲ့မှုတွင် အင်ဒိုနီးရှား၏အခြားနေရာများထက် ဘာလီကျွန်းပေါ် ပိုမိုဆိုးရွားခဲ့သည်။

ကပ်ရောဂါမတိုင်မီက နှစ်စဉ် နိုင်ငံခြားသား ၆ ဒသမ ၁ သန်းကျော် ဘာလီကျွန်းသို့ အပန်းဖြေခရီး လာရောက်လေ့ရှိသော်လည်း Covid-19 က ခရီးသွားလုပ်ငန်း၏မြင်ကွင်းကို မှေးမှိန်သွားစေခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် အင်ဒိုနီးရှားတွင် ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ပြီး စားသောက်ဆိုင်များနှင့် အပန်းဖြေ စခန်းများ ပိတ်ထားခဲ့ရာ ကျွန်းပေါ်ရှိ အလုပ်သမားအများအပြားမှာ ဇာတိရပ်ရွာများသို့ ပြန်ခဲ့ရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုင်ငံခြားခရီးသွားများ အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူနေကြစဉ်(ဓါတ်ပုံ-အေပီ)

အင်ဒိုနီးရှားသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၌ ၁ သန်းအထိ ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အတန်ငယ် ပြန်လည်တိုးလာခဲ့ကြောင်း အစိုးရစာရင်းဇယားများအရ သိရသည်။

ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးသူ ၉၂,၀၀၀(ကိုးသောင်းနှစ်ထောင်)ကျော်သည် ကပ်ရောဂါကာလအတွင်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး ဘာလီကျွန်းပေါ်ရှိ ဟိုတယ်များ၌ ပျမ်းမျှတည်းခိုမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့သည်။

သို့ဖြင့် ကျွန်း၏စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် ၉ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၂၀၂၁ ခုနှစ်၌ ၂ ဒသမ ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်သည် ဒေသခံလူထု၏စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ ဘာလီကျွန်းပေါ်တွင် စီးပွားရေးဆုတ်ယုတ်မှု အဆိုးရွားဆုံးဖြစ်ခဲ့ရကြောင်း” ဘာလီကျွန်းတည်ရှိရာ ပြည်နယ်၏ ဒေသန္တရ အုပ်ချုပ်ရေးမှူး ဒီဝါမာဒီအင်ဒရာ (Dewa Made Indra) က ပြောကြားခဲ့သည်။

Source: AP

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20

Page 16 of 47

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar