CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈
အင်္ဂလန်အသင်းဟာ အမျိုးသမီးယူရို ၂၀၂၅ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆွီဒင်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်မရမီမှာ သူတို့ရဲ့ဒီပြိုင်ပွဲ ခရီးပြီးဆုံးသွားပြီလို့ အနည်းဆုံး ၃ ကြိမ် တွေးခဲ့မိကြောင်း နည်းပြဝီဂ်မန်းက ပြောခဲ့ပါတယ်။
ဝီဂ်မန်းက “ကောင်းမွန်တဲ့ စတင်မှု မဟုတ်ခဲ့သလို သူတို့ဘက်က ဒုတိယမြောက်ဂိုးကို သွင်းယူပြီးချိန်မှာ အသင်း ဟာ ပွဲထဲကို ဝင်ရောက်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဘောလုံးလည်း ပိုပြီးရခဲ့သလို အခွင့်အရေးတွေ လည်း ပိုပြီးဖန်တီးခဲ့တာကြောင့် သွင်းဂိုးတွေ ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာရမယ် ဆိုတာကို ၃ ကြိမ်လောက် တွေးမိခဲ့ပါတယ်။ ဒါပေမယ့် အသင်းဟာ အလွန်ပြင်းထန်တဲ့ အရည်အသွေးတွေ၊ အတူတိုက်ပွဲဝင်မှုတွေနဲ့ ခံနိုင်ရည်ရှိမှုတွေကို ပြသနိုင်ခဲ့တယ်”လို့ ပြောခဲ့တာပါ။
ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အင်္ဂလန်အသင်းဟာ ဒီပွဲရဲ့ပွဲချိန် ၂၅ မိနစ်မှာ ကတည်းက ဆွီဒင်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကိုတွေ့ရစဉ်
ဒါပေမယ့် အင်္ဂလန်အသင်းဟာ ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့တာကြောင့် ပွဲချိန်အတွင်းမှာ ၂ ဂိုးစီ သရေကျခဲ့တာပါ။
ပင်နယ်တီ အဆုံးအဖြတ်မှာ အင်္ဂလန်အသင်းဟာ ဂိုးသမား ဟမ်တန်ရဲ့ လက်စွမ်းပြသမှုတွေကြောင့် ဆွီဒင် အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဝီဂ်မန်းက ဒီပွဲမှာသူဟာ စိတ်ခံစားမှုတွေ အများအပြားရှိခဲ့ပြီး သူမရဲ့နည်းပြဘဝမှာ ဒီလိုမျိုးအရာတွေကို မမှတ်မိနိုင်အောင် ဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဝီဂ်မန်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဂိုးသမား ဟမ်တန်ရဲ့ စွမ်းဆောင်ရည်ကို အလွန်ကျေနပ်ကြောင်းပြောခဲ့သလို အသင်းအတွက် ပထမချေပဂိုး သွင်းယူခဲ့တဲ့ ဘရုဇ်ကို လည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာပါ။
အင်္ဂလန်အသင်းဟာ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်ဝေအသင်းကို အနိုင်ရခဲ့တဲ့ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN