CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
၂၀၂၅ လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဆီတဲလ်ဆောင်းဒါးစ်အသင်းနဲ့ အင်တာမိုင်ယာမီအသင်းတို့ ပွဲစဉ်မှာ ဆီတဲလ်ဆောင်းဒါးစ်အသင်းက ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ ၂၀၂၃ ခုနှစ်က ရယူပေးနိုင်ခဲ့တဲ့ လိဂ်ဖလား ချန်ပီယံဆုကို ဒီနှစ်မှာ ထပ်ပြီးရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် သူ့ရဲ့မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရတာပါ။
ဒီပွဲမှာ ဆီတဲလ်ဆောင်းဒါးစ် အသင်းအတွက် ဂိုးတွေကို ပထမပိုင်းမှာ ရိုဆာရီယိုနဲ့ ပွဲပြီးခါနီးတွေမှာ ရိုလ်ဒန်နဲ့ ပေါလ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဆီတဲလ်ဆောင်းဒါးစ်အသင်းဟာ လိဂ်ဖလား ရရှိခဲ့တာကြောင့် မြောက်အမေရိကမှာ ရရှိနိုင်တဲ့ ဆုဖလားတွေ အားလုံးကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
ဆီတဲလ်ဆောင်းဒါးစ်အသင်းကို တွေ့ရစဉ်
ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော်အထိ ရရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့တာကြောင့် နည်းပြမာရှေယာနိုဟာ အလွန်စိတ်ပျက် နေခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီကလည်း ဗိုလ်လုပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့တာပါ။
ချန်ပီယံဖြစ်ခဲ့တဲ့ ဆီတဲလ်ဆောင်းဒါးစ်အသင်းဟာ ၂၀၂၆ ကွန်ကာကပ်ဖ် ချန်ပီယံများဖလား ပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
ဒုတိယရရှိခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ တတိယရရှိခဲ့တဲ့ LA ဂလက်ဇီအသင်းတို့ကလည်း ၂၀၂၆ ကွန်ကာကပ်ဖ် ချန်ပီယံများ ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။
လိဂ်ဖလားကို လက်လွှတ်ခဲ့ရတဲ့ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲကို ပြန်အာရုံစိုက်ရမှာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာ ချာလော့အသင်းနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail